We will be back.
Nexus
Online Learning Platform for Business and Management
25/01/2021
Management
စီမံခန့်ခွဲမှု
စီမံခန့်ခွဲမှု နဲ့ပတ်သက်လို့ ချုံငုံ လေ့လာမယ်ဆိုရင် အဓိက ၇ ပိုင်း ရှိပါတယ် ။
7M လို့လဲ သုံးနှုန်းကြပါတယ်။
1. Man
လူတွေကိုစီမံခြင်းပါပဲ။ အခက်အခဲဆုံးအပိုင်းလို့ပြောနိုင်ပါတယ်။ စိတ်နေစိတ်ထား ၊ လုပ်ပုံကိုင်ပုံ၊ တွေးခေါ်ပုံ စတာတွေကမတူညီတော့ စီမံခန့်ခွဲမှုတွေထဲမှာ အခက်အခဲအဖြစ်ဆုံးအပိုင်းဖြစ်ပါတယ်။လူကြောနပ်ဖို့လိုသလို လူတွေနဲ့အလုပ်တွေကိုပြီးမြောက်အောင် ကြိုးစားတက်ဖို့လိုပါတယ်။
2.Money
ငွေရေးကြေးရေးပိုင်းပါ။ လူတိုင်းက ငွေနဲ့ကင်းနေလို့မရပါဘူး။ ဒါကြောင့် ငွေကိုလဲ ကောင်းကောင်းစီမံနိုင်ရပါတယ်။ လုပ်ငန်းအတွက်ဆိုရင် Financial Statement ပိုင်းကျွမ်းကျင် ထားသင့်သလို လူတစ်ဦးတစ်ယောက်ချင်းရဲ့ ငွေကြေးပိူင်းဖြစ်တဲ့ Personal Finance ကိုလဲ ကျွမ်းကျင်အောင်စီမံနိုင်ရပါမယ်။
3.Minute
အချိန်တွေကို စီမံခြင်းပေါ့။အသက်ဟာအချိန်ပါပဲ။အဓိက နဲ့သာမည ကောင်းကောင်း ခွဲခြားတတ်ခြင်းဟာ Time Management ရဲ့အဓိက အသက်ပါပဲ။ အချိန်တွေကိုကောင်းစွာစီမံခန့်ခွဲနိုင်ရင် အလုပ်တွေလဲ ထိထိရောက်ရောက်ဖြစ်ပါလိမ့်မယ်။
4.Machine
စက် ပစ္စည်းကိရိယာကို သေချာဂရုတစိုက်စီစဉ်စီမံနိုင်ခြင်းကိုဆိုလိုတာပါ။ အလေအလွှင့်မရှိမဖြစ်ဖို့ လိုအပ်သလို ထိန်းသိမ်းဖို့လဲလိုပါတယ်။ စက် တွေကို ကောင်းစွာ လည်ပတ်ခြင်းဟာ အလုပ်တွေကိုမြန်မြန်ဆန်ဆန်ပြီးမြောက်စေပါတယ်။
5.Market
စျေးကွက် ကိုလဲစီမံနိုင်ဖို့လိုပါသေးတယ်။ စျေးကွက်ကို မျက်ချေမပြတ်လေ့လာဖို့လိုအပ်သလို Marketing Management လို့ခေါ်တဲ့ စျေးကွက်ဖော်ဆောင်မှုမှာလဲ စီမံနိုင်ဖို့လိုပါလိမ့်မယ်။ စျေးကွက် လိုအပ်ချက် Demand လိုစဉ်ဆက်မပြတ်ဖြည့်ဆည်းနိုင်ရပါမယ်။
6.Method
နည်းလမ်း ပါ။
နည်းလမ်းကျကျ အလုပ်လုပ်ခြင်းပါ။ နည်းစနစ်နဲ့အလုပ်လုပ်တာကိုဆိုလိုပါတယ်။ လုပ်ငန်းလုပ်ကိုင်ရာမှာ သက်ဆိုင်ရာ လုပ်ငန်းစဉ်တွေကို နည်းစနစ်ကျကျ လုပ်ကိုင်နိုင်ရပါမယ်။နည်းစနစ်တည်ဆောက်ပြီး
7.Materials
ပစ္စည်း ကိရိယာ အပိုင်းပါ။
အလုပ်မှာ ရုံးမှာအသုံးပြုနေတဲ့ ရုံးပိုင်းဆိုင်ရာ စာရွက်စာတမ်းတွေ ပစ္စည်း ကိရိယာတွေကိုဆိုလိုပါတယ်။ Material တွေကို Management လုပ်တဲ့အခါ သူ့နေရာနဲ့သူ ထားဖို့ ၊ ရိုရိုသေသေကိုင်တွယ် ဖို့လိုပါတယ်။
အချုပ်ပြောရရင် Management ဆိုတာ လူတွေကိုစီမံခြင်း၊ အချိန်တွေကိုစီမံခြင်း၊ ငွေကိုစီမံခြင်း စသဖြင့်အပိုင်းခဲွဲပြီးလုပ်ဆောင်ရပါတယ်။ တစ်ပိုင်းခြင်းဆီမှာ အထိုက်အလျောက်ကျွမ်းကျင်နေရပါမယ်။
Management ကျွမ်းကျင်ချင်ရင် 7M ကိုသာ ကောင်းကောင်းကျွမ်းကျင်အောင်ကြိုးစားပါ။
24/01/2021
Personal Brand ကိုတည်ဆောက်မှာလား?
Business Brand ကိုတည်ဆောက်မှာလား?
ငွေရှာဖွေတဲ့အခါ Personal Brand ကို အသုံးချပြီး ရှာလို့ရသလို Business Brand ကိုအသုံးချပြီးလဲ ရှာနိုင်ပါတယ်။
ဒီတော့ Brand အကြောင်းနည်းနည်းပြောရအောင်။
အရင်ဆုံး Personal Brand ပေါ့။
Personal Brand ဆိုတာက ကိုယ် နဲ့ပဲအဓိက သက်ဆိုင်ပါတယ်။ လူတစ်ယောက်ရဲ့ Lifestyle လူနေမှုအဆင့်အတန်း၊ interest စိတ်ဝင်စားမှု ၊ အပြောအဆို အပြုအမှု စတာတွေဟာ လူတစ်ယောက်ရဲ့ Personal Brand ကိုဖြစ်စေပါတယ်။ Negative လား? Positive လား? ဒါပဲကွာပါလိမ့်မယ်။ လုပ်ကိုင်နေတဲ့ အလုပ်ပေါ်မှာလဲ သက်ဆိုင်မှုရှိပါတယ်။ လူတချို့က သူတို့ရဲ့ Personal brand ကို အသုံးချပြီး Business ကိုတည်ဆောက်ကြပါတယ်။ ကမ္ဘာ မှာဆိုရင် C Ronaldo ရဲ့ CR7 ရှိသိလို Michael Jordan ရဲ့ Nike Air Jordan ဖိနပ် ရှိပါတယ်။ ဒါအပြင် Dr. Dre ၊ Kanye West ၊ Victoria Secret ၊Kylie Jenner တို့လဲ Personal Brand ကိုအသုံးချပြီး Business တွေတည်ဆောက်ကြပါတယ်။
Personal Brand ကို တည်ဆောက်ရာမှာ Personal Website ကိုအသုံးပြုပြီး တည်ဆောက်ကြသလို Social Media Account Social Media Page တွေကနေတဆင့်လဲတည်ဆောက်ကြပါတယ်။
Personal Branding ကိူ ပိုပြီးတည်ဆောက်သူအများစုဟာတော့ အနုပညာရှင်တွေ၊ စာရေးဆရာတွေ ၊ Professional Speaker တွေ၊ Coaching နဲ့အသက်မွေးဝမ်းကြောင်းပြုနေတဲ့သူတွေ ဖြစ်ပါတယ်။
နောက်တစ်ခု က Business Brand ပါ။
Business Brand ကတော့ လုပ်ငန်းကိုပဲ အဓိက နာမည် ယူတာပါ။ လုပ်ငန်းအတွက်ပဲ နာမည်တည်ဆောက်တယ် ဆိုပါတော့။ တစ်ခုရှိတာက Business Brand ဆိုတာက Personal Brand လို လူပေါ်မူတည်ပြီး စီးပွားရှာတာမဟုတ်ပါဘူး။ ကမ္ဘာ ပေါ်မှာ အောင်မြင်နေတဲ့ Business Brand များစွာရှိပါတယ်။ Apple ၊ KFC ၊ Nike ၊ Coca Cola စသည်ဖြင့် များစွာရှိကြပါတယ်။ Business Brand ဟာ Personal Brand ထက်အချိန်ပိုယူပြီး တည်ဆောက်ရတဲ့ သဘောရှိပါတယ်။
Business Brand ကိုတည်ဆောက်တဲ့နေရာမှာ Design. Marketing Strategy ပိုင်းစတာတွေဟာ အင်မတန်အရေးကြီးပါတယ်။
မည်သို့ပင်ဖြစ်စေ ယနေ့ခေတ်မှာ စီးပွားရှာတဲ့အခါ Branding ဟာ အင်မတန်အရေးပါလှပါတယ်။ Personal Brand ပေါ်မူတည်ပြီး ဖြစ်စေ Business Brand ပေါ်မူတည်ပြီးဖြစ်စေ တစ်ခုခုတော့တည်ဆောက်ဖို့ လိုအပ်ပါတယ်။ မဟာဗျူဟာကျကျတည်ဆောက်ဖို့လဲလိုအပ်ပါသေးတယ်။ လူတွေရဲ့ ဝယ်ယူမှုဟာ Branding ပေါ်မှာလဲ အင်မတန်မူတည်ပါတယ်။ တံဆိပ် ကိုစွဲသုံးတဲ့လူတွေများစွာရှိပါတယ်။ Branding ကိုတည်ဆောက်တဲ့အခါမှာ ဆောင်ရန်ရှောင်ရန်တွေလဲရှိပါသေးတယ်။
လူတွေကိုယ့်အပေါ်ဘယ်လိုမြင်လဲ?
လူတွေလုပ်ငန်းအပေါ်ဘယ်လိုမြင်လဲ?
ဒါဟာ Branding ရဲ့အခြေခံပါပဲ ။
အဲ့တော့ သင်ကိုယ်တိုင်
Personal Brand ကိုတည်ဆောက်ချင်တာလား ?
Business Brand ကိုတည်ဆောက်ချင်တာလား?
Comment ရေးခဲ့နိုင်ပါတယ်။
စီးပွားရေးနဲ့ စီမံခန့်ခွဲမှုပညာရပ်တွေအတွက် Nexus မှာ သင်ကြားနိုင်ပါတယ်။
22/01/2021
ကိုယ်ပိုင်လုပ်ငန်း တစ်ခုကို ဘယ်လိုစီမံခွဲမလဲ ?
လုပ်ငန်းတစ်ခုကို ရိုးရှင်းစွာနဲ့အောင်မြင်လုပ်ဖို့မခက်ခဲပါဘူး ။
Market Research
စျေးကွက်သုတေသန
ပထမဆုံး ကိုယ်လုပ်မည့် လုပ်ငန်းရဲ့ စျေးကွက်အခြေအနေလေ့လာပါ။ ကိုယ်က စျေးကွက်ဝင်ရင် Market Share ဘယ်လောက်ရနိုင်မလဲ? လုပ်ငန်းလုပ်နေရင်းလဲ တစ်ဖက်မှာ ပြိုင်ဘက်တွေဘယ်လောက်တိုးလာလဲ? Customer Behaviour လို့ ခေါ်တဲ့ စားသုံးသူတွေရဲ့ အမူအကျင့်တွေပုံစံတွေကပြောင်းလဲလာပြီလား?စသည်ဖြင့် လေ့လာနေဖို့လိုပါတယ်။စျေးကွက်ကို မျက်ခြေမပျက်လေ့လာနေပါ။
Marketing
လူတွေသိအောင်လုပ်တာ ၊ လူတွေဝယ်အောင်လုပ်တာ၊ ဒါပါပဲ။ ရောင်းချခြင်းဟာလဲ Marketingပါပဲ။ လုပ်ငန်းအစပိုင်းရဲ့ အသက်ဟာ Marketing နဲ့ Sale ပါပဲ။ ရောင်းအားကောင်းလာမှသာလျှင်လုပ်ငန်းကိုအရှိန်တင်နိုင်မှာဖြစ်ပါတယ်။ ငွေရှာပေးမှာ Sale ပါ။ အရောင်းကောင်းမှလုပ်ငန်းကြီးထွားလာမှာပါ။ Marketing ကိုပိုင်နိုင်ပါစေ။
Value Delivery and Operations
ကိုယ်လုပ်ငန်း က ထုတ်တဲ့ ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုကို သုံးစွဲသူလက်ထဲရောက်အောင် ဘယ်လိုလုပ်မလဲ?လုပ်ငန်းစဉ်ကောင်းတစ်ခူဖြစ်အောင်လုပ်ပါ။ Customer တွေ ပေးရတဲ့ ငွေ နဲ့ ရသွားတဲ့တန်ဖိုး အနည်းဆုံးတော့ညီပါစေ။ ပိုပေးပါ။ စိတ်ကျေနပ်သွားအောင်လုပ်ပါ။နောက်ပြီး Operation ပိုင်းပါပဲ။ဝန်းထမ်းစီမံမှုတွေအလုပ်စီမံမှုတွေဟာ အဓိက ပါဝင်ပြီး လုပ်ငန်းစနစ်ကျဖို့လဲလိုအပ်ပါတယ်။
Customer Service
ဝန်ဆောင်မှု ကောင်းအောင်လုပ်ပါ။ Service မည့ံပါစေနဲ့ ။ ပြေပြေလည်လည်ဆက်ဆံပါ။ Complain တွေကိုကောင်းကောင်းဖြေရှင်းပါ။ထုတ်ကုန်လဲကောင်းပါစေ။ ဝန်ဆောင်မှုလဲကောင်းပါစေ။
Finance
ငွေကြေးပိုင်းလဲကောင်းကောင်းကိုင်တွယ်တတ်ဖို့လိုပါလိမ့်မယ်။ လုပ်ငန်းရဲ့အဓိက ရည်ရွယ်ချက်က Profit ပါ။ရရှိလာတဲ့ဝင်ငွေကိုအကောင်းဆုံး စီမံဖို့လိုပါတယ်။
တကယ်တော့ လုပ်ငန်းတစ်ခုကို Run တဲ့အခါ ဖော်ပြပါအချက်တွေကိုပိုင်နိုင်စွာ စီမံနိုင်ရင်အောင်မြင်ပါတယ်။အောင်မြင်နေတဲ့လုပ်ငန်းတိုင်းဟာ ဒီအပိုင်းတွေကို တစ်ပိုင်းခြင်းစီစနစ်ကျအောင်လုပ်ဆောင်လို့ဖြစ်ပါတယ်။
ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အခါ လုပ်ငန်းက ကိုယ့်ကိုပိုင်သွားတက်ပါတယ်။ဒီလိုမဖြစ်ရလေအောင် ကောင်းစွာစီမံထားဖို့လိုအပ်ပါတယ်။
https://www.facebook.com/102931717957202/posts/190727929177580/
07/11/2020
Business Plan ရေးဆွဲနည်း သင်တန်း
သင်ဟာ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ရည်ရွယ်ချက်ရှိသူ
တစ်ယောက်လား?
သင်ဟာလုပ်ငန်းကို စနစ်တကျ တည်ထောင်လိုသူလား?
Plan မရှိရင် ပလက်လန် တတ်ပါတယ်။
ဖြစ်သလိုအလုပ်လုပ်တာထက်
စနစ်တကျ အလုပ်လုပ်ခြင်းဟာ
ပိုအောင်မြင်နိုင်ပါတယ်။
Business Plan ရေးဆွဲနည်းအတန်းကနေ
ဘာတွေသင်ကြားမှာလဲ ?
👉 Why Business Plan ?
အစီအစဉ်ဘာကြောင့်အရေးကြီးလဲ
👉 Profile Your Business
လုပ်ငန်းပုံကြမ်းရေးဆွဲခြင်း
👉 Define Customer
စားသုံးသူတွေကိုသတ်မှတ်ခြင်း
👉 Industry Analysis
နယ်ပယ်ကိုသုံးသပ်ခြင်း
ဒါ့အပြင် Analysis လုပ်နည်းတွေပါ ပါဝင်ပါမယ်
👉 Marketing Plan ရေးဆွဲနည်း
👉 ကိုယ်ပိုလုပ်ငန်းစရန်လိုအပ်သည့်
Financial Plan
👉 Human Resource Plan
အပြင်
👉 Operation Plan ပါ ပါဝင်မှာဖြစ်ပါတယ်
ဘယ်လိုသင်ကြားမှာလဲ ?
📱 Facebook Group မှသင်ကြားပေးပါမည်
ဘယ်အချိန်သင်ကြားမှာလဲ ?
Video နဲ့ စာ တွေ တင်ပေးထားမှာမလို့ ကိုယ်အဆင်ပြေတဲ့အချိန်လေ့လာနိုင်ပါတယ်။
Video အပုဒ် ၄၀ ကျော်ပါဝင်ပါမယ်။
လေ့လာရုံတင်မရပါဘူး တခါထဲ လက်တွေ့လုပ်ဆောင်ဖို့ Exercise တွေပေးပါမယ်။
လုပ်ငန်းစဖို့ရည်ရွယ်ထားရင် တခါထဲ လုပ်ငန်းစလုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်။
အခမဲ့ ဆွေးနွေးပေးပါမယ်။
သင်တန်းပြီးဆုံးကြောင်း Certificate ရရှိပါမည်။
*လိုအပ်ပါကCertificateကို အိမ်တိုင်ရာရောက်ပို့ဆောင်ပေးပါမည်*
💎ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုပိုင်ဆိုင်ထားခြင်းဟာ
သင့် သားသမီးအတွက် ပညာအမွေတင်မက လုပ်ငန်းအမွေပါ ပေးစွမ်းနိုင်ပါသည်
ဘယ်နေ့ စ သင်ကြားမှာလဲ
သင်တန်းကြေးပေးသွင်းပြီးတာနဲ့ သင်ကြားနိုင်ပါပြီ
သင်တန်းကာလ - ၄၅ ရက်
သင်တန်းကြေး - 120000 ကျပ်
ပထမဆုံးအပ်နှံသူ 20 ဦးအတွက် - 59000 ကျပ်
အထူး Bonus အဖြစ်
Business Model Convas သင်တန်းကိုပါဆက်လက်သင်ကြားနိုင်ပါမည်
(သင်တန်းကြေး ကို KBZ / AYA / CB / AGD / UAB
တို့မှ ငွေသွင်းနိုင်သလို
KBZ pay နဲ့ Wave Money မှလဲ ငွေပေးသွင်းနိုင်ပါသည်)
Nexus Academy ရဲ့ Messenger မှဆက်သွယ်ဆုံစမ်းနိုင်ပါပြီ
Email : [email protected]
Phone : 09772885466
Business Plan ရေးဆွဲနည်း သင်တန်း
သင်ဟာ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ရည်ရွယ်ချက်ရှိသူ
တစ်ယောက်လား?
သင်ဟာလုပ်ငန်းကို စနစ်တကျ တည်ထောင်လိုသူလား?
Plan မရှိရင် ပလက်လန် တတ်ပါတယ်။
ဖြစ်သလိုအလုပ်လုပ်တာထက်
စနစ်တကျ အလုပ်လုပ်ခြင်းဟာ
ပိုအောင်မြင်နိုင်ပါတယ်။
Business Plan ရေးဆွဲနည်းအတန်းကနေ
ဘာတွေသင်ကြားမှာလဲ ?
👉 Why Business Plan ?
အစီအစဉ်ဘာကြောင့်အရေးကြီးလဲ
👉 Profile Your Business
လုပ်ငန်းပုံကြမ်းရေးဆွဲခြင်း
👉 Define Customer
စားသုံးသူတွေကိုသတ်မှတ်ခြင်း
👉 Industry Analysis
နယ်ပယ်ကိုသုံးသပ်ခြင်း
ဒါ့အပြင် Analysis လုပ်နည်းတွေပါ ပါဝင်ပါမယ်
👉 Marketing Plan ရေးဆွဲနည်း
👉 ကိုယ်ပိုင်လုပ်ငန်းစရန်လိုအပ်သည့်
Financial Plan
👉 Human Resource Plan
အပြင်
👉 Operation Plan ပါ ပါဝင်မှာဖြစ်ပါတယ်
ဘယ်လိုသင်ကြားမှာလဲ ?
Facebook Group မှသင်ကြားပေးပါမည်။
ဘယ်အချိန်သင်ကြားမှာလဲ ?
Video နဲ့ စာ တွေ တင်ပေးထားမှာမလို့ ကိုယ်အဆက်ပြေတဲ့အချိန်လေ့လာနိုင်ပါတယ်။
Video အပုဒ် ၄၀ ကျော်ပါဝင်ပါမယ်။
လေ့လာရုံတင်မရပါဘူး တခါထဲ လက်တွေ့လုပ်ဆောင်ဖို့ Exercise တွေပေးပါမယ်။
လုပ်ငန်းစဖို့ရည်ရွယ်ထားရင် တခါထဲ လုပ်ငန်းစလုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်။
အခမဲ့ ဆွေးနွေးပေးပါမယ် ။
သင်တန်းပြီးဆုံးကြောင်း Certificate ရရှိပါမည်။
လိုအပ်ပါကCertificateကို အိမ်တိုင်ရာရောက်ပို့ဆောင်ပေးပါမည်။
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုပိုင်ဆိုင်ထားခြင်းဟာ
သင့် သားသမီးအတွက် ပညာအမွေတင်မက လုပ်ငန်းအမွေပါ ပေးစွမ်းနိုင်ပါသည်။
ဘယ်နေ့ စ သင်ကြားမှာလဲ ?
သင်တန်းကြေးပေးသွင်းပြီးတာနဲ့ သင်ကြားနိုင်ပါပြီ။
သင်တန်းကာလ - ၄၅ ရက်
သင်တန်းကြေး - 120000 ကျပ်
ပထမဆုံးအပ်နှံသူ 20 ဦးအတွက် - 59000 ကျပ်
အထူး Bonus အဖြစ်
Business Model Convas သင်တန်းကိုပါဆက်လက်သင်ကြားနိုင်ပါမည်
(သင်တန်းကြေး ကို KBZ / AYA / CB / AGD / UAB
တို့မှ ငွေသွင်းနိုင်သလို
KBZ pay နဲ့ Wave Money မှလဲ ငွေပေးသွင်းနိုင်ပါသည်)
Nexus Academy ရဲ့ Messenger မှဆက်သွယ်ဆုံစမ်းနိုင်ပါပြီ
Email : [email protected]
Phone : 09772885466
02/11/2020
Inside investor's mind
ရင်းနှီးမြှပ်နှံသူတွေကြည့်တဲ့အဓိကအချက်၃ ချက်
ကိုယ့်ရဲ့Startup ရဲ့ idea တွေကို investor တွေကို pitch လုပ်တာ့မယ်ဆိုရင် investor ရဲ့စိတ်ထဲမှာဘာတွေတွေးတတ်တယ်ဆိုတာကို သိထားသင့်ပါတယ်။investor တွေဆိုတာက 100 ရင်းရင် 1 million လောက်ပြန်ရချင်တဲ့လူတွေပါ။ အဲ့တော့ သူတို့က အကြီးကြီးတွေကိုပဲတွေးပြီး အလုပ်လုပ်ပါတယ်။ ဒီတော့ investor တွေက ဘာတွေကိုကြည့်ပြီး ကိုယ့်ရဲ့ ideaကို ဆုံးဖြတ်သုံးသပ်လဲဆိုတာကိုတစ်ချက်ကြည့်လိုက်ရအောင်။
1.Team
ဒီနေရာမှာTeam ကအရမ်းအရေးကြီးပါတယ်။
Investor တွေက သူတို့နဲ့ 5 နှစ် 6နှစ်လောက်အလုပ်တွဲလုပ်ရမဲ့ team ရဲ့အခြေအနေကိုသေချာသုံးသပ်လေ့လာတတ်ပါတယ်။ Team တစ်ခုမှာ Hacker Hustler and Hipster သုံးမျိုးလုံးပါတာကိုသဘောကျပါတယ်။ Team မှာလူအရမ်းများနေရင်လဲမကောင်းပါဘူး။၂-၅ ယောက်လောက်ကအကောင်းဆုံးပါ။နောက်ဆုံးအနေနဲ့ ဘယ်သူက Product ကို build လုပ်မှာလဲဆိုတာကိုမေးတတ်ပါတယ်။
2.Product
ကိုယ်ကဘာလုပ်မှာလဲ ကိုယ့်ရဲ့Product က easy to build ဖြစ်လား ဘယ်လောက် unique ဖြစ်လဲ ဆိုတာကိုသူတို့က သုံးသပ်ပါတယ်။
ဥပမာ covid 19 အတွက် vaccine ထုတ်မယ်ဆိုရင်
ဒီနိုင်ငံက ကျောင်းပြီးထားတဲ့လူတွေနဲ့ build လုပ်မယ်ဆိုရင် သိပ်မဖြစ်နိုင်ဘူးဆိုတာကို သူတို့သိပါတယ်။
အဲ့တော့ risk ယူလိမ့်မှာမဟုတ်ပါဘူး။နောက်တစ်ခုအနေနဲ့က ကိုယ့် product ကလူတွေရဲ့ problem တွေအတွက် solution အမှန်ရောဖြစ်ရဲ့လားဆိုတာကိုလဲသုံးသပ်ပါတယ်။Pain point အကြီးကြီးရှိတဲ့ problem တွေအတွက် solution ကောင်းဆိုရင်တော့ Investor တွေသဘောကျတတ်ကြပါတယ်။
3.Big Market
အစောကပြောခဲ့သလိုပဲ Investor တွေက 100 ရင်းပြီး 1 million လောက်ပြန်လိုချင်ကြတယ်ဆိုတဲ့အတိုင်း ကိုယ့်ရဲ့ market size က သူတို့တွေ ပြန်လိုချင်တဲ့ ပမာဏရှိရဲ့လားဆိုတာကို စဥ်းစားပါတယ်။ ကိုယ့် product က market မှာFit ဖြစ်ရဲ့လားဆိုတာကို လဲထည့်စဥ်းစားတတ်ပါတယ်။
တစ်ခြားအချက်တွေလဲ ရှိသေးပေမဲ့ ဒီသုံးချက်ကတော့ အဓိကအချက်တွေပေါ့။ အကောင်းဆုံးအကြံပေးချင်တာကတော့ Vcs ဖြစ်ဖြစ် angels တွေကို pitch မယ်ဆိုရင် Business plan ကိုသေချာလေးပြင်သွားသင့်ပါတယ်။ ကိုယ့်မှာ product ရော
paying customer အနည်းငယ်ပါရှိနေရင်တော့အကောင်းဆုံးပေါ့။
25/10/2020
"ပြိုင်ဘက်တွေဆီက လေ့လာသင်ယူပါ"
Learn from competitors
ပထမဆုံး လုပ်ငန်းကိုစလုပ်တဲ့လူတွေစိုးရိမ်တတ်ကြတာတစ်ခုရှိပါတယ်။ အဲ့တာကသူတို့ရဲ့ Business idea က ပထမဦးဆုံး market ထဲဝင်မဲ့ idea ဟုတ်ပါ့မလားဆိုတာကိုပါ။ ဒါဟာကိုယ့်ရဲ့ competitor အပေါ်မှာစိုးရိမ်စိတ်ရှိတဲ့သဘောပဲဖြစ်ပါတယ်။
ဒါပေမဲ့ ဒါဟာစိုးရိမ်စရာမဟုတ်ပါဘူး။ တကယ်တမ်းတော့ compete လုပ်ရတာကကိုယ့်အတွက် အကျိုးပိုရှိစေနိုင်ပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့က
နောက်မှဝင်လာတဲ့ business ဆိုရင် ကျနော်တို့ရဲ့အရှေ့မှာကိုယ့် competitor က paying customer ကိုရှာပြပြီးသွားပါပြီ။ အဲ့တော့ ကိုယ့် idea က market နဲ့ fit ဖြစ်မဖြစ်သိပ်စဥ်းစားစရာမလိုတော့ဘဲ
idea ကို develope ဆက်လုပ်ဖို့ပဲ အာရုံစိုက်ရပါမယ်။ နောက်တစ်ချက်က ကိုယ့်competitor ရဲ့ product တွေကိုဝယ်သုံးကြည့်ပါ။ သူကcustomer တွေကိုဘယ်လိုစွဲဆောင်နေတယ် သူရဲ့အားနည်းချက်တွေဘာတွေရှိတယ် အားသာချက်ကဘာတွေလဲဆိုတာကို သုံးသပ်ပြီး ကိုယ့် business မှာဖြည့်စွက်လို့ရပါတယ်။ Facebook ဆိုရင်လဲ ပထမဆုံး social media platform မဟုတ်ပါဘူး။ Google ဆိုရင်လဲပထမဆုံး search engine မဟုတ်ပါဘူး။ သူတို့တွေက သူတို့ရဲ့ competitor တွေက ဘယ်problem တွေကိုတကယ် solve ပေးနေလဲ ဘယ်အရာတွေမှာလိုအပ်ချက်ရှိနေတယ်ဆိုတာကို လေ့လာပြီးမှ competitor တွေထက်ကောင်းတဲ့ value ကိုပေးခဲ့ကြတာဖြစ်ပါတယ်။ ဆိုတော့ competitor တွေဆီကသင်ယူပါ သူတို့ထက်ပိုကောင်းတဲ့ value တွေကို ဖန်တီးနိုင်ကြပါစေ။
16/10/2020
စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေမှားလေ့ရှိတဲ့အမှား ၁၀ ခု
1. Not Passionate About their business idea
ကိုယ်လုပ်မဲ့ လူပ်ငန်းအပေါ်မှာ၊ idea အပေါ်မှာ စိတ်အားပြင်းပြမှု မရှိခြင်း။
2.Trying to do every things yourself
အရာအားလုံး ကိုယ်တစ်ယောက်ထဲလုပ်ခြင်း(ကိုယ်လုပ်ရမှစိတ်တိုင်းကျခြင်း)။
3.Spending too much money first
ပထမဆုံးငွေကို များစွာသုံးစွဲခြင်း။
4.Poor Marketing
ေစျးကွက်ဖော်ဆောင်မှုအားနည်းခြင်း။
5.Wrong Competitions
မှားယွင်းသော ယှဥ်ပြိုင်မှုကိုပြုလုပ်ခြင်း(ဥပမာ စျေးနှုန်းယှဥ်ပြိုင်ခြင်း)။
6.Financial Mismanagement
ငွေရေးကြေးရေးစီမံခန့်ခွဲမှုအားနည်းခြင်း။
7.No Knowing customers
ဝယ်သူတွေအကြောင်းသေချာမသိခြင်း။
8.Choosing Wrong Partner
စီးပွားဖက်ပါတနာ ကိုမှားယွင်းစွာရွေးချယ်ခြင်း။
9.No Mastermind
လုပ်ငန်းအတွက် နည်းပြကောင်း မရှိခြင်း ၊လမ်းညွှန်ပေးမည့်သူမရှိခြင်း။
10. Starting business without business plan
Business Plan ကောင်းကောင်းရေးဆွဲထားခြင်းမရှိဘဲ လုပ်ငန်း စတင်ခြင်း။
Nexus Business Academy သည်
စီးပွားရေးစီမံခန့်ခွဲမှု များကိုသင်ကြားပေးနေတဲ့ကျောင်းြဖစ်ပါတယ်။
စတဲ့ပညာရပ်တွေကို Online မှတဆင့်လေ့လာနိူင်ပါပြီ
14/10/2020
Top 5 Startups in 2020
2020 အတွင်း ကမ္ဘာမှာ အောင်မြင်လာတဲ့ လုပ်ငန်းတွေအကြောင်းမျှဝေလိုက်ပါတယ်။
5.Databricks
2013 ခုနှစ်မှာတည်ထောင်ခဲ့တဲ့ databrick ဟာ companyတှအေတှက် Data analysis လုပ် ဖို့ tools တှေကို ဖန် တီးပေးထားတဲ့ company ဖြစ်ပါတယ်။
2019 နှစ်ကုန်ပိုင်းလောက်မှာ ဒီ company ဟာ funding
$ 400 millions ရရှိခဲ့ပြီး Valuation ကလဲ 6.2 billions dollar ရှိနေပါတယ်။ June လတုန်းကလဲ customer တှေရဲ့ dashboard capability ကိုတိုးမြင့်ဖို့အတွက် Redash ဆိုတဲ့ data visualization company ကို acquired လုပ်ခဲ့ပါတယ်။
4.Samsara
2015 ခုနှစ်မှာတည်ထောင်ခဲ့တဲ့ ဒီcompany ဟာ IoT နည်းပညာတှေကို provide လုပ်ပေးနေတဲ့ company ဖြစ်ပါတယ်။ Total funding amount အနေနဲ့ 930 millions dollar ရရှိထားပြီး funding round အနေနဲ့ series F ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ သူ့မှာထူးခြားတာက company ရဲ့ 30% သော engineer တှေက Women တှဖွေဈပါတယျ။
3.Robinhood
ဒီcompany ကိုတော့ 2013 မှာ
တည်ထောင်ခဲ့ပါတယ်။
သူ့ရဲ့အဓိကလုပ်ဆောင်ချက်က
တော့ stock ကိုသူ့ app ကနေတစ်ဆင့် trade လို့ရအောင်လုပ်
ဆောင်ပေးထားတာပါ။ funding dollar 200 million ကိုမကြာသေးခင်ကမှရရှိထားပြီး Valuation 11.2 billion ရှိနေပါပြီ။
2.Doordash
Doordash ကတော့ food delivery company ဖြစ်ပါတယ်။ 2013 ခုနှစ်မှာ တည်ထောင်ပြီးတော့ Total funding အနေနဲ့ 2.5 billion dollar ရရှိထားပါတယ်။ funding round အနေနဲ့လဲ series h ကိုရောက်ရှိ
နေပြီဖြစ်ပါတယ်။Pandemic ရဲ့ timing ကြောင့် ကြီးထွားလာတဲ့ company တှေထဲကတစ်ခုလဲဖြစ်ပါတယ်။
1.Better.com
2016 မှာမှတည်ထောင်တဲ့ Better company ဟာ
series C round အရောက်မှာ funding $254 millions
ရရှိထားပါပြီ။သူက Finicial service ပေးတဲ့ company ဖြစ်ပါတယ်။ pandemic မှာ Us ရဲ့ economy ထိုးတကျသွားတဲ့အချိန်မှာ better.com ဟာ အတိုးနှုနျးသက်သာစွာ
ငှေချေးလို့ရအောင်ဖန်တီးပေးခဲ့ပါတယ်။ အခုအချိန်မှာ ဝန်ထမ်းပေါင်း 1500 နဲ့လည်ပတ်နေပြီးတော့ ၁၂ လအတွင်း 7000 လောက်နဲ့လည်ပတ်နိုင်မယ်လို့ ေမျှာ်မှန်းထားၾကပါတယ္။
Nexus Business Academy သည်
စီးပွားရေးစီမံခန့်ခွဲမှု များကိုသင်ကြားပေးနေတဲ့ကျောင်းြဖစ်ပါတယ်။ Online ကနေ လေ့လာသင်ကြားနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
စတဲ့ပညာရပ်တွေကို Online မှ
တဆင့်လေ့လာနိူင်ပါပြီ
11/10/2020
စီးပွားရေးလုပ်ငန်းတွေဘာကြောင့်ကျရှုံးရတာလဲ?
Learn from failures
အရှုံးကနေသင်ခန်းစာယူပါ
ကျွန်ေတာ်တို့တွေကအောင်မြင်နေတာတွေကိုမြင်ရင်အားကျတယ်။ သူတို့ရဲ့အောင်မြင်တဲ့လမ်းစဉ်တွေကိုလိုက်လုပ်ကြတယ်။ တကယ်တမ်း ကျွန်တော်တို့တွေက ဘယ်လိုအောင်မြင်အောင်လုပ်ရမယ်ဆိုတာထက် ဘာကြောင့်ကျရှုံးကြတယ်ဆိုတာကိုပိုပြီးလေ့လာသင့်တာပါ။ ဘယ်သူတွေဆို ဘယ်လိုတွေလုပ်လို့အောင်မြင်ကြတယ်။ ဘယ်သူတွေဆို ဘာတွေလုပ်ကြတယ်ဆိုတာကို သိပ်လိုက်မကြည့်ပါနဲ့။ အဲ့လိုလူတွေဆိုတာလဲ သူတစ်ယောက်ထဲပဲရှိတာပါ။ ဆိုတော့ဒီနေ့မှာ ကျွန်တော်က ဘယ်လိုအောင်
မြင်အောင်လုပ်ရမယ်ဆိုတာထက် ဘာကြောင့်ကျရှုံးကြတယ်ဆိုတာကို ပြောပြသွားပါမယ်။ ဖတ်ကောင်းမယ်လို့လဲမဆိုလိုပါဘူး။ ဒါပေမဲ့ စိတ်ထဲမှာတစ်ခုခုတော့ ကျန်နေခဲ့စေချင်ပါတယ်။
ဆိုတော့ကျွန်တော်က ဘာကြောင့်ကျရှုံးရတယ်ဆိုတဲ့ အဓိကအချက် 5 ချက်ကိုရှင်းပြသွားပါမယ်။
1. No market need
လုပ်ငန်းတွေလုပ်တယ်ဆိုတာ အဓိက Customer တွေရဲ့ ပြသနာတွေကိုဖြေရှင်းပေးရင်း revenue ရအောင်ဖော်ဆောင်နေတာပါပဲ။ ဒါပေမဲ့
ကိုယ့်product ဒါမှမဟုတ် ကိုယ်ပေးတဲ့serviceကို market ထဲမှာ ဘယ်Customerမှမလိုအပ်ဘူး
ဒါမှမဟုတ် pain point မရှိတဲ့ Customer တွေရဲ့ ပြသနာတွေကို ဖြေရှင်းမိနေတဲ့ idea မျိုးဆိုရင် လုပ်ငန်းတွေက Fail ဖြစ်တတ်ပါတယ်။
2. Run out of cash
ကိုယ်ကလုပ်ငန်းတစ်ခုကို အရင်းအနှီး သိန်း 100 သုံးပြီးလုပ်မယ်ဆိုပါစို့။ funding ကုန်သွားပေမဲ့
ကိုယ့်လုပ်ငန်းက ဘယ်ကနေမှငွေပြန်မဝင်သေးတာ
ကြောင့်လဲ ကျရှုံးတတ်ပါတယ်။ တစ်ချို့တွေက ကိုယ့်လက်ထဲက အရင်းအနှီးပမာဏ ကိုမသိဘဲလုပ်ချင်ရာလုပ်တတ်ပါတယ်။ဥပမာ ကိုယ့်ဆီ သိန်း 100 ပဲရှိပေမဲ့ ဆိုင်ခန်းငှါးခနဲ့ ပြင်ဆင်ခကိုပဲ သိန်း 50 လောက်သုံးတတ်ကြတယ်။ အဲ့တော့ operation အတွက် cost က 50 ပဲကျန်ပါတော့တယ်။ ဆိုတော့ ဒီ 50 က ကိုယ့်ဖက်က revenue မရခင်အထိ မကာမိတဲ့အခါ Fail ဖြစ်သွားတာတွေတွေ့ရပါတယ်။
3. Get outcompeted
ကိုယ့်လုပ်ငန်းမှာ unfair advantages တွေသာမရှိဘူးဆိုရင် ဒုတိယလူက ကိုယ့်ကိုအမြဲအနိုင်ယူသွားပါလိမ့်မယ်။ ဒါဟာလဲ ကျရှုံးရတဲ့အကြောင်းရင်းတွေထဲကတစ်ခုပါ။ ဘယ်လိုမျိုးကိုပြောချင်တာလဲဆိုရင် ကိုယ်က ကြက်ကြော်ကို ကိုယ်တိုင်ဖော်ထုတ်ထားတဲ့ recipe နဲ့လုပ်ရောင်းမယ်ပေါ့။ ဒါပေမဲ့
ကိုယ့် recipeက စားကြည့်လိုက်ရုံနဲ့ ဒါဘယ်လို
ကြော်လို့ရတယ်ဆိုတာသိသွားရင် နောက်လူတွေက ကိုယ့်ထက်သာအောင်လုပ်ပြီးကိုယ့်နေရာဝင်လာနိုင်တယ်။ ဒါမှမဟုတ်ရင် KFC Five stars တို့လို နာမည်ရှိပြီးသား လုပ်ငန်းကြီးတွေကလဲ ကိုယ့်နေရာ ဝင်လာတဲ့အခါမှာ ကိုယ်ကယှဉ်ဖို့မလွယ်တော့ပါဘူး။ အဲ့လိုအခြေအနေ တွေမှာလဲလုပ်ငန်းတွေက fail ဖြစ်တတ်ပါတယ်။
4. There's no business model
Business model က လုပ်ငန်းတစ်ခုရဲ့ foundation လို့ပြောလို့ရပါတယ်။ ဒီmodelကို ရှင်းရှင်းလင်းလင်းသိရမှ ကိုယ့် product က ဘယ်လိုလူတွေကိုဦးတည်မယ် revenue model က ဘယ်လိုဖြစ်မယ်ဆိုတာကိုသိရပါလိမ့်မယ်။ ဆိုတော့ business model မရှိတဲ့အခါ ဘာဖြစ်လဲဆိုရင် ကိုယ်ကဘယ်လိုလူတွေကိုTarget ထားပြီး ဘယ်လိုလူတွေကို product ရောင်းမယ်ဆိုတာကို ကွဲကွဲပြားပြားမသိတော့ပါဘူး။ Marketing အတွက် budget သုံးမယ်ဆိုရင် တောင် ဘယ်လိုလူတွေကို target ထားပြီး marketing လုပ်မယ်ဆိုတာကိုမသိတဲ့အတွက် Budget တွေများလာနိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ business model မရှိတဲ့အခါ မှာpaying customer ရအောင်လုပ်တဲ့နေရာမှာ အခက်အခဲဖြစ်ပြီး fail ဖြစ်တတ်ပါတယ်။
5. You don't listen to customer
နောက်ဆုံးအချက်အနေနဲ့ကတော့ ကျွန်တော်တို့တွေက Customer တွေရဲ့ feedback တွေအလေးမထားမိတဲ့အခါ လုပ်ငန်းက fail ဖြစ်တတ်ပါတယ်။
ဥပမာ ကိုယ့်customer ကကိုယ့်product ကို အနီရောင်လေးလိုချင်ပါတယ်ဆိုတာကို ကိုယ်က အစိမ်းရောင်ပဲကောင်းတယ် အစိမ်းကိုပဲသုံးပါဆိုရင်
သေခြာပါတယ် Fail ဖြစ်မှာပါ။
ဆိုတော့ ဒါက ဘာကြောင့်fail ဖြစ်ရတယ်ဆိုတဲ့အချက်တွေပါ။ ဒီအချက်တွေကို အောင်မြင်ဖို့ အထောက်အကူပြုမယ်လို့မျှော်လင့်ပါတယ်။
23/09/2020
The Power of Branding
Brand ကြောင့် ဝယ်ယူကြပါတယ်။
Brand တည်ဆောက်ပါ။
20/09/2020
Business Management
ဆိူင်ရာ Skill များ
Communication Skill
ပေါင်းသင်းဆက်ဆံရေး
လူတှေနဲ့ပြောဆိုပေါင်းသင်းဆက်ဆံနိုင်တဲ့ စွမ်းရည်ပါ။
တစ်ဦးနဲ့တစ်ဦးဆက်သွယ်ပြောဆိုနဲ့အခါ မှာ Body Language လို့ချေါတဲ့ ဟန်ပန်အမူအရာဟာ
ဒါ့အပြင် တစ်ဖက် လူရဲ့ပြောစကားကိုနားထောင်နိုင်စွမ်းအားကလဲ
Communication ကောင်းဖို့ဆိုရင်
-Body Language
-Listening
-Verbal Communication
-Be Respectful
-Be confident
ဒါတှေဟာ အဓိက ကပြါတယ်။
Sale & Marketing Skill
ဈေးကှက်အသစ်ကိုရှာဖွှေခင်း
ဈေးကှက်ဖော်ဆောင်နိုင်ခြင်း တှေကို ကောင်းကောင်းလုပ်ဆောင်
နိုင်တဲ့စကေးပါပဲ။
Market Research နဲ့ Market Segmentation လုပ်ခြင်းတှေလဲပါဝင်ပါတယ်။
Sale and marketing မှာဆိုရင်
-Find new markets
-Develop Current markets
- Market Research
- Market Segmentation
- Manahe effectively customer service process စတာတှေက အဓိက ကပြါတယ်။
Negotiation Skill
ညှိနှိုင်း နိုင္တဲ့ စွမ်းရည်
လုပ်ငန်း တစ်ခု နဲ့တစ်ခု
ချိတ်ဆက်ဆောင်ရွက်တဲ့နေရာမှာ ညှိနှိုင်း တဲ့စြမ္းရည္ဟာ
အင္မတန္အေရးႀကီးပါတယ္။
ညိှနှိုင်းတဲ့ေနရာမွာ နားထောင်တဲ့
စွမ်းရည်ဟာ အရေးပါပါတယ်။
Negotiation skillsမှာဆိုရင်
-Persuasive skill
-Be patient and respect for other side
-Control your emotions
-Listening skills
စတာတှေပါဝင်ပါတယ်။
Leadership Skill
ခေါင်းဆောင်မှုစွမ်းရည်
လူတှေကိုဦးဆောင်နိုင်မှလုပ်ငန်းတိုးတက်ပါလိမ့်မယ် လူတှေကို လုံ့ဆော်နိုင်ခြင်း
ဖနျတီးနိုင်ခြင်း ရိုးသားဖြောင့်မတ်ခြင်းတှေဟာ ခေါင်းဆောင်မှုအရည်အသွေးတွှေဖစ်ပါတယ်။
ခေါင်းဆောင်မှုစွမ်းရည်မှာဆိုရင်
-Inspire and motivate
-Analytical Skills
-Conflict resolution abilities
-Creativity and creative thinking
- Delegation skills
-Honesty
-Flexibility
တွေတက်မြောက်ထားရပါတယ်။
Time Management Skill
အချိန်စီမံခန့်ခှဲနိုင်မှုစွမ်းရည်
တစ်ရက်တာ အချိန်ကာလ ကို
ကောင်းကောင်း အသုံးခနြိုင်တဲ့
စွမ်းရည်ပါ ။ အစီအစဉ်တှေခမြှတျနိုင်တယ်။ အဓိက နဲ့သာမညခှဲ ပြီး အလုပ် လုပျတက်တယ်။ထိထိရောက်ရောက် အလုပ် လုပျတယ် ဆိုရင် အချိန်ကောင်းကောင်းစီမံတက်တာပါပဲ။
Time Management skills မွာ
ဆိုရင်
- Organize
-Plan
-Schedule
-Make List
-Prioritize your daily actibities စတာတှေပါဝင်ပါတယ်။
Team Building & Team Management Skill
အဖှဲ့အစည်းတည်ဆောက်နိုင်စွမ်းအားနဲ့ အဖှဲ့ကိုဦးဆောင်နိုင်တဲ့စွမ်းရည်
Manage work lead people ဆိုတဲ့စကားရှိပါတယ်။ အလူပ်တှေကို စီမံပါ လူတှေကို ဦးဆောင်ပါ ။ အဖွဲ့အစည်း ကိုကောင်းကောင်း Lead လုပ်နိုင်လေလေ လုပ်ငန်းတိုးတက်လေလေ ပါပဲ။
ဒီမွာဆိူရင္
-Care team members
-Support
-Motivate
-Collaborative skills ပါဝင်ပါတယ်။
Goal Setting Skill
ရည်ရွယ်ချက်ချမှတ်နိုင်တဲ့စွမ်းရည်
ပန်းတိုင်ချမှတ်တက်ရပါမယ် ။
Step by step ဘယ်လိုသွားမလဲဆိုတာ စဥ်းစားပြီး Plan ဆွဲနိုင်ရပါမယ် ။ ကိုယ်သွားချင်တဲ့ လမ်းကြောင်းကိူ ဘယ်လိုသွားမယ် ဘယ်ချိန်ရောက်ရမယ် စတာတွေပါဝင်ပါတယ်။
Task Management
Prioritization
Delegating
Define Deadline
ဒါတွေ အဓိကပါဝင်ပါတယ်။
Project Management Skill
ပရောဂျက်စီမံမှုက အရေးပါပါတယ်။ Project Management က အင်မတန်ကျယ်ပြန့်ပါတယ် ။ လက်တွေ့လုပ်ဆောင်မှုပိုင်းမှာအများကြီး အရေးကြီးပါတယ်။
Project ကောင်းတစ်ခုက ဝင်ငွေများရှာနိူင်ပါတယ်။
PM မှာဆိူရင်
-Ability to monitor
-Evaluate
-Analyze
-Design
-Develop
-Implement
စတာတွေပါဝင်ပါတယ်
Financial Knowledge
ငွေရေးကြေးရေးနဲ့ပတ်သက်တဲ့အသိပညာကိုဆိုလိုတာပါ။
ငွေကြေး စီမံခန့်ခွဲမှုတွေကို လေ့လာရပါမယ်။ ငွေကြေးနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက် ချတက်ရပါမယ်။
Financial Knowledge နဲ့ပတ်သက်ရင်
Financial Statements
Metrics
Dimensions
Financial Indicators
Variables
ဒါတွေကိုသိထားရပါမယ်။
Business Law Knowledge
ဥပဒေရေးရာမှာလဲ အထိုက်အလျောက်နားလည်ထားရပါမယ်။
Business Law မှာဆိူရင်
Task Requirements
Business Structure
Industrial Relations
စတာတွေပါဝင်ပါတယ်
Nexus Business Academy သည်
စီးပွားရေးစီမံခန့်ခွဲမှု များကိုသင်ကြားပေးနေတဲ့ကျောင်းြဖစ်ပါတယ်။
စတဲ့ပညာရပ်တွေကို Online မှတဆင့်လေ့လာနိူင်ပါပြီ
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Mandalay