Tr. Khine

Tr. Khine

Share

We share knowledge related to English language. At the same time, we do offer English courses for academic, communicative, and professional purposes.

Of course, we also have informal learning space called 'Fun English Club'.

17/04/2026

မြန်မာကျောင်းသားတွေအတွက် Quota တိုးပေးထားတဲ့ အိန္ဒိယ အစိုးရက ပေးတဲ့ 100% Fully Funded scholarship ဖြစ်တဲ့ ICCR scholarship ကို ၂၂ ရက်နေ့ထိထပ်တိုးဖွင့်ပေးလိုက်ပါတယ်။

ICCR scholarship ကနေတဆင့် အိန္ဒိယနိုင်ငံမှာ ဘာသာရပ် ၁၀၀ ကျော်ထဲက စိတ်ဝင်စားတဲ့ ကျောင်းတွေကို

Under Graduate/ Post Graduate/ PhD
လျှောက်လို့ရသလို

Master ဘွဲ့ တက်ချင်တယ်ဆို ခိုင်အခုတက်နေတဲ့ Nalanda University ကိုလဲ ရွေးချယ် လျှောက်လို့ရပါတယ်။

ဘာလို့ဆို ၂၀၂၆ ပညာသင်နှစ်အတွက် Nalanda University မှာတော့ မြန်မာကျောင်းသားတွေအတွက် Quota တိုးထားပေးတယ်လို့လည်း သိရတာမို့ လျှောက်သာ လျှောက်နော်။ (edit- လျှောက်မယ်ဆို Nalanda University ကို ဦးစားပေးကျောင်းနေရာမှာ ထိပ်ဆုံးရွေးဖို့လိုပါမယ်)

NALANDA University မှာတော့ ဘွဲ့လွန်တွေကို

- MBA in sustainable development and management

- History & Archeology

- International Relationship

- Buddhist Studies, Hindu Studies , Comparative Religion, Philosophy,

- Ecology and Environmental

- Economics. စတဲ့ ဘာသာရပ်တွေအပြင်

- ဒီနှစ်ကို AI , Data Science ဘာသာရပ်တွေ ထပ်တိုးဖွင့်လှစ်ထားပါသေးတယ်။

ICCR Scholarship ထဲမှာ

- ကျောင်းလခ ၊
- နေစားရိတ်
- ခရီးစရိတ် ( မြန်မာ-အိန္ဒိယ အသွားအပြန်)
ထောက်ပံ့ပါတယ်။
(*တချို့ ကျောင်းတွေကို လေယာဉ်လက်မှတ်မပါပေမဲ့ Nalanda University တက်နေတဲ့သူတွေတော့ လေယာဉ်လက်မှတ်ထောက်ပံ့ပါတယ်)

📝 Scholarship လျှောက်ဖို့ link 👇

https://a2ascholarships.iccr.gov.in

(Edit- မြန်မာပြည်ကနေဆို link က မနက် ၉ ကနေ ညနေ ၃ နာရီထိပဲ ဝင်လို့ရပါတယ်တဲ့ရှင်)

မှတ်ချက်- link ဝင်လို့မရရင် VPN ခံဝင်ပါနော်။ ပြီးတော့ Nalanda University ကို ရွေးချယ်လျှောက်ထားတဲ့သူရှိရင် ကျောင်းက သိချင်တာမို့ နာမည်နဲ့ လျှောက်ထားတဲ့ မေဂျာကိုပြောပေးပါအုံး။



02/04/2026

ကမ္ဘာ့ပထမဦးဆုံး Residential University လဲဖြစ် Net-zero Campus လဲဖြစ်တဲ့ Nalanda University မှာ ပညာသင်စရိတ်ကင်းလွတ်ခွင့်နဲ့ စာလေ့လာလို့ရမယ့်အခွင့်ရေး!


Nalanda University & the Scholarship Opportunity! 02/04/2026

Nalanda University, Rajgir မှာ 2026 အတွက် Admission စဖွင့်နေပြီး Full Funded Scholarship Opportunity လဲရှိတာမို့ ဒီနှစ်ထဲ Study abroad လုပ်ဖို့ စဉ်းစားနေတယ်ဆို ကြည့်လို့ရအောင် သိသလောက်မျှဝေထားပါတယ် .. စိတ်ဝင်စားရင်ကြည့်ကြည့်ပါကွယ်..

ထပ်သိချင်တာတွေတော့ messenger မှာ active
သိပ်မဖြစ်လို့ YouTube linkထဲမှာပဲ ထပ်မေးပေးလိုက်ပါနော်။




Nalanda University & the Scholarship Opportunity!

13/03/2025

တို့အမျိုးသမီးလေးတွေ တက်ကြွပွင့်လန်းပြီး Smart Women တွေဖြစ်ဖို့ Scholarship Opportunity တွေ Job Opportunity တွေ ပိုရဖို့ အတွက် လိုအပ်တဲ့ Skills တွေ အပြင် Women health နဲ့ပတ်သက်တဲ့ အကြောင်းရာတွေပါ မျှဝေပေးသွားမဲ့ အခမဲ့ certificate သင်တန်းမို့ အခွင့်အရေးရအောင် မျှဝေပေးလိုက်ပါတယ်နော်။
(P.S - Form ပိတ်ရက်က တစ်ရက်ပဲ လိုတော့တာမို့ စိတ်ဝင်စားရင် အမြန်ဖြည့်ဖို့ မမေ့နဲ့နော်)


Update- 'လျှောက်လို့ရသေးလား' ဆိုပြီး စိုးရိမ်တကြီး မေးလာတဲ့ အမျိုးသမီးလေးတို့အတွက် Form ပိတ်ရက်ကို သောကြာနေ့အထိ ထပ်တိုး ဖွင့်ထားပေးတာမို့ လျှောက်ထားလို့ရသေးကြောင်း အသိပေးလိုပါတယ်။

အမျိုးသမီးတိုင်း မိမိတို့ရဲ့ အတွေးအခေါ်များကို ဆန်းစစ်ဝေဖန်ကာ ထိရောက်စွာ ထုတ်ဖော်‌ပြောဆိုနိုင်ခြင်းမှတဆင့် မိမိတို့ရဲ့ ပညာ‌ရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာစေပြီး မိမိတို့ရဲ့ဘဝကို ကိုယ်တိုင်ဦးဆောင်နိုင်ရန် ရည်ရွယ်ပြီးတော့

"တက်ကြွပွင့်လန်း Smart Women" ဆိုတဲ့ ၅ ရက်တာ အခမဲ့ သင်တန်းကို စီစဉ်ကျင်းပပေးသွားမှာဖြစ်ပါတယ်။

ဒီသင်တန်းလေးမှာဆိုရင် လက်တွေ့ဘဝမှာ ပြန်လည်အသုံးချနိုင်မယ့် ..

• Critical Thinking
• Public Speaking & Persuasion Skills
• Time Management
• Digital literary
• Analytical & Decision-making Skills
• Women health care

အစရှိတဲ့ အကြောင်းအရာတွေကို အဓိက သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။

နေ့ရက် - မတ်လ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ

အချိန် - နံနက် ၉ နာရီမှ ညနေ ၄ : ၃၀ နာရီ

နေရာ - No. 172, 47th St, (Upper Block) ,Untitled Space, Botathaung Township, Yangon.

သင်တန်းကြေး - Free

📍 သင်တန်းကို အသက် ၁၆နှစ်မှ ၃၅ နှစ်အတွင်းရှိသော အမျိုးသမီးတိုင်း မည်သူမဆို လျှောက်ထားနိုင်ပါသည်။ သို့ပေမဲ့ သင်တန်းသားဦးရေ အယောက် ၃၀ ခန့်သာ လက်ခံသွားမှာ ဖြစ်တဲ့အတွက် နောက်မကျဘဲ သေချာလေး လျှောက်ထားဖို့လိုပါမယ်။

📍သင်တန်းတက်လိုသူများအနေဖြင့် မတ်လ ၁၃ ရက်နေ့၊ မြန်မာစံတော်ချိန် ည (၈) နာရီ နောက်ဆုံးထားပြီး
အောက်ပါ Link မှ တဆင့် လျှောက်ထားနိုင်ပါတယ်။
သင်တန်းတက်ရောက်ခွင့်ရသူများကိုတော့
မတ်လ ၁၄ ရက်နေ့တွင် ဖုန်း (သို့) အီးမေးလ်မှ တဆင့် ဆက်သွယ် အကြောင်းကြားပေးသွားမှာပဲ ဖြစ်ပါတယ်။

📍သင်တန်းလျှောက်ထားရန် လင့်ခ်

https://docs.google.com/forms/d/e/1FAIpQLSeJpxe192-F-HM7cajmXY1ZD1nRlB6RyBF6ECO3pV-bzO-otQ/viewform?usp=pp_url

📍 မှတ်ချက် >>> သင်တန်းသားများအတွက် သင်တန်းကာလအတွင်း နေ့လယ်စာ စီစဉ်ပေးထားပါတယ်။

ဆက်သွယ်ရန် - 09 9411 316 38, 09 966 870 994

Photos from Tr. Thein's post 27/11/2024

Your hard work paid off!

Big congratulations, Ye Yint!

16/04/2024

အင်္ဂလိပ်စာ လေ့လာသူ(သို့) သင်ကြားသူတို့အတွက် English Language နဲ့ပတ်သက်တဲ့ သင်တန်းများစွာက်ု အခမဲ့ပို့ချ‌ပေးနေတဲ့ ကမ္ဘာ့ စာသင်ခန်းအကြောင်းသိပြီးပြီလား ?

သင်ကြာရေးနဲ့ ပတ်သက်ပြီး Professional development လုပ်ချင်တဲ့ တီချယ်တွေ (သို့မဟုတ်) ကိုယ့်ဘာသာကိုယ် ရည်ရွယ်ရွယ် တခုခု အတွက် အင်္ဂလိပ်လို အသိကို ကိုယ့်ရဲ့ အိမ်ကနေပဲ မပင်ပန်းဘဲ ‌လေ့လာလို့ရတဲ့အတန်းတွေရှိကြောင်း မျှဝေပေးချင်လို့ပါ။

မိမိနေရာကနေပဲ သင်ရလို့ မပင်ပန်းဘူးဆ်ုပေမဲ့ သင်တန်းတွေက ၅ပတ်ကနေ ၁၂ ပတ်‌ လောက် ကြာတတ်တာမို့ ဇွဲရှိဖို့နဲ့ စာ သေချာလိုက်လုပ်မှ အကျိုးရှိပါမယ်။ စာသေချာလုပ်ပြီး assignment တွေ discussion တွေကို အာရုံစူးစိုက်ပြီး လိုက်လုပ်မယ်ဆို ၇၀ ရာခိုင်းနှုန်း ပြီးမြောက်ရင် certificate ပါ ရပါအုံးမယ်နော်။

တချို့သော အတန်းတွေကို ကျမကိုယ်တိုင်တက်ရောက်ခဲ့ပြီး သင်ကြားရေးမှာ ထိရောက်စွာ အသုံးပြုနေတာရှိသလို အခုလက်ရှိ MOCCs က ဖွင့်လှစ်ထားတဲ့ "Developing and Teaching Academic writing" Course မျိုးမှာတော့ Facilitator အဖြစ် ပြန်လည် ပါဝင် လုပ်ဆောင်နေတာရှိပါတယ်။

တချို့ course တွေက limited participants တွေပဲ ခေါ်ပေမဲ့ အခု မျှဝေပေးထားတဲ့ MOCCs course တွေကတော့ တက်ရောက်နိုင်တဲ့ ကျောင်းသားအရေအတွက်ကို မကန့်သတ်ထားပဲနဲ့ အတန်းပြီးခါနီး အချိန်ထိကို Enroll လုပ်ချိန်ကိုလည်း အကြာကြီးပေးထားပါတယ်။

ဆရာ၊မ တို့အတွက်

- Teaching English to Young Learners
- Developing and Teaching Academic Writing Courses
- Integrating Critical Thinking skills
စသဖြင့် ရှိပြီး

Self-study အားကောင်းတဲ့ ကျောင်းသားတွေအတွက်တော့

- English for Media literacy
- English for Science, engineering
စသဖြင့်

တကယ်အသုံးဝင်မဲ့ အတန်းတွေ ရှိပါတာမို့ အောက်ကcomment မှာ အသေးစိတ်ဖတ်ရှုပြီး အကျိုးရှိကြဖို့ မျှဝေပေးလိုက်ရပါတယ်။

27/07/2023

FYI

နိုင်ငံတကာမှာ GED စာမေးပွဲကို အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာအထက်တန်းကျောင်း မပြီးဆုံးလိုက်ကြရတဲ့ သူတွေ အဖြေများပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းအတွက်သော်လည်းကောင်း၊ ပညာဆက်လက်ဆည်းပူးလိုလို့ သော်လည်းကောင်း GED ဖြေဖို့ ပြင်ဆင်ကြတာပါ။ ပုံမှန်အထက်တန်းပညာရေး လုပ်မဲ့အစား GED လုပ်မယ်ဆိုတဲ့ အထက်တန်း အသက်အရွယ်ရှိကြတဲ့ ကျောင်းသူ/ကျောင်းသား ရာခိုင်နှုန်းနည်းပါတယ်။ လုပ်ငန်းခွင်ဝင်နေကြတဲ့ အရွယ်ရောက်ပြီးသားသူတွေ အခြေခံပညာရေး ပြီးဆုံးအောင်လုပ်ဖို့ GED က အများကြိုက်တဲ့ ရွေးချယ်မှုပါ။ မိမိကိုယ်တိုင်ပြင်ဆင်လို့လဲ ရသလို၊ အလုပ်ချိန်ပြင်ပ သင်တန်းတွေ၊ ညကျောင်းတွေမှာ တက်ရောက်ပြီး ပြင်ဆင်လို့လဲ ရပါတယ်။ အမေရိကန်နိုင်ငံမှာ အသက်၂၁နှစ်ကျော်ရင် ပုံမှန်အထက်တန်းကျောင်းတွေမှာ တက်လို့မရတော့ပါဘူး။

GED ဖြေဆိုကြတဲ့ ပျမ်းမျှ အသက်အရွယ်က ၂၄.၇နှစ်ပါ။ အသက် ၂၀ကနေ ၄၀ကြား ဖြေဆိုသူရာနှုန်း ၇၆% ရှိပါတယ်။ အသက်၂၀နှစ်အောက်ဖြေဆိုသူ ၂၂% ရှိပါတယ်။

အခု ကျနော်တို့ဆီမှာ GED ကို အခြေခံပညာအထက်တန်း အစားထိုးဖြေဆိုကြဖို့ ရွေးချယ်လာတဲ့ ကျောင်းသား/ကျောင်းသူ တော်တော်များလာပါတယ်။ သူတို့ရဲ့ အသက်အရွယ်အရ ခပ်များများက ပုံမှန်အထက်တန်းကျောင်းတွေမှာ ကြုံတွေ့ရမဲ့ စာသင်ခန်းအတွေ့အကြုံ၊ ကျောင်းပတ်ဝန်းကျင်၊ လူမှုဖွံ့ဖြိုးတိုးတက်မှု၊ သူငယ်ချင်းအပေါင်းအသင်း စတဲ့ ကျောင်းသားဘဝကို ပြည့်ပြည့်ဝဝ ကြုံတွေ့ခွင့် မရထားကြသေးပါဘူး။ သူတို့ကို လေ့ကျင့်သင်ကြားပေးတဲ့အခါမှာ ဘာသာရပ်အလိုက် ရလာဒ်ကောင်းမွန်အောင် သင်ကြားပို့ချပေးဖို့ လိုအပ်သလို တတ်နိုင်သမျှ အထက်တန်းကျောင်းသားဘဝကိုပါ ထိတွေခွင့်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ဝါသနာတွေကို ပျိုးထောင်ပေးမယ်။ ဘဝရည်မှန်းချက်တွေအတွက် အကြံဥာဏ်ပေး၊ တိုင်ပင်ဆွေးနွေး စတာတွေ လုပ်ပေးရပါမယ်။

ပညာမျှဝေနေတဲ့ ကျနော့ကို မိဘတွေ၊ စာသင်သားတွေက GED စာမေးပွဲဖြေဆိုဖို့ အကြံဥာဏ်လာတောင်းရင် ခုရှေ့က ပြောထားသလိုပဲ ရှင်းပြပါတယ်။ ဖြစ်နိုင်ရင် အထက်တန်းကျောင်း(ယုံကြည်ချက်အရ ရွေးချယ်စရာတွေရှိပါတယ်) တက်ကြဖို့၊ GED မှ GED ဆိုရင်လဲ ကျောင်းဝင်းနဲ့ ရွယ်တူအတန်းဖော်တွေနဲ့ အထက်တန်းအရွယ်ပညာရေးကို အကျွမ်းတဝင်ရှိတဲ့ ဆရာ/ဆရာမတွေရှိတဲ့ ကျောင်းတွေမှာတက်ဖို့ တိုက်တွန်းလေ့ရှိပါတယ်။ မသက်သာလွန်းမှသာ ဒါမှမဟုတ် ဆုံးဖြတ်ချက်ခိုင်မာပြီး ရင့်ကျက်မှုရှိတဲ့ ကျောင်းသူ/ကျောင်းသားများကိုသာ မိမိဘာသာပြင်ဆင်ဖို့၊ ကျူရှင်ယူဖို့၊ Online သင်တန်းတက်ဖို့ အကြံပြုပါတယ်။

ဆရာရယ် "ဒါဖြင့်ရင်လဲ ဆရာပဲ စီစဥ်လိုက်ပါလား" ဆိုတဲ့ မိဘ၊ ကျောင်းသား/ကျောင်းသူများ ရှိလာပါတယ်။ ဒါနဲ့ပဲ GED စာမေးပွဲဖြေဆိုကြမဲ့ ဆယ်ကျော်သက်များအတွက် အတန်းဖွင့်ဖို့ဖြစ်လာပါတယ်။

အချိန်တနှစ်ယူပြီး GED ဘာသာရပ်များအပါအဝင် အခြားလိုအပ်ရာများဖြစ်တဲ့

🔺 စာသင်သားအဆင့် IT ဘာသာရပ်၊

🔺 အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု၊

🔺 လှုမှု့စေတနာ့ဝန်ထမ်း အတွေ့အကြုံနဲ့ Extra Curricula Activities တွေပါ ပါဝင်မဲ့

GED စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်မဲ့ အတန်းကို စက်တင်ဘာလမှာ စတင်ဖွင့်လစ်ပါတော့မယ်။ မေမြို့မှာဖွင့်မှာဖြစ်ပြီး အဆောင်စီစဥ်ထားရှိပါတယ်။

🔺 တက္ကသိုလ်ကောလိပ် တက်ဖို့ ကျောင်းရှာတာ၊ ကျောင်းလျှောက်တာ စတာတွေလဲ တိုင်ပင်အကြံပေးတာ လုပ်ဆောင်ပေးပါမယ်။ အနာဂတ်အတွက် တိကျတဲ့ ဆုံးဖြတ်ချက်မချထားရသေးရင်လဲ စာသင်နှစ်တလျောက် ဆွေးနွေး အကြံပေးသွားမှာပါ။

နိုင်နိုင်နင်းနင်းနဲ့ ရလဒ်ကောင်းအောင် အတူကြိုးစားကြမှာဖြစ်လို့ ကျောင်းသား/ကျောင်းသူ ဦးရေ အနည်းငယ်သာ လက်ခံမှာပါ။

🔺 အတွေ့ကြုံရှိ ဆရာ၊ဆရာမ တွေနဲ့ အနီးကပ်ကြီးကြပ် သင်ကြားပေးမယ်။

🔺 ကျန်းမာရေးနဲ့ ညီညွတ်ပြီး သင့်တင့်မျှတတဲ့ အစားစာကျွေးမယ်။

🔺 ကိုယ်လက်လှုပ်ရှား အားကစား အစီစဉ်များပါဝင်မယ်။

🔺 ကျယ်ဝန်းတဲ့ကျောင်းဝင်းထဲမှာ အေးချမ်းတဲ့ရာသီဥတုနဲ့ စိတ်ငြိမ်တဲ့ ရပ်ကွက်မှာ စာသေချာသင်ယူလေ့လာရပါမယ်။

စိတ်ဝင်စားတဲ့သူများ ဆက်သွယ်စုံစမ်း စာရင်းပေးနိုင်ပါပြီ။


Photos from Tr. Thein's post 22/06/2023

What an impressive achievement! You did it! congratulations and so proud of you, Boy @ Zike!

English ကို ပထမ term မှာ credit ထွက်အောင်‌ဖြေပြီး ဒုတိယ term ကျ Distinction ပါ ပါလိုက်သေးတယ်။

ပြီးတော့ Global Studies ကို တီချယ်နဲ့ပဲ သင်ချင်တယ်ဆိုပြီး ဇွတ်လုပ်တာနဲ့ ကြိုးကြိုးစားစား ဆူလိုက်ချော့လိုက်နဲ့ အခုကျ credit ပါ ထပ်ထွက်သေးတယ်။ မိဘတွေရဲ့ ပံ့ပိုးမှုကလည်း အတိုင်းထပ်အလွန်မို့ ရလဒ်ကောင်းတွေ ထွက်ဖို့ ပိုအထောက်ကူဖြစ်သွားတယ်။

လိမ်လိမ်မာမာနဲ့ ပြောစကားနားထောင်တဲ့ နေရာမှာလည်း နံပါတ်တစ်မို့ သားတကယ်ကို တက်ချင်တဲ့ Monash University မှာ တက္ကသိုလ်ကျောင်းသားဘဝကို ပျော်ပျော်ကြီး လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် Mr. All Good ရေ။

Photos from Tr. Thein's post 18/04/2022

မကြာသေးခင်က ရထားတဲ့ အားဆေးတချို့‌ 💊💊

အင်္ဂလိပ်စာ‌လေ့လာရေးခရီးစဉ်မှာ တစ်ထောင့်တနေရာကနေ အားဖြည့်ပေးခွင့်ရလို့ ကျေနပ်မိပါတယ်။

Photos from Tr. Thein's post 18/04/2022

မေလတွင် စမည့် English Language တန်းခွဲသစ်များ❗❗❗

တန်းခွဲတစ်ခုစီတိုင်းမှာ Level အလိုက် English
Languageကို အခြေခံကနေ စပြီး Grammar အပါအဝင်
နေ့စဉ်သုံး အရေး၊အဖတ်၊နား‌ထောင်၊ အပြော လေးမျိုး
စလုံးကို ထိရောက်တဲ့ အဆင့်မြင့် ၂၁ရာစု သင်ကြားနည်း၊ လေ့လာနည်းများစွာနဲ့ သင်ပေးသွားမှာပါ။

♦️ Online class ဆို တကယ်တတ်မှာလား? ပျင်းဖို့ကောင်းမှာလား?

အွန်လိုင်းကသင်ယူရတဲ့အတန်းဆိုလဲ recorded video နဲ့ သင်ကြားပေးမှာမဟုတ်ဘဲ ဆရာမနဲ့တိုက်ရိုက် တက်တက်ကြွကြွ လေ့လာသင်ယူမှုနည်းလမ်းမျိုးစုံနဲ့ Active Learning ပြုလုပ်ရမှာပါ။ တစ်ဦးချင်း လေ့ကျင့်ရမယ့် လုပ်ငန်းစဉ်တွေ၊ အတန်းဖော်တွေနဲ့လည်း အပြန်လှန်လေ့ကျင့်ပြောဆိုရတာတွေလည်း ရှိမယ့်အတွက် သင်တန်းတက်တဲ့ နေ့ရက်တိုင်းမှာ တိုးတက်မှု အစဉ်မပြတ်ရှိနေမှာပါ။ ဒါ့ပြင် အပတ်စဉ်သင်တန်းမရှိတဲ့‌နေ့တွေပါ လေ့လာမှု အဆက်မပြတ်‌စေဖို့ လေ့လာစရာတွေ ‌စီစဉ်ထားပေးပါသေးတယ်နော်။

(မှတ်ချက်- အရေးပေါ်အကြောင်းအမျိုးမျိုးကြောင့် အတန်းပျက်ရင်တော့ record lessons ပြန်ပေးမှာပါ)

♦️ General English class တွေကို ဘယ်သူတွေ တက်သင့်သလဲ?

- အင်္ဂလိပ်စာကို သိတော့သိတယ် ဒါမဲ့ ပြောမထွက်ဘူး ဆိုသူများ၊ (အသက်ရွယ်အားဖြင့် ၁၅နှစ်(9တန်း)နှင့် အထက် တက်လို့ရပါတယ်‌)

‌- ကျောင်းတွေပိတ်ထားချိန် အချိန်‌တွေ အလဟသမကုန်ဆုံးပဲ အကျိုးရှိရှိ အသုံးချချင်သူများ၊

- နိုင်ငံတကာသုံး ဘာသာစကားစွမ်းရည်ကို အသုံးချပြီး အလုပ်ကိုင်အခွင့်လမ်း ပိုမိုများပြားချင်သူများ၊

- နိုင်ငံတကာကျောင်းတွေမှာ အဆင့်မြင့် ပညာရေးကို လက်လှမ်းမီဖို့ရာ IELTs/TOFEl ပြင်ဆင်မည့်ကျောင်းသားများ အခြေခိုင်ချင်သူများ တက်ရောက်သင့်ပါတယ်။

(မှတ်ချက်- တစ်ဦးချင်းသင်လိုသူများအတွက် IELTs (သို့) အခြားအင်္ဂလိပ်စာနဲ့ပတ်သက်ပြီး စာပြပေးဖို့ သီးသန့် အချိန်ယူချင်လဲ CB or Phone number တိုက်ရိုက် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်)

♦️ ဘယ်သူသင်မှာလဲ?

သင်ကြားပေမယ့် ဆရာမက M.A (English) ဘွဲ့ရထားပြီး ၆နှစ်ကျော် သင်ကြားရေးအ‌တွေ့အကြုံရှိတဲ့အပြင် ကမ္ဘာ့အသိမှတ်ပြု အဂ်လိပ်ဘာသာစကား သင်‌ကြာရေးလက်မှတ် TESOL Certificate ကို ကိုင်ဆောင်ထားသူက သင်ကြာပေးမှာမို့ ဆရာမနဲ့ စာသင်ရ အဆင်မပြေတဲ့ မတတ်တဲ့ ကျောင်းသား မရှိသလောက်ပါပဲ။

(ကျောင်းသားဟောင်းများရဲ့ စာလေ့လာရ အဆင်ပြေ၊မပြေ feedback များကို အောက်ပါလင့်ခ်ထဲ ဝင်ဖတ်ကြည့်လို့ရပါတယ်ရှင်)

https://www.facebook.com/103243598636238/posts/306223585004904/

ဒါကတော့ သင်ကြားနည်း‌ပါ။

https://fb.watch/cGhcEb9t5v/

♦️ အင်္ဂလိပ်လိုတကယ်ပြောတတ်မှာလား?

တကယ်တတ်မှာပေါ့။ သင်တန်းကာလ (၃)လတာ နာရီပေါင်း (၉၂)နာရီကို သေချာလေ့လာလိုက်လုပ်မယ်ဆိုရင်တော့ အဂ်လိပ်ဘာသာစကားကို level အလိုက်ကျွမကျင်မှုရှိစွာနဲ့ ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန် ပြောနိုင်ဖို့ တာဝန်ယူပါတယ်ရှင်။

♦️ မှတ်ချက်။ ။ မိမိတက်ရောက်လိုသောအတန်းကို
Placement Test ကို ဖြေဆိုပြီး တက်ရောက်လို့ရပါပြီ။

♦️ သင်ကြားမှုထိရောက်စေရန်အတွက် လူဦးရေကို (၁၀) ဦး ထိသာ လက်ခံမှာဖြစ်လို့ အမြန်စာရင်းပေးသွင်း‌လိုက်နော်။

အသေးစိတ်ထပ်မံသိရှိလိုပါက Tr.Thein Page Messenger (သို့) 09966870994 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

20/01/2022

ကဲ... ဒီညတော့ လွယ်လွယ်ကူကူပဲ အက္ခရာ၂လုံးတူ အစဉ်လိုက် ၃တွဲပါတဲ့စကားလုံး ဘာရှိလဲ စဉ်းစားကြည့်ပါအုံး ?

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Mandalay

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00