Aanee is sharing Right now All about She know

Aanee is sharing Right now All about She know Education & Mental Health

10 verbs🎊ဒီတစ်ခါမှာတော့စိတ်ဝင်စားစရာပုံလေးတွေနဲ့အတူခပ်ဆန်းဆန်းaction verbsလေးတွေကို sharing လုပ်ထားပေးပါတယ်နောက်ထပ်လေ့လာ...
18/02/2024

10 verbs🎊

ဒီတစ်ခါမှာတော့စိတ်ဝင်စားစရာပုံလေးတွေနဲ့အတူခပ်ဆန်းဆန်းaction verbsလေးတွေကို sharing လုပ်ထားပေးပါတယ်

နောက်ထပ်လေ့လာချင်တာတွေရှိရင်အန်နီးရဲ့ page လေးကို like & follow နော်

#အန်နီး_အင်္ဂလိပ်စာ

𝗛𝗼𝘄 𝗮𝗿𝗲 𝘆𝗼𝘂 လို့မေးရင် 𝗬𝗲𝘀, 𝗜'𝗺 𝗳𝗶𝗻𝗲 လို့ဘဲဖြေနေတုန်း ဆိုရင်တော့ ဒီPostလေးမှာလေ့လာမှရတော့မယ်....ဒီတစ်ခါမှာတော့အန်နီးးက H...
15/01/2024

𝗛𝗼𝘄 𝗮𝗿𝗲 𝘆𝗼𝘂 လို့မေးရင် 𝗬𝗲𝘀, 𝗜'𝗺 𝗳𝗶𝗻𝗲 လို့ဘဲဖြေနေတုန်း ဆိုရင်တော့ ဒီPostလေးမှာလေ့လာမှရတော့မယ်....

ဒီတစ်ခါမှာတော့အန်နီးးက How are youဆိုတဲ့မေးခွန်းကို ဆန်းဆန်းပြားပြားလေးဘယ်လိုမျိုးတွေဖြေလို့ရသေးလဲဆိုတာsharingလုပ်ပေးထားတာမို့တူတူလေ့လာကြည့်ကြရအောင်

𝗣𝗿𝗲𝘁𝘁𝘆 𝗚𝗼𝗼𝗱
𝗡𝗼𝘁𝗵𝗶𝗻𝗴 𝗠𝘂𝗰𝗵
𝗬𝗲𝗮𝗵, 𝗮𝗹𝗹 𝗿𝗶𝗴𝗵𝘁
𝗜'𝗺 𝘄𝗲𝗹𝗹
𝗠𝗲𝗱𝗶𝘂𝗺 𝗪𝗲𝗹𝗹
𝗡𝗼𝘁 𝘀𝗼 𝘄𝗲𝗹𝗹 ဆိုပြီးဒီလိုလေးတွေလဲလွယ်လွယ်ကူကူပြောလို့ရပါသေးတယ်

#အန်နီးး_sharing
#အန်နီးး_အင်္ဂလိပ်စာ

စံပယ်ရယ်သူငယ်ချင်းတွေမို့တို့ အောက်ဖဲလှန်တဲ့သူငယ်ချင်းတို့ကို English လိုဘယ်လိုခေါ်ရမလဲ အန်နီးးရေတဲ့ လာမေးတာနဲ့pageမှာပါ...
09/01/2024

စံပယ်ရယ်သူငယ်ချင်းတွေမို့တို့ အောက်ဖဲလှန်တဲ့သူငယ်ချင်းတို့ကို English လိုဘယ်လိုခေါ်ရမလဲ
အန်နီးးရေတဲ့ လာမေးတာနဲ့pageမှာပါတစ်ခါထဲ sharing ပလိုက်မယ်.......

𝗳𝗮𝗶𝗿-𝘄𝗲𝗮𝘁𝗵𝗲𝗿 𝗳𝗿𝗶𝗲𝗻𝗱🙎

သာပေါင်းညာစားသူငယ်ချင်း၊ သူငယ်ချင်းအတုအယောင် ကိုယ်ကောင်းစားတုန်းပေါင်းပြီး ဒုက္ခရောက်တဲ့အချိန်ရှောင်နေတဲ့သူမျိုးတွေကို
𝗳𝗮𝗶𝗿-𝘄𝗲𝗮𝘁𝗵𝗲𝗿 𝗳𝗿𝗶𝗲𝗻𝗱 လို့ခေါ်ပါတယ်

အန်နီးးရဲ့နောက်ထပ် sharing လေးတွေကိုလေ့လာချင်ရင်တော့pageလေးကို 𝗟𝗶𝗸𝗲 & 𝗙𝗼𝗹𝗹𝗼𝘄 နော်🐝

#အန်နီးး_sharing
#အန်နီးး_အင်္ဂလိပ်စာ

I don't careလို့ပြောရတာပျင်းနေပြီလား???ဒါဆိုဘယ်လိုပြောရမလဲ နောက်တစ်မျိုးမိုက်တာလေးရှိသေးလား အန်နီးးရေ......ရှိတာပေါ့ သိပ...
06/01/2024

I don't careလို့ပြောရတာပျင်းနေပြီလား???

ဒါဆိုဘယ်လိုပြောရမလဲ နောက်တစ်မျိုးမိုက်တာလေးရှိသေးလား အန်နီးးရေ......

ရှိတာပေါ့ သိပ်ရှိတာပေါ့ I don't careနဲ့အဓိပ္ပာယ်တူပြီးအထာကျကျပြောလို့ရတာလေး ကတော့

𝗦𝗼 𝗦𝘂𝗲 𝗠𝗲! 🤷‍♀️

ဆိုတဲ့idiomလေးပါ။ ဒါဆိုရင်တော့I don't careကိုနောက်တစ်မျိုးဘယ်လိုပြောရမလဲဆိုတာသိသွားမယ်လို့မျှော်လင့်ပါတယ်။

ခုလိုစိတ်ဝင်စားစရာ ဗဟုသုတရစရာလေးတွေကိုလေ့လာဖို့ အန်နီးရဲ့Page လေးကို 𝗟𝗶𝗸𝗲 & 𝗙𝗼𝗹𝗹𝗼𝘄 ထားနော်......
နောက်ထပ်Postတွေမှာပြန်တွေ့ကြမယ်
See you on the next post......🐝

#အန်နီးး_အင်္ဂလိပ်စာ
#အန်နီးး_sharing

How are they different?? Episode-2See Look Watch ကိုဘယ်ဟာကကြည့်သည် ဘယ်ဟာကမြင်သည် ဘယ်အခြေအနေမှာ ဘယ်စာလုံးကိုသုံးရမလဲ ခွဲခ...
04/01/2024

How are they different?? Episode-2

See Look Watch ကိုဘယ်ဟာကကြည့်သည် ဘယ်ဟာကမြင်သည် ဘယ်အခြေအနေမှာ ဘယ်စာလုံးကိုသုံးရမလဲ ခွဲခြားပြီးမသိသေးရင် အန်နီးးရဲ့ ခုPostလေးကနေ လေ့လာကြရအောင်....

#အန်နီးး_sharing
#အန်နီးး_အင်္ဂလိပ်စာ

How are they different?? Episode-1ပြောတာချင်းတော့အတူတူဘဲဘာလို့စကားလုံးတွေကွဲသွားတာလဲ??​စကားပြောသည်ဆိုတာကိုဘယ်meaningကိုသ...
17/12/2023

How are they different?? Episode-1

ပြောတာချင်းတော့အတူတူဘဲဘာလို့စကားလုံးတွေကွဲသွားတာလဲ??

​စကားပြောသည်ဆိုတာကိုဘယ်meaningကိုသုံးပြီးပြောရမလဲခုထိခွဲခြားလို့မရသေးဘူးဆိုရင်အန်နီးးနဲ့အတူတူလေ့လာကြည့်ကြရအောင်။

ဒီတစ်ခါမှာတော့အန်နီးးက "ပြောသည်" လို့အဓိပ္ပာယ်ရတဲ့ Talk Say Speak Tell ဆိုတဲ့စကားလုံးလေးလုံးကိုဘယ်လိုမှန်မှန်ကန်ကန်နဲ့အသုံးပြုရမလဲဆိုတာsharingလုပ်ပေးထားပါတယ်။

#အန်နီးး_sharing

#အန်နီးး_အင်္ဂလိပ်စာ

Idioms For You Part(2)4 love idioms💗ဒီတစ်ခါမှာတော့အချစ်နဲ့ပတ်သပ်တဲ့idiomsလေးတွေကိုအန်နီးကsharingလုပ်ပေးထားပါတယ်🐝နောက်ထပ်...
17/11/2023

Idioms For You Part(2)

4 love idioms💗
ဒီတစ်ခါမှာတော့အချစ်နဲ့ပတ်သပ်တဲ့idiomsလေးတွေကိုအန်နီးကsharingလုပ်ပေးထားပါတယ်🐝

နောက်ထပ်အန်နီးsharingလုပ်ပေးတာလေးတွေကိုသိရဖို့pageကိုfollowလုပ်ထားနော်

#အန်နီးး_sharing


Hello!! Welcome back to my page.......Gender of Animals🦊ဒီတစ်ခါမှာတော့ တိရစ္ဆာန်လေးတွေရဲ့gender အလိုက်အထီး အမ အခေါ်အဝေါ်...
14/11/2023

Hello!! Welcome back to my page.......

Gender of Animals🦊

ဒီတစ်ခါမှာတော့ တိရစ္ဆာန်လေးတွေရဲ့gender အလိုက်အထီး အမ အခေါ်အဝေါ်လေးတွေကို
အန်နီးးး ကsharing လုပ်ပေးထားပါတယ်🐝

အားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်
နောက်ထပ်ဒီလိုစိတ်ဝင်စားစရာpostလေးတွေကိုသိရဖို့ အန်နီးး ရဲ့Page လေးကို like & follow ထားနော်

#အန်နီးး_sharing


Perfect Parentsဖြစ်ဖို့သင်တန်းတွေတတ်ဖို့လိုလားဘယ်လိုလုပ်ရမလဲ?မိခင်ကောင်းတစ်ယောက် ဖခင်ကောင်းတစ်ယောက်ဖြစ်နိုင်ပါ့မလားဆိုတဲ...
22/10/2023

Perfect Parentsဖြစ်ဖို့သင်တန်းတွေတတ်ဖို့လိုလားဘယ်လိုလုပ်ရမလဲ?

မိခင်ကောင်းတစ်ယောက် ဖခင်ကောင်းတစ်ယောက်ဖြစ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်အတွေးတွေဟာဖေဖေမေမေတိုင်းလိုလိုမှာရှိတတ်ကြပါတယ်။ အထူးသဖြင့် ပထမဆုံးအကြိမ်မိဘစဖြစ်ရမဲ့ဖေဖေမေမေတို့ပေါ့။ ဒီတော့ အန်နီးက ကိုယ့်ကလေးလေးကိုအကောင်းဆုံးပြုစုပျိုးထောင်နိုင်အောင် Smart Kidလေးဖြစ်လာအောင်ဖေဖေမေမေတို့ရော ဘာသင်တန်းတွေတတ်ရမလဲ ဘာတွေလေ့လာထားရမလဲဆိုတာကို မျှဝေပေးသွားပါမယ်။

1. ECCD & ECCE Course

Early Childhood Care and Development & Early Childhood Care and Educationလို့ခေါ်တဲ့ECCD & ECCE courseမှာတော့ 3နှစ်ကနေ 5 နှစ်ကြားကလေးတွေရဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ဦးနှောက်နဲ့စိတ်ပိုင်းဆိုင်ရာ ဖွင့်ဖြိုးတိုးတတ်မှုအရပ်ရပ်ကို အသက်အရွယ်နဲ့အညီကောင်းကောင်းမွန်မွန် ဘယ်လိုပြုစုပျိုးထောင်ရမလဲဆိုတဲ့ နည်းစနစ်တွေပါဝင်ပါတယ်။ ကိုယ့်သားသားမီးမီးရဲ့ ဥာဏ်ရည်၊စိတ်ဓာတ်၊အပြောအဆိုအပြုအမူ ကောင်းမွန်တိုးတတ်မှုတွေအပြင် အသက်အရွယ်အလိုက်ရှိထားသင့်တဲ့ဖွံဖြိုးတိုးတတ်မှုတွေကိုပါသိခွင့်ရမဲ့ course လေးဖြစ်တဲ့အတွက် ဖေဖေမေမေတို့သိထားတတ်ထားသင့်တဲ့ course လေးဖြစ်ပါတယ်။အထူးသဖြင့် home schooling မဲ့ဖေဖေမေမေတို့က တတ်ကိုတတ်ထားသင့်ပါတယ်နော်။

2. Child Psychology(ကလေးသူငယ်စိတ်ပညာ)

ကလေးထိန်းရတာပင်ပန်းလိုက်တာ သားသားကိုတော့လုံးဝမနိုင်ဘူး၊ အိမ်ကမီးမီးကိုတော့လက်မြောက်ထားရတယ် ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ စကားတွေဟာ မေမေတိုင်းလိုလိုရဲ့ရင်ဖွင့်သံတွေပါ။ ဒါဟာကလေးလေးတွေရဲ့စိတ်နဲ့ လုပ်လေ့လုပ်ထရှိတဲ့သူတို့ရဲ့အပြုအမူလေးတွေ ကိုနားမလည်သေးလို့ပါ။ Chlid Psychology courseမှာဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်ကစ ဆယ်ကျော်သက်အရွယ်အထိ ကလေးတွေရဲ့ စိတ်နေစိတ်ထားအကြောင်းတွေကို လေ့လာခွင့်ရမှာဖြစ်ပါတယ်။ ဒီ course လေးကိုလေ့လာပြီးရင်တော့ ကလေးတွေရဲ့အရွယ်နှင့်အမျှပြောင်းလဲနေတဲ့စိတ်ကို အလွယ်တကူနားလည်လာမယ် ကိုင်တွယ်ရလွယ်ကူလာတဲ့အတွက် သားသားမီးမီးတို့နဲ့မေမေတို့ကြား ပြသနာမရှိတော့ဘဲ ကလေးလေးတွေကိုလိုသလိုပြုပြင်ဆုံးမနိုင်လာမယ် ကလေးလေးတွေဟာလဲ စိတ်ကျန်းမာပျော်ရွှင်စွာနဲ့ကြီးပြင်းလာနိုင်မှာဘဲဖြစ်ပါတယ်။

3. Jolly Phonics & Oxford Phonics

Internatioal Preschoolတွေ International High Schoolတွေအပြိုင်အဆိုင်တတ်နေကြတဲ့ခေတ်ကြီးမှာ English ဟာမဖြစ်မနေတတ်ကိုတတ်ထားရမဲ့languageတစ်ခုပါ။ ငယ်စဥ်ကတည်း pronunciation တွေနဲ့4skillsကောင်းဖို့ဆို ဘယ်လိုလေ့ကျင့်သင်ကြားပေးရမလဲ။ Phonicsပေါ့ Phonicsကိုသာသင်ပေးထားမယ်ဆိုရင် သားသားမီးမီးတို့ရဲ့ eng pronunciationတွေကောင်းမယ် စကားလုံးတွေစာကြောင်းတွေကိုကိုယ့်ဘာသာဖတ်နိုင်လာမယ် 4skillsလုံးပါတိုးတတ်လာမှာဖြစ်တဲ့ အတွက် အိမ်မှာဘဲသင်ကြားပေးချင်တဲ့ဖေဖေမေမေတို့အနေနဲ့ ဒီcourseလေးကိုလေ့လာထားဖို့လိုအပ်ပါတယ်။ ကဗျာလေးတွေပုံလေးတွေနဲ့funဖြစ်အောင်လေ့လာရမှာဖြစ်တဲ့အတွက် ကလေးလေးတို့ရော ဖေဖေမေမေတို့ပါ ပေါ့ပေါ့ပါးပါးလေ့လာရမဲ့courseလေးပါ။

အထက်မှာ​အန်နီးးsharingလုပ်သွားတဲ့သင်တန်းလေးတွေကိုတတ်ချင်တယ် လေ့လာချင်တယ်ဆိုရင်တော့online classတွေလဲအများကြီးရှိပြီး

Teaching Agency page မှာတော့courseသုံးခုလုံးကိုတစ်နေရာထဲမှာဘဲ တီချယ်ကောင်းကောင်းတွေနဲ့လေ့လာသင်ယူနိုင်တဲ့အကြောင်းလေးလဲsharingလုပ်ပေးချင်ပါတယ်။

#အန်နီးး_sharing

The usage of hand over..........Hello, Aanee's followers🐝Today, I will share about the usage of hand over with example s...
29/09/2023

The usage of hand over..........

Hello, Aanee's followers🐝
Today, I will share about the usage of hand over with example sentences.

Usage 1 :: to give something to somebody by
holding it in your hand and offering it
to them.
တစ်ယောက်ယောက်ကိုပေးဖို့လက်ထဲမှာကိုင်ထားတဲ့တစ်စုံတစ်ခုကိုလွှဲပေးလိုက်တယ် အပ်နှံလိုက်တယ် လို့ပြောချင်တဲ့နေရာတွေမှာသုံးပါတယ်

ပိုရှင်းသွားအောင်ဥပမာလေးနဲ့ကြည့်ကြရအောင်

Eg.1. My sister handed the phone over to Marry.
ငါ့ညီမက ဖုန်းကို မယ်ရီဆီလွှဲပေးလိုက်တယ်။

Eg.2. The gangsters handed the weapons over to
the polices.
လူဆိုးတွေက လက်နက်တွေကို ရဲတွေဆီ
အပ်နှံလိုက်ကြတယ်။

နောက်ထပ်ဒီလိုလဲ​သုံးလို့ရပါသေးတယ်.......

Usage 2:: to give the control or responsibility
over something
တစ်ယောက်ယောက်ကိုလုပ်ပိုင်ခွင့် ဒါမှမဟုတ် တာဝန်လွှဲပြောင်းအပ်တယ် လို့ပြောချင်တဲ့နေရာ
မှာလဲသုံးပါတယ်။

Example1:: My boss handed me over a big
project.
သူဌေးကငါ့ကို စီမံကိန်းကြီးကြီးတစ်ခု
လွှဲပေးခဲ့တယ်။

Example2:: Chairman handed his position over to
his deputy after retiring.
အငြိမ်းစားယူပြီးနောက်ဥက္ကဋ္ဌကြီးကသူ့လက်ထောက်ကိုရာထားလွှဲပေးခဲ့တယ်။

The Pattern of Hand Over.........

hand Something over+ to + Somebody
hand Somebody over+ Something

ဒီနေ့ အန်နီးး မျှဝေပေးသွားတာလေးကိုသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်
See you on next post........Follow for more

#အန်နီးး_sharing


#အန်နီးးEngစာ

သားသားမီးမီးတို့အတွက်မူကြိုကျောင်းကောင်းကောင်းကိုဘယ်လိုရွေးချယ်ရမလဲ???ပထမဆုံးအနေနဲ့ အသက် 3 နှစ်ကနေ 5နှစ်အတွင်းကလေးလေးတွေ...
26/09/2023

သားသားမီးမီးတို့အတွက်မူကြိုကျောင်းကောင်းကောင်းကိုဘယ်လိုရွေးချယ်ရမလဲ???

ပထမဆုံးအနေနဲ့ အသက် 3 နှစ်ကနေ 5နှစ်အတွင်းကလေးလေးတွေကိုမူကြိုကျောင်း ထားကိုထားသင့်တယ်ဆိုတာလေးပြောချင်ပါတယ်။
ဘာကြောင့်ထားသင့်တာလဲဆိုတာအန်နီးရဲ့ နောက်လာမဲ့post လေးမှာစောင့်ကြည့်ပေးပါနော်🙋

ဖေဖေမေမေတို့အနေနဲ့ကိုယ့်ကလေးလေးကိုမူကြိုစထားတော့မယ်ဆိုရင် International preschool or ECCD preschool ဘယ်မူကြိုထားမလဲအရင်စပြီး
စဥ်းစားရပါမယ်။

ဘယ်preschoolကိုဘဲရွေးရွေး ဖေဖေမေမေတို့အနေနဲ့သူများညွှန်းလို့ကောင်းတယ်ဆိုတဲ့feedbackနဲ့တင်မရွေးချယ်သင့်ပါဘူး......

စိတ်အချရဆုံးနည်းလမ်းကတော့ကိုယ်တိုင်သွားရောက်လေ့လာဖို့ပါဘဲ✅

ဒါဆိုရင်ဖေဖေမေမေတို့ရေ အန်နီးး နဲ့အတူတူမူကြိုကျောင်းကိုသွားလေ့လာကြရအောင်......

🔶 ပထမဆုံးအနေနဲ့ ကျောင်းနားကိုရောက်ပြီဆိုတာနဲ့ပတ်ဝန်းကျင်ကိုတစ်ချက်လေ့လာမယ် ဆူညံတဲ့လုပ်ငန်းခွင်တွေရှိလား အနံ့ဆိုးနဲ့ဓာတ်ငွေ့ထွက်တဲ့အဆောက်အဦးတွေနဲ့နီးလား ဆိုတာလေ့လာကြမယ်

ပြီးရင်တော့ အန်နီးတို့ကကျောင်းဝန်းထဲကိုစဝင်ပြီပေါ့နော်
🔶 ဝန်းထဲကိုရောက်တာနဲ့ ကလေးလေးတွေပြေးလွှားစော့ကစားဖို့နေရာလုံလုံလောက်လောက်ရှိလား ကစားစရာပစ္စည်းတွေ( ဥပမာ လျှောတွေ၊ ဒန်းတွေ )ကလုံလောက်ပြီးsafeဖြစ်ရဲ့လားကြည့်ကြမယ်

အိုခေ ဒါပြီးရင်တော့ တီချယ်တွေနဲ့တွေ့ပြီး အတွင်းပိုင်းအခန်းလေးတွေလိုက်လေ့လာကြမယ်

🔶စာသင်ခန်းဟာ ရှိနေတဲ့ကျောင်းသားဦးရေနဲ့မျှမျှတတကျယ်ဝန်းပြီးအလင်းရောင်လုံ့လုံလောက်လောက်ရရဲ့လားကြည့်မယ် ပြီးရင်တော့

🔶စာသင်ခန်းထဲမှာရှိတဲ့ Learning corners တွေကိုမဖြစ်မနေကြည့်ခဲ့ရပါမယ် စာသင်ခန်းတွင်း learning corner 6ခုလုံးစုံစုံလင်လင်ရှိမရှိကြည့်ကြမယ်(တီချယ်ရေ learning corner လေးတွေပြပေးပါလို့ တီချယ်တို့ကိုrequestလုပ်ရင်လဲရပါတယ်)

ဒါပြီးရင်တော့
🔶ကလေးလေးတွေနေ့လည်ဘက်အိပ်တဲ့နေရာနဲ့ ထမင်းစားခန်း နေရာတွေက သန့်ရှင်းသပ်ရပ်ရဲ့လားဆိုတာကြည့်ကြမယ်((တချို့ကျောင်းတွေကစာသင်တဲ့နေရာမှာဘဲခုံတွေချထမင်းကျွေးပြီးအိပ်ရင်လဲဒီနေရာမှာဘဲကလေးလေးတွေကိုသိပ်တတ်လို့ပါ))

🔶Toiletကိုသွားကြည့်ကြမယ် ကလေးထိုင်လို့အဆင်တဲ့toiletဖြစ်ရဲ့လား အနံ့အသက်ရောကင်းရဲ့လား

ကဲ......ခုလိုနေရာအနေအထားတွေကိုလေ့လာပြီးရင်တော့

🔶တီချယ်တွေကို သင်ရိုးညွှန်းတန်းအကြောင်းမေးကြမယ် တီချယ်ရေဘာ ဘာသာရပ်တွေသင်မှာလဲ အချိန်စာရင်းကဘယ်နချိန်လဲ ကိုယ့်ကလေးကို သင်ပေးချင်တဲ့ဘာသာရပ်တွေရောပါရဲ့လား တီချယ်နဲ့မေးကြမြန်းကြမယ်

ကျောင်းဖွင့်တဲ့နေ့ကိုသွားလေ့လာတာဖြစ်တဲ့အတွက် တီချယ်တွေရဲ့ကလေးလေးတွေအပေါ်ပြောဆိုပြုမူဆက်ဆံပုံတွေနဲ့ ဆရာမအင်အားလုံလောက်လားဆိုတာကိုလဲတစ်ခါထဲမြင်တွေ့ခဲ့ရမှာပါ

ဒီလိုအချက်တွေနဲ့ပြည့်စုံနေပြီဆိုရင်တော့ ဖေဖေမေမေတို့ရေ ဒီမူကြိုကျောင်းကိုစိတ်ချလက်ချတာရွေးချယ်လိုက်ကြပါ

ဒီနေ့ အန်နီး ဝေမျှပေးသွားတဲ့အကြောင်းအရာလေးကအားလုံးအတွက်အကျိုးရှိပြီးနှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ်.........🐝

Follow for more

#အန်နီးး_sharing

အသက်3နှစ်မှ5နှစ်အတွင်း သားသားမီးမီးတို့အတွက် အဖက်ဖက်ကပြည့်စုံစိတ်ချရတဲ့ မူကြိုကျောင်းကိုရွေးချယ်ဖို့ဆိုတာ ဖေဖေမေမေတို့အတ...
02/09/2023

အသက်3နှစ်မှ5နှစ်အတွင်း သားသားမီးမီးတို့အတွက် အဖက်ဖက်ကပြည့်စုံစိတ်ချရတဲ့ မူကြိုကျောင်းကိုရွေးချယ်ဖို့ဆိုတာ ဖေဖေမေမေတို့အတွက် အကြီးမားဆုံးသောစိန်ခေါ်မှုတစ်ခုပါ

ဘယ်လိုအချက်တွေကိုကြည့်ပြီးစိတ်ချလက်ချရွေးချယ်ရမလဲဆိုတာ နောက်လာမယ့် အန်နီးးရဲ့postလေးမှာ မျှဝေပေးမှာမလို့ Aanee is sharing Right now All about She know pageလေး ကို Follow လုပ်ထားနော်........🐝

#အန်နီးး_sharing


Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Aanee is sharing Right now All about She know posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category