27/02/2025
နွေရာသီ ကျောင်းပိတ်ရက်တွေမှာ
သားသား မီးမီးတို့အတွက်
ကွန်ပျူတာမလိုပဲ Coding ဉာဏ်စွမ်းတွေ ဖွံ့ဖြိုးစေမည့်
အခွင့်ရေးလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်
အဲ့တာကတော့ ကလေးတိုင်းလေ့လာသင့်တဲ့
**Unplugged Scratch Coding (short course)**
ပဲဖြစ်ပါတယ်
Unplugged class ဖြစ်တာမို့ **ကွန်ပျူတာမသုံးပဲ** ပျော်ပျော်ရွှင်ရွှင် Coding လေ့လာရမဲ့ သင်တန်းလေးပါ!
သင်တန်းအကျိုးကျေးဇူးများ
⚡️ဉာဏ်ရည်ဖွံ့ဖြိုးမှု : Algorithm, Sequencing, Loop စတဲ့ Coding Logic တွေကို ကစားရင်း နားလည်လာမယ်။
⚡️ဖန်တီးမှုစွမ်းရည် : ကိုယ်ပိုင် ဇာတ်လမ်း၊ ဂိမ်း၊ စိတ်ကူးတွေကို Coding နဲ့ ဖန်တီးကြမယ်။
⚡️အသင်းအဖွဲ့လုပ်တတ်မှု: သူငယ်ချင်းတွေနဲ့အတူ ပူးပေါင်းပြီး စိန်ခေါ်မှုတွေ ဖြေရှင်းကြမယ်။
ရက်စွဲ : 10 Mar 2025
အချိန် : ပြန်လည်ကြေညာပါမည်
နေရာ :Online Class
သင်တန်းကာလ: 5hrs
---
🎯 သင်တန်းတက်ရောက်သင့်သူများ**
- အသက် ၈ နှစ်မှ ၁၂ နှစ် ကလေးများ
- ကစားရင်းသင်ယူချင်သူ၊ ဉာဏ်စမ်းပဟေဠိ ဝါသနာပါသူများ
---
**💸 သင်တန်းကြေး**
**အခမဲ့!**
---
**📝 စာရင်းသွင်းရန်**
https://forms.gle/Lk8PKGJgfPt3iMok6
ကျောင်းသားဦးရေ အယောက်၂၀ ထိသာ လက်ခံပါမည်။
19/07/2024
BREAKING NEWS
------------------
ကမ္ဘာလုံးဆိုင်ရာ IT ပြသနာတခုဖြစ်ပေါ်နေခြင်းကြောင့် အမေရိကန် လေကြောင်းလိုင်းများမှ လေယာဉ်များ မြေပြင်ဆင်းသက် ခဲ့ရ ၊ Window computer များ ရုတ်တရက်ပိတ် သွား ခြင်း များ ဖြစ်ပေါ်လျက်ရှိ
19 July 2024
ဗြိတိန်ရှိ လေယာဉ်များလဲ မြေပြင်ဆင်းသက်ခဲ့ရ ပါသည်။ ရထားခရီးစဉ်များ ဖျက်သိမ်းရန် ကြေညာဖွယ်ရှိပြီး Sky News ရုပ်သံလိုင်းပါ ထုတ်လွှင့်မှုပြတ်တောက်သွားပါတယ်။
ထပ်မံသိရချက်အရ Banks များ၊ Radio ထုတ်လွှင့်မှုများ၊ ဖုန်းလိုင်းများနှင့် Supermarkets များရှိ ငွေချေစနစ်များပါ Offline ဖြစ်နေကြောင်း သိရှိရပါတယ်။
ဂျာမနီ ဘာလင်လေဆိပ်မှာလဲ လေကြောင်းခရီးစဉ်အကုန် ရပ်နားလိုက်ပြီဖြစ်ပါတယ်။ အမေရိကန်မှာလဲ အရေးပေါ်ဖုန်းလိုင်းဖြစ်တဲ့ 911 ကို ပြည်နယ် ၆ ခုမှာ ခေါ်ဆိုလို့ မရတော့ပါဘူး။ စင်ကာပူ ၊ ဩစ တြေးလျ ၊ နယူးဇီလန် ၊ ဂျပန် ထိ IT ပြသနာမှာ ဖြစ်ဖွား လျက်ရှိပါသည်။
Source -Skynews
01/01/2023
Happy New Year To ALL🥳
အားလုံးပဲ မင်္ဂလာပါရှင်
ပြောင်းလဲ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ
အများနည်းတူ International Computing (Programming) Course အား လေ့လာသင်ကြားချင် တဲ့ သားသား ၊ မီးမီး
သို့
မိမိတို့ ရဲ့ အနာဂတ် ရတနာလေးများအား အကောင်းဆုံးမှ ပေးချင်တဲ့ ဖေဖေ ၊မေမေ
တို့အတွက် လက်လွတ်မခံသင့်တဲ့ အခွင့် ရေးတခု ရောက်ရှိလို့ လာပါပြီ
Coding ကိုစိတ်ဝင်စား တဲ့ ကျောင်းသား/သူ များ အတွက် programming concept များ ပိုင်နိုင်စေရန် ရည်ရွယ်ပြီး Oxford Computing International Course မှ ထုတ်နှုတ်ပြီး Scratch Lessons များ ကို အနာဂတ်ရင်သွေး ငယ်များ အတွက် သင်တန်း တခုနှင့်မိတ်ဆက်ပေး ပါရစေ
တခြားတော့မဟုတ်ပါဘူး နည်းပညာခေတ်မှာ သားသား/မီးမီး တိုင်း လေ့လာသင့်သော Coding ဘာသာရပ်ပဲဖြစ်ပါတယ်
Coding သင်ကြားခြင်းဖြင့်
⭐️ကလေးသူငယ်များ အတွက် တီထွင်ဖန်တီးနိုင်စွမ်းအားတိုးတက်စေခြင်း ။
⭐️(Problem Solving Skills) ပြသနာဖြေရှင်းရာတွင် ကိုယ်ပိုင်အတွေးအမြင်များ ဖြင့် ဆုံးဖြတ်ချက်ချနိုင်စေခြင်း။
⭐️ ပြင်ပ အကြောင်းအရာများ နှင့် ဆက်နွယ်သော project များ ပြုလုပ်ရမည်ဖြစ်သောကြောင့် တွေးခေါ် ကြံဆနိုင်စွမ်းအား တိုးတက်လာစေခြင်း
စသည် များစွာ သော skills များတိုးတက်စေနိုင်ပါသည်။
ဘာကြောင့် SD coding school ကိုရွေးချယ်သင့်သလဲ?
⭐️စာသင်ကြားရာတွင် ကျောင်းသား/သူ တိုင်း ကြောက်ရွံ စိုးရိမ် စိတ်များ မရှိပဲ ပျော်ရွှင်စွာ သင်ကြားစေခြင်း
⭐️နားမလည်သည့်စာများရှိပါက ပြန်လည် ဆွေးနွေးမေးမြန်းနိုင်ခြင်း
⭐️meeting record များကို အချိန်မရွေးပြန်လည် ကြည့်ရှူ နိုင်စေရန် Google classroomတွင် ပြန်လည် မျှဝေပေးထားမည်
⭐️projectများဖန်တီးရာတွင် အသင်းဖွဲ့နှင့် သော်လည်းကောင်း၊ တယောက်ချင်း သော်လည်းကောင်း အိုင်ဒီယာ သစ်များ ဆွေးနွေးဖလှယ်နိုင်စေခြင်း
⭐️ သင်တန်းကြေးအား နှစ်ကြိမ်ခွဲသွင်းနိုင်ခြင်း
⭐️ သတ်မှတ်သင်တန်းချိန် အဆင်မပြေပါက အချိန်ညှိနှိုင်း တက်ရောက်နိုင်ခြင်း (စနေ/ တနင်္ဂနွေ သာ)
⭐️ SD Coding Schoolမှ နောင်တွင် ဖွင့်လှစ်မည့် သင်တန်းများ တွင် member discount များရရှိနိုင်ခြင်း
⭐️သင်ကြားမည့်ဆရာမ သည် လက်ရှိ International School တွင် သင်ကြားပေးနေသော၊ သင်ကြားရေး အတွေ့ ကြုံ 8 နှစ် အထက်ရှိသော ဆရာမ မှ သင်ကြားပို့ချပေးသွားပါမည်။
🌟🌟၇.၁.၂၀၂၃ မတိုင်ခင် သင်တန်းအပ်သည့် ပထမဆုံး သင်တန်းသား (early bird) ၅ ယောက် အတွက် ၅၀ရာခိုင်နှုန်း discount ရှိတာမို့ အမြန်ဆုံးလာေရာက်အပ်နှံရန် လိုအပ်ပါသည်/🌟🌟
သင်တန်း စတင်မည့်ရက် 14 Jan 2023
အသေးစိတ်အား page chat boxတွင်သော်လည်းကောင်း
ဖော်ပြပါ ဖုန်းနံပါတ်သို့ သော်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
01/02/2021
Jar Seng Hkawn "အရေးပေါ် အကြံပြုချက်"
အင်တာနက်လိုင်းများ အပိတ်ခံရလျှင် မိမိတို့ ဖုန်းများအား အသုံးပြု၍ Mesh Network များဖြင့် တစ်ဦးနှင့် တစ်ဦး (သို့) တစ်စုနှင့် တစ်စု ဆက်သွယ်ရန် အသုံးပြုနိုင်ကြပါတယ်။
အသုံးပြုနိုင်တဲ့ Mesh Network App များကို ဖော်ပြပေးအပ်ပါတယ်။
"FireChat" for Android & Apple iOS
"The Serval Mesh" for Android
"Signal Offline Messenger" for Android
"Vojer" for Apple iOS
"Bridgefy" for Android & Apple iOS
"Briar" for Android တို့ ဖြစ်ပါတယ်။
အဆိုပါ app များထဲမှ တစ်ခုကို နမူနာအနေနဲ့ အောက်ပါအတိုင်း ဖော်ပြပေးလိုပါတယ်။
"အင်တာနက်များ ရုတ်တရက်ပိတ်ကျသွားလျှင် "Bridgefy" app ကို အသုံးပြုရန်"
ဒီ apk က ဟောင်ကောင်ဆန္ဒပြပွဲတွေမှာ ပြည်သူ့ဘက်သား တော်လှန်ရေးသမားတွေ အသုံးပြုခဲ့တဲ့ apk ဖြစ်ပါတယ်။
သူ့အားသာချက်က အင်တာနက် မလိုပဲ bluetooth နဲ့ ဖုန်းချင်းမက်ဆေ့ပို့
ဆက်သွယ်နိုင်တာဖြစ်လို့ အင်မတန် အသုံးဝင်တယ်။
ဟောင်ကောင်လူထုတိုက်ပွဲများ အတွင်းမှာတုန်းက တရုတ်အစိုးရရဲ့ အင်မတန်မြင့်မားတဲ့နည်းပညာကတောင် ဒီ apk နဲ့အသုံးပြုဆက်သွယ်ခြင်းကို မဟန့်တားနိုင်ခဲ့ပါဘူး။
ဒီ apk ကိုအသုံးပြုပြီး ဖုန်းတစ်လုံးနဲ့တစ်လုံး မီတာ ၁၀၀ (ပေ ၃၃၀ခန့်) အကွာအဝေးအထိ ဆက်သွယ်နိုင်တယ်။
မီတာ ၁၀၀ တိုင်း ကြားမှာ ဖုန်းတစ်လုံးဆီ ရှိပြီး ဆက်သွယ်သွားခြင်းဖြင့်
အင်မတန်ဝေးကွာလှမ်းတဲ့နေရာတွေအထိလည်း ကွန်ယက်သဖွယ်
အချင်းချင်းချိတ်ဆက်သွားနိုင်ပါတယ်။
ဒီ apk ကို အသုံးပြုကာ နှစ်ဦးချင်း message တွေပို့လို့ရသလို
Broadcast ဆိုတဲ့ ဖန်ရှင်နဲ့ ကိုယ်ပို့တဲ့ မက်ဆေ့ကို အနီးအနားရှိသူအားလုံး ဖမ်းယူသိရှိနိုင်အောင် ဖြန့်ဝေလို့လည်း ရတယ်။
Iphone မှာရော Android မှာပါ အသုံးပြုနိုင်ပါတယ်။
စစ ဝင်ခြင်းမှာ အင်တာနက် ကော်နက်ရှင် တစ်ကြိမ်တော့ လိုအပ်တာမို့ ဒေါင်းလုပ်ဆွဲကာ ဝင်ထားကြည့်ကြဖို့ တိုက်တွန်းပါတယ်။
Play Store မှာရော၊ App Store မှာရော "Bridgefy" လို့ ရိုက်ရှာကာ လွယ်လင့်တကူ ဒေါင်းလုပ်ဆွဲထားနိုင်ကြပါကြောင်း ... ။
(မှတ်ချက် - မိမိတို့ အင်တာနက်များ ရနေခိုက် စတင် အသုံးပြုထားစေချင်ပါတယ်)။
Link တစ်ခု ပေးလိုက်ပါတယ်။
https://www.facebook.com/100005014158392/post
s/1763764217134033/?d=n
Bridgefy - Offline Messages
30/01/2021
RGB နဲ့ CYMK
ကျွန်တော်တို့ အမြဲလိုလိုအမေးခံရတဲ့မေးခွန်းတစ်ခုရှိပါတယ်
Monitor Screen မှာပေါ်တဲ့အရောင်နဲ့ Print ထုတ်လိုက်ရင် ထွက်လာတဲ့အရောင် မတူတဲ့ကိစ္စပါ။
ကျွန်တော်တို့ Design ဆွဲတဲ့အခါမှာ အသုံးပြုလို့ရတဲ့ Color Mode နှစ်ခုရှိပါတယ် RGB နဲ့ CMYK ပါ။
အဲ့ဒီ Mode နှစ်ခုကို အသုံးပြုတဲ့အခါမှာ ကွဲလွဲမှုတွေရှိတဲ့အတွက် အရောင်မတူတာတွေဖြစ်လာတာပါ။
ပထမဆုံး RGB အကြောင်းကိုစပြောရရင် RGB Mode ကို အဓိကအသုံးပြုတဲ့နေရာတွေက ကွန်ပြူတာ မော်နီတာတွေ ၊
ဖုန်း screen တွေ၊ TV တွေ မှာ RGB Mode နဲ့ပုံဖော်ပေးပါတယ် LCD မော်နီတာတွေ၊ TV တွေ၊ ဖုန်း Screen တွေမှာ Pixel လို့ခေါ်တဲ့ အစက်လေးတွေအများကြီးနဲ့ ဖွဲ့စည်းထားပါတယ် အဲ့ဒီ Pixel လေးတစ်ခုချင်းစီမှာ
Red, Green, Blue ဆိုပြီးအလင်းရောင်ထုတ်ပေးတဲ့မီးလုံးလေးတွေကနေပြီးတော့ အရောင်စပ်ပြီး သန်းပေါင်းများစွာရှိတဲ့
အရောင်ကွဲတွေထွက်လာတာဖြစ်ပါတယ်
ဒါကြောင့် Design ဆွဲတဲ့နေရာမှာ Website, Social Media (Facebook Cover Photo), Digital Content, Online Ebook
စတဲ့ Screen ပေါ်မှာကြည့်ဖို့ရည်ရွယ်တဲ့ Design တွေအတွက် RGB Mode ကို ရွေးချယ်ပြီးဆွဲတာက အကောင်းဆုံးဖြစ်ပါတယ်။
CMYK ကတော့ Cyan, Magenta, Yellow, Black ဆိုပြီးပရင်တာတွေမှာ အဓိကသုံးတဲ့အရောင်တွေဖြစ်ပြီး လက်ကမ်းကြော်ငြာတွေ၊ သတင်းစာတွေ၊ ဓါတ်ပုံတွေ၊ လိပ်စာကတ်၊ ဖိတ်စာ စတဲ့ စက္ကူတွေပေါ်ဖြစ်စေ၊ canvasအစပေါ်ဖြစ်စေ၊ ခွက်တံဆိပ်ရိုက်၊ အခုနောက်ပိုင်း Acrylic ပေါ်မှာ ထုတ်တဲ့အထိ
အပြင်မှာ ကိုင်ကြည့်လို့ရတဲ့ ပစ္စည်းတွေပေါ်မှာ ပုံထုတ်ဖို့အတွက် ရည်ရွယ်တာဖြစ်ပါတယ် ဒါကြောင့် မော်နီတာပေါ်မှာ
အရမ်းကြည့်ကောင်းတဲ့ RGB mode နဲ့ပုံတစ်ပုံဟာ Print ထုတ်လိုက်တဲ့အချိန်မှာ မွဲခြောက်ခြောက်ဖြစ်နေတာမျိုး
ကြုံရနိုင်ပါတယ်
ဘာကြောင့် color တွေက အဲ့လိုကွာခြားနေရတာလဲ ?
RGB System - Screen Viewing Only!
RGB Color တွေက screen မှာပေါ်ဖို့အတွက် သာဖြစ်လို့ပါ Print ထုတ်ဖို့ မဟုတ်တဲ့အတွက်
RGB mode နဲ့ပုံကို ထုတ်တဲ့အခါမှာ ကာလာတွေလုံးဝလွဲနေတာမျိုးတွေအထိ ကြုံရနိုင်ပါတယ်
Monitor တွေဖြစ်တဲ့ Samsung monitor ပေါ်မှာပေါ်တဲ့အရောင်နဲ့ တခြား Acer, AOC, Dell အစရှိတဲ့ တခြားတံဆိပ် monitor တွေမှာပေါ်တဲ့အရောင်တွေတောင်မတူပါဘူး
ဥပမာအနေနဲ့ internet ကနေ ပုံတစ်ပုံကို Download လုပ်ပြီး
MI phone မှာမြင်ရတဲ့ပုံနဲ့၊ Samsung phone မှာမြင်ရတဲ့ပုံနဲ့ ၊ iPhone မှာမြင်ရတဲ့ပုံနဲ့ အရောင်တွေ မတူပါဘူး
Screen ရဲ့ Brightness, contrast, saturation စတဲ့ setting တွေပေါ်မှာမူတည် ပြီးတော့လဲ ကွာခြားပါသေးတယ်
RGB mode အတွက် image processing software တွေဖြစ်တဲ့ Photoshop လို Software တွေမှာ
color အတိုးအလျော့လုပ်ဖို့ value အနေနဲ့ 0 ကနေ 255 အထိရှိပါတယ်
R-0,G-0,B-0 ဆိုရင် အဖြူရောင်ပေါ်မှာဖြစ်ပြီး
R-255,G-255,B-255 ဆိုရင် အနက်ရောင်ပေါ်မှာဖြစ်ပါတယ်
Technical အခေါ်အရဆိုရင် RGB color တွေကို additive color လို့ခေါ်ပါတယ်။
additive color တွေကအလင်းရောင်ထုတ်လွှတ်ပြီး ပုံရိပ်ကိုပေါ်စေတာဖြစ်ပါတယ်။
CMYK - Digital Printing
CMYK ကာလာတွေကို process colors လို့လည်းခေါ်ကြပါတယ် အခြေခံအရောင်တွေဖြစ်တဲ့
Cyan, Magenta, Yellow, Black တို့ကို အချိုးကျရောစပ်ပြီး အခြားအရောင်တွေပေါ်စေတဲ့ စနစ်ပါ
CMYK color တွေအရောင်စပ်တဲ့အခါမှာ တစ်ခုသတိထားရမှာက တကယ့်အပြင်မှာရှိတဲ့အရောင်နဲ့ လုံးဝထပ်တူကျဖို့
မျှော်လင့်လို့ မရပါဘူး
ဥပမာအနေနဲ့ လိမ္မော်ရောင်ကို အရောင်စပ်ရတာ အင်မတန်ခက်ပါတယ် အပြင်မှာရှိတဲ့တကယ့် လိမ္မော်သီးတစ်လုံးကို
ကြည့်ပြီး photoshop ထဲမှာအရောင်စပ်ကြည့်ရင် မတူပါဘူး ဓါတ်ပုံရိုက်ပြီး ကွန်ပြူတာထဲထည့် ပြီးရင် အပြင်က
လိမ္မော်သီး အစစ်နဲ့ ယှဥ်ကြည့် မတူတာကိုတွေ့ရပါလိမ့်မယ်
အဲ့ဒီတော့ အနီးစပ်ဆုံးတူအောင်ဆိုတဲ့အနေအထားကိုပဲ ချိန်ပြီးထုတ်ကြရတာပါ
Photoshop လို software တွေထဲမှာတော့ CMYK မှာ color အတိုးအလျော့လုပ်ဖို့ကို
% အနေနဲ့ပဲပြပါတယ်
C-0%, M-0%, Y-0%, K-0% ဆိုရင် အဖြူရောင်ပေါ်မှာဖြစ်ပြီး
C-100%, M-100%, Y-100%, K-100% ဆိုရင် အနက်ရောင်ပေါ်မှာဖြစ်သလို
C-0%, M-0%, Y-0%, K-100% ဆိုရင်လည်း အနက်ရောင်ပေါ်မှာဖြစ်ပါတယ်
ဒီနေရာမှာတစ်ခုပြောစရာရှိတာက အဲ့လို အနက်ရောင်တွေတောင်မှ တစ်ခုနဲ့တစ်ခု မတူပါဘူး
အပေါ်က color setting နှစ်ခုလုံးက တကယ့်အနက်ရောင် မဟုတ်သေးဘူး
C-60%, M-40%, Y-40%, K-90% ဆိုပြီးစပ်မှသာ သပိတ်လို နက်ပြောင်နေတဲ့ အနက်ရောင်ရတာပါ
ဒါကြောင့် Print ထုတ်ဖို့အတွက် Design လုပ်မယ်ဆိုရင် CYMK Mode နဲ့လုပ်ပြီးထုတ်မှသာ အနီးစပ်ဆုံးရမှာပါ
Design မှာ ဓါတ်ပုံလေးတွေပါတယ်ဆိုရင်လည်း နဂိုဓါတ်ပုံကို CYMK mode အရင်ပြောင်းပြီးမှ ကိုယ့် design ထဲကို
ထည့်ပါ monitor မှာပေါ်တဲ့အရောင်နဲ့ အနီးစပ်ဆုံးရနိုင်ပါလိမ့်မယ်
ဒီ Post ဟာ RGB နဲ့ CYMK ကွာခြားမှုကို ကောင်းကောင်းမသိသေးတဲ့သူတွေအတွက်သာ ရည်ရွယ်တာဖြစ်လို့
Professional Graphic Designer တွေအတွက် သူငယ်တန်းစာကို ဖတ်ရသလိုဖြစ်နေနိုင်ပါတယ်
ကျွန်တော့် post မှာလိုအပ်တာတွေရှိရင် နားလည်တတ်ကျွမ်းတဲ့ ဆရာ ဆရာမများ comment မှာထပ်ပြီးအကြံပေးပေးကြပါခင်ဗျာ
ကျွန်တော်ကိုယ်တိုင်လည်း Graphic Designer တစ်ယောက်မဟုတ်ပါ ယခင်က ဓါတ်ပုံရိုက်တာဝါသနာပါတဲ့အတွက်
color တွေအကြောင်းလေ့လာရင်း တွေ့မိခဲ့တဲ့ ဗဟုသုတလေးကို share ပေးခြင်းဖြစ်ပါတယ်
အားလုံးအဆင်ပြေကြပါစေ
Crd
နောင်နောင်
Sky & Sea
29/01/2021
Web Design အတွက် အရေးပါသော Responsive Logo အကြောင်း
Credit : Han Win Aung
Web Designer များ အလေးထားလုပ်ဆောင်ရတဲ့ အပိုင်းထဲမှာ User တွေရဲ့ အသုံးပြုတဲ့ Device တွေနဲ့ မိမိ website design လေးကိုက်ညီမှုရှိအောင်၊ လှပသေသပ် ပြီး responsive ဖြစ်အောင်လုပ်ဖို့ အရေးကြီးပါတယ်။ Website တစ်ခု စရေးပြီဆိုတာနဲ့ အများစုက ကိုယ်ရေးတဲ့ website မှာ Logo တစ်ခုလောက်တော့ ထားကြတယ်။ အဲဒီမှာ Designer တစ်ချို့ သတိမထားမိတာက မိမိ Site ရဲ့ content တွေကို responsive ဖြစ်အောင်ကြိုးစားလုပ်ကြပြီး Website ရဲ့ Logo ကိုကျ ရိုးရိုးတစ်ပုံပဲ size အကြီးအသေးချိန်ထားတတ်ကြတယ်။ Logo ဆိုတာ ဒီအတိုင်း ကြည့်ကောင်းအောင်ထားတဲ့ ပုံလေးတစ်ခုထက်ပိုပါတယ်။ ကျွန်တော်တို့ Brand တွေ Website ရဲ့ ရည်ရွယ်ချက် လုပ်ဆောင်ချက်တွေကို Logo မြင်ရုံနဲ့  User ကသိနိုင်ရပါမယ်။
Logo ဆိုတာဘာလဲ ?
ပုံက နာမည်ကြီး Company တစ်ချို့ ရဲ့ responsive logo design တွေပါ။ ပုံတွေမြင်လိုက်တော့ responsive logo ဆိုတာဘာလဲ စာဖတ်သူ နည်းနည်းသဘောပေါက်လောက်မယ်ထင်တယ်။ ဟုတ်ပါတယ်။ Responsive logo ဆိုတာ… များစွာသော user တွေရဲ့ Device အမျိုးမျိုး Screen Size အမျိုးမျိုးပေါ်မှာ မိမိ Brand ရဲ့ Logo ကို ထင်ရှားအောင်ပြဖို့ screen size အလိုက်
မလိုလားအပ်တာတွေဖယ်ပြီး Logo ပြန်ရေးဆွဲတာမျိုးပါ။
Logo တစ်ခု မှာဘာတွေရှိသင့်လဲ?
Logo တစ်ခုကို responsive logo အဖြစ်ပြန်ဆွဲတော့မယ်ဆိုရင် နဂိုမူလ logo ကနေ logotype (a logo made of text, simply described) ၊ ဒါမှမဟုတ် logomark (an identifying mark or symbol with no text) ထဲက ပုံစံတစ်ခုခုကိုရွေးချယ်ထားသင့်ပါတယ်။ small device တွေအတွက် နဂိုမူလ logo ကိုပြင်တဲ့အခါမှာ User ရင်းနှီးပြီသားဖြစ်တဲ့ အမှတ်အသား color တွေကို ဖယ်ရှားပစ်တာမျိုး မလုပ်သင့်သလို User အသစ်တွေအတွက်လည်း မူရင်း logo ကို မြင်သာစေမယ့်ပြင်ဆင်မှုမျိုးဖြစ်သင့်တယ်။Responsive logo တွေဆွဲရာတွင်လဲ မူလ logo အပါအဝင် လေးခု လောက်ပဲဆွဲသင့်ပါတယ်။Web designer တွေအနေနဲ့ responsive logo ကို SVG( Scalable Vector Graphics ) နဲ့ရေးဆွဲရင်ပိုအဆင်ပြေနိုင်မယ်။
မိမိတို့ရဲ့ Brand Logo တွေကို Device အမျိုးမျိုး screen size အမျိုးမျိုး မှာ သပ်သပ်ရပ်ရပ်ဖြစ်စေမယ့် responsive logo တစ်ခု ရှိသင့်ပါတယ်။
27/01/2021
ှာပါဝင်တဲ့_လူမသိသေးတဲ့_Features_&Software များ 🙂
(၁) Window 10 မှာတော့ shortcuts အသစ်လေးတွေပါဝင်လာပါတယ်။ Shortcuts ဆိုတာကတော့ သင်ကွန်ပျူတာမှာ ရှိတဲ့ Program တွေကို ဖွင့်ရာမှာ အဆင့်တစ်ဆင့်ချင်းစီမလုပ်ပဲ Keyword တစ်ခုကိုနှိပ်ပြီးခိုင်းစေတာမျိုးဖြစ်ပါတယ်။
• Windows Key + A ကိုနှိပ်မယ်ဆိုရင် Action Center ကိုအမြန်ဆုံးရောက်ရှိမှာဖြစ်ပါတယ်။ Action Center ဆိုတာကတော့ ကွန်ပျူတာနဲ့ပတ်သက်တဲ့ Notification တွေကိုကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
• Windows Key + I ကိုနှိပ်မယ်ဆိုရင် Window Setting ကိုအမြန်ဆုံးရောက်ရှိမှာဖြစ်ပါတယ်။
• Window Key + Ctrl + D ကိုနှိပ်မယ်ဆိုရင် New Desktop တစ်ခုကို ထပ်ပြီးရရှိမှာဖြစ်ပါတယ်။
• Window Key + Ctrl + Arrow Key (Left/ Right/ Up/ Down) ကိုနှိပ်မယ်ဆိုရင် လက်ရှိအသုံးပြုနေတဲ့ဖိုင်ကို ဘယ်၊ ညာ၊ အပေါ်၊ အောက် အလွယ်တကူရွှေ့ပြောင်းနိုင်မှာဖြစ်ပါတယ်။
• Window Key + T ကိုနှိပ်မယ်ဆိုရင် Task bar မှာရှိတဲ့ ဖွင့်ထားသော File တွေကို Highlight အဖြစ်ပြသပေးမှာဖြစ်ပါတယ်။
• Window Key + G ကိုနှိပ်မယ်ဆိုရင် Game Bar ကိုအမြန်ဆုံးရောက်ရှိသွားမှာဖြစ်ပါတယ်။ Game Bar မှာဆိုရင် Screenshot ရိုက်တာတွေ၊ Screen Record လုပ်တာတွေ၊ Broadcast လုပ်တာတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
(၂) Window 10 မှာတော့ Reset this PC ဆိုတဲ့ Feature အသစ်လေးပါဝင်လာပါတယ်။ ဒီ Feature အသစ်လေးကတော့ ဖုန်းတွေမှာပါဝင်တဲ့ Reset လုပ်တဲ့ Feature နဲ့ဆင်တူပါတယ်။ ကွန်ပျူတာထဲမှာရှိတဲ့ File တွေကို အလွယ်တကူဖျက်ပစ်နိုင်မှာဖြစ်ပါတယ်။ ပြုလုပ်ပုံလေးကတော့ Window Key + I နဲ့ Setting Menu ကိုဝင်ပါ။ ပြီးရင်တော့ Update & Security ကိုနှိပ်ပါ။ ထိုမှတစ်ဆင့် Recovery ကိုနှိပ်ပါ။ ဘယ်ဘက်မှာ Reset This PC လို့ပေါ်ပါလိမ့်မယ်။ အဲ့ဒီအောက်မှ Get Started ကိုနှိပ်ပြီး Reset ပြုလုပ်နိုင်ပါတယ်။
(၃) Storage Sense ဆိုတဲ့ Feature အသစ်လေးကတော့ ကွန်ပျူတာမှာ Storage တွေပြည့်နေတဲ့အခါမှာ မလိုအပ်တဲ့ File တွေကို အလွယ်တကူရှင်းပစ်နိုင်ပါတယ်။ ပြုလုပ်ပုံလေးကတော့ Window Key + I နဲ့ Setting Menu ကိုဝင်ပါ။ ပြီးရင်တော့ System ကိုနှိပ်ပါ။ ပြီးရင်တော့ Storage ကိုနှိပ်ပါ။ ဘယ်ဘက်မှာ Storage Sense အောက်မှာ On လုပ်ပြီး Free up space now ကိုနှိပ်ပြီး ပြုလုပ်နိုင်ပါတယ်။
(၄) အခုတလော Night Mode တွေခေတ်စားလာတော့ Window 10 မှာလဲ Night Mode လိုမျိုး Night Light ဆိုတဲ့ Feature လေးပါဝင်ပါတယ်။ သူကတော့ Night Mode လို ကာလာအမည်းကြီးဖြစ်သွားမှာမဟုတ်ဘဲ သူ့ရဲ့ရည်ရွယ်ချက်ကတော့ ကွန်ပျူတာကို ညအချိန်တွေမှာအသုံးပြုတဲ့အခါ မျက်လုံးကိုမထိခိုက်နိုင်အောင်ကာကွယ်ပေးပါတယ်။ ကိုယ်မျက်လုံးနဲ့အဆင်ပြေမယ့်အလင်းရောင်ကိုစိတ်ကြိုက်ချိန်ညှိနိုင်သလို အချိန်ကိုလည်း စိတ်ကြိုက်ချိန်လို့ရပါတယ်။
(၅) Snipping Tool ဆိုတဲ့ Software လေးကို Window 10 မှာ Build-in ပါဝင်လာတာကိုတော်တော်များများသတိမထားမိကြပါဘူး။ အဲ့ Software လေးကတော့ Screenshot ရိုက်တဲ့ Software လေးပဲဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားချက်က ကိုယ်လိုချင်တဲ့ နေရာကိုပဲရွေးပြီး Screenshot ရိုက်နိုင်မှာဖြစ်ပြီး အလွယ်တကူ Save နိုင်မှာဖြစ်ပါတယ်။ ပြုလုပ်ပုံလေးကတော့ Window Key ကိုနှိပ်ပြီး Snipping Tool လို့ရိုက်ရှာပါ။ ပြီးရင် Software ထဲဝင်ပြီး အလွယ်တကူ Screenshot ရိုက်နိုင်မှာဖြစ်ပါတယ်။
(၆) နောက်ထပ်အသုံးဝင်မယ့် Software လေးကတော့ Steps Recorder ပဲဖြစ်ပါတယ်။ သူကတော့ Screen Record လုပ်တဲ့ Software ဖြစ်ပြီး အလွယ်တကူ ပြန် Save နိုင်မှာလည်းဖြစ်ပါတယ်။ ) ပြုလုပ်ပုံကတော့ Window Key ကိုနှိပ်ပြီး Steps Recorder လို့ရိုက်ရှာပါ။ ပြီးရင် Software ထဲဝင်ပြီး အလွယ်တကူ Screen Record လုပ်နိုင်မှာဖြစ်ပါတယ်။
(၇) Window 10 မှာတော့ Notification Center ကို Customize လုပ်လို့ရပါတယ်။ အဲ့ဒီ Feature ကတော့ တော်တော်အဆင်ပြေပါတယ်။ ကိုယ့်အတွက်အရေးကြီးတဲ့ Program တွေကို Notification Center ရဲ့အပေါ်မှာတင်ထားနိုင်မှာဖြစ်ပါတယ်။ ပြုလုပ်ပုံလေးတွေကတော့ Window Key + I နဲ့ Setting Menu ကိုဝင်ပါ။ ပြီးရင်တော့ Notification & actions ကိုနှိပ်ပါ။ ဘယ်ဘက်မှာ Notification လေးတွေကို အကွက်လေးတွေနဲ့ ဖော်ပြထားပြီး ကိုယ်ထားချင်တဲ့ Program ကိုဖိပြီးနေရာရွှေ့ပြောင်းနိုင်သလို အောက်မှာ Add or remove quick actions ကိုနှိပ်ပြီး စိတ်ကြိုက် program တွေကို ဖြုတ်နိုင်တတ်နိုင်ပါတယ်။
(၈) နောက်ဆုံးတစ်ခုက Window Defender ဆိုတဲ့ Build-in ပါတဲ့ Feature လေးပါ။ သူကတော့ Window 10 ရဲ့ Security ပိုင်းကိုအဓိကတာဝန်ယူရပြီး Virus တွေကို ကွန်ပျူတာထဲမဝင်အောင် အဓိကတာဝန်ယူလုပ်ဆောင်ပါတယ်။ သံသယဖြစ်ဖွယ် file တွေ၊ Link တွေကို ကွန်ပျုတာရဲ့ System ထဲကိုမရောက်အောင်တားဆီးပေးပြီး ဖြစ်နိုင်ရင် Window Defender ကိုအမြဲ Update လုပ်သင့်ပါတယ်။
သူငယ်ချင်းများ အားလုံးလွယ်ကူအဆင်ပြေကျပါစေ။
#မူရင်းရေးသားသူအား_ေလးစားစွာ
ေးပါသည်။
24/10/2020
Microsoft က windows 7 ကို support မလုပ်တော့တဲ့နောက် windows 10 ကိုလူတိုင်းသုံးလာရပါတယ်..
ဒီလို သုံးလာကြတဲ့ windows 10 နဲ့ပတ်သက်ပြီး တော်တော်များများမသိနိုင်တဲ့ tip & trick အချို့ကို ဖော်ပြပေးလိုက်ပါတယ်...
#1. Secret Start Menu
သင်က အရင် windows ပုံစံကိုပဲသဘောကျတဲ့သူတစ်ယောက်ဆိုရင် windows 10 မှာ Start Menu ပျောက်သွားတာကို သဘောမကျမှာ အသေအချာပါပဲ..ဒါပေမယ့် start menu က မပျောက်ပါဘူး..
ဖျောက်ထားတာပါ.။ screen ရဲ့ ဘယ်ဘက်အောက်ထောင့်မှာရှိတဲ့ windows icon လေးကို right click လိုက်ရင် သင်အရင်ကအသားကျပြီးသားဖြစ်တဲ့ Start Menu လေးပေါ်လာပါလိမ့်မယ်..
#2. Show Desktop Button
ဒါကတော့ အရင် windows 7 ကပုံစံအတိုင်းပါပဲ..ဒါပေမယ့် ပိုကောင်းအောင်လုပ်ထားပါတယ်..
Screen ရဲ့ ညာဘက်အောက်ထောင့်က notification icon လေးရဲ့ဘေးမှာရှိပါတယ်..ရုတ်တရက်ကြည့်ရင်မမြင်ရပါဘူး သေသေချာချာလေးဂရုစိုက်ကြည့်မှ မြင်ရပါလိမ့်မယ်။ ဒီ button လေးကတော့ ဖွင့်ထားတဲ့ windows တွေကို minimize လုပ်ပြီး desktop ကိုတန်းရောက်ချင်ရင် နှိပ်ဖို့ဖြစ်ပါတယ်..
#3. Enable Slide to Shutdown
ဒါကတော့ computer ကို ဒီတိုင်း ရိုးရိုးတန်းတန်း shutdown မလုပ်ချင်တဲ့သူတွေအတွက် အပျင်းပြေစမ်းကြည့်နိုင်တဲ့ trick ပါ…
Desktop > Right click > New > Shortcut ဆိုပြီးနှိပ်လိုက်ပါ၊ ပြီးရင် pop up window အသေးလေးပေါ်လာပါလိမ့်မယ်၊ ပေါ်လာရင် ဒီ code လေးထည့်လိုက်ပါ..
%windir%\System32\SlideToShutDown.exe
ထည့်ပြီးသွားရင် desktop ပေါ်မှာ ကြိုက်တဲ့နာမည်ပေးထားလို့ရတဲ့ icon လေးပေါ်လာပါလိမ့်မယ်။အဲ့ icon လေးကို နှစ်ချက်နှိပ် ၊ ပေါ်လာတဲ့ shade လေးကို screen အဆုံးထိဆွဲချလိုက်ရင် shutdown ကျသွားပါလိမ့်မယ်...။
နောက်ထပ် trick တွေအများကြီးရှိသေးပေမယ့် စာရှည်သွားရင် ဖတ်ရတာပျင်းမှာဆိုးလို့ ဒီလောက်နဲ့ပဲရပ်လိုက်ပါတယ်..
နောက်အခေါက်တွေကြုံရင်တင်ပေးသွားပါဦးမယ်…
Crd မှ
တစ်ဆင့်ပြန်လည်မျှဝေပါသည်။
မူရင်းလင့်
https://www.facebook.com/864200080331787/posts/3185460641539041/
26/08/2020
USB Stick ထဲမှ Shortcut virus သတ်နည်း
++++++++++++++
shortcut virus မကိုက်ခံဖူးတဲ့လူကတော့မရှိသလောက်ပဲထင်တယ်
ကျွန်တော်တို့ webpage တွေကို download ချတာများရင် shortcut virus ထိပါတယ်
formatချလည်းမသေပါဘူး shortcut 1shortcut2....ဆိုပြီးပြန်ထွက်လာတာပဲ
ပြောရင်ယုံမလားမသိဘူးကျွန်တော်ကွန်ပျူတာကိုအန်တီဗိုင်းရပ်မသုံးတော့ဘူးဗျ
ဒင်းကဗိုင်းရပ်ထက်တောင်ပိုဆိုးနေတယ် setup ဖိုတွေ တစ်ခုမှဖွင့်မရတော့ဘူးးး :(
တစ်နေ့က ၀င်းဒိုးပြန်တင်တော့စော့ဝဲလေးတွေတစ်ခုမှသွင်းမရတော့ဘူး
virus ဆိုတာကautorunကနေ စေခိုင်းချက်အရလုပ်နေရတာပါ ဒီ autorun သာပိတ်ထားရင် မသွားနိုင်ပါဘူး
autorun ကိုအရင်ပိတ်လိုက်ရအောင်
for window 7
+++++
start>search box မှာ autoplayလို့ရိုက်ပါ ထိပ်ဆုံးမှာပဲ autoplay လို့ထွက်လာပါလိမ့်မယ်
အဲ့မှာdouble click လိုက်ပါ ထိပ်ဆုံးမှာUSe AutoPlay for all media and devices မှာအမှန်ချစ်ဖြုတ်ပေးလိုက်ပါ
အောက်ဆုံးက save မှာကလစ်ရင်ရပါပီ
နောက်တစ်နည်း
+++++
run box မှာ >gpedit.msc လို့ရိုက်အန်းတားခေါက်Anministrative Templates>Windows Componentsမှာ double click လိုက်ပါ
ညာဘက်မှာ Autoplay policies ကိုdouble click ထပ်ပေးပါ
အဲ့မှာ Enabled ကိုရွေးပေးပီးအောက်ဆုံးက apply >OK ကိုကလစ်ပေးပါ
User Configuration မှာလည်းအထက်ပါအတိုင်းလုပ်ဆောင်ပေးပါ
for window XP
+++++++++
ဒါက XP ပိတ်နည်းပါ 8ကတော့မသုံးဖူးလို့မသိပါခင်ဗျာ
၁။ပထမဆုံး run ထဲကိုသွားပြီးGpedit.mscလို့ရိုက်လိုက်ပါ။
၂။Computer Configuration ထဲက Administrative Templates ကိုကလစ်ပြီးexpand လုပ်
လိုက်ပါ။
၃။Systemကို double ကလစ်ပါပြီးရင်Settings pane ထဲရောက်သွားပါလိမ့်မယ်။
အဲဒီထဲကမှ Turn off Autoplay ရွေးပါ။
၄။ပြီးရင် setting ထဲက disabled ကိုရွေးပြီးရင် apply ၊ ok နှိပ်ထွက်ပါ။
အဆိုautorun ပိတ်သွားပါပြီ
ကျွန်တော်အစက bat လေးပဲပေးမလို့သတ်နည်းကောတစ်ခါထည်းပြောပြပါ့မယ် တခြားဗိုင်း၇ပ်တွေလည်းဒီနည်းနဲ့ပဲသတ်နိုင်ပါတယ်
stick ကိုထိုးထားနော်
အရင်ဆုံး C:(window တင်ထားသည့်drive)>windows>System32 ထဲကCMD မှာ right click ထောက်ပါ
run as administrator ကိုကလစ်ပီးဖွင့်ပေးပါ
ကဲစပြီအမဲရောင် screen ကနေအလုပ်လုပ်ရမှာပါ
အရင်ဆုံး
attrib -r -h -s /s /d /l F:\*.tmp
(/l အယ်နော် အိုင်မဟုတ်ဘူး)
လို့ရိုက်ပီးအန်းတားခေါက်ပါ(Fနေရာမှာ memory stick ရဲ့ Drive ကိုထည့်ပေးပါ အောက်မှကွန်မန်းများအားလုံးတွင်လည်းပြောင်းပေးပါ)
ပြီးရင် mycomputer ထဲက memory stick ကိုသွားကြည့်လိုက်ပါ နာမ်မည်နောက်ဆုံးမှာ .tmp ပါတဲ့ဖိုင်တွေထွက်လာပါလိမ့်မယ်
အဲ့ကောင့် shift delete နဲ့ရဲရဲသာဖြတ်ပလိုက်ပါ
(ရှင်းလင်းချက်(မဖတ်ချင်ရင်ကျော်သွားနိုင်ပါတယ်)။ ။ attrib ကattribute လုပ်တာပါ သိချင်ရင် dectionary ၀ယ်ဖတ်ပါ :) -r ဆိုတာက read only ကိုဖြုတ်တာပါ
တခြားလူတစ်ယောက်က read only လုပ်ထားတဲ့ဖိုင်ကိုပြင်လို့မရပါဘူး +r ဆိုရင်တော့ read only သတ်မှတ်လိုက်တာပေါ့ဗျာ
-h ဆိုတာ က hidden ဖြစ်နေတဲ့ ဖိုင်ကိုပြန်ဖော်တာပါ +hဆိုရင် hidden ဖြစ်အောင်လုပ်လိုက်တာပါ foloder and search option ကနေပြင်ရင်လည်းမမြင်နိုင်တော့ပါဘူး
-s ဆိုတာက system file လို့သတ်မှတ်လိုက်တာပါ system file ကိုယူစာကဖြတ်လို့မရပါဘူးး
ဟုတ်ကောဟုတ်လားမသိဘူးအရင်ကအလွတ်ကျက်ထားတာလေးတွေဟီးဟီးးး
အပေါ်ကလို my computer ကနေသွားမဖျက်ချင်ရင်အောက်ကလိုရိုက်လို့ရပါတယ်
del F:\*.tmp /s /f /a
လို့ရိုက်ပြီးအန်းတားခေါက်လိုက်ပါ
(ရှင်းလင်းချက်(မဖတ်ချင်ကကျော်သွားနိုင်ပါတယ်)။ ။del ဆိုတာကဖြတ်ဖို့ ပြောတာပါ *.tmp က .tmp နဲ့ဆုံးတဲ့နာမ်မည်အကုန်လို့ဆိုလိုပါတယ်
*.exe ဆိုရင် နောက်ဆုံး .exe နဲ့ဆုံးတာအကုန်ပြတ်သွားပါမယ် မလုပ်နဲ့နော်.ဟီးး /s /f /a ကတော့ကျတော်ရှင်းပြတာထက်ကိုတိုင်ပဲ ဖတ်လိုက်နော်
[ဒါကိုအားလုံးပြီးမှစမ်းနော်]del /? လို့ရိုက်ပီးအန်းတားခေါက်လိုက်ပါ အဆိုရင် /s /f /a အကြောင်းရှင်းပြထားပါလိမ့်မယ်)
အောက်ကcommand တွေဆက်ရိုက်ပါဦး မရှင်းပြတော့ဘူးနော်
attrib -r -h -s /s /d /l F:\*.db
ရိုက်ပီးအန်းတားခေါက်ပါ
del F:\*.db /s /f /a
ရိုက်ပီးအန်းတားခေါက်ပါ
attrib -r -h -s /s /d /l F:\*.db
ရိုက်ပီးအန်းတားခေါက်ပါ
del F:\*.lnk /s /f /a
ရိုက်ပီးအန်းတားခေါက်ပါ
ဒါဆိုရင် shortcut ရဲ့ source လေးတွေပြတ်လောက်ပီထင်ဒယ်
နောက်ဆုံးတစ်ကြောင်း
attrib -r -h -s /s /d /l F:\*.*
ရိုက်ပီးအန်းတားခေါက်ပါ
အပေါ်ကအကြောင်းကိုရိုက်လိုက်ရင်ပြောက်နေတဲ့ဖိုင်တွေထွက်လာပါလိမ့်မယ်
*.* ဆိုတာရှိသမျှဖိုင်အကုန်လုံးလို့ဆိုလိုပါတယ်
ဒါဆိုရင်သေလောက်ပီထင်တယ်ဗျာ...
yatsauktarlay