All about my teaching and learning

All about my teaching and learning

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from All about my teaching and learning, Education Website, 27 Street, Mandalay.

This page is a collection of my pedagogical knowledge and personal academic experiences of working as an EFL teacher and a researcher in the field of Education.

03/05/2023

📝𝐋𝐞𝐭'𝐬 𝐭𝐚𝐤𝐞 𝐧𝐨𝐭𝐞𝐬!

အရင်ပို့စ်မှာ ဆရာမလေးတစ်ယောက် က စာတွေဖတ်ပြီး မမှတ်မိတဲ့အကြောင်းပြောပြပြီး အကြံတောင်းတဲ့အကြောင်းပြောဖူးပါတယ်။

တစ်လောကလည်း research အတန်းမှာ ကျောင်းသားတစ်ယောက်က ဖတ်ပြီးဘယ်လိုမှတ်ရမလဲလို့ မေးလာပါတယ်။

ကျွန်မလဲ ဖတ်ပြီးမမှတ်မိတာမျိုး ခဏခဏဖြစ်ပါတယ်။

ဘွဲ့ကြိုကနေ ပါရဂူတန်းအထိ ပညာရေးကျောင်းသူဘဝတစ်လျှောက် ပညာရေးအကြောင်းတွေ၊ သင်နည်းတွေ အတွေးအခေါ်တွေ၊ အဆိုအမိန့်နဲ့သီအိုရီတွေဟာ ကျွန်မဖတ်ခဲ့တာတွေနဲ့စာရင် ပြန်မှတ်မိတာက အရမ်းနည်းပါတယ်။

ခုနောက်ပိုင်းမှာတော့
ဖတ်ပြီးရင် ဘာကျန်လဲပြန်စဉ်းစားရတယ်။ မှတ်စုရေးတဲ့အကျင့်ကို သေချာလုပ်ရတော့တယ်။ ကိုယ် ဖတ်ချင်တဲ့စာက တစ်ခြား၊ ကိုယ့် profession ကြောင့် ဖတ်ရတဲ့စာက တစ်မျိုး ဖြစ်နေတဲ့အခါ ကိုယ်ဖတ်ချင်တာတွေ ဖတ်နိုင်ဖို့ ကိုယ် မဖတ်ချင်တာ အရင်ဖတ်ရပါတယ်။

စိတ်များတတ်သူဆိုတော့ စာအုပ်၊ စာစောင်တွေအပြင် Facebook ပေါ်မှာ တွေ့ရတဲ့ စာတိုပေစလေးတွေကအစ ရွေးချယ်ရပါတော့တယ်။ တွေ့ကရာ အကုန်လျှောက်ကြည့်လို့ မရတော့ဘူး။

Facebook သုံးတာက အစ အချိန်နဲ့ကန့်သတ်ပြီး စာရေးစရာရှိမှ သုံးဖြစ်တာများပါတယ်။ကိုယ်သုံးနေတုန်း အကျိုးရှိမယ်ထင်ရင် ဖတ်ရတာလည်း မများတဲ့ စာကောင်းလေးတွေ တွေ့ရင် ချက်ချင်းဖတ်လိုက်တယ်။ သိမ်းထားအုန်းမယ်၊ အရင် share ထားလိုက် မယ်၊ ပြီးမှ ပြန်ဖတ်မယ်လို့ မလုပ်တော့ဘူး။ ဖတ်ပြီးလို့မှ သိမ်းသင့်ရင် သိမ်းတယ်၊ share သင့်ရင် share တယ်။ အရမ်းသဘောကျရင် ခဏခဏ ပြန်ကြည့်ဖြစ်တဲ့ မှတ်စုထဲ မှတ်ထားလိုက်တယ်။

စာဖတ်တာက ဝါသနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ပြုစုပျိုးထောင်သင့်တဲ့ အရာလို့ ခံယူထားပါတယ်။

ကိုယ်ဖတ်တဲ့စာပေတွေ၊ သတင်းတွေ၊ အတင်းတွေက ကိုယ့်စိတ်ကိုလွှမ်းမိုးတတ်တဲ့အတွက် ကိုယ်ဖတ်မယ့်အကြောင်းအရာကို ရွေးချယ်စိစစ်ပြီး ဖတ်ဖို့လိုပါတယ်။

တစ်ခါဖတ်ပြီးပြီးရော မဟုတ်ဘဲ လက်တွေ့ဘဝထဲမှာ အသုံးချနိုင်ဖို့လဲ လိုပါတယ်။

ဒါကြောင့် ခုနောက်ပိုင်း တစ်ခုခုလေ့လာပြီးရင် တွေးပြီး မှတ်စုရေးဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို မေးခွန်းတွေလည်း ပြန်မေးပါတယ်။ လက်တွေ့သုံးလို့ရရင် ပြန်သုံးဖို့ကြိုးစားတယ်။ ကိုယ်ဖတ်တဲ့စာအုပ်နဲ့ပတ်သက်ပြီးသူများတွေ review ရေးထားတာတွေလည်း ရှာဖတ်ဖြစ်ပါတယ်။ ဆွေးနွေးလို့ရတဲ့သူရှိရင် ပြန်ပြောပြပြီး ဆွေးနွေးပါတယ်။ ပြန်ရှင်းပြရရင်၊ ပြန်သင်ပေးရရင်လည်း ပိုမှတ်မိပါတယ်။

သူများတွေ သိလိုက်တာ၊ ဖတ်နိုင်လိုက်တာ၊ ငါက ဝါသနာမပါဘူး၊ မဖတ်နိုင်ဘူး မထင်ပါနဲ့။ သူတို့လဲ သူသူကိုယ်ကိုယ် ဖတ်နေ၊ လေ့လာနေ၊ အားထုတ်နေကြရတာပါ။

ကျွန်မအတွက် မှတ်စုရေးတာက ပြန်မှတ်မိဖို့ အထောက်အကူအများကြီး ဖြစ်စေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လေ့လာပုံတွေ၊ လေ့ကျင့်ပုံတွေ မတူတဲ့အတွက် မှတ်နည်းကိုတော့ မပြောတော့ပါဘူး။ မှတ်စုရေးနည်းသီးသန့်လေ့လာချင်သူတွေအတွက်တော့ telegram channel မှာ စာအုပ်လေးပေးထားပါတယ်။

https://t.me/mooneducationchannel

အရေးကြီးတာက မှတ်ပြီးပစ်မထားဘဲ မကြာမကြာပြန်ကြည့်ဖို့ပါပဲ။

ဒါကြောင့် စာတွေဖတ်ပြီး မမှတ်မိဘူးဆိုသူတွေ မှတ်စုလေး ရေးကြည့်ကြပါ၊
လက်တွေ့သုံးလို့ရရင် ပြန်သုံးကြည့်ပါ၊
ဆန်းစစ်ပါ၊
အချင်းချင်းဆွေးနွေးကြည့်ကြပါ လို့တိုက်တွန်းလိုက်ပါတယ်။

🌹

3.5.2023 (already posted on 8.1.2021)

26/04/2023

🎉𝐊𝐞𝐞𝐩 𝐮𝐩 𝐲𝐨𝐮𝐫 𝐠𝐫𝐞𝐚𝐭 𝐰𝐨𝐫𝐤!

Recorded video class မှာ အိမ်စာလုပ်သူတွေများလာတဲ့အပြင် တဆင့်ချင်း စနစ်တကျလေ့ကျင့်ရင်းနဲ့ သင်ခန်းစာတွေပြီးတဲ့အထိ လေ့လာနိုင်သူ‌တွေ ပေါ်လာပါပြီ။

Recorded video class တွေစီစဉ်ရတာ zoom meeting ထက် အများကြီးပိုပင်ပန်းပါတယ်။

ဒါပေမယ့် ဒီနောက်ပိုင်း Zoom meeting ကတဆင့်သင်ရတဲ့အတန်းတွေမှာ မီးပျက်၊ wifi မကောင်း၊ network မရတဲ့ပြသနာတွေ နည်းနည်းစိပ်လာတဲ့အခါ ဒီအတန်းတွေကို အားထည့်ဖြစ်တော့တာပါပဲ။

ဆိုတော့ ကိုယ့်ဘာသာသတ်သတ်မှတ်မှတ်လုပ်နိုင်သူတွေကို ဒီလိုအတန်းတွေ‌ရွေးဖို့ အကြံပေးချင်ပါတယ်။

အားသာချက်တွေက

▪️အချိန်မရွေး၊ နေရာမရွေးလေ့လာနိုင်ပါတယ်။

▪️အပြန်ပြန်အလှန်လှန်ကြည့်လို့ရပါတယ်။

▪️Videos တွေကို ကျစ်ကျစ်လစ်လစ် နဲ့ထိရောက်အောင် သီးသန့်ပြင်ဆင်ရိုက်ကူးထားပြီး အများဆုံးကြာချိန် 10-12 မိနစ်နဲ့ file size ကိုလည်း ညှိထားပေးတာကြောင့် download လုပ်ရတာအများကြီးအဆင်ပြေပါတယ်။

▪️တစ်ချို့video တွေဆို 10/15 MB ပဲရှိပါတယ်။

▪️ပုံမှန် Zoom meeting class တွေထက် သင်တန်းကြေးသက်သာပါတယ်။

▪️လေ့ကျင့်ခန်းတွေကို ဦးစားပေးစစ်ပေးပါတယ်။

ဒီသင်ခန်းစာတွေကို ဒီအတန်းမှာမှမဟုတ်ဘဲ တစ်ခြား Learning websites တွေ၊ Online courses တွေ၊ YouTube channel တွေမှာလည်း ရှာဖွေလေ့လာလို့မရဘူးလားဆိုတော့ ရပါတယ်။

ဒါပေမယ့် အတန်းက သင်ခန်းစာအားလုံးကိုယ်ပိုင်သင်ရိုးနဲ့သင်တာကြောင့် စနစ်တကျပြင်ဆင်တဲ့အပိုင်းနဲ့ သေချာပြန်စစ်ပေးတဲ့အပိုင်း‌တော့ ကွာမယ်လို့ယူဆပါတယ်။

အထူးသဖြင့်တော့ ပြန်စစ်ပေးတဲ့အပိုင်းပါပဲ။

ဒါကြောင့်လက်ရှိ အဲဒီအတန်းမှာလေ့လာနေကြသူများ တစ်နေ့ နာရီ၀က်၊ တစ်နာရီလောက်ဖယ်ပြီး လေ့ကျင့်ရင် သင်ခန်းစာတွေပြီးတဲ့အထိ လေ့ကျင့်နိုင်မှာဖြစ်ကြောင်းအားပေးလိုက်ပါတယ်။


26.4.23

18/04/2023

💕 I'm so touched by your honest review-and I'm so proud of you.

💕 I feel glad that my lectures are helpful.

😇 It's been such a privilege to see you grow into the unique lady and your contribution to our society.

🌠 May the New Year bless you with health, wealth, success, and happiness! 🌠

မင်္ဂလာပါ “နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ လိုရာပန်းတိုင်ရောက်နိုင်ပါစေ” လို့ဆုမွန်ကောင်း တောင်းပါတယ် ✨

နှစ်သစ်အစမှာ Kate က scholarship လျှောက်တဲ့အခါ၊ university application တင်တဲ့အခါမှာ အရေးကြီးတဲ့ Academic writing အကြောင်း ပြောပြချင်ပါတယ်

Academic writing style ကို Personal Statement or Motivational Letter တွေမှာထည့်ပြီး ရေးသားကြပါတယ်
အလွယ်ပြောရရင်တော့ formal writing style ပုံစံမျိုးပါ
ဒီလို essay တွေက ကိုယ့်ရဲ့ university admission or scholarship ကို ဆုံးဖြတ်တဲ့နေရာမှာ အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်
ဒါအပြင် assignment essay တွေရေးတဲ့အခါမှာလည်း ကိုယ့်ရဲ့ writing အရေးအသားက score ကောင်းကောင်းရစေမဲ့ key player ဖြစ်ပါတယ်

Kate ရဲ့ ကျောင်း VUB လျှောက်တုန်းက motivational letter တစ်စောင်ရေးရပါတယ်
ဘာအကြောင်းပါရမယ် စာလုံးရေ ဘာညာ မကန့်သတ်ထားတဲ့အတွက် Kate ရဲ့ education background, reasons to study abroad, reasons I chose Europe, specifically Belgium, why VUB & business economics နဲ့ future plan အကြောင်းကို ရေးခဲ့ပါတယ်

အဲ့တုန်းကတော့ Academic writing ဆိုတာ ဘာမှန်းသေချာမသိခဲ့ပါဘူး
Academic writing style မျိုးနဲ့လည်း motivational letter ကိုမရေးခဲ့ပါဘူး
formal ဆန်ဆန်တော့ရေးခဲ့တာပေါ့နော်
ဒါပေမဲ့ ငယ်ငယ်ကတည်းက British council ကကျင်းပတဲ့ YLE exam တွေ KET PET တွေဖြေနေကျဖြစ်တော့ essay ရေးတဲ့နေရာမှာတော့ အခက်အခဲသိပ်မရှိခဲ့ဘူး

Academic writing ကို သေချာလေ့လာဖြစ်တာကတော့ ကျောင်းစမတက်ခင် All about my teaching and learning က တီချယ် moon ရဲ့ writing class မှာပါ
တီချယ့်ရဲ့ class ကို honest review ပေးရရင် တီချယ်က Google classroom မှာ file တွေတင်ပေးတယ် homework တွေပေးပါတယ်
Class ထဲမှာ တီချယ်ကပြန်ရှင်းပြတယ် အတန်းသားအချင်းချင်း တီချယ်နဲ့ ပြန်ဆွေးနွေးပါတယ်
Google Classroom မှာ လုပ်ထားတဲ့ homework တွေကို တီချယ်က feedback သေချာပြန်ပေးပါတယ်

Kate ကတော့ တီချယ့်ရဲ့ စာသင်တဲ့ပုံစံကိုလည်းကြိုက်သလို ကျောင်းသားတွေကို နွေးနွေးထွေးထွေး ဆက်ဆံပေးတဲ့ပုံစံကိုလည်း သဘောကျပါတယ်
အကြိုက်ဆုံးကတော့ သင်တန်းချိန် မရှည်တာပါ
စာသင်ချိန်၁နာရီပဲဆိုတော့ Kate အတွက် focus အပြည့်ထည့်နိုင်ပါတယ်

Academic writing ဆိုတာ ဘာလဲ ဘယ်လို essay မျိုးကို ဘယ်လို Academic writing style
မျိုးနဲ့ ရေးသင့်လဲ သေချာသိလာတဲ့ အပြင် စာသင်ရင်းနဲ့ တီချယ့်ရဲ့ study abroad လုပ်ခဲ့တဲ့ အတွေ့အကြုံတွေ၊ ကျောင်းသားတွေကို စာသင်ခဲ့တဲ့အကြောင်းတွေပြောပြတော့ knowledge လည်းအများကြီးရခဲ့ပါတယ်
Kate ကို academic writing ဘယ်မှာတက်လဲ မေးတဲ့သူတိုင်းကိုလည်း ဒီ class လေး recommend ပေးဖြစ်ပါတယ်

နှစ်သစ်မှာ Kate ရဲ့ ပညာဒါနအဖြစ် ဒီ class လေးကို winner တစ်ယောက်ကို လက်ဆောင်ပေးချင်ပါတယ်
လက်ဆောင်လေးလိုချင်တယ်ဆိုရင် Kate ရဲ့ YouTube channel “Kate Su” ( https://youtube.com/ ) ကို subscribe ထားတဲ့ screenshot လေးကို comment ပေးသွားပါရှင်
တီချယ့်ရဲ့ အတန်းသစ်လေး ၂၆ ရက်နေ့မှာစမယ်လို့ Kate သိထားပါတယ်
Kate ၂၃ ရက်နေ့မှာ winner ကို random ရွေးပြီး ကြေညာပေးပါ့မယ်

Good luck everyone 🍀

Here’s the details of the class 👇🏻👇🏻
https://m.facebook.com/story.php?story_fbid=129219653459293&id=100091137776592

Disclaimer - This is not sponsored. I gave this scholarship with my own money.

My SNS:
🔗 YouTube - Kate Su ( https://youtube.com/ )
🔗 Instagram- kate.su__ ( https://instagram.com/kate.su__?igshid=YmMyMTA2M2Y= )

17/04/2023

💦မဂ်လာနှစ်ဆန်းတစ်ရက်နေ့ပါခင်ဗျာ💦

🎁 အတန်းတွေမှာပေးထားတဲ့လက်ဆောင်လေးယူနိုင်ဖို့က ဒီနေ့နောက်ဆုံးပါခင်ဗျာ။

😁 Level test ဖြေတဲ့သူတွေများနေတဲ့အတွက် A new way/Academic Writing တက်ပြီးသူကျောင်းသားဟောင်းများ ဖြေစရာမလိုတော့ပါဘူးခင်ဗျာ။

🤝 ဖြေထားသူများစောင့်ရတာကြာနေရင် ဖြေထားတဲ့အမှတ်နဲ့ ရေးထားတဲ့ဝါကျကို page messenger မှာပြပေးပါခင်ဗျာ။

☘️ ကျေးဇူးတင်ပါတယ်ခင်ဗျာ

15/04/2023

𝐄𝐬𝐬𝐚𝐲 𝐖𝐫𝐢𝐭𝐢𝐧𝐠 𝐂𝐥𝐚𝐬𝐬

ဒီအတန်းက
A new way to learn English writing တက်ရောက်ပြီးသူများ၊
စာစီစာကုံးပုံစံအမျိုးမျိုးကို လေ့လာချင်သူများ၊အခြေခံဝါကျဖွဲ့စည်းပုံနဲ့စာပိုဒ်ရေးနည်းကို လေ့လာပြီးသူများအတွက်ရည်ရွယ်ပြီး ဖွင့်ပေးထားတာဖြစ်ပါတယ်။

IELTS နဲ့ TOEFL ဖြေမယ့်သူ‌တွေလည်း အများကြီးအထောက်အကူဖြစ်ပါတယ်။

စာပိုဒ်ဖွဲ့စည်းပုံက စသင်မှာဖြစ်လို့
အင်္ဂလိပ်စာအရေးအတွက် လိုအပ်တဲ့အခြေခံသဒ္ဒါနဲ့ ဝါကျဖွဲ့စည်းပုံတွေသိထားပြီးသားဖြစ်ရပါမယ်။

ဒါကြောင့် အတန်းတက်မယ့်သူများက level test ဖြေရပါမယ်။

ဝါကျတည်ဆောက်ပုံက‌နေ အဆင့်ဆင့်
စနစ်တကျလေ့လာချင်သူများကတော့ A new way to learn English writing အတန်းကနေ စတက်သင့်ပါတယ်။

https://facebook.com/100091137776592/posts/119469907767601/

☘️ Course Outline

Paragraph Development
Essay structure
Expository writing
Descriptive Writing
Opinion Writing
Process Writing
Narrative Writing
Argumentative Writing

သီးသန့်ပြင်ဆင်ရိုက်ကူးထားတဲ့ recorded videos များမှတဆင့်သင်ကြားမှာဖြစ်ပြီး google classroom ကနေ လေ့ကျင့်ခန်းတွေထပ်ရမှာဖြစ်ပါတယ်။

ကိုးကားစာအုပ်များ၊
Lecture vidoes များ၊
Lecture notes များနှင့်
လေ့ကျင့်ခန်းများကို Telegram Private Group မှာပေးထားမှာဖြစ်ပြီး Google classroom မှတဆင့် လေ့ကျင့်ခန်းတွေ ထပ်ပေးရမှာမို့
ပုံမှန်အတန်းတက်ဖို့ အချိန်မရသူတွေ၊
Recorded lectures တွေကို အပြန်ပြန်အလှန်လှန်ကြည့်ပြီး လေ့ကျင့်ချင်သူတွေအတွက် အထူးသင့်လျော်ပါတယ်။

*Self-paced နဲ့သွားရမှာဖြစ်ပါတယ်။

အရေးလေ့ကျင့်ခန်းများကို သေချာစစ်ပြီး ပြန်ပို့ပေးမယ့်အပြင် Lecture videos ကြည့်ပြီး ဆွေးနွေးမေးမြန်းချင်တာတွေကို telegram group မှာသော်လည်းကောင်း၊
google classroom (comment) မှသော်လည်းကောင်း မေးနိုင်ပါတယ်။

22.4.2023 မှာအတန်းစမှာဖြစ်ပြီး Course တစ်ခုလုံးအတွက် သင်တန်းကြေး 60000 ဖြစ်ပါတယ်။

15/04/2023

💦 မင်္ဂလာပါခင်ဗျာ 💦

☘️ နှစ်သစ်မှာဘေးဘယာကင်းဝေးပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေလို့ admin က ဆုတောင်းမေတ္တာပို့သပါတယ်ခင်ဗျာ။

🎁 သင်္ကြန်လက်ဆောင် မပေးဘူးလား မေးနေကြလို့ လောလောဆယ်အပ်လို့ရတဲ့ ဒီအတန်းလေးကို 20% လျှော့ပေးထားပါတယ်ခင်ဗျာ၊ သီးသန့်ပို့စ်မတင်ဖြစ်လို့ပါဗျ။

🎁 Essay Writing နဲ့ Academic Writing အတန်းသစ်တွေလည်း ဒီလိုလက်ဆောင်လေးရမှာပါခင်ဗျာ။

04/04/2023

ဒီ page လေး restricted ဖြစ်ပြီးဘယ်လိုမှ ဆယ်မရတဲ့အဆုံး page အသစ်လေးလုပ်ဖြစ်သွားပါတယ်။

အခြေအနေအမျိုးမျိုးကြားမှာကိုပဲ စာတွေဖတ်ဖြစ်‌အောင်၊ မျှဝေဖြစ်အောင်၊ webinars တွေစီစဉ်ဖြစ်အောင်၊ အတန်းတွေဖွင့်ဖြစ်အောင် ချစ်ခင်အားပေးခဲ့ကြသူတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။

Page နှစ်ခုစလုံးမှာ အကြောင်းအရာတွေခွဲပြီး မျှဝေပေးသွားပါ့မယ်။

🌟 မင်္ဂလာပါ 🌟

မူရင်း All about my teaching and learning
page restricted ဖြစ်သွားတဲ့အတွက် ဒီ page လေးထပ်ဖွင့်ထားတာဖြစ်ပါတယ်။

နဂိုမျှဝေနေကြအတိုင်း ဒီစာမျက်နှာလေးကနေ အင်္ဂလိပ်စာ၊ သင်ကြားနည်း၊ သုတေသနနဲ့သက်ဆိုင်တဲ့အကြောင်းအရာများကို မျှဝေပေးသွားပါမယ်။

Page အသစ်ပါ restricted ထပ်ဖြစ်နေတဲ့အတွက် စာဖတ်ချင်သူ၊ အတန်းတက်ချင်သူများထားပေးကြဖို့ see first ထားပေးကြဖို့ တိုက်တွန်းချင်ပါတယ်။

ကျွန်မရေးထားတာတွေကို လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်၊ ကော်ပီကူးယူပြီး တဆင့်ဖော်ပြတာမျိုး မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်။

ဖတ်ရှုကြသူများ၊ ထပ်ဆင့်မျှဝေပေးကြသူများ၊ ဝေဖန်ဆွေးနွေး အကြံပေးကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်။

💜
Lots of love,
Pedago





20/03/2023

🔆Common Mistakes in English Writing🔆

📝 အတန်းထဲမှာ အင်္ဂလိပ်အရေးလေ့ကျင့်ခိုင်းတဲ့အခါ မှားတတ်တဲ့အမှားလေးတစ်ချို့ကို သတိထားမိအောင် တစ်ခါရေးပေးဖူးပါတယ်။

အဲလိုအမှားလေးတွေကို ခုတလောအတွေ့များလာတာကြောင့် အရင်ရေးထားတာလေးကို ပြန်မျှဝေပေးလိုက်ပါတယ်။

🚫 Homework, research, feedback, work, knowledge စတဲ့စကားလုံးတွေက uncountable nouns တွေဖြစ်လို့ 's' ထည့်လေ့မရှိပါဘူး။

🔅 Work ကိုတော့ 'a collection of works', 'types of works' လို့သုံးရင် ထည့်တတ်ပါတယ်။

🔅 Homework တို့ feedback တို့ကို အများအနေနဲ့ သုံးချင်ရင်တော့ 'a lot of homework' 'a lot of feedback' လို့ ရေးလို့ရပါတယ်။

🔅Interested vs. Interesting
🔅Satisfied vs. Satisfying
🔅Bored vs. Boring
🔅Surprised vs. Surprising
🔅Delighted vs. Delighful

👩‍🏫 ဘယ်ဘက်ခြမ်းက adjectives တွေအကုန်လုံးက လူပုဂ္ဂိုလ်ရဲ့ ခံစားချက်၊ သဘောထား ကိုဖော်ပြတဲ့နေရာမှာ သုံးပြီး ညာဘက်ကစကားလုံးတွေကို အရာဝတ္ထုပစ္စည်း၊ အကြောင်းအရာ၊ အဖြစ်အပျက်တွေနဲ့ တွဲသုံးလေ့ရှိပါတယ်။

🔅Interested vs. Interesting
e.g. I was interested in her lecture.✅
I was interesting her lecture. ❌
Her lecture was interesting.✅

🔅Satisfied vs. Satisfying
e.g. I am satisfied with today's lecture.✅
Today's lecture is satisfying. ✅
I'm satisfying with today's lecture.❌

🔅Bored vs. Boring
e.g. I felt bored with his lecture. ✅
It was a boring conversation. ✅
I'm boring with this lecture. ❌

👉 Am I boring you?
Stop me if I'm boring you. စတာတွေရှိပေမယ့် ဒီနေရာမှာ 'I' ဆိုတာ ပြောနေတဲ့အကြောင်းအရာ၊ လုပ်နေတဲ့ကိစ္စတစ်ခုခုကို ဆိုလိုတာဖြစ်ပါတယ်။

တစ်ခါ I'm boring လို့ သုံးရင်လည်း ကိုယ်တိုင်က ပျင်းစရာကောင်းတယ်ဆိုတဲ့ သဘောဖြစ်နေပါတယ်။ အဲဒီလိုပဲ interesting နဲ့ exicting ကို လူပုဂ္ဂိုလ်အနေနဲ့ ပြောတာတွေ ရှိပါတယ်။

e.g.
I like the way she walks, she is interesting.
ငါ သူလမ်းလျှောက်ပုံကို သဘောကျတယ်၊ သူက စိတ်ဝင်စားစရာ ကောင်းတယ်။

My boyfriend prefers to stay at home and play games. He is such a boring man.
ငါ့ရည်းစားကတော့ အိမ်မှာနေပြီး game ဆော့ရတာပဲ ပိုသဘောကျနေတယ်၊ သူက တော်တော်ပျင်းစရာကောင်းတဲ့လူပဲ (စိတ်ကုန်စရာ ကောင်းတယ်လို့လည်း ယူဆလို့ ရပါတယ်)။

🔅Surprised vs. Surprising
e.g.
We were surprised by his diligent effort.
This is a surprising result.

မှားရေးတတ်တာက

I was surprising that I got only 15/30.❌
It's surprising that I got only 15/30. ✅
I was surprised that I got only 15/30. ✅

👉Surprise က verb နဲ့ adv အသုံးလည်း ရှိပါတယ်။ မှားသုံးတတ်ကြတာကတော့ adjective အနေနဲ့သုံးတဲ့အခါပါ။

🔅Delighted vs. Delightful
e.g.
I was delighted that I got high marks. ✅
I felt delighful that I got high marks. ❌
We have a delightful learning atmosphere. ✅

🔅Discuss vs. Discussion

Discuss about လို့မှားရေးတတ်ကြပါတယ်။
Discussion about လို့ပဲ ရေးလို့ရပါတယ်။ discuss နောက်မှာ preposition မလိုပါဘူး။

e.g.
The lecture discussed the use of prepositions in academic writing.
We had a discussion about sentence variety last week.

🔅Comprise vs. consist

နှစ်ခုစလုံး ဖွဲ့စည်းပါဝင်တယ် (to be made up of) ဆိုတဲ့ အဓိပ္ပာယ်ဆိုပေမယ့် consist နောက်မှာ of ပါရပြီး comprise နောက်မှာ preposition မလိုပါဘူး။

e.g. Group A comprises three teachers.
Group A consists of three teachers.

🔅effect /n/ vs. affect /v/

Effect က noun ဖြစ်တာကြောင့် article သို့ determiner နဲ့တွဲသုံးရပါတယ်။
e.g.
The effects of communicative langauge teaching on students' achievements

affect က verb ဖြစ်ပါတယ်။
e.g.
These results will not affect my conclusion.

🌹အင်္ဂလိပ်စာအရေးအသားတိုးတက်ကြပါစေ။

❤️
Moon (20.3.2023)
Already posted on 15.9.2021

Photos from All about my teaching and learning's post 18/03/2023

🌟 April Classes 🌟

ဧပြီလ အင်္ဂလိပ်စာသင်တန်းအတွက် မေးထားကြသူများ၊ ကြိုတင်နာမည်ပေးထားသူများ အသေးစိတ်အချက်အလက်များကို page messenger မှတဆင့်‌မေးမြန်းစုံစမ်းပြီး သင်တန်းအပ်နိုင်ပါပြီခင်ဗျာ။

Course outline များကို သက်ဆိုင်ရာပုံအောက်မှာပေးထားပါတယ်ခင်ဗျာ။

💠မှတ်ချက်💠

▪️zoom အတန်းတက်လျှင် အတန်းအပ်ထားသောနာမည်ကို အသုံးပြုရမည်ဖြစ်ပြီး network အဆင်မပြေချိန်များမှအပ camera ဖွင့်ထားရပါမည်။

▪️zoom meeting အတန်းများတွင် သင်ခန်းစာများ မရှင်းလင်းပါက စာသင်ခန်းတွင်လည်းကောင်း telegram group မှသော်လည်းကောင်း မေးမြန်းဆွေးနွေးနိုင်ပါသည်။

▪️ကိုးကားထားသော မူရင်းစာအုပ်များနှင့် lecture notes များကို google classroom တွင် ပေးထားပါမည်။

▪️zoom meeting ဖြင့်သင်ကြားသော အင်္ဂလိပ်စာ အရေးသင်တန်းများတွင် အတန်းပုံမှန်တက်နိုင်ပြီး ပုံမှန်လိုက်ရေးနိုင်မှသာ အပ်သင့်ပါသည်။

▪️အတန်းတွင်းအပြန်အလှန်ဆွေးနွေးပြီး လက်တွေ့ရေးသားလေ့ကျင့်ရသောပုံစံဖြင့် သင်ကြားမည်ဖြစ်သောကြောင့် recording မပေးပါ။

▪️အကယ်၍သင်တန်းပြီးဆုံးအောင် မတက်နိုင်ခဲ့ပါက ပျက်ကွက်ရသည့်အကြောင်းရင်းခိုင်လုံလျှင် အတန်းကို နောက်တကြိမ်ပြန်တက်ခွင့်ရှိပါသည်။ သင်တန်းကြေး ပြန်မအမ်းပါ။

▪️အချိန်နှင့်ငွေသည် တန်ဖိုးရှိသောကြောင့် မိမိ​၏ လိုအပ်ချက်နှင့်ကိုက်ညီသောအတန်းဟုတ်၊ မဟုတ် အထပ်ထပ်စိစစ်ပြီးမှသာ သင်တန်းအပ်စေလိုပါသည်။

▪️အတန်းတက်ဖို့ စိစစ်ရွေးချယ်ရမယ့် အချက်တွေကို comment မှာ link ချပေးထားပါတယ်။

18/03/2023

Change

"Be the change you want to see in the world" ဆိုတဲ့ ဂန္ဓီရဲ့ အဆိုကို သဘောကျကြောင်း ရှေ့မှာပြောပြဖူးပါတယ်။

တကယ်တော့ ကိုယ်တွေးနေကျ၊ လုပ်နေကျ၊ ပြောနေကျ၊ မြင်နေကျအရာတွေကို ပြောင်းလဲဖို့ဆိုတာ အပြောလွယ်သလောက် လက်တွေ့မှာအများကြီးခက်ခဲပါတယ်။

ခံစားချက်လည်း ဒီလိုပါပဲ။
မကောင်းပေမယ့်လည်း လွမ်းပြီးနေချင်တာ၊ ပျင်းပြီးနေချင်တာ၊ ငေးငိုင်ပြီးနေချင်တာ၊ တွေးပြီးနေချင်တာမျိုးရှိတာပါပဲ။

တစ်ခါတစ်လေ တွေးနေရတာ ပင်ပန်းလာတာသိတယ်၊ ဒါပေမယ့်မရပ်ဘူး၊ ဒါကိုပဲဆက်တွေးတယ်၊ ခေါင်းအကိုက်ခံတယ်၊ အိပ်ရေးပျက်ခံတယ်၊ အတွေးပြောင်းရမယ်သိတယ်၊ မပြောင်းဘူး၊ တစ်ခုခုထလုပ်ရမယ် သိတယ်၊ မထဘူး။ ဒီလို‌ဖြစ်တတ်တာကို Action မယူဘူးလို့လည်း ‌ဆိုကြပါတယ်။ ကြာတော့အကျင့်ဖြစ်ပြီး ပြောင်းလဲရတာ ခက်သထက်ခက်လာပါရော။

ဒီစာအုပ်ထဲမှာတော့ ပြောင်းလဲတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ တိတိကျကျသေသေချာချာ ဖော်ပြထားတာမို့ ပြန်မျှဝေလိုက်ပါတယ်။

စာအုပ်ကို telegram channel မှာပေးထားပါတယ်။

☘️ ကောင်းသောပြောင်းလဲမှုများလုပ်ဆောင်နိုင်ကြပါစေ


18.3.2023

Photos from All about my teaching and learning's post 13/03/2023

🤩This week presentation topics!

🔅 ဒီနေ့ညနေ (13. 3. 23, 8 PM) မှာဆွေးနွေးမယ့် English for Academic Purposes (Batch- 3) မှ သင်တန်းသား/သူများရဲ့ presentation topics တွေဖြစ်ပါတယ်။

🔅 ပါဝင်ဆွေးနွေးလိုပါက စိတ်ဝင်စားသူ မည်သူမဆို telegram channel မှတဆင့် zoom meeting ID နဲ့ password တောင်းယူပြီး တက်ရောက်နိုင်ပါတယ်။

🔅 အမည်ရင်းနှင့် တက်ရောက်ရမှာဖြစ်ပြီး လိုအပ်ပါက video ဖွင့်ပေးရပါမယ်။

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Website

Address


27 Street
Mandalay