Road To Dream Languages and Online Business Classes - Mandalay

Road To Dream Languages and Online Business Classes - Mandalay

Share

If not now, WHEN..! Time is precious, Dream is expensive....Without Efforts, No Success....
Be prepared for your first step from now on!

13/11/2021

GBV Dialogue Session
(သာတူညီမျှ လူ့ဘောင်ဘဝ ၊ သက်ရွယ်ဆင်တူ ပညာပေးသူ)

ဒုတိယအကြိမ်မြောက် Online GBV Dialogue Session လေးကို Talk & Solve ကျန်းမာရေး NGO အဖွဲ့အစည်းက အဓိက ဟောပြောဆွေးနွေးမှာဖြစ်ပြီး
Forward Myanmar Group နဲ့ TOP ONE The Best Education Service တို့က ဝန်းရံကာ ပွဲလေးကို ကျင်းပသွားမှာဖြစ်ပါတယ်။

Online GBV Dialogue Session
(Friends of Sharing)
°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဒီအစီအစဉ်လေးကိုတော့ “သက်ရွယ်ဆင်တူ ပညာပေးသူ ” လို့ နာမည်ပေးထားပြီး အချိန် 1 နာရီ ပေးရုံနဲ့ ဆယ်ကျော်သက်နဲ့ လူငယ်တွေအတွက် သဘာဝဖွံ့ဖြိုးမှုတွေအကြောင်း ၊ မျိုးဆက်ပွားကျန်းမာရေး၊ လိင်မှုနှင့်မျိုးဆက်ပွားဆိုင်ရာ အခွင့်အရေးများစသည့် အသိပညာတွေကို ကျန်းမာရေး ရှုထောင့်ကနေ နားလည်သွားမှာပဲ ဖြစ်ပါတယ်။

"အမျိုးသားအချင်းချင်း၊ အမျိုးသမီးအချင်းချင်း
သီးသန့် ဆွေးနွေးဦးမှာဆိုတော့ “လွယ်ကူတယ်၊ ယုံကြည်ရတယ်၊ ရှက်စရာမလိုဘူး၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ရတယ်”

ဒါကြောင့် အချိန် (1)နာရီ ပေးလိုက်ရုံနဲ့ ဆယ်ကျော်သက်နှင့် လူငယ်များ အမှန်တကယ် သိသင့်သိထိုက်တဲ့ မှန်ကန်တိကျပြီး Updated ဖြစ်တဲ့ အသိပညာဗဟုသုတတွေကို ရရှိစေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အရင်တုန်းက ကိုယ်သိချင်ပေမဲ့ မေးဖို့ တွန့်ဆုတ်ခဲ့ရတာတွေ၊ သတင်းအချက်အလက်​အမှားတွေဖြစ်မှာ စိတ်ပူစရာ
မလိုဘဲ ကိုယ့်အတွက် အမှန်တကယ်အကျိုးရှိစေမဲ့ အစီအစဉ်လေးပဲဖြစ်ပါတယ်။

#ဒီအစီအစဥ်ကိုဘယ်လိုပြုလုပ်မှာလဲ ???
(Zoom) မှ တစ်ဆင့် Online ပုံစံပြုလုပ်မှာ ဖြစ်ပါတယ်။

ဒါကြောင့် Smart Phone တစ်လုံးရှိဖို့ပဲ လိုပြီး zoom app အသုံးပြုဖို့ အခက်အခဲရှိခဲ့မယ်ဆိုရင်လည်း ကူညီပေးဦးမှာပဲ ဖြစ်ပါတယ်။

#အစီအစဥ်မှာပါဝင်ဖို့သင်တန်းကြေးပေးစရာလိုလား ???
သင်တန်းကြေး လုံးဝ (လုံးဝ) ပေးစရာမလိုတဲ့ အခမဲ့
အစီအစဥ်တွေဖြစ်ပါတယ်။

လူဦးရေ အကန့်အသက်ရှိပြီး ကန့်သက်လူဦီးရေ‌‌ေကျာ်ရင်တော့ section တစ်ခု ထက်မံခွဲပေးသွားမှာဖြစ်ပါတယ်။

03/11/2021

#လက်မှတ်အတွက်5000ယူခဲ့
CSR အတန်းလေးကို ယခင်နဲ့မတူဘဲ ပိုမို ထိထိရောက်ရောက်လေးဖြစ်စေရန် နှစ်ရက်တာပြင်ဆင်ပေးထားပါတယ် ...

သင့်ရဲ့ မသိစိတ်ရဲ့ စွမ်းအားတွေကို ဘယ်လို ထင်ရှားအောင်လုပ်မလဲ??🤔🤔🤔

ကိုယ့်ဘဝကို ကိုယ့်ကိုယ်တိုင်ကပဲဦးဆောင်နေတာပါ။
Power မှန်သမျှက ကိုယ့်ထဲမှာရှိပါတယ်။အဲ့ဒီကိုယ့်ထဲမှာရှိနေတဲ့စွမ်းအားတွေကို ကြီးမားသောစွမ်းအားဖြစ်အောင် စနစ်နကျဘယ်လိုလုပ်ကြမလဲ?

ကိုယ်ရဲ့ Role Model ဆီကနေ power ယူနည်းတွေအပြင် ကိုယ့်မှာရှိတဲ့ Ability တွေကို ဘယ်လိုတည်ဆောက်သွားမလဲ ?

ကျွန်တော်တို့ ခုခေတ်မှာ mentor တွေ ထားတာဟာ ကိုယ့်ရဲ့ ရှိရင်းဆွဲ Ability တွေကို ထုတ်ဖော်ဖို့ဖြစ်ပါတယ်။
ဒီ Training လေးမှာတော့ သင်ဟာ လက်ရှိ ရှိနေတဲ့
သင်ဟာသင့်ထက် ပိုတော်ကြောင်းကို လမ်းညွှန်ပေး
သွားမှာပါ😍😍😍

အချိန်ကတော့... 💗💗

9 , 10 November 2021
Time-7pm to 9 pm ဖြစ်ပါတယ်💞💞

သင်တန်းကြေးအနေနဲ့ ယခင် $20 ကို ယခု မြန်မာငွေ 5,000mmk သာဖြစ်ပြီး အကုန်အပြီးအစီးဖြစ်ပါတယ်။

တက်ရောက်လိုသူများ နာမည် စာရင်းကို
Viber Phone no. 09795930189 ကို ss လေးနဲ့
လာရောက် စာရင်းသွင်းနိုင်ပါပြီ။

မိမိသူငယ်ချင်းတွေ သိအောင် like and share လေးနဲ့ အသိပေးလိုက်လို့ရပါတယ်။

သင်ရဲ့နစ်မြုတ်နေတဲ့ စွမ်းအင်တွေကို အခုကာလမှာ ထုတ်ဖော်ပြီး မြှင့်တင်လိုက်ရအောင်💪💪

Kaung Htet Ko
Professional Soft Skills and Management Trainer
CEO of TOP ONE The Best Education Service
09795930189

31/10/2021

🖋️အတော်ဆုံးမဟုတ်ရင်လည်း
ကြိုးစားနေသူတော့ဖြစ်ပါစေ🖋️
📖📖📖📖📖📖📖📖📖
📚ဆာလောင်နေတဲ့ဗိုက်
ငွေမရှိတဲ့ ပိုက်ဆံအိတ်နှင့်
ကျိုးပဲ့နေတဲ့ နှလုံးသားဟာ
ဘဝရဲ့ အကောင်းဆုံး သင်ခန်းစာတွေကို
သင်ကြားပေးနိုင်ပါတယ်။

📚နေလိုတောက်ပချင်ရင် အရင်ဆုံး
နေလိုပူလောင်မှုကို ခံနိုင်ရည်ရှိရပါမယ်။
နာကြင်မှုကို မေ့ပစ်လိုက်ပါ။ သို့သော်
သင်ခန်းစာကိုတော့ သိမ်းထားလိုက်ပါ။

📚တန်ဖိုးရှိတဲ့အရာတွေက လွယ်ကူစွာမရနိုင်ပါဘူး။
ပင်ပန်းကြီးစွာကြိုးစားရပါမယ်။
အောင်မြင်မှုဟာ တည်မြဲနေမှာ မဟုတ်သလို
ကျရှုံးမှုဟာလည်း သေစေနိုင်တာ မဟုတ်ပါဘူး။
ဆက်လျှောက်ဖို့ သတ္တိတွေရှိနေဖို့ကသာ အဓိကပါ။

📚သင့် တန်ဖိုးက သင့်အလုပ်အကိုင်ထက်
သင့် လုပ်ရည်ကိုင်ရည်အပေါ်မှာ မူတည်ပါတယ်။
အတော်ဆုံးမဖြစ်ရင်နေပါစေ
ကြိုးစားနေသူတော့ ဖြစ်ပါစေ။

📚ဒီနေ့ဟာ ခက်ခဲမယ်
နောက်တစ်နေ့ ဒီ့ထက်ပိုခက်ခဲမယ်
နောက်ထပ်နောက်ထပ် အခက်ခဲပေါင်းများစွာကိုအစွမ်းကုန်ကျော်ဖြတ်ပြီးတဲ့ခါ ပျော်ရွင်မှု
နေရောင်ခြည်ကို မြင်ရမှာ
မုချပါ။

📚သင့်ရဲ့ ရှေ့မှာ ကျောက်တုံးတွေ ပိတ်ဆို့နေရင်တောင်
အဲ့ဒီကျောက်တုံးတွေကို လှေကားထစ်လုပ်ပြီး
အပေါ်ကို တက်လှမ်းလိုက်ပါ။
🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴

Credit to origial Writer

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address


35st, Bet87st 88st, Chanayetharzan Township
Mandalay