Teacher Zar Ni Thu

Teacher Zar Ni Thu

Share

Join Us And Take Action To Get Your Dream

11/01/2026

Summer Special Class

🎓 Grade 12 သင်္ချာ (စနစ်သစ်) - နွေရာသီ အထူးသီးသန့်တန်းခွဲ
တက္ကသိုလ်ဝင်တန်းမှာ သင်္ချာဘာသာရပ်ကို အမှတ်ကောင်းကောင်းနဲ့ ဂုဏ်ထူးရရှိဖို့အတွက် နွေရာသီမှာ အခြေခံကစပြီး ပိုင်နိုင်အောင် လေ့လာကြရအောင်။

* အထူးတန်းခွဲ (Special Class): သင်ခန်းစာတွေကို သေချာနားလည်စေဖို့ တစ်တန်းလျှင် ကျောင်းသား (၇) ဦးသာ ကန့်သတ်လက်ခံပါသည်။

* နားလည်လွယ်သော သင်ကြားမှု:အခြေခံ Concept များမှစ၍ ပုစ္ဆာတွက်ချက်နည်းများအထိ အသေးစိတ် ဂရုတစိုက် သင်ကြားပေးမည်။

📅 သင်တန်းအချက်အလက်များ
* 🗓 စတင်မည့်ရက်: မတ်လ ၂ ရက်၊ ၂၀၂၆
* ⏰ သင်တန်းအချိန်: မနက် ၈:၀၀ နာရီ မှ ၉:၃၀ နာရီအထိ
* 📅 တက်ရောက်ရမည့်ရက်: တနင်္လာနေ့ မှ သောကြာနေ့အထိ (Monday to Friday)
* ⏳ သင်တန်းကာလ: ၃ လပြတ် သင်တန်း

📍 ဆက်သွယ်စုံစမ်းရန်

* 👩‍🏫 သင်ကြားမည့်သူ: Teacher Zar Ni Thu
* 📞 ဖုန်း: 09 259 061 765
* 🏠 လိပ်စာ: ၈၆ (C) လမ်း၊ ၄၁ လမ်း နှင့် ၄၂ လမ်းကြား။
"သားတို့ သမီးတို့ရဲ့ နွေရာသီ အားလပ်ရက်တွေကို အကျိုးရှိရှိ အသုံးချပြီး Grade 12 သင်္ချာမှာ ထူးချွန်သူတစ်ယောက် ဖြစ်လာဖို့ အခုပဲ စာရင်းပေးသွင်းလိုက်ပါ။"

21/12/2025

2026 တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်း

21/08/2025

အိမ်မှာ စာသင်ဖို့ တီချယ်ခေါ်တဲ့အခါတိုင်း ကျောင်းသား နဲ့ သေချာတိုင်ပင် ဆွေးနွေးသုံးသပ်ပါတယ်။
စာသင်ဖို့ ထပ်လိုအပ်တာလား ။

သင်ထားတဲ့စာတွေ လေ့ကျင့်ဖို့ လိုတာလား ဆိုတာ ကလေးနဲ့ ပွင့်ပွင့် လင်းလင်း တိုင်ပင်ပါတယ်။
ဘာသာရပ်ကို နိုင်နိုင်နင်းနင်း သင်ကြားတဲ့ဆရာ ၊ ဆရာမ သင်ကြားပြီးတာနဲ့ ပြီးသွားတာမျိုး မလုပ်ပဲ။
အိမ်မှာ လေ့ကျင်တွက်ချက် ကျက်မှတ် ရပါတယ်။ အဲဒါမှ ကိုယ်ကလေးက
ဆရာနဲ့ ပြန်တွေ့တဲ့အခါ နားမလည်တာ ပြန်ရှင်းပြခိုင်းလို့ရမှာပါ။
အဲဒါမှ မဟုတ်ပဲ ကိုယ့်ကလေး ဟာ အများနဲ့ သင်ယူတဲ့နေရာမှာ အခက်အခဲတွေ့တာ ၊ သင်ကြားတဲ့ ဆရာ ၊ ဆရာမ ကြီးတွေ အာဘော် ကို နားမလည်တာ
ဆိုတာမျိုးဆိုမှ သင်ကြားရေးကို ထပ်ခေါ်ရပါတယ်။

သင်ကြားရေးဆိုတာက စ လုံးရေ စရပါတယ်သင်ခန်းစာ Course ပြတ်အောင် သင်တာ /စာရှင်းပြတာ/ အပြန်အလှန် သင်ကြား တာ ကောင်းနိုးရာရာ သင်ခန်းစာများကို အပိုထပ်ဆောင်းသင်ကြားပေးတာတွေ အတွက်ဆို အချိန်က အထူးလိုအပ်ပါတယ်။

အခြေခံမှာ အမြင့်ဆုံး အတန်းဖြစ်တဲ့ G12 ပညာရေးမှာ လုံလောက်တဲ့ သင်ကြားချိန် အထူးလိုအပ်သလို
ကျောင်းသားတွေ အတွက် လုံလောက်တဲ့ လေ့ကျင့် ကျက်မှတ် တွက်ချက်ချိန် လိုအပ်ပါတယ် ။

ကိုယ်ရည်မှန်းချက် ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ အချိန်ကို အကျိုးရှိရှိ အသုံးချဖို့ တိုက်တွန်းပါတယ်။

13/07/2025

သင်္ချာဆိုတာဆိုတာ တစ်နှစ်ပတ်လုံး သင်နေ ၊ တွက်နေ ၊ စစ်နေ ၊ ဖြေနေရတဲ့ ဘာသာရပ်မျိုးပါ။

စာများပြီးကျယ်ပြန့်တာရယ်၊ အထပ်ထပ်ဖတ်မှတ်ပြီး လုံလောက်တဲ့ လေ့ကျင့်မှုတွေ လုပ်ထားနိုင်မှသာ ကိုယ်ရည်မှန်းသလို ဖြစ်မှာပါ။

လေ့ကျင့်မှုနည်းတာနဲ့ ပြန်လှန် လေ့ကျင့်ဖို့ အချိန်မရတာတွေကြောင့် စာမေးပွဲမှာ အချိန် မမှီလို့ဖြေနိုင် တွက်နိုင်ရဲ့သားနဲ့ ထားခဲ့ရတဲ့ အဖြစ်မျိုး ကြုံတွေရတက်တဲ့ ဘာသာရပ်ဖြစ်ပါတယ်။

စာမေးပွဲကြီးမှာ ရလဒ်ကောင်းဖို့က
စာသင်ခန်းထဲမှာ အာရုံစိုက်ရပါတယ် ။ နောက်ပြီး သင်ရိုးစောစောပြတ်ဖို့၊ revision များများ မေးခွန်းဟောင်းများများ ရဖို့ ဂျာနယ်မေးခွန်းတွေလေ့ကျင်နိုင်ဖို့ ဆိုတာ အချိန်ခပ်စောစော သင်ထားနိုင်မှပါ။

သင်ရိုးကိုလည်းပိုင်နိုင်၊ သင်ကြားရေးတစ်ခုထဲပဲဇောက်ချပြီး၊ စာသင်ချိန်လည်းမှန် ၊ ထူးချွန်တဲ့ကလေးတွေ နှစ်စဉ် မွေးထုတ်ပေးနေတဲ့ ဆရာ ဆရာမတွေနဲ့ သင်ချင်ရင် ခပ်စောစောကြိုတင်ချိတ်ဆက်ထားမှ ရပါမယ်။

ဒီလိုရေးရတာ ကျွန်တော် စာသင်ဝိုင်းလိုချင်လို့ မဟုတ်ပါ။ ပုံမှန် သင်ပေးနေရတဲ့ ကိုယ်ပိုင်ကျောင်း ၊ဘာသာရပ်သင်ကျောင်း၊ အိမ်ဝိုင်းတစ်ချို့နဲ့တင် အချိန်ပိုတွေလည်း သိပ်မထွက်တော့ပါ။

အတွေ့အကြုံရ အကြံပြုတဲ့ သဘောပါ။

17/05/2025

ကျူရှင်သင်တယ်ဆိုတာ….
စာသင်ချိန် တစ်ချိန်အတွင်း သင်ခန်းစာ တစ်ခုကို
ချက်ခြင်းနားမလည်လိုက်တဲ့ ကလေးတွေအတွက်…
ပိုနားလည်ဖို့

ကျူရှင်သင်တယ်ဆိုတာ….
နားလည်ပြီးသား သင်ခန်းစာတွေကို
ကျွမ်းကျင်ဖို့ လိုအပ်တဲ့ ကလေးတွေအတွက်...
ပိုကျွမ်းကျင်ဖို့

ကျမဆီမှာ ကျူရှင်တက်တယ်ဆိုတာ
ကလေးတွေအတွက်
ကြိုးစားရင် ကြိုးစားသလောက်
ထူးချွန်ဖို..
တော်ရင် တော်သလောက်တက်ဖို့...
လမ်းမများဖို့ လမ်းမမှားဖို့

ဒီမြေ ဒီရေမှာ ဒီပန်းတွေ
ပွင့်လန်းနိုင်ကျပါစေဆိုတဲ့
ရည်ရွယ်ချက်နဲ့ဖွင့်ပါတယ်။

တကယ်ဖြစ်ချင်လို့
တကယ်လုပ်မည့် ကလေးတွေပဲ
သင်တော်မည့် ကျူရှင်ဖြစ်ပါသည်။

အတန်း - Grade 12
ဘာသာရပ် - သင်္ချာ
ကျူရှင်စတင်ဖွင့်လှစ်မည့်ရက်
07-06-2025
ကျူရှင်ဖွင့်မည် အချိန် - 1:00 PM to 3 :00 PM
တပတ်ကို စနေ့ တနင်္ဂနွေ နှစ်ရက်ဖွင့်ပါမည်။

📣📣📣📣

🧑‍🎓🧑‍🎓Teacher Zar Ni Thu
B.C.Sc (Hons:) M.C.Sc (Thesis)
Private School Teacher

Contact More Details
☎️☎️09259061765
🏡🏡၈၆(C) လမ်း ၊ ၄၁ * ၄၂ ကြား မန္တလေး

15/05/2025

📣📣📣📣
Special Class For
Grade 12 , Grade 11 and Grade 10
(Mathematics)📝📝📝
သင်ကြားပေးလျက်ရှိပါတယ်📣📣📣
🧑‍🎓🧑‍🎓Teacher Zar Ni Thu
B.C.Sc (Hons:) M.C.Sc (Thesis)
Private School Teacher

Contact More Details
☎️☎️09259061765
🏡🏡၈၆(C) လမ်း ၊ ၄၁ * ၄၂ ကြား မန္တလေး

19/02/2025

ဒီဥယျာဉ်မှာ
ပန်းတွေ ဖူးကျပွင့်ကျ
မွှေးပျံပေါ့လေ။

Tr zarni ||19022025

07/12/2024

2025 တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်း
*ကြေးမုံသတင်းစာ

27/11/2024

အတန်းတင် စာမေးပွဲ အချိန်စာရင်း
(နှစ်ဆုံးစာမေးပွဲ စစ်ဆေးခြင်း)


၁။၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်၊ အခြေခံပညာအတန်းများအတွက် ကျောင်းတွင်းစစ် နှစ်ဆုံး စာမေးပွဲများ စစ်ဆေးကျင်းပခြင်းနှင့် အောင်စာရင်းထုတ်ပြန်ခြင်းတို့ကို သတ်မှတ်လုပ်ငန်းစဉ်များ အတိုင်း စနစ်တကျဆောင်ရွက်သွားရပါမည်။

၂။ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများကို အောက်ပါတိုင်း ကျင်းပသွားရန်ဖြစ်ပါသည်။

(က) အခြေခံပညာမူလတန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-5) စာမေးပွဲကို (၂၂-၂-၂၀၂၄)ရက်နေ့မှ (၂၇-၂-၂ဝ၂၄)ရက်နေ့အတွင်း ကျင်းပရန် ဖြစ်ပါသည်။
ဇွန်လမှဖေဖော်ဝါရီလအထိ သင်ခန်းစာများ
၁၀၀မှတ် တစ်နေ့တစ်ဘာသာ ။ ဖြေဆိုချိန် ( ၁း၃၀ )

(ခ) အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-9) စာမေးပွဲကို (၂၂-၂-၂၀၂၄)ရက်နေ့မှ (၂၈-၂-၂၀၂၄)အတွင်း ကျင်းပရန် ဖြစ်ပါသည်။
ဇွန်လမှဖေဖော်ဝါရီလအထိ သင်ခန်းစာများ
၁၀၀မှတ် တစ်နေ့တစ်ဘာသာ ။ ဖြေဆိုချိန် ( ၂း၀၀ )

(ဂ) ကျန်ရှိသော ကျောင်းတွင်းစစ်စာမေးပွဲများကို (၁၃-၂-၂၀၂၄)ရက်နေ့မှ (၂၀-၂-၂၀၂၄) ရက်နေ့အတွင်း (တနင်္ဂနွေနေ့မှအပ) ကျင်းပရန် ဖြစ်ပါသည်။
G-1/2/3 စာသင်ခန်းအတွင်းပုံမှန်တတ်မြောက်မှုစစ်ဆေးခြင်း
G-4 - ၂၅ မှတ်
G-10 - ၁၀၀မှတ်
G-11 - ၁၀၀မှတ်
ကျန်အတန်းအားလုံး - ၅၀ မှတ်

(ဃ) အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-12)ကို (၁၃-၂-၂၀၂၄) ရက်နေ့မှ (၂၀-၂-၂ဝ၂၄)အတွင်း (တနင်္ဂနွေနေ့မှအပ) ကျင်းပရန် ဖြစ်ပါသည်။
မှတ်ချက်- တက္ကသိုလ်ဝင်စာမေးပွဲ ဗဟိုအဆင့် (အစိုးရစစ်) အချိန်စာရင်းမထွက်ရှိသေးပါ။

၃။ အခြေခံပညာမူလတန်းအဆင့် (Grade-5)နှင့် အခြေခံပညာအလယ်တန်းအဆင့် (Grade-9) ပြီးမြောက်ခြင်းစာမေးပွဲများကို အောက်ပါနေ့ရက်နှင့်အချိန်များတွင် ဘာသာရပ်အလိုက် စစ်ဆေးရပါမည်။

Crd: Sayar U Myint Oo

Photos from Teacher Zar Ni Thu's post 13/10/2024

G12 သင် ဆရာ/မများနှင့်ကျောင်းသူ/သားတိုင်း မဖြစ်မနေ ဖတ်ထားကြပါ။ တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက်သင်္ချာဘာသာရပ်ဆိုင်ရာ လမ်းညွှန်ချက်များ ထွက်လာပါပြီ။

27/06/2024

စာတွေသင်ချည်းနေတဲ့ ဆရာမ မဟုတ်ပါ။
ရုပ်ရှင်လည်းရိုက်တဲ့ မင်းသမီးပါ။

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address


41 Street , Between 86 And 87
Mandalay
05031

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Sunday 02:00 - 01:15