Learn English with Teacher Miranda

Learn English with Teacher Miranda Everyone deserves quality education. Here is one of the resources.

07/11/2025

🗣️ Speaking Practice for Real-Life Situations: At the Hotel 🗣️

စကားပြောအလွတ်ကျက်ခြင်းမဟုတ်ပဲ ✨
သင်ခန်းစာနဲ့ ဆက်စပ်ပြီး ပေးထားသော အခြေအနေတွင် သဘာဝကျကျ လေ့ကျင့်ထားသော speaking လေ့ကျင့်မှု video လေးဖြစ်ပါတယ် 💬

📞 Speaking Practice: At the Hotel 🏨

My student practices how to make a polite request and offer at the hotel when something isn’t right.
It’s not a memorized dialogue — just natural speaking based on the given situation 💡

💬 Tip: Practicing this way helps you think in English, not just memorize sentences!


🎓✨ Every class tells a different story.Each student brings their own dreams, goals, and personality — and together, we m...
14/10/2025

🎓✨ Every class tells a different story.
Each student brings their own dreams, goals, and personality — and together, we make learning English a fun and meaningful journey. 💬💫

Whether it’s a one-on-one session or a lively group class, I love seeing my students speak up, share ideas, and grow more confident day by day. 🌱

Here’s a little glimpse into our learning moments! 💕

သင်တန်းသားတစ်ဦးချင်းစီ၊ တစ်ဖွဲ့ချင်းစီတိုင်းမှာ လုပ်ငန်းအတွက်၊ သင်ကြားရေးလုပ်ငန်းစဉ်အတွက်၊ အဆင့်မြင့်ပညာတွေဆက်လက်သင်ကြားရန်အတွက် စတဲ့ မတူညီတဲ့ရည်မှန်းချက်တွေနဲ့ မတူညီတဲ့ သင်ယူမှုခရီးစဉ်တွေရှိကြပါတယ်။ 🌱🌳

မြန်မာပြည်၊ စင်္ကာပူ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ တရုတ် စတဲ့ နိုင်ငံအမျိုးမျိုးကနေ အသက်အရွယ် မတူတဲ့ ကျောင်းသားတွေ
ပျော်ရွှင်တက်ကြွစွာနဲ့ သင်ကြားမှု၊ သင်ယူမှုတွေကို ဆောင်ရွက်နေကြတာကတော့ ဘုံတူညီချက်တစ်ခုပါ။ 💬💛

Teacher Miranda နဲ့အတူ သင်ယူနေတဲ့ သင်တန်းသားအချို့ရဲ့ သင်ကြားမှုအမှတ်တရ ပုံရိပ်လေးတွေကို မျှဝေလိုက်ပါတယ်။ 🌟🌟🌟


09/10/2025

📖 Every step counts 🌱
From “not interested in reading” to “eager to read” — that’s real progress! 💪✨
This is the first attempt to read this paragraph without any practice.
It’s not perfect, but it’s a meaningful progress — and we value every effort. 💛

စကားပြောရတာကို စာဖတ်ရတာထက်ပိုကြိုက်တဲ့ကလေးအတွက် စာဖတ်ရတဲ့ခံစားချက်မဖြစ်အောင် conversation ပုံစံ‌နဲ့ စကားပြောနဲ့ အဖတ်စွမ်းရည်နှစ်ခုကို ပေါင်းစပ်လေ့ကျင့်ပေးဖြစ်ပါတယ်။
📖 🗣️

ဒီစာပိုဒ်ကို မလေ့ကျင့်ဘဲ ပထမဆုံးဖတ်ကြည့်တဲ့ ကြိုးစားမှုဖြစ်ပြီး အချို့သောအမှားလေးတွေရှိလို့ မပြည့်စုံပေမဲ့ ကြိုးစားအားထုတ်မှုနဲ့ တိုးတက်မှုတို့ကို မြင်ရတာ ဝမ်းသာဂုဏ်ယူပါတယ်။ 💛✨





မင်္ဂလာရှိသော နှစ်သစ်အချိန်အခါဖြစ်ပါစေရှင်။ယနေ့ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့မှသည် တစ်နှစ်တာပတ်လုံး အေးချမ်းသာယာရှိကြပါစေ။ဘေး...
17/04/2025

မင်္ဂလာရှိသော နှစ်သစ်အချိန်အခါဖြစ်ပါစေရှင်။
ယနေ့ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့မှသည် တစ်နှစ်တာပတ်လုံး အေးချမ်းသာယာရှိကြပါစေ။
ဘေးအန္တရာယ်အပေါင်းကို ရှောင်ရှားနိုင်ကြပါစေ။
အသိပညာ၊ အတတ်ပညာများ တိုးပွားကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင့်။

မင်္ဂလာရှိသော နှစ်သစ်အခါသမယဖြစ်ပါစေရှင် 2025 တစ်နှစ်တာကို အကျိုးရှိစွာ ဖြတ်သန်းနိုင်ကြပါစေ၊ ရည်မှန်းချက်ပန်းတိုင်များကို...
01/01/2025

မင်္ဂလာရှိသော နှစ်သစ်အခါသမယဖြစ်ပါစေရှင်
2025 တစ်နှစ်တာကို အကျိုးရှိစွာ ဖြတ်သန်းနိုင်ကြပါစေ၊ ရည်မှန်းချက်ပန်းတိုင်များကို ရောက်ရှိနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင့်

📢📢📢Hello📢📢📢အားလုံးပဲမင်္ဂလာပါရှင့်English Language Four Skills for Starters သင်တန်းလေးနဲ့ မိတ်ဆက်ပေးပါရစေရှင့်။Quality E...
26/10/2024

📢📢📢Hello📢📢📢
အားလုံးပဲမင်္ဂလာပါရှင့်
English Language Four Skills for Starters သင်တန်းလေးနဲ့ မိတ်ဆက်ပေးပါရစေရှင့်။

Quality Education ကို သင့်တင့်တဲ့နှုန်းထားနဲ့ တက်ရောက်နိုင်ဖို့ Teacher Miranda က စနေ၊ တနင်္ဂနွေနေ့တွေမှာ “English Language Four Skills for Starters” တန်းလေးကို ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။

Communication ကောင်းကောင်းလုပ်နိုင်စေဖို့အတွက် ရည်ရွယ်တဲ့သင်တန်းဖြစ်တာမို့ Speaking & Listening ပိုင်းကို အထူးအလေးပေးသင်ကြားပေးမှာဖြစ်ပါတယ်။

အသုံးပြုမဲ့ Course book ကလဲ Oxford University Press ဖြစ်ပြီး Skill လေးခုလုံးကို ခြုံငုံမိစေတဲ့အပြင် Teacher Miranda ရဲ့ သင်ကြားမှုပုံစံအရ Speaking and listening skills ကို ထိရောက်စွာ လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်။

သင်ကြားမှု သင်ယူမှု ထိရောက်အောင်မြင်စေရန်အတွက် အတန်းတစ်တန်းကို သင်တန်းသား ၆ ဦးသာ လက်ခံသင်ကြားပေးမှာဖြစ်တာမို့ Speaking Practice ကောင်းကောင်းရမှာပါ။

သင်ကြားပေးမဲ့ဆရာမကတော့ Young Learner သင်ကြားမှုအတွေ့အကြုံ လေးနှစ်ရှိပြီး MA English နဲ့ ဘွဲ့ရထားတဲ့ Teacher Miranda ဖြစ်ပါတယ်။ Teacher ရဲ့ CEFR Level က C1 level ရှိပါတယ်။

အသက် ၇ နှစ်မှ ၁၂ နှစ်အထိကလေးတွေ တက်ရောက်နိုင်မှာဖြစ်ပြီး သင်တန်းကာလ ၅ လ ကြာမြင့်မှာဖြစ်ပါတယ်။ လူဦးရေကန့်သတ်ထားတာမို့ အမြန်ဆုံးအပ်နှံလိုက်ပါနော်။

သင်တန်းအမည် - English Language Four Skills for Starters
သင်တန်းစတင်မည့်ရက် - 2.11.2024
သင်တန်းနေ့ရက် - စနေ၊ တနင်္ဂနွေ
သင်တန်းအချိန် - ညနေ ၄:၀၀ နာရီမှ ၅:၃၀ နာရီထိ
သင်တန်းနေရာ - Zoom
သင်တန်းကာလ - ၅ လ
သင်တန်းကြေး - ၃၅,၀၀၀ ကျပ် (တစ်လစာ)
*** သင်တန်းသားဦးရေ ၆ ဦးသာလက်ခံသင်ကြားပေးမှာဖြစ်လို့ အမြန်ဆုံးစာရင်းပေးသွင်းအပ်နှံနိုင်ပါပြီ ***

📣📣📣 Hello 📣📣📣အားလုံးပဲမင်္ဂလာပါရှင့်Teacher Miranda ရဲ့ Speaking Booster Class လေးနဲ့ မိတ်ဆက်ပေးပါရစေရှင့်။ဒီသင်တန်းလေးက...
26/10/2024

📣📣📣 Hello 📣📣📣
အားလုံးပဲမင်္ဂလာပါရှင့်
Teacher Miranda ရဲ့ Speaking Booster Class လေးနဲ့ မိတ်ဆက်ပေးပါရစေရှင့်။

ဒီသင်တန်းလေးကတော့ အင်္ဂလိပ်စာကို အခြေခံ သို့မဟုတ် အတိုင်းအတာတစ်ခုအထိ ရပေမဲ့ စကားပြောဖို့ နှုတ်မရဲတဲ့သူတွေအတွက်ရည်ရွယ်ဖွင့်လှစ်တာဖြစ်ပါတယ်ရှင်။

နေ့စဉ်သုံးရတဲ့စကားပြော (Everyday Conversation) လေးတွေနဲ့ လေ့ကျင့်ပေးမှာဖြစ်တဲ့အတွက် လက်တွေ့စကားပြောရာမှာ အသုံးတည့်စေမဲ့သင်တန်းလေးဖြစ်ပါတယ်။

သင်ကြားပေးမဲ့ဆရာမကတော့ Teacher Miranda (MA English) ဖြစ်ပြီး CEFR Level က C1 level ရှိပါတယ်ရှင့်။

သင်တန်းထိရောက်မှုရှိပြီး စကားပြောများကို သေချာလေ့ကျင့်ပေးနိုင်စေဖို့အတွက် သင်တန်းသားဦးရေကို ၆ ဦးထိသာ လက်ခံသင်ကြားပေးမှာဖြစ်ပါတယ်။

သင်တန်းအမည် - Speaking Booster Class
သင်တန်းကာလ - တစ်လ ( ၂-၁၁-၂၀၂၄ မှ ၁-၁၂-၂၀၂၄ ထိ )
သင်တန်းကြေး - ၅၀,၀၀၀ ကျပ်
သင်တန်းနေ့ရက် - စနေ၊ တနင်္ဂနွေ
သင်တန်းအချိန် - နံနက် ၈:၀၀ နာရီ မှ ၉:၃၀ နာရီ ထိ
သင်တန်းနေရာ - Zoom platform

*** သင်တန်းသားဦးရေ ၆ ဦးသာလက်ခံသင်ကြားပေးမှာဖြစ်လို့ အမြန်ဆုံးစာရင်းပေးသွင်းအပ်နှံနိုင်ပါပြီ ***

Address

Mandalay
Mandalay
0000

Website

Alerts

Be the first to know and let us send you an email when Learn English with Teacher Miranda posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category