Colourful Learning

Colourful Learning

Share

The existence of opportunity is here

05/06/2025

‼️Boost Your English in 20 Days‼️

🔹သင်ဟာ textbook က သင်ပေးလိုက်တဲ့ အင်္ဂလိပ်စာတွေကို နားလည်သဘောပေါက်ပြီဆိုရင် Real Life English ကို လေ့လာဖို့အချိန်ကျရောက်ပါပြီ

🔹အချိန်တိုတိုတောင်းတောင်းနဲ့ တိကျမှန်ကန်တဲ့ သင်ခန်းစာတွေကို ရက် ၂၀ အတွင်း လေ့လာနိုင်ဖို့

❇️Boost Your English Course ကို မိတ်ဆက်ပေးလိုက်ပါပြီ

💻Video Class ဖြစ်တဲ့အတွက်ကြောင့် စိတ်တိုင်းကျလေ့လာနိုင်ပြီး နေရာမရွေး သင်ယူနိုင်မှာဖြစ်ပါတယ်

🕯️Intermediate Level B1 နှင့်အထက်ရှိတဲ့ သူတွေသာ ထိထိရောက်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်

💡Class ရဲ့ အားသာချက်တွေကတော့ General English ကနေ Business English အထိ ရက် ၂၀ အတွင်း သင်ယူသွားနိုင်မှာဖြစ်ပါတယ်

📃စာဖိုင်တွေကိုလည်း တစ်သက်တာ ကြည့်ရှူခွင့်ပေးထားဦးမှာပါ

📨သင်တန်းပြီးဆုံးသွားရင်လည်း Completion Certificate ကိုပေးအပ်သွားမှာပါ

📚တစ်ရက်စာကို ၁ထောင်ကျော်တည်းနဲ့ အဆင့်မြင့် English Course တစ်ခုကို သင်ယူနိုင်မှာမို့ အချိန်မဆွဲဘဲ လာရောက်အပ်နှံလိုက်ပါ

💰Class Fee: 35000 MMK
🔍Starting Date : 10.6.2025 (every 7 p.m.)
💻Place: Telegram Channels
📖Access: PDF files and Video Files

📞Chat Box တွင်လာရောက်စုံစမ်းနိုင်သလို
09987589536 (viber and telegram) မှာလည်း မေးမြန်းနိုင်ပါတယ်

05/03/2023

ကျွန်တော်ငွေလိမ်ခံလိုက်ရတယ်။

လိမ်ယူသွားတယ်၊ တစ်ယောက်ယောက်ကလိမ်သွားတာကို သုံးတဲ့ဝေါဟာရတွေကတော့

- to cheat
- to trick
- to defraud
- to deceive

ဆိုတဲ့ Verb တွေကို သုံးလို့ရပါတယ်။

Emily tricked me into giving her a book.

အမ်မလီက ငါဆီက စာအုပ်ကိုလိမ်ယူသွားတယ် လို့ဆီလျော်အောင်ပြန်လို့ရပါတယ်။

I am charged with a case to defraud $20,000.

No one can deceive me into believing this conspiracy theory.

အထက်ဖော်ပြထားတာတွေကတော့ လိမ်လည်ခံရတာ၊ လိမ်တာနဲ့ ပတ်သတ်တာတွေဖြစ်ပါတယ်။

ငွေအလိမ်ခံရတယ်ဆိုတာကို ထိထိရောက်ရောက်ပြောချင်ရင်တော့ အသုံးများတဲ့ ပုံစံသုံးမျိုးရှိပါတယ်။

- scam (n) တရားမဝင်ငွေရှာခြင်း

Passive အနေနဲ့ယူပြီး verb အဖြစ်သုံးလို့ရပါတယ်။

I was scammed by a group of frauds.

The company scammed people out of their life savings.

နောက်တစ်လုံးက

- swindle (v,n) ငွေလိမ်သည်၊ ငွေလိမ်မှု
- swindler (n) လူလိမ်

out of ဆိုတဲ့ အသုံးလေးက အလိမ်ခံရတာသုံးတဲ့အခါ လိုအပ်ပါတယ်။

Ma Ma swindled her friend out of thousands of pounds.

Police officers are investigating a $2 million swindle.

နောက်ဆုံးကတော့ Phrasel verb လေပါ။

- cheat sb out of sth

Kenbee cheated Grace out of twenty thousand dollars.

Do you remember the name of that girl who cheated her family out of their posessions.

Learning is a journey, not a trip📚
Saya Avery


27/02/2023

🤔 Translate to လား၊ Translate into လား။ 🤔

Translate ဆိုတဲ့ဝေါဟာရကို ဘာသာစကားတစ်ခုမှ အခြားတစ်ခုသို့ ဘာသာပြန်တဲ့အနေနဲ့သုံးကြပါတယ်။

အဲ့ဒီအခါ နောက်ကလိုက်ရမယ့် preposition ကို လွဲမှားစွာသုံးထားတာတွေ့ရတယ်။🤷

တကယ်တော့ translate နောက်က "into"ပဲ လိုက်လေ့ရှိပါတယ်။ translate + into ဆိုတဲ့အသုံးလေးကို တွဲမှတ်ထားစေလိုပါတယ်။✏️📒

Eg. Translate this text into Myanmar.
( ဒီစာကို မြန်မာဘာသာသို့ ပြန်ဆိုပါ။ )

Translate this book into other languages.
( ဒီစာအုပ်ကို တခြားဘာသာများသို့ ပြန်ဆိုပါ။ )

Translate your ideas into action.
( * to နဲ့လည်း သုံးလို့ရနိုင်)
( အတွေးကို လက်တွေ့အကောင်အထည်ဖော်ပါ။ )

📌 translate to ဆိုတဲ့အသုံးက လွဲတာမှန်ပေမဲ့ ဘယ်အရာကိုမှ လှေနံဓားထစ် မမှတ်တာက သင်တို့ရဲ့ အင်္ဂလိပ်စကေးလ်ကို တိုးတက်စေတယ်ဆိုတာ မမေ့ပါနဲ့။📌😒

ခြွင်းချက်အနေနဲ့ translate အစား translation ဆိုတဲ့ noun သာဆိုရင်တော့ to နဲ့တွဲသုံးလို့ရပါတယ်။✌️
Eg. English to Myanmar translation,

Myanmar to English translation စသဖြင့် သုံးလို့ရပါတယ်နော်။

ကဲ...ဒီနေ့ translate to လား၊ translate into လားဆိုတဲ့အတွေးကို ရှင်းသွားစေမယ်လို့ မျှော်လင့်ပါတယ်။

အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ သင်ခန်းစာလေးတွေကို sharing လုပ်ပေးနေမှာမို့ စောင့်ကြည့်ဖို့ မမေ့နဲ့နော်။🫶



Photos from Colourful Learning's post 06/02/2023

‼️ပုံမှန်စာကြောင်းဆိုရင်တော့ ဖတ်နိုင်ပါတယ်၊ နည်းနည်းရှည်သွားရင် မဖတ်တတ်တော့ဘူး။ ဆိုပြီး စိတ်ဓာတ်ကျနေပါသလား‼️

🏞️ဦးနှောက်ကိုလန်းဆန်းစေတဲ့ မနက်ခင်းအတန်းကိုရှာဖွေနေတဲ့သူလား🏞️

ကျောင်းသားတော်တော်များများဟာ အခြေခံကိုကျွမ်းကျင်ကြပြီး elementary levelကို ကျော်ဖြတ်နိုင်ကြတာများပါတယ်။
အဲ့ဒါဆို English ဝတ္ထုဖတ်ပါဆိုရင်ကျ မဖတ်တတ်တော့ဘူး။
English လို ပြောဆိုရင်လည်း ရှက်ပြီးမပြောနိုင်ဖြစ်သွားပြန်ရော။
ဒါဟာ လူတိုင်းကြုံတွေ့ရတဲ့ဖြစ်ရပ်တွေပါပဲ။

✨ကမ္ဘာပေါ်က English လို ပြောနေတဲ့ လူ ၁၀၀ ရာခိုင်နှုန်းမှာ 25 ရာခိုင်နှုန်းကသာ native speaker တွေပါတဲ့။✨

ကိုယ်လည်းလေ့လာနေတဲ့သူပဲကို ၇၅ ရာခိုင်နှုန်းထဲဘာလို့မပါနိုင်ရမှာလဲ။

အသစ်ဖွင့်လိုက်တဲ့ ✍️Intermediate Journey✍️ဆိုတဲ့ သင်တန်းဟာဆိုရင် မိမိရဲ့ English အရည်အသွေးကို မထင်မှတ်ထားအောင်မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။

Batch 2 အထိကိုလည်း အောင်မြင်စွာဖွင့်လှစ်ခဲ့ကာ ကျောင်းသားတွေရဲ့ အရည်အချင်းတွေ သိသိသာသာကိုတိုးတက်လာတာတွေ့ရပါတယ်။
အခု Batch 3 ကို စတင်ဖွင့်လှစ်ပေးလိုက်ပါပြီ။

အဲ့ဒါကြောင့် လက်လွှတ်မခံဘဲတတ်လိုက်ကြရအောင်။

ဘယ်လိုလူတွေတက်ရောက်နိုင်လဲ❓

🎗️Upper elementary နဲ့ Intermediate Level ကို ရောက်ရှိနေသူများ
တက်ရောက်နိုင်ပါတယ်။
(LEVEL TEST စစ်လိုပါက Chatbox တွင် လာရောက်မေးမြန်းနိုင်ပါတယ်)

ဘာတွေသင်ကြားမှာလဲ ❓

✨ Advanced level ကိုတက်ရောက်နိုင်ဖို့သိထားသင့်သမျှ English lectures များကို ရက်အလိုက် မတူညီတဲ့ သင်ကြားပုံများနဲ့ တွေးတောကာသင်ကြားပေးမှာပဲဖြစ်ပါတယ်။✨

⭐ Figurative writing

⭐ Reading techniques

✅Advanced Grammar

🎶 Lyrics translation

ရရှိလာမယ့်အကျိုးကျေးဇူးများ

📚 ခက်ခဲတဲ့ အင်္ဂလိပ်စာကြောင်းများကို အဖြတ်အတောက်ဖြင့် ကောင်းစွာဖတ်နိုင်ခြင်း

📚 အင်္ဂလိပ်ဆိုင်ရာဝတ္ထု၊စာပေများကို သတ္တိရှိစွာ ဖတ်နိုင်ခြင်း

📚 ဝေါဟာရစကားလုံးအသစ်များစုဆောင်းမိခြင်း

📚 စာဘယ်လိုလေ့လာရမယ်ဆိုတဲ့ နည်းလမ်းကောင်းတွေကို သိရှိခြင်း

📚 သီချင်းတစ်ပုဒ်ကို အဓိပ္ပာယ်အတိအကျနားလည်စွာဖြင့် နားဆင်နိုင်ခြင်း

သင်တန်းချိန်❓

🔆 Wed, Thurs, Friday
✨ မနက် ၇နာရီ မှ ၈နာရီအထိ
(2လပြတ်သင်တန်းဖြစ်ပါတယ်။)

ဆရာနဲ့ တိုက်ရိုက် Live meeting အနေနဲ့သင်ကြားရမှာဖြစ်ပါတယ်။

သင်တန်းကြေး❓

💵 တစ်လကို မြန်မာငွေ ၁သောင်း၅ထောင်ကျပ်။
၂လစာပေါင်းသွင်းရင် 10%လျှော့ပါတယ်။🍀

သင်တန်းဟာ ဒီလ ဖေဖော်ဝါရီ ၁၅ရက်​နေ့မှာစသင်မှာဖြစ်ပါတယ်။

လူဦးရေ ၂၀ သာကန့်သတ်ထားတာမို့ အမြန်ဆုံးလာရောက်အပ်နှံလိုက်ပါတော့နော်။

သင်တန်းအပ်ရန်🤩

Messenger/ Comment တွက် JOM လို့ ပေးပို့လိုက်ရုံပါ။

အသေးစိတ်သိရှိလိုပါက 📞09797336735 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။




14/11/2022

Yahooo 📣📣📣

မင်္ဂလာပါ။

Colourful Learning က ဖွင့်လှစ်ပေးထားတဲ့ Speaking အတန်းနဲ့ Intermediate Journey Class ဟာဆိုရင်ဖြင့်သဘက်ခါတွင် သင်တန်းအပ်နှံခြင်းပြီးဆုံးပါတော့မယ်။

မေ့နေလို့ဖြစ်ဖြစ် မမှီလိုက်မှာဆိုးလို့ ထပ်မံအသိပေးလိုက်ပါတယ်။

November 16 ရက်နေ့(Wed)
တွင် Final စာရင်းပိတ်တော့မှာမို့ အခုပဲအမြန်လေး လာရောက်သင်တန်းအပ်လိုက်ပါတော့နော်။

သင်တန်းအကြောင်းအသေးစိတ်သိလိုပါက

https://m.facebook.com/story.php?story_fbid=143610761752220&id=100083098912042

https://m.facebook.com/story.php?story_fbid=143272328452730&id=100083098912042



Photos from Colourful Learning's post 05/11/2022

‼️ကိုယ့် English level က Upper Elementary နဲ့ Intermediate မှာတင်ရပ်တန့်ပြီး ရှေ့ဆက်တက်ဖို့အခက်တွေ့နေ့ပြီလား။‼️

ကျောင်းသားတော်တော်များများဟာ basic ကိုကျွမ်းကျင်ကြပြီး elementary levelကို ကျော်ဖြတ်နိုင်ကြတာများပါတယ်။
အဲ့ဒါဆို English novelဖတ်ပါဆိုရင်ကျ မဖတ်တတ်တော့ဘူး။
English လို ပြောဆိုရင်လည်း ရှက်ပြီးမပြောနိုင်ဖြစ်သွားပြန်ရော။
ဒါဟာ လူတိုင်းကြုံတွေ့ရတဲ့ဖြစ်ရပ်တွေပါပဲ။
✨ကမ္ဘာပေါ်က English လို ပြောနေတဲ့ လူ ၁၀၀ ရာခိုင်နှုန်းမှာ 25 ရာခိုင်နှုန်းကသာ native speaker တွေပါတဲ့။✨

ကိုယ်လည်းလေ့လာနေတဲ့သူပဲကို ၇၅ ရာခိုင်နှုန်းထဲဘာလို့မပါနိုင်ရမှာလဲ။

အခု Colourful Learning ရဲ့ EE6000 ဆိုတဲ့ elementary သင်တန်းတွေမှ အောင်မြင်တဲ့ကျောင်းသားတော်တော်များများဟာ Intermediate ကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။

ထူးဆန်းတာက English level မှာအခက်ဆုံးက elementary ကနေ intermediate ကို ကူးရတာပါပဲ။ အဲ့ဒီခက်ခဲတဲ့ level ကိုကျော်ဖြတ်နိုင်လာတဲ့အတွက် intermediate ကနေ ဆက်တက်ဖို့အရမ်းလွယ်ကူသွားပါလိမ့်မယ်။

Colourful Learning မှ အသစ်ဖွင့်လိုက်တဲ့ Intermediate Journey ဆိုတဲ့ သင်တန်းဟာဆိုရင် မိမိရဲ့ English အရည်အသွေးကို မထင်မှတ်ထားအောင်မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။

Batch 1 ကိုလည်း အောင်မြင်စွာဖွင့်လှစ်ခဲ့ကာ ကျောင်းသားတွေရဲ့ အရည်အချင်းတွေ သိသိသာသာကိုတိုးတက်လာတာတွေ့ရပါတယ်။
(Review များကို ပုံမှာဖတ်ရှူလို့ရပါတယ်။)

အဲ့ဒါကြောင့် လက်လွှတ်မခံဘဲတတ်လိုက်ကြရအောင်။

ဘယ်လိုလူတွေတက်ရောက်နိုင်လဲ❓

🎗️Upper elementary နဲ့ Intermediate Level ကို ရောက်ရှိနေသူများ
တက်ရောက်နိုင်ပါတယ်။

ဘာတွေသင်ကြားမှာလဲ ❓

✨ Advanced level ကိုတက်ရောက်နိုင်ဖို့သိထားသင့်သမျှ English lectures များကို ရက်အလိုက် မတူညီတဲ့ သင်ကြားပုံများနဲ့ တွေးတောကာသင်ကြားပေးမှာပဲဖြစ်ပါတယ်။
(Lesson plan ကိုပုံတွင်ကြည့်လို့ရပါတယ်။)

သင်တန်းချိန်❓

🔆 Wed, Thurs, Friday
✨ မနက် ၇နာရီ မှ ၈နာရီအထိ
(2လပြတ်သင်တန်းဖြစ်ပါတယ်။)

ဆရာနဲ့ တိုက်ရိုက် Live meeting အနေနဲ့သင်ကြားရမှာဖြစ်ပါတယ်။

သင်တန်းကြေး❓

💵 တစ်လကို ယခင်ကမြန်မာငွေ ၂သောင်းကျပ်ကျသင့်ခဲ့ရာ ယခု တန်ဆောင်တိုင်ကာလအထိမ်းအမှတ်အနေနဲ့ 25 ရာခိုင်နှုန်း off ပြီး

လက်ရှိသင်တန်းကြေး📜 : တစ်လကို ၁၅၀၀၀ကျပ်သာကျသင့်တော့မှာဖြစ်ပါတယ်။

‼️Colourful Learning ရဲ့ chatbox တွင် "Journey" လို့ပေးပို့လိုက်ရုံဖြင့် စာရင်းသွင်းနိုင်ပြီဖြစ်ပါတယ်။‼️

သင်တန်းဟာ ဒီလ( နိုဝင်ဘာ) 16 ရက်​နေ့မှာစသင်မှာဖြစ်ပြီး သင်တန်းလက်ခံမယ့်စာရင်းကတော့ နိုဝင်ဘာလ 13 ရက်နေ့မှာ စာရင်းပိတ်မှာဖြစ်ပါတယ်။

လူဦးရေ ၂၀ သာကန့်သတ်ထားတာမို့ အမြန်ဆုံးလာရောက်အပ်နှံလိုက်ပါတော့။

အသေးစိတ်သိရှိလိုပါက 📞09797336735 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Photos from Colourful Learning's post 04/11/2022

Intermediate Journey Batch 1 ဟာ အောင်မြင်စွာပဲပြီးဆုံးခဲ့ပါပြီ။ မကြာခင်အချိန်အတွင်းမှာ Batch 2 class ကို စတင်ကြေညာပေးပါတော့မယ်။

Images - After taking the final test, we took an abundance of screenshots as a farewell 📕
______________________________________
Honest feedback from my beloved students

✨သင်သွားတာ နားလည်ရလွယ်ပါတယ် ဆရာ။ lecture တွေချည်းပဲ တိုက်ရိုက်ပေးတာမျိုးမဟုတ်ဘဲ self study tip တွေ technique တွေပါ ပြောပြပေးသွားတော့ လေ့လာရတာလည်း ပိုပြီးအဆင်ပြေသွားပါတယ်။ ရော‌တတ်တဲ့အသုံးတွေလည်း အခု တော်တော်လေးရှင်းသွားပါပြီ။ Song analysis လုပ်ရတာလည်း ပျော်ဖို့ကောင်းတယ်။ ကျေးဇူးပါ sir, နောက် course တွေမှာ ထပ်တွေ့ပါဦးမယ်😁✨

✨ဆရာနဲ့စာသင်ရတာပျော်ဖို့လဲကောင်းတယ် စာလဲရတယ်စာကိုသူများတွေလိုသင်တာမဟုတ်ဘဲကိုယ့်ပုံစံတိုင်းကိုယ်သင်တော့ lecturesတွေကိုသူများနဲ့မတူဘဲနည်းနည်းအဆင့်မြင့်သလိုခံစားရတယ်😏 သိသိသာသာ improve ဖစ်တယ်လို့တောင်ပြောလို့ရပါတယ် အခုထိengစာ ပိုင်နိုင်တာဆရာ့ကျေးဇူးကြောင့်မို့လို့ ယနေ့ထိကျေးဇူးတင်နေဆဲပါ ဆရာရဲ့နောက် course တွေclassတွေမှာလဲတတ်နိုင်ဖို့ကြိုးစားပါအုံးမယ်🤭🤍✨

✨တကယ်က သူများအခေါ်ကောင်းလို့ ရောက်လာတာပါ။ ကိုယ့်ဘာသာဆို သိမှာမဟုတ်ဘူး။ မနက်မိုးလင်းဆိုတော့ ဂယက်ရိုက်မယ် မထင်ခဲ့မိတာတော့ အမှန်။ ကင်မရာကြီးအွန်ပြီး လေ့ကျင့်ခန်းလုပ်ရတာဆိုတော့ ငိုက်တာတောင် ဘယ်ချောင်ကပ်သွားလဲ မသိလိုက်ပါဘူး။
သင်ပုံသင်နည်းကို အတော်သဘောကျပါတယ်။ ဘယ်လောက်ထိလဲဆို ‌"ဪ ငါမသိတာများတာပဲဆိုပြီး ဖြစ်သွားပါတယ်"
အိမ်စာထပ်ရင်လည်း rating တွေပေးတာဆိုတော့ ဒီက လောဘကြီးတယ်လေ။ အဲ့တော့ 4.5ရဖို့အရေး အုန်းဒိုင်းနဲ့ချပေမယ့် 3.5နဲ့ ညားတဲ့နေ့လည်းရှိပါတယ်။
နောက်တစ်ခုကတော့ Lyrics translation ပါ။ အစက မြန်မာလိုပြန်ရင် ခက်တာဘာညာ ဆိုပြီးတွေးဖူးပါတယ်။ အခုကတော့ အကုန်လာ၊ ဆွဲမယ်ဖြဲမယ်ဆိုတဲ့ စိတ်၀င်သွားပါပြီ။
Word of the dayအတွက် လိုက်ရှာတာကနေ တော်တော်များများ သိလိုက်ရပါတယ်။
Notesတွေလည်း သင်တန်းတက်နေတဲ့တစ်လျှောက်လုံး အများကြီးရလိုက်ပါတယ်။
သင်ပုံသင်နည်းရော၊ Sildeတွေရော အကုန် အဆင်ပြေခဲ့ပါတယ်။ တက်ခဲ့မ်တာ တကယ်တန်တယ်လို့ပဲမြင်ပါတယ်။ သင်ကြားပေူတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။
နောက်အတန်းတွေလည်း အခွင့်သင့်ရင် လာတက်ပါဦးမယ်။🌸✨

✨ဆရာနဲ့ စာသင်ရတာ တကယ်ကို အဆင်ပြေပါတယ်
English နဲ့ ဝေးနေတဲ့သူမလို့ ပိုပြီးအဆင်ပြေခဲ့ပါတယ်
level တွေလည်း up နိုင်ခဲ့ပါတယ်
song translation ကနေလည်း မသိတဲ့ စာလုံးတွေ အသုံးတွေ သိခဲ့ရပါတယ်
အခုဆိုရင် စာတစ်ပုဒ်ကို ဘယ်လိုဖတ်ရမယ်ကအစ သိလာခဲ့ပါပြီ
အရင်က စာတွေဆို ထိုင်ကျက်ခဲ့ရာရနေ အခု မကျက်တော့ဘဲ ဖတ်ပြီး မှတ်မိအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို စဥ်းစားလာတတ်နေပါပြီ
grammar တွေဆိုလည်း သင်ပေးသမျှ ကောင်းကောင်းသုံးတတ်နေပါပြီ
ဆရာနဲ့ ဆက်ပြီး စာသင်ချင်ပါသေးတယ်😊
ဆရာရဲ့ speaking class ကိုလည်း အချိန်မအားတဲ့ ကြားကနေ မရ ရအောင်လာတက်ပါမယ်😁
အခုလို စိတ်ရှည်ရှည် နဲ့ သင်ကြားပေးခဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ
ဆရာ့ရဲ့ နောက်ဖွင့်မယ့် အတန်းတွေမှာ ပြန်ဆုံကြပါမယ်✨

✨သင်တန်းမတက်ရသေးခင်နဲ့ တက်ပြီးချိန်ကတအားကွာပါတယ်
ဆရာကသေချာ main point တွေကိုထောက်ပြပြီးသင်ပေးတာမို့ ခေါင်းထဲလဲရောက်ပြီးမှတ်မိနေပါတယ် ထိရောက်တဲ့သင်ခန်းစာတွေနဲ့ ကိုယ်တိုင် self-studyလုပ်ရမယ့်နည်းလေးတွေပါပြောပြပြီး စိတ်ရှည်လက်ရှည်ရှင်းပြပေးလို့ ဆရာ့ကိုကျေးဇူးအများကြီးတင်ပါတယ်💃✨

✨Eng စာက Elementary Class ပြီးထဲက မလုပ်ဖြစ်တာ တော်တော်ကြာပြီ အဲ့ကြောင့် inter အတန်းတက်ရင်စာတွေမလိုက်နိုင်မှာ အရမ်းစိုးရိမ်တယ် 🥲
ဒါမဲ့လေ အတန်းစတက်တဲ့နေ့ကနေအခုထိမလိုက်နိုင်တဲ့စာမရှိအောင်ဆရာရှင်းပြပေးတာတကယ်ကျေးဇူးပါဆရာ
H.W ထပ်တိုင်း အရေးအသားမကောင်းလို့ Rating အရနည်းပေမဲ့ နောက်ပိုင်း ရေးရတာကိုယ့်ဘာသာကိုယ် အဆင်ပြေလာသလိုဘဲဆရာ
ဆရာရဲ့ acdemic writing အတန်းတက်ချင်ပေမဲ့ အခုထိမတက်ရသေးလို့ အတန်းချိန်တွေလွတ်ရင်တက်ချင်ပါတယ်ဆရာ
self-study tips တွေပါပေးတဲ့အတွက် စာပြန်လုပ်ရတာကြည့်ရတာတကယ်အဆင်ပြေပါတယ်ဆရာ
နောက်အတန်းတွေမှာလည်းဆရာနဲ့ထပ်ဆုံးချင်ပါသေးတယ်ဆရာ
Good Luck Sir ✨

✨Online class ကို မနက်သင်ပေးတဲ့ အတန်းလိုက်ရှာရင်းတက်ဖြစ်သွားတာပါ။ဆရာသင်ပေးတဲ့ style က တက်ဖူးသမျှနဲ့ မတူဘူး တမျိုးလေး😁 စာကြီးပဲသင်နေ ပြောနေ ရတာမျိုး မဟုတ်ပဲ သီချင်းတွေရော calming activitiesလေးရော အခြားသော learning strategies တွေပါသိရလို့ တက်ရတာပျော်ဖို့ကောင်းပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။lyrics translate ရတာကတော့ အကြိုက်ဆုံးပါ။word of the day ကြောင့်လဲ vocabulary အသစ်တွေ သိလာရပါတယ်။ ရေစက်ပါလို့ သင်တန်းအများကြီးထဲက ခုလို ဆုံတွေ့ရတာလို့မှတ်ပါတယ် ။ နောက်ခါတွေလဲ ရေစက်များများဆုံဖို့ မျှော်လင့်ပါတယ်။🫶🏻🫶🏻✨

04/11/2022

‼️ယုံကြည်ချက်အပြည့်နဲ့ အင်္ဂလိပ်လိုပြောနိုင်ဖို့ကြိုးစားနေတဲ့သူဆိုရင် ဒီသင်တန်းကိုလက်လွတ်ခံလို့မဖြစ်ဘူးနော် ‼️

အင်္ဂလိပ်စာလေ့လာနေတာကြာပြီဆရာ။ ကျန်တဲ့နေရာတွေမှာတော့ ရသင့်သလောက်ရပါရဲ့။ Speaking ဆိုရင် ဘာလို့ ပါးစပ်ကထွက်မလာလဲမသိဘူး။ 🤦‍♂️

ဆိုတဲ့ မေးခွန်းတော်တော်များများဟာ နေ့စဥ္နဲ့အမျှ များပြားလာပါတယ်။

ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းသည် စည်းစနစ်ကျတဲ့လေ့ကျင့်မှုနဲ့ လေ့လာခဲ့ရတာမဟုတ်ဘဲ ဒါကျက်ဒါပြော ပုံစံကို ကျင့်သုံးတဲ့ အတန်းတွေ များနေလို့ပဲဖြစ်ပါတယ်။

Speaking ဆိုတဲ့အရာသည် စာတစ်မျိုးတည်းပါဝင်တာမဟုတ်ဘဲ ကျောင်းသားတစ်ယောက်ရဲ့ စိတ်ခံစားမှုနဲ့ အတွေးအခေါ်က အများကြီးပါဝင်သက်ဆိုင်ပါတယ်။ မှားမှာစိုးလို့မပြောရဲတာ။ ပြောခါနီးမှ ကြောက်တတ်တာ။ ဒါတွေဟာ စာတစ်ခုတည်းဖိသင်လို့ရတဲ့အရာမဟုတ်ပါဘူး။
ဆရာတစ်ယောက်က ပညာဝမ်းဆာရှိရင်ရှိသလောက် emotional ပိုင်းကိုပါထိန်းညှိပြီး တစ်ဆင့်ချင်းဆီ Guide လုပ်ပေးရတာဖြစ်ပါတယ်။

ကိုယ်က အထက်ကအကြောင်းအရာတွေနဲ့ကိုက်ညီနေတယ်ဆိုရင် မပူပါနဲ့။ 🙅‍♂️

Colourful Learning မှ Speaking အတန်းတစ်ခုကို အထူးဖွင့်လှစ်ပေးလိုက်ပါပြီ။

EE6000🔅
Academic Writing🔅
Intermediate Journey 🔅 တို့ကို batch အခွဲများစွာနဲ့သင်ကြားခဲ့တဲ့ Saya Avery ကပဲ ဦးဆောင်တဲ့ class တစ်ခုပါ။

ဒီအတန်းမှာဆိုရင် မတူညီတဲ့ ရှု့ထောင့်တွေကနေ အင်္ဂလိပ်စကားပြောကိုလေ့လာလို့ရပါမယ်။

ပါဝင်မည့်သင်ခန်းစာများ

📕 In-class level test
📕 Basic knowledge
📕The integrity
📕How to introduce yourself professionally
📕The imitation technique
📕Conversation by topics (six topics - six days)
📕The importance of listening
📕Linking sound
📕Listening practice

အထက်ပါသင်ခန်းစာများစွာနဲ့ သူငယ်ချင်းတွေပျော်ပျော်ရွှင်ရွှင် ပြောကြ မယ့် Speaking class ကို တက်ရောက်လိုပါက Comment တွင်ဖြစ်စေ၊ Colourful Learning page ရဲ့ chatbox တွင်ဖြစ်စေ "Speaking" လို့ပေးပို့လိုက်ရုံဖြင့် သင်တန်းအပ်နှံလို့ရပါပြီ။

✨သင်တန်းကို Nov 19 ရက်နေ့မှာစတင်သင်ကြားမှာဖြစ်ပြီး Dec 18 ရက်နေ့တွင် ပြီးဆုံးပါမည်။✨

Class time🕖 : Sat-Sunday ( 7 p.m. to 8 p.m.)
Duration👨‍🏫 : 1 month full course
Fee🍀 : 10,000 MMK

လူဦးရေ ၂၀ သာလက်ခံတာမို့ စာရင်းမပိတ်ခင် အမြန်ဆုံးအပ်နှံလိုက်တော့နော်။

P.s : Elementary to Upper intermediate level သမားများအတွက်သာ။ (Basic အတန်းမဟုတ်။)

01/11/2022

Speaking 1 month course✅ ✨(Elementary-Intermediate)✨

Lecturer - Saya Avery👨‍🏫
Class announcement - coming soon❗️

05/10/2022

English လို​နားလည်ပေမယ့် အရေးအသားမှာသူများနဲ့ယှဥ္တိုင်းအခက်တွေ့နေပါသလား❓

✅English စာလေ့လာနေသူတိုင်း မသိမဖြစ်သိသင့်တဲ့ skill တစ်ခုဟာ academic writing ပဲဖြစ်ပါတယ်။ Academic Writing ဆိုတာဘာလဲ။ ဘယ်လိုအသုံးဝင်လဲဆိုတာ ပြောပြပါ့မယ်။

ကျောင်းမှာကတည်းက စာရေးသားနည်းတွေသင်လာကြပါလိမ့်မယ်။ သိုသော်လည်း တိကျတဲ့ ပုံစံမကျခဲ့တဲ့အတွက်ခုထိစာရေးဖို့ဆိုတုန်လှုပ်နေတတ်ပါတယ်။
စာရေးခြင်းဟာ အတွေးတွေကို လက်ရေးမူအဖြစ်ပြန်ပြောင်းရေးတာဖြစ်ပြီး ရှင်းလင်းပြတ်သာမှုအပေါ်မှာအမှတ်ပေးလေ့ရှိကြပါတယ်။
ကိုယ်တိုင်ဟာလည်း ရှုပ်ယှက်ခတ်အောင်ရေးထားတဲ့စာတွေဆိုအဆုံးထိဖတ်ချင်ပါ့မလား။
ရေးဖို့အတွေးတွေရှိပေမယ့်ချရေးပြီဆို ဘယ်ကနေဘယ်လိုစရမှာလဲမသိတော့ဘူး ဆိုတဲ့အတွေ့အကြုံကိုလူတိုင်းနီးပါးခံစားဖူးကြပါတယ်။

စာရေးသူအနေနဲ့ပေးချင်တဲ့ message ကို တိကျရှင်းလင်းစွားရေးသားဖို့လိုအပ်ပါတယ်။

Academic Writing ကဘယ်လိုအသုံးဝင်မှာလဲ❓
✅နိုင်ငံရပ်ခြားကျောင်းသွားတက်မယ့်ကလေးတွေအတွက်က မတတ်မဖြစ်တတ်ရမှာဖြစ်ပြီး အသုံးဝင်ဆုံးskillတစ်မျိုးဖြစ်ပါတယ်။

✅လုပ်ငန်းခွင်မှာအများထက်ပိုပြီးအရည်ချင်းရှိကြောင်းပြသနိုင်ခြင်း။

✅Essayကောင်းတစ်ပုဒ်ကိုသူမတူရေးသားနိုင်ခြင်း။

စတဲ့ ပညာရေးလောကနဲ့စီးပွားရေးလောကရဲ့အရေးကြီးဆုံး အစိတ်ပိုင်းတိုင်းမှာ Academic Writing ဟာ ပါဝင်ပါတယ်။

‼️Scholarship လျှောက်မယ့်ကလေးတွေကလည်း Academic Writing သဘောသဘာဝကိုနားမလည်လို့လုံးဝမရပါဘူး။ ကိုယ့်ရဲ့ယဥ္ကျေးမှု၊ အတွေ့အကြုံပြည့်ဝမှု၊ ပါးနပ်မှုတွေအားလုံးကို Writing နဲ့ဖော်ပြရတာမို့ပါ။ ‼️

အခု အဲ့ဒီအခက်အခဲတွေကိုရှေုာင်ရှားနိုင်ဖို့ Special class ဖြစ်တဲ့ Academic Writing ကို တောင်းဆိုမှုများကြောင့်ထပ်မံဖွင့်လှစ်လိုက်ပါပြီ။ ⭐

သင်ကြားပေးမယ့်အကြောင်းရာများ
🔵Format of Academic Writing
🔵Thesis Statement
🔵Researching skills
🔵Strategies to make writing more academic
🔵Run on, comma splice, sentence fragments
🔵Differences between formal and informal
🔵How to avoid mistakes in writing
📕Final test + certificate of completion

ဘယ်လိုသင်ကြားမှာလဲ❓
❇️ဆရာနဲ့တိုက်ရိုက်သင်ကြားနိုင်မယ့် meeting class
❇️အချိန်တိုင်းပြန်လေ့လာနိုင်မယ့် Notes file များ

ဘယ်သူတွေတက်ရောက်နိုင်လဲ❓

🔵လက်ရှိ upper elementary level ရှိတဲ့မည်သူမဆိုလေ့လာနိုင်ပါတယ်။
🔴Upper intermediate level သင်ခန်းစာတွေပါပါဝင်မှာမို့ စာအတွေ့အကြုံအပြည့်အဝရမယ်လို့အာမခံပါတယ်။

🕖သင်တန်းချိန်

- မနက် ၉နာရီခွဲမှ ၁၀နာရီခွဲ
-အပတ်စဥ္ ကြာသပတေး နှင့် သောကြာ

💵သင်တန်းကြေး

သီတင်းကျွတ်အထိမ်းအမှတ်အနေနဲ့

🔥 တစ်လစာ ပညာဒါနဖြစ်ပါတယ်။

၂လပြတ်သင်တန်းဖြစ်ပြီး အကျိုးရှိလို့ဆက်တက်လိုပါ ဒုတိယလကို တစ်သောင်းကျပ်တည်းသာကျသင့်တော့မှာပါ။

🎗️သင်တန်းဆုံးတဲ့ထိတက်နိုင်ရင် အောင်လက်မှတ်ပါရဦးမှာနော်။

ဒီလိုအရေးကြီးတဲ့ပညာတစ်ရပ်ကို သင်တန်းကြေးသက်သက်သာသာနဲ့ ပညာဒါနပါရပြီး သင်ယူနိုင်မှာပါ။

ပညာဒါနရယူရန်

🔹 ယခု post အား public ဖြင့် share ကာ သူငယ်ချင်း ၃ယောက်ကို tag လုပ်ပေးရပါမယ်။

🔹 Page ကို like and follow လုပ်ထားရပါမယ်။

🔹 Share ထားသော ပုံကို Screenshot ရိုက်ပြီး Page ရဲ့ chatbox တွင် ပေးပို့ရုံဖြင့် သင်တန်း group link အား ရရှိမှာဖြစ်ပါတယ်။

ပညာဒါနအတွက် သင်တန်းသား အယောက် ၂၀သာ လက်ခံထားပါတယ်။ ၂၀ပြည့်တာနဲ့ တက်လိုသူတွေဟာ ပုံမှန်သင်တန်းကြေးကိုပေးဆောင်ရမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အမြန်ဆုံးအပ်လိုက်တော့နော်။

💫သင်တန်းစာရင်းသွင်းခြင်းဟာ 17.10.2022 မှာ ပြီးဆုံးမှာဖြစ်ပြီး 20.10 2022 မှာသင်တန်းစတင်မှာဖြစ်ပါတယ်။ December 20 မှာသင်တန်းပြီးဆုံးမှာဖြစ်ပါတယ်။ 💫

🚨(သင်တန်းသား အယောက် ၅၀သာလက်ခံပါမည်။)🚨


01/09/2022

✨အင်္ဂလိပ်စာလေ့လာဖို့မိုတီဗေးရှင်း✨

လေ့လာတွေ့ရှိချက်တွေအရ လက်ရှိ ကမ္ဘာတဝန်းမှာ အင်္ဂလိပ်စာကို ဘာသာစကားတစ်ခုအနေနဲ့ ပြောဆိုဆက်ဆံနေသူတွေဟာ လူဦးရေရဲ့ 1.8 billion အထိရှိတယ်လို့သိရပါတယ်။

ထပ်မံပြီး အသေးစိတ်လေ့လာကြည့်တဲ့အခါ အင်္ဂလိပ်စာကို အမိဘာသာစကားအနေနဲ့ အသုံးပြုတဲ့ လူဦးရေ ဟာ ၂၅ ရာခိုင်နှုန်းပဲရှိပြီး
၇၅ရာခိုင်နှုန်းသောလူဦးရေမှာ ပြင်ပမှ အင်္ဂလိပ်စာကို ဒုတိယဘာသာစကားအနေနဲ့သင်ယူတတ်မြောက်ပြောဆိုနေကြသူတွေဖြစ်ပါတယ်။
(Native speaker တွေထက် non native speaker တွေက အင်္ဂလိပ်နဲ့ပတ်သတ်ရင်ပိုပြီး ဗဟုသုတကြွယ်ဝတယ်လို့သိရပါတယ်။🕶️)

ကိုယ်ဘာလို့ အဲ့ဒီ ၇၅ရာခိုင်နှုန်းထဲမှာ မပါနိုင်ရမှာလဲ⁉️

အင်္ဂလိပ်စာကိုစိတ်ဝင်စားခြင်းတော့ရှိပါတယ်။ ဒါပေမယ့် ငယ်ကတည်းကသင်လာတာကို ခုချိန်ထိမရသေးဘူး။ ဆိုပြီး အများစုက ညည်းတွားကြမှာပါ။
မှန်ပါတယ်။ ငယ်ငယ်ကတည်းက အင်္ဂလိပ်စာကိုသင်လာကြပေမယ့် အခြေခံပညာကျောင်းတွေက ပြောတတ်ဖို့ တွေးခေါ်တတ်ဖို့သင်တာမဟုတ်ဘဲ ကျက်တတ်ဖို့ ပုံစံခွက်ထဲဆွဲသွင်းပြီးအသေမှတ်တတ်ဖို့ပဲသင်ခဲ့တာပါ။
English စာလေ့လာတယ်ဆိုတာ ဘာလဲဆိုတာကိုအသေအချာနားလည်အောင်သိရှိနိုင်ဖို့လိုပါလိမ့်မယ်။

ဆရာတို့နေ့စဥ္လောကမှာအမျိုးမျိုးပြောင်းလဲနေသလို အင်္ဂလိပ်အဘိဓာန်တွေမှာလည်းစကားလုံးဝေါဟာရတွေ တစ်မျိုးပြီးတစ်မျိုး တိုးတိုးလာနေပါတယ်။
😳၂နာရီတစ်ခါ စကားလုံးအသစ်တွေပေါ်လာပါတယ်တဲ့။😳

အဲ့ဒီတော့ ဘယ်အင်္ဂလိပ်ဆရာ၊ အင်္ဂလိပ်ပါမောက္ခကမှ ကိုယ့်ကိုယ်ကို ဂုဏ်မောက်ပြီး မလေ့လာဘဲနေလို့မရပါဘူး။ ဘာသာစကားဆိုတာ တာရှည်ခရီးပါ။ အပြည့်အစုံတတ်မြောက်သွားတယ်ရယ်လို့မရှိပါဘူး။

ကျောင်းတွေကနေ ကောင်းတဲ့အချက်ဘာလုပ်ပေးလိုက်လဲဆို အခြေခံတွေကိုကောင်းကောင်းသင်ပေးလိုက်ပါတယ်။
အင်္ဂလိပ်စာကို မရဘူးမရဘူး မညည်းပါနဲ့။ abcd ကို alphabetလို့ခေါ်တယ်။ စုစုပေါင်း ၂၆လုံးရှိတယ်။ ဒါတွေဟာ အင်္ဂလိပ်ရဲ့တစိတ်တပိုင်းပါပဲ။

အခုကိုယ်ဟာ ပုံသေမှတ်တဲ့အဆင့်မှာပိတ်မိနေတာပါ။ ဒါကိုကျက်တယ် ဒါကိုရတယ် ဒီလိုပဲသုံးမယ်ဆိုတဲ့ ပုံစံခွက်ကနေထွက်လာဖို့ပါတယ်။
‼️အင်္ဂလိပ်စာမှာ စည်းမျဥ္းစည်းကမ်း ၁၀၀ရှိတယ်ဆိုရင် ချွင်းချက်ပေါင်း ၁၀၀၀၀ကျော်ရှိပါလိမ့်မယ်။‼️
fruit ရဲ့ plural ဟာ fruit ပဲ "ဒါပေမယ့်" မတူညီတဲ့အသီးအမျိုးအစားအများကြီးဆို Fruits ဆိုပြီးသုံးတယ်။

❇️ဒါပေမယ့်❇️ဆိုတာတွေက အင်္ဂလိပ်စာမှာ ရေတွက်မရအောင်ကိုရှိပါတယ်။ ဒါကြောင့် ဘယ်တော့မှပုံသေမှတ်လို့မရပါဘူး။

အဲ့တော့ ဆရာ ဘယ်လိုတိုးတက်အောင်လုပ်ရမလဲ❓

🚨တစ်ဖက်ပိတ်မလေ့လာပါနဲ့။

ဘာကိုဆိုလိုတာလဲဆိုရင် စာလေ့လာသူတော်တော်များများက မှားယွင်းတဲ့ အရာကြီးကို ဟာသတစ်ခုလိုပြောကြပါတယ်။

👉Grammar ဆိုတာ လေ့လာစရာမလိုဘူး။ Grammar ကြောင့် အင်္ဂလိပ်လိုမပြောတတ်တာ။ Grammar က ဒုက္ခပေးတဲ့အရာ။

တော်တော်ကို ဆိုးဝါလှတဲ့အသိပညာပါ။
Grammar ဟာ အရမ်းရှုပ်ထွေးပြီးခက်ခဲပါတယ်။ မှန်တယ်။ သို့ပေမယ့် Grammar ကို ပယ်ပါဆိုတာက လက်သင့်ခံလို့မရတဲ့အရာပါ။
Grammar အသိကိုနားမလည်ရင် ဘယ်လောက်အင်္ဂလိပ်လိုကျွမ်းကျွမ်း ခေါင်းမပါတဲ့လူလို မပြည့်စုံပါဘူး။
အဲ့ဒီတော့ Grammar ကို အဓိကလေ့လာရမှာလားဆိုတော့မဟုတ်ပြန်ဘူး။
အရာရာတိုင်းမှာ တန်ဆေးလွန်ဘေး ဆိုတာရှိပါတယ်။
အရမ်းဖိလုပ်တာတွေက ဘယ်သောအခါမှ ရလဒ်မကောင်းပါဘူး။
အဲ့ဒီတော့ အကောင်းဆုံး Study planက ဘာလဲဆိုရင်

✅Grammar
✅Reading
✅Writing
✅Listening
✅Speaking

တွေကို သူ့အချိန်နဲ့သူ သူ့အတိုင်းတာနဲ့သူ ညီမျှနေအောင်လေ့လာရပါမယ်။
တစ်မျိုးတည်းလေ့လာတာမဟုတ်ဘဲ မတူညီတဲ့ ပုံစံအခွဲလေးတွေနဲ့လေ့လာတာဖြစ်လို့ ပျင်းရိတဲ့စိတ်တွေလဲမဖြစ်စေပါဘူး။
ဒါဆို ကောင်းကောင်းကြိုးစားနိုင်မယ်လို့ထင်ပါတယ်။

ဒီထက်ပိုပြီး ဆရာ့ရဲ့ညွန်ကြားမှုနဲ့အသေးစိတ်လေ့လာချင်တယ်ဆိုရင်တော့ အသစ်ဖွင့်လှစ်တဲ့
Intermediate အတန်းကိုတက်ရောက်နိုင်ပြီဖြစ​်ကြောင်းဖိတ်ခေါ်လိုက်ပါတယ်။
အသေးစိတ်သိရှိလိုပါက comment တွင်ပေးထားသော linkတွင် ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။

အမြဲမတူညီသော ဗဟုသုတတွေိကို တင်ပေးဦးမှာမို့ page ကို like and follow လုပ်ထားဖို့မမေ့နဲ့နော်။


Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Mandalay

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00