08/08/2022
မြန်မာ့ရိုးရာ ရှမ်းချစ်သူများအတွက်ငွေသွင်းငွေထုတ်စိတ်ချရတဲ့
Vibe King မှာလာဆော့ဖိုဖိတ်ခေါ်ပါတယ်ရှင့်😍😍😍
ဘောနပ်တွလဲပေးနေတာမို့တွေဝေနေရင်မှားသွားမယ်နော်
🤭🤭
24hoursငွေသွင်းငွေထုတ်ကစားလိုရနေတဲ့ဂိမ်းဆိုဒ်လေး
အနိူင်များတဲ့ရှမ်းကိုးမီးဂိမ်းလေးဆော့ပြီးငွေထုတ်ကြမယ်နော်>....
Viber......09898750881
22/07/2022
ကိုယ့်ရဲ့ ဖြစ်တည်မှုအတွက်
တောင်းပန်စရာမလိုပါဘူး...
ကိုယ်အကြိုက်ဆုံး ပုံစံ
၀တ်စားဆင်ယင်မှုအတွက်လည်း
အားနာနေ စရာမလိုပါဘူး..
ကိုယ်က စချစ်မိတဲ့အတွက်လည်း
ရှက်စရာမလိုပါဘူး...
မပြည့်စုံပဲ မွေးဖွားလာခြင်းအတွက်လည်း
သိမ်ငယ်နေစရာမလိုပါဘူး..
ကိုယ့်အိမ်မက်တွေက လက်တွေ့မဖြစ်နိုင်သေးလို့
စိတ်ညစ်နေစရာမလိုပါဘူး...
ဘာ ကြောင့် လဲ ?
လူသားတွေဖြစ်နေလို့ပါပဲ..
ရိုးရှင်းပါတယ်..
မနက်ဖန်ဆို ဘာဖြစ်နိုင်မလဲမသိနိုင်တဲ့
အခြေအနေတွေမှာ
မှားခွင့်လည်း ရှိသလို
ပြန် ပြင်ခွင့်လည်းရှိပါတယ်..
ချစ်ခွင့်လည်း ရှိသလို
ငြင်းခွင့်လည်းရှိပါတယ်..
ပျော်ခွင့်လည်း ရှိသလို
၀မ်းနည်းခွင့်လည်း ကျိန်းသေရှိပါတယ်..
ဘာ အတွက် ကြောင့်
ကိုယ့်ကိုကိုယ် ပိတ်လှောင်ထားမလဲ ?
20/07/2022
အစပ်တွေနဲ့ မတည့်ဘူးပြောထားရင်
ပိုပြီး စားပြချင်တယ် ခဏခဏ
ဂရုစိုက်ခံရတာ သူမ သဘောကျ တယ်
ဒီကောင်နဲ့ စကားပြောတာ
မကြိုက်ဘူးပြောထားရင်
ပိုပြီး မထိခလုတ် စ ချင်တယ်
ခဏခဏ သဝန်တိုအူတိုနေတာကို
သူမ သဘောကျ တယ်
ဒါ မလုပ်နဲ့ ဒီ စကားတွေ
ရန်ဖြစ်တိုင်း မသုံးနဲ့မပြောနဲ့ မှာထားရင်
စကားများတိုင်း ပိုပြီး အဲ့စကားပဲ
ထပ်တလဲလဲပြောတယ် ခဏဏ
သတိပေးခံရတာကို သူမ သဘောကျတယ်
အရွဲ့မတိုက်နဲ့ စိတ်ထဲမရှင်းတာရှိရင်
ပွင့်ပွင့်လင်းလင်းဒဲ့မေးလို့ ပြောထားရင်
မရှင်းမရှင်းလုပ်ပြီး အရွဲ့ပိုတိုက်တယ်
ခဏခဏ အလေးအနက်ထားပြီး
ရှင်းပြခံရတာကို သူမ သဘောကျ တယ်
မလုပ်နဲ့ပြောရင် လုပ်မယ်
မစားနဲ့ ပြောရင် စားမယ်
မပြောနဲ့ ပြောရင် ပြောမယ်
သေချာမှာထားရင်
သေချာ ဆန့်ကျင်ဘက်ရွေးတယ်
သိလား း း း း
အရွဲ့ တိုက်နေရင်တောင်
ဂရုစိုက်စေချင်တာ ချော့စေချင်တာ
အလိုက်သိတားမြစ်စေချင်တာ
ချစ်မှန်းသိလို့ဆိုးနေတာလို့
ပြောရင် ခံရခက်နေမယ်
အချစ်တွေလျှော့သွားမှာစိတ်ပူလို့
ညာဏ်များပြီး စာမေးပွဲစစ်နေတာ
လို့ပဲ ပြောပါရစေ
သူမ မင်းကိုချစ်ပါတယ်
မယုံရင် ပြတ်စကား စပြောကြည့်
မျက်ရည်မျက်ခွက်နဲ့မရမက
ဆွဲထားလိမ့်မယ် ( ယုံချင်မှယုံပါ )
မိန်းကလေးတွေက နားလည်ရမခက်ပါဘူး
စကားပြောင်းပြန်ကျွမ်းသွားရင် လွယ်ပါတယ်
ဥပမာ : စကားလာမပြောနဲ့
အမှန်က ( စာတွေပို့ မနားတမ်းပို့ ဖုန်းတွေ
ဆက်စမ်းလို့ ) ပြောလိုက်တာပါ
20/07/2022
တိမ်တွေဟာ သိပ်လှတာပဲလို့
ကိုယ်ပြောရင်မင်းယုံလိုက်ပါ . . .💙
📸𝑪𝒓𝒂𝒚𝒐𝒏
18/07/2022
သိပ်တော်တဲ့ ယောက်ျား ဆိုတာ
မိန်းမတစ်ယောက်ကို
ကိုယ်စွမ်း ကိုယ်စ နဲ့
လူတန်းစေ့ ထားနိုင်တဲ့ အပြင်
ဘာအကြောင်းကြောင့်မှ
စိတ်ဆင်းရဲမှု ကို
မပေးတတ်သူ ကို ခေါ်တယ် . . .
သိပ်တော်တဲ့ မိန်းမ ဆိုတာ
ဘဝမှာ တယောက်တည်း ကျန်ခဲ့လဲ
လောကဓံကို မမှုဘဲ
ကိုယ့်စွမ်းကိုယ်စနဲ့ ကိုယ့်ဒူးကိုယ်ချွန်
ရပ်တည်နိုင်တဲ့သူကို ခေါ်တယ် . . .
သိပ်တော်တဲ့ သူငယ်ချင်းဆိုတာ
ဝမ်းနည်း အားငယ် နေတဲ့အချိန်
အားပေး နှစ်သိမ့်မှုနဲ့
ကူညီတတ်သူကို ခေါ်တယ်...
သိပ်တော်တဲ့ လူဆိုတာ
ကိုယ်ကျင့်တရား ကောင်းမွန်ပြီး
ကိုယ့်ဘဝဖြတ်သန်းမှုထဲ ထိပ်ဆုံးရောက်အောင်
ဘယ်လို ကြိုးစားခဲ့ရလဲဆိုတာ
နောက်လူသိအောင်
လမ်းညွှန်ပေးတဲ့သူ ကိုခေါ်တယ်....
သိပ်တော်တဲ့ ပုဂ္ဂိုလ်ဆိုတာ
သေရတော့မဲ့အချိန်မှာ
နောင်တ ကင်းကင်း အမှားနည်းနည်းနဲ့
ကောင်းမှု ကုသိုလ်တွေကိုသာ
စုဆောင်းထားသူ ကိုခေါ်တယ်....
တကယ်တော့ ....
လူ့ဘဝဆိုတာ
သေခြင်းတရား မလာမီ အချိန်အတွင်း
အစွမ်းကုန် ကြိုးစားပြီး
နေထိုင် အသက်ရှင်စဉ်မှာ
လောကမှာ
ကုသိုလ် နဲ့ အကုသိုလ်ကို
ကောင်းစွာ သိတဲ့အပြင်
တရားခြင်း မတရားခြင်းကိုလည်း
နားလည်တဲ့ သိပ်တော်တဲ့ သူ ဖြစ်တာကိုက
လူ့ဘဝရတာ
အဖိုးတန်ဆုံးပါဘဲ သူငယ်ချင်း . . . .
18/07/2022
အချစ်ဦး ❤️
အချစ်ဦးဆိုတာ ပထမဦးဆုံးရည်းစားရသွားတာကိုဆိုလိုတာမဟုတ်ပါဘူး....
ဒါဆိုဘာလဲ...
လောကမှာ ကိုယ်တကယ် ခံစားချက်
အစစ်အမှန် နဲ့ ချစ်ခဲ့တဲ့သူ
မြတ်နိုးခဲ့သူ တစ်ယောက်ကို
ဘယ်နည်း နဲ့ မှမေ့လို့မရပါဘူး...
ကား accident ဖြစ်ပြီး အတိတ်မေ့သွားလို့
သူ့ကိုမမှတ်မိဘူးဆိုရင်တောင်
သူ့ပုံဖြစ်ဖြစ် သူ့မျက်နှာဖြစ်ဖြစ်မြင်ရင်ကို
ဘယ်ဘက်နှလုံးသားထဲက
အောင့်သက်သက် နာသက်သက် ဖြစ်တယ်ဆိုတာ
ရုပ်ရှင်တွေထဲမှာပါတွေ့နိုင်တယ် ဒါအမှန်တရားပါ...
(အတိတ်မေ့တာက ဦးနှောက်မှတ်ဉာဏ်နဲ့ပဲဆိုင်လို့ပါ
နှလုံးသားနဲ့ချစ်တဲ့သူတွေက ဘယ်လိုမှမေ့မှာမဟုတ်ပါဘူး)
တစ်ချို့သူတွေကတော့
အချစ်ဦးကိုပဲ စောင့်နေတဲ့သူတွေရှိသလို
တစ်ချို့သူတွေကတော့ မေ့နိုင်တယ်
အေးဆေးပဲ လိမ်ညာပြောဆိုပြီး
တိုက်ဆိုင်မှုတွေ အမှတ်တရတွေ ကြုံမိတိုင်း
ရင်ဘတ်ထဲကတစ်နေရာမှာ အောင့်နေကြတုန်းပါပဲ...
17/07/2022
တကယ်ချစ်ရင်
တစ်ယောက်ထဲနဲ့ လုံလောက်တယ် ♡
လူတစ်ယောက်ကို အချစ်စစ်နဲ့
တကယ်ချစ်ဖူးသူတိုင်းသိတယ်
တစ်နေကုန် အားလိုက်မိတိုင်း
သူအကြာင်း တွေးမိနေတာမျိုး....
စာတွေခနခနပို့ပြီး
ဖုန်းခနခန ပြောချင်တာမျိုး...
ဘယ်သွားမယ်ဘာလုပ်မယ်ကအစ
အလေးထား တိုင်ပင်ပြီးမှ လုပ်တာမျိုး...
သူများတွေ ဘယ်လိုမကောင်းတာတွေပြောပြော
တန်ဖိုးထား ဂရုစိုက်ပေးတာမျိုး....
အချိန်ကြာလာလေ ရိုးမသွားပဲ
ပိုချစ်မိပြီး သံရောစဉ်ပိုတွယ်လာမိတာမျိုး.....
အသစ်တွေ ဘယ်လောက်တွေ့တွေ့
သူတစ်ယောက်ထဲနဲ့တင်
တနေကုန် အချိန်တွေမလုံလောက်တာမျိုး.....
တကယ်ပါ အချစ်စစ်နဲ့ချစ်ရင်
တစ်ယောက်ထဲနဲ့ လုံလောက်တယ်....
16/07/2022
အပူပင်ကင်းကင်းနှစ်ယောက်ထဲခရီးတွေထွက်ပါ🌳
တယောက်တလှည့်ဓာတ်ပုံတွေရိုက်ပါ 💙