Kapable English

Phonics နဲ့ Cambridge YLE အတန်း​တွေကို ဝိုင်းပုံစံ​လေး သင်​ပေး​နေပါတယ်။ 😀သာမန် သမာရိုးကျ စာသင်ခန်းပုံစံ မျိုးထက် ပိုပြီး...
17/02/2025

Phonics နဲ့ Cambridge YLE အတန်း​တွေကို ဝိုင်းပုံစံ​လေး သင်​ပေး​နေပါတယ်။ 😀

သာမန် သမာရိုးကျ စာသင်ခန်းပုံစံ မျိုးထက် ပိုပြီး​နွေး​ထွေးမှု​ပေးနိုင်တဲ့ စာသင်ကြားစနစ်ကို ကြိုက်နှစ်သက်တဲ့ မိဘ​တွေအတွက် အဆင်​ပြေပါလိမ့်မယ်။

Level တူညီတဲ့ ​ကျောင်းသား ၄ ၊ ၅ ​ယောက်ကို ဆရာမ၁​ယောက် နှုန်းနဲ့ ဝိုင်းဖွဲ့ သင်တဲ့အတွက်

✅၁ဦးချင်းစီကို ​သေချာဂရုစိုက်နိုင်သလို

✅က​လေး​တွေရဲ့ ဘာသာစကားစွမ်းရည်ဖွံ့ဖြိုးမှု၊

✅အုပ်စုနဲ့ပူး​ပေါင်း​ဆောင်ရွက်နိုင်မှုအပြင်

✅ဖန်တီးနိုင်စွမ်းနဲ့ EQ ကိုပါ ဂရုစိုက်​ပေးနိုင်ပါတယ်။

အိမ်မှာ Guide ​ခေါ်သင်တဲ့အတိုင်း ထိ​ရောက်မှုမျိုးကို ​ပိုပြီးသက်သာတဲ့ သင်တန်း​ကြေးနဲ့ သင်ခွင့်ရမှာပါ။

International Schools ​ အလုပ်ဝင်​နေတဲ့ အလုပ်လုပ်ဖူးတဲ့ အ​တွေ့အကြုံ ရင့်ကျက်တဲ့ Teachers​ တွေ သင်မှာပါ။

✅ကိုယ့်သားသမီးရဲ့ တစ်​နေ့စာ work ​လေး​တွေကို မိဘ​တွေသိခွင့်ရ​အောင်၊ ဆရာဆရာမ​တွေနဲ့ တိုင်ပင်လို့ရ​အောင် စနစ်​လေး၁ခုလည်း လုပ်​ပေးထားပါတယ်။

ကိုယ့်သားသမီးကို လူမနည်းမများ ဝိုင်းပုံစံ​လေး သင်ချင်ရင်​တော့ Kapable English မှာ လာအပ်ကြည့်ပါ။

အသက် ၅ နှစ်​က စလို့ လက်ခံ​နေပါပြီ။

သင်တန်းရက် Sat & Sun
အချိန်. 3:30 pm to 5:30 pm

ရာသီပူလာရင် အချိန်​အပြောင်းအလဲ ရှိပါမယ်ခင်ဗျ။

63A, 105× 106 , ချမ်းမြသာစည်၊ မန္တ​လေးမြို့။

ဆရာအပြင်​ရောက်​နေတတ်လို့ သင်တန်းကို လူကိုယ်တိုင်မလာခင် Viber သို့မဟုတ် Phone နဲ့ တဆင့် ဆက်သွယ်​ပေးပါခင်ဗျ။

09962250117

16 ရက်​နေ့ အတန်း​တွေပါ။
16/02/2025

16 ရက်​နေ့ အတန်း​တွေပါ။

Tr ၂​ယောက်ခွင့်ယူထားလို့ အတန်း​ပေါင်းသင်လိုက်ရပါတယ်၊ မနက်ဖြန် ပိတ်ပါတယ်ခင်ဗျ။
28/12/2024

Tr ၂​ယောက်ခွင့်ယူထားလို့ အတန်း​ပေါင်းသင်လိုက်ရပါတယ်၊ မနက်ဖြန် ပိတ်ပါတယ်ခင်ဗျ။

Christmas Gift Exchange ပွဲ​လေး 😀
25/12/2024

Christmas Gift Exchange ပွဲ​လေး 😀

Sep 1 classes
01/09/2024

Sep 1 classes

02/05/2024

IELTS Reading Book 17 က Test 1 ကို ​လေ့လာကြည့်ရ​အောင်

ကွက်လပ်ဖြည့် Q 1 to 2 ကို ​​အရင်ကြည့်ကြပါမယ်။
ONE WORD ONLY ဆိုပြီး Instruction ​ပေးထားပါတယ်။

The problem
Q1. The ____ of London increased rapidly between 1800 and 1850.

​Step 1 . ​မေးခွန်းမှာ Keywords ရှာပါ။ ၁​ကြောင်းလုံးပါပဲ။

Step 2. Passage ထဲမှာ အ​ဖြေရှာ

ပထမအ​ကြောင်းမှာတင် ​တွေ့ပါတယ်။ ဒဲ့​တော့ မ​ပေးထားပါခင်ဗျ၊ အ​ပေါ်က keywords ​တွေက်ု paraphrase ထားတဲ့ ပုံ​ပြောင်းအနက်တူ Phrases ​တွေကို ရှာရမှာ ဖြစ်ပါတယ်။

In the first half of the 1800s, London's population grew at an astonishing rate,...

အ​ဖြေကို လွယ်လွယ်နဲ့ ​တွေ့နိုင်ပါတယ်။

The population of London = London's population

grew at an astonishing rate = increased rapidly

bet. 1800 & 1850 = In the first half of the 1800s

astonishing ကို မသိရင်​တောင် အ​ဖြေက ​ပေါ်​နေပါပြီ။
_

The proposed solution

Q.2. Building the railway would make it possible to move people to better housing in the _.

ထုံးစံအတိုင်း Q မှာ Keywords ရှာ Passage နဲ့ သွားတိုက် ၊ ဒဲ့​တော့ မ​ပေးထားပါ။

"The proposed solution" နဲ့တူတဲ့ advocates for a solution ဆိုတဲ့ keywords ကို 2nd paragrapgh ရဲ့ 1st line မှာ ​တွေ့ပါတယ်။

advocate ဆိုတာ propose ပါ ပဲ။
ဒါကို မသိလည်း ကိစ္စ​တော့မရှိဘူး။
Solution ကို​တွေ့ရင် အ​ဖြေက ဒီအပိုဒ်မှာပဲ ဆိုတာ လွယ်လွယ်ကူကူ ခန့်မှန်းလို့ရပြီ။

"Building the railway" နဲ့ အဓိပ္ပါယ်တူတာကို ဆက်ရှာကြည့်​တော့ 2nd paragraph ရဲ့ 2nd line မှာ တန်း​တွေ့ပါတယ်၊ သိပ်အပင်ပန်းခံစရာ​တောင် မလိုပါဘူး။
Building an underground railway ဆိုပြီး တိုက်ရိုက်​ပေးထားတာဖြစ်ပါတယ်။

ကျွန်​​တော်တို့ လိုချင်တဲ့အ​​ဖြေက နီးလာပါပြီ၊ ဆက်ရှာလိုက်တဲ့အခါ ကပ်ရပ်က 3rd line မှာပဲ

Relocate the poor workers who lived in the inner-city slums to newly constructed suburbs,

Relocate the poor... to ဆိုတာ move people to ပါပဲ

Newly constructed ဆိုတာ better housing နဲ့ တိုက်ရိုက်မဟုတ်​တောင် သ​ဘောသဘာဝတူပါတယ် ။

အ​ဖြေက suburbs ဖြစ်ပါတယ်။ ဒီ​နေရာမှာ suburbs ဘာလဲမသိလဲ ခန့်မှန်း​ဖြေလို့ရပါတယ်။

Relocate ဆိုတာ ​တော့ သိရပါမယ်။

IELTS ဖြေနည်း​တွေက အကုန် ဒီအတိုင်းပါပဲ၊ Passage 1 ဖြစ်တဲ့အတွက် လွယ်ပါတယ်။ Vocab သိတဲ့လူက အ​ဖြေကိုလွယ်လွယ်ရှာနိုင်ပါတယ်၊ Skimming, Scanning ဆိုတာ အ​ထွေအထူး သင်စရာ​တောင် မလိုပါဘူး။

May လမှာဖွင့်မယ့် Academic Reading Booster အတန်းကို လာတက်ရင် Vocab ​တွေ အများကြီး သိလာပါလိမ့်မယ်။

https://t.me/CapableEnglish/983

__

29/04/2024

လူဦး​ရေ ၅ ​ယောက် ပဲ လက်ခံတဲ့ English 4 skills Online အတန်း​တွေကို သင်တန်း​ကြေး သက်သက်သာသာနဲ့ May 13 မှာ ဖွင့်ပါ​တော့မယ်။ 😀

✨အတန်းထဲမှာ စကား​ပြောချိန်များများလိုချင် သူ​တွေအတွက်ပါ ။ မှန်မှန်ကြိုးစားသူ​တွေအတွက် ရလာဒ်ကိုလည်း အာမခံ ပါတယ်။ ✨
___

Kapable English ရဲ့ Unique ဖြစ်တဲ့ Service ​တွေကို ​အသိ​ပေးပါရ​စေ။

🎇 English Novels ​တွေဖတ်ပြီး Reviews/Analysis ပြန်​​ရေးရပါမယ်

🎇 သင့်ရဲ့အားထုတ်မှုတိုင်းအတွက် Report Card ထားရှိပြီး Feedback နဲ့တကွ ​သေချာမှတ်တမ်းတင်ထားပါတယ်

🎇Academic Career ရဲ့ အသက်ဖြစ်တဲ့ Reading Speed ကို Train ​ပေးပါတယ်

🎇AI ကို စနစ်တကျသုံးတတ်ဖို့ သင်​ပေးပါမယ်

🎇 Audio assignment ​​တွေပေးတာမို့လို့ အတန်းချိန်ပြင်ပမှာလည်း English လို​​ပြောထားတဲ့ Recording ကို အိမ်စာထပ်ရပါမယ်

🎇Speaking ကို Face to face စာ​​မေးပွဲစစ်ပြီး ကျန်တဲ့ Skills ​တွေကို Software နဲ့ စစ်ပါမယ်

🎇Translation နဲ့ Presentation များလည်း လူတိုင်းမဖြစ်မ​နေလုပ်ရပါတယ်

🎇သင့် မှတ်တမ်း​တွေအကုန်လုံး Software နဲ့ သိမ်း​ထား​ပေးမှာဖြစ်တဲ့အတွက် ​ကျောင်းသားတစ်ဦးချင်းစီအ​ပေါ် အ​လေးထားဂရုစိုက်မှုကို သိနိုင်ပါတယ်
__

(May 13 ) မှာ ဖွင့်မယ့် Online အတန်း​တွေက​တော့

1. Pre-inter Part 1 ( 4 Skills)
8 to 9 pm

2. Pre-inter Part 2 (4 Skills)
9 to 10 pm

3. Inter Part 1 (4 Skills)
9 to 10 pm

4. Inter Part 2 ( 4 Skills)
8 to 9 pm

5. Academic Reading (Booster Course)
8 to 9 pm

6. Academic Reading (University Preparatory Course)
8 to 9 pm
__

🎆Monday to Friday ဖြစ်ပြီး နာရီ ၅၀ ( ၂လခွဲ ) ကြာမှာဖြစ်ပါတယ်။

🎆July 23 မှာ Course ပြီးပါမယ်။

🎆Speakout 2nd Edition ကို Core Textbook အ​နေနဲ့ သုံးပါတယ်။

🎆Level Test စစ်​ပေးမှာပါ။

🎆သင်တန်း​ကြေး 160,000 kyats ထဲပါ။

🎆အ​သေးစိတ် ဆွဲထား တဲ့ Course Overviews ​တွေကို ​အောက်ပါ link မှာ Down ပြီးကြည့်နိုင်ပါတယ်။

https://t.me/CapableEnglish/985?single

🎆ကျောင်းသား​​ဟောင်း​တွေရဲ့ Writing လက်ရာ​တွေလည်း ​တောင်းယူနိုင်ပါတယ်။

🎆Messenger က​နေလည်း ​ဆက်သွယ်နိုင်ပါတယ်ခင်ဗျ။

___

သင်ရိုး​ရေးဆွဲသူနဲ့ 4 skills Assessment လုပ်​ပေးမယ့် ဆရာ

Dr. Kaung Pyae Sone

B.D.S (Mdy)
D.Phil (MU)
D.A.Psy (MU)
P.G.D.E (MUFL)
D.E.L.T (MU)
1st Yr, M.Sc, Nutrition & Dietetics (UOB, UK)

IELTS Reading Score - Band 9 (Self-study)

___

Pre-inter ဦးစီးသင်​ကြားမယ့် ဆရာမ

Tr. Hnin Lei Wai

🎇Bachelor of arts in Tourism Management (Mandalar University)

🎇Certificate in TEFL/TESOL (World TESOL Academy)

🎇Participated in the JENESYS 2.0 Cultural Exchange Program 2015 (Japan)

🎇Dip in English Language Teaching (Candidate)

___

Intermediate အတန်း​တွေကို ဦးစီးသင်ကြားမယ့် ဆရာ

Sayar Aung Thura Phyo

🎆Diploma in Teacher Education.

🎆Certificate in TESOL, Ariozona State University.

🎆Cambridge TKT, core modules.
___

🎏May 13 မတိုင်ခင် Bridge Lessons ​တွေပါ အချိန်ပို သင်​ပေးမှာမို့လို့ ​စော​စော အပ်ထားရင် အဆင်​ပြေမှာပါ။

🎏အချို့အတန်း​တွေက​တော့ ​နေရာသိပ်မကျန်​တော့ပါဘူးခင်ဗျ။

🎏 University သွားမယ့် (တက်ဆဲ) ​ကျောင်းသားတွေအတွက်လည်း Level အလိုက် လူဦး​ရေ ကန့်သတ်ထားတဲ့ Online Academic Reading အတန်း​တွေအ​ကြောင်းလည်း အ​သေးစိတ်ထပ်မံ စုံစမ်းနိုင်ပါတယ်ခင်ဗျ

😀

Today Classess 😀
27/04/2024

Today Classess 😀

17ရာစု က စာ​ပေလက်ရာ၁ခုကို ​လေ့လာကြည့်ရ​အောင် Of Studies by Francis Bacon (1625) Studies serve for delight, for ornament,...
25/04/2024

17ရာစု က စာ​ပေလက်ရာ၁ခုကို ​လေ့လာကြည့်ရ​အောင်

Of Studies

by Francis Bacon (1625)

Studies serve for delight, for ornament, and for ability.
​လေ့လာသင်ယူခြင်း က ​​ကြည်နူးစိတ်၊ အသိပညာအဆင်တန်ဆာ နဲ့ တတ်ကျွမ်းမှုစွမ်းရည်​တွေကို ​ဆောင်ကျဥ်းပေးတယ်။

Their chief use for delight is in privateness and retiring;
​သင်ယူမှုကရလာတဲ့ ​ကြည်နူးစိတ်ဟာ တစ်ကိုယ်ထဲရှိ​နေစဥ် နဲ့ အလုပ်မှအနားယူချိန်​တွေမှာ အဓိက သိသာတယ်။ (တစ်ကိုယ်ထဲ စာဖတ်​တွေး​တောတာမျိုး)

for ornament, is in discourse;
သင်ယူမှု​ကြောင့် ရရှိတဲ့ ပညာအဆင်တန်ဆာ က အခြားလူ​တွေနဲ့ စကား​ပြောတဲ့အခါမှာ ​ပေါ်လွင်တယ်။ (စကားကြွယ်မယ်၊ ပါးနပ်မယ်)

and for ability, is in the judgment and disposition of business.
တတ်ကျွမ်းမှုစွမ်းရည်ကတော့ ဆုံးဖြတ်ချက်ချတဲ့အခါ နဲ့ စီးပွားရှာတဲ့​နေရာ​​တွေမှာ အ​ရေးပါတယ်။

For expert men can execute, and perhaps judge of particulars, one by one;
ကျွမ်းကျင်သူ​တွေက လုပ်ငန်း​တွေကို ပြီး​မြောက်​အောင် စီရင်နိုင်တယ်၊ တစ်ခုပြီးတစ်ခု အ​သေးစိတ်လိုက်ပြီး ​အောက်​ခြေက​နေ လုပ်​​နိုင်​ကောင်း လုပ်နိုင်မယ်။

but the general counsels, and the plots
and marshalling of affairs, come best from those that are learned.
ဒါ​ပေမယ့် ​ကျယ်ပြန့်တဲ့ အကြံ​ပေးမှု​တွေ၊ အစီစဥ်​ရေးဆွဲမှု​တွေနဲ့ ကိစ္စ​တွေကို မဟာဗျူဟာ​မြောက် ကိုင်တွယ်နိုင်မှု​​တွေကို​တော့ ပညာလေ့လာလိုက်စားသူ​တွေကပဲ အ​ကောင်းဆုံး လုပ်နိုင်ပါတယ်။

To spend too much time in studies is sloth;
လေ့လာသင်မှု​မှာပဲ အချိန်​တွေကုန်ဆုံးနေမယ်ဆိုရင်​တော့ လူ​တွေက ထိုင်းမှိုင်းသွားမယ် (အမြဲတမ်းစာအုပ်ပဲ ထိုင်ဖတ်​နေရင် ပျင်းသွားမယ်)၊

to use them too much for ornament, is affectation;
အဆင်တန်ဆာအ​နေနဲ့ အလွန်အကျွံသုံးတာက သမားဂုဏ်ပြခြင်းပဲဖြစ်တယ်၊ (စာ​တွေဖတ်ပြီး စကား​ကြီး စကားကျယ်​ပြောရင် ကြွားဝါတာဖြစ်သွားပြီ)

to make judgment wholly by their rules, is the humor of a scholar.
ကိစ္စတိုင်းကို စည်းမျဥ်းဥပ​ဒေသ​တွေနဲ့ပဲ ​ဖြေရှင်းတာက သု​တေသီဆန်လွန်းတယ် ( စာအုပ်ကြီးဆန်တယ်)။

They perfect nature, and are perfected by experience:
​သင်ယူခြင်းဟာ ပင်ကိုယ်ဗီဇကို ပိုမို​ကောင်းမွန်​စေတယ်၊ သင်ယူခြင်းကို​တော့ အ​တွေ့အကြုံက ပိုမိုပြီးပြည့်စုံ​အောင် လုပ်​ပေးတယ်။

for natural abilities are like natural plants, that need pruning, by study;
သဘာဝသစ်ပင်​တွေ အပင်သန်လှပ​အောင် ကိုင်းဖြတ်ပုံ​ဖော်မှုလိုသလိုပဲ ပင်ကိုယ်စွမ်းရည်များကို ပိုမိုထက်မြတ်လာ​အောင် သင်ယူ​လေ့လာဖို့လိုတယ်။

and studies themselves do give forth directions too much at large, except they be bounded in by experience.
အ​တွေ့အကြုံနဲ့ အထိန်းအကွပ် မလုပ်ရင် သင်ယူ​လေ့လာခြင်းမှာ ဦးတည်ချက်​တွေ ပြန့်ကျဲ​လွန်းနေတယ်။ (ဤ​နေရာမှာ Studies ဆိုတာ စာဖတ်ခြင်းကို အဓိက​ပြောတာဖြစ်နိုင်)

Crafty men condemn studies, simple men admire them, and wise men use them;
လူလည်တွေက ပညာရှာမှီးခြင်းကို အပြစ်တင်ကြတယ်၊ သာမန်လူ​တွေက ချီးမွမ်းတယ်၊ ပညာရှိ​တွေက ပညာကို ဘဝတိုးတက်​ရေးအတွက် ပြန်အသုံးပြုတယ်။

for they teach not their own use;
ဘာလို့လဲဆို​တော့ စာ​​ပေ​တွေမှ သင်ယူ​​လေ့လာခြင်းသပ်သပ်က​တော့ လူ​တွေကို လက်​တွေ့ပြန်လည် အသုံးပြုဖို့ ​ပြောမထားဘူး။ ( စာဖတ်ခြင်းသပ်သပ်က​​တော့ စာဖတ်​နေတာပဲဖြစ်တယ်၊ ပြန်လည်အသုံးချမှုက ကိုယ်နဲ့ပဲဆိုင်)

but that is a wisdom without them, and above them, won by observation.
အဲ့ဒီစာ​ပေ​တွေက ​လေ့လာတာထက် ပိုသာလွန်တဲ့ ဥာဏ်ပညာ ရှိ​သေးတယ်၊ အဲဒါက​တော့ ကိုယ်တိုင်ကိုယ်ကျ ​အ​တွေ့အကြုံက​နေ လေ့လာဆည်းပူးခြင်းပါ။

Read not to contradict and confute;
အများနဲ့ငြင်းခုံဖို့ သူများအမှားရှာဖို့​လောက် နဲ့​တော့ စာမဖတ်နဲ့။

nor to believe and take for granted;
မျက်စိမှိတ်ပြီး စာအုပ်​တွေ​ပြောသမျှလည်း လက်မခံနဲ့။

nor to find talk and discourse;
စကားကြီးစကားကျယ်​ပြောဖို့ အတွက်လည်း မဖြစ်​စေနဲ့။

but to weigh and consider.
စာကို ချင့်ချိန် စဥ်းစားနိုင်စွမ်းအတွက်ပဲ ဖတ်ပါ။

__

ဆက်ရန်
Telegram 👇😃

20/04/2024

1597 က ​ရေးထားတဲ့ Francis Bacon ရဲ့ Of Studies ဆိုတဲ့ essay ကို ပြီးခဲ့တဲ့ 4 skills အတန်းမှာ ဖတ်ခဲ့တဲ့ မှတ်တမ်း​လေးပါ၊ ပထမပိုင်းဖြစ်ပါတယ်။

​ရှေး​​ဟောင်းစာ​ပေ ဖတ်ဖူး​အောင် စိတ်ဝင်စားလာ​အောင် ​ ထိ​တွေ့ခွင့်ပေးတာပါ၊ သင်ရိုးနဲ့​တော့မဆိုင်ပါဘူး။
___

စာရင်း​ပေးထားတဲ့အချို့ လာမအပ်တဲ့အတွက်
4 skills အတန်း​တွေ ​နေရာအချို့ လွတ်ပါ​သေးတယ်၊ လာအပ်လို့ရပါ​သေးတယ်ခင်ဗျ။

Reading Booster အတန်းက​တော့ ၂ ​နေရာပဲ ကျန်ပါ​တော့တယ်၊
​နေရာမချန်​ပေး​တော့ပါဘူး၊ ဦးရာလူစနစ်ပါခင်ဗျ။

သင်တန်းအ​ကြောင်းကို Telegram မှာ အ​သေးစိတ်​ဖော်ပြထားပါတယ်ခင်ဗျ

https://t.me/CapableEnglish

Last Week 😀
13/04/2024

Last Week 😀

နွေပိတ်ရက်မှာ ​ကျောင်းသားသစ်​တွေတိုးလာသလို Teacher အင်အားလည်း ဖြည့်ထားပါတယ်ခင်ဗျ
09/03/2024

နွေပိတ်ရက်မှာ ​ကျောင်းသားသစ်​တွေတိုးလာသလို Teacher အင်အားလည်း ဖြည့်ထားပါတယ်ခင်ဗျ

Address

၆၃ A လမ်း၊ ၁၀၅ × ၁၀၆ကြား၊ သူနာပြုတက္ကသိုလ်အ​နောက်ဘက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တ​လေးမြို့။
Mandalay

Telephone

+959962250117

Website

Alerts

Be the first to know and let us send you an email when Kapable English posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Kapable English:

Shortcuts

Share

Category