USN English Language School

USN English Language School

Share

Education

23/05/2025

If you want to learn English,

17/05/2025

Please share it.
ငလျင်ဒဏ်ကြောင့် အခက်အခဲ ဖြစ်နေသော
ကျောင်းသူကျောင်းသားများ အတွက်
ပညာဒါန အနေဖြင့် (15)ဦး အခမဲ့
တက်ရောက် နိုင်မည်ဖွစ်ပါသည်..

*online classဖြစ်စေ ကျောင်းမှာဖြစ်စေ
တက်ရောက်နိုင်ပါသည်.
*ကျောင်းတက်ဖို့အမှန်တကယ် အခက်အခဲရှိသူများကို ဦးစားပေးပါမယ်

USN
English Language School
37A(စွယ်တော်လမ်း)
ရေနီမွောင်းစြေးလမ်းနှငျ့ 69Cကွား
Mandalay

09891639616
09789792654

06/01/2024

"" ဆုံတတ်တယ် ""
*****************

•• ``လူကောင်း´´တစ်ယောက်က …
လူယုတ်မာအများစုနှင့် ဆုံတတ်တယ် ~~~

•• ``လူရိုး´´ တစ်ယောက်က
လူလိမ်ညာအများစုနှင့် ဆုံတတ်တယ် ~~~

•• ``လူဖြောင့့်မှန်´´ တစ်ယောက်က
လူကောက်ကျစ်အများစုနှင့် ဆုံတတ်တယ် ~~~

•• ထိုလူ (၃) ဦးဟာ …
အဲ့ဒီ လူ(၃)မျိုး အများစုနှင့် မလွဲမသွေ
ဆုံရကြုံရကြလိမ့်မယ် ~~

•• ထိုကဲ့သို့ ဆုံရကြုံရလို့ …
သီးမခံနိုင် ' ခွင့်မလွှတ်နိုင် ' ဥပေက္ခာမပြုနိုင်လျှင် …

!"' လူကောင်းတစ်ယောက်နေ
လူယုတ်မာကြီး ဖြစ်သွားတတ်တယ် !"'

!"' လူရိုးတစ်ယောက်ကနေ
လူလိမ်လူညာကြီး ဖြစ်သွားတတ်တယ် !"'

!"' လူဖြောင့်မှန်ကနေ
လူကောက်ကျစ်သမားကြီး ဖြစ်သွားတတ်တယ် ~~~

•• ဆုံသည်ဖြစ်စေ မဆုံသည်ဖြစ်စေ
ဘယ်သူမပြု မိမိမှုဆိုသလို
သီးခံခြင်း ခွင့်လွှတ်ခြင်း ဥပေက္ခာပြုခြင်းဖြင့်
မိမိဘဝကိုယ်သာ ကောင်းမွန်စွာရှင်သန်ခြင်းသည်
ဘုရှားရှင်တော်၏ မင်္ဂလာတရားတော်နှင့်ညီပေမည်။

Credit_

ပြန်လည်မျှဝေပေးပါသည်

23/08/2023

သာမန်အဆင့်က ရုန်းထွက်ဖို့အတွက်အဆင့်(၈)ဆင့်

🌿 ၁။ ကိုယ့်ဘဝအတွက် တာဝန် စ ယူပါ ။

အပြောင်းအလဲကို စတင်ဖို့အတွက် အရင်ဆုံး လုပ်ရမှာက ကိုယ့်တာဝန် ကိုယ် စယူဖို့ပဲ ။ ပိုပြီး ကောင်းမွန်တဲ့ ဘဝတစ်ခုကို ရဖို့အတွက်က ကြိုးစားအားထုတ်မှုတွေ လုပ်ရတယ် ။ အဲဒီအားထုတ်မှုတွေကို လုပ်နိုင်လျက်သားနဲ့ မလုပ်ဘူးဆိုရင် ကိုယ့်မှာ အပြစ်ရှိသလို ခံစားရတယ်။

ဒီတော့ ကိုယ့်ရဲ့ လက်ရှိဖြစ်တည်မှုနဲ့ ပတ်သက်လို့ ကိုယ်တိုင်က လွဲလို့ တခြားသူတွေ အကုန်လုံးမှာ တာဝန်ရှိသလို ပုံချထားလိုက်တယ် ။

ကိုယ့်မိဘတွေကြောင့် ၊ ကိုယ့်အသိုင်းအဝိုင်းကြောင့် ၊ အရင်က အဖြစ်အပျက်တွေကြောင့် ၊ အထက်အရာရှိကြောင့် ၊ အသက်ကြီးလာတာကြောင့် စသဖြင့် ဘာကြောင့် ညာကြောင့်တွေကြောင့် ငါ့ဘဝ ဒီလိုဖြစ်နေရတာပါဆိုပြီး ပစ်ထားလိုက်တယ် ။

ငါ့ဘဝရဲ့ ဖြစ်တည်မှုတွေဟာ ငါ့ကြောင့် ဖြစ်လာရတာ ၊ ငါ့ရဲ့ ရွေးချယ်မှုတွေနဲ့ လုပ်ရပ်တွေကြောင့်ပါလို့ ကိုယ့်ကိုယ်ကိုယ် တာဝန်စပြီး မယူဘူးဆိုရင် အပြောင်းအလဲဆိုတာ ဖြစ်လာမှာမဟုတ်ဘူး ။ ကိုယ့်ဘဝရဲ့ ရွေးချယ်မှုတွေနဲ့ ကိုယ့်ရဲ့ လက်ရှိအနေအထားအတွက် တာဝန်စယူပါ ။

ဆင်းဆင်းရဲရဲမွေးလာတာ ကိုယ့်အပြစ်မဟုတ်ဘူးဆိုတာ မှန်တယ် ။ ဒါပေမယ့် အဲဒါကိုပဲ တစ်သက်လုံးအပြစ်တင်ရင်း သေဆုံးသွားရရင်တော့ ကိုယ့်အပြစ်ပဲ ။

🌿 ၂။ သာမန်ဘဝလောက်မှာပဲ မကျေနပ်နဲ့

ဒါကို ရောင့်ရဲတာလို့ အဓိပ္ပာယ်ဖွင့်ကြတာလည်း ရှိတယ် ။ တကယ်က Comfort Zone ထဲမှာ ပျော်မွေ့နေတာပါ ။ ဆက်ပြီး အားထုတ်မှုတွေ မလုပ်ချင်တော့ဘူး၊ မကြိုးစားချင်တော့ဘူး ။ မရုန်းကန်ချင် တော့ဘူး ။ ဒီတော့ အခုလောက်လေးလည်း မဆိုးပါဘူးလေဆိုပြီး ဖြေသိမ့်တယ် ။

လူတိုင်း ဒီလိုစိတ်ထားရမယ်လို့တော့ မဆိုလိုပါဘူး နောက်ဆုံးမှာ ကိုယ့်ရဲ့ပျော်ရွှင်မှုက အရေးအကြီးဆုံးပဲ မဟုတ်လား ။ ကိုယ့်ပျော်ရွှင်မှုအစစ်အမှန်က အေးအေးချမ်းချမ်း နေသွားချင်တာဆိုရင်လည်း ရတာပါပဲ ။ ဒါပေမယ့် ကိုယ့်လုပ်ရပ်က နောက်အနှစ် ၂၀ ၊ ၃ဝ လောက်မှာ ကိုယ့်ကိုယ်ကိုယ် မမုန်းနေဖို့တော့ လိုတယ် ။ ထိပ်ပိုင်းကို မရောက်နိုင်တာရဲ့ မကောင်းတဲ့အချက်ကတော့ သူများ သနားမှ ချမ်းသာရာရမယ့် ဘဝမှာ နေရတာပဲ ။ ရုံးတစ်ရုံးမှာ ဘယ်နေရာမှ မထူးချွန်တဲ့ မဖြစ်ထွန်းတဲ့သူတွေက အထက်အရာရှိကို အဖားရဆုံးပဲ ။ အလုပ်ပြုတ်သွားမှာ အကြောက်ရဆုံးပဲ ။ ကိုယ့်ကိုယ်ကိုယ် အဲဒီအနေအထားကို မတွန်းပို့ပါနဲ့ ။

🌿 ၃။ ကိုယ့်ရဲ့ အားသာချက်တွေကို ရှာပါ ။

သိထားဖို့အချက်က ကိုယ်က နေရာတိုင်းမှာတော့ ဆရာကြီး ဖြစ်မနေနိုင်ဘူးဆိုတာပဲ ။ နေရာတိုင်းမှာ တော်နေတဲ့သူဆိုတာ မရှိဘူး ။ အဲဒီလို နေရာတိုင်း တော်နေချင်ပြီး ဘယ်နေရာမှာမဆို ကိုယ်ပဲ ဆရာကြီးဖြစ်ချင်နေလို့ မရဘူး ။ ဒါကြောင့် ကိုယ့်ရဲ့
အားသာချက်က ဘယ်နေရာမှာ ရှိတာလဲဆိုတာကို ရှာပါ။

စကားပြောတဲ့နေရာလား ၊ စာရေးတဲ့နေရာလား ၊ ဆန်းသစ်တီထွင်မှုတွေလုပ်တဲ့ နေရာမှာလား ။ အဲဒါကို သိအောင်လုပ်ပါ ။

🌿 ၄။ ကိုယ့်ရဲ့ အားသာချက်တွေကို အသုံးချပြီး သွားလို့ရနိုင်မယ့် ပန်းတိုင် သတ်မှတ်ပါ ။

လူတော်တော်များများက သူတို့ကိုယ်တိုင် ဘာဖြစ်ချင်မှန်း မသိကြဘူး ။ ဘယ်နေရာရောက်လို့ ဘာတွေလုပ်နေမှန်းကိုလည်း မသိဘူး ။ ဒီတော့ လုပ်ချင်ရာလုပ်ပြီး ရောက်ချင်တဲ့နေရာ ရောက်နေကြတာ ။

ဒီလိုမဖြစ်အောင်ဆိုရင် ကိုယ့်ရဲ့အားသာချက်တွေကို အသုံးချပြီး ကိုယ်ဘယ်ကို သွားချင်တာလဲ ။ ဘာဖြစ်ချင်တာလဲ ။ အချိန်ဘယ်လောက်အတွင်း ဖြစ်ချင်တာလဲဆိုတာကို သိမှရမယ် ။

အဲဒါမှ နေ့ရက်တိုင်းမှာ ၊ လတိုင်း ၊ နှစ်တိုင်းမှာ ကိုယ်က ပန်းတိုင်နဲ့ နီးရာကို သွားနေလား ဝေးသွားလားဆိုတာကို ဆန်းစစ်နိုင်လိမ့်မယ် ။

🌿 ၅။ စည်းကမ်းရှိပါ။

အပြောင်းအလဲရဲ့ အရေးအကြီးဆုံးအပိုင်းကတော့ စည်းကမ်းပဲ ။ လူတွေမှာ ဖြစ်ချင်တာတွေရှိတယ် ။ ဒါပေမယ့် စည်းကမ်းတော့မရှိဘူး။

ကိုယ်အလေးချိန်ချချင်တယ် ။ အင်္ဂလိပ်စာတတ်ချင်တယ် ။ ဝင်ငွေ ကောင်းချင်တယ် ။ ပညာတတ်ချင်တယ် ။ ဒါပေမယ့် အဲဒါတွေ အကုန်လုံးကို အလကားလိုချင်တာ ။ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ရမယ့် စည်းကမ်းတော့ မရှိဘူး ။ မေးခွန်းက ဘယ်လိုလုပ်ရမှာလဲဆိုတာ မဟုတ်ဘူး။ လုပ်မှာလား မလုပ်ဘူးလား ဆိုတာပဲ ။

ဥပမာ ကိုယ်အလေးချိန် ဘယ်လိုချရမလဲမသိဘူးလား၊ အင်္ဂလိပ်စာ ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူးလား။

သိတယ် မလုပ်တာ ။ ကြိုးစားအားထုတ်မှုကို စည်းကမ်းမရှိနိုင်တာ ။ ကိုယ့်မှာ ဆုံးဖြတ်ချက်ရှိတယ်ဆိုရင် စည်းကမ်းရှိပါ ။ မဟုတ်ရင်တော့ ဘယ်မှမရောက်နိုင်ဘူး ။ ပန်းတိုင်ကိုရောက်ဖို့ လမ်းကိုပဲမြင်အောင်ကြည့် ။

အခက်အခဲတွေကြောင့် စိတ်ပျက်မသွားနဲ့ ။ မတွန့်သွားနဲ့ ။ တောင်တက်ရတာ ဘယ်တော့မှ သက်သောင့်သက်သာ မရှိဘူး ။ ဒါပေမယ့် တောင်ထိပ်ပေါ်က မြင်ကွင်းကို တောင်တက်ခဲ့သူတွေပဲ မြင်ရနိုင်တယ် ။

🌿 ၆။ အရာရာကို ဂရုလိုက်စိုက်မနေနဲ့ ။

ကိုယ့်အတွက် အဓိကကျတဲ့ အရာတွေနဲ့ သာမည ဗလုံးဗထွေးတွေနဲ့ကို ခွဲခြားသိမှ ဖြစ်မယ် ။ စကားပုံတစ်ခုအတိုင်းပဲ ပြောရရင် “ လမ်းမှာ ဟောင်သမျှ ခွေးတိုင်းကို ခဲနဲ့ထုနေရရင် ကိုယ်သွားချင်တဲ့လမ်းကို ရောက်မှာမဟုတ်တော့ဘူးတဲ့ ။

အရေးလုပ်သင့်တာတွေပဲ အရေးလုပ်ပါ ။ သူများတွေရဲ့ထင်မြင်ယူဆချက်တွေက ကိုယ့်အတွက် ဘာကြောင့် အရေးကြီးနေရမှာလဲ ။ ဝေဖန်တာတွေ ၊ ငြင်းပယ်ခံရတာတွေ ၊ အဆိပ်အတောက်များတဲ့ လူတွေ ၊ ဖိအားတွေကို ဂရုစိုက်နေရရင် ဘယ်မှသွားနိုင်မှာမဟုတ်ဘူး ။ သေချာစဉ်းစားကြည့် ၊ ကိုယ့်ကိုအကောင်းမြင်တဲ့သူအတွက် အရာရာက ကောင်းတယ် ။ ကိုယ့်ကို အဆိုးမြင်တဲ့သူအတွက်လည်း ကိုယ် ဘာတွေပဲ ကောင်းတာလုပ်လုပ် သူ့အမြင်မှာ ဆိုးနေမှာပဲ ။ ဒီတော့ ဘာကြောင့် ဂရုစိုက်နေတော့မှာလဲ ။

🌿 ၇။ လူရွေးပေါင်းပါ။

အဆင့်အတန်း ခွဲခြားခိုင်းတာ မဟုတ်ဘူး ။ ချမ်းသာတဲ့သူတွေနဲ့ပဲ ပေါင်းခိုင်းနေတာ မဟုတ်ဘူး ။ ကိုယ့်အတွက် သင့်တော်တဲ့သူတွေကို ရွေးပေါင်းခိုင်းတာပါ ။ လူတစ်ရာမှာ ကိုးဆယ်က ဘာမှမဟုတ်တဲ့သူတွေဖြစ်မှာ ။ ကိုယ့်ရဲ့လုပ်ရပ်တွေ အတွေးအခေါ်တွေနဲ့ ကြိုးစားအားထုတ်မှုတွေက အများစုနဲ့ တူနေပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ဘယ်နေရာရောက်နေလဲဆိုတာ သူများ သွားမေးနေစရာမလိုဘူး ။ ပတ်ဝန်းကျင်က အရမ်းစကားပြောတယ် ။

ကိုယ် အလေးချိန်ချနေတဲ့သူက အစားအသောက် သောင်းကြမ်းတဲ့သူတွေနဲ့ပဲ ပေါင်းသင်းနေရင် ဘယ်တော့မှ ကိုယ်အလေးချိန် ကျနိုင်မှာမဟုတ် ဘူး ။ အဲဒီလိုပဲ တိုးတက်ချင်တဲ့သူက ငပျင်းတွေနဲ့ ချည်းပေါင်းနေရင်တော့ သူလည်း ဘယ်တော့မှ အဲဒီ နွံထဲက ထွက်နိုင်မှာမဟုတ်ဘူး ။

🌿 ၈။ စိတ်ရှည်ပါ။ ဆက်လက်သင်ယူမှုတွေ အမြဲလုပ်ပါ။

အပြောင်းအလဲက စိတ်ရှည်ရတယ် ။ ချက်ချင်းလက်ငင်း ရသွားနိုင်တာမျိုး မဟုတ်ဘူး ။ တစ်သက်လုံး အင်္ဂလိပ်စာမတတ်လာဘဲ တစ်ပတ်လောက်သင်ပြီး ဘာမှလည်းမထူးဘူး။ ဆက်မလုပ်ချင်တော့ဘူးဆိုရင်တော့ ဒီလောက် ဖွ-တ်ဖြစ်မယ့်ကောင် ကိုယ့်ကိုယ်ကိုယ် သ-တ်​ေ-သဖို့သာ ကောင်းတော့တယ် ။

ပန်းသီးတစ်နေ့တစ်လုံးစားရင် ဆရာဝန်နဲ့ဝေးတယ်တဲ့။ဒါပေမယ့် တစ်ရက်တည်း ပန်းသီးခုနစ်လုံးစားရုံနဲ့တော့ လိုချင်တဲ့ရလဒ် မရနိုင်ဘူး ။ စိတ်ရှည်ပါ။ နောက်ထပ် အရေးကြီးတာ တစ်ခုကတော့ ဆက်လက်သင်ယူမှုတွေ လုပ်ပါ။ လူရဲ့တိုးတက်ဖွံ့ဖြိုးမှုက သင်ယူမှုကို ရပ်တန့်လိုက်တာနဲ့ ဆုံးခန်း တိုင်ပါတယ်။ကိုယ်က တစ်နေရာတည်း ရပ်နေချင်တဲ့သူမဟုတ်ဘူးဆိုရင် ဆက်လက်သင်ယူပါ ။

မညည်းနဲ့ ၊ အကြောင်းပြချက် မပေးနဲ့ ၊ လူတွေက ကိုယ့်ရဲ့နောက်ခံ အကြောင်းရင်းတွေကို စိတ်မဝင်စားဘူး။ နောက်ဆုံးမှာ သူတို့ စိတ်ဝင်စားတာ ကိုယ်က ဘာကောင်လဲ ၊ ဘယ်လိုလူလဲ ၊ ဘယ်လောက် အောင်မြင်မှုတွေ ရထားပြီးပြီလဲဆိုတာပဲ။ အရေးပါမှ အရာပေးပါတယ် ။ ကိုယ်က အရေးမပါတဲ့သူဆိုရင်တော့ အရေးမပါသလို ဆက်ဆံခံရမှာပဲ။ အဲဒါ ကိုယ့်အပြစ်ပဲ ။

#လူရာဝင်ခြင်းမှတ်စုများ
#ဒေါက်တာသူရိန်လှိုင်ဝင်း
မူရင်း(လေးစားစွာcrdပေးပါသည်)✍
---------------------------------------------

22/07/2023

လူ့တန်ဖိုး
********
ပညာတွေတတ်ပြီး
အကောင်း အဆိုးကို မခွဲခြားနိုင်ရင်
အလကားပါပဲ။

ငွေကြေးချမ်းသာပြီး အတ္တတွေကြီးကာ
ကိုယ့်အိတ်ထဲပဲ ထည့်ဖို့ ကြိုးစားနေရင်လည်း
အလကားပါပဲ။

အတွေးအခေါ် ဘယ်လောက်မြင့်မြင့်
စာနာနားလည်ပေးနိုင်တဲ့ နှလုံးသား မရှိရင်
အလကားပါပဲ။

ရုပ်ရည် ဘယ်လောက်ချောချော
လူတစ်ယောက်ကို လူလို့ မမြင်တတ်ရင်
အလကားပါပဲ။

အသိပညာ ဘယ်လောက်ရှိရှိ
တစ်ခြားသူပြောတဲ့စကားကို
တန်ဖိုးမထားတတ်ရင် အလကားပါပဲ။

အလုပ်တွေ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား
ရိုးသားမှုမရှိရင် အလကားပါပဲ။

ဘယ်လောက်ပဲ တော်နေပါစေ
ကိုယ်ချင်းစာစိတ် မရှိရင် အလကားပါပဲ။

ဘယ်လောက်ပဲ လူကောင်းတစ်ယောက်လို့
ကြွေးကြော်နေပါစေ
သူများမျက်ရည်ပါတဲ့ ထမင်းကိုစားနေရင်
အလကားပါပဲ။

အမှန် တရားကို ဘယ်လောက်ပဲ
လက်ခံတယ် ပြောပြော
ကိုယ်မှားနေတာကို ထောက်ပြဆွေးနွေးတာ
မကြိုက်ရင် အလကားပါပဲ။

တကယ်တမ်းတော့
လူ့တန်ဖိုးဆိုတာ
ထက်မြက်တဲ့ ခေါင်း မဟုတ်ပါဘူး။

အခြားသူတွေအပေါ်
ကြင်နာတတ်တဲ့ နှလုံးသား
ဂရုစိုက်နားထောင်ပေးတတ်ပြီး
စာနာတတ်တဲ့ နား
ပေးကမ်းကူညီတတ်တဲ့ လက် တစ္စုံ
အကောင်းမြင်တတ်ပြီး
အမြင်ကြည်လင်တဲ့ မျက်စိနဲ့
အပြောချိုပြီး မုသားနည်းတဲ့
ပါးစပ္တို့ပဲ ဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့
လူတော်တွေ ဘယ်လောက်များများ
လူကောင်းဆိုတာ မရှိခဲ့ရင်
အမှန်တရားတွေ ပျောက်ကွယ်လာပြီး

လူ့ပတ်ဝန်းကျင်လည်း
ငြိမ်းချမ်းမှု
သာယာမှုတွေ ပျောက်ဆုံးလာပါလိမ့်မည်ဆိုတာသိစေချင်


#လူငယ်များအတွက့်စာကြည့်တိုက့် #ခွန်အားဖြစ်စေသောစာများ #ပြန်လည်မျှဝေပါသည် #မိတ်ဆွေ #စာပေ #ဗဟုသုတ #ဆရာကြီးဦးအောင်သင်း

Photos from USN English Language School's post 19/07/2023

သင့်ကလေး အနာဂါတ်ပညာရေးအတွက် စိတ်ချချင်ပါသလား?
English skill ကောင်းပါက တခြားပညာရပ်များကိုအလွယ်တကူ လေ့လာနိုင်တာကို လူကြီးမိဘများ သိပြီးသား
ဖြစ်ပါလိမ့်မယ်...
Cambridge Young learners course ဖြစ်တဲ့ Starters,Movers,Flyers ကို
ဆရာ ဆရာမများနှင့် ပျော်ပျော်ရွှင်ရွှင်
သင်ပြီး နိုင်ငံတကာကျောင်းသူကျောင်းသားများနှင့် ရင်ဘောင်တန်းနိုင်ရန် မိမိတို့၏ သားသမီး ရတနာများကိုကူညီပံ့ပိုးပေးနိုင်ပါပြီ.......

Online /offline (2) ခုစလုံးတက်လို့ရပါပြီ..

On Campus
Starters
Sat,Sun 9:30-11:00am
Movers
Sat,Sun 8:00-9:30am
Flyers
Sat,Sun 1:00:2:30pm

USN
English Language School
40 st,Between 72 and 73
BJ Complex (Ground floor)
09789792654
0943032174

# level 1,2,3
grammar &translation class
Conversation class
Reading class
Special class
IELTS
YLE

Photos from Usn language school's post 18/07/2023

New class

Photos from USN English Language School's post 15/07/2023

to original post #

30/06/2023

အားမလျော့ပါနဲ့…..

ကြမ်းတမ်းတဲ့ နေ့ရက်တွေက သင့်ကို ပိုသန်မာစေပါတယ်

လောကကြီးဆိုတာ
မိခင်တစ်ယောက်လို မဟုတ်ပါဘူး ။
အကောင်းတွေချည်းပဲ မမျှော်လင့်ထားပါနဲ့ ။

အရှုံးကို မလိုချင်ရင် .
မခံချင်စိတ်နဲ့ ကြိုးစားပါ ။

ကိုယ့်ကို အလဲထိုးတဲ့ လူတွေသာ
ကိုယ့်ကို ပိုတော်ဖို့အတွက် လှုံဆော်မှု
အကောင်းအဆုံး ပေးနိုင်တာပါ ။

သင် နာကျင်ရတဲ့အခါ
လက်ခံလိုက်ပါ ။

ဘဝက သင့်ကိုတစ်ခုခု
သင်ပေးဖို့ ကြိုးစားနေတာပါ ။

ဆုံးရှုံးမှုတိုင်းမှာ ရလဒ်ဆိုတာရှိပါတယ် ။
အနည်းဆုံးတော့ သင်ခန်းစာပေါ့ ။

ရည်မှန်းချက် ရှိဖို့လိုပါတယ်
ဒါပေမယ့် မျှော်လင့်နေရုံနဲ့တော့
ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး ။

အလုပ်နဲ့
အကောင်ထည်ဖော်ဖို့ လိုပါတယ် ။

စာအုပ်စာပေတွေ ဖတ်ပြီး
အသိဉာဏ်တွေ တိုးလာပေမယ့်
လက်တွေ့ အသုံးမချရင်တော့
သင်ဟာ စိတ်ကူးယှဉ်သမားတစ်ယောက်ပါပဲ ။

ငါးကြီးကြီးလိုချင်ရင် ပင်လယ်ထဲသွားပါ ။
အဲ့ဒီမြာ မုန်းတိုင်းတော့လည်း ရှိတယ် ။

ဘဝကို ကြက်တူရွေးလို မဖြစ်စေနဲ့။
သိန်းငှက်လိုနေထိုင်ပါ ။

ကြက်တူရွေးက စကားသာများတာ
မြင့်မြင့်မပျံနိုင်ဘူး ။

သိန်းငှက်ကတော့ နှုတ်ဆိတ်ပေမယ့်
မိုးထိတက်နိုင်တဲ့ စွမ်းအားရှိတယ် ။

လူ့သက်တမ်းကိုပဲ
အကန့်အသတ်ရှိတာပါ ။

သင် ကြိုးစားနိုင်မှု စွမ်းရည်ဆိုတာ
အကန့်အသတ် မရှိပါဘူး ။

ကြိုးစားတဲ့ သူတိုင်း
မအောင်မြင်ကြပါဘူး ။

ဒါပေမယ့်
အားမလျော့လိုက်ပါနဲ့ ။

အောင်မြင်သူတိုင်း
ကြိုးစားခဲ့ကြပါတယ် ။

လမ်းမရှိဘူးလို့
ညည်းမနေပါနဲ့ ။

ကိုယ်လျှောက်မယ့် လမ်းကို
ကိုယ်တိုင်ပဲ ဖောက်ကြရမှာပါ ။

22/01/2022

New classes

Starters,Movers,Flyers,KET
& Adult class (Online)

အနယ်နယ်အရပ်ရပ်ရှိ မိဘများ
အတွက်
မိမိတို့၏သားသမီး ရတနာများကို
နိုင်ငံတကာ ကျောင်းသူကျောင်းသားများနှင့် ရင်ဘောင်တန်းနိုင်စေရန်
အတွက် English skill မြှင့်တင်ချင်ပါသလား..
ကျောင်းစာများကိုပိုမိုလွယ်ကူစေချင်ပါသလား...
နိုင်ငံခြားရပ်ခြားတွင် ကျောင်းထားဖို့အစီအစဥ်ရှိပါသလား...
USN English Language School
(online/offline) class များကို တက်ဖို့ဖိတ်ခေါ်ပါတယ်.
Fees-22000/-(monthly)(online)

*online class ဆိုပေမယ့် တကယ့္
စာသင်ခန်းမှာ လာတက်ရသလို
Face to face သင်ပေးမှာဖြစ်ပါတယ်
မြန်မာႏိုင္ငံရှိinternet ရသော မည်
သည့်နေရာမှမဆို သင်ယူနိုင်ပါသည်.
Zoom meetings,viber,messenger,
telegram တို့ဖြင့်သင်ကြားပေးမှာဖြစ်ပါတယ်.

အသေးစိတ်စုံစမ်းရန်

USN
English Language School
BJ Complex (Ground floor)
40th, between 72*73
0943023174
09962030706

22/01/2022

Starters,Movers,Flyers,KET
& Adult class (Online)

အနယ်နယ်အရပ်ရပ်ရှိ မိဘများ
အတွက်
မိမိတို့၏သားသမီး ရတနာများကို
နိုင်ငံတကာ ကျောင်းသူကျောင်းသားများနှင့် ရင်ဘောင်တန်းနိုင်စေရန်
အတွက် English skill မြှင့်တင်ချင်ပါသလား..
ကျောင်းစာများကိုပိုမိုလွယ်ကူစေချင်ပါသလား...
နိုင်ငံခြားရပ်ခြားတွင် ကျောင်းထားဖို့အစီအစဥ်ရှိပါသလား...
USN English Language School
(online/offline) class များကို တက်ဖို့ဖိတ်ခေါ်ပါတယ်.
Fees-22000/-(monthly)(online)

*online class ဆိုပေမယ့် တကယ့္
စာသင်ခန်းမှာ လာတက်ရသလို
Face to face သင်ပေးမှာဖြစ်ပါတယ်
မြန်မာႏိုင္ငံရှိinternet ရသော မည်
သည့်နေရာမှမဆို သင်ယူနိုင်ပါသည်.
Zoom meetings,viber,messenger,
telegram တို့ဖြင့်သင်ကြားပေးမှာဖြစ်ပါတယ်.

အသေးစိတ်စုံစမ်းရန်

USN
English Language School
BJ Complex (Ground floor)
40th, between 72*73
0943023174
09962030706

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


40th Street, Between 72nd×73rd, BJ Complex (Ground Floor), Near Mandalay University
Mandalay