CHALK Learning Platform

CHALK Learning Platform Sharing Knowledge about Teaching & Education
Supporting Teachers and Educators

04/11/2025
"ကမ္ဘာ့ဆရာများနေ့"
05/10/2025

"ကမ္ဘာ့ဆရာများနေ့"

"သင်ခန်းစာပြင်ဆင်ခြင်း ၂"*************************သင်ခန်းစာတခုပြင်ဆင်တဲ့အခါ အသိ သီးသန့်ပဲမဟုတ်ဘဲ ခံစားမှုတွေ၊ စိတ်ကူးစိတ...
15/01/2025

"သင်ခန်းစာပြင်ဆင်ခြင်း ၂"
*************************
သင်ခန်းစာတခုပြင်ဆင်တဲ့အခါ အသိ သီးသန့်ပဲမဟုတ်ဘဲ ခံစားမှုတွေ၊ စိတ်ကူးစိတ်သန်းတွေနဲ့ ဆန်းကြယ်မှုတွေ၊ တီထွင်ဖန်တီးမှုတွေ၊ ပုံပြင် သို့မဟုတ် ဇာတ်ကြောင်းပြောပြခြင်းတွေနဲ့ ပုံရိပ်ထင်စေခြင်း နဲ့ ပုံဆောင်ပြစကားတွေပါ ထည့်သွင်းစဉ်းစား ပြင်ဆင်လေ့ရှိပါတယ်။ အဲ့ဒီလိုပြင်ဆင်ခြင်းက ပျော်စရာလည်းကောင်း၊ စိတ်ဝင်စားဖို့လည်းကောင်းပြီး ပိုပြီးလည်းမှတ်မိစေပါတယ်။
"စိတ်ကူးမပါရင် စိတ်လှုပ်ရှားမှုမပါရင် အသိဟာ လူ့အဓိပ္ပါယ်နဲ့ ဆက်မနေဘူး" လို့ ဆိုထားတဲ့အတွက် သင်ခန်းစာပြင်ဆင်ခြင်းမှာ စိတ်လှုပ်ရှား ခံစားမှုတွေကို ထင်ဟပ်ဖြစ်ပေါ်စေတဲ့ အစီအစဉ် နဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းပြင်ဆင်သင့်ပါတယ်။
🤔🤔🤔 ဒါဆိုရင် ခံစားမှုတွေထင်ဟပ်စေအောင် ဘယ်လိုပြင်ဆင်လေ့ရှိကြသလဲ 🤔🤔🤔🤔🤔
စိတ်လှုပ်ရှားခံစားမှုတွေကို သင်ခန်းစာထဲမှာ ထည့်သွင်းပြင်ဆင်လေ့ရှိတဲ့ နည်းလမ်းလေးတခုကို ရည်ညွှန်းဖော်ပြချင်ပါတယ်။
ဒီပြင်ဆင်မှုက "Mythic Planning Framework" ကို အခြေပြုထားပါတယ်။
👉👉👉 ပထမဆုံးအနေနဲ့ အရေးကြီးမှုကို ရှာဖွေပါတယ်။ ဒီအကြောင်းအရာမှာ ခံစားမှုအရဘာအရေးကြီးသလဲ? ဘယ်လို စိတ်လှုပ်ရှားမှုနဲ့ စိတ်ဝင်စားမှု ဖြစ်စေနိုင်လဲ? ဘာကြောင့်အရေးကြီးသလဲ? စတဲ့အချက်တွေကို ရှာဖွေဖော်ထုတ်ပါတယ်။ ဒီအချက်တွေကို သင်ခန်းစာရဲ့ ဘယ်အပိုင်းမှာ ဘယ်လိုထည့်သွင်းမလဲစဉ်းစားရပါတယ်။
👉👉👉 နောက်တဆင့်အနေနဲ့ သင်ခန်းစာကို ပုံပြင်ပြောသလိုပြောမယ်လို့ တွေးကြည့်ပါ။ သင်ခန်းစာပါအကြောင်းအရာတွေမှာ ဘယ်အရာတွေက စိတ်လှုပ်ရှားအံအားသင့်စရာဖြစ်မလဲ၊ ဆန့်ကျင်ဘက်အတွေးအမြင်တွေ ပါဝင်သလား၊ ဘာတွေလဲ စတာတွေကို စဉ်းစားကြည့်ပါ။
👉👉🤛 ပြီးရင်တော့ ပုံရိပ်တွေ ပုံဆောင်ပြစကားတွေနဲ့ ဇာတ်ကြောင်းကို ရှာပြီး ဖန်တွးတည်ဆောက်ပါတယ်။
👉👉👉 ပုံပြင်တစ်ပုဒ်လို စ၊လယ်၊ဆုံး ညီညွတ်စေဖို့ သင်ခန်းစာကို တည်ဆောက်ပါ။ ဘယ်လိုသင်မလဲ၊ ဘယ်လိုပြောမလဲ၊ ဘယ်လိုသင်ယူမှုလုပ်ငန်းစဉ်တွေ အဆင့်ဆင့်ထည့်သွင်းသွားမလဲ၊ စိတ်ကူးဥာဏ်ကွန့်မြူးနိုင်အောင် ဘယ်လို ဖန်တီးသွားမလဲ အစရှိတာတွေကို စဉ်းစားပြီး သင်ခန်းစာကို အစီအစဉ်ချလုပ်ဆောင်ပါတယ်။
သင်ခန်းစာကို ဘယ်လိုအဆုံးသတ်မလဲ၊ ဘယ်အတိုင်းအတာအထိရှင်းပြဆွေးနွေးကြမလဲ၊ မတူကွဲပြားတဲ့အမြင်တွေရဲ့ တင်းအားကို ဘယ်လိုဖြေလျော့မလဲ စတာတွေပေါ်အခြေပြုပြီး သင်ခန်းစာရဲ့ နိဂုံးပိုင်းကို ပြင်ဆင်ပါတယ်။
(သင်ခန်းစာအစီအစဉ်နဲ့ လုပ်ငန်းစဉ်တွေကိုတော့ အသင့်တော့ဆုံးဖြစ်မယ့် ပုံစံ၊ နည်းလမ်းနဲ့ အစီအစဉ်ကို ရွေးချယ်အသုံးပြုပြင်ဆင်နိုင်ပါတယ်)
👉👉👉 အဲ့ဒီနောက်မှာတော့ နားလည်သိရှိမှုကို ဘယ်လိုတိုင်းတာ အကဲဖြတ်နိုင်မလဲ၊ ဘယ်လိုသိနိုင်သလဲ စတဲ့ အကဲဖြတ်ခြင်းကို လုပ်ဆောင်လေ့ရှိပါတယ်။ အဆင်ပြေအသင့်တော်ဆုံးဖြစ်မယ့် အကဲဖြတ်မှုနည်းလမ်းတွေကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ပြီးရင်တော့ သင်ခန်းစာကို အဆုံးသတ်ပေးနိုင်ပါပြီ။
ဒါတွေကတော့ စိတ်လှုပ်ရှားခံစားမှုတွေပါဝင်ပြီး ပုံပြင် (သို့) ဇာတ်ကြောင်းပြောပုံစံနဲ့ သင်ခန်းစာတခုကို တည်ဆောက်ပြင်ဆင်လေ့ရှိတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။
သတိပြုစရာတခုကတော့ တချို့ အကြောင်းအရာနဲ့ ဘာသာရပ်တွေအတွက် ခံစားမှုတွေ ဘယ်လိုထည့်သွင်းမလဲ၊ ပုံပြင် (ဇာတ်ကြောင်း) ဘယ်လိုတည်ဆောက်မလဲ၊ ဆန်းကျယ်အံ့အားသင့်စရာ၊ စိတ်လှုပ်ရှားစရာတွေကို ဘယ်လိုရှာဖွေမလဲ၊ ဆန့်ကျင်ဘက်အတွေးအမြင်တွေ၊ စိတ်ကူးစိတ်သန်းတွေကို ဘယ်လိုဖော်ထုတ်မလဲ၊ ဘယ်လိုဖြစ်ပေါ်စေနိုင်မလဲဆိုတာ စဉ်းစားရတာ အခက်အခဲရှိနိုင်ပါတယ်။ ဖော်ပြပါနည်းလမ်းတွေကို အသုံးပြုရခက်ခဲစေနိုင်တာမျိုးရှိနိုင်ပါတယ်။
ဘယ်လိုပဲ ဖြစ်ပါစေ အသိတွေချည်းပဲ မဟုတ်ဘဲ ခံစားမှုတွေကိုပါ ထိတွေ့ထင်ဟပ်စေနိုင်အောင် သင်ခန်းစာကို ပြင်ဆင်ရင်း လေ့လာသင်ယူရတာဟာ ပျော်စရာလည်းကောင်းသလို အကျိုးသက်ရောက်မီုကောင်းတွေကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။
(ကိုးကား - စာသင်ကျောင်း၏ ​ပြဿနာများ နှင့် သိမြင်နားလည်ခြင်း၊ ကိုတာ)





#ကိုတာ

"သင်ခန်းစာပြင်ဆင်ခြင်း - ၁"✨✨✨✨✨✨✨✨✨✨✨💭💭💭သင်ခန်းစာတခုကို ပြင်ဆင်တဲ့အခါ နည်းလမ်းအမျိုးမျိုး၊ စနစ်အမျိုးမျိုးနဲ့ ပုံစံ ဒါမ...
13/01/2025

"သင်ခန်းစာပြင်ဆင်ခြင်း - ၁"
✨✨✨✨✨✨✨✨✨✨✨
💭💭💭သင်ခန်းစာတခုကို ပြင်ဆင်တဲ့အခါ နည်းလမ်းအမျိုးမျိုး၊ စနစ်အမျိုးမျိုးနဲ့ ပုံစံ ဒါမှမဟုတ် အစီအစဉ်အမျိုးမျိုးနဲ့ ပြင်ဆင်ရေးဆွဲလေ့ရှိကြပါတယ်။
သင်ကြားမယ့်ဘာသာရပ်နဲ့ အကြောင်းအရာ၊ သင်ယူလေ့လာသူတွေရဲ့အနေအထားပေါ်မူတည်ပြီး အသင့်တော်ဆုံးပုံစံနဲ့ နည်းလမ်းတွေသုံးပြီး ပြင်ဆင်​သင်ကြားကြပါတယ်။
💭💭💭ဒီလိုမတူညီတဲ့ ချဉ်းကပ်မှုတွေထဲက သင်ခန်းစာတခုပြင်ဆင်တဲ့အခါ စဉ်းစားထည့်သွင်းလေ့ရှိတဲ့ အစီအစဉ်တခုကို ပြောပြချင်ပါတယ်။ ဒီပြင်ဆင်မှုကတော့ "Explict Instruction" ကို အခြေခံပြီး ပြင်ဆင်တဲ့ပုံစံဖြစ်ပါတယ်။
💭💭💭သင်ခန်းစာတခုကို "I do, We do, You do" အစရှိတဲ့လုပ်ငန်းစဉ် (သို့မဟုတ်) အစိတ်အပိုင်းတွေပါဝင်အောင် ပြင်ဆင်တာပဲ ဖြစ်ပါတယ်။
🌟🌟🌟"I do..." ဆိုတာကတော့ သင်ကြားပို့ချသူရဲ့ အခန်းကဏ္ဍပိုင်းဖြစ်ပြီး သတင်းအချက်အလက်ပေးတာ၊ ဟောပြောပို့ချတာ၊ လိုအပ်တဲ့ ဗဟုသုတတွေ ဖြည့်ဆည်းပေးတာစတဲ့ အပိုင်းဖြစ်ပါတယ်။
🌟🌟🌟"We do...." ဆိုတဲ့အပိုင်းမှာတော့ သင်ယူသူတွေရဲ့ပါဝင်မှုလည်းပါဝင်လာပါတယ်။ သင်ကြားပို့ချသူက လိုအပ်သလောက်သာပါဝင်နေရာယူပြီး သင်ယူလေ့လာသူတွေနဲ့အတူတကွ လေ့လာလုပ်ဆောင်တဲ့ အစီအစဉ်တွေထည့်သွင်းတာပါ။ (Control Practice တွေနဲ့အနည်းငယ်ဆင်တူပါတယ်)
🌟🌟🌟"You do...." မှာတော့ သင်ယူသူတွေရဲ့ လုပ်ဆောင်မှု ဖြစ်သွားပါပြီ။ သင်ယူသူတွေကိုယ်တိုင် ဆွေးနွေး၊ အဖြေရှာ လုပ်ဆောင်ရတာမျိုးပါ။ (Free Practice တွေနဲ့ အနည်းငယ်ဆင်တူပါတယ်)
သင်ခန်းစာရဲ့ အစီအစဉ်နဲ့သင်ယူမှုလုပ်ငန်းတွေကိုတော့ သင်ခန်းစာရဲ့ရည်ရွယ်ချက်အပေါ်မူတည်ပြီး အလျဉ်းသင့်သလိုထည့်သွင်းပြင်ဆင်သွားနိုင်ပါတယ်။


💕💕💕 Happy New Year 💕💕💕.........     ............    ............ ............မကြာခင် ဖြတ်သန်းရတော့မယ့် "2025" ခုနှစ်ရဲ့ ...
31/12/2024

💕💕💕 Happy New Year 💕💕💕......... ............ ............ ............
မကြာခင် ဖြတ်သန်းရတော့မယ့် "2025" ခုနှစ်ရဲ့ နေ့ရက်တိုင်းမှာ ကံကောင်းပျော်ရွှင်ခြင်းတွေသာ ပိုင်ဆိုင်ရရှိပါစေကြောင်း " မြေဖြူခဲ" တို့က ဆုတောင်းပေးလိုက်ပါတယ်.........😘😘😘
🎈🎈🎈နှစ်သစ်မှာ အရင်ထက်ပိုကြိုးစားပြီး အားလုံးနဲ့ အတူရှိနိုင်အောင် ကြိုးစားသွားမယ့်အကြောင်းလည်း သတင်းကောင်းပါးလိုက်ပါရစေ🎈🎈🎈


#2025



"Education the mind without educating the heart is no education at all"credit:
29/12/2024

"Education the mind without educating the heart is no education at all"
credit:


"ထိရောက်တဲ့ သင်ယူမှု တခုဖြစ်စေသောအရာများ (သို့) ထိရောက်တဲ့ သင်ယူမှုတခုမှာ ဘာတွေပါဝင်သလဲ  (What shaped effective learning...
06/12/2024

"ထိရောက်တဲ့ သင်ယူမှု တခုဖြစ်စေသောအရာများ (သို့) ထိရောက်တဲ့ သင်ယူမှုတခုမှာ ဘာတွေပါဝင်သလဲ (What shaped effective learning?) "..........................................................................
သင်ယူမှုဆိုတာ တိုးတက်ပြောင်းလဲမှုတွေ ပါဝင်နေတဲ့ ဖြစ်စဥ်တခုဆိုတာကို သိရှိပြီးနောက်မှာ ထိရောက်တဲ့ သင်ယူမှုတခု ဖြစ်စေဖို့ ဘာတွေလိုအပ်သလဲ၊ ဘယ်လိုအကြောင်းအရာတွေ ပါဝင်နေသလဲ ဆိုတာဆက်လက်တင်ပြချင်ပါတယ်။ ထိရောက်ကောင်းမွန်တဲ့ သင်ယူမှု ဖြစ်စဥ်တခုဆိုတာ သင်ယူသူတွေအနေနဲ့ တိုးတက်ပြောင်းလဲလာမှုတွေရှိတဲ့ ဖြစ်စဥ်တခုလို့ အလွယ်တကူမှတ်သားနိုင်ပါတယ်။ ဒါကြောင့် သင်ယူသူတွေအတွက် အသိပညာပိုင်းဆိုင်ရာ၊ စိတ်နေသဘောထားနဲ့ ယုံကြည်မှုပိုင်းဆိုင်ရာ နဲ့ အမူအကျင့်ပိုင်းဆိုင်ရာ ပြောင်းလဲ ဖြစ်တည်မှုတွေရှိစေတဲ့ သင်ယူမှု တခုဟာ ကောင်းမွန်သော၊ ထိရောက်သော သင်ယူမှု ဖြစ်တယ်လို့ အပြန်အလှန်နားလည်နိုင်ပါတယ်။ ဒီလိုသင်ယူမှုကောင်းတခုဖြစ်စေဖို့ ဘယ်လိုအကြောင်းအရာ၊ အစိတ်အပိုင်းတွေပါဝင်ဆက်နွယ်နေသလဲ ဆိုတာ ဆက်လက်ဆွေးနွေးတင်ပြလိုပါတယ်။
သင်ယူမှုဖြစ်စဥ်တခုမှာ သင်ကြားပို့ချသူ၊ သင်ယူသူ နဲ့ သင်ယူမှု ဖြစ်စဥ်များ ပါဝင်နေတာကို ဆိုခဲ့ပြီးဖြစ်ပါတယ်။ သင်ယူမှုကောင်းတခုဖြစ်စေဖို့အတွက်လေ့လာကြည့်တဲ့အခါမှာလည်း သင်ကြားသူဘက်ကထည့်သွင်းပါဝင်ရမယ့် အစိတ်အပိုင်းတွေ၊ အကြောင်းအရာတွေ နဲ့ သင်ယူသူဘက်က ထည့်သွင်းပါဝင်ရမယ့် အကြောင်းအရာတွေလည်း ရှိနေပါတယ်။ အဲ့ဒီလို သင်ယူသူ နဲ့ သင်ကြားသူ နှစ်ဦးနှစ်ဖက်ကြား ရှိနေတဲ့ အခြေအနေတွေ၊ လိုအပ်သလို ဖန်တီးရယူလိုက်တဲ့ အခြေအနေတွေပေါ် မူတည်ပြီး သင်ယူမှုတခုကို ကောင်းမွန်ထိရောက်အောင် ပြင်ဆင်နိုင်ပါတယ်။
ပထမဦးဆုံး သင်ယူသူရဲ့ အခန်းကဏ္ဍကို ကြည့်ကြည့်ရအောင်ပါ။
သင်ယူသူဘက်က အခန်းကဏ္ဍကို ကြည့်မယ်ဆိုရင် အောက်ပါအချက်အလက်၊ အကြောင်းအရာတွေ ပါဝင်နေပါတယ်။
သင်ယူသူရဲ့ ရှိနှင့်နေပြီးသော အတွေ့အကြုံ၊ အသိပညာ ဗဟုသုတများ၊ ကျွမ်းကျင်မှုများ
သင်ယူသူတဦးချင်းအလိုက် သင်ယူလေ့လာပုံများ
သင်ယူသူများ၏ စိတ်အားထက်သန်မှု
သင်ယူရရှိမှုများကို ပြန်လည် အသုံးချနိုင်မှု အစရှိသဖြင့်ဖြစ်ပါတယ်။
သင်ယူများများ၏ ရှိနှင့်နေပြီးသော အတွေ့အကြုံ၊ ဗဟုသုတ နှင့် ကျွမ်းကျင်မှုများ
သင်ကြားပို့ချသူတယောက်ဟာ သင်ယူသူတွေမှာ ရှိနှင့်နေပြီးတဲ့ အတွေ့အကြုံများ၊ အသိပညာဗဟုသုတများ နှင့် ကျွမ်းကျင်မှုများ အကြောင်းကို မေ့ထားလို့မရပါဘူး။ ၄င်းအချက်အလက်၊ အကြောင်းအရာများဟာ ဆက်လက်လေ့လာမယ့် သင်ကြားမှု၊ သင်ယူမှု ဖြစ်စဥ်အတွက် အထောက်အကူအများကြီးဖြစ်စေပါတယ်။ သင်ယူသူတွေမှာ အသစ်သင်ယူလေ့လာရမယ့် အကြောင်းအရာနဲ့ ပတ်သတ်ဆက်နွယ်နေတဲ့ အတွေ့အကြုံတွေ နားလည်တတ်ကျွမ်းမှုတွေ ရှိနေနိုင်ပါတယ်။ ဒီလိုအတွေ့အကြုံ နဲ့ နားလည်တတ်ကျွမ်းမှုတွေဟာ အသစ်လေ့လာသင်ယူရမယ့်အကြောင်းအရာအပေါ် သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် သင်ယူမှုကောင်းတခုဖြစ်စေဖို့ ကြိုးပမ်းတဲ့အခါ သင်ယူသူတွေရဲ့ ရှိနှင့်နေပြီးတဲ့ အတွေ့အကြုံနဲ့ နားလည်တတ်ကျွမ်းမှုတွေကို ထည့်သွင်းစဥ်းစား ပြင်ဆင်ဖို့လိုအပ်ပါတယ်။
သင်ယူသူတဦးချင်းအလိုက်သင်ယူလေ့လာပုံများ
သင်ယူသူတွေမှာ မတူကွဲပြားတဲ့ သင်ယူလေ့လာသည့် ပုံစံများ၊ နည်းလမ်းများရှိကြပါတယ်။ သင်ယူမှုဖြစ်စဥ်တခု တည်ဆောက်တဲ့အခါမှာ မတူကွဲပြားတဲ့ သင်ယူလေ့လာသည့် နည်းလမ်းများကို ထည့်သွင်းစဥ်းစားပြီး ပြင်ဆင်တဲ့အခါ ပိုမိုထိရောက်စေနိုင်တာကို တွေ့ရှိနိုင်ပါတယ်။
*** သင်ယူသူများ၏ စိတ်အားထက်သန်မှု ***
သင်ယူမှုဖြစ်စဥ်တခုမှာ သင်ယူသူဘက်က စိတ်အားထက်သန်မှုအားကောင်းတဲ့အခါ ပိုပြီး ကောင်းမွန်ထိရောက်နိုင်ပါတယ်။ စိတ်အားထက်သန်မှုရှိတဲ့အခါ သင်ယူမှုဖြစ်စဥ်အပေါ် ပိုမိုအားစိုက် လေ့လာနိုင်တဲ့အတွက် ပိုပြီးထိရောက်စေနိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် သင်ယူလေ့လာခဲ့ရတဲ့အကြောင်းအရာ နဲ့ အတွေ့အကြုံတွေကို ဘယ်လိုစီစဥ်ပြီး ပြန်လည်အသုံးချနိုင်မယ်ဆိုတာကို ပိုပြီးတွေးတောဆင်ခြင်း နိုင်တာကြောင့် သင်ယူမှုဟာ ပိုပြီး အားကောင်းလာပါတယ်။ သင်ယူသူတွေ စိတ်အားထက်သန်မှုအားကောင်းလာအောင် သင်ကြားပို့ချသူဘက်က နည်းလမ်းအမျိုးမျိုးသုံးပြီး ကြိုးစားအားထုတ်ပေးရတာမျိုးလည်း ရှိတတ်ပါတယ်။ သင်ယူသူတွေရဲ့ စိတ်ပါဝင်စားမှုအားကောင်းလာအောင်၊ ကြိုးစားအားထုတ်မှု အားကောင်းလာအောင် စေ့စပ်ဆော်သြပေးရတတ်ပါတယ်။ အဲ့ဒီလိုသင်ယူသူတွေ စိတ်အားထက်သန်မှု အားကောင်းလာစေခြင်းဖြင့် သင်ယူမှု ဖြစ်စဥ်ကို ပိုပြီး အကျိုးရှိထိရောက်စေနိုင်ပါတယ်။
*** သင်ယူရရှိမှုများကို ပြန်လည်အသုံးချနိုင်မှု ***
သင်ယူသူတွေအနေနဲ့ တစုံတရာ သင်ယူရရှိပြီးတဲ့နောက်မှာ ၄င်းသင်ယူမှုများကို ပြန်လည်စီစဥ်အသုံးချနိုင်ခြင်းကလည်း သင်ယူမှုဖြစ်စဥ်တခုအတွက် အဓိကကျပါတယ်။ အသိပညာသော်လည်းကောင်း၊ အတွေးအမြင်သော်လည်းကောင်း၊ တတ်ကျွမ်းမှု တစုံတရာသော်လည်းကောင်း သင်ယူပြီးတဲ့နောက်မှာ ၄င်းသင်ယူရရှိမှုများကို လိုအပ်သလို စီမံခန့်ခွဲ အသုံးချနိုင်တဲ့အခါ သင်ယူမှုတခုဟာ ထိရောက်ကောင်းမွန်လာပါတယ်။ ဒီတော့ သင်ယူမှု အသစ်တွေဟာ သင်ယူသူတွေအတွက် ပြန်လည်အသုံးချနိုင်တဲ့အရာတွေ ဖြစ်နေဖို့လိုပါတယ်။ ပြန်လည်စီစဥ်အသုံးချနိုင်တဲ့ သင်ယူမှုတွေအပေါ် မှာ သင်ယူသူတွေဟာ လေ့လာသင်ယူဖို့ ပိုပြီး စိတ်အားထက်သန်လေ့ရှိပါတယ်။ စိတ်ပါဝင်စားလေ့ရှိပါတယ်။ တနည်းအားဖြင့် ပြန်လည်အသုံးချနိုင်ခြင်းဟာ သင်ယူသူတွေရဲ့ စိတ်အားထက်သန်မှုကိုလည်း လှုံ့ဆော်ပေးနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် သင်ယူမှုဖြစ်စဥ်တခု တည်ဆောက်တဲ့အခါ သင်ယူသူတွေအနေနဲ့ ဘယ်လိုပြန်လည်အသုံးချနိုင်သလဲ ဆိုတာကို ထည့်သွင်းစဥ်းစားရပါတယ်။ သင်ယူမှုတခုကို တိုင်းတာတဲ့အခါမှာလည်း သင်ယူသူတွေက သင်ယူရရှိမှုတွေကို ဘယ်လိုပြန်လည်စီစဥ် အသုံးချသွားနိုင်သလဲဆိုတာကို ထည့်သွင်းတိုင်းတာလေ့ရှိပါတယ်။ ဒါကြောင့် သင်ယူမှု ဖြစ်စဥ်မှာ သင်ယူမှုအပြီး ပြန်လည်အသုံးချခြင်းတွေပါ ပါဝင်တယ်လို့ ဆိုလို့ရတာကို တွေ့ရှိရပါတယ်။
ဒီအကြောင်းအရာတွေကတော့ ကောင်းမွန်ထိရောက်တဲ့ သင်ယူမှု တခုဖြစ်စေဖို့ သင်ယူသူနဲ့ သက်ဆိုင်တဲ့ အခန်းကဏ္ဍ၊ အကြောင်းအရာတွေ ဖြစ်ပါတယ်။ ဒီထက်မကတဲ့ အကြောင်းအရာတွေလည်းရှိနေနိုင်ပါတယ်။ ဆက်လက်လေ့လာပြုစုဖို့ လိုပါလိမ့်မယ်။
ဆက်လက်ပြီးတော့ သင်ကြားပို့ချသူဘက် အခန်းကဏ္ဍကို ကြည့်ရအောင်ပါ။
သင်ကြားပို့ချသူအနေနဲ့ သင်ယူမှု ဖြစ်စဥ်တခုကို ပိုမိုအားကောင်းစေအောင် အကြောင်းအရာအပေါ် နားလည်သိရှိမှု၊ သင်ကြားမှုနည်းလမ်းများနားလည်တတ်ကျွမ်းမှု၊ စိတ်ရင်းစေတနာအပြည့်ဖြင့် အားစိုက်လုပ်ဆောင်မှု အစရှိတာတွေ ကျင့်သုံးလုပ်ဆောင်ဖို့လိုအပ်ပါတယ်။
သင်ယူသူတယောက်ရဲ့ သင်ကြားပို့ချမယ့်အကြောင်းအရာအပေါ် နားလည်သိရှိမှုဟာ သင်ယူမှုဖြစ်စဥ်အပေါ် သက်ရောက်မှုရှိတယ်လို့ သုတေသန အချို့ကဖော်ပြခဲ့ကြပါတယ်။ သင်ကြားပို့ချသူရဲ့ နားလည်သိရှိမှု အားကောင်းတဲ့အခါ သင်ယူသူတွေကို ပိုမိုရှင်းလင်းကောင်းမွန်စွာ တင်ပြနိုင်တာ၊ မတူကွဲပြားတဲ့ သင်ယူသူတွေနဲ့ ကိုက်ညီအောင် သင်ခန်းစာအကြောင်းအရာကို ပြင်ဆင်နိုင်တာ၊ သင်ကြားပို့ချသူရဲ့ နားလည်သိရှိမှု အားကောင်းတဲ့ သင်ယူမှုတွေမှာ သင်ယူသူအနေနဲ့ ပိုမိုကောင်းမွန်စွာ လေ့လာနိုင်တာ အစရှိတဲ့ အခြေအနေတွေပေါ် မူတည်ပြီး ဒါကလည်းလိုအပ်တဲ့အချက်တခုဖြစ်တယ်လို့ ဆိုကြတာဖြစ်ပါတယ်။
သင်ကြားပို့ချသူရဲ့ သင်ကြားမှုနည်းလမ်းများ နားလည်တတ်ကျွမ်းမှု အားကောင်းမှုမှာ သင်ကြားမှုနည်းလမ်းမျိုးစုံအသုံးပြုသင်ကြားနိုင်ခြင်း နဲ့ သင်ထောက်ကူများ တီထွင်အသုံးချနိုင်ခြင်း အစရှိတာတွေ ပါဝင်ပါတယ်။ သင်ယူမှု ဖြစ်စဥ်ရဲ့ အနေအထားနဲ့ အဆင့်အလိုက်သော်လည်းကောင်း၊ သင်ယူတွေရဲ့ အခြေအနေအရသော်လည်းကောင်း၊ သင်ကြားပို့ချမယ့် အကြောင်းအရာလိုက်သော်လည်းကောင်း မတူကွဲပြားတဲ့ သင်ကြားမှု နည်းလမ်းတွေ အသုံးပြုသင်ကြားခြင်းက ပိုမိုထိရောက်တဲ့ သင်ယူမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် လိုအပ်သလို သင်ထောက်ကူများ ထည့်သွင်း တီထွင် အသုံးပြုတာကလည်း သင်ယူမှုကို ပိုမိုအားကောင်းစေနိုင်ပါတယ်။ သင်ယူမှုဖြစ်စဥ်များအပေါ် ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခြင်းကလည်း လိုအပ်တဲ့ အရည်အချင်းတခုဖြစ်ပါတယ်။ သင်ကြားပို့ချသူရဲ့ ကောင်းမွန်တိကျစွာ စီမံခန့်ခွဲမှုကနေ ထိရောက်တဲ့ သင်ယူမှု ဖြစ်စဥ်တွေ ဖြစ်တည်စေနိုင်ပါတယ်။ သင်ယူမှုဖြစ်စဥ်မှာ သင်ယူသူတွေရဲ့ ပါဝင်မှု ပိုမိုအားကောင်းလာအောင် လှုံဆော်ပေးနိုင်တဲ့ အရည်အချင်းတွေကလည်း လိုအပ်တာကိုတွေ့ရှိနိုင်ပါတယ်။ သင်ကြားမှုနည်းလမ်းများ ကောင်းမွန်စွာ လေ့လာနားလည်ထားခြင်းဖြင့် ပိုမိုထိရောက်ကောင်းမွန်တဲ့ သင်ယူမှုဖြစ်စဥ်တခု တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
သင်ယူမှု ဖြစ်စဥ်တခုမှာ သင်ယူသူဘက်က စိတ်အားထက်သန်မှုလိုအပ်သလို၊ သင်ကြားသူဘက်က စိတ်ရင်းစေတနာအပြည့်နဲ့ အားစိုက်လုပ်ဆောင်မှုလည်း လိုအပ်ပါတယ်။ သင်ကြားပို့ချသူတယောက်အနေနဲ့ သင်ယူမှုဖြစ်စဥ်တခုကို စိတ်ပါဝင်စားပြီး သေချာပြင်ဆင်လုပ်ဆောင်ပေးတာ၊ မတူကွဲပြားတဲ့ နည်းလမ်းတွေ စဥ်းစားတီထွင်အသုံးပြုတာ၊ လိုအပ်ချက်တွေအတွက် ကြိုတင်ပြင်ဆင်လုပ်ဆောင်တာ၊ သင်ယူသူတွေအပေါ် အလေးထားတာ အစရှိတဲ့ လုပ်ဆောင်ချက်တွေ၊ စိတ်ရင်းစေတနာတွေက သင်ယူမှုတခုကို ပိုပြီးကောင်းမွန်ထိရောက်စေနိုင်မှာပဲ ဖြစ်ပါတယ်။
👉 👉 👉 Altitude and Behavior of Teacher for Effective Teaching? 👈👈👈........................................................................
Thinking teacher as a person
Caring - ထိရောက်အောင်မြင်စွာ သင်ကြားပို့ချလေ့ရှိတဲ့ သင်ကြားပို့ချသူတွေဟာ သူတို့ရဲ့ သင်ယူသူ( ကျောင်းသားများ) နဲ့ ပတ်သတ်ပြီး ဂရုတစိုက်ရှိကြသလို အဲ့ဒီလိုဂရုစိုက်ကြောင်းကို သင်ယူသူတွေကလည်း သိရှိခံစားနိုင်လေ့ရှိပါတယ်။ ဂရုစိုက်တယ်ဆိုရာမှာ ကျောင်းသားကျောင်းသူတွေရဲ့ အသံကို နားထောင်ပေးတာ၊ နားလည်မှုပေးတာ၊ တဦးချင်းစီကို သိရှိနေတာ၊ ပြုစုပျိုးထောင်ပေးတာ၊ လှုံ့ဆော်ပေးတာ နဲ့ ချစ်ခင်ပေးတာတွေအားလုံးပါဝင်ပါတယ်။
*** သင်ယူသူများအပေါ် နားထောင်ပေးနိုင်ခြင်း (Listening) ***
စာသင်ခန်းထဲတွင်သာမကဘဲ ကျောင်းသားများရဲ့ ဘဝရပ်တည်ဖြတ်သန်းမှုများကိုပါ ဂရုတစိုက်ရှိပြီး ၄င်းအခြေအနေများနှင့် ပတ်သတ်ပြီး အစဥ်တစိုက် စာနာနားလည်ပေးတာ၊ နားထောင်ပေးတာမျိုးက ဆရာကောင်းတယောက်ရဲ့ စိတ်နေသဘောထားနဲ့ အပြုအမူကောင်းတခုပဲ ဖြစ်ပါတယ်။ အဲ့ဒီလို နားထောင်ဂရုစိုက်ပေးခြင်းက သင်ယူမှုဖြစ်စဥ်နဲ့ ဆရာ-ကျောင်းသား ဆက်ဆံရေးမှာ အထောက်အကူဖြစ်စေပါတယ်။
*** နားလည်မှုရှိခြင်း (Understanding) ***
ကျောင်းသားတွေဟာ သူတို့ရဲ့ မေးခွန်းတွေနဲ့ အတွေးတွေအပေါ်မှာ ဆရာက နားလည်မှုပေးတာကို လိုလားတန်ဖိုးထားကြပါတယ်။ နှစ်သက်ကြပါတယ်။ သူတို့ရဲ့ ပြသနာတွေ၊ အခက်အခဲတွေနဲ့ ပတ်သတ်ပြီး ဆရာက နားလည်မှုရှိတာကို လိုလားကြပါတယ်။ ဒါကြောင့် ဆရာကောင်းတယောက်ဆိုတာ ကျောင်းသားတွေအပေါ် နားလည်မှုပေးနိုင်ဖို့ လိုအပ်ပါတယ်။
*** ကျောင်းသားတဦးချင်းစီကို သိရှိခြင်း (Knowing Students) ***
စနစ်တကျလေ့လာပြီးဖြစ်စေ၊ အလွတ်သဘောအရဖြစ်စေ ကျောင်းသားတွေနဲ့ ပတ်သတ်ပြီး သိရှိနေဖို့လိုအပ်ပါတယ်။ ကျောင်းသားတဦးချင်းစီကို သိရှိနားလည်နေဖို့လိုအပ်ပါတယ်။ မတူကွဲပြားတဲ့ ကျောင်းသားတွေရဲ့ အကြောင်းအရာ၊ အခြေအနေ အရပ်ရပ်ကို တီးခေါက်မိနေဖို့လိုပါတယ်။ သင်ယူမှုပုံစံတွေ မတူညီတာ၊ နောက်ခံယဥ်ကျေးမှုတွေ မတူညီတာ၊ ကြိုက်နှစ်သက်မှု နဲ့ မကြိုက်မနှစ်သက်မှုများ၊ အားကောင်းချက်၊ အားနည်းချက်များ စသည်ဖြင့် သိရှိနေတာဟာ အပြန်အလှန်ဆက်ဆံရေးအတွက်သာမက သင်ယူမှုဖြစ်စဥ်ကိုပါ အထောက်အကူဖြစ်စေမှာပါ။
ဆရာကောင်းတယောက်ဟာ ကျောင်းသားတွေက သင်ယူမှုဖြစ်စဥ်ကိုရှေးရှုတဲ့ ဆက်ဆံရေးကို တည်ဆောက်လေ့ရှိတယ်ဆိုတာ သိရှိပါတယ်။
ဆရာကောင်းတယောက်ဟာ ချစ်ခြင်းမေတ္တာက အောင်မြင်တဲ့ သင်ယူမှုဖြစ်စေတယ်ဆိုတာ အလေးထားပါတယ်။
ဆရာကောင်းတယောက်ဆိုတာ စာသင်ခန်းပြင်ပက ကျောင်းသားတွေရဲ့ ဘဝကိုလည်း စိတ်ဝင်စားပါတယ်
ဆရာကောင်းတယောက်ဟာ ကျောင်းသားတဦးချင်းစီဟာ ဂရုစိုက်ခံရဖို့ အခွင့်အရေးရှိတယ်ဆိုတာကို သိရှိပါတယ်။
ဆရာကောင်းတယောက်ဟာ ကျောင်းသားတွေရဲ့ သီးသန့်အကြောင်းအရာတွေအပေါ်မှာ လေးစားမှုရှိပါတယ်။
*** Fairness and Respect ***
ဆရာတယောက်အနေနဲ့ ကျောင်းသားတွေအပေါမှာ ဘက်လိုက်ခြင်းမရှိဘဲ မျှတမှုရှိစွာ ကျင့်သုံးဆက်ဆံရမှာ ဖြစ်ပါတယ်။ အသက်အရွယ်၊ လိင်၊ လေ့လာနိုင်မှု၊ ယဥ်ကျေးမှု၊ လူမျိုး အစရှိတာတွေပေါ်မူတည်ပြီး ခွဲခြားဆက်ဆံတာမျိုးမလုပ်သင့်ပါဘူး။ တန်းတူညီမျှစွာ ကျင့်သုံးဆက်ဆံရပါတယ်။ တဦးချင်းအပေါ်ကိုလည်း လေးစားမှုပေးရမှာ ဖြစ်ပါတယ်။ တဦးချင်းစီရဲ့ ဝိသေသလက္ခဏာတွေအပေါ်မှာလည်း လေးစားမှုရှိရမှာဖြစ်ပါတယ်။
Social Interaction with Students
ဆရာကောင်းတယောက်ဟာ ကျောင်းသားတွေနဲ့ ရင်းနှီးနွေးထွေးတဲ့ လူမှုဆက်ဆံရေးတည်ဆောက်ထားလေ့ရှိပါတယ်။ ကျောင်းသားများရဲ့ အမြင်နဲ့ သဘောထားတွေ၊ အခက်အခဲ၊ အခြားအခြေအနေတွေ ထုတ်ဖော်ပြောကြားနိုင်ဖို့ လမ်းဖွင့်ကြိုဆိုပေးထား‌လေ့ရှိပါတယ်။ ဆုံးဖြတ်ချက် ချတာတွေနဲ့ အခြားကိစ္စရပ်တွေမှာ ကျောင်းသားတွေပါဝင်နိုင်အောင် လမ်းဖွင့်ပေးထားတတ်ပါတယ်။ ပျော်ရွှင်မှု၊ အောင်မြင်မှုတွေကို မျှဝေခံစားပေးလေ့ရှိကြပါတယ်။
*** Motivation Learning ***
ကျောင်းသားအားလုံး သင်ယူမှုဖြစ်စဥ်မှာ ပါဝင်လာနိုင်အောင် လှုံဆော်တိုက်တွန်းပေးကြပါတယ်။ အဲ့ဒီလို တိုက်တွန်းပေးနိုင်ဖို့၊ ပါဝင်လာစေဖို့ ကျောင်းသားတဦးချင်းရဲ့ လိုအပ်ချက်နဲ့ အခြေအနေတွေကို သိရှိနားလည်ရပါတယ်။ ကျောင်းသားတဦးချင်းစီရဲ့ ပါဝင်နိုင်မှုအတိုင်းအတာနဲ့ စိတ်အားထက်သန်မှု အတိုင်းအတာတွေကိုလည်း လေ့လာသိရှိဖို့လိုအပ်ပါတယ်။ ဆရာတယောက်အနေနဲ့ ကျောင်းသားအားလုံး တတ်ကြွစွာ ပါဝင်သင်ယူနိုင်အောင် သင်ကြားမှုနည်းလမ်းမျိုးစုံကိုအသုံးပြုပြီး သင်ကြားပို့ချပေးရမှာပဲ ဖြစ်ပါတယ်။
Ref:
The effective teachers truly believe that all students can learn
The effective teachers work collaborate with others
The effective teachers invest in their own education
The effective teacher exude positive altitude about life and teaching.
The effective teachers do not make excuses for student’s outcomes.
The effective teachers believe that their students can learn and that they can help student learn.

.K




ကလေးချော့ (ခေါ်) သားချော့တေးများ
13/07/2024

ကလေးချော့ (ခေါ်) သားချော့တေးများ

"အခမဲ့သင်ယူစရာ အွန်လိုင်းပလက်ဖောင်းများ"###########################xxInternet Access ဖြစ်ရုံနဲ့  ဖြည့်ဆည်းလိုတဲ့ စွမ်းရည...
06/05/2024

"အခမဲ့သင်ယူစရာ အွန်လိုင်းပလက်ဖောင်းများ"
###########################xx
Internet Access ဖြစ်ရုံနဲ့ ဖြည့်ဆည်းလိုတဲ့ စွမ်းရည်တွေကို အခမဲ့သင်ယူလေ့လာရင်း ဖြည့်တင်းနိုင်ပါတယ်။
Online Learning Platform တွေဟာ ကျတော်တို့ရဲ့ လက်တကမ်းအကွာမှာပဲရှိနေတာပါ။
အင်တာနက်ကို အကျိုးရှိရှိအသုံးချတဲ့အနေနဲ့ လေ့လာသင်ယူလိုရင်တော့ အောက်မှာဖော်ပြထားတဲ့ ပလက်ဖောင်းတွေကနေ လေ့လာသင်ယူလိုက်ပါ။
၁) Coursera
အကြောင်းအရာစုံလင်ပြီး အခမဲ့ သင်ယူနိုင်တဲ့ Course တွေမှာ ပါဝင်တက်ရောက်နိုင်ပါတယ်။
https://www.coursera.org/
၂) Alison
မိမိနှစ်သက်ရာကို ရွေးချယ်ပြီး Self Pace Learning ပုံစံနဲ့ လေ့လာသင်ယူနိုင်တဲ့ ပလက်ဖောင်းတခုပါ။
https://alison.com
၃) Khan Academy
အခမဲ့သင်တန်းတွေကို ပါဝင်တက်ရောက်နိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေအတွက် သင်ယူလေ့လာစရာတွေ အများကြီး တွေ့ရှိနိုင်ပါတယ်
https://www.khanacademy.org/
၄) Open Learning
အချို့သင်တန်းတွေအတွက် သင်တန်းကြေးပေးသွင်းရပေမယ့် အများစုက အခမဲ့ဖြစ်ပါတယ်။
https://www.openlearning.com/
၅)Saylor
အခမဲ့လေ့လာနိုင်ပြီး Certificate ကိုလည်းအခမဲ့ရယူနိုင်ပါတယ်။ ရွေးချယ်စရာ အကြောင်းအရာတော့နည်းပါတယ်
https://www.saylor.org



Learn new job skills in online courses from industry leaders like Google, IBM, & Meta. Advance your career with top degrees from Michigan, Penn, Imperial & more.

Where to Find Free Money For Teachers
06/05/2024

Where to Find Free Money For Teachers



Teachers understand the value of free educational resources better than anyone. School districts may pay for basic infrastructure and supplies, but teachers usually pay out of their own pocket for everything else. Teacher grants from the government and private organizations go a long way in helping

The Ugly Duckling
24/04/2024

The Ugly Duckling

Address

Mandalay

Alerts

Be the first to know and let us send you an email when CHALK Learning Platform posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category