15/11/2021
みなさんこんばんは!💌
အားလုံးပဲမင်္ဂလာပါရှင့်
အခုလိုနည်းပညာခေတ်မှာ မတူညီတဲ့နိုင်ငံ၊ လူမျိုးတွေနဲ့ ပြောဆိုကြတဲ့အခါ Language Communication လို့ ခေါ် တဲ့ ဘာသာစကားဖြင့်ဆက်သွယ်ခြင်းသည်လည်း လိုအပ်တဲ့ပညာရပ်တစ်ခုမဟုတ်လားရှင့်?ဘယ်ပညာရပ်ပဲဖြစ်ဖြစ် တတ်မြောက်ထားလျှင် လူကြားထဲမှာ ပွဲလယ်တင့်စေပါတယ်နော်။အလုပ်လျှောက်တဲ့အချိန်မှာလည်း ကိုယ့်ကိုဦးစားပေး စဥ်းစားပေးနိုင်ပါတယ်။ဘာသာစကားတွေကို လေ့လာချင်တယ်။အချိန်မအားလို့၊ ငွေကြေးများလို့ သင်ပြီးမတတ်မှာစိုးလို့၊ လိုင်းပေါ် ကနေသင်တာကို မလိုက်နိုင်မှာစိုးလို့ စသဖြင့် ပြဿနာတွေ ရှိနေတဲ့သူတွေအတွက် အခုလိုသင်တန်းလေးဖွင့်မယ်လို့
စိတ်ကူးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့ အလုပ်လုပ်နေတဲ့သူတွေ၊အိမ်မှာနေပြီး ပညာရပ်တွေကို သင်ယူဖို့ ကြိုးစားနေတဲ့သူတွေအတွက်အဆင်ပြေ
စေမယ့် ဂျပန်ဘာသာစကားသင်တန်းလေးကို မိတ်ဆက်ပေးပါတော့မယ်။မင်မင်က Japanese N3 Level ကို တက်ရောက်သင်ကြားနေတာဖြစ်ပါတယ်။မင်မင်သင်ထားတဲ့ပညာတွေနဲ့ ပထမဆုံးအကြိမ် Japanese N5 Level အတန်းကိုဖွင့်ပေးမှာဖြစ်ပါတယ်။
N5 Level အတွက်သင်ပေးမယ့်အရာတွေကတော့....
-အခြေခံရေးသားနည်းများ(Hiragana, katakana, kanji)
-みんなの日本語 စာအုပ်ထဲမှ lesson 1-25 ထဲက Grammar, Vocabulary, Exercises, Conversations, Reading and Listening အပြင်
-JLPTမေးခွန်းဟောင်းများကိုလည်းလေ့ကျင့်ပေးမှာဖြစ်ပါတယ်။
(Pdf file နဲ့ သင်ကြားပေးမှာဖြစ်လို့ text book မဝယ်လည်းရပါတယ်ရှင့်။)
-Lesson တစ်ခုပြီးတိုင်းလည်းအိမ်စာတွေကိုသေချာစစ်
ပေးမှာဖြစ်ပါတယ်။
-ထို့အပြင် တစ်လတစ်ကြိမ် သင်ပြီးတဲ့အရာတွေကို တတ်မြောက်မှုစာမေးပွဲစစ်ဆေးပေးမှာဖြစ်ပါတယ်။
*သင်ကြားရေးကိရိယာအနေနဲ့ Zoom Meeting App နဲ့ Messenger မှာ Group ဖွဲ့ပြီးသင်ကြားပေးမှာဖြစ်ပါတယ်။
*တစ်ယောက်ကို 18000 နှုန်းနဲ့ ၃ လသင်ကြားပေးမှာဖြစ်ပါတယ်။တစ်လကို ၆ထောင်နှုန်းနဲ့ ၃ ကြိမ်ပေးဆောင်လို့လည်းရပါတယ်ရှင့်။
*သင်ယူသူတို့တတ်မြောက်ဖို့အတွက် မင်မင့်မှာတာဝန်ရှိသလို သင်ယူသူတို့ကလည်း မိမိသင်ယူတဲ့ပညာရပ်အပေါ် စိတ်အားထက်သန်မှုနဲ့ စိတ်ဝင်စားမှုအပြည့်ရှိလျှင်ဘယ်လောက်ခက်ခက်တတ်မြောက်နိုင်မယ်လို့ယုံကြည်ပါတယ်။
*အခုဖွင့်မယ့် ပထမဆုံးအတန်းကိုအများဆုံးလူ(၁၀) ယောက်ပဲသင်ကြားပေးမှာဖြစ်ပါတယ်။(လူနည်းနည်းနဲ့မင်မင်နိုင်သလောက်သင်တာပါ)
*ဒီဇင်ဘာလလယ်လောက်မှာစတင်သင်ကြားမှာဖြစ်လို့Page Messenger မှတစ်ဆင့် လာရောက်စာရင်းသွင်းနိုင်ပါပြီရှင့်။
အောက်က link က မင်မင့် acc ဖြစ်လို့ အဲ့ကနေလည်းလာရောက်မေးမြန်းနိုင်ပါတယ်ရှင့်။
https://www.facebook.com/kyiphyu.sin.7739