25/01/2022
IT Software Development Training Mentor ခေါ်ယူခြင်း
🎯ခါခဲဟာရှိ ဂျပန်သင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားမည့် ဂျပန်နိုင်ငံမှ Software development ဘာသာရပ်များသင်ကြားပေးရန်အတွက် စိတ်ပါဝင်စားသော Mentor များကို ခေါ်ယူသွားပါမည်။
🔷ခေါ်ယူမည့်ပုံစံ
----------------------------------------------
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ DIVE INTO CODE အင်ဂျင်နီယာကျောင်း၏ Programming Language သင်ရိုးများဖြင့် အခမဲ့ Mentor Training ပေးမည်ဖြစ်သည်။
သင်ရိုးများကို လက်တွေ့ရေးသား၍ သင်ယူရမည်ဖြစ်ပြီး နောက်ဆုံးတွင် OJT ပေးသွားမည်ဖြစ်သည်။
သင်ရိုးပြီးမြောက်အောင် လေ့လာနိုင်ခဲ့သူများထဲမှ သင့်လျော်သူများကို ရွေးချယ်၍ သင်တန်းတွင် Mentor အဖြစ် အလုပ်ခန့်အပ်သွားမည်ဖြစ်သည်။
🔷 လျှောက်ထားရန်လိုအပ်ချက်
----------------------------------------------
၁။ အိုင်တီကျွမ်းကျင် Mentor တစ်ယောက်ဖြစ်ရန် စိတ်အားထက်သန်သူ၊ စိတ်ပါဝင်စားသူဖြစ်ရမည်။
၂။ Programming အခြေခံ logical thinking များကောင်းကောင်း နားလည်သူဖြစ်ရမည်။
၃။ Mentor Training Course ကို ၁ရက် ၈နာရီ ၄လကြာ လေ့လာရန် အချိန်ပေးနိုင်သူဖြစ်ရမည်။
🔷 သင်ကြားပေးမည့်အင်ဂျင်နီယာဘာသာရပ်များ
🎯Ruby/ Ruby on Rails
🎯Java
🎯PHP
🎯Python
🔷 ခေါ်ယူမည့်ဦးရေ - ဘာသာရပ်၁ခုလျှင် ၂ဦး
🔷သင်တန်းနေရာ - မန္တလေးမြို့
🔷လျှောက်ထားရန်
[email protected] သို့ CV အပြည့်အစုံနှင့်တကွ ပညာရေးလက်မှတ်ကို ပေးပို့လျှောက်ထားပါ။
📣 ဖောင်ပိတ်ရက် - 15.2.2022
🎯 အနာဂတ်တွင် အိုင်တီပညာရှင်များအဖြစ်လုပ်ကိုင်ရန် ရည်မှန်းချက်ရှိသူများအတွက် ပညာနှင့်အတွေ့အကြုံများ ရရှိနိုင်မည့်အခွင့်အရေးဖြစ်ပါတယ်။
🤝 ကျွန်တော်တို့နဲ့ လက်တွဲဆောင်ရွက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
🏫ခါခဲဟာရှိစင်တာ
တိုက်အမှတ် ၂၄၊ ၈၇ဒီလမ်း၊ ၂၂လမ်း နှင့် ၂၃လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့