#ရာသီဥတုအမျိုးအစားများ
English Grammar Class 4Skill
I can do it.
29/09/2025
#ဆန့်ကျင်ဘက်အဂ်လိပ်ဝေါဟာရများ
08/03/2023
🌹''ကလေးနာမည်ပေး" 🌹
တချို့တွေက ကလေးတွေရဲ့နာမည်ကို အလွယ်ပေးတပ်ကျတယ် ကျွန်နော်ကတော့ အဲလို အလွယ်မပေးစေချင်ဘူး ဘာဖြစ်လို့လဲဆိုတော့ ကံနည်းတဲ့သူမှာ ညဏ်လေးနည်းနည်းပိုစိုက်လိုက်ရင် သူဘဝရှေ့ရေးအတွက် ပိုကောင်းသွားစေချင်လို့ပါ ကံရှိတဲ့သူကတော့ ညဏ်သိပ်မထည့်လဲကံကောင်းနေတော့ သုဟာနဲ့သူ အံဝင်ဂွင်ကျဖြစ်တယ်လို့ထင်တယ်
နာမည်းပေးနည်းလေးကတော့ အလွန်မတန်မှကောင်းတဲ့နည်းလေးပါ ဆရာကြီး အဘမင်းသိင်္ခ လဲ ဒီနည်းအတိုင်ပဲပေးတာများပါတယ်
ကုန်ဘောင်ခေတ်မှာ အလွန်ကျော်ကြားတဲ့ အတုလ ဆရာတော် ခင်ကြီးဖျော်ရဲ့ နည်းပါ။
( တနင်္ဂနွေသားသမီးများ အတွက် ပုံစံ (၅ - ၆ - ၂)
(ကြာသပတေး အက္ခရာဖြင့် စပါ၊ သောကြာအက္ခရာကို အလယ်မှာ ထားပါ။ တနင်္လာ အက္ခရာကို အဆုံးတွင်ထားပါ)
ဥပမာ - မိုးဟေကို ၊ မေသုခ ၊ ပြည်သိန်းကျော်) စသည်ဖြင့် ပေးရပါသည်။
တနင်္လာသားသမီးများအတွက် ပုံစံ (၆ - ၀ - ၃)
( သောကြာ အက္ခရာဖြင့် စပါ၊ စနေ အက္ခရာကို အလယ်မှာ ထားပါ။ အင်္ဂါ အက္ခရာကို အဆုံးတွင် ထားပါ)
ဥပမာ - သူထူးစံ ၊ သွန်းနဒီစံ ၊ သက်နှင်းစံ ၊ သော်တာစိုးစံ၊ စသည်ဖြင့် ပေးနိုင်ပါသည်။
အင်္ဂါသားသမီးများအတွက် ပုံစံ (၀ - ၁ - ၄)
( စနေ အက္ခရာဖြင့် စပါ၊ တနင်္ဂနွေ အက္ခရာကို အလယ်မှာ ထားပါ။ ဗုဒ္ဓဟူး အက္ခရာကို အဆုံးတွင် ထားပါ)
ဥပမာ - နှင်းအိလွင် ၊ ထူးအယ်လင်း၊ ထွန်းအောင်လူ ၊ နဒီအေးလွင် စသည်ဖြင့် ပေးနိုင်ပါသည်။
ဗုဒ္ဓဟူးသားသမီးများအတွက် ပုံစံ (၁ - ၂ - ၅)
( တနင်္ဂနွေ အက္ခရာဖြင့် စပါ၊ တနင်္လာ အက္ခရာကို အလယ်မှာ ထားပါ။ ကြာသပတေး အက္ခရာကို အဆုံးတွင်ထားပါ)
ဥပမာ - အေးချမ်းမေ ၊ အိချမ်းမြေ့ ၊ အောင်ခေတ်ပိုင် ၊ အိချောပို စသည်ဖြင့် မှည့်နိုင်ပါသည်။
ကြာသပတေးသားသမီးများအတွက် ပုံစံ (၂ - ၃ - ၆)
( တနင်္လာအက္ခရာဖြင့် စပါ၊ အင်္ဂါ အက္ခရာကို အလယ်မှာ ထားပါ။ သောကြာ အက္ခရာကို အဆုံးတွင် ထားပါ)
ဥပမာ - ခန့်စည်သူ ၊ ချောဇင်သန့် ၊ ကောင်းစည်သူ ၊ ငြိမ်းစုဟေသီ စသည်ဖြင့် မှည့်နိုင်ပါသည်။
ဒါကတော့ သောကြာသားသမီးများအတွက် ပုံစံ ( ၃ - ၄ - ၀ )
( အင်္ဂါ အက္ခရာဖြင့် စပါ၊ ဗုဒ္ဓဟူး အက္ခရာကို အလယ်မှာ ထားပါ။ စနေ အက္ခရာကို အဆုံးတွင်ထားပါ)
ဥပမာ - ဇော်ရဲထက် ၊ စုလှိုင်နှင်း ၊ ဇူလိုင်နှင်း ၊ စောယုနွယ် ၊ ဇေယျာနိုင် ၊ ဇင်ယော်နီ စသည်ဖြင့် မှည့်နိုင်သည်။
စနေသားသမီးများအတွက် ပုံစံ ( ၄ - ၅ - ၁)
( ဗုဒ္ဓဟူး အက္ခရာဖြင့် စပါ၊ ကြာသပတေး အက္ခရာကို အလယ်မှာ ထားပါ။ တနင်္ဂနွေ အက္ခရာကို အဆုံး တွင် ထားပါ)
ဥပမာ - ယဉ်မင်းဦး ၊ ရွှေယမင်းဦး ၊ ၀င့်ဝါမိုးဦး ၊ ရဲမာန်ဦး ၊ လူမင်းဦး ၊ လွင်မိုးအောင် စသည်ဖြင့် မှည့်နိုင်ပါသည်။
နောက်ဆုံးအနေနှင့် တစ်ခုပြောချင်တာက လူတစ်ယောက်ကို နာမည်ပေးတဲ့ အခါမှာ ဗေဒင်နှင့် ကိုက်အောင် ချဉ်းပဲလဲ မှည့်လို့ မဖြစ်ဘူး။ ဗေဒင်ကို လုံးလုံး မစဉ်းစားပဲနဲ့လည်း မှည့်လို့မဖြစ်ဘူး။ အဲဒီတော့ ဗေဒင်သဘောလဲ ပါပါစေ။ ခေါ်လို့ ကောင်းအောင်လည်း ဖြစ်ပါစေ၊ ခေတ်ကာလနဲ့လည်း လိုက်လျော ညီထွေ ဖြစ်ပါစေ။
မှတ်ချက် - မည်သူမဆို မိမိတို့၏ သားသမီး ရင်သွေးရတနာ များကို အမည်ပေးရန် အတွက်ပဲ ဖြစ်ဖြစ် ၊ အနုပညာ လုပ်ငန်းနှင့် အခြားသော လုပ်ငန်း ဆောင်တာများတွင် အသုံးပြုရန် ဖြစ်စေ အမည်ပေးလိုပါက အထက်ပါ နည်းအတိုင်း စိတ်ချ ယုံကြည်စွာ ပေးနိုင်ပါသည်။
...
08/03/2023
07/03/2023
07/03/2023
12/12/2022
[ ဘုန်းကြီးညံ့ရင်_ရွာညံ့သွားတယ် ]
#မြောင်းမြဆရာတော်ကြီးဆုံးမစကားများ
မြန်မာပြည်မှာ ဘုန်းကြီးတွေ
ဦးဆောင်နေတယ်..၊
ဒါကြောင့်...
ဘုန်းကြီးညံ့ရင် ရွာညံ့သွားတယ်၊
ဘုန်းကြီးကောင်းရင် ရွာကောင်းလာတယ်။
မြို့လည်း အတူတူပဲ..၊
အဲဒါကို ကြပ်ကြပ်သတိထားကြ..။
#သာသနာဆိုတာ ဘာလည်း၊
"ဘုရားရှင်ရဲ့ အဆုံးအမတော်ကို သာသနာ ခေါ်တယ်။
ဘုန်းကြီးတွေ ဝါဝါဝတ်နေတာကို
သာသနာ" ခေါ်တာ မဟုတ်ဘူး။
ဝါဝါ မြင်တိုင်း
သာသနာ ထင်မနေကြနဲ့။
#ရဟန်းဆိုတာ ဣနြေ္ဒရှိရတယ်၊
ဣနြေ္ဒကို စောင့်ထိန်းရတယ်၊
ကိုယ့်သိက္ခာကို
ကိုယ်ရိုသေရတယ်။
#သာသနာပြုလုပ်ငန်းဆိုတာ
အပြောလွယ်သလောက်
အလုပ်ခက်တဲ့လုပ်ငန်းကြီးတစ်ခုပဲ။
#သူများဆောက်လုပ်ထားတဲ့၊
သူများလှူဒါန်းထားတဲ့ တိုက်ကျောင်းတွေမှာ နေပြီးတော့ စည်းစိမ်ယစ်မနေကြနဲ့၊ ဘဝင်မြင့်မနေကြနဲ့၊
စိတ်ကြီးမဝင်ကြနဲ့။
ဂိုဏ်းစွဲ၊ ကျောင်းစွဲ၊ တိုက်တာစွဲ
ကျဉ်းမြောင်းစိတ်ကို မထားရဘူး၊
သာသနာတော်ကြီးတစ်ခုလုံးကို
ခြုံပြီးလုပ်ဖို့ လိုတယ်။
#ကြီးပွားတိုးတက်ရေးမှာ
အလုပ်လုပ်ရုံနဲ့လဲ မပြီးသေးပါဘူး၊
လုပ်ပြီးသမျှ ပြန်လှန်စိစစ်ရမယ်၊
ချို့ယွင်းချက်တွေ့က ပြုပြင်ရမယ်၊
မပြုပြင်ဘဲ မဖြစ်ဘူး၊ ပြုပြင်သင့်တာကို
ပြုပြင်ရမယ်၊ ပြောင်းလဲသင့်တာကို
ပြောင်းလဲရမယ်၊ ရှေးရိုးချည်းလုပ်နေလို့
မဖြစ်ဘူး၊ ပြုပြင်ပြောင်းလဲတဲ့အခါမှာလဲပဲ ရွှေကျင်ဂိုဏ်းကျင့်ထုံး ဥပဒေနဲ့လဲ
မဆန့်ကျင်စေရဘူး၊ ဝိနည်းပညတ်တော်နဲ့လဲ လျော်ညီစေရမယ်။
#နည်းပေးလမ်းပြတဲ့
ဆရာသမားဟာ အင်မတန် အရေးကြီးတယ်၊ မကောင်းတဲ့ ဆရာမျိုးကို
ရှောင်ခွာပြီး ကောင်းတဲ့ဆရာမျိုးကို
ဆည်းကပ်ဖို့ လိုပါတယ်။
#ခေါင်းဆောင်လုပ်မယ့်လူဟာ
ဘယ်နေရာမှာမှ ပေါ့ပေါ့လျော့လျော့
မရှိစေရဘူး၊ အမြဲ သတိရှိရမယ်၊
မှတ်သားရမယ်၊ မျက်စိနဲ့နားကို
အမြဲ ဖွင့်ထားရမယ်။
#သာသနာ့ဝန်ထမ်း_ရှင်ရဟန်းဆိုတာ
မိမိကသာ သာသနာ့တာဝန်ကို
ထမ်းဆောင်ရမယ်၊
သာသနာတော်က မိမိရဲ့တာဝန်ကို
မထမ်းဆောင်စေရဘူး။
#သာသနာအရေးမှာ
ငါအရေး၊ ဆွေမျိုးအရေး မပါစေနဲ့။
#ဂုဏ်နောက်ကို
လူက မလိုက်ရဘူး၊ ဂုဏ်ကသာ
လူနောက်ကို လိုက်စေရမယ်။
#ရဟန်းတွေဆိုတာဟာ
အနေရိုးသားရမယ်၊ အသိဉာဏ်ဘက်ကျတော့ ဆန်းကြယ်ရမယ်၊ လူများနဲ့
ရောရောနှောနှောလဲ မနေရဘူး၊
ကင်းနိုင်သမျှ ကင်းအောင်နေရမယ်။
#ဝိနည်းပညတ်တော်က
ခေတ်နောက်ကို လိုက်လို့မရဘူး၊
ခေတ်ကသာ ဝိနည်းပညတ်တော်ရဲ့
နောက်ကို လိုက်ရမယ်။
#ကုသိုလ်လုပ်တဲ့နေရာ
အကုသိုလ် မပါစေနဲ့။
#သာသနာရေးကို
တကယ် ကောင်းစေချင်၊
တကယ် လုပ်ချင်ရင် စည်းကမ်းရှိရတယ်။
#ကျေးဇူးရှင် ဒသမ ရွှေကျင်သာသနာပိုင် မြောင်းမြဆရာတော်ကြီး
[ ဝိသုဒ္ဓါရုံ မြောင်းမြဆရာတော်နှင့်
ဗုဒ္ဓမြတ်စွာသာသနာ စာအုပ်မှ ]
မေတ္တာဖြင့်...
M. P. N
2.12.2022
=============================
☪ ကြီးသုံးကြီး ☪
" ဘုန်းတော်ကြီး နဲ့ သူကြီးတစ်ဖြာ
ကျောင်းဆရာကြီး သုံးကြီးမှတ်ပါ
သူတို့ကောင်းက ကောင်းကြပြည်ရွာ
သူတို့မကောင်းက ပျက်ကြောင်းမြို့တိုင်း ရွာ "
( 1 ) ကျောင်းထိုင်ဘုန်းကြီး
ကောင်းရမည် ။
( 2 ) သူကြီး " ဥက္ကဋ္ဌ " ကောင်းရမည်
( 3 ) ကျောင်းဆရာ " ကလေး လူငယ်
လူရွယ်တို့ကို စာသင် စာပြပေး
သော ဆရာကြီး ဆရာမ "
ကောင်းရမည် ။
တနည်းအားဖြင့် " ပုဗ္ဗစရိယ မိနှင့်ဖ
လက်ဦးဆရာ မည်ထိုက်စွာ " ဆိုသည့်အညီ အမိ အဖ ဆိုသည်မှာလည်း ကလေး လူငယ် လူရွယ်တို့အတွက် အမိအဖတွေက ဆရာတစ်ဆူပါပဲ ။
ဤအချက်အလက် ( 3 ) ချက်နှင့် ကိုက်ညီရင် စီးလုံးညီညွတ်ရင် တိုင်းနှင့် မြို့
နယ် ကျေးရွာတို့မှာ တိုးတက် အောင်မြင်ပြီး ကြီးပွား ချမ်းသာကြမှာ အမှန်ပါပဲ ။
အရှင်ဣန္ဒက { မေတ္တာကြယ် - ဒေးဒရဲ - ကျုံဒူး } ။
“ ကံကြီး ကံငယ်နှင့်စပ်၍ မှတ်သားဖွယ် ”Copy ယူတင်တာပါ။
( လေးလေးစားစား SAVE ထားသင့်ပါတယ်)
ကဲ ဒီနေ့ ဦဇင်းတွေနဲ့ဆိုင်တဲ့ စကားနည်းနည်းပြောမယ်၊ကံအကြောင်းလေးပေါ့ ကိုရင်တွေကတော့ ကံအကြောင်း သိပ်မဆိုင်လို့ သိမှာမဟုတ်ဘူး၊ ဦးဇင်းတွေနဲ့ဆိုင်တယ်၊ သိလည်းသိသင့်တယ် ၊စာသင်နေတဲ့အချိန် စာချတန်းတွေ ဘာတွေအောင် အောင်သော်လည်း ကံအခန်းတွေက မလေ့လာရင် မသိဘူး လေ့လာမှ သိမယ်၊စာချတန်းတွေ ဘာတွေ အောင်ပြီးရင် အနည်းဆုံး ကျန်တဲ့ဝိနည်းပါဠိတော်လေးကျမ်းလောက်ကို ပါဠိတော်လောက်တော့ တက်ဖူးထား သင်ဖူးထား ဖတ်ဖူးထားရင်ကောင်းတယ် ၊ ပါဠိတော်နိဿယမှာ အဋ္ဌကထာ ဋီကာမှတ်ချက်တွေပါတယ်၊ အဲ့ဒါ နိဿယလည်း ဖတ်ရတယ်၊ အခုပြောချင်တာက ရဟန်းတော်များ ဖြစ်လာပြီဆိုရင် ကံအခန်းတွေ ကံဆောင်ရမယ့် အခန်းတွေရှိတယ်။
ကံလေးပါးရှိတယ် “စတ္တာရိ ကမ္မာနိ အပလောကနကမ္မံ ဉတ္တိကမ္မံ ဉတ္တိဒုတိယကမ္မံ ဉတ္တိစတုတ္ထကမ္မံ လို့ ကံလေးမျိုးရှိတယ်၊အဲ့ဒီကံလေးမျိုးကို သိဖို့အတွက် မဟာဝါမှာ စမ္ပေယျက္ခန္ဓကတို့ စူဠဝါမှာဆိုရင်လည်း သမထက္ခန္ဓက ပရိဝါနောက်ပိုင်းမှာလည်း ကမ္မဝဂ်တို့ အဲ့ဒါတွေ လေ့လာရမယ်၊အဲ့တော့ နံပါတ်(၁)အပလောကနကံဆိုတာ ပန်ပြောပြီး ပြုလုပ်ရတဲ့ကံမျိုး ကိစ္စတစ်ခုခုရှိလို့ရင် ကျောင်းတိုက်ရှိ သံဃာတော်အရှင်မြတ်တွေကို ပန်ပြောရတယ်၊သဘောတူညီမှု ယူရတယ် ဒီပစ္စည်းလေးကို ဒီပုဂ္ဂိုလ်အား ပေးချင်ပါတယ် သဘောတူရဲ့လား သဘောတူရင် သာဓုခေါ်ပေါ့ အဲ့လို သံဃာကိုပန်ပြောပြီးတော့ လုပ်ရတဲ့အမှု အဲ့ဒါကို အပလောကနကံလို့ခေါ်တယ်၊
နံပါတ်(၂) ဉတ္တိကံဆိုတာက ဉတ်တော့ပါတယ် ကမ္မဝါစာတော့ မပါဘူး ၊ ဥပမာအားဖြင့် ဥပုသ်ပြုတဲ့အခါ သိမ်ထဲမှာ ဉတ်ထားတယ်ဆိုတာ ရှိတယ် ၊မူလတန်းကိုရင်တွေ ဝိနည်းကျက်တဲ့အခါ သုဏာတု မေ ဘန္တေ သံဃော အဇ္ဇုပေါသထော ပန္နရသော ယဒိ သံဃဿ ပတ္တကလ္လံ သံဃော ဥပေါသထံ ကရေယျ ပါတိမောက္ခံ ဥဒ္ဒိသေယျ အဲ့ဒါ ဉတ်ပါဠိ ခေါ်တယ် ၊ ကမ္မဝါမပါဘူး အဲ့လို ဉတ်ကိုရွတ်ဆိုပြီး ပြုရတဲ့ကံကို ဉတ္တိကံလို့ခေါ်တယ် ၊
နံပါတ်(၃)ဉတ္တိဒုတိယကံဆိုတာက ဉတ်လည်းပါတယ် ကမ္မဝါလည်း ပါတယ် ဉတ်ကိုတော့ ထုံးစံအတိုင်း တကြိမ်ပဲရွတ်တယ် ၊ကမ္မဝါစာကိုလည်း ထို့အတူပဲ တကြိမ်ပဲရွတ်ရတယ် အဲ့ဒါကို ပြောင်းပြန်လှန်ပြီးတော့ ဉတ္တိဒုတိယကံတဲ့၊ ဉတ္တိဒုတိယဆိုတော့ ကမ္မဝါက ပထမ ၊ဉတ်ကဒုတိယ အဲ့လိုတော့ မထင်နဲ့ ၊ပုံမှန်အတိုင်းပဲ ဉတ်ကို အရင်ဖတ် နောက်ပြီး ကမ္မဝါစာတကြိမ်ဖတ် အဲ့လို ဉတ်တကြိမ် ကမ္မဝါစာတကြိမ်ဖတ်ပြီးတော့ ဆောင်ရတဲ့ ပြုလုပ်ရတဲ့ကံကို ဉတ္တိဒုတိယကံလို့ခေါ်တယ်..
နံပါတ်(၄)ဉတ္တိစတုတ္ထကံဆိုတာကတော့ ရဟန်းခံတဲ့အခါ ပြုလုပ်ရတဲ့ ကံမျိုးပေါ့ ၊ဉတ်တကြိမ် ကမ္မဝါစာကသုံးကြိမ် အဲ့ဒါကို ဉတ္တိစတုတ္ထကံလို့ ခေါ်တယ်၊ နောက် ပရိဝါအဋ္ဌကထာက အပလောကနကံနဲ့ပြုလုပ်ရမယ့်အလုပ်ကို အပလောကနကံနဲ့ပဲလုပ်ရမယ်၊ဉတ္တိကံတွေ ဉတ္တိဒုတိယကံ ဉတ္တိစတုတ္ထကံတွေနဲ့ မလုပ်ပါနဲ့တဲ့၊ အပလောကနကံနဲ့လုပ်ရမယ်လို့ညွှန်ပြထားတဲ့ကိစ္စကို အပလောကနကံနဲ့ပဲ လုပ်ပါ ၊နောက်တစ်ခါ ဉတ္တိကံနဲ့ လုပ်ရမယ့်အလုပ်ကိုလည်း ဉတ္တိကံနဲ့ပဲလုပ်ပါ အပလောကနကံတို့ ဉတ္တိဒုတိယကံတို့ ဉတ္တိစတုတ္ထကံတို့နဲ့ သွားမလုပ်နဲ့၊နောက်တစ်ခါ ဉတ္တိဒုတိယကံနဲ့လုပ်ရမယ့်အလုပ်တွေကျတော့ ဉတ္တိဒုတိယကံနဲ့လုပ်လို့ရတာရှိသလို အပလောကနကံနဲ့လည်း လုပ်ခွင့်ပြုထားတာရှိသေးတယ်၊ သူကျတော့ နည်းနည်းထူးခြားတာပေါ့ ၊ဉတ္တိဒုတိယဆိုတာ ဉတ်တကြိမ် ကမ္မဝါစာတကြိမ်
ဥပမာ-တို့အဖိတ်နေ့မနက် ဘုရားရှိခိုးလို့ရှိရင် ရွတ်နေတာ; သိမ်သမုတ်တဲ့ကမ္မဝါ သိမ်နှုတ်တဲ့ ကမ္မဝါ ၊ သိမ်သမုတ်တဲ့ကမ္မဝါက(၂)မျိုး သိမ်နှုတ်တဲ့ကမ္မဝါက (၂)မျိုး ပေါင်း(၄)မျိုး အဖိတ်နေ့တိုင်းရွတ်နေတာ ၊အဲ့ဒီကမ္မဝါ(၄)မျိုးလုံးက ဉတ်တကြိမ် ကမ္မဝါစာတကြိမ် အဲ့ဒါ ဘာကံခေါ်လည်းဆိုတော့ ဉတ္တိဒုတိယကံခေါ်တယ်၊ အဲ့ဒီ ဉတ္တိဒုတိယကံနဲ့လုပ်ရမယ့်အလုပ်တွေကို အပလောကနကံနဲ့ လုပ်ရင်လည်းရတယ် ဉတ္တိဒုတိယကံနဲ့ လုပ်ရင်လည်း ရတယ် ၊သို့သော် ခွဲထားရတယ် ၊ ဉတ္တိဒုတိယနဲ့လုပ်ရမယ့်အထဲမှာ ဂရုကံ(၆)မျိုးဆိုတာ ရှိတယ်၊သိမ်နှုတ်ရယ် သိမ်သမုတ်ရယ် ကထိန်သင်္ကန်းပေးတာရယ် ကထိန်နှုတ်တာရယ် နောက် သံဃာဒိသိတ်မှာပါတဲ့ ကုဋီရာကိုကြားတာ ကျောင်းရာကိုကြားတာ အဲ့ဒီ(၆)မျိုးသောကံများက ဉတ္တိဒုတိယကံနဲ့ပဲ လုပ်ရတယ်။
နောက် စူဠဝါမှာပါတဲ့ သမ္မုတိ(၁၃)ပါးဆိုတာ ရှိတယ်၊ သမ္မုတိ(၁၃)ပါးအပြင် သေနာသနက္ခန္ဓကသမ္မုတိတို့ ဘာတို့ ရှိသေးတယ်၊ အဲ့ဒီ သမ္မုတိတွေကျတော့ ဉတ္တိဒုတိယနဲ့လုပ်ရင်လည်း ရတယ်တဲ့ (ဒါမှမဟုတ်)အပလောကနနဲ့လုပ်ရင်လည်း ရတယ်လို့ အဋ္ဌကထာမှာ အဲ့လိုပြောထားတယ် ဉတ္တိဒုတိယနဲ့ပက်သက်လို့၊ခုနကပြောတဲ့ ကံ(၆)မျိုးကျတော့ ဂရုကဖြစ်တဲ့အတွက် ဉတ္တိဒုတိယနဲ့ပဲ လုပ်ပါ အပလောကနကံနဲ့လည်း မလုပ်နဲ့ ဉတ္တိကံ ဉတ္တိစတုတ္ထကံနဲ့လည်း မလုပ်နဲ့၊ ဘာဖြစ်လို့ အဲ့လိုပြောခဲ့တာလည်းဆိုတော့ တို့ သိမ်သမုတ်ပွဲတခုမှာကြုံတယ် သိမ်သမုတ်ပွဲတခုမှာ စာတတ် ပေတတ်ဆရာတော်ကြီးတွေ ပါတယ်၊ ဒါပေမယ့် တခါတရံကျ စာနဲ့ဝေးသွားလို့ရှိရင် အလွဲတွေ လုပ်မိတတ်တယ်၊ အဲ့တော့ ပထမအကြိမ် သိမ်သမုတ်တဲ့ကမ္မဝါ ရွတ်ဖတ်တော်မူကြပါဘုရားလို့ လျှောက်တော့ ဆရာတော်ကြီးသုံးပါးက ဉတ္တိဒုတိယကမ္မဝါစာရွတ်ရမှာ ကမ္မဝါထဲမှာလည်း ပါပြီးသားပဲ ၊ဒါပေမယ့် ဆရာတော်ကြီးတပါးက ဘယ်လိုစိတ်ကူးပေါက်တယ်မသိဘူး ဉတ္တိဒုတိယကိုမရွတ်ပဲ ဉတ္တိစတုတ္ထကို သွားရွတ်တယ်၊ ဉတ်ကိုရွတ်တယ် ဉတ်ရွတ်ပြီး ကမ္မဝါကိုဖတ်တယ် ကမ္မဝါဖတ်ပြီးတဲ့အခါ နိဂုံးကိုမသွားပဲနဲ့ ဒုတိယမ္ပိ ဧတမတ္ထံ ဝဒါမိ ၊ တတိယမ္ပိ စသည်ဖြင့် ထပ်ရွတ်ရော၊ အဲ့တော့ နောက်တပါးကလည်း လိုက်ရွတ်ရော နောက်တပါးကလည်း ကမ္မဝါပျက်တာသိတော့ ရှိတဲ့အတိုင်း လိုက်ရွတ်ရောပဲ၊ အဲ့လိုလုပ်တဲ့အခါကြတော့ အမှန်က မလုပ်ရဘူး၊ ဉတ္တိဒုတိယလေ (ခုနက ပြောပြီးသွားပြီ) ဉတ္တိဒုတိယမလုပ်ပဲ ဉတ္တိစတုတ္ထသွားလုပ်တယ်။
အဲ့ဒါ တို့က အဲ့ဒီမှာ ပါတဲ့အခါကျတော့ ဘေးနားကသူငယ်ချင်းကို လက်ကုတ်လိုက်တယ် မှားနေပြီလို့ ၊ သူငယ်ချင်းကလည်း ဘာမှမပြောဘူး ငြိမ်နေတယ် အဲ့ဒီကမ္မဝါတဆိုင်းလည်း ရပ်သွားတော့ ကိုယ်တော်ထလျှောက်လိုက်တဲ့ သူက၊ ထလျှောက်ဆိုတော့ ကိုယ်လည်းထလျှောက်လိုက်တယ် သူမြှောက်ပေးတာပဲ...
“ဆရာတော်တို့ မှားနေပါတယ်ဘုရား”လို့ ”သိမ်သမုတ်တဲ့နေရာ ဉတ္တိဒုတိယပါ”လို့
အဲဒီတော့ ဆရာတော်ကြီးက အခုကရောတဲ့...
”အခု ဆရာတော်တို့ဖတ်တာ ဉတ္တိစတုတ္ထဖြစ်နေပါတယ်ဘုရား”လို့ လျှောက်တော့...
ဆရာတော်ကြီးက ဘယ်လိုပြောရမလည်းဆိုရင် နည်းနည်းသဘောကောင်းတယ် နားလည်မှုရှိတယ် ပြောရမှာပေါ့လေ... အဲ့တာဆို ပြန်ဖတ်ရမှာပေါ့တဲ့...ပြန်ဖတ်မှအဆင်ပြေမှာပါဆရာတော်လို့ ဆိုတော့ ”ကဲ ပြန်ဖတ်ကြအုံးစို့”ဆိုပြီး ဆရာတော်ကြီးက ပြန်ဖတ်သွားတယ်...ပြန်ဖတ်တော့ မှန်သွားတာပေါ့၊
ဆိုလိုတာက တခါတရံ ဒီလိုမှားတတ်တာလေးတွေ ရှိတတ်တယ်၊တကယ်တမ်းက အဲ့ဆရာတော်ကြီးလည်း စာတတ် ပေတတ်ကြီးပဲ၊ စာနဲ့ဝေးသွားတဲ့အခါ သိပေမယ့် အကြံက တမျိုးသွားကြံမိတက်တတ်တယ် ကျမ်းဂန်နဲ့လွတ်သွားတတ်တယ်၊ အဲ့ဒီအခါမှာ ကိုယ်က တကယ်သိတယ် ကြည့်ဖူးတယ် သိဖူးတယ် ပိုင်တယ်ဆိုရင် ကိုယ်ကသွားထောက်လိုက် ”ဆရာတော် မဟုတ်ဘူးလို့”
မတောက်တခေါက်နဲ့တော့ သွားမလုပ်နဲ့ ကိုယ်က ဟုတ်တယ်ထင်ပြီး သွားလုပ်လို့ ကိုယ်ကမှားနေရင် ကိုယ်အရှက်ကွဲမှာပေါ့...အေး အဲ့ဒါကြောင့်မို့ စာချတန်းပြီးတဲ့ ပုဂ္ဂိုလ်များလည်း ပါဠိတော့လောက်တော့ လုပ်ထား အဋ္ဌကထာနဲ့ တွဲလုပ်တော့ ပိုကောင်းတာပေါ့..ပါဠိတော်လေးအနက်လှည့် စာချတန်းအောင်ပြီးမှတော့ ဒါလောက်တော့ လုပ်တတ်ရမှာပေါ့..
အဲဒီတော့ ဒီနေရာ ဒီဝါကျ ဘာကိုဆိုလိုလည်း ဖတ်လိုက် ၊နားမလည်ဘူး နိဿယ ကြည့်လိုက်၊ ဒါမှနားမလည်ဘူးဆိုရင် အဲ့ဒီနေရာ အဋ္ဌကထာလေး ကောက်ကြည့်လိုက်၊ ဒါမှ နားမလည်းသေးရင် ထပ်ပြီး ဋီကာလေး ကောက်လှန်လိုက် အဲ့ဒါမှ နားမလည်သေးဘူးဆိုရင် ကိုယ့်ထက်နားလည်တဲ့ဆရာတော်တွေရှိတာပဲ ဆွေးနွေးပေတော့...စာဆိုတာ အဲ့လိုသွားရတာပဲ..ကဲ ပြောချင်တာက ဉတ္တိဒုတိယ ၊ထို့အတူပဲ နံပါတ်(၄)ဉတ္တိစတုတ္ထကံ ဉတ္တိစတုတ္ထနဲ့ ရွတ်ရမယ့် လုပ်ရမယ့်နေရာမှာ ဉတ္တိစတုတ္ထကမ္မဝါနဲ့ပဲ ရွတ်ပါ လုပ်ပါ၊ ကျန်တဲ့ကမ္မဝါ ဘာမှမရဘူး..အဲ့တော့ တို့အခု ဆွမ်းစား ကွမ်းစားတွေကျ အလွယ်လုပ်ကြတာ ရှိတယ်.. အဖိတ်နေ့ ကမ္မဝါရွတ်တဲ့နေရာမှာ အနန္တရာယိကကမ္မဝါစာဆိုတာရှိတယ်..သူက ဉတ္တိစတုတ္ထ.. ဉတ်တကြိမ် ကမ္မဝါစာကသုံးကြိမ် ဒါပေမယ့် တို့ ဆွမ်းစား ကွမ်းစားတွေကျတော့ အချိန်မပေးနိုင်ဘူး ကြာလို့...ဉတ္တိစတုတ္ထကို ဉတ္တိဒုတိယ ပြောင်းရွတ်လိုက်တယ်...ဉတ်တကြိမ် ကမ္မဝါတကြိမ် ပြီးရင် နိဂုံးကို သွားလိုက်တယ်..အဲ့ဒါ ကံဆောင်တာမဟုတ်ဘူး သိမ်ထဲမှာကံဆောင်တာမဟုတ်တဲ့အတွက် ဒါကို ကံပျက်တယ်လို့ ဘာညာ လာပြောလို့မရဘူး..သိမ်ထဲမှာလုပ်တဲ့ ကံတွေကိုသာ တိတိကျကျလုပ်ရတယ်၊ ဒါကသိမ်ထဲမှာ ကံဆောင်တာ မဟုတ်ဘူး အန္တရာယ်ကင်းဖို့အတွက်ပဲ လုပ်တာ။
အန္တရာယ်ကင်းဖို့ဆိုတာ ဉတ္တိစတုတ္ထကို ဉတ္တိဒုတိယလုပ်ရုံနဲ့ ကင်းလား... ကင်းပါတယ် ၊ဉတ်လောက်ရွတ်လည်း အန္တရယ်ကင်းတာပါပဲ ယုံကြည်မှုကအဓိကပဲ...အဲ့ဒါလေးတော့နားလည်ထားရမယ်....တော်ကြာ ကိုယ်အသက်ကြီးလာတဲ့အချိန်မှ တို့ မစိုးရိမ်မှာနေခဲ့တာကွာ နာယကဘုန်းကြီးတွေ ဆွမ်းစားလိုက်တာ ဉတ္တိစတုတ္ထကို ဉတ္တိဒုတိယကြီး ရွတ်သွားတာပဲလို့ အဲ့ဒါကိုအမှန်ယူပြီး သိမ်ထဲမှာသွားပြီးတော့ ဉတ္တိစတုတ္ထကို ဉတ္တိဒုတိယသွားမလုပ်လိုက်နဲ့ အဲ့ဒါဆိုရင်တော့ အကုန်မှားကုန်မယ် ၊ဒါက သိမ်အပြင်လုပ်တဲ့ဟာဆိုတာကတော့ အန္တရာယ်ကင်းဖို့ချည်းပဲ..ကံဆောင်တာမဟုတ်ဘူး ..ဒီလိုနေရာမျိုးမှာတော့ ခွင့်ပြုတယ်၊ သိမ်ထဲမှာ လုပ်တဲ့နေရာမျိုးကျတော့ ခွင့်မပြုဘူး အဲ့ဒါလေး ပြောချင်လို့..များသောအားဖြင့် ဆွမ်းစား ကွမ်းစားသွားရင်ဉတ္တိစတုတ္ထမရွတ်နိုင်ဘူး..အချိန်ကုန်တယ် လူတွေလည်း ညောင်းတယ် ဘုန်းကြီးတွေလည်း ညောင်းတယ်၊အဲ့ဒါကြောင့် ဉတ္တိဒုတိယလောက်ပဲ ရွတ်ကြရတာ... အဲ့ဒါလေးတွေ မှတ်ထားပါ ကံဆောင်တာနဲ့ပက်သက်လို့၊ အဲ့ဒါမှ ဒိထက်မက သိချင်တယ်ဆိုရင် အခုညွှန်းခဲ့တဲ့ ကျမ်းဂန်တွေကို ပြန်ကြည့်ပေါ့ အဲ့ဒါဆိုရင် ကံနဲ့ပက်သက်လို့ နားလည်သွားလိမ့်မယ်....
နောက်တစ်ခါ ပြောချင်တာက ဉတ်နဲ့ ကမ္မဝါ ခွဲသိရတယ် ၊ဉတ်မှာဆိုရင် များသောအားဖြင့် ကြိယာကို သတ္တမီဝိဘတ်နဲ့ချရတယ် သီမံ သမ္မန္နေယျ ...သမ္မန္နေယျ ဆိုတာ ဧယျဝိဘတ် အဲ့ဒါဉတ်၊ သီမံ သမ္မန္နတိ ဒါ ကမ္မဝါရောက်သွားတဲ့အခါကျတော့ ဝတ္တမာန်ဝိဘတ် စသည်နဲ့ဖြစ်သွားတယ်၊တော့ ဉတ်ရွတ်ပြီဆိုရင် ဉတ်နဲ့ကမ္မဝါ အဲ့ဒီနေရာလေးသတိထားရတယ် ဉတ်ဆိုရင် သတ္တမီဝိဘတ်နဲ့ သွားရတာ ဒါကို ဝိမတိဋီကာမှာလည်းပြထားတယ်.. ကမ္မဝါစာကျတော့ အဲ့လို သတ္တမီစသည်နဲ့ မလာတော့ဘူး...ဝတ္တမာန်စသည်နဲ့ သီမံ သမ္မန္နတိ သီမံ သမူဟနတိ၊ဉတ်ဆိုရင် သိမ်နှုတ်တဲ့နေရာ သမူဟနေယျ ၊ ကမ္မဝါစာမှာ သမူဟနတိ အဲ့လို သွားရတယ်..အဲ့ဒါကလေးတွေလည်း သေချာမှတ်ထားပါ။
နောက်တစ်ခါ ရဟန်းခံတဲ့အခါ သိမ်ထဲမှာ ငယ်ဖြူတွေ (ကိုရင်တွေ)ကို ရဟန်းခံပေးတဲ့အခါ ဉတ္တိစတုတ္ထကမ္မဝါစာကို သုံးကြိမ်လောက် ရွတ်တယ်.. သေချာအောင် ရွတ်တာ ၊ ဒုလ္လဘတွေကျတော အဲ့လောက်မဟုတ်တော့ဘူး တကြိမ်ပဲ ရွတ်တာ ၊ တကြိမ်ဆိုတာ ဉတ်တကြိမ် ကမ္မဝါသုံးကြိမ် အဲ့ဒါရွတ်ပေးတာ... သူတို့က ခဏဝတ်တာ တော်ပြီဆိုပြီး...(ဟုတ်လား) ကိုရင်တွေ ရဟန်းခံပေးတဲ့အခါကြတော့ စာသင်သားအဖြစ် အမြဲနေမယ့်သူတွေဆိုတော့ ပထမကမ္မဝါ ဉတ္တိစတုတ္ထရွတ် ဒုတိယလည်းရွတ် တတိယလည်းရွတ် ထပ်ကာ ထပ်ကာ ရွတ်ရတယ်...
ဘာဖြစ်လို့ရွတ်တာလည်း ပထမတကြိမ် ရွတ်တာနဲ့ ရဟန်းမဖြစ်သေးလို့လားဆိုတော့ မဟုတ်ဘူး..အဲ့ဒါလည်း နားလည်ထားရမယ် ဗဟုသုတအဖြစ်၊ ကမ္မဝါရွတ်တဲ့အခါ တပါးထဲရွတ်တာလည်းရှိတယ် နှစ်ပါး သုံးပါးရွတ်တာလည်းရှိတယ်.... ဘယ်လိုပင်ဖတ်ဖတ်ပေါ့...အက္ခရပရိဟီနဝါ- အက္ခရာပုဒ်တပုဒ်လောက်ကိုမရွတ်ပဲ တံထွေးမျိုချချင်တာနဲ့ သုဏာတုကိုဆိုပြီး မေကိုမဆိုပဲ ကိုယ်ကတံထွေး မျိုချနေတုန်း သူများကဆိုတာ ဘန္တေရောက်လို့ မေကိုကျော်ပြီး ဘန္တေကစပြီး ဆိုရင် အဲ့ဒါ အက္ခရပရိဟီနခေါ်တယ်..ကံပျက်တယ် အဲ့ဒါမလုပ်ရဘူး၊၊
(ဒါမှမဟုတ်)သုဏာတု မေ ကိုရွတ်ပြီး ဘန္တေကိုအရောက် အဟမ်း အဟမ်းလို့ ချောင်းဆိုးနေတာနဲ့ပဲ ပြီးလည်းပြီးရော သူများဆိုတာမှီအောင် ဘန္တေတပုဒ်လုံးကို ကျော်ပြီးဆိုမယ်ဆိုရင် အဲ့ဒါ ပဒပရိဟီနခေါ်တယ်..ဒါမျိုးလည်း ကံပျက်တယ်(အက္ခရပရိဟီန၊ ပဒပရိဟီန)
တခါတလေကျရင် ဒုရုတ္တခေါ်တယ်....ခုနက သမူဟနတိလို့ ဆိုရမယ့်နေရာကို သမူဟနေယျလို့ မှားဆိုရင် အဲ့ဒါကို ဒုရုတ္တလို့ခေါ်တယ်..ဒုရုတ္တဖြစ်ရင်လည်း ကံပျက်တယ်၊
အဲ့ဒီလို ကံပျက်တာတွေ ဘာတွေဖြစ်မှာစိုးလို့ ရှေးဆရာတော်တွေက သုံးပါး ရွတ်ခိုင်းလိုက်တာ...တပါးရွတ်တာမှားရင် ကျန်တဲ့နှစ်ပါးက မှန်တယ်ပေါ့...
ဆိုလိုတာက ပထမအကြိမ် တပါးထဲရွတ်တယ်(သို့မဟုတ်)နှစ်ပါးရွတ် သုံးပါးရွတ်တယ်ပေါ့..အဲ့လိုရွတ်တဲ့အခါမှာ ရွတ်တဲ့ပုဂ္ဂိုလ်တွေ အက္ခရပရိဟီန၊ ပဒပရိဟီန ၊ဒုရုတ္တတွေ ပါသွားလို့ ကမ္မဝါရွတ်တာ မအောင်မြင်ဘူးဆိုရင် ဒီကိုရင်က ရဟန်းမဖြစ်တော့ဘူး၊၊
အဲ့ကျတော့ ဒုတိယအကြိမ် ထပ်ရွတ်ရတယ်... ပထမအကြိမ်မအောင်မြင်ခဲ့သော် ဒုတိယအကြိမ်မှာ အောင်မြင်အောင်ပေါ့....ဒုတိယအကြိမ်မှာ မအောင်မြင်ခဲ့သော် တတိယအကြိမ်မှာ အောင်မြင်အောင်ပေါ့၊၊
ပထမအကြိမ်မှာကတည်းက အောင်မြင်ပြီးသားဆိုရင် ဒဠှီကမ္မံ ဟောတိတဲ့ ပရိဝါက (ဟုတ်လား) တဿ ကရီယမာနာ ဒဠှီကမ္မံ ဟောတိ-ခိုင်မြဲသထက် ခိုင်မြဲအောင် ရွတ်တာ ၊ ပထမအကြိမ်ထဲက အောင်မြင်ပြီးသား... ဒုတိယအကြိမ် ပိုပြီးတော့ ခိုင်မြဲအောင် ဒဠှီကမ္မဖြစ်အောင် ထပ်ရွတ်တယ်၊ (ဒါမှမဟုတ်)ပထမအကြိမ် ပျက်သွားတဲ့အတွက် ဒုတိယအကြိမ် အောင်မြင်အောင် မှန်အောင်လို့ ထပ်ရွတ်တယ် အဲ့ဒီလို ပရိဝါအဋ္ဌကထာ ကမ္မဝဂ္ဂမှာ နှစ်မျိုးဖွင့်ထားတယ်၊ ဒါလေးတွေ ဦးဇင်းတွေက သိထားရမယ်..ကမ္မဝါစာသုံးကြိမ်တောင်ရွတ်တာ ဘာလို့ အဲ့လိုရွတ်ရတာလည်းလို့ မေးလာခဲ့ရင် နားလည်ပြီး အဲ့လိုပြောပြ (ဟုတ်လား) ..
ငယ်ဖြူ ကိုရင်တွေ ရဟန်းခံရင် အဲ့လိုပြောပြရတယ် ဘာဖြစ်လို့ရွတ်တာလည်း ပထမကြိမ်ရွတ်ပြီး ပြီးပါလျှက် ဒုတိယ တတိယအကြိမ်ရွတ်တာက ဒဠှီကမ္မ-ခိုင်မြဲသထက် ခိုင်မြဲအောင်(ဒါမှမဟုတ်) တကယ်လို့များ ပထမအကြိမ်ချွတ်ချော်ခဲ့သော် ဒုတိယအကြိမ် တတိယအကြိမ်မှာ မှန်သွားအောင် အဲ့လိုသဘောနဲ့ ရွတ်ရတယ်..အဲ့ဒါလေးတွေ မှတ်ထား..
အဲ့ဒါ ဦးဇင်းတွေအားလုံးအတွက် ကံနဲ့ပက်သက်လို့ ဗဟုသုတဖြစ်အောင် ပြောပြတာ၊ လေ့လည်းလေ့လာရတယ်..မလေ့လာလို့ကတော့ စာချတန်းအောင်လည်း မသိဘူး..သကျသီဟအောင်လည်း မသိဘူး၊ ပြန်လေ့လာရတယ်၊ တခါတလေကျရင် သူများမေးတဲ့အခါ မသိရင် စာအုပ်လှန်လိုက်ပေါ့ အဲ့ဒါ ကိုယ့်အတွက်လည်း အကျိုးရှိတယ်..သူမေးလို့ကိုယ်ဖြေရတယ်ဆိုပေမယ့် ကိုယ်မသိလို့ စာအုပ်လှန်လိုက်တော့ ကိုယ်ပါကြည့်ပြီးသားဖြစ်သွားတာပေါ့..မကြည့်ပဲနဲ့ မနေရဘူး၊ ရမ်းလည်း မပြောရဘူး၊ ရမ်းပြောလို့ အလွဲပြောမိသွားရင် သူလည်းမကောင်း ကိုယ်လည်းမကောင်း ဖြစ်တတ်တယ်...
အဲ့တော့ စာမေးပွဲလုပ်နေတဲ့အချိန်မှာ စာမေးပွဲအတွက်လည်း အထောက်အပံ့ဖြစ်စေသလို ဝိနည်းကံတွေအတွက်လည်း မှန်မှန်ကန်ကန်ဖြစ်အောင် လေ့လာရတယ်..ဆည်းပူးရတယ်၊ မသိရင်လည်း မေးရတယ်..နောက်ပြီး ကိုယ့်ထက်နားလည်တဲ့သူတွေ ရှိရင် လုပ်နေရင် အတုခိုးရတယ်၊ ကြည့်ရတယ်..မဆိုင်သလို မနေရဘူး...တချို့က မဆိုင်သလို ဘာသိဘာသာ နေတယ်..ကိုယ်လည်းလူကြီးဖြစ်သွားရော မလုပ်တတ်တော့ဘူး၊စမ်းတဝါးဝါးနဲ့ဖြစ်ပြီး ထင်သလိုလုပ်ပစ်လိုက်တယ်(ဟုတ်လား)
ဟိုတနေ့ကပဲ ကြာတော့ ကြာပါပြီ ကထိန်ခေတ်က ဦးဇင်းတပါး ကထိန်နဲ့ပက်သက်လို့ လာမေးတယ်၊ ကထိန်ဆိုတာက ကိုယ့်ကျောင်းမှာ သိမ်မရှိရင် သူများကျောင်းသွားပြီး ကထိန်သင်္ကန်းပေးတဲ့အခါ သူများကျောင်းတိုက်ထဲက သိမ်မှာသွားပြီး ကထိနဒါနကံဆောင်လို့ရတယ်....ကထိန်ခင်းတဲ့အခါကျ ကိုယ့်ကျောင်းဥပစာရသိမ် ကိုယ့်ကျောင်းဝန်းအတွင်းမှာပဲ ကထိန်ခင်းရတယ်..အပြင်မှာ မခင်းရဘူး လို့ ပြန်ရှင်းပြတော့ သူက ”တပည့်တော်က မသိဘူး အမြဲ အပြင်ကပဲ တခါထဲ ခင်းချလာတာတဲ့”..
အဲ့လို မလုပ်ရဘူးလို့ ပြောပြလိုက်ရတယ်၊ သူလည်း စာချတန်းအောင်ပြီးသားပဲ ဒါပေမယ့် ပြန်မလေ့လာရင် မသိဘူး ပြန်လေ့လာရတယ်၊ ခု အဲ့ဒါ ကြုံတုန်းလေး တခြားသြဝါဒမပေးပဲ အဲ့ဒီကံအကြောင်းလေး ပြောပြလိုက်တာ..ကိုရင်တွေကတော့ နားလည်မှာမဟုတ်ဘူး ဗဟုသုတအဖြစ် မှတ်ထား..တနေ့ကျရင် မင်းတို့လည်း ရဟန်းဖြစ်လာမှာပဲ၊၊
နောက် မနက်ကလည်း ပြောလိုက်တယ်..ကိုရင်တွေ သင်္ကန်းကို ကောင်းကောင်းမွန်မွန် ဝတ်လို့၊ ကိုရင်ပေါက်စလေးတပါး ဖြစ်သလို ဝတ်ဝတ်လာတယ်၊ လာအပ်ကထဲက တပတ် နှစ်ပတ်လောက်နဲ့ လာအပ်တာဆိုတော့ ရွာကဆရာကလည်း သင်ချိန်ရလိုက်မှာ မဟုတ်ဘူး...ဒီကျလည်း ကောင်းကောင်းမွန်မွန် မဝတ်ဘူး.သူများဝတ်တာလည်းမကြည့်၊ ဒီအတိုင်းဆို တနှစ်လာလည်း ထူးမှာမဟုတ်ဘူး၊ ဒါကြောင့် ကိုရင် သူများဝတ်တာလည်း ကြည့် ၊ ဦးဇင်းတွေကလည်း သေချာဝတ်တတ်အောင် ကျကျနန သင်ပေး၊ ဘုရားရှိခိုးရင် ကန်တော့တာလည်း အချိုးကမကျ ၊ သေချာကျကျနန ကန်တော့ ရှေ့ကနေ ကိုယ်တိုင် ကန်တော့ပြမှ ရမယ်ထင်တယ်၊ စာသင်တိုက်မှာနေတုန်း စာနဲ့ပေနဲ့ ညီအောင်နေ.. စာသင်တိုက်နေတုန်းမှာ အဲ့ဒီပညာ မတတ်ဘူးဆိုရင် တခြားမှာနေရင် အပြင်ရောက်သွားရင် ပိုမတက်ဘူး၊ စာသင်တိုက်မှာ နေပြီး တခြားကျောင်းကို အာဂန္တုအဖြစ်နဲ့သွား အဲ့လိုအချိုးမကျတာတွေ မြင်လို့ရှိရင် သူများအထင်သေးမယ်၊ အထင်သေးရုံတင်မကဘူးကိုယ်ရဲ့ စာသင်တိုက်ကြီးပါ.. စာသင်တိုက်မှာ နေတဲ့ ဆရာတွေပါသိက္ခာကျမယ် ၊ ဘယ်တိုက်က ထွက်လာတဲ့ ကိုရင်တွေ ဦးဇင်းတွေလည်း ဒါလေးတောင် မလုပ်တတ်ဘူး မသိဘူးလားဆိုပြီး ကျောင်းတိုက်သိက္ခာကျမယ်၊ အဲ့ဒါ ကိုယ့်အတွက်နဲ့ ကျောင်းသိက္ခာ မကျစေနဲ့ ..သိက္ခာပဲ တက်ပါစေ...
တချို့ဆရာတော်ကြီးတွေက တောမှာနေပေမယ့် စာသမား ပေသမား ဆရာတော်ကြီးတွေ ရှိတယ်၊ တို့ ငယ်ငယ်တုန်းက သူငယ်ချင်းတပါး အဲ့လိုပဲ မေးတယ်..
နယ်ဘက်မှာ ပဝါရဏာပြုတဲ့အခါ သံဃံ ဘန္တေ ပဝါရေမိ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ စသည်ဖြင့် ဆိုတာပေါ့.. သုံးကြိမ်ဆိုတာ၊ ဒုတိယအကြိမ်ကျတော့ ဒုတိယမ္ပိထည့်ပြီး ပထမအကြိမ်တိုင်းပဲ ဆိုသွားကြတယ်...ဒါကို အချို့ဆရာတော်ကြီးတွေက မကြိုက်ဘူး..ဒုတိယမ္ပိထည့်လို့ရှိရင် အာလုပ်ပုဒ်ကို ရှေ့ကိုပို့ပြီး ဒုတိယမ္ပိ ဘန္တေ သံဃံ ဖြစ်သွားရော...ပထမဆုံး အကြိမ်မှာတော့ သံဃံကို အစဆုံးထားပြီး သံဃံပြီးတော့မှ ဘန္တေ ၊ အာလုပ်ဆိုတာ တပုဒ်ကြို နောက်မှာ ထားရတယ်တဲ့... ဒါကတော့ ယေဘုယျပါ....ဒါပေမယ့် တချို့ဆရာတော်ကြီးတွေက အဲ့ဒါကို ပိုသဘောကျတယ်...ဒုတိယမ္ပိ သံဃံ ဘန္တေ.. တတိယမ္ပိ သံဃံ ဘန္တေ လို့ဆိုရင် မကြိုက်ကြဘူး၊ ဒီကောင်တွေ ပါဠိဂတိတောင် မသိဘူးလို့ အပြောခံရတယ်၊ သူငယ်ချင်းတပါးက တပည့်တော်ဆိုတာ ဘာမှားလို့ မှားမှန်းမသိဘူး လို့လာမေးလို့ သူ့ကိုရှင်းပြလိုက်တယ်၊ အဲ့ဒါနဲ့ပက်သက်လို့ မအူဆရာတော်ကြီးက မအူနိဿယမှာ နိယံလေးတခု ရေးထားတယ်.......
” အဋ္ဌကထာ လပနာ စလာ ဆုံးတစ်ပုဒ်
ပါဠိဖြစ်က ပုဒ်တစ်မှ ပစ်ချလေ အာလုပ်”
ပါဠိတော်ဆိုရင် ဒုတိယနေရာမှ အာလုပ်ပုဒ်က ထားရတယ်.. ပထမဆုံး သူ့ရှေ့မှာ တစ်ပုဒ်ရှိရမယ်၊ အဲ့ဒီ ဒုတိယပုဒ်က အာလုပ်ပုဒ်ဖြစ်ရမယ် ..ဒါကြောင့် သံဃံ ဘန္တေ သံဃံက ကံပုဒ်..ဘန္တေက အာလုပ်ပုဒ်၊ ဒုတိယမ္ပိ သံဃံ ဘန္တေ ကျတော့ အာလုပ်ပုဒ်က ၂ပုဒ်နောက် ရောက်နေတာ..အဲ့ဒါကို ရှေးဆရာတော်တွေက မကြိုက်တာ.. ဒုတိယမ္ပိဆိုရင် ပြောင်းပြန်လုပ်ပြီး ဒုတိယမ္ပိ ဘန္တေ သံဃံလို့ ဖြစ်စေချင်တာ.. ပါဠိတော်မှာ အဲ့လို ထားရတယ်..အဲ့ဒီအတိုင်း နယ်ဘက်က ဆရာတော်ကြီးတွေက ရွတ်စေချင်တာ၊ စာသင်တိုက်ကပြန်လာတဲ့ ဦးဇင်းတွေက ဒုတိယမ္ပိ သံဃံ ဘန္တေ ၊တတိယမ္ပိ သံဃံ ဘန္တေ ဆိုတော့ ဒီကောင်တွေ ပါဠိဂတိတောင် နားမလည်ဘူးဆိုပြီး မန်တယ်တဲ့...တပည့်တော်က ဘာမှားလို့မှားမှန်းမသိဘူး အဲ့ဒါ လာမေးတာတဲ့ (ဟုတ်လား) အဲ့ဒါလေး မှတ်ထား တော်ကြာ ကိုယ်ဘာမှားလို့ မှားမှန်း မသိပဲ ဖြစ်နေမယ်၊ မအူဆရာတော်ကြီးရဲ့ နိယံလေး မှတ်ထားပေါ့...
“ အဋ္ဌကထာ လပနာ စလာ ဆုံးတစ်ပုဒ် ”
အဋ္ဌကထာမှာတော့ အာလုပ်က အစမှာလည်း ရှိတယ်.. တစ်ပုဒ်နောင်လည်း ရှိတယ်..အဆုံးမှာလည်းရှိတယ် သင့်သလို ထားတာ။
”ပါဠိဖြစ်က ပုဒ်တစ်မှ ပစ်ချလေ အာလုပ်”
ပါဠိတော်မှာဆိုရင်တော့ ပုဒ်တစ်မှ ဆိုတဲ့အတိုင်း ဒုတိယပုဒ်မှာ အာလုပ်ပုဒ် ရှိရတယ်တဲ့၊ အဲ့ဒါ အတွေအကြုံအရ မှတ်ထားရတယ်..ဒါ သူငယ်ချင်းက လာမေးလို့..သူ့ကို နယ်ကဆရာတော်ကြီး တပါးက ဘာကြောင့်မှန်းမသိ ငေါက်လိုက်တယ်တဲ့၊ အဲ့ဒါ မှတ်ထားပေါ့...
သူများမှားတာကို ကိုယ်က ကဲ့ရဲ့ဖို့ပြောတာမဟုတ်ဘူး၊ သူများမှားတာကို သင်္ခန်းစာယူပြီး ကိုယ့်အလှည့်ကျ မမှားရအောင် ပြောတာ၊ ဒါကြောင့် အဖိတ်နေ့မှာဘုရားဝတ်တက် ကမ္မဝါထည့်တယ်ဆိုတာ ဒီအတွက် ထည့်တာ...စာသင်တိုက်ကနေ ဓမ္မာစရိယတော့အောင်သွားတယ် ဒါပေမယ့် အတွေ့အကြုံမရှိတဲ့အခါကျတော့ နယ်ရောက်တဲ့အခါ ရဟန်းလောင်းဆုံးမပါဆိုရင် မဆုံးမတတ်ဘူး..ကမ္မဝါကို ကမ္မဝါမှန်းမသိသေးဘူး(ဟုတ်လား)
အခုလည်း ဒီကအဆောင်မှာ ဘုရားဝတ်တက်ထဲ ကမ္မဝါပညတ်ထားတော့ အဲ့ဒီကမ္မဝါရရုံနဲ့တော့ ရဟန်းလောင်း မဆုံးမတတ်သေးဘူး.. နည်းနည်းထပ်လေ့လာမှဖြစ်မယ် ၊ ဒါပေမယ့် ဒီလောက်ကလေး ရထားရင်ကို အရှင်ဘုရားတို့ မဆိုးလောက်ဘူး ၊ ရဟန်းလောင်းဆုံးမတဲ့အခါ ဘာစဉ်ပြီး ဘယ်သွားတယ်ဆိုတာလောက်တော့ သိမှာပေါ့၊ ဉတ်တွေ ဘာတွေကတော့ ထပ်လေ့လာပေါ့။
အဲဒီတော့ မနှစ်ကတုန်းကတော့ သိမ်နှုတ် သိမ်သမုတ်လောက်ပဲ ထည့်တာ..ဒီနှစ် အနန္တရာယိကပါ ထပ်ထည့်ထားတယ် ၊ အနန္တရာယိကကလည်း မူတွေ အမျိုးမျိုးရှိတယ်... အခုကျောင်းက ထည့်ထားတာက မင်းကွန်း တိပိဋကဆရာတော်ကြီးရဲ့ မူအတိုင်း ထည့်ထားတာ၊ သူက နည်းနည်းတော့ ရှည်တယ်...တခြားမူတွေကတော့ အဲ့လောက် မရှည်ဘူး၊ လိုက်ပုဒ်တွေ အကုန်ပြန်ထည့်ထားတယ် မင်းကွန်းဆရာတော်ကြီးက ၊ အဲ့တော့ အရပ်ထဲမှာ အနန္တရာယိကကမ္မဝါစာ ရွတ်တဲ့အခါ မညီလို့ရှိရင်လည်း မူကွဲတွေ ရှိတယ်ဆိုတာ အဲ့ဒါလည်း မှတ်ထားအုံး ၊ မင်းကွန်း တိပိဋကဆရာတော်ကြီးရဲ့ မူကတော့ လိုက်ပုဒ်တွေ အကုန်ပြန်ထည့်ထားလို့ ရှည်တယ်၊ တခြားဆရာတော်တွေ မူကတော့ လိုက်ပုဒ်တွေ ပြန်မထည့်လို့ တိုတယ်..ဘယ်နေရာမှာ ဘာကွာတယ်ဆိုတာ အချုပ်လေး သိထားရင် ညှိရွတ်လို့ရတယ်..ကဲ ကမ္မဝါအခန်း အဲ့ဒါ ပြောပြီးသွားပြီ..ကံအခန်းလေးတွေ အဲ့ဒါတွေ သေချာမှတ်ထား၊ အနေအထိုင်တွေ ကျကျနန နေဖို့ ထိုင်ဖို့ သြဝါဒပေးရင်း ဒီမှာတင် တပည့်တော်ရဲ့ သြဝါဒကို နိဂုံးချုပ်ပါတယ်... ကဲ.. သာဓုခေါ်..
သာဓု သာဓု သာဓု
၁၃၈၁ ခုနှစ် ဝါဆိုလပြည့်ကျော်(၇)ရက် ည(၇)နာရီအချိန်
မစိုးရိမ်တိုက်သစ် ဓမ္မဝိနယရံသီကျောင်း နာယကဆရာတော်
ဘဒ္ဒန္တပညိန္ဒာဘိဝံသ မှ ဓမ္မဝိနယရံသီကျောင်းဆောင်ရှိ
တပည့်အပေါင်းအား ပေးသော သြဝါဒကထာ ဖြစ်ပါသည်။
အရှင်သု(ရံသီ)
၁၃၈၁-ဝါဆိုလကွယ်(၁၅)ရက် ဗုဒ္ဓဟူးနေ့
(၃၁-၇-၂၀၁၉)“ ကံကြီး ကံငယ်နှင့်စပ်၍ မှတ်သားဖွယ် ”Copy ယူတင်တာပါ။
ကဲ ဒီနေ့ ဦဇင်းတွေနဲ့ဆိုင်တဲ့ စကားနည်းနည်းပြောမယ်၊ကံအကြောင်းလေးပေါ့ ကိုရင်တွေကတော့ ကံအကြောင်း သိပ်မဆိုင်လို့ သိမှာမဟုတ်ဘူး၊ ဦးဇင်းတွေနဲ့ဆိုင်တယ်၊ သိလည်းသိသင့်တယ် ၊စာသင်နေတဲ့အချိန် စာချတန်းတွေ ဘာတွေအောင် အောင်သော်လည်း ကံအခန်းတွေက မလေ့လာရင် မသိဘူး လေ့လာမှ သိမယ်၊စာချတန်းတွေ ဘာတွေ အောင်ပြီးရင် အနည်းဆုံး ကျန်တဲ့ဝိနည်းပါဠိတော်လေးကျမ်းလောက်ကို ပါဠိတော်လောက်တော့ တက်ဖူးထား သင်ဖူးထား ဖတ်ဖူးထားရင်ကောင်းတယ် ၊ ပါဠိတော်နိဿယမှာ အဋ္ဌကထာ ဋီကာမှတ်ချက်တွေပါတယ်၊ အဲ့ဒါ နိဿယလည်း ဖတ်ရတယ်၊ အခုပြောချင်တာက ရဟန်းတော်များ ဖြစ်လာပြီဆိုရင် ကံအခန်းတွေ ကံဆောင်ရမယ့် အခန်းတွေရှိတယ်။
ကံလေးပါးရှိတယ် “စတ္တာရိ ကမ္မာနိ အပလောကနကမ္မံ ဉတ္တိကမ္မံ ဉတ္တိဒုတိယကမ္မံ ဉတ္တိစတုတ္ထကမ္မံ လို့ ကံလေးမျိုးရှိတယ်၊အဲ့ဒီကံလေးမျိုးကို သိဖို့အတွက် မဟာဝါမှာ စမ္ပေယျက္ခန္ဓကတို့ စူဠဝါမှာဆိုရင်လည်း သမထက္ခန္ဓက ပရိဝါနောက်ပိုင်းမှာလည်း ကမ္မဝဂ်တို့ အဲ့ဒါတွေ လေ့လာရမယ်၊အဲ့တော့ နံပါတ်(၁)အပလောကနကံဆိုတာ ပန်ပြောပြီး ပြုလုပ်ရတဲ့ကံမျိုး ကိစ္စတစ်ခုခုရှိလို့ရင် ကျောင်းတိုက်ရှိ သံဃာတော်အရှင်မြတ်တွေကို ပန်ပြောရတယ်၊သဘောတူညီမှု ယူရတယ် ဒီပစ္စည်းလေးကို ဒီပုဂ္ဂိုလ်အား ပေးချင်ပါတယ် သဘောတူရဲ့လား သဘောတူရင် သာဓုခေါ်ပေါ့ အဲ့လို သံဃာကိုပန်ပြောပြီးတော့ လုပ်ရတဲ့အမှု အဲ့ဒါကို အပလောကနကံလို့ခေါ်တယ်၊
နံပါတ်(၂) ဉတ္တိကံဆိုတာက ဉတ်တော့ပါတယ် ကမ္မဝါစာတော့ မပါဘူး ၊ ဥပမာအားဖြင့် ဥပုသ်ပြုတဲ့အခါ သိမ်ထဲမှာ ဉတ်ထားတယ်ဆိုတာ ရှိတယ် ၊မူလတန်းကိုရင်တွေ ဝိနည်းကျက်တဲ့အခါ သုဏာတု မေ ဘန္တေ သံဃော အဇ္ဇုပေါသထော ပန္နရသော ယဒိ သံဃဿ ပတ္တကလ္လံ သံဃော ဥပေါသထံ ကရေယျ ပါတိမောက္ခံ ဥဒ္ဒိသေယျ အဲ့ဒါ ဉတ်ပါဠိ ခေါ်တယ် ၊ ကမ္မဝါမပါဘူး အဲ့လို ဉတ်ကိုရွတ်ဆိုပြီး ပြုရတဲ့ကံကို ဉတ္တိကံလို့ခေါ်တယ် ၊
နံပါတ်(၃)ဉတ္တိဒုတိယကံဆိုတာက ဉတ်လည်းပါတယ် ကမ္မဝါလည်း ပါတယ် ဉတ်ကိုတော့ ထုံးစံအတိုင်း တကြိမ်ပဲရွတ်တယ် ၊ကမ္မဝါစာကိုလည်း ထို့အတူပဲ တကြိမ်ပဲရွတ်ရတယ် အဲ့ဒါကို ပြောင်းပြန်လှန်ပြီးတော့ ဉတ္တိဒုတိယကံတဲ့၊ ဉတ္တိဒုတိယဆိုတော့ ကမ္မဝါက ပထမ ၊ဉတ်ကဒုတိယ အဲ့လိုတော့ မထင်နဲ့ ၊ပုံမှန်အတိုင်းပဲ ဉတ်ကို အရင်ဖတ် နောက်ပြီး ကမ္မဝါစာတကြိမ်ဖတ် အဲ့လို ဉတ်တကြိမ် ကမ္မဝါစာတကြိမ်ဖတ်ပြီးတော့ ဆောင်ရတဲ့ ပြုလုပ်ရတဲ့ကံကို ဉတ္တိဒုတိယကံလို့ခေါ်တယ်..
နံပါတ်(၄)ဉတ္တိစတုတ္ထကံဆိုတာကတော့ ရဟန်းခံတဲ့အခါ ပြုလုပ်ရတဲ့ ကံမျိုးပေါ့ ၊ဉတ်တကြိမ် ကမ္မဝါစာကသုံးကြိမ် အဲ့ဒါကို ဉတ္တိစတုတ္ထကံလို့ ခေါ်တယ်၊ နောက် ပရိဝါအဋ္ဌကထာက အပလောကနကံနဲ့ပြုလုပ်ရမယ့်အလုပ်ကို အပလောကနကံနဲ့ပဲလုပ်ရမယ်၊ဉတ္တိကံတွေ ဉတ္တိဒုတိယကံ ဉတ္တိစတုတ္ထကံတွေနဲ့ မလုပ်ပါနဲ့တဲ့၊ အပလောကနကံနဲ့လုပ်ရမယ်လို့ညွှန်ပြထားတဲ့ကိစ္စကို အပလောကနကံနဲ့ပဲ လုပ်ပါ ၊နောက်တစ်ခါ ဉတ္တိကံနဲ့ လုပ်ရမယ့်အလုပ်ကိုလည်း ဉတ္တိကံနဲ့ပဲလုပ်ပါ အပလောကနကံတို့ ဉတ္တိဒုတိယကံတို့ ဉတ္တိစတုတ္ထကံတို့နဲ့ သွားမလုပ်နဲ့၊နောက်တစ်ခါ ဉတ္တိဒုတိယကံနဲ့လုပ်ရမယ့်အလုပ်တွေကျတော့ ဉတ္တိဒုတိယကံနဲ့လုပ်လို့ရတာရှိသလို အပလောကနကံနဲ့လည်း လုပ်ခွင့်ပြုထားတာရှိသေးတယ်၊ သူကျတော့ နည်းနည်းထူးခြားတာပေါ့ ၊ဉတ္တိဒုတိယဆိုတာ ဉတ်တကြိမ် ကမ္မဝါစာတကြိမ်
ဥပမာ-တို့အဖိတ်နေ့မနက် ဘုရားရှိခိုးလို့ရှိရင် ရွတ်နေတာ; သိမ်သမုတ်တဲ့ကမ္မဝါ သိမ်နှုတ်တဲ့ ကမ္မဝါ ၊ သိမ်သမုတ်တဲ့ကမ္မဝါက(၂)မျိုး သိမ်နှုတ်တဲ့ကမ္မဝါက (၂)မျိုး ပေါင်း(၄)မျိုး အဖိတ်နေ့တိုင်းရွတ်နေတာ ၊အဲ့ဒီကမ္မဝါ(၄)မျိုးလုံးက ဉတ်တကြိမ် ကမ္မဝါစာတကြိမ် အဲ့ဒါ ဘာကံခေါ်လည်းဆိုတော့ ဉတ္တိဒုတိယကံခေါ်တယ်၊ အဲ့ဒီ ဉတ္တိဒုတိယကံနဲ့လုပ်ရမယ့်အလုပ်တွေကို အပလောကနကံနဲ့ လုပ်ရင်လည်းရတယ် ဉတ္တိဒုတိယကံနဲ့ လုပ်ရင်လည်း ရတယ် ၊သို့သော် ခွဲထားရတယ် ၊ ဉတ္တိဒုတိယနဲ့လုပ်ရမယ့်အထဲမှာ ဂရုကံ(၆)မျိုးဆိုတာ ရှိတယ်၊သိမ်နှုတ်ရယ် သိမ်သမုတ်ရယ် ကထိန်သင်္ကန်းပေးတာရယ် ကထိန်နှုတ်တာရယ် နောက် သံဃာဒိသိတ်မှာပါတဲ့ ကုဋီရာကိုကြားတာ ကျောင်းရာကိုကြားတာ အဲ့ဒီ(၆)မျိုးသောကံများက ဉတ္တိဒုတိယကံနဲ့ပဲ လုပ်ရတယ်။
နောက် စူဠဝါမှာပါတဲ့ သမ္မုတိ(၁၃)ပါးဆိုတာ ရှိတယ်၊ သမ္မုတိ(၁၃)ပါးအပြင် သေနာသနက္ခန္ဓကသမ္မုတိတို့ ဘာတို့ ရှိသေးတယ်၊ အဲ့ဒီ သမ္မုတိတွေကျတော့ ဉတ္တိဒုတိယနဲ့လုပ်ရင်လည်း ရတယ်တဲ့ (ဒါမှမဟုတ်)အပလောကနနဲ့လုပ်ရင်လည်း ရတယ်လို့ အဋ္ဌကထာမှာ အဲ့လိုပြောထားတယ် ဉတ္တိဒုတိယနဲ့ပက်သက်လို့၊ခုနကပြောတဲ့ ကံ(၆)မျိုးကျတော့ ဂရုကဖြစ်တဲ့အတွက် ဉတ္တိဒုတိယနဲ့ပဲ လုပ်ပါ အပလောကနကံနဲ့လည်း မလုပ်နဲ့ ဉတ္တိကံ ဉတ္တိစတုတ္ထကံနဲ့လည်း မလုပ်နဲ့၊ ဘာဖြစ်လို့ အဲ့လိုပြောခဲ့တာလည်းဆိုတော့ တို့ သိမ်သမုတ်ပွဲတခုမှာကြုံတယ် သိမ်သမုတ်ပွဲတခုမှာ စာတက် ပေတက်ဆရာတော်ကြီးတွေ ပါတယ်၊ ဒါပေမယ့် တခါတရံကျ စာနဲ့ဝေးသွားလို့ရှိရင် အလွဲတွေ လုပ်မိတက်တယ်၊ အဲ့တော့ ပထမအကြိမ် သိမ်သမုတ်တဲ့ကမ္မဝါ ရွတ်ဖတ်တော်မူကြပါဘုရားလို့ လျှောက်တော့ ဆရာတော်ကြီးသုံးပါးက ဉတ္တိဒုတိယကမ္မဝါစာရွတ်ရမှာ ကမ္မဝါထဲမှာလည်း ပါပြီးသားပဲ ၊ဒါပေမယ့် ဆရာတော်ကြီးတပါးက ဘယ်လိုစိတ်ကူးပေါက်တယ်မသိဘူး ဉတ္တိဒုတိယကိုမရွတ်ပဲ ဉတ္တိစတုတ္ထကို သွားရွတ်တယ်၊ ဉတ်ကိုရွတ်တယ် ဉတ်ရွတ်ပြီး ကမ္မဝါကိုဖတ်တယ် ကမ္မဝါဖတ်ပြီးတဲ့အခါ နိဂုံးကိုမသွားပဲနဲ့ ဒုတိယမ္ပိ ဧတမတ္ထံ ဝဒါမိ ၊ တတိယမ္ပိ စသည်ဖြင့် ထပ်ရွတ်ရော၊ အဲ့တော့ နောက်တပါးကလည်း လိုက်ရွတ်ရော နောက်တပါးကလည်း ကမ္မဝါပျက်တာသိတော့ ရှိတဲ့အတိုင်း လိုက်ရွတ်ရောပဲ၊ အဲ့လိုလုပ်တဲ့အခါကြတော့ အမှန်က မလုပ်ရဘူး၊ ဉတ္တိဒုတိယလေ (ခုနက ပြောပြီးသွားပြီ) ဉတ္တိဒုတိယမလုပ်ပဲ ဉတ္တိစတုတ္ထသွားလုပ်တယ်။
အဲ့ဒါ တို့က အဲ့ဒီမှာ ပါတဲ့အခါကျတော့ ဘေးနားကသူငယ်ချင်းကို လက်ကုတ်လိုက်တယ် မှားနေပြီလို့ ၊ သူငယ်ချင်းကလည်း ဘာမှမပြောဘူး ငြိမ်နေတယ် အဲ့ဒီကမ္မဝါတဆိုင်းလည်း ရပ်သွားတော့ ကိုယ်တော်ထလျှောက်လိုက်တဲ့ သူက၊ ထလျှောက်ဆိုတော့ ကိုယ်လည်းထလျှောက်လိုက်တယ် သူမြှောက်ပေးတာပဲ...
“ဆရာတော်တို့ မှားနေပါတယ်ဘုရား”လို့ ”သိမ်သမုတ်တဲ့နေရာ ဉတ္တိဒုတိယပါ”လို့
အဲဒီတော့ ဆရာတော်ကြီးက အခုကရောတဲ့...
”အခု ဆရာတော်တို့ဖတ်တာ ဉတ္တိစတုတ္ထဖြစ်နေပါတယ်ဘုရား”လို့ လျှောက်တော့...
ဆရာတော်ကြီးက ဘယ်လိုပြောရမလည်းဆိုရင် နည်းနည်းသဘောကောင်းတယ် နားလည်မှုရှိတယ် ပြောရမှာပေါ့လေ... အဲ့တာဆို ပြန်ဖတ်ရမှာပေါ့တဲ့...ပြန်ဖတ်မှအဆင်ပြေမှာပါဆရာတော်လို့ ဆိုတော့ ”ကဲ ပြန်ဖတ်ကြအုံးစို့”ဆိုပြီး ဆရာတော်ကြီးက ပြန်ဖတ်သွားတယ်...ပြန်ဖတ်တော့ မှန်သွားတာပေါ့၊
ဆိုလိုတာက တခါတရံ ဒီလိုမှားတက်တာလေးတွေ ရှိတက်တယ်၊တကယ်တမ်းက အဲ့ဆရာတော်ကြီးလည်း စာတက် ပေတက်ကြီးပဲ၊ စာနဲ့ဝေးသွားတဲ့အခါ သိပေမယ့် အကြံက တမျိုးသွားကြံမိတက်တက်တယ် ကျမ်းဂန်နဲ့လွတ်သွားတက်တယ်၊ အဲ့ဒီအခါမှာ ကိုယ်က တကယ်သိတယ် ကြည့်ဖူးတယ် သိဖူးတယ် ပိုင်တယ်ဆိုရင် ကိုယ်ကသွားထောက်လိုက် ”ဆရာတော် မဟုတ်ဘူးလို့”
မတောက်တခေါက်နဲ့တော့ သွားမလုပ်နဲ့ ကိုယ်က ဟုတ်တယ်ထင်ပြီး သွားလုပ်လို့ ကိုယ်ကမှားနေရင် ကိုယ်အရှက်ကွဲမှာပေါ့...အေး အဲ့ဒါကြောင့်မို့ စာချတန်းပြီးတဲ့ ပုဂ္ဂိုလ်များလည်း ပါဠိတော့လောက်တော့ လုပ်ထား အဋ္ဌကထာနဲ့ တွဲလုပ်တော့ ပိုကောင်းတာပေါ့..ပါဠိတော်လေးအနက်လှည့် စာချတန်းအောင်ပြီးမှတော့ ဒါလောက်တော့ လုပ်တက်ရမှာပေါ့..
အဲဒီတော့ ဒီနေရာ ဒီဝါကျ ဘာကိုဆိုလိုလည်း ဖတ်လိုက် ၊နားမလည်ဘူး နိဿ
#ကံလေးမျိုး
=========
(၁) ဂရုကံ"
အားကြီးတဲ့ကံပေါ့
သူက ကုသိုလ်ဂရုကံ ၊အကုသိုလ်ဂရုကံပေါ့ ။ လူ့ဘဝအသက်ရှင်နေထိုင်စဉ် ကာလမှာ အကုသိုလ်ဂရုကံလုပ်ထားရင်
သေတာနဲ့ငရဲဇာတိတန်းရပါတယ် ။
အကုသိုလ်ဂရုကံဆိုတာ ...
၁။ ဘုရားကိုသွေးစိမ်းတည်အောင်ပြု
ခဲ့ဖူးသူ
၂။ ရဟန္တာအရှင်မြတ်များနှင့်သံဃာ
ကိုသတ်ခဲ့ဖူးသူ
၃။ သံဃာအဖွဲ့အစည်းအချင်းချင်း
စိတ်ဝမ်းကွဲအောင် ပြုခဲ့ဖူးသူ
၄။ မိဘကိုသတ်ခဲ့ဖူးသူ
၅။ မိမိအားမိဘသဖွယ် အကျိုးလို
လားတဲ့ဆရာ
သမားများကိုသတ်ခဲ့ဖူးသူများဟာ
သေပြီးတာနဲ့ငရဲဇာတိတန်းရပါတယ်။
အထက်ပါအပြစ်များကိုကျုးလွန်မိခဲ့လျှင်တော့ကျူးလွန်ပြီးနောင်တမည်မျှ ရနေပါစေ ၊မည်သည့်ကုသိုလ်များကို ကျူးလွန်ပြီးသည်၏ နောက်ပြုလုပ်ခဲ့ပါစေ ထိုကုသိုလ်များသည် ဒုတိယဘဝကိုအကျိုးမပေးနိုင်တော့ ဒုတိယဘဝသည်ငရဲဇာတိကျိန်းသေရရှိပါတယ်။
ကုသိုလ်ဂရုကံကတော့လေးမျိုးရှိပါတယ်
သောတာပတ္တိမဂ်ကုသိုလ်
သကဒါဂါမိမဂျကုသိုလျ
အနာဂါမိမဂျကုသိုလျ
အရဟတ်တမဂျကုသိုလျ
ထိုကုသိုလ်များသည် ဝိပဿနာဘာဝနာပွားများခြင်းကြောင့်သာလျှင်ရရှိနိုင်ပေသည်။ပွားများခြင်းအကြောင်းကြောင့်ထိုကုသိုလ် များရရှိခဲ့လျှင်မူကား
မိမိတို့အသက်ရှင်နေထိုင်စဉ်က ရရှိခဲ့
သည့် စိတ်အဆင့်အတိုင်းကာမ သုဂတိခုနှစ်ဘုံမှသည် သုဒ္ဓါဝါသ ငါးဘုံ နိဗ္ဗာန်သို့တိုင် သေပြီးသည်၏နောက် ရရှိနိုင်ကြပေလိမ့်မည်။
သောတာပန် သကဒါဂါမ်များက
ကာမသုဂတိ ခုနှစ်ဘုံ
အနာဂါမ်ပုဂ္ဂိုလ်က
"အဝိဟာ အတပ်ပါ သုဒသာ သုဒသီ
အကနိဋ္ဌ" အနာဂါမ်ဗြဟ္မာဘုံများသို့ဆိုက်ရောက်နိုင်ပေလိမ့်မည်။
ရဟန္တာအရှင်သူမြတ်များကတော့အနုပါဒိသေသ နိဗ္ဗာန်သို့စံဝင်နိုင်ပေလိမ့်မည်။
ကုသိုလ်ဂရုကံသည်အောက်ထစ်ဆုံး
သောတာပန်အရိယာဖြစ်မှသာလျှင်
ကုသိုလ်ဂရုကံ ပီပြင်ပေလိမ့်မည်။
ဝိပသနာအားထုတ်သော်လည်သောတာပန် မဖြစ်သေးလျှင်ကုသိုလ်ဂရုကံဟုခေါ်ဆို၍ မရနိုင်ပေ ။
(၂) အာသန်နကံ
နှလုံးသွင်းမှုကံဖြစ်ပါတယ်။သေခါနီးအချိန်ဝယ် ဂရုကံမရှိခဲ့သောပုဂ္ဂိုလ်သည် အာသန္နကံအကျိုးပေးပေလိမ့်မည်။ သေခါနီးအချိန် ရောဂါဝေဒနာပြင်းထန်စွာဖိစီးနှိပ် စက်လာလျှင် ရုပ် နာမ်တို့၏သဘောတို့ကိုမှန်ကန်စွာနိုင်၍ ဝေဒနာတို့ကို ယောနိသောမနသီကာရ
ဖြင့် နှလုံးသွင်းနိုင်မှု ရတနာမြတ်သုံးပါးကိုသတိရအောက်မေ့နိုင်မှ မိမိပြု လုပ်ခဲ့သောကုသိုလ်များကိုအဖန်တစ်လဲလဲကြည်နူးမှု စိတ်ကိုရုပ်ဝေဒနာမှ ဖယ်ခွာ
၍ စျာန်ဖြင့်ငြိမ်းအေးနေမှု များသည်
ကာမသုဂတိဘုံများနှင့် ရူပစျာန် အရူပစျာန်ဗြဟ္မာ့ဘုံများထိ မိမိတို့နှလုံးသွင်းနိုင်မှုပေါ်မူတည်၍ရောက်ရှိ ကြပေလိမ့်မည်။
သေခါနီးအချိန်ဝယ် အယောန်ိသောမနသီကာရ နှလုံးသွင်းမမှန်မှုဖြင့် ဇနီးမယား ခင်ပွန်း သမီးသားများကိုတောင့်တနေမှု ပစ္စည်းဥစ္စာများကိုစွဲလမ်းနေမှု
ဝေဒနာကိုသည်းမခံနိုင်ဘဲ အော်ဟစ်ငြီးတွားနေမှုများသည် သေခါနီး မိမိနှလုံးသွင်းခဲ့သည့် စိတ်အဆင့်အတန်းအလိုက် ဒုတိယ ဘဝတွင်အပါယ်လေးဘုံဇာတိကိုရရှိနိုင်ပေလိမ့်မည်။ စွဲလမ်းစိတ်သည် ပြိတ္တာ အော်ဟစ်ငြီးတွားကြောင့်ကြစိတ်သည်ငရဲဇာတိ ကိုပေးစွမ်းပေလိမ့်မည်။
(၃) အာစိဏ္ဏကံ
အသက်ရှင်နေထိုင်စဉ်မှာနေ့စဉ်ပြု လုပ်
ခဲ့သောကံဖြစ်ပါတယ်။
ဂရုကံနှင့် အာသဏ္ဏကံ မရှိသူ ဗြုန်းခနဲ ဒိုင်းခနဲမိမိကိုယ်ကိုသေလို့သေမှန်း
မသိသူများကတော့ အာစိဏ္ဏကံက
အကျိုးပေးမှာဖြစ်ပါတယ်။
အသက်ရှင်နေထိုင်စဉ်မှာ ဒါနကိုမြတ်နိုးစွာနေ့စဉ်ပြုသူ သီလကိုမကျိုးမပေါက်အောင် သတိဖြင့်စောင့်ထိန်းနေထိုင်သူများ အကုသိုလ်ကိုရှောင်ရှားနေထိုင်သူများမှာတော့ထို"အာစိဏ္ဏကံ"ကုသိုလ်များက သူ့ကို ကာမသုဂတိခုနှစ်ဘုံသို့ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။
နေ့စဉ် ငါးပါးသီလဖောက်ဖျက် ကျူး
လွန်နေသူများ ဣသာမစ္ဆရိယသောင်း
ကျန်းနေသူများ နှလုံးသွင်းမမှန်ခဲ့သူများဟာ သူတို့ရဲ့စိတ်အဆင့်အတန်းအတိုင်း
ဒုတိယဘဝမှာအပါယ်လေးပါးဇာတိသို့
မုချမသွေရရှိကြပါလိမ့်မယ်။
(၄) ကဋတ်တာကံ
တစ်ခါတစ်ရံ ပြုလုပ်မိသောကံကုသိုလ်လဲ မသိ အကုသိုလ်မှန်းလဲမသိ မယ်မယ်ရမလုပ်ခဲ့သူများဟာ ဒုတိယဘဝမှာ
ဒီကံကအကျိုးပေးပါလိမ့်မယ် ။ သူကတော့ငရဲမင်းနဲ့တိုက်ရိုက်တွေ့ခွင့်ရ
မယ့်သူပါ ။
ဘာကုသိုလ်တွေလုပ်ခဲ့သလဲငရဲမင်းက
မေးလို့ အစဖော်ပေးလို့ကုသိုလ်မှန်းသူမသိခဲ့ပေမယ့်ကုသိုလ်ဖြစ်စေတဲ့အလုပ်တစ်ခု ကိုသတိရခဲ့လျှင်ငရဲမှ လွတ်ကင်းနိုင်ပေလိမ့်မယ် ။တစ်ခုမှမရှိခဲ့ သတိမရခဲ့ရင်တော့ငရဲအိုးထဲပစ်ချခံရပါလိမ့်မယ် ။
တစ်စုံတစ်ယောက်ထံတွင် ကံလေးမျိုးလုံးရှိပါက ထိုသူသေခါနီး၌ ဂရုကံသည် အရင်အကျိုးပေး၏။ ဂရုကံ မရှိပါက အာသန္နကံက အကျိုးပေး၏။ အာသန္နကံ မရှိပါက အာစိဏ္ဏကံက အကျိုးပေး၏။ အာစိဏ္ဏကံ မရှိပါက ကဋတ္တာကံက အကျိုးပေး၏။
🙏🙏🙏🙏🙏🙏🙏🙏🙏
Crd
#မူရင်းရေးသားပူဇေ်သူနှင့်အဆင့်ဆင့်မျှဝေသူများကိုဧကရီမှဂါရဝပြုပါသည်
#ဧကရီမှပြန်လည်မျှဝေပါသည်
Click here to claim your Sponsored Listing.
Location
Category
Website
Address
Mandalay