Tr. Yu Ya Aung Phonics Center

Tr. Yu Ya Aung Phonics Center

Share

Education For All

Photos from Tr. Yu Ya Aung Phonics Center's post 18/05/2026

😍 ဇွန်လ (၆လပိုင်း) တွင် စတင်မည့် တန်းခွဲသစ်များ 😍

ခုနောက်ပိုင်း အတန်းလေးတွေကို မိဘများနှင့် ကလေးများ အဆင်ပြေစေရန်အတွက် တစ်ပတ် (၃) ရက်တန်း နှင့် တစ်ပတ် (၄) ရက်တန်း ဆိုပြီး တီချယ် သေချာလေး စီစဉ်ပေးထားပါတယ်ရှင့်။

• တစ်ပတ် (၃) ရက်တန်း - အခြားသင်တန်းများနှင့် မျှပြီး တက်ချင်သူများ၊ အချိန်ပိုထွက်ချင်သူများအတွက် အဆင်ပြေစေမှာပါ။

• တစ်ပတ် (၄) ရက်တန်း - ကလေးကို ဘာသာစကားနဲ့ ထိတွေ့ချိန် ပိုများများ ပေးချင်သည့် မိဘများအတွက် အဆင်ပြေစေမှာပါရှင့်။

💡 သင်ကြားမည့် Lesson Plan နှင့် သင်ခန်းစာ ထိရောက်မှုချင်းကတော့ အတူတူပဲမို့ ကလေးနှင့် မိဘများ အားလပ်သည့် အချိန်ပေါ်မူတည်ပြီး စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်ရှင့်။

တီချယ့်သင်တန်းကို ရွေးချယ်လိုက်ပြီဆိုတာနဲ့ တစ်ခါတည်း အာမခံပေးနိုင်တာကတော့ "ကလေးတိုင်း လတိုင်းမှာ တိုးတက်မှုကို ၁၀၀% ရရှိစေရပါမယ်" ရှင့်။ အကယ်၍ တိုးတက်မှု မရှိလာဘူးဆိုခဲ့ရင် တီချယ့်ဘက်က အပြည့်အဝ တာဝန်ယူပေးသွားမှာ ဖြစ်ပါတယ်ရှင့်။

ဘာကြောင့် ဒီလို ၁၀၀% တာဝန်ယူရတာလဲ?

အဓိကကတော့ ကလေးတွေရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို နှမြောလွန်းလို့ ဖြစ်ပါတယ်။ ကလေးတိုင်းဟာ သူ့အသက်အရွယ်အလိုက်၊ ကိုယ်ပိုင်စံနှုန်းလေးတွေနဲ့သူ အသိဉာဏ်တွေ ဖွံ့ဖြိုးလာနေတာမို့ သူတို့လေးတွေရဲ့ အရွယ်ကောင်း ဖွံ့ဖြိုးတိုးတက်မှုမှာ ဆရာတစ်ယောက်အနေနဲ့ လစ်ဟင်းမှုမရှိအောင် အစွမ်းကုန် ပံ့ပိုးပေးချင်တာကြောင့် ဖြစ်ပါတယ်ရှင့်။ 🥰

ဒါကြောင့် တီချယ့်ဆီမှာ လာအပ်ရင်...
• အချိန်တွေဆွဲပြီး သင်နေမလား?
• ကလေး တိုးတက်မှု ရှိပါ့မလား?
• သင်တဲ့စာက တကယ် ထိရောက်ပါ့မလား?
ဒီလို စိုးရိမ်ပူပန်မှုမျိုးတွေ လုံးဝ (လုံးဝ) ထည့်တွေးမနေဘဲ ဖေဖေမေမေတို့ရဲ့ ကလေးလေးတွေကို တခါတည်း စိတ်ချလက်ချ အပ်နှံလိုက်ပါနော်။ 😍

💻 Online Class ကော 🏫 In-person Class ပါ တက်ရောက်နိုင်ပါပြီ

• Online Class: အောက်ပါ အတန်းချိန်ဇယားအတိုင်း အိမ်ကနေ အဆင်ပြေပြေ တက်ရောက်နိုင်ပါတယ်။

• In-person Class (ကျောင်းလာတက်မည့်သူများ): မိမိတို့နှင့် အနီးစပ်ဆုံး Center (1)၊ (2)၊ (3) သုံးခုလုံးမှာ ဖေဖေမေမေတို့ နှစ်သက်ရာ အချိန်လေးတွေကို လာရောက်ရွေးချယ် အပ်နှံနိုင်ပြီပဲ ဖြစ်ပါတယ်ရှင့်။

📞 In-person Class အတွက် စုံစမ်းရန်ဖုန်း - 09-9600 61 600 သို့ တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

⚠️ အရေးကြီးအသိပေးချက် - အတန်းတိုင်းက ကလေးဦးရေ ကန့်သတ်ထားပြီး ကြိုတင်အပ်နှံထားသူများ ရှိနေတာကြောင့် လူမပြည့်ခင် လက်သွက်သွက်လေး အပ်နှံထားဖို့တော့ လိုပါမယ် ဖေဖေမေမေတို့ရှင့်။ 🥰

30/04/2026

🍀သင်တန်းပိတ်ရက်ကြေငြာခြင်း🍀

26/04/2026

၅လပိုင်းမှာ အသစ်စမယ့် Phonics Class တွေကတော့
Tr Yu Ya Aung ရဲ့ အမိုက်ဆုံးနဲ့ အကြမ်းဆုံး lesson planတွေနဲ့ ထိတွေ့ခွင့်ရမှာပဲဖြစ်ပါတယ် 😍

ဘယ်လောက်ထိမိုက်သွားမလဲဆို ကလေးတွေ Trတို့ရဲ့Phonics Class ကို စတက်ပြီး ပထမလမှာပဲ Mini Stories တွေ စဖတ်နိုင်ပါလိမ့်မယ်နော် 🤗

ခုနောက်ပိုင်း သင်တန်းပြောင်းကျောင်းသားတွေအရမ်းများလာတာကိုတွေ့နေရတယ်
Trရဲ့သင်တန်းက ကိုယ်ပိုင်သင်ရိုးပုံစံလေးသွားတာဖြစ်တာမို့
ကလေးတွေကို Trတို့သင်ရိုးရဲ့ ထားရှိတဲ့ စံနှုန်းတွေနဲ့ကိုက်ညီတဲ့ level လေးတွေကိုပြန်စစ်ပေးပြီး အတန်းလေးတွေထည့်သွင်းပေးတာပဲဖြစ်ပါတယ်ရှင့်☺️

ဒါကြောင့် level test ဖြေဆိုရမယ့်ကလေးတွေလည်း မဖြေရသေးဘူးဆိုခဲ့ရင် အခုပဲ Trရဲ့ Cb (သို့) ရုံးဖုံန်း 09-9600 61 600 ကို ဆက်သွယ်လိုက်ပါနော် 💜




11/04/2026

🍀မြန်မာနှစ်သစ်ကူး သင်္ကြန်ပိတ်ရက်ကြေငြာခြင်း🍀

Online Classes များရော
Center (1)(2)(3) အားလုံးရော ပိတ်ပါတယ်ရှင့်☺️

မိသားစုတိုင်းပဲ ပျော်ရွှင်အေးချမ်းတဲ့ နှစ်သစ်ကူးအချိန်ခါလေးကိုပိုင်ဆိုင်နိုင်ကြပါစေ🙏

နှစ်ကူးအချိန်မှစ၍ အလုပ်အကိုင်စီးပွါးများတိုးတက်ကြ၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေကြောင်း ကျွန်မတို့ Tr. Yu Ya Aung Phonics Center မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင့်🙏🙏🙏

Tr. Yu Ya Aung Phonics Center

Center (1) - 83 x 83 လမ်း၊ 38 x 39 လမ်းကြား ၊ မဟာအောင်မြေမြို့နယ် ။

Center (2) - 67လမ်း ၊ 41 x 42 လမ်းကြား ၊ မဟာအောင်မြေမြို့နယ် ။

Center (3) - 58(B) ၊ 108လမ်းထောင့် ၊ ချမ်းမြသာစည်မြို့နယ်။

ရုံးဖုန်း - 09-9600 61 600

Center (3)

26/03/2026

🛎အသိပေးကြေညာခြင်း 🛎

မနက်ဖန် ၂၇-၃-၂၆ သောကြာနေ့ သည်
အများပြည်သူရုံးပိတ်ရက်ဖြစ်ပါသဖြင့်
Tr. Yu Ya Aung Phonics Center (3)ခုလုံးနှင့် Online Classes များ အားလုံး တရက်ပိတ်ပါသည်ရှင့် ။

Center (1) : 82x83လမ်းကြား ၊ 38x39လမ်းကြား၊ မဟာအောင်မြေမြို့နယ်။

Center (2) : 67လမ်း ၊ 41x42လမ်းကြား ၊ မဟာအောင်မြေမြို့နယ်။

Center (3) : 58(B) x 108လမ်းထောင့် ၊ ချမ်းမြသာစည်မြို့နယ်။

ရုံးဖုန်း : 09-9600 61 600

Photos from Tr. Yu Ya Aung Phonics Center's post 20/12/2025

Center-2 အတွက် အချိန်စာရင်းပဲဖြစ်ပါတယ် ဖေဖေမေမေတို့ရှင့်😍

သင်တန်းခွဲဖွင့်ခြင်းအထိန်းအမှတ်အနေနဲ့

ဘယ်အတန်းကိုပဲ တက်တက်

Grammar Class နဲ့ Speaking Class ကို Starters Level တစ်ခုလုံးစာကို
သင်တန်းကြေး 50% ပဲပေးသွင်းရမယ့်အထူးအခွင့်အရေးလေး ပေးအပ်ထားပီပဲဖြစ်ပါတယ်ရှင့် 😍

ဒီအခွင့်ရေးလေးက Center-1 ရော Center-2 ရောက ကျောင်းသားအားလုံးခံစားခွင့်ရရှိတာပဲဖြစ်ပါတယ်ရှင့် 😍

ဘာ Promoting အစီအစဉ်အကြောင်းမှ မသိသေးခင် Januaryလအတွက် အတန်းသစ်အပ်ထားပီးသူတိုင်း ဒီအခွင့်အရေးလေး ရယူနိုင်ပါတယ်ရှင့်😍

ဒါပေမယ့် Grammar Class ရော Speaking Classရောတက်ရောက်ရမှာကတော့ Center-2 မှာ တက်ရောက်ရမှာပဲဖြစ်ပါတယ်ရှင့်☺️

အတန်းချိန်တွေအများကြီးပဲရှိတာမို့ စိတ်ကြိုက်အချိန်တွေကိုသာရွေးချယ်တက်ရောက်လိုက်တော့နော် သားတို့သမီးတို့ရေ💜

လာတက်ရောက်တဲ့အတန်းတိုင်းက ကျောင်းသားတိုင်း ရဲ့ 👉သင်ကြားရေးနဲ့ပတ်သတ်လို့ 👈ကြိုက်တဲ့ complain ကိုတက်ခွင့်ရှိပီး
အပြည့်အဝတာဝန်ယူပေးမှာ Tr. Yu Ya Aung Phonics Center ပါ☺️

သူများတွေလိုကြော်ငြာတွေဝေဆာစွာရေးချင်ပေမယ့် မရေးတတ်လို့ ဒီလိုလေးပဲရေးလိုက်ရပါတယ်ရှင့်😁

ဒီတီချယ်က ဘာမှမကြော်ငြာလည်း မိဘတွေရဲ့တဆင့်ညွှန်းစကားတွေနဲ့ ယုံကြည်စွာအပ်နှံပေးကြတဲ့ ကလေးမိဘတိုင်းကိုလည်း ကျေးဇူးအများကြီးတင်ရှိရပါတယ်ရှင့်🫶








27/11/2025

“ကျောင်းစာသင်ရတာအလကားပဲ
မကောင်းတတ်လို့သာ ကျောင်းထားနေရတာပါ”တဲ့ ။

ဖတ်မိလိုက်ခြင်းခြင်းလန့်သွားတာပဲ
ဟာ ဒီမေမေလမ်းကြောင်းလွဲနေပီလို့လည်းပြောပြချင်မိတယ်
အဲ့ postအောက်က မန့်တွေမှာလည်း ထောက်ခံထားသူတချို့ရှိနေတယ်
တကယ့်ကို စိတ်မကောင်းဖွယ်အနေထားပါ

မိဘတွေကိုယ်တိုင်က ပညာသင်ကြားရခြင်းရဲ့ရည်ရွယ်ချက်ကို မသိပါပေါ့လား
ပုဗ္ဗစရိယ မိနှင့်ဖလို့ ဆိုတဲ့အချိန်မှာ မိခင်ဖြစ်သူရဲ့အတွေးက ဒီလိုကြောက်စရာကောင်းအောင်တွေးလိုက်မိတော့ သူ့သားသမီးရဲ့ ဘဝရှေ့ရေးမှာ ဘယ်လောက်တောင်ခက်ခဲကြမ်းတမ်းသွားလိုက်လေမလဲနော်

တီချယ့်ကလေးမိဘအဟောင်းတွေနဲ့ ကျောင်းသားဟောင်းတွေဆိုရင် တီချယ်အမြဲပြောပြဖြစ်တဲ့ Eပုံပြင်လေးကို သူတို့မှတ်မိပီးသိကြပါလိမ့်မယ်

အခုလည်း နည်းနည်းအကျဉ်းချုပ်လေးရေးပြပါ့မယ်နော်
ဒါမှ ကလေးတွေကို မိဘတွေက ဘာကြောင့်ပညာတတ်စေချင်တာလဲဆိုတာကို ရှင်းပြတဲ့အခါ ဥပမာကောင်းလေး ပေးနိုင်အောင်လို့ပါရှင့်

တခါတုန်းက ဘုရင်ကြီးတပါးက သူ့သမီးတော်လေးကို လက်ထပ်ထိန်းမြားပေးဖို့ ပညာရှိအမျိုးသားကိုရှာတဲ့အခါ မေးခွန်းတစ်ခုမေးခဲ့တယ်တဲ့
ဒီမေးခွန်းကို အမှန်ဖြေနိုင်သူက ဘုရင်ကြီးရဲ့သမီးတော်လေးနဲ့ လက်ထပ်ရမယ်ပေါ့
မေးခွန်းက Eရဲ့ အရသာဟာ ဘယ်လိုရှိပါသလဲတဲ့
အဲ့ဒီမှာ ဘုရင့်သမီးတော်နဲ့ လက်ထပ်ချင်သူတွေက အသီးသီးဖြေကြတယ်တဲ့
အဲ့ဒီအခါမှာ ဘုရင်ကြီးက လာဖြေသူတိုင်းကို Eရဲ့အရသာကို ဘယ်လိုသိခဲ့ပါသလဲဆိုပီး မေးတဲ့အခါ မြည်းကြည့်ပီးမှသိခဲ့တာပါဆိုပီးဖြေခဲ့ကြသတဲ့
အဲ့ထဲမှာမှ တစ်ယောက်ကတော့ Eရဲ့အရသာဟာ လတ်ဆတ်တုန်းမှာချိုပီး အနည်းငယ်ကြာသွားတဲ့အခါချဉ်ပါတယ် ခြောက်သွားတဲ့အခါ ခါးပါတယ်လို့ အတိကျဖြေလိုက်ပါသတဲ့
အဲ့အခါမှာ ဘုရင်က မောင်မင်းဟာ ဘယ်လိုကြောင့်အခုလိုအတိကျသိနေရတာပါလဲဆိုပီး မေးတဲ့အခါ …………….
Eဟာ လတ်ဆတ်တုန်းမှာ ယင်ကောင်တွေနားပါတယ်
ယင်ဆိုတာက အချိုရှိတဲ့နေရာတွေမှာ အုံလေ့ရှိပါတယ်
အနည်းငယ်ကြာသွားတဲ့အခါ ဖြုတ်ကောင်တွေလာအုံကြပါတယ်
ဖြုတ်ဆိုတာက ချဉ်တဲ့အရာတွေပေါ်မှာအုံလေ့ရှိပါတယ်
ခြောက်သွားတဲ့အခါမှာတော့ ကင်းလိပ်ချောတွေလာရောက်စားသောက်လေ့ရှိပါတယ်
ကင်းလိပ်ချောတွေဟာ ခါးတဲ့အရသာကိုစားသောက်လေ့ရှိပါတယ်
ဒါကြောင့် Eဟာ လတ်ဆတ်တုန်းချို မလတ်ဆတ်ဘဲကြာသွားတဲ့အခါချဉ် ခြောက်သွားတဲ့အခါမှာတော့ခါးပါတယ်လို့ ပြောရခြင်းပါဆိုပီး ဖြေသတဲ့
ဒီအခါမှာ ဘုရင်ကြီးက ဉာဏ်ပညာထက်မြက်တဲ့အဲ့ဒီကောင်လေးနဲ့ပေးစားလိုက်တော့တာပေါ့ကွယ် နော်😁
(ဒါဟာရာဇဝင်တွင်ပုံပြင်တပုဒ်မို့ ရေးပြတာအမှားအယွင်းပါသွားခဲ့ရင်လည်း နားလည်ပေးပီးကျော်သွားပေးပါဦးနော် ☺️ ကိုယ်ပြောချင်တဲ့အဓိက အကြောင်းအရာက ပညာတတ်ဆိုတာဘာလဲဆိုတာကိုကွက်ကွက်ကွင်းကွင်း ပေါ်အောင်ပြောချင်တာမို့ပုံပြင်ရဲ့အကြမ်းလေးကိုပဲ သင့်လျော်သလိုပြန်ရေးလိုက်တာမို့ပါ)

ဒီပုံပြင်လေးကို နမူနာယူခြင်းအားဖြင့်
ပညာမတတ်သူတိုင်းဟာ Eကိုစားကြည့်ပီးမှပဲ အရသာသိပါ့မယ်
ပညာတတ်သူဟာတော့ ကိုယ်သင်ယူဖတ်ရှူ့ထားတဲ့အသိပညာကိုအသုံးချပီး Eအရသာကိုအသေးစိပ်ခွဲခြမ်းပြပေးသွားပါတယ်

ပညာတတ်ခြင်းနဲ့မတတ်ခြင်းရဲ့ကြားက ကြီးမားတဲ့ကွာဟမှု ဥပမာပုံပြင်လေးပါ

ကိုယ့်ကလေးတွေဆို ဒီပုံပြင်လေးပြောပြပီးဆုံးမရင် တအားသဘောကျကြတယ်
ရီလည်းရီရပီး သူတို့စိတ်ထဲမှာ ငါပညာမတန်ရင် Eစားရလိမ့်မယ်ဆိုပီး ဟာသလေးနှောပီး အသိလေးဝင်သွားကြတယ်

ဒါကြောင့် မေမေတို့ရေ အတွေးတွေလည်းမလွဲချော်ကြပါနဲ့
စာတွေများများဖတ်ကြပါ
ကိုယ်ကိုယ်တိုင်က အတွေးမှန်မှ ကိုယ့်သားသမီးရဲ့ဘဝလမ်းကြောင်းဟာ သာယာဖြောင့်ဖြူးပါမယ်

ပညာတတ်ခြင်းမတတ်ခြင်းဟာ ငွေရှာဖို့တစ်ခုတည်းမဟုတ်ပါဘူး
ကျား ြ-ဖန့် လုပ်လို ပိုက်ဆံချမ်းသာချင်ချမ်းသာမယ် ဒါပေမယ့် လူလိမ်ဆိုတဲ့ ဂုဏ်ပုဒ်ကမပြောင်းပါဘူး
သူ တောင်း စား လည်း သူတောင်းနိုင်ရင်တောင်းနိုင်သလောက် ဝင်ငွေရှိနိုင်ပါတယ်
ဒါပေမယ့် သူ့ရဲ့ သူ တောင်း စား ဆိုတဲ့ ဂုဏ်ပုဒ်ကိုတော့ မပြောင်းလဲနိုင်ပါဘူးနော်

ဆရာအောင်သင်းပြောခဲ့ပါတယ်
ပညာရှိတယ်ဆိုတာ အကျိုးနဲ့အကြောင်းကိုသေချာသိတာ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်တာ ဒါဟာပညာရှိတာပါ

ဒီနေရာမှာလည်း ပညာတတ် နဲ့ ပညာရှိ မတူပြန်ပါဘူးနော်
ပညာတတ်ဆိုတာ ပညာကိုတတ်ရုံပဲတတ်ပီး ပညာတကယ်ရှိမရှိကတော့ သူ့လုပ်ရပ်တွေနဲ့ပဲ အကဲဖြတ်ရပါတယ်
အနီးစပ်ဆုံး ဥပမာကတော့ ခုပွဲဖြစ်နေတဲ့ အထူးကုဆရာဝန်ကြီးရဲ့ မယင ကိစ္စက အကောင်းဆုံးဥပမာပါပဲ

ဒါကြောင့် မိဘတွေ ကလေးတွေကို ပျိုးထောင်တဲ့အခါ ပညာတတ်ဖြစ်ဖို့ပျိုးထောင်ပါ ပညာရှိဖြစ်ဖို့ ဆုံးမစကားအစဉ်ပြောကြားပေးပါ
ကိုယ်တိုင်ပညာရှိဖြစ်ဖို့လည်းကြိုးစားပါ စာများများဖတ်ပါလို့ တိုက်တွန်းလိုက်ပါရစေရှင့်



06/11/2025

မိဘတွေ ပညာအမွေပေးနေတာလား ???? စိတ်ဒဏ်ရာအမွေပေးနေတာလား?????

ဒီတီချယ် အဓိကရည်ရွယ်ပီးပြောချင်တာကတော့ online class ထားတဲ့ မိဘတွေကိုပါရှင့်
ခုခေတ်ကလည်း ရောဂါအခြေအနေဘာညာနဲ့ဆိုတော့ ကလေးအတော်များများ ပညာရေးနဲ့အဆက်မပြတ်ဖို့ online class လေးတွေ တက်ကြတယ်။
ကလေးတွေအတွက်ရော မိဘတွေအ‌တွက်ရော online class လေးတွေက တော်တော်လေးအကျိုးရှိပါတယ်...
ကျောင်းကြိုရပို့ရ အချိန်ကုန်သက်သာတယ် ...
နည်းပညာနဲ့အကျိုးရှိအောင် အသုံးချတတ်လာတယ်...
ဆရာတစ်ယောက်ရဲ့အသင်အပြ‌ေကာင်းမှု မကောင်းမှုအပေါ်မှာ မိဘတွေအနီးကပ်လေ့လာလို့ရတယ်.........စသဖြင့်ကောင်းကျိုးတွေလည်းရှိတယ်

ဒါပေမယ့် သူငယ်ချင်းတွေနဲ့ထိတွေ့ဆက်ဆံရမယ့်လူမှုဆက်ဆံရေးပိုင်းတွေမှာတော့ အားနည်းကုန်တာမျိုး..
ဘေးနားက လူကြီးတစ်ယောက်ကထိုင်စောင့်ပေးနေရတာမျိုး.... ဒါမျိုးဆိုးကျိုးတွေလည်းရှိတယ်ပေါ့နော်

အဲ့ဒီထဲမှာမှ ဒီတီချယ်စိတ်ထဲမှာ မကြိုက်ဆုံးနဲ့ ဘဝင်မကျဆုံးတစ်ခုကိုတော့ မေမေတွေကို ပြောပြချင်ပါတယ်ရှင့်

ကလေးတစ်ယောက်နဲ့တစ်ယောက်ဟာ ပင်ကိုယ်ဉာဏ်ရည်လေးတွေကွာကြတယ်... ကြီးပြင်းလာရာ ပတ်ဝန်းကျင်လေးတွေကွာကြတယ်...
တချို့ကလေးတွေက လသားကတည်းက brain trainတာလေးတွေ လုပ်‌ပေးလာတာရှိမယ်
မေမေက ဆရာမမို့ စာတွေနဲ့ရင်းနှီးနေတာမျိုးရှိမယ်
ဒါမျိုး ဒါမျိုး အခြေနေတွေအများကြီးကွဲပြားကြပါတယ်

အဲ့ဒီမှာ online class စတက်ကြတော့ သူများကလေးက ရနေပီ ကိုယ့်က‌လေးကမရသေးဘူးဆိုရင် ကလေးကိုဖိမဲကြရော
ဟဲ့ လုပ်ဟဲ့ သူများပီးနေပီ
ဟဲ့ ငေးနေပြန်ပီလား
ဟဲ့ နင့်ထက်အငယ်ကတောင်ရနေပီ
ဟဲ့......
ဟဲ့......
ဟဲ့.......
ကလေးလေးတွေ ခင်မျာ မေမေတွေရဲ့အဲ့ဒီ ဟဲ့ ပေါင်းများစွာရဲ့အောက်မှာ အလူးအလဲ ကြိုးစားနေကြရရှာတာပါနော်

မေမေတို့ ကိုယ်တိုင်ခံစားကြည့်ကြပါ
ကိုယ့်အမေက ဟဲ့သူများအိမ်ဘယ်နှစ်လုံးပိုင်နေပီ ကားဘယ်နှစ်စီးပိုင်နေပီ နင်တို့က အခုမှ ဒါပဲလားဆိုတဲ့စကားမျိုး ကိုယ့်ကို သူများနဲ့ယှဉ်ပီးပြောလာရင် ကြိုက်ကြပါသလား
သေချာပါတယ် မကြိုက်ကြပါဘူး
ဘာလို့လည်းဆို ကိုယ်လည်းအကောင်းဆုံးကြိုးစားနေတယ်
ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်ကြိုးစားအားထုတ်နေတယ် အောင်မြင်တာလည်းရှိသလို ကျရှုံးတာလည်းရှိနေတာပဲ
ဒါဟာ လူတိုင်းကြုံတွေ့ရတဲ့လောကဓံပါ
အတင်းကြီးဖိအားပေးလို့ စိတ်မွန်းကြပ်လာတာနဲ့ စိတ်ဒဏ်ရာဖြစ်လာတာပဲရှိမယ် အဲ့လိုကြီးပြောခံရလို့ ၁၀၀%အောင်မြင်မသွားပါဘူး
(ဒါက ဒီတီချယ်က မြင်သာအောင် ပြောပြပေးတာပါ)

ကလေးတွေမှာလည်း သူတို့အရွယ်နဲ့သူတို့စိတ်ပင်ပန်းမှုဆိုတာ ရှိပါတယ်
အရမ်းကြီးမနှိုင်းယှဉ်ကြပါနဲ့
အရမ်းကြီးဖိအားမပေးကြပါနဲ့
အရမ်းကြီးသူတို့စိတ်မဝင်စားတာကြီးကို အတင်းအကြပ်မတိုက်တွန်းကြပါနဲ့လို့ ဒီတီချယ် အကြံပေးချင်ပါတယ်...

တီချယ့်ဖေဖေဆုံးမဖူးတဲ့စကားတစ်ခွန်းရှိတယ်
လူကအမြဲပြိုင်နေရမယ်တဲ့

ဘယ်သူ့ကို ပြိုင်ရမလဲဆို ကိုယ့်ကိုယ်ကိုပဲ ပြိုင်ရမယ်တဲ့

ဒီနေ့ငါဟာ မနေ့ကငါထက် ပိုတော်နေရမယ်တဲ့😊

တီချယ့်ကလေးတွေလည်း တစ်ယောက်ချင်းစီတိုင်းကို မြေတောင်မြှောက်ပေးတယ်
ဒီနေ့ ကိုယ့်ဆီလာတက်တဲ့ကလေးက မနက်ဖန် အတန်းထဲရောက်ရင် အမြဲတန်း တိုးတက်နေရမယ်
ဘယ်လောက်ကြီးဖြစ်သွားမှ ဘယ်ရွေ့ထိဖြစ်သွားမှရယ်လို့ မလိုဘူး
တဖြေးဖြေးတရွေ့ရွေ့လေးနဲ့ ပုံမှန်လေး သေချာပျိုးထောင်သွားတယ်
အချိန်တန်ရင် သူတို့လေးတွေ စိတ်ဖိအားတွေမရှိပဲ ပျော်ပျော်ရွှင်ရွှင်လေး ပညာတွေရရှိသွားရင် ကျေနပ်ပီ

အဲ့တော့ မေမေတွေလည်း online class လေးတွေထားရင် ကိုယ့်ကိုယ်ပြန်သတိပေးပါ ကလေးကိုတဖြေးဖြေးတရွေ့ရွေ့လေးသွားနေလည်းလက်ခံပေးပါ ။
ဘေးနားကနေလည်း အသေးစိပ်ကြီး လိုက်မလုပ်ပေးကြပါနဲ့။
အစပိုင်းမှာ မလုပ်တတ်သေးပေမယ့်နောက်ပိုင်းအရှိန်လေးတွေ ရလာရင် သူတို့ဘာသူတို့ လုပ်ကိုင်တတ်သွားမယ်.. အကောင်းဆုံးဝေဖန်ပိုင်းခြားနိုင်သွားမယ် မှားဖူးမှ အမှန်ပြင်နိုင်ပါမယ်...

ကလေးတွေကို မှားခွင့်လည်းပေးကြပါ
ကျရှုံးမှုဆိုတာကိုလည်းကြုံတွေ့ခွင့်ပေးကြပါ....
လဲကျသွားချိန်ရှိလာရင်လည်း အပြုံးမပျက်တောင့်ခံနိုင်အောင် စိတ်ခွန်အားတွေပေးကြပါ...
ပညာ‌အမွေပဲ ပေးကြပါ
စိတ်ဒဏ်ရာ အမွေမပေးမိကြအောင် အတတ်နိုင်ဆုံးဆင်ခြင်ထိန်းချုပ်ကြပါလို့ ဒီတီချယ်အကြံလေးပေးပါရစေ......

တစ်ခုတော့ရှိတယ် အတန်းမှန်အောင်တက်ဖို့နဲ့ အကြောင်းမဲ့ အတန်းပျက်တာမျိုးကိုတော့ စည်းကမ်းတင်းကျပ်ပေးကြပါလို့😊😊😊

Yu ya Aung

31/10/2025

တန်ဆောင်တိုင်ပိတ်ရက် ကြေငြာခြင်း

(3.11.2025)တနင်္လါနေ့ နှင့် (4.11.2025) အင်္ဂါ နေ့များသည် တန်ဆောင်တိုင် ပွဲတော် ရုံးပိတ်ရက်များ ဖြစ်ပါသဖြင့် အတန်းအားလုံး,(၂) ရက်ပိတ်ထားမည် ဖြစ်ပါသည်။
ပျော်ရွှင်သာယာပြီး ကိုယ်စိတ်ကျမ်းမာ ချမ်းသာသော တန်ဆောင်တိုင် ပိတ်ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း
Tr. Yu Ya Aung Phonics Center မိသားစုမှ
ဆုတောင်း မေတ္တာ ပို့သလိုက်ရပါသည်ရှင့်။

31/10/2025

ဒီနေ့ မနက်အစောကတည်းက မန်းလေးတမြို့လုံးပတ်ပီး လူတွေရဲ့အပျော်တွေကို လိုက်သိမ်းပိုက်နေပါပီ🥰🥰🥰

သူတို့မထင်မှတ်ထားတဲ့အချိန်မှာ ရုတ်တရက် ကံအကြောင်းတိုက်ဆိုင်စွာ ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ပစ္စည်းလေးတွေအတွက် အရင်ဆုံးတော့ ဟယ် ဆိုပီး ဝမ်းသာသွားကြမယ် ပီးရင် ဘယ်သူမှန်းမသိတဲ့အလှူရှင်ကို ကျေးဇူးတင်ပါတယ် ကျန်းမာပါစေ ချမ်းသာပါစေဆိုတာလေးတွေတော့ ဆုတောင်းလေးတွေပြုမိကြမယ်ထင်ပါတယ်

ဘယ်လိုပဲဖြစ်ပါစေ တွေ့ရှိသွားသူလေးတွေစိတ်ထဲမှာ အပျော်လေးဖြစ်သွားတယ် လှူပေးသူကိုဆုတောင်းလေးပေးမိတယ်ဆိုခဲ့ရင် ကုသိုလ်စိတ်လေးဖြစ်သွားမယ်
ဒါဆို ဒီအလှူလေးဟာ လှူသူရော အလှူပစ္စည်းရရှိသွားသူရော အကျိုးရှိတဲ့အလှူလေးဖြစ်သွားပါပီ 💜🥰

ဆန် ၊ မြေပဲဆံ ၊ ကုလားပဲ ၊ အသားတု အားလုံးပေါင်း အိတ် (၄၀၀) တမြို့လုံးအနှံ့ပံ့သကူအလှူအဖြစ် လိုက်ချဖြစ်တဲ့အမှတ်တရလေးပါ ☺️

ဒီအလှူလေးက တီချယ့်လုပ်အားငွေနဲ့လှူဒါန်းတဲ့အလှူလေးဖြစ်တာမို့ တီချယ့်ကလေးမိဘတစ်ယောက်ခြင်းစီရဲ့စုပေါင်းအလှူလေးလည်းမြောက်တယ်လို့ခံယူထားတာမို့ ကလေးမိဘအုပ်ထိန်းသူများလည်းဝမ်းမြောက်စွာသာဓုခေါ်ပေးပါနော် ကုသိုလ်များထပ်တူရရှိပါစေရှင့်🙏🙏🙏
တီချယ်က ဗုဒ္ဓဘာသာဖြစ်ပေမယ့် ဘာသာခြားမိဘများလည်းပါရှိတာမို့ ဒီတိုင်းကောင်းမှုလေးပြုတယ်လို့စိတ်လေးထားပီး ကြည်နူးဝမ်းမြောက်ပေးကြပါဦးရှင့်☺️(တီချယ့်စကားအမှားပါရင်လည်း နားလည်းသည်းခံပေးပါဦးနော် ဖေဖေမေမေတို့ရှင့်☺️)

Tr. Yu Ya Aung

(မန်းလေးက ကံကောင်းသူ အလှူပစ္စည်းရသွားသူလေးတွေများဒီ postကိုတွေ့ခဲ့ရင်လည်း မန့်ပေးကြပါဦးနော်😁)

Photos from Tr. Yu Ya Aung Phonics Center's post 13/05/2024

Phonics ကို CVC words blending လေးတွေရပီး sight words လေးတွေလည်း နည်းနည်းဆီ သင်ပီးသွားပီဆိုတဲ့ သားတို့သမီးတို့အတွက် ပေါ့ပေါ့ပါးပါး comprehension လေးတွေပါရှင့် 😍😍

မေမေတို့ ဒါလေးကို pdfဖိုင်လေးလိုချင်လည်းရတယ်နော်
Cbမှာ စာပို့ထားပေးနော် 😊

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Website

Address


Mandalay