NVL International Professional Courses

NVL International Professional Courses Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NVL International Professional Courses, Education, Block-2, Unit/14, Water Street, Mingalar Mandalay, 73Street, Bet: Thazin & NguShweWar Street, ChanMyaTharSi Township, Mandalay.

The leading private international professional courses in Mandalay.We are providing globally recognised Diploma programs and Professional Courses such as Business and Computing.

🎉🎉မြန်မာနိုင်ငံ၏လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း (၁၀၅)နှစ်ပြည့်မွေးနေ့အား NVL IPC မှ မြန်မာပြည်သူ၊သားများနှင့်အတူ ...
12/02/2020

🎉🎉မြန်မာနိုင်ငံ၏လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း (၁၀၅)နှစ်ပြည့်မွေးနေ့အား NVL IPC မှ မြန်မာပြည်သူ၊သားများနှင့်အတူ ဝမ်းမြောက်စွာဂုဏ်ပြုအပ်ပါတယ်။🎊🎊

🤗🤗၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့အား NVL IPC  မှ မြန်မာပြည်သူ၊ပြည်သားများ...
12/02/2020

🤗🤗၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့အား NVL IPC မှ မြန်မာပြည်သူ၊ပြည်သားများနှင့်အတူ ကြိုဆိုဂုဏ်ပြုလိုက်ရပါတယ်။🤗🤗

" ပြည်ထောင်စုနေ့ သမိုင်း"
==================
👉👉မြန်မာ့သမိုင်း တစ်လျှောက်လုံး၌ အနော်ရထာ၊ ဘုရင့်နောင်၊အလောင်းမင်းတရား ဤမင်းသုံးပါး လက်ထက်တွင်သာ မြန်မာတနိုင်ငံလုံး တပေါင်းတစည်းတည်း ရှိခဲ့ဖူးသည်။ ဗြိတိသျှအစိုးရ လက်အောက်တွင်မူ တိုင်းရင်းသားများအား ခွဲခြားအုပ်ချုပ်ခဲ့သည်။ ဗြိတိသျှတို့၏ အုပ်ချုပ်ရေး ပရိယာယ်ကြောင့် တိုင်းရင်းသားအချင်းချင်း ရင်းရင်းနှီးနှီး မရှိပဲ သွေးကွဲမှုပင် ရှိခဲ့သည်။💁💁

👉👉ဗြိတိသျှတို့လက်အောက်မှ လွတ်မြောက်ရေးကို အနှစ် ၇၀ မျှကာလပတ်လုံး အမျိုးမျိုး အဖုံဖုံ ကြိုးပမ်းရာ၌ မြေပြန့်သားနှင့် တောင်တန်းသားတို့ တစ်ကြိမ်မျှ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသည် မရှိပေ။ သို့သော် ဖက်ဆစ်ဂျပန်ကို တော်လှန်ကြရာတွင် တိုင်းရင်းသားအားလုံး ညီညွတ်ခဲ့သည်။ သွေးစည်းပူးပေါင်း၍ ဂျပန်ကို တွန်းထုတ်နိုင်ခဲ့သည်။💁💁

👉👉ဂျပန်တို့လက်အောက်မှ လွတ်မြောက်ပြီးနောက် လွတ်လပ်ရေးကို ဆက်လက်ကြိုးပမ်းသည့်အခါတွင်လည်း မြေပြန့်သား၊ တောင်တန်းသား မခွဲခြားပဲ တိုင်းရင်းသားပေါင်းစုံ သွေးစည်းမှုကို ရှာကြံခဲ့ကြသည်။ ဤသို့ဖြင့် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းမှုကြောင့် မြန်မာ့လွတ်လပ်ရေးကို မျှော်မှန်းနိုင်သည့်အခါသို့ပင် ဆိုက်ရောက်ခဲ့လေသည်။ သို့တိုင်အောင် ဗြိတိသျှနယ်ချဲ့တို့သည် တောင်တန်းသားများအား မိမိတို့လက်အောက်မှ မလွတ်စေလိုသေးပေ။ ထို့ကြောင့် တောင်တန်းသားများအား အမျိုးမျိုး နားလှည့်ခဲ့ကြသည်။💁💁

👉👉၁၉၄၆ ခုနှစ် ဇန္နဝါရီလအတွင်း ရွှေတိဂုံကုန်းတော် အလယ်ပစ္စယံ၌ ကျင်းပသော ဖဆပလညီလာခံကြီးက မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် တိုင်းရင်းသားအားလုံး လက်တွဲ၍ ဆောင်ရွက်ပြီးလျှင် အတူတကွ လွတ်လပ်သော ပြည်ထောင်စုနိုင်ငံ ထူထောင်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်အတိုင်း ဖြစ်မြောက်နိုင်ရန် မြန်မာခေါင်းဆောင်ကြီးများ ကြိုးပမ်းခဲ့ကြသည်။💁💁

👉👉ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်း ဗဟိုချက်တွင်ရှိသော ပင်လုံမြို့ကလေးတွင် ရှမ်းစော်ဘွားများ ညီလာခံကို ၁၉၄၆ ခုနှစ် ဇန္နဝါရီလအတွင်းမှာပင် ကျင်းပခဲ့ရာ မြန်မာခေါင်းဆောင်ကြီးများဖြစ်သော သခင်နု၊ ဦးဘဂျမ်းနှင့် မန်းဘခိုင်တို့ တက်ရောက်ခဲ့ကြသည်။ ဗြိတိသျှနယ်ချဲ့တို့၏ ဝါဒဖြန့်မှုကြောင့် တွေဝေနားယောင်နေသော ရှမ်းအမျိုးသားများအား ပြတ်ပြတ်သားသား ရှင်းလင်း ပြောဆိုခဲ့ကြသည်။💁💁

👉👉၁၉၄၇ ခုနှစ် ဇန္နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်တော်အဖွဲ့သည့် ဗြိတိန်နိုင်ငံသို့ မြန်မာ့လွတ်လပ်ရေးအတွက် သွားရောက် အရေးဆိုကြရာ ပြည်မကြီးရော တောင်တန်းဒေသများပါ လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ကြသည်။ ဗြိတိသျှတို့ကမူ ပြည်မကြီးကိုသာ လွတ်လပ်ရေးပေးပြီးလျှင် တောင်တန်းဒေသများကို ဆက်လက်သိမ်းပိုက်ထားရန် အကြံအစည်ရှိခဲ့သည်။💁💁

👉👉ဗိုလ်ချုပ်အောင်ဆန်းတို့ကမူ တောင်တန်းဒေသများ မပါသော လွတ်လပ်ရေးသည် မြန်မာနိုင်ငံအတွက် အဓိပ္ပာယ်မရှိသော လွတ်လပ်ရေး ဖြစ်သဖြင့် တောင်တန်းဒေသများကို ပြည်မကြီးနှင့်တပြိုင်တည်း လွတ်လပ်ရေးပေးရန် အရေးဆိုခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် ဗြိတိသျှအစိုးရတို့ ဗိလပ်၍ ဆွေးနွေးနေစဉ် ဗြိတိသျှနယ်ချဲ့တို့က မြန်မာနိုင်ငံ၍ တောင်တန်းသားများနှင့် မြေပြန့်သားများ အစေးမကပ်ကြသယောင် ဝါဒဖြန့်ကြသည်။ ထို့ကြောင့် မြန်မာ့ခေါင်းဆောင်ကြီးများသည် တောင်တန်းဒေသများသို့ သွားရောက်ကာ တိုင်းရင်းသား စည်းလုံးရေးကို ဟောပြောလှုံ့ဆော်ခဲ့ကြသည်။💁💁

👉👉ဘိလပ်တွင် ဆွေးနွေးလျက်ရှိသော လွတ်လပ်ရေးကိစ္စတွင် ဗြိတိသျှတို့က ပရိယာယ်သုံးကာ တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူပါက ပြည်မကြီးရော တောင်တန်းဒေသများပါ တစ်ပြိုင်တည်း လွတ်လပ်ရေးပေးမည်၊ ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းရေးကို တောင်တန်းသားများက ယင်းတို့ဘာသာ ဆုံးဖြတ်ပါစေဟု ပြောဆိုပြီးလျှင် ယင်းသဘောတစ်ရပ် သက်ဝင်သော အောင်ဆန်း - အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့သည်။💁💁

👉👉ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ဝင်များသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ဆိုက်ရောက်လာသည်။ ထို့နောက် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ပင်လုံညီလာခံကြီးသို့ တက်ရောက်၍ ပြည်မနှင့် တောင်တန်းဒေသ ပူးပေါင်းရေးကို ဆွေးနွေးကြသည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ညနေတွင် မြန်မာတိုင်းရင်းသား ပေါင်းစုံ ညီညွတ်မှုကို ရရှိခဲ့သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ဆာမောင်ကြီး ၊ ဗိုလ်မှူးအောင်၊ ဦးအောင်ဇံဝေ၊ ဦးတင်ထွဋ်၊ ဗိုလ်ခင်မောင်ကလေး၊ မြို့မ-ဦးသန်းကြွယ် ၊ သခင်ဝတင် နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူပင်လုံညီလာခံတွင် တက်ရောက်ခဲ့ပြီး၊ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင်ဗိုလ်ချုပ်အောင်ဆန်း နှင့်တောင်တန်းဒေသ ကိုယ်စားလှယ် ၂၁ ဦးတို့သည် တိုင်းရင်းသား သွေးစည်းမှု အဆောက်အအုံကို တည်ဆောက်ပေးသည့် တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူညီသော ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးကြသည်။ ယင်းသို့ တစ်ပြည်ထောင်လုံးရှိ တိုင်းရင်းသားပေါင်းစုံ၏ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သော ထိုနေ့ကို ‘‘ပြည်ထောင်စုနေ့’’ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့သည်မှာ ယနေ့အထိ ဖြစ်သည်။💁💁

👉👉ဗြိတိသျှအစိုးရသည်လည်း ပြည်မကြီးရော တောင်တန်းဒေသများပါ တစ်ပြိုင်တည်း လွတ်လပ်ရေးပေးရန် သဘောတူညီရလေသည်။ ဤသို့လျှင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖြစ်မြောက်ရေးကို ထိုနေ့တွင် အုတ်မြစ်ချခဲ့သဖြင့် ပြည်ထောင်စု တိုင်းရင်းသားတိုင်း မမေ့လျော့အပ်သော နေ့ထူးနေ့မြတ် (ပြည်ထောင်စုနေ့) ဖြစ်လာပေသည်။💁💁

📣📣ရုံးချိန်၊ကျောင်းချိန်လွတ် အတန်းများအတွက် Scholarship 100% , 70 % , 40% ရရှိနိုင်မည့်အခွင့်အရေး💯💯💯🤔🤔သင်ဘာကြောင့် ABE (...
24/01/2020

📣📣ရုံးချိန်၊ကျောင်းချိန်လွတ် အတန်းများအတွက် Scholarship 100% , 70 % , 40% ရရှိနိုင်မည့်အခွင့်အရေး💯💯💯

🤔🤔သင်ဘာကြောင့် ABE (UK) ကိုတက်ရောက်သင့်ပါသလဲ?🤔🤔

💁💁၂၁ ရာစုလိုတိုးတက်ပြောင်းလဲနေတဲ့ခေတ်မှာ အလုပ်လုပ်ရင်းအောင်မြင်ရန်ကြိုးစားနေသူများအတွက်ရည်ရွယ်ပြီး လုပ်ငန်းခွင် အသုံးချပညာရပ်များဖြစ်သော

🎓🎓Business Management Diploma ABE (UK)
🎓🎓Human Resource Management Diploma ABE (UK)
🎓🎓Marketing Management Diploma ABE (UK) စသည့်ဘာသာရပ်များအား တက်ရောက်သင်ကြား နိုင်ပြီဖြစ် ပါတယ်။👍👍

✍️✍️စာမေးပွဲအားလုံးဖြေဆိုအောင်မြင်ပြီးလျှင် ABE (UK) မှတိုက်ရိုက်ချီးမြှင့်သော နိုင်ငံတကာအသိအမှတ်ပြု Diploma လက်မှတ်ရရှိမှာဖြစ်ပြီး👩‍🎓👩‍🎓

✍️✍️ဘာသာရပ်များအားလုံးသင်ယူတတ်မြောက်ပြီးလျှင် NVL IPC မှပေးအပ်ချီးမြှင့်သော Certificate ရရှိမှာဖြစ်ပါ တယ်။💢💢

🛑ကုမ္ပဏီကြီးများ၏ ရုံးလုပ်ငန်းတွင် မရှိမဖြစ်၊သိသင့်သိထိုက်သော စီမံခန့်ခွဲအုပ်ချုပ်မှု အပိုင်းများ၊👉စီးပွားရေးဆိုင်ရာ နည်းဗျူဟာကျွမ်းကျင်လိုသူများအတွက် ရည်ရွယ်ပြီး NVL IPC မှဖွင့်လှစ်သောABE Diploma ရုံးချိန်၊ ကျောင်းချိန် လွတ်သင်တန်းကြီးအား တက်ရောက်ကြပါစို့။🏃🏃🏃

📲📲Hot Line 09- 962042468 သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သလို

☎️☎️ 09-7920000046, 09- 962000046 နှင့် 09-967712595သို့ အမြန်ဆုံး စာရင်းပေးသွင်းပြီး ခုံနံပါတ်ရယူမှသာ တက်ရောက်နိုင်မှာဖြစ်တဲ့အတွက်

🏢🏢Campus (1)Block-2 , Unit 14, Water Street, Mingalar Mandalay Estate,73 Street, Bet: Thazin & NguShweWar St, ChanMyaTharSi Tsp, Mandalay.

🏢🏢Campus (2)Block-3, Unit 4, Blue Diamond Street, Mingalar Mandalay Estate,73 Street, Bet: Thazin & NguShwe War St, ChanMya TharSi Tsp, Mandalay သို့လာရောက် လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။🏃🏃🏃🏃

🤔🤔Why do you attend ABE (UK) Diploma ? 🤔🤔👉👉သင်ဘာကြောင့် ABE  (UK) မှပေးအပ်ချီးမြှင့်တဲ့ Diploma တန်းကိုတက်ရောက်သင့်ပါသလဲ...
16/01/2020

🤔🤔Why do you attend ABE (UK) Diploma ? 🤔🤔
👉👉
သင်ဘာကြောင့် ABE (UK) မှပေးအပ်ချီးမြှင့်တဲ့ Diploma တန်းကိုတက်ရောက်သင့်ပါသလဲ❓❓❓

📣📣မန္တလေးမြို့ရှိ   တွင် တစ်လ (၁၅၀၀၀၀ ကျပ်) ပေးသွင်းပြီး UK အဆင့်မြင့် Diploma တန်းအား စနေ၊တနင်္ဂနွေတန်းများကို တက်ရောက်...
14/01/2020

📣📣မန္တလေးမြို့ရှိ တွင် တစ်လ (၁၅၀၀၀၀ ကျပ်) ပေးသွင်းပြီး UK အဆင့်မြင့် Diploma တန်းအား စနေ၊တနင်္ဂနွေတန်းများကို တက်ရောက်နိုင်ပါပြီ။🔔🔔

😮😮နောက်ထပ်အခွင့်အရေးတစ်ခုအနေနဲ့ CSR Training အတန်းများအား ပညာသင်ဆု တိုက်ရိုက်တက်ရောက် နိုင်မည့် အခွင့်အရေးရရှိမှာဖြစ်ပါတယ်။👍👍👍

📲📲အသေးစိတ်အတွက် Hot Line : 09 – 96 204 2468 သို့လည်းဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။📲📲

👉👉သင့်အနေနဲ့ ABE (UK) ကိုဘာကြောင့်ရွေးချယ်တက်ရောက်သင့်တယ်လို့ထင်ပါသလဲ?🤔🤔

💁💁Association of Business Executives, ABE (UK) သည် နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိထားသော Diploma တစ်ခုဖြစ်ခြင်း

👍👍Association of Business Executives, ABE (UK) သည် ၁၉၇၃ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၄၆ နှစ်ကျော်ကြာ ရပ်တည်နေပြီဖြစ်ခြင်း

🎓🎓ABE (UK) သည်ကမ္ဘာတစ်ဝှမ်းလုံးတွင် စီးပွားရေး စီမံခန့်ခွဲမှု ဘာသာရပ်များနှင့် ပက်သက်ပြီး ကျောင်းသားပေါင်း (၁၅၀၀၀၀) ကျော်ခန့် မွေးထုတ်ပေးခဲ့ပြီးဖြစ်ကာ နိုင်ငံတကာမှ အသိအမှတ်ပြုမှု ခံရသော Awarding Body တစ်ခုဖြစ်ခြင်း

💯💯 ABE (UK) Learners များသည် မိမိတို့၏ ရှိရင်းဆွဲ Traditional Structures များအပြင် Value Creation များထပ်မံ ပေါင်းစပ်ကာ Entrepreneurs များအဖြစ်မိမိကိုယ်ကို ဂုဏ်ယူစွာ ရပ်တည်နိုင်ခြင်း စသည်တို့ ကြောင့် ရွေးချယ် တက်ရောက်သင့်ပါသည်။💯💯

☎️☎️အသေးစိတ်ထပ်မံသိရှိလိုပါက 09-792000046, 09- 962000046, 09- 967712595 သို့ဆက်သွယ် မေးမြန်းစုံစမ်း နိုင်ပါတယ်။☎️☎️

🏢🏢Campus Facilities နှင့် Campus Facilities များအတွက် လူကိုယ်တိုင်လာရောက်စုံစမ်းနိုင်ပါတယ်။🏃🏃🏃🏃

🏢NVL IPC Campus-1 Address- Block-2, Unit 14, Water Street, Mingalar Mandalay,

🏢NVL IPC Campus-2 Address- Block-3, Unit-4 , Blue Diamond Street, Mingalar Mandaly, 73 Street, Between Thazin & NguShweWar Street, ChanMyaTharSi Tsp, Mandalay.သို့လူကိုယ်တိုင်လာရောက် ၍ မေးမြန်းစုံစမ်းနိုင်ပါသည်။https//www.nvl-institute.com/

🤱🤱 Happy Mother Day 2020( ပြာသိုလပြည့် - အမေများနေ့)🤱🤱🙏🙏မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ ပြာသိုလပြည့် နေ့တွင်ကျရောက်သော အမေမျ...
09/01/2020

🤱🤱 Happy Mother Day 2020( ပြာသိုလပြည့် - အမေများနေ့)🤱🤱
🙏🙏မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ ပြာသိုလပြည့် နေ့တွင်ကျရောက်သော အမေများနေ့တွင် ကမ္ဘာပေါ်ရှိ အမေများအားလုံးအား NVL IPC မိသားစုအားလုံးမှ လေးစားချစ်ခင်စွာဂါရဝပြုဦးညွှတ်အပ်ပါသည်။🙏🙏

🇲🇲🇲🇲( ၇၂ )ကြိမ်မြောက်မြန်မာ့လွတ်လပ်ရေးနေ့အား NVL IPC မှမြန်မာပြည်သူ၊ပြည်သားများနှင့်အတူဂုဏ်ပြုကြိုဆိုအပ်ပါသည်။🇲🇲🇲🇲
04/01/2020

🇲🇲🇲🇲( ၇၂ )ကြိမ်မြောက်မြန်မာ့လွတ်လပ်ရေးနေ့အား NVL IPC မှမြန်မာပြည်သူ၊ပြည်သားများနှင့်အတူဂုဏ်ပြုကြိုဆိုအပ်ပါသည်။🇲🇲🇲🇲

🎉🎉Happy New Year to All🎉🎉🙏🙏ချစ်ရတဲ့မိဘပြည်သူများအားလုံး နှစ်သစ်နှစ်ဦးမှသည် စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများဖြင့်...
31/12/2019

🎉🎉Happy New Year to All🎉🎉
🙏🙏ချစ်ရတဲ့မိဘပြည်သူများအားလုံး နှစ်သစ်နှစ်ဦးမှသည် စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများဖြင့်ပြည့်စုံပါစေကြောင်း NVL IPC မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။🙏🙏

ပျော်ရွှင်စရာ ကရင်နှစ်သစ်ကူးအားလပ်ရက်လေးအားNVL IPC မိသားစုမှ မိဘပြည်သူများနဲ့အတူ ကြိုဆိုလိုက်ရပါတယ်။
26/12/2019

ပျော်ရွှင်စရာ ကရင်နှစ်သစ်ကူးအားလပ်ရက်လေးအားNVL IPC မိသားစုမှ မိဘပြည်သူများနဲ့အတူ ကြိုဆိုလိုက်ရပါတယ်။

🎄🏕️🤶Merry Christmas to You All !!!🎅🎁🎄☃️ချစ်ရတဲ့မိဘပြည်သူများအားလုံးဘဲ ဆောင်းရာသီရဲ့ ဆောင်းလေအေးအေးလေးကို စတင်ခံစားမိမယ်ထ...
25/12/2019

🎄🏕️🤶Merry Christmas to You All !!!🎅🎁🎄

☃️ချစ်ရတဲ့မိဘပြည်သူများအားလုံးဘဲ ဆောင်းရာသီရဲ့ ဆောင်းလေအေးအေးလေးကို စတင်ခံစားမိမယ်ထင်ပါတယ် ☃️
🆕 🎉2019 December ကိုနှုတ်ဆက်လို့ Happy Newyear 2020 ကိုမိဘပြည်သူများအားလုံးနှင့်အတူ NVL IPC မိသားစုမှ Christmas အားလပ်ရက်နှင့်အတူကြိုဆိုလိုက်ရပါတယ်။🎁🎉🎅🏕️🎄

🇲🇲🇲🇲၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၂၁)ရက်နေ့တွင် ကျရောက်သော (၉၉) နှစ်မြောက် အမျိုးသားနေ့အောင်ပွဲအား NVL IPC မိသားစုမှ ဂုဏ်ပြုအပ်...
21/11/2019

🇲🇲🇲🇲၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၂၁)ရက်နေ့တွင် ကျရောက်သော (၉၉) နှစ်မြောက် အမျိုးသားနေ့အောင်ပွဲအား NVL IPC မိသားစုမှ ဂုဏ်ပြုအပ်ပါသည်။🇲🇲🇲🇲

Address

Block-2, Unit/14, Water Street, Mingalar Mandalay, 73Street, Bet: Thazin & NguShweWar Street, ChanMyaTharSi Township
Mandalay

Alerts

Be the first to know and let us send you an email when NVL International Professional Courses posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category