TKEC Education Centre

TKEC Education Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TKEC Education Centre, Education, Mandalay.

19/11/2024

ကိုယ်တိုင်ကြော်သည့် အကြော်စုံ

19/11/2024

ပင်ဖိန်းကို ကိုယ်တိုင်ချက်ပြီး ချက်နည်း ပြောပြနေသည့် သမီးလေး

19/11/2024

မုန့်လုပ်နည်းသင်ခန်းစာမှ ကိုယ်တိုင်လုပ်သည့်မုန့်များကို လုပ်နည်းရှင်းပြ

ကလေးက ဘယ်သူနဲ့တူလို့တော်တာလဲဆိုသူများဖတ်ဖို့ 🤭😄မျိုးရိုးဗီဇပညာရှင်တွေကလေနောက်ဆုံးတွေ့ရှိချက်အရ ကလေးငယ်တစ်ယောက်ရဲ့ ဥာဏ်ရည...
19/10/2024

ကလေးက ဘယ်သူနဲ့တူလို့
တော်တာလဲဆိုသူများဖတ်ဖို့ 🤭😄

မျိုးရိုးဗီဇပညာရှင်တွေကလေနောက်ဆုံးတွေ့ရှိချက်အရ
ကလေးငယ်တစ်ယောက်ရဲ့ ဥာဏ်ရည်သည်
မိခင်ဖြစ်သူပေါ်မှာ အဓိကမူတည်ပါတယ်တဲ့။

ပုံမှန်အားဖြင့်
မိခင်ဖြစ်သူမှာ X chromosomes 2 ခုပါပြီး၊
ဖခင်မှာ X chromosome နဲ့ Y chromosome
တခုစီပါပါတယ်၊

အဆိုပါ XX နဲ့ XY အထဲကမှ
ကလေးရဲ့ intelligence ဖွံ့ဖြိုးမှုဟာ
မိခင်ရဲ့ X chromosome ကနေဆင်းသက်တယ်လို့
အသစ်တွေ့ရှိတာပါ။

ဒါကြောင့် သင်ဟာ problem solving skill တို့
creative thinking တို့ကောင်းတယ်ဆိုရင်
သင့်မိခင်ကိုကျေးဇူးတင်လိုက်ပါ။

ဥပမာထပ်ပေးရရင်
ဥာဏ်ရည်မြင့်တဲ့ မျိုးရိုးဗီဇလိုချင်လို့
သိပ္ပံပညာရှင်ကြီးတွေထံ အလှုခံရင်အလကားပါပဲ၊

အဲဒီအစား သူတို့ အမေ သို့မဟုတ်
အဘွားရဲ့ မျိုးရိုးဗီဇကိုသာအလှုခံပါ။

စိတ်ဝင်စားစရာကောင်းလို့
ဖတ်မိတာကိုနားလည်သလောက်ဘာသာပြန်ထားတာပါ။
Reference: Facebook trending
Credit to Tin Tun Aung Acc

01/06/2024

ကျမတို့လဲပြင်ရမယ်နော် ကျမတို့အနာဂတ်မထိအောင်တော့ သူတို့ကမပြောဘူ မှတ်တမ်းအမြဲထားတက်တယ်

" ဥာဏ်ပညာက စာရိတ္တရဲ့
ကွက်လပ်ကို မဖြည့်ပေးနိုင်ဘူး "

ဘာဖြစ်လို့ ဥရောပနိုင်ငံသားတွေက အမြဲတမ်း ရှေ့ပြေးနေရနေတာလဲ၊

တကယ်လို့ သင် သြစတေးလျကိုသွားဖူးရင် သိပါလိမ့်မယ်၊ ဘတ်စကားစီးတာ၊ မော်တော်ဘုတ်စီးတာတွေမှာ လက်မှတ်စစ်မရှိဘူး၊ စာရိတ္တက နိုင်ငံရဲ့ အဓိက အုတ်အမြစ်ပဲ၊

ဖြစ်ရပ်မှန်ပုံပြင်လေးတစ်ပုဒ်ရှိခဲ့တယ်၊

လွန်ခဲ့တဲ့ ၁၂နှစ်လောက်တုန်းက လူငယ်တစ်ယောက်၊ ဘွဲ့ရပြီးတာနဲ့ ပြင်သစ်ကိုသွားပြီး အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့ ကျောင်းတတ်တယ်၊ သူ သတိထားမိလိုက္တာက အဲဒီမှာ ဘယ်သွားသွားလက်မှတ်က ကိုယ့်ဖာသာကိုယ်ငွေထည့်ပြီး ကိုယ့်ဖာသာကိုယ်၀ယ်ရတာ၊ ဘယ်သွားချင်လဲ၊ သွားချင်တဲ့နေရာအတွက်ပိုက်ဆံချေပြီး ကိုယ့်ကိုယ်လက်မှတ်၀ယ်၊ ဂိတ်တွေမှာလည်း တံခါးမရှိဘူး၊ လက်မှတ်စစ်ဖို့ အစောင့်မရှိဘူး၊ ရှောင်တခင် လက်မှတ်စစ်တယ်ဆိုတာ အရမ်းရှားတယ်၊

သူက ဒါကို အကွက်လို့မြင်ပြီး ကိုယ့်ကိုယ်ကို ဥာဏ်ကောင်းတယ်ပေါ့၊ လက်မှတ်စစ်လို့ မိနိုင်ခြေက ပြင်သစ်လူမျိုး အယောက်သိန်းသန်းနဲ့ချီမှ သူတစ်ယောက်တည်းရှိတယ်ပေ့ါ၊ အဲဒီအတွက် သူ့ကိုယ်သူ ဂုဏ်ယူပြီး နောက်ပိုင်း ဘယ်သွားသွား ဘာလက်မှတ်မှ မ၀ယ်တော့ဘူး၊ ကိုယ့်ကိုယ်ကို အော်.. ငါကအခုမှ အလုပ်အတည်တကျမရှိသေးတဲ့ ကျောင်းသားလေးပဲဟာ .. ချွေတာနိုင်သလောက် ချွေတာမှ ဖြစ်မှာပါလေ ဆိုပြီး ဒီလိုအကြောင်းပြချက်လေး ပေးတယ်၊

ဒီလိုနဲ့ လေးနှစ်ကုန်ဆုံးသွားတယ်၊

နာမည်ကြီး တက္ကသိုလ်တစ်ခုကနေ ရွှေစာလုံးနဲ့ ထူးချွန်အောင်မြင်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်ရတဲ့အတွက် သူ့ကိုယ်သူ အရမ်းဂုဏ်ယူတယ်၊ ဒါနဲ့ နာမည်ကြီး ပြင်သစ်ကုမ္ပဏီတွေမှာယုံကြည်ချက်အပြည့်နဲ့ သူ အလုပ်သွားလျှောက်တယ်၊

ဒါပေမယ့် အဲဒီကုမ္ပဏီတွေက အစပိုင်းမှာတော့ သူ့ကိုလှိုက်လှိုက်လှဲလှဲနဲ့ ဖိတ်ခေါ် အင်တာဗျူးပြီး နောက်ပိုင်း အင်တာဗျူးအားလုံး မအောင်ခဲ့ဘူး၊ ဒီ့အတွက် သူ့စိတ်ထဲမှာ တော်တော်လေး မကျေမချမ်းဖြစ်ခဲ့တယ်၊

ဒါနဲ့ နောက်ဆုံး ကုမ္ပဏီတစ်ခုမှာသူ အင်တာဗျူးကျမှန်းသိသွားတော့ ရုံးခန်းထဲ ဇွတ်အတင်း၀င်သွားပြီး အင်တာဗျူးလူကြီးတွေကိုမေးလိုက်တယ်၊ သူက နိုင်ငံခြားသားတစ်ယောက်ဖြစ်နေလို့ သူ့ကိုနှိမ်ရတာလား အထင်သေးတာလားတဲ့

သူလက်ခံနိုင်တဲ့ အကြောင်းပြချက်တစ်ခုပေးပါလို့ မေးလိုက်တယ်၊

ဇတ်သိမ်းမှာ သူလုံး၀ မျှော်လင့်မထားတဲ့အဖြေတစ်ခုက သူ့နားပင် သူမယုံနိုင်လောက်အောင် ခေါင်းကြီးသွားခဲ့့တယ် ..

မစ္စတာ၊ ကျနော်တို့ ခင်ဗျားကို အထင်မသေးပါဘူး၊ ဒါ့အပြင် အထင်တောင်ကြီးသေးပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ကုမ္ပဏီက အခုထက္ထိ ကြီးသတဲ့ကြီးအောင် ကြိုးစားဆဲဖြစ်လို့၊ ခင်ဗျားတို့လို လူတော်လူမော်တွေကို အရမ်းကိုလိုအပ်လျက်ရှိပါတယ်၊ ဒါ့ကြောင့် ခင်ဗျား ဒီအခန်းထဲစစ၀င်လာပြီး ကျနော်တို့နဲ့အင်တာဗျူးတာနဲ့ ခင်ဗျားရဲ့ ပညာရေးနဲ့ အရည်အချင်းကို အင်မတန်မှသဘောကျခဲ့တယ်၊ အမှန်အတိုင်းပြောရင်၊ ကုမ္ပဏီဘက်ကကြည့်ရင် ခင်ဗျားဟာ ကျနော်တို့ရှာနေတဲ့လူတော်တစ်ဦးပါ

ဒါဆို ဘာဖြစ်လို့ ကျနော့်လို လူတော်ကို ခင်ဗျားတို့ကုမ္ပဏီအတွက် အသုံးမချရတာလဲ ထိုသူပြန်မေးလိုက်သည်၊

ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားရဲ့ သမိုင်းကို ပြန်ကြည့်တာ၊ ခင်ဗျားcredit card ထဲကနေ လက်မှတ်စစ်တဲ့အခါ လက်မှတ်မပြနိုင်တဲ့အတွက် သုံးကြိမ်တိတိ ငွေဒဏ်ရိုက်ထားတာ တွေ့ ရှိရလို့ ဖြစ်တယ်

ကျနော် ဒီအကြောင်းပြချက်ကို လက်မခံနိုင်ဘူး.. ဒီကိစ္စလေးအတွက် နာမည်ကြီးကျောင်းတစ်ခုက ဘွဲ့ရပညာတတ်တစ်ယောက်ကို ငြင်းပယ်ရဲတယ်ဆိုတာ ကျနော်မယုံဘူး

ကိစ္စလေး ဟုတ်လား၊ ကျနော်တို့က ဒါကို ကိစ္စလေးလို့ မမြင်ပါဘူး၊ ကျနော်တို့ သတိထားမိတာ ပထမအကြိမ်ခင်ဗျားလက်မှတ်စစ်မိတာ ကျနော်တို့နိုင်ငံကိုရောက်ပြီးပထမအပတ်မှာဖြစ်တာ၊ လက်မှတ်စစ်က ခင်ဗျားပြောသမျှကို လက်ခံယုံကြည်ပေးခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားက နိုင်ငံခြားသားဆိုတော့ ရောက်တာသိပ်မကြာသေးလို့ လက်မှတ်မ၀ယ်တတ်ဘူးဆိုပြီးအကြောင်းပြချက်ပေးခဲ့လို့ ခင်ဗျားကိုခွင့်လွှတ်ခဲ့တယ်၊
ဒီလိုနဲ့ ဒုတိယအခေါက်ထပ်ကျူးလွန်ပြန်တယ်

အဲတုန်းက ကျနော့်အိတ်ကပ်ထဲမှာ ပိုက်ဆံအကြွေမရှိလို့

မဟုတ်ဘူး၊ မဟုတ်ဘူး မစ္စတာ၊ ကျနော် ဒီအကြောင်းပြချက်ကိုလက်မခံနိုင်ဘူး၊ ခင်ဗျားက ကျနော့်ရဲ့ အကဲဖြတ်နိုင်စွမ်းဥာဏ်ကို သံသယ၀င်နေပြီ၊ ဒီဖြစ်ရပ်နှစ်ခုကြားမှာ ခင်ဗျား လက်မှတ်မ၀ယ်တာ အကြိမ်တစ်ရာအထက်မနည်းဘူး လို့ ကျနော်ယူဆတယ်

အဲဒါလေးနဲ့ပဲ အပြစ်က ဒီလောက်ကြီးသွားရောလား .. နောက်ပြင်လို့ရတာပဲလေ မဟုတ္ဘူးလား

မရဘူး.. မရဘူးမစ္စတာ၊ ဒီကိစ္စအတွက် ကျနော် အချက်နှစ်ချက်ကို ထောက်ပြချင်တယ် ..

တစ်... ခင်ဗျားဟာ စည်းကမ်းကိုမလေးစားဘူး၊ ဒါတင်မကဘူး၊ ခင်ဗျားဟာ စည်းကမ်းထဲက လစ်ဟာနေတဲ့အချက်ကိုအသုံးချပြီး မကောင်းကြံခဲ့တယ်

နှစ် ခင်ဗျားဟာ ယုံကြည်ထိုက်သူမဟုတ်ဘူး၊ ကျနော်တို့ကုမ္ပဏီက ယုံကြည်မှုကိုအားထားပြီး အလုပ်လုပ်နေရတဲ့ကုမ္ပဏီဖြစ်တယ်၊ တကယ်လို့ကျနော်တို့ခင်ဗျားကို အလုပ်ခန့်လိုက်ရင် ခင်ဗျားတာ၀န်ယူရတဲ့အပိုင်းက ဒေသတစ်ခုအတွက် စျေးကွက်ဖြန့်ကျက်ဖို့လည်းဖြစ်သွားချင် ဖြစ်သွားနိုင်တယ်၊ ကုမ္ပဏီရဲ့ ဘဏ်ဏာရေးကို ချွေတာတဲ့အနေနဲ့ ကျနော်တို့ ကုမ္ပဏီတွေမှာ လုံခြုံရေးကင်မရာတွေ၊ လုံခြုံရေး စနစ်တွေလည်းထားရှိတာမဟုတ်ဘူး၊ ကျနော်တို့ အများပြည်သူသုံး ဘတ်စကား၊ရထားလိုမျိုးပေါ့။

ဒါ့ကြောင့် ကျနော်တို့ ခင်ဗျားကိုလုံး၀ အသုံးချလို့မရဘူး၊ အသေအချာပြောရရင်၊ ကျနော်တို့ မှမဟုတ်ဘူး၊ ခင်ဗျားကို ကျနော်တို့တစ်နိုင်ငံလုံးက အခြားကုမ္ပဏီတွေလည်း အသုံးချရဲမှာလည်းမဟုတ်ဘူး၊

ဒီအချိန်မှာမှ သူအိပ်မက်က နိုးထလာသလို ဖျက်ခနဲ အသိတစ်ခုရသွားတယ်၊

တကယ်မှာ သူအသိတရားရသွားစေတဲ့စကားတစ်ခွန်းက အင်တာဗျူးလူကြီး ပြောလိုက်တဲ့ နောက်ဆုံးစကားတစ်ခွန်းကြောင့်ဖြစ်တယ်။

ထိုလူကြီးပြောလိုက်တဲ့စကားတစ်ခွန်းက

စာရိတ္တက ဥာဏ်ပညာရဲ့ ချို့တဲ့မှုကွက်လပ်ကိုခဏခဏ ဖြည့်ပေးနိုင်တယ်၊
ဒါပေမယ့် ဥာဏ်ပညာက စာရိတ္တရဲ့ ကွက်လပ်ကို လုံးဝ မဖြည့်ပေးနိုင်ဘူး တဲ့ ။

..မူရင်းရေးသူ

20/05/2024

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အတွက်
Ten Khay Education Centre (TKEC Education Centre)မှ ကျောင်းအပ်လက်ခံ နေပြီဖြစ်ပါကြောင်းမိဘများသို့ သတင်းကောင်းပါး အပ်ပါသည်ရှင့်။

အောက်ပါ ထပ်ဆောင်းဘာသာရပ်များ အား ထပ်မံသင်ကြားပေးပါမည်ရှင့်။

- General English 4 skills ( UK Curriculum )
- Jolly Phonics
- Art & Craft
- PE
- Music
- Life skills Knowledge
- Activity & Games
- Social

လူကြီးမင်းများရဲ့ ကလေးပညာရည် ပြည့်ဝပြီး အခြေခံကောင်းများရဖို့အတွက် TKEC Education Centre ကိုယ်ပိုင်ကျောင်း မှ အပြည့်အဝ တာဝန်ယူ ပါရစေရှင့်။

20-5-24 ရက်မှစ၍
Pre -KG to G 7 ထိ ကျောင်းအပ် လက်ခံပါမည်ရှင့်။

အသေးစိတ်သိရှိလိုပါက ဖုန်းဖြင့်သော်လည်းကောင်း ၊ TKEC Education Centre
ကိုယ်ပိုင်မူလတန်းကျောင်း တွင် လည်းကောင်း လာရောက်စုံစမ်းနိုင်ပါတယ်ရှင့်။

ကျောင်းချိန် - မနက် ၉ နာရီ မှ ညနေ ၃ နာရီ အထိ
ကျောင်းတည်နေရာ - ပန(၁၈၁)၊
ကျိုက်ထီးရိုးလမ်း၊ ပေါက်နေရပ် ၊
နမ့်ခမ်းမြို့။
ဆက်သွယ်ရန် - 09966266626၊ 09444412112

17/05/2024

စာသင်သက်ကြာပြီး အတွေ့အကြုံများလာတဲ့အခါကျောင်းသား/ သူတွေဆိုတာ တစ်နှစ်ပြီးရင်တစ်ခါလွှတ်ချပစ်ရမယ်ဆိုတာသိလာတယ်။အမြဲတစေ စိတ်ထဲစွဲနှစ်တွယ်တာရမှာမဟုတ်ဘူးဆိုတာ
လက်တွေ့ကို မြင်တတ်လာတယ်။

စာသင်သက်နုတုန်းကတော့
ကျောင်းသားကို အရမ်းချစ်ပြီးတွယ်တာတယ်။သိပ်ဂရုစိုက်တယ်။ သိပ်ချစ်ပေးတယ်။
နောက်ဆုံးပြန်ရတာက မထီမဲ့မြင်အမူအရာတွေပဲ။
အမူအရာဆိုတာမှာ ကိုယ်အမူအရာအပါအဝင်
စိတ်အမူအရာကလည်းပါတာပေါ့။
နှုတ်ဆက်ရမှန်းမသိသလို အားနာရမှန်းမသိတာပဲ။

နောက်တစ်ချက်က
စာတော်တဲ့ကျောင်းသားကို အားပေးထောက်ပံ့ပေမယ့်
ဘယ်အချိန်တွေ့တွေ့နှုတ်ဆက်တာဟာ
စာညံ့တဲ့ လူဆိုးလေးတွေဆိုတာပါပဲ။

များသောအားဖြင့် ရိုင်းစိုင်းတဲ့အပြုအမူတွေကို
ပြုမူသူတွေဟာလည်း စာတော်လို့အားပေးခဲ့တဲ့သူတွေဖြစ်သလို ယဥ်ယဥ်ကျေးကျေးနဲ့အမြဲရိုသေတတ်သူတွေကတော့ လူဆိုးလေးတွေဖြစ်နေတတ်တာပါဘဲ။
#ရိုင်း တာနဲ့ #ဆိုး တာက မတူပါဘူး။

ဒီတော့ စာသင်ချိန်မှာ စာတော်ဖို့ပဲသင်ခဲ့ပြီး
ဂါရဝေါစ နိဝါတောစကို မသင်ပေးခဲ့မိလို့များ
စာသာတော်ပြီး အသိပညာညံ့နေလေသလား။

အမှန်တကယ်တော့ '' ကျောင်းသားက ဆရာလို့သတ်မှတ်မှသာ ဆရာဖြစ်ခွင့်ရှိတာ ''မို့ ကိုယ်ပိုင်လွတ်လပ်ခွင့်တစ်ခုပါပဲ။ ကိုယ်နဲ့ဘယ်နှစ်နှစ်ကြာကြာ
စာသင်ခဲ့ပေမယ့်လည်း သူ သတ်မှတ်မှ ဆရာဖြစ်တာပါ။
ကိုယ်ကဘယ်လောက် ချစ်ပြီး စေတနာရှိခဲ့ရှိခဲ့
သူ သတ်မှတ်ရင် ဆရာ ဖြစ်ခွင့်ရှိမယ်။
မသတ်မှတ်ရင် ငါက သူ့ဆရာပါလို့ပြောခွင့်မရှိဘူး။
ဒီသဘောကတော့ အင်မတန်ရိုးစင်းတာပါပဲ။

ဒါကြောင့် အဆုံးသတ်ဆက်စပ်မှုတစ်ခုပြီးရင်
" သိမ်းမလားဆို မသိမ်းဘူး Don't Save '' ဆိုတဲ့
မူကိုသာ လက်ကိုင်ထားလိုက်ပါတော့တယ်။

"စာတော်ပါစေ....မရိုင်းပါနဲ့''
Card to

#နေမင်းခန့် # # # #

မူလတန်းမှ အလယ်တန်းအထိ ကလေးများအတွက် Fun Brainကလေးတွေ အိမ်မှာ စာဖတ်နေဖို့အရေးကြီးပါတယ်။ အိမ်မှာ Internet ရှိသူ မိဘများကို...
02/05/2024

မူလတန်းမှ အလယ်တန်းအထိ ကလေးများအတွက် Fun Brain

ကလေးတွေ အိမ်မှာ စာဖတ်နေဖို့အရေးကြီးပါတယ်။

အိမ်မှာ Internet ရှိသူ မိဘများကို Fun Brain ဆိုတဲ့ free သုံးလို့ရတဲ့ website လေးကို မိတ်ဆက်ပေးချင်ပါတယ်။ KG မှ Grade 8 အထိ သင့်တော်ပါတယ်။

ဒီ website မှာ ကလေးတွေ အင်္ဂလိပ်စာဖတ်မှုစွမ်းရည် reading skills တိုးတက်စေဖို့ ပုံပြင်စာအုပ်လေးတွေ အများကြီး ဖတ်ဖို့ တင်ပေးထားပါတယ်။

အင်္ဂလိပ်စာအပြင် သင်္ချာအတွက်လည်း topic အလိုက် interactive game လေးတွေ ဆော့ဖို့ အများကြီးပေးထားတယ်။ comics တွေလည်းပါတယ်။

ကျွန်တော် သဘောအကျဆုံးကတော့ Reading section ပါပဲ။
အောက်မှာပေးထားတဲ့ link လေးကို နှိပ်ပြီး ဝင်ကြည့်နိုင်ပါတယ်။

https://www.funbrain.com/books

Credit

22/10/2023

** ပထမနှစ်ဝက် ကျောင်းပိတ်ရက်‌ ကြေငြာခြင်း**

DailyClass နဲ့ Online အတန်းများအတွက် ပထမနှစ်ဝက် ‌ကျောင်းပိတ်ရက်ဟာ **အောက်တိုဘာ ၂၂ရက်** နေ့တွင် စတင်မည်ဖြစ်ပြီး **အောက်တိုဘာ ၃၁၊ ၂၀၂၃** အထိဖြစ်ပါတယ်။
Young Learners Weekends Class များကတော့ October 27 ရက် မှာ စတင်ပိတ်ပါမည်
Young Learners Weekends အတန်းများကို နိုဝင်ဘာ ၄ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး Daily Class နဲ့ Online တန်းများကိုတော့ ၁ရက်နေ့မှစပြီး အတန်းအလိုက် သက်ဆိုင်ရာရက်များမှာ ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

လူကြီးမင်းတို့မိသားစု မင်္ဂလာရှိတဲ့ သီတင်းကျွတ် အားလပ်ချိန်ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့လည်း တောင်းဆုပြုအပ်ပါတယ်။

ပျော်ရွှင်သောအားလပ်ရက်ဖြစ်ပါစေ။

TKECTeam

အကြားအာရုံမသန်းစွမ်းကလေးများအတွက် ဆရာဖြစ်သင်တန်းSign Language သင်ကြားနည်းကို ဘယ်မှာလေ့လာရမလဲလို့ ကျနော့်ကို ဆရာမတဦးက မေး...
06/07/2023

အကြားအာရုံမသန်းစွမ်းကလေးများအတွက် ဆရာဖြစ်သင်တန်း

Sign Language သင်ကြားနည်းကို ဘယ်မှာလေ့လာရမလဲလို့ ကျနော့်ကို ဆရာမတဦးက မေးဘူးပါတယ်။ ဘယ်သူဆိုတာတော့ မမှတ်မိတော့ပါဘူး။ ဒါကြောင့် ဒီနေရာကဖေါ်ပြပေးတာပါ။

မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်း၊ ရန်ကုန်က ဆရာဖြစ်သင်တန်းအတွက် လျှောက်လွှာခေါ်ယူနေပါတယ်။ အောက်ပါ အကြောင်းကြားစာ အတိုင်းလျှောက်ထားနိုင်ပါတယ်။

02/06/2023

Address

Mandalay
02

Telephone

+959966266626

Website

Alerts

Be the first to know and let us send you an email when TKEC Education Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to TKEC Education Centre:

Shortcuts

Share

Category