22/02/2022
၂၂.၂.၂၀၂၁ ရက်၊ ၂ ငါးလုံးအရေးတော်ပုံ
တစ်နှစ်ပြည့်၊ မန္တလေးမြို့၊ ပညာရေးသပိတ်စစ်ကြောင်းနှင့် အခြားသပိတ်စစ်ကြောင်းများ
လူထုလှုပ်ရှားမှုမှတ်တမ်းကို ယခုနှစ် ၂၂.၂.၂၀၂၂၊ ပြန်လည်စုရုံး ၂ ခြောက်လုံး၊ စည်ကားသပိတ်အတွက် ပြန်လည်ဖော်ပြအပ်ပါသည်။
#22222
#222222
#အရေးတော်ပုံ_အောင်ရမည်
22.2.2021 People's Revolution Record @ Mandalay
၂၂-၂-၂၀၂၁ ရက်၊ ၂ ငါးလုံးအရေးတော်ပုံနေ့၊ မန္တလေးမြို့၊ ပညာရေးသပိတ်စစ်ကြောင်းနှင့် အခြားသပိတ်စစ်ကြောင်းများ ...
16/12/2021
အားလုံးပဲ မင်္ဂလာပါခင်ဗျ ။
သတင်းဖတ်ရင်းလှူ ၊ ကြော်ငြာကြည့်ရင်း ကူနိုင်မယ့် Doh – Khit App လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Doh – Khit app မှာ အရေးကြီးတဲ့သတင်းတွေကို တစ်နေရာထဲမှာ ဖတ်နိုင်ဖို့ ၊ စိတ်ဝင်စားစရာကောင်းတဲ့ ကြော်ငြာလေးတွေကြည့်ရင်းကနေတဆင့် ကြော်ငြာဝင်ငွေလေးတွေ ရရှိနိုင်အောင် ဖန်တီးထားတဲ့ App လေးတစ်ခု ဖြစ်ပါတယ်။
ရရှိလာတဲ့ ဝင်ငွေမှန်သမျှကို မြေပြင်က အဖွဲ့တွေ့ရဲ့ အခြေခံလိုအပ်ချက်တွေအတွက်
အသုံးပြုသွားမှာဖြစ်ပါတယ်။ တော်လှန်ရေးကို တဖက်တလမ်းကနေ ပါဝင်ချင်တဲ့သူတိုင်း သတင်းလေးတွေ ဖတ်ရင်း နေ့စဉ်ပါဝင်ပေးကြဖို့ တောင်းဆိုပါတယ်။ ကိုယ်နဲ့နီးစပ်ရာ တစ်ဦးတစ်ယောက်ချင်းစီကိုလည်း ပါ
ဝင်ကူညီပေးဖို့ရာ ဖိတ်ခေါ်ပေးပါအုံးနော်။
Doh – Khit app ကို လွန်ခဲ့တဲ့ နှစ်လကျော်လောက်ကတည်းက စတင်ဖို့ ရည်ရွယ်ထားခဲ့ပေမယ့် App ကို ရေးတဲ့ Developer ကလည်း တလရ mission တွေအတွက် အချိန်ပေးခဲ့ရသေးတာမို့ App ထုတ်ဖို့အတွက် အနည်းငယ်ကြန့်ကြာခဲ့ပါတယ်။ ရရှိလာတဲ့ ကြော်ငြာဝင်ငွေမှန်သမျှကို အကူအညီလာတောင်းတဲ့ ညီအကိုအဖွဲ့တွေဆီကို အကုန်လှူဒါန်းမှာ ဖြစ်ပြီး မှတ်တမ်းနဲ့တကွ ဖော်ပြပေးပါမယ်။ ပြည်သူတွေအားလုံး ပါဝင်မှ အရေးတော်ပုံဟာ မြန်မြန်အောင်မြင်မှာ ဖြစ်လို့ Doh – Khit app မှာနေ့စဉ်ဝင်ရောက်ပြီး သတင်းတွေဖတ်ရင်း ကြော်ငြာလေးတွေ ကြည့်ပေးဖို့ တောင်းဆိုပါရစေ။
Doh – Khit App ကို Play store မှာ Download ရနိုင်ပြီးတော့ အောက်က Download link ကနေလည်း ဝင်ရောက် Download ဆွဲပြီး အသုံးပြုနိုင်ပါတယ်ခင်ဗျ။
Download လုပ်ရင်းနဲ့ Review 5 star လေးရော ပေးခဲ့ပါနော်။ Review ရေးတဲ့အခါမှာလည်း တော်လှန်ရေးနဲ့ ပတ်သက်တာတွေ ၊ ကြော်ငြာကနေ လှူလို့ရတယ် ဘာညာတွေ မသုံးပါနဲ့နော်။
https://play.google.com/store/apps/details?id=com.dohkhit_app
https://www.facebook.com/dohkhit2021/

13/12/2021
FRIDAY TALKS
"ပြည်သူ့ဆရာ၊ ဆရာမများ၏ တော်လှန်ရေးကာလ
ဘဝရပ်တည်ရှင်သန်မှုပုံစံများ" တိုက်ရိုက်ထုတ်လွှင့်မှု
---------------------------------------------------
ပါဝင်ဆွေးနွေးသူများ
၁။ ပြည်သူ့အကျိုးပြု ပညာရေးလုပ်ငန်းများ လုပ်ဆောင်နေသူ ... ကိုသုဇော်
၂။ ပညာရေးမဟုတ်သည့် လုပ်ငန်းနယ်ပယ်အသစ် (ကျန်းမာရေးနယ်ပယ်) တွင် လုပ်ကိုင်နေသူ ... မစန္ဒီ
၃။ ပြည်သူ့အစိုးရ၏ ပညာရေးအစီအစဉ်များတွင်ကျောင်းသားမိဘများ၊ ကျောင်းသူကျောင်းသားများ ပါဝင်လေ့လာသင်ယူနိုင်ရေး ကူညီဆောင်ရွက်ပေးသူ ... ဆရာစိုင်း
၄။ မူလအသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သော သင်ကြားရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေသူ
.. Teacher Yin
၅။ ပညာရေးမဟုတ်သည့် လုပ်ငန်းနယ်ပယ်အသစ် (အိမ်တွင်းမှု စားသောက်ကုန်လုပ်ငန်း) တွင် လုပ်ကိုင်နေသူ ... မပိုး
Moderator : ကိုဂျေ
Exclusively on Federal FM
သောကြာနေ့ ည ၈ နာရီ၊
10.12.2021 (FRIDAY)
8.00 PM
FEDERAL FM MANDALAY
ပြည်သူ့ဆရာ၊ ဆရာမများ၏ တော်လှန်ရေးကာလ ဘဝရပ်တည်ရှင်သန်မှုပုံစံများ @ Friday Talks (10.12.2021)
FRIDAY TALKS"ပြည်သူ့ဆရာ၊ ဆရာမများ၏ တော်လှန်ရေးကာလ ဘဝရပ်တည်ရှင်သန်မှုပုံစံများ"-------------------------------------------------------------------------------...
09/12/2021
FRIDAY TALKS
"ပြည်သူ့ဆရာ၊ ဆရာမများ၏ တော်လှန်ရေးကာလ ဘဝရပ်တည်ရှင်သန်မှုပုံစံများ"
https://m.facebook.com/story.php?story_fbid=230341642553246&id=101289078791837
FRIDAY TALKS
"ပြည်သူ့ဆရာ၊ ဆရာမများ၏ တော်လှန်ရေးကာလ ဘဝရပ်တည်ရှင်သန်မှုပုံစံများ"
------------------------------------------------------------------------
ပါဝင်ဆွေးနွေးမဲ့သူတွေကတော့
၁။ ပြည်သူ့အကျိုးပြု ပညာရေးလုပ်ငန်းများ လုပ်ဆောင်နေသူ ... ကိုသုဇော်
၂။ ပညာရေးမဟုတ်သည့် လုပ်ငန်းနယ်ပယ်အသစ် (ကျန်းမာရေးနယ်ပယ်) တွင် လုပ်ကိုင်နေသူ ... မစန္ဒီ
၃။ ပြည်သူ့အစိုးရ၏ ပညာရေးအစီအစဉ်များတွင်ကျောင်းသားမိဘများ ကျောင်းသူကျောင်းသားများ ပါဝင်လေ့လာသင်ယူနိုင်ရေး ကူညီဆောင်ရွက်ပေးသူ ... ဆရာစိုင်း
၄။ မူလအသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သော သင်ကြားရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေသူ
.. Teacher Yin
၅။ ပညာရေးမဟုတ်သည့် လုပ်ငန်းနယ်ပယ်အသစ် (အိမ်တွင်းမှု စားသောက်ကုန်လုပ်ငန်း) တွင် လုပ်ကိုင်နေသူ ... မပိုး တို့ပဲ ဖြစ်ပါတယ်။
Moderator : ကိုဂျေ
Exclusively on Federal FM
သောကြာနေ့ ည ၈ နာရီ၊
ဖက်ဒရယ် FM မှာ နားဆင်ပါ။
10.12.2021 (FRIDAY)
8.00 PM
FEDERAL FM MANDALAY
12/11/2021
ဆရာမဒေါ်သက်ဆုလှိုင်၊ ဆရာဦးနိုင်းသီဟကျော်၊ ကိုရန်စိုးပိုင်တို့ရဲ့ ပုံတွေ တစ်ဖက်က တင်လာတာတွေ့ရပါတယ်။
သူတို့ရဲ့ထုံးစံအတိုင်း မဟုတ်မမှန်ရေးပြီး ပုံဖျက်သတင်းဖြန့်ထားပါတယ်။ ဒီလို မဟုတ်မမှန်ရေးပြီး ဝါဒဖြန့်တာတွေကို သူတို့ရဲ့ဝါဒမှိုင်းမိနေသူတွေသာ ယုံပါလိမ့်မယ်။
ဒီလူငယ်တွေနဲ့ နီးစပ်ပတ်သက်ခဲ့ဖူးသူတွေ အားလုံး ဒီလူငယ်တွေရဲ့ လုပ်ရပ်နဲ့ စိတ်ထားတွေကို သိထားပြီးသားပါ။
ဆရာမဒေါ်သက်ဆုလှိုင်ဟာ (၆)လပိုင်းကျောင်းစဖွင့်ချိန်ကတည်းက ကျောင်းတွေကို လုံးဝမတိုက်ခိုက်ဖို့ အပြင်းအထန် သတိပေးခဲ့သူပါ။ ဆရာမရဲ့အကောင့်ဒီထားလို့ ဆရာမကိုယ်တိုင်ရေးခဲ့တဲ့ပိုစ့်ကို မဖော်ပြနိုင်ပေမဲ့ ...ဆရာမရေးတင်ခဲ့တဲ့ပိုစ့်တွေမှာ" ကျောင်းတက်တဲ့ ကလေးတွေဟာ မိဘတွေရဲ့စေလွှတ်မှုကြောင့် ကျောင်းတက်ရတာဖြစ်ပြီး ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့အရွယ်တွေမဟုတ်တဲ့အတွက် ကျောင်းတက်တဲ့ကလေးတွေကို ထိခိုက်အောင် လုံးဝမလုပ်ဖို့" ရေးခဲ့ဖူးပါတယ်။ အဖွဲ့အစည်းတွင်းဆွေးနွေးပွဲတွေမှာလဲ ဒီသဘောထားကို အခိုင်အမာပြောဆိုခဲ့ပါတယ်။
ကလေးတွေကိုထိခိုက်စေတဲ့ ကျောင်းနဲ့ဆိုင်တဲ့ တိုက်ခိုက်မှုတစ်ခုကိုမှ ပြည်သူ့ဘက်တော်သားတွေက မလုပ်ခဲ့ပါဘူး။ ကျောင်းနဲ့ကလေးတွေကို ထိခိုက်စေတဲ့တိုက်ခိုက်မှုတွေဟာ စစ်တပ်ရဲ့ ပြည်သူကို လှည့်ဖြားဖို့လုပ်တဲ့ လုပ်ဆောင်မှုတွေပါ။
ဆရာမဒေါ်သက်ဆုလှိုင်ဟာ NCDMသွားတဲ့ ဆရာဆရာမတွေအပေါ်မှာတောင် သဘောထားမတင်းမာနိုင်ခဲ့သူပါ။ CDMမှာ ကာလရှည်ကြာစွာပါဝင်ခဲ့ပြီး နောက်ဆုံးမတတ်နိုင်လွန်းလို့ Nသွားကြသူတွေရှိတဲ့အတွက် ဒလန်မဟုတ်တဲ့NCDMတွေကို မထိခိုက်စေလိုခဲ့သူပါ။ ဆရာမရဲ့ ဒီသဘောထားတွေကို ဆရာမနဲ့နီးစပ်သူတိုင်း သိကြပါတယ်။
ဆရာဦးနိုင်းသီလကျော်က တော်လှန်ရေးကာလတစ်လျှောက်လုံး မန္တလေးမြို့က မခွာဘဲ ပညာရေးသပိတ်တွေကို ဦးဆောင်ခဲ့တဲ့ CDM ကျောင်းဆရာပါ။ လက်နက်ကိုင်တော်လှန်ရေးကို လုံးဝမလုပ်ခဲ့သူပါ။
ကိုရန်စိုးပိုင်က မန္တလေးသပိတ်တပ်ပေါင်းစုတွေမှာ ပညာရေးသပိတ်နဲ့ အမြဲပူးပေါင်းခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦး၊ သပိတ်ဦးဆောင်သူတစ်ဦးပါ။
သပိတ်ခေါင်းဆောင် ပညာရေးဝန်ထမ်းတွေ ကျောင်းသားခေါင်းဆောင်တွေကို PDF ခေါင်းစဉ်တပ်ပြီး မတရားစွပ်စွဲတာဟာ စကစတွေလုပ်နေကျ အလိမ်အညာဇာတ်လမ်းဆင်မှုဆိုတာ ထင်ရှားနေပြီးသားပါ။
ပုံတွေထဲမှာ ဆရာဦးနောင်ထက်အောင်နဲ့ အခြားသူများပုံ မပါဝင်ပါဘူး။ ကျန်သူတွေရဲ့ အသက်အန္တရယ်အတွက် အင်မတန်စိုးရိမ်မိပါတယ်။
ကျွန်တော်တို့ ဆရာဆရာမတွေရဲ့ နှိပ်စက်ခံထားရတဲ့ပုံတွေကို မြင်ရတဲ့အခါ ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေ ပိုခိုင်မာလာပါတယ်။
ငါတို့ ဆရာဆရာမတွေ၊ ကျောင်းသားတွေ မတရား အနှိပ်စက်ခံနေရတယ်။ သိမ်ဖျင်းတဲ့ အချုပ်ထောင်တွေထဲမှာ ညှင်းပန်းနှိပ်စက်ခံနေရတယ်။ ဒီတိုက်ပွဲမနိုင်သရွေ့ ငါတို့မရပ်တံ့ဘူး။ နောက်မဆုတ်ဘူး။
အကြမ်းဖက်စစ်တပ် အမြန်ဆုံး ကျရှုံးရမယ်။
အရေးတော်ပုံ အောင်ရမယ်။
(နှိပ်စက်ခံထားရတဲ့ပုံတွေကို မဖော်ပြလိုတဲ့အတွက် ပုံဟောင်းတွေနဲ့ပဲတင်ထားပါတယ်။)
29/10/2021
နွေဦးတော်လှန်ရေးစကားဝိုင်း
-----------------------------------------------
ဗမာ့နွေဦးတော်လှန်ရေးကာလတလျှောက် နိုင်ငံရေးအပြောင်းအလဲများကို ပညာရေးဝန်ထမ်းများ ပိုမိုကျယ်ပြန့်စွာ သိရှိနားလည်သဘောပေါက်စေရန်နှင့် အယူအဆများ ဖလှယ်နိုင်ရန် ရည်ရွယ်၍ BEGSC မှ ဦးဆောင်ကာ နွေဦးတော်လှန်ရေး စကားဝိုင်းကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
ဦးဆောင်ဆွေးနွေးမည့်သူများ
******
ဆရာနောင်ချို (BEGSC အလုပ်အမှုဆောင်ကော်မတီ)
ဆရာထွန်းခင် (BEGSC အလုပ်အမှုဆောင်ကော်မတီ)
Moderator - ဆရာမသက်ဆု (BEGSC)
ရက်စွဲ - နိုဝင်ဘာလ (၁)ရက်၊ ၂၀၂၁ နှင့် နိုဝင်ဘာလ (၂)ရက်၊ ၂၀၂၁
အချိန် - နေ့လယ် (၂)နာရီမှ ညနေ (၅)နာရီ
Google Form တွင် စာရင်းသွင်းနိုင်ပါပြီ။
https://forms.gle/orePYv51GNDXnEwz5
လူဦးရေ (၃၀၀) အထိ တက်ရောက်နိုင်ရန်စီစဉ်ထားပါသည်။
Registration ပြုလုပ်ပြီးနောက် ဆွေးနွေးမည့်အကြောင်းအရာများနှင့်ပတ်သက်သည့် ခေါင်းစဉ်များကို Email ပြန်လည်ပေးပို့သွားမည်ဖြစ်ပါသည်။
ပညာရေးဝန်ထမ်း CDMer များ တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
#အခြေခံပညာပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ
16/10/2021
NCA လက်မှတ်ရေးထိုးထားသော အဖွဲ့ (၈) ဖွဲ့၏ စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် GSCB ၏ သဘောထားထုတ်ပြန်ချက်
|၁၆ ရက်၊ အောက်တိုဘာလ၊ ၂၀၂၁ ခုနှစ်
#သွေးကြွေးမှာဆွေးနွေးစရာမရှိ
#အရေးတော်ပုံအောင်ရမည်