23/04/2026
သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မန္တလေး) ၏
ပထမနှစ် သင်တန်းသား ခေါ်ယူခြင်း
အခြေခံပညာ Grade - 9 အောင်မြင်ပြီး ပညာဆက်လက် သင်ယူရန် အခက်အခဲ ရှိသူများ၊ အသက်မွေးဝမ်းကျောင်းပညာသင်ယူပြီး လုပ်ငန်းခွင် ဝင်ရောက် လုပ်ကိုင်လိုသူများအတွက်
စာရင်းရေး စာရင်းကိုင် သက်မွေးပညာများ သမဝါယမပညာရပ်များကို အခမဲ့ သငိကြားပို့ချပေးခြင်း
နေထိုင်ရန် အဆောင််များ အခမဲ့ စီစဥ်ပေးခြင်း
နေ့စဥ် စားသောက်မှုများ အခမဲ့စီစဥ်ပေးခြင်း
ပြဋ္ဌာန်စာအုပိများ အခမဲ့ ထောက်ပံ့ပေးခြင်း
ပညာသင်စရိတ်များ ထောက်ပံ့ပေးခြင်း
သင်တန်းပြီးမြောက်ပါက အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေပေးခြင်းတို့ကို ဆောငိရွကိပေးလျကိရှိပါတယ်
တက်ရောကိနိုင်သော သင်တန်းသားအရည်အချငိးများမှာ အောကိပါအတိုင်း ဖြစ်ပါတယ်-
(၁) အနည်းဆုံး အခြေခံပညာအဆငိ့တွင် Grade - 9 အောင်မြင်ပြီးသူ ဖြစ်ရမည်
(၂) ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ရမည်
(၃)အိမ်ထောင်မရှိ အပျို/လူပျို ဖြစ်ရမည်
(၄) အသက် ၁၆ နှစ်မှ ၂၅ နှစ်အတွင်း ဖြစ်ရမည်
(၁၅-၆-၂၀၂၆) ရက်နေ့နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက
ဖုန်း 09 420701634
09793595364 သို့ ဆကိသွယ်မေးမြန်းနိုင်ပါသည်။
သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မန္တလေး)
၈၃ လမ်း၊ ၂၅x၂၆ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့
03/03/2026
သမဝါယမစာရင်းရေး၊စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မန္တလေး)၊ ၂၀၂၅-၂၀၂၆ပညာသင်နှစ် ပထမနှစ်သင်တန်းသားများနှင့် ဒုတိယနှစ် သင်တန်းသား/သူ များသည် သမဝါယမကောလိပ်(မန္တလေး)နှင့် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓမြတ်ပွားတော် ၊ MRTV သတင်းဌာန၊ စစ်သမိုင်းပြတိုက် ၊ ဗုဒ္ဓဂါယာနှင့် ရေပန်းဥယျာဉ်တို့အား (၂၈-၂-၂၀၂၆)ရက်နေ့မှ (၂-၃-၂၀၂၆)နေ့အထိ သွားရောက်လေ့လာခဲ့ပါသည်။
09/01/2026
ပြင်ဦးလွင်မြို့၊ ဈေးသမဝါယမ အသင်းသို့ ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသား၊သူများ ကွင်းဆင်းလေ့လာကြပါသည်။
04/01/2026
လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်း ယှဉ်ပြိုင်ခြင်း
04/01/2026
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသားများ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပပြုလုပ်ပြီး ပထမ၊ဒုတိယ၊ တတိယ နှငိ့ နှစ်သိမ့်ဆုများ ပေးအပ်ချီးမြှင့်ပါသည်
24/12/2025
၁၇.၁၂.၂၀၂၅ ရက်နေ့ လက်တွေ့ကွင်းဆင်း ဆောင်ရွက်ခဲ့သော ဒုတိယနှစ်နှစ် ကျောင်းသား/သူများမှ ရရှိလာသော စာရင်းဇယားဆိုင်ရာ အချက်အလက်များအား အဖွဲ့၂ဖွဲ့ခွဲ၍ ရှင်းလင်းတင်ပြရာ အဖွဲ့ (၂) ဖွဲ့လုံးမှ ရှင်းလင်းတင်ပြမှုများ အထူးကောငိးမွနိပါသဖြင့် အဖွဲ့( ၂) လုံးအား
ပူးတွဲ ပထမ ဆုများ အသီးသီး ရရှိခဲ့ကြပါသည်။ စစ်မှုထမ်းဟောင်း ငွေစုငွေချေး သမဝါယမအသင်း နှင့် သီတာရေကြောင်းငွေစုငွေချေး သမဝါယမအသင်းမှ တာ၀န်ရှိသူများကလည်း ဆုငွေများ ချီးမြှင့်ကြပါသည်
23/12/2025
သမဝါယမ စာရင်းရေး စာရင်းကိုင် သက်မွေး ပညာသင်တန်းကျောင်း(မန္တလေး)၏ ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် သင်တန်းသားစံပြဆု ရရှိသူ မောင်ဇော်ထက်နိုင် နှင့် မောင်မြင့်ဟန်ထွန်း
23/12/2025
၁၆.၁၂.၂၀၂၅ ရက်နေ့ လက်တွေ့ကွင်းဆင်း ဆောင်ရွက်ခဲ့သော ပထမနှစ် ကျောင်းသား/သူများမှ ရရှိလာသော စာရင်းဇယားဆိုင်ရာ အချက်အလက်များအား အဖွဲ့၃ဖွဲ့ခွဲ၍ ရှင်းလင်းတင်ပြရာ အဖွဲ့ (၂) မှ ပထမဆု , အဖွဲ့ (၃)နှင့်(၁)မှ
ပူးတွဲ ဒုတိယ ဆုများ အသီးသီး ရရှိခဲ့ကြပါသည်