Polyglot

Polyglot We will help you to become a polyglot

Korean speaking partner club for you ….ကိုရီးယားစာတွေ သင်ထားပြီး ပြောစရာ အဖော်မရှိလို့ စကားပြောမထွက်ဘဲ ဖြစ်နေတဲ့ သူလေးတွ...
04/01/2023

Korean speaking partner club for you ….

ကိုရီးယားစာတွေ သင်ထားပြီး ပြောစရာ အဖော်မရှိလို့ စကားပြောမထွက်ဘဲ ဖြစ်နေတဲ့ သူလေးတွေရှိလားဟင်?
ဒါဆိုရင်တော့ Korean Speaking Partner for you ဆိုတဲ့ မင်မင့်ရဲ့ program အသစ်လေးကနေ ကြိုဆိုချင်ပါတယ် ။ဒီ club မှာတော့ စနေ တနင်္ဂနွေ အားလပ်ရက်မှာ မင်မင်နဲ့ အတူ ပေ့ါ့ပေါ့ပါးပါးစကားပြောလေးတွေ လေ့ကျင့်ရမှာဖြစ်ပါတယ်

*ဒီ club မှာ ဘယ်လိုတွေ လေ့ကျင့်ရမှာလဲ ?
အပတ်တိုင်းမှာ မင်မင်နဲ့ အတူ စိတ်ဝင်စားစရာ topic တွေ အပြင် ကိုရီးယားနိုင်ငံမှာ hot ဖြစ်နေတဲ့ topic တွေကို discussion ပုံစံမျိုးနဲ့ zoom ကနေ တစ်ဆင့် လေ့ကျင့်ကြမှာဖြစ်ပါတယ်

*ဘယ်လောက် level ဆို ပါဝင်လေ့ကျင့်နိုင်မှာလဲ?
Basic Grammar ကို အနည်းကျဉ်းနားလည်ထားပြီး
ဆိုရင် ဒီ club မှာ လေ့ကျင့်လို့ရပါပြီ ။

*ဒီclub ကို ဘာကြောင့် joinသင့်တာလဲ?
မင်မင်တို့ရဲ့Dream ဖြစ်တဲ့ ကိုရီးယားနိုင်ငံဟာ အင်္ဂလိပ်ဘာသာစကားနဲ့ တခြားသော ဘာသာသကားတွေထက် မိခင် ဘာသာစကားဖြစ်တဲ့ ကိုရီးယားစကားကိုသာ အသုံးပြုကြတာကြောင့် ကိုရီးယားနိုင်ငံကို သွားရောက်ဖို့ အိပ်မက်ရှိတဲ့ သူတွေ အနေနဲ့ ကိုရီးယားစကားကို ကျွမ်းကျင်စွာ တတ်မြောက်သွားဖို့ လိုအပ်ပါတယ် ဒါအပြင့် ကျောင်းတက်ရင်း part time လုပ်ဖို့ စဉ်းစားထားသူတွေ အနေနဲ့လည်း သေချာပေါက် ကိုရီးယားစကားတတ်မြောက်ထားဖို့လိုအပ်ပါတယ်

*ဒီclub ကို ဝင်ပြီးရင် ဘာအကျိုးကျေးဇူးတွေ ရနိုင်မှာလဲ.?
မင်မင်က topic တစ်ခုရဲ့ ခေါင်းစဉ်ကို ပြောပြတိုင်း ဒီ topic နဲ့ သက်ဆိုင်တဲ့ vocab တွေ ပြောပုံပြောနည်းလေးတွေကို တစ်ခါတည်း လေ့ကျင့်ပေးမှာမို့ စကားပြောကတော့ တိုးတက်လာမှာ အသေအချာပါပဲ ။
လူငယ်အချင်းချင်း အတွေးအမြင်တွေ မျှဝေရင်း ပျော်ပျော်ရွှင်ရွှင် ဆွေးနွေးကြမှာ ဖြစ်တာမို့ စာသင်နေသလို မခံစားရဘဲ သူငယ်ချင်းတွေ စုပြီး စကားပြောရင်း တစ်ပတ်တာ အမောတွေ ဖြေကြသလိုခံစားရစေမှာပါ ။

*ဘယ်သူက lead လုပ်ပြီး ဆွေးနွေးပေးမှာလဲ?
ဒါကတော့ မင်မင်ပါ ။ မင်မင်ရဲ့ profile အနေနဲ့ကတော့ ၂၀၁၈ ခုနှစ်မှာ Korea စာကို စတင်လေ့လာခဲ့ပြီး ၂၀၂၂ ခုနှစ် တောင်ကိုရီးယား သံရုံးက ကျင်းပပြုလုပ်ခဲ့တဲ့ 84th TOPIK စာမေးပွဲမှာ အမြင့်ဆုံး Level 6 ကို ရရှိခဲ့ပါတယ် ။ ဒါ့အပြင် အရင် ကိုရီးယားစကားပြောclub တွေမှာလည်း ဦးဆောင်ခဲ့ရုံသာ မက မင်မင်ရဲ့ အသံနေ အသံထားနဲ့ စကားပြောပိုင်နိုင်မှုကိုတော့ Dreams’ Blossom နဲ့ Polyglot က စကားပြော video အတိုလေးတွေမှာ နားထောင်ကြည့်ရှုနိုင်ပါတယ် …

Club fees ကရော ?
Fees အတွက်ကတော့ ကျောင်းသူကျောင်းသားတွေပ် တက်ရောက်နိုင်အောင် အသက်သာဆုံးနှုန်းထားဖြစ်တဲ့ တစ်လကို ၂၅၀၀၀ကျပ်ထဲနဲ့ ပါဝင် လေ့ကျင့်နိုင်မှာဖြစ်ပါတယ်
ကဲ စိတ်ဝင်စားတယ် ဆိုရင်တော့ Dreams’ Blossom page messenger ကို အမြန်ဆုံး လာရောက်ဆက်သွယ်လိုက်တော့နော်
စကားပြော club ဖြစ်တာကြောင့် လူအများကြီးလည်း လက်ခံမှာ မဟုတ်တာမို့ အမြန်ဆုံး လာရောက် ဆက်သွယ်လိုက်ပါနော်

Started Date : 14.1.2023
Club Fees : 25000/ month
Club time : 5:30-6:30
Duration : 4 weeks

지금이 힘들어하고 있는 여러분에게 이말이 꼭 하고 싶으세요.ပင်ပန်းခက်ခဲနေကြတဲ့ အားလုံကို ဒီစကားလေး သေချာပေါက် ပြောပြပေးချင်ပါတယ် ။영원한 건 없어요.ထာဝရဆိ...
08/12/2021

지금이 힘들어하고 있는 여러분에게 이말이 꼭 하고 싶으세요.
ပင်ပန်းခက်ခဲနေကြတဲ့ အားလုံကို ဒီစကားလေး သေချာပေါက် ပြောပြပေးချင်ပါတယ် ။

영원한 건 없어요.
ထာဝရဆိုတာ ဘာမှ မရှိပါဘူး ။

그러니까 조금만 힘내세요 .
ဒါကြောင့် ခဏလောက်ပဲ အားတင်းထားပါ ။

모든거 다 괜찮을 거예요 .
အကုန်လုံး အဆင်ပြေသွားမှာပါ ။

19/09/2021

အားလုံးပဲ မင်္ဂလာပါ 🤩ဒီနေ့မှာတော့ မင်မင် အရမ်းကြိုက်တဲ့ ဗီယက်နမ် အဆိုတော်Orange နဲ့ feat by Khói,Châu Đăng Khoa တို့ သီဆိုထားတဲ့နာမည်ကြီး ဗီယက်နမ်သီချင်းChân Ái အချစ်စစ်ဆိုတဲ့ သီချင်းလေးကို ဘာသာပြန်ပေးလိုက်ပါတယ်ရှင်💖💖
ခံစားနားဆင်ပေးပါဦးရှင်☺️☺️

สิ่งสำคัญยามเช้าမနက်ခင်းမှာလိုအပ်တဲ့အရာတွေ-น้ำเปล่าสักแก้วရေသန့်တစ်ခွက်-กาแฟหอมๆ1แก้วကော်ဖီမွှေးမွှေးလေးတစ်ခွက်-แสงแดดနေ...
25/05/2021

สิ่งสำคัญยามเช้า
မနက်ခင်းမှာလိုအပ်တဲ့အရာတွေ

-น้ำเปล่าสักแก้ว
ရေသန့်တစ်ခွက်

-กาแฟหอมๆ1แก้ว
ကော်ဖီမွှေးမွှေးလေးတစ်ခွက်

-แสงแดด
နေရောင်ခြည်

-เพลงที่เราชอบ
ငါကြိုက်တဲ့သီချင်းလေး

-การได้ยิ้มให้กับตัวเอง
ငါ့ရဲ့ကိုယ်ပိုင်အပြုံးလေး

-ความคิดด้านบวก
အကောင်းဘက်ကပဲမြင်‌‌တဲ့အတွေးလေး

credit-kidmakk

ครบรอบ 73 ปีวันเอกราชของพม่า၇၃ နှစ် ပြည့် မြန်မာ့လွတ်လပ်ရေးနေ့😍💘 # Polyglot
04/01/2021

ครบรอบ 73 ปีวันเอกราชของพม่า
၇၃ နှစ် ပြည့် မြန်မာ့လွတ်လပ်ရေးနေ့😍💘
# Polyglot

31/12/2020

여러분의 2021 년 목표는 뭐예요??
လူကြီးမင်းတို့ရဲ့ ၂၀၂၁အတွက် ရည်ရွယ်ချက်တွေက ဘာတွေလဲ?
저는 3까지가 있는데 ....

1.연애 하기
၁။ ရည်းစားထားမယ်

2.연애 하기
၂။ ရည်းစားထားမယ်

3.연애 하기..ㅋㅋㅋㅋ
၃။ရည်းစားထားမယ်...ခ်ခ်ခ်

31/12/2020

여러분 새해 복 많이 받으세요...

ความสำคัญของคำพูดစကားပြောရဲ့ အရေးကြီးပုံခြေထောက်ကို မထိန်းနိုင်သဖြင့် ငှက်တို့ ပိုက်ကွန်၌ မိကွ၏။พวกนกต้องจับในกรง เพราะว...
23/12/2020

ความสำคัญของคำพูด
စကားပြောရဲ့ အရေးကြီးပုံ

ခြေထောက်ကို မထိန်းနိုင်သဖြင့် ငှက်တို့ ပိုက်ကွန်၌
မိကွ၏။
พวกนกต้องจับในกรง เพราะว่าพวกมันไม่สามารถควบคุมความเร็วของขาตัวเอง

လျှာကို မထိန်းနိုင်သဖြင့် လူတို့ အန္တရာယ်၌ ငြိကြ၏။
พวกมนุษย์ต้องเจออันตราย เพราะว่าพวกมันไม่สามารถควบคุมคำพูดของตัวเองที่มาจากลิ้น

source- ဖေမြင့်
แหล่งที่มา-เผ่เมี่ยง

#มัทนา

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Polyglot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category