Ruby Prize Pre-school

Ruby Prize Pre-school

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ruby Prize Pre-school, Nursery, 107/44 × 45, Mandalay.

Photos from Ruby Prize Pre-school's post 07/05/2026

ကျောင်းပြန်ဖွင့်ပါပြီရှင် 💓💓💓

🏡 ချစ်ရတဲ့သားတွေသမီးတွေ ကော ဖေဖေမေမေတို့ကော ကျောင်း​နေရာအသစ်လေးကို ကျယ်ကျယ်ဝန်းဝန်းနဲ့ လှလှပပလေး နဲ့ဆိုပြီး အရမ်းသဘောကြကြောင်းပြောကြလို့ တီချယ်တို့အရမ်းပျော်ရပါလို့ 💓

🤩🤩 နောက်ထပ်လည်း CCTV နဲ့ aircooler တွေလည်းထပ်ရောက်လာဖို့ရယ် ကစားစရာသစ်တွေထပ်ရောက်လာဖို့ရယ်ရှိသေးတာမို့ ကလေးလေးတွေ လုံခြုံစိတ်ချအောင် ပျော်ရွှင်စွာစာသင်ကြားနိုင်အောင် တီချယ်က ပိုပြီးကြိုးစားနေပါတယ်နော် 😘😘

#ပတ္တမြားဆုအဆင့်မြင့်မူကြိုကျောင်း 🏆
#ဘယ်သူမွေးမွေးတို့ကလေး 😘😘

Photos from Ruby Prize Pre-school's post 09/04/2026

ကိုကိုမမတွေနဲ့အတူတူ ပါဝင်အားဖြည့် သရုပ်ဖော်ကပြကြတဲ့ ဘေဘီတွေပါရှင် 🥰
နောက်နှစ်ကတော့ ဒီထဲက ဘေဘီတွေရဲ့ ဘွဲ့ယူမယ့်နှစ်ပေါ့ကွယ် 🤩

Video လေးတွေရမှ ထပ်တင်ပေးပါ့မယ်နော် 🥰

Photos from Ruby Prize Pre-school's post 09/04/2026

တီချယ်တို့ဆီကို ရောက်ခါစက မေမေ့ကို လွမ်းလို့ ငိုနေတဲ့ ကလေးလေးတွေ ထမင်းမစားချင်တဲ့ကလေးလေးတွေ သူငယ်ချင်းတွေကိုစပြီးမခေါ်ရဲတဲ့ကလေးလေးတွေကနေ ပြီးတော့ တီချယ်တို့နဲ့အတူ ပျော်ပျော်ရွှင်ရွှင် သင်ယူကြရင်း နှစ်တွေကျော်ဖြတ်လာလိုက်တာ အခုလို စဥ်မြင့်ပေါ်ကိုတက်ပြီး ဆုလက်မှတ်ရယူနိုင်တဲ့ မူလတန်းကျောင်းကိုတတ်ရောက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ကလေးလေးတွေအဖြစ် ပြောင်းလဲသွားကြပြီပေါ့ 🤩🤩⭐⭐⭐

နှစ်တိုင်းဒီလိုအချိန်ဆို တီချယ်တို့က ကလေးလေးတို့ကိုကြည့်ပြီး ပီတိလည်းဖြစ်ရသလို ခွဲခွာရတော့မှာမို့ စိတ်မကောင်းဖြစ်ရတဲ့ အချိန်လည်းဖြစ်ပါတယ်ရှင့်
တီချယ်တို့ချစ်ရတဲ့ကလေးလေးတွေ လျှောက်လှမ်းရမယ့် ဘဝတစ်ခုလုံး အောင်မြင်မှုတွေပဲ ဆွတ်ခူးရပါစေလို့ တီချယ်တို့အမြဲဆုတောင်းပေးနေပါတယ်နော် 🥰🥰🥰

04/04/2026

တီချယ်တို့ ကျောင်းဆင်းပွဲအတွက် Rehearsal နေ့တုံးက အမှတ်တရ video လေးပါရှင်😍😍
ကျောင်းဆင်းပွဲနေ့တုံးက ဓာတ်ပုံ လေးတွေ video လေးတွေက မရသေးလို့ ရတာနဲ့ ဖေဖေမေမေတိူ့ဆီ ပို့ပေးပါအုံးမယ်နော် စောင့်ပေးပါအုံးရှင့် 🥰🥰🥰

Photos from Ruby Prize Pre-school's post 21/03/2026

တီချယ်တို့က ကျောင်းကပွဲလေးတွေအလုပ်တွေရှုပ်နေကြတာနဲ့ ပုံလေးတွေလည်းမရိုက်ဖြစ်တာကြာပြီရှင်
နောက်ပိုင်းတော့ မကြာမကြာတင်​ပေးနိုင်အောင် ကြိုးစားပါ့မယ်နော် 😘😘
ဒါလေးတွေကတော့ အပင်များအကြောင်း သင်ခန်းစာလေး သင်ယူရင်းနဲ့ အပင်စိုက်နေကြတဲ့ သားသားမီးမီးတွေပါရှင်
အပင်လေးတွေပေါက်လာပြီးရင်လည်း ထပ်ရိုက်ပြီး ပြပါအုံးမယ်နော် 🤩🤩🌿🍀

25/01/2026

တီချယ်တို့ ဘေဘီလေးတွေရဲ့ Activities လေးတွေက ကစားနေရသလိုပါပဲ 🤩🤩
ချစ်ရတဲ့ ကလေးလေးတွေအတွက် တီချယ်တို့က ကစားခြင်းကိုအခြေခံပြီး သင်ကြားရေး Activities တွေကို ရေးဆွဲသင်ကြားပေးတာမို့ အမြဲတန်း ပျော်ပျော်ရွှင်ရွှင်ပဲစာသင်ကြားရတာပေါ့နော် 🤫😘😘

31/12/2025

နေမကောင်းတွေဖြစ်ကြတာနဲ့ ကျောင်းတွေပျက်ကြတာနဲ့ အကသိပ်မတိုက်လိုက်ရပေမယ့် တီချယ့်ကိုကြည့်ပြီး ကြိုးစားကပြပေးကြတဲ့ ကလေးလေးတွေအကုန်လုံးကို ချစ်ပါတယ်ရှင် 🥰🥰
Pre Kg မမတွေအဖွဲ့ ကိုလည်းချစ်ပါတယ်နော် 😘😘💚

31/12/2025

Pre Kg ကိုကိုတွေအဖွဲ့ 🥰🥰🥳

31/12/2025

ဒီအဖွဲ့လေးကိုလည်းချစ် 😘😘😘
တီချယ်ဆုကတော့ နည်းနည်းလေး ဆူလိုက်သေးတယ်ကွယ် 🤭🤫
Nursery Group 2 ❤

31/12/2025

New year ကို တီချယ်တို့ ဘေဘီလေးတွေ အကလေးပဲ ကြိုမယ်ကွယ် 🤭😘😘😘
Nursery Group 1 💚

26/12/2025

Christmas ပွဲလေး အမှတ်တရ 🤩🥳
တီချယ်တို့ ချစ်ရတဲ့ ကလေးလေး အရမ်းပျော်ကြတော့ တီချယ်တို့ပါ ပျော်ရွှင်ရတာပေါ့ရှင် 🥰😘😘

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


107/44 × 45
Mandalay