English with Tr.Htet

English with Tr.Htet

Share

This page is for Egnlish Language Teaching (ELT), targeting everyone who wants to broaden their horizon of knowledge about Englsih.

09/03/2023

🎉Starters,Movers,Flyers YLE class Batch 3ကို ဖွင့်လှစ်ပေးလိုက်ပါပီရှင်🎉

💁ဒီbatchမှာတော့ Phonics နှင့် Speak Outကိုပါ တွဲ၍ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ရှင့်။💪

📍ပထမဆုံးjoinသူ၂ယောက်ကတော့ 10% off ရမှာဖြစ်ပါတယ်ရှင့်။🎉(ပထမလအတွက်သာ)
📍mid-term testများဖြေဆိုပြီး အမှတ်အများဆုံးရရှိသူကတော့ နောက်တစ်လအတွက် 50% off ရရှိမှာ ဖြစ်ပါတယ်ရှင်။

👉 Starters,Movers ,Flyers ဆိုတာကတော့ Age 7 to 13 ကလေးများအတွက် ဖြစ်ပါတယ်ရှင်
👉 YLE class တွေကိုတက်ထားခြင်းအားဖြင့် ကလေးတွေအနေနဲ့
✔️ English Language ကိုငယ်ရွယ်စဥ်အချိန်ကတည်းကသေချာလေးသင်ယူနိုင်မယ်
✔️ Listening လဲပါဝင်တာဖြစ်လို့ English Listening မှာလဲ တိုးတက်လာမယ်
✔️ Paragraph Reading တွေ Writing Activities လေးပါပါဝင်တော့ 4 Skills အတွက်လဲအခြေခိုင်သွားတာပေါ့နော်
🌟 ဒါ့အပြင် Phonics ပါတွဲသင်ပေးမှာဆိုတော့ အသံထွက်လည်း စနစ်တကျထွက်တတ်သွားမယ်
📍 တစ် Sectoin ကို 5ယောက်သာလက်ခံသွားမှာဖြစ်ပီး 🦋 Zoom မှ Face to Face သင်ကြားသွားမှာပါရှင်
Fees-35,000 per month
Time-1hr (3days)
စျေးနှုန်းလေးကလဲသင့် လူကလဲသိပ်မများဆို​တော့ မိမိရဲ့ ကလေး English Skill တိုးတက်ဖို့ Tr. Htet ရဲ့ ဒီ class လေးကိုအမြန်ဆုံးJoin လိုက်ကြရအောင်နော်
By One class များPage messenger တွင်(သို့မဟုတ်)Ph ခေါ်၍ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင်
09- 259924166
09-798067592
09-796781744

02/02/2023

အစီအစဥ်တစ်ခု၊ ကိစ္စတစ်ခုက စီစဥ်ထားတဲ့အတိုင်း ချောချောမွေ့မွေ့ပြီးသွားတယ်လို့ ပြောချင်ရင်
"Go off without a hitch" ဆိုတဲ့ idiomatic phraseလေးကို သုံးပေးလို့ပါတယ်။
"Go off without a hitch" - go as planned, happen without difficulties or problems လို့ အဓိပ္ပာယ်ရပါတယ်။
ဒီနေရာမှာ 'hitch' ဆိုတာ - problem or difficulty ကို ဆိုလိုတာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ "without a hitch" ဆိုတာ အခက်အခဲမရှိပဲ၊ ပြဿနာတစ်စုံတစ်ရာမရှိပဲ လို့ အဓိပ္ပာယ်ရပါတယ်။

ဥပမာအားဖြင့်

-The party went off without a hitch.
- Summer went off without a hitch. စသဖြင့် အသုံးပြုနိုင်ပါတယ်။

01/02/2023

Enola Holmes2 ကြည့်ရင်းနဲ့ idiomလေးတွေ့လို့ ပြန်လည် မျှဝေလိုက်ပါတယ်။
"Stone the crows!" ပါ။
အံ့သြတဲ့အခါမှာ သုံးလို့ရပါတယ်။ နည်းနည်းတော့ ရှေးကျတဲ့ idiomလေးပါ။
"Stone me!"လို့လဲ သုံးလို့ရပါတယ်။
ဥပမာ - ရုတ်တရက်ကြီး ကိုယ်က ထီထပေါက်ရင်
" Stone the crows! I've won the lottery." လို့ပြောလို့ရပါတယ်။

Photos from English with Tr.Htet's post 20/01/2023

Englishစာ လေ့လာသူများအတွက် အသုံးဝင်မယ့် YouTube channel အချို့ကို မျှဝေပေးလိုက်ပါတယ်။
တခြား channelတွေလဲ အများကြီးရှိပါတယ်။ ဒါလေးတွေကတော့ ကိုယ်တိုင်လဲ ဝင်ရောက်လေ့လာခဲ့ဖူးတဲ့ channelလေးတွေမို့ ပြန်လည်မျှဝေပေးရင်း အသုံးဝင်လိမ့်မယ်လို့လဲ မျှော်လင့်ပါတယ်။

1. English Speaking Success
https://youtube.com/
Keith Speaking Academy ကတော့ Englishစာလေ့လာသူတိုင်း လေ့လာဖူးတဲ့ channelဖြစ်ပါလိမ့်မယ်။ ဒီchannelကို ဘာလို့ကြိုက်လဲဆို ဆရာကြီးရဲ့ သေသေချာချာ ရှင်းပြချက်တွေကို လေ့လာရလို့ပဲဖြစ်ပါတယ်။ ပြီးရင် friendly tone, friendly facial expressionတွေကလဲ ဒီchannelကို လေ့လာရတာ ပိုပြီး စိတ်ပျော်စေပါတယ်။ Live sessionတွေကနေလဲ တိုက်ရိုက် သင်ယူနိုင်ပါသေးတယ်။ General Englishကနေစပြီး IELTS studiesတွေအထိ ရှင်းပြချက်တွေရှိတာမို့ တစ်ကယ်ကို အသုံးဝင်တဲ့ channelဖြစ်ပါတယ်။

2. https://youtube.com/
ဒီ channelလေးကတော့ Englishစကားပြော၊ expressions တွေကို လေ့ကျင့်ချင်တဲ့ သူတွေအတွက် တော်တော်လေး အဆင်ပြေပါတယ်။ ဆရာမက Englishဘာသာစကားရဲ့ နေ့စဥ်အသုံးတွေ၊ basic expressionတွေအစား ဘယ်လိုမျိုး expressionတွေကို သုံးလို့ရတယ် ဆိုတာမျိုးတွေ၊ ပြီးတော့ အသံထွက်နဲ့ ပတ်သက်ပြီးတော့လဲ tipsတွေ အများကြီး ပေးထားတာမို့ ဝင်ရောက် လေ့လာသင့်ပါတယ်။

3.https://youtube.com/
ဒီchannelကတော့ moviesတွေထဲက Englishစာနဲ့ ပတ်သက်တဲ့ ဝေါဟာရတွေ၊ expressionsတွေကို scenes တွေနဲ့အတူ လေ့လာရတာမို့ စိတ်ဝင်စားဖို့ကောင်းကါတယ်။ အရင်ဆုံး sceneကို ပြပေးတယ်၊ ပြီးရင် sceneထဲမှာပါတဲ့ expressionတွေရဲ့ အဓိပ္ပာယ်ကို ရှင်းပြတယ်၊ ပြီးရင်တော့ နောက်ဆုံးမှာ exercisesလေးတွေရော ပါတာမို့ တစ်ခါတည်း လေ့ကျင့်ပြီးသား ဖြစ်သွားပါတယ်။

4. https://youtube.com/
ဒီchannelကိုတော့ accent training လုပ်ချင်တဲ့သူတွေအတွက် အသုံးဝင်ပါတယ်။ တခြား Englishစာနဲ့ ပတ်သက်တဲ့ idiomsတွေ၊ ဝေါဟာရတွေလဲ တင်ပေးထားပါတယ်။ ဒါပေမယ့် ဒီchannelကို သဘောကျတဲ့ အချက်ကတော့ accent tipsတွေပါပဲ။ accent, intonationနဲ့ပတ်သက်ပြီး ဆရာက သေသေချာချာလေး ရှင်းပြထားပါတယ်။ ပြီးတော့ lecture typeလိုမျိုးမို့ listening skillလဲ တိုးတက်စေပါတယ်။

25/11/2022

🎶 It must be exhausting always rooting for the anti-hero🎶
🦋 Taylor-Swiftရဲ့ Anti-heroသီချင်းထဲက စာသားလေးကို လူတိုင်းကြားဖူးပါလိမ့်မယ်။
🦋 ဒီစာသားထဲက 👉 'root for' 👈ဆိုတဲ့ phrasal verb လေးရဲ့ အဓိပ္ပာယ်ကို လေ့လာကြည့်ရအောင်။🧑‍💻

☘️ 'root for' - to express or show support for (a person, a team, etc.) : to hope for the success of (someone or something) (Merriam-Webster)

☘️ မြန်မာလိုဆိုရင် 'တစ်စုံတစ်ယောက် (သို့မဟုတ်) အသင်းတစ်သင်းကို အားပေးသည်'၊ 'တစ်စုံတစ်ယောက် အောင်မြင်မှုကို လိုလားသည်' လို့ ပြန်ဆိုနိုင်ပါတယ်။

💁 ဒါကြောင့် တစ်ယောက်ယောက်ကို အားပေးကြောင်းပြောချင်ရင်
☘️ ဥပမာ - ငါနင့်ကို အမြဲအားပေးနေတယ်နော်။ (သို့မဟုတ်) နင်ဘာလုပ်လုပ် ငါကအားပေးပြီးသား။
☘️ 'I'm always rooting for you.'

⚽ ခုက ဘောလုံးရာသီဆိုတော့ ကိုယ်ကြိုက်တဲ့အသင်းကို အားပေးတယ်လို့ ပြောချင်ရင်..
⚽ ဥပမာ 'Chelseaအသင်းကို အမြဲအားပေးတယ်။
⚽ I always root for Chelsea.

ဒီလိုလေး ပြောပေးနိုင်ပါတယ်။
Have a nice day!💜

18/11/2022

❗ Must & Have to❗
🔰 Must = ရမည်။
🔰 Have to = ရမည်။

✅ တူညီချက် ✅

✅ လုပ်ရမည့် တာဝန်များ (obligations) အား ဖော်ပြရာတွင် သုံး
👉 Eg. Employees must wear ID badges while at the company.
👉ဥပမာ - ဝန်ထမ်းများသည် ကုမ္ပဏီ၌ရှိနေစဉ် IDကတ်ပြားများ ဆွဲထားရမည်။
👉Eg. Employees have to wear ID badges while at the company.
👉ဥပမာ - ဝန်ထမ်းများသည် ကုမ္ပဏီ၌ရှိနေစဉ် IDကတ်ပြားများ ဆွဲထားရမည်။

========================================

❗ ခြားနားချက် ❗

🔰 1. Must - စကားပြောသူကိုယ်တိုင် လုပ်ရန်လိုအပ်သည်ဟု ခံယူထားသောအခါ
👉 Eg. The exam is drawing nearer. I must study hard. (The speaker thinks that it's necessary.)
👉 ဥပမာ - စာမေးပွဲနီးလာပြီ။ ငါစာကြည့်ရမယ်။
(ပြောသူကိုယ်တိုင် လုပ်သင့်သည်ဟု ခံယူ)

🔰 Have to - တခြားသူ၊ အာဏာရှိသူ၊ အာဏာရှိအဖွဲ့အစည်းများမှ ချမှတ်ထားသော စည်းကမ်းများအား လိုက်နာရသောအခါ
👉Eg. Today's Monday. So, I have to go to office. ( Rule of the office)
👉ဥပမာ - ဒီနေ့က တနလ်ာနေ့လေ။ အဲ့ဒါကြောင့် ငါရုံးသွားရမယ်။ (ရုံး၏ စည်းကမ်း)

🔰2. Must တွင် past tense နှင့် future tense မရှိ
🔰Have to တွင် past tense ရော future tense ရော ရှိ၏။
✅ Past tense - had to
✅ Future tense - will have to
👉ထို့ကြောင့် 'must' ၏ past tense နှင့် future tense အတွက် 'had to' နှင့် 'will have to' အား သုံးရ၏။

🔰 3. မေးခွန်းများမေးရာတွင် 'must' အစား 'have to' ကို ပိုအသုံးများသည်။
👉Eg - Do I have to attend weekly meetings?
❌NOT - Must I attend weekly meetings?

🔰 4. Strong obligation, strong suggestion ပေးချင်ရင်တော့ 'must' ကို သုံးသည်။
👉Eg - You must do physical exercises if you want to be fit.
👉Eg - Stranger Things is a fantastic series to watch. You must like it.

🔰5. Logical conclusion ဆွဲရာတွင်လည်း 'must'ကိုသုံး
👉Eg - She is wearing a school uniform. She must be a student.

=========================================

🔰 6. Mustn't and Don't have to ကွာခြားချက်
Mustn't - မလုပ်ရပါ။ (တားမြစ်ရာတွင်သုံး - prohibition)
👉Eg. You mustn't swim in this lake.
👉ဥပမာ - ဤရေကန်၌ ရေမကူးရ။

🔰 Don't have to - လုပ်စရာမလို (Lack of obligation)
👉Eg - You don't have to wash clothes.
👉ဥပမာ - အဝတ်တွေ လျော်စရာမလိုပါဘူး။ (လျှော်ချင်ရင်တော့ လျှော်နိုင်တယ်ဆိုတဲ့ သဘောပါ။)😂

Have a nice day!❤️

08/05/2022

ကလေးတိုင်းတက်ရောက်နိုင်သော 'Maths is Fun' programလေး အလှည့်ရောက်ရှိလို့လာပါပြီ။🥳

👉 ဒီတစ်ပတ်မှာတော့ Tr.Nway မှ ဦးဆောင်ဆွေးနွေးမှာဖြစ်ပြီး အချိန်ကတော့ Mon-Tues ဖြစ်ပါတယ်။

ဒါကြောင့် ကြိုတင်စာရင်းပေးထားဖို့ မမေ့နဲ့နော်။💜

30/04/2022

ဒီတစ်ပတ်မှာလဲ
'Story Hour' လေး ရှိပါတယ်။
အချိန်လေးကတော့ Sun-Monကို ပြောင်းထားပါတယ်ရှင့်။🥰

23/04/2022

🔰Welcome back!!🔰

💁 "Weekend Escape" Program ရဲ့ ဒီအပတ်အတွက် "Maths is Fun!" sectionလေးကတော့ ရောက်ရှိလာပါပြီ။

အချိန် - Sun-Mon (6.30pm-7.30pm)
👉 Via Zoom
Fees - 100%free of charge

💁 ဒါကြောင့် မနက်ဖြန်အတွက် page inboxမှာ လာရောက်စာရင်းပေးသွင်းနိုင်ပါပီ့။😍

16/04/2022

သက်ြန်အချိန်ဖြစ်သောကြောင့် ယခုအပတ်အတွက် 'Story Hours' နှင့် 'Maths is Fun' အား ခေတ္တနားကြောင်း ကြေညာအပ်ပါသည်ရှင်။

01/04/2022

🔰Welcome back!!🔰

💁 "Weekend Escape" Program ရဲ့ ဒီအပတ်အတွက် "Story Hour" sectionလေးကတော့ ရောက်ရှိလာပါပြီ။

👉 တက်ရောက်‌နိုင်သော အသက်အရွယ် - ၉နှစ်မှ ၁၁နှစ်ထိ
အချိန် - 7.00pm-8.00pm
👉 Via Zoom
Fees - 100%free of charge

💁 ဒါကြောင့် မနက်ဖြန်အတွက် page inboxမှာ လာရောက်စာရင်းပေးသွင်းနိုင်ပါပီ့။🥰

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Mandalay