Bon dimanche!🦋
"ဘယ်သူမှ သူတို့ရောက်နေတဲ့နေရပ်မှာ ရောင့်ရဲတင်းတိမ်မှု မရှိကြပါဘူး။ "
🦋ဘဝခရီးသည်တွေကို သယ်ဆောင်သွားနေတဲ့ လောကရထား...
🦋 ဦးတည်ရာ
🦋 ရှာဖွေမှု
🦋 တွေ့ရှိချက်
"ကလေးတွေဟာ ကံကောင်းကြပါတယ်။"
"ကလေးတွေသာပဲ သူတို့ဘာကို ရှာနေတယ်ဆိုတာ သူတို့သိကြတယ်။...."
Merci beaucoup à tous! 🦋
Learn French with Suu
Parlons en français
Bon vendredi! 🦋
🐺မျက်လုံးသည် အရေးကြီးသောအကြောင်းအချက်ကို ဘယ်တေ့ာမှ မြင်လိမ့်မည်မဟုတ်ပေ။ အသည်းနှလုံးနှင့်ခံစားပြီးမှသာလျှင် အသည်းနှလုံးမှ မှန်ကန်စွာ မြင်နိုင်ပေလိမ့်မည်။ "🐺
🔗"နှောင်ကြိုးဖွဲ့ခြင်း"
"တစ်ဦးနဲ့တစ်ဦး အကျွမ်းတဝင်ဖြစ်အောင် နှောင်ကြိုးဖွဲ့ခြင်း"
🐺 ယဥ်ပါးခြင်းရဲ့ အဓိပ္ပါယ်ကို မင်းသားလေးရဲ့မိတ်ဆွေ မြေခွေးက ခုလိုသတ်မှတ်ပေးတယ်။
🐺အကျွမ်းတဝင်ဖြစ်ဖို့အတွက် "သိပ်စိတ်ရှည်ရမယ်" လို့ဆိုတယ်...။
🐺စကားမပြောပါနဲ့..။ နေ့တိုင်းနည်းနည်းပိုပိုတိုးပြီး နီးကပ်စွာထိုင်ရမယ်..."
🦋ရင်းနှီးကျွမ်းဝင်ခြင်း .........
🧶ကျွန်တော်တို့တယောက်ချင်းစီဟာ တဦးနဲ့တဦး မရင်းနှီးခင်အချိန်ထိတော့ သူလိုကိုယ်လိုသာမန်သူတွေပေါ့...။
🔗အကျွမ်းတဝင်ဖြစ်သွားတဲ့အချိန်မှာတော့ မိသားစု၊ သူငယ်ချင်း၊ ချစ်ခင်ရသူ စသည်ဖြင့် ကိုယ့်အတွက် တခုတည်းသောထူးခြားတဲ့သူတွေအဖြစ် နေရာယူလာကြတယ်မလား။
🍀ကျွန်တော်တို့တွေ သူတို့ကို မဆုံးရှုံးချင်ရင်တော့ အမှားတွေပါတဲ့၊ ထိခိုက်နာကျင်စေမယ့်စကားတွေကို မပြောသင့်ပါဘူး...။ ဒါဟာမြေခွေးဆီကရတဲ့အတွေးမြင်တခုပါ။
🦋 ကျွန်တော်တို့ အကျွမ်းတဝင် နှောင်ကြိုးဖွဲ့ထားတဲ့ အရာအားလုံးအပေါ်မှာ ကျွန်တော်တို့တာဝန်ရှိတယ်... ..တဲ့။
ခုအပိုင်းလေးကတော့ သေချာတွေးလေ တွေးစရာပေါ်လေမို့ သေချာလေးသာတွေးကြည့်ကြစေချင်တယ်။ လူတွေနဲ့ပတ်သက်တဲ့ အခြားအတွေးခေါ်တွေလည်းပါသေးတာမို့ စာတကြောင်း၊ တပိုဒ်နဲ့ ဘယ်လိုမှ မပြည့်စုံနိုင်ဘူးထင်တာပဲ။
À demain!🦋
Merci beaucoup à tous! 🦋
Bon dimanche!🦋
🦋ကျွန်တော်တို့ ပိုင်ဆိုင်တယ်လို့ သတ်မှတ်ထားတဲ့အရာတွေကို အလေးထားတတ်ကြတယ်မဟုတ်လား...။
🦋ကိုယ်ပဲ ပိုင်ဆိုင်ထားတဲ့ တခုတည်းသောအရာရယ်လို့ တလျှောက်လုံး ယုံကြည်လာခဲ့ပြီးမှ တခုတည်းသောသီးသန့်ဟုတ်မနေဘဲ အခြားပုံစံတူ ဖြစ်တည်မှုတွေရှိနေတာကို သိလိုက်ရချိန်မှာ ဘယ်လိုခံစားရမယ်ထင်သလဲ.....။
🤴မင်းသားလေးကတော့ အသည်းသန်ငိုကြွေးတယ်တဲ့ဗျာ....။
"သူ သူ့ရဲ့ဘယ်ယုံကြည်မှုကို ဆုံးရှုံးလိုက်ရတာဖြစ်မလဲ".............နားထောင်ကြည့်ကြရအောင်။
À la semaine prochaine! 🦋
Merci beaucoup à tous! 🦋
Bon samedi!🦋
🤴မင်းသားလေးက ရယ်စရာကောင်းတဲ့ဂြိုဟ်လို့ ကမ္ဘာမြေကို သတ်မှတ်ပေးပြန်တယ်။
ဘာကြောင့်လဲ......။
Merci beaucoup à tous! 🦋
Bon vendredi!
"လူတွေမှာ အမြစ်အတွယ််ရှိဘူး၊ အမြစ်အတွယ်မရှိတဲ့အတွက် သူတို့ရဲ့ဘဝကို ခက်ခဲစေတယ်" 🦋
ပန်းလေးတပွင့်ရဲ့ လူတွေအပေါ်မြင်တဲ့ ရှုထောင့်တခုပေါ့...။🌺
မင်းသားလေး ရှေ့ခရီးထပ်ဆက်ရတာပေါ့......။
နောက်ထပ်တွေ့ဆုံမှုတွေအတွက်...။
À la semaine prochaine! 🦋
Merci beaucoup à tous! 🦋
"သဲကန္တာရထဲမှာ အထီးကျန်ဘဝနဲ့ နေရသလား" 🤴
"လူတွေ အများကြားထဲမှာလည်း အထီးကျန်ဘဝနဲ့ နေရတာပဲ မဟုတ်လား"🐍
🤴မင်းသားလေး ကမ္ဘာပေါ်မှာ ပထမဆုံးတွေ့ရတဲ့ သက်ရှိသတ္တဝါလေးကဘယ်သူဖြစ်မယ်ထင်လဲ....။
ခုအပိုင်းလေးထဲက သူတို့ပြောနေတဲ့စကားလေး တခုပေါ့။
🦋"အထီးကျန်ခြင်း"
🦋"စကားထာ"
🦋"ဖြေရှင်းချက်"
🦋"ဆိတ်ငြိမ်ခြင်း"....
နားထောင်ကြည့်ကြရအောင်။ 🦋
Merci beaucoup à tous! 🦋
Bon jeudi!🦋
သောကြာညလေးမဟုတ်ပေမယ့် Feb 29 ဆိုတာရယ်၊
အရင်ပတ်ကမတင်လိုက်ရတဲ့အကြွေးလေးရယ်မို့ ခုည ၂ပိုင်းဆက်တိုက်တင်ပေးလိုက်ပါတယ်ဗျာ။
🤴မင်းသားလေး ကမ္ဘာမြေကြီးပေါ်ကို စတင်ရောက်လာတဲ့အပိုင်းလေးပေါ့ဗျာ။
🤴"ကုဋေ ၂၀၀ ရှိသော လူကြီးသူမများ" လို့ မင်းသားလေးက ကမ္ဘာပေါ်က သူတွေကို ဆိုတယ်။
🤴သူတွေ့ဆုံခဲ့ရတဲ့ အခြားဂြိုဟ်တခုစီကလူတယောက်ချင်းစီတိုင်းကို ဒီဂြိုဟ်မှာ တွေ့ရတာကိုး...။
ကမ္ဘာကြီးကို သူမြင်ရတဲ့အမြင်အတိုင်း ချပြထားတာလေး နားထောင်ကြည့်ကြရအောင်...။🦋
À la semaine prochaine! 🦋
Merci beaucoup à tous! 🦋
Bon jeudi ...! 🦋
အရင်ပတ်က အကြွေးနဲ့ ခုအပတ် ၄ပိုင်းတင်ပေးပါ့မယ်။
🤴ခုအပိုင်းလေးမှာတော့ မင်းသားလေးက ပထဝီဆရာ နဲ့တွေ့ရတယ်။
🤴ပထဝီဆရာရဲ့ လမ်းညွှန်မှုနဲ့ ကမ္ဘာမြေကြီးကို မင်းသားလေး ဘယ်လိုရောက်လာလဲဆိုတာကို နောက်အပိုင်းလေးမှာ စိတ်ဝင်တစားနားထောင်ကြည့်ရအောင်။
Merci beaucoup à tous! 🦋
Bon samedi!🦋
🤴မင်းသားလေးက ဒီအပိုင်းလေးမှာတွေ့ရတဲ့သူကိုတော့ တွေ့ခဲ့ရသမျှသူတွေထဲမှာ သဘောကျတဲ့သူလို့ ဝန်ခံဆိုတယ်။
🤴သူ သဘောကျသွားတာကတော့ ဒီလူဟာ အနည်းဆုံးတော့ သူကိုယ်တိုင်ရဲ့ ကိစ္စတွေထက် အခြားသူတွေတွက် လုပ်ပေးနေတဲ့ လူတယောက်မို့လို့ ဆိုတယ်။
🦋ဒီမှာ "အမိန့်" နဲ့ "အမိန့်နာခံမှု" ဆိုတာကိုလည်း သွားတွေ့တယ်။
အမိန့်ဆိုတာ နားလည်စရာမလိုဘူး။
အမိန့်ဟာအမိန့်ပဲ.....လို့ ဆိုထားတယ်။
🦋နောက်အပတ်ကျ နောက်တယောက်တွေ့ကြတာပေါ့။ ခုအပတ်တော့ ဒီလောက်ပါပဲ။
À la semaine prochaine! 🦋
Merci beaucoup à tous! 🦋
🦋 ပိုင်ဆိုင်ခြင်း ဆိုတာကို ဘယ်လိုသတ်မှတ်လို့ရသလဲ...။
🦋 ကျွန်တော်တို့ ပိုင်ဆိုင်ထားတယ်လို့ သတ်မှတ်ယူဆကြတာတွေကရော အမှန်တကယ် ကျွန်တော်တို့ကိုအကျိုးပြုပါရဲ့လား...။
🤴 ခုအပတ် မင်းသားလေးတွေ့ဆုံခဲ့ရတဲ့သူကတော့ စီးပွားရေးသမားတယောက်ပါ။ စီးပွားရေးသမားရဲ့ "ချမ်းသာခြင်း" လို့ယူဆတဲ့ အရာကဘာလဲ...။
🤴စီးပွားရေးသမားတယောက်ရဲ့ ဦးစားပေးအလုပ်ဟာ မင်းသားလေးအမြင်မှာတော့ ဘယ်လိုအဓိပ္ပါယ်လဲဆိုတာပြောပြထားတယ်...။ လူတယောက်အကြောင်း သိရတာပေါ့...။
À demain!
(၁၂ တော့ကျော်ပြီဗျာ။ မတတ်နိုင်တော့ဘူး။ ဒီနေ့နည်းနည်းနောက်ကျသွားတယ်။)
Merci beaucoup à tous! 🦋
Bon Samedi! 🦋
" ခင်ဗျားတို့အရက် သောက်သလား....။ "
ဘာကြောင့် သောက်တာလဲ.....။
မေ့ပစ်ဖို့လား၊ အမှတ်မရဖို့လား၊ တကယ်ရော အလုပ်ဖြစ်လား....။
🦋ပြောခဲ့သလိုပဲ ခုအပိုင်းလေးမှာလည်း လူတမျိုး ကိုတွေ့ရမယ်ပေါ့ဗျာ။
🦋အရက်သမားတဦးရဲ့ ဒဿနက ဘာလဲ။
အရက်သမား ဒါမှမဟုတ် အရက်သောက်တဲ့သူတွေရဲ့ အရက်အပေါ်ဒဿနပေါ့....။
🦋အဖြေတခုထင်ပြီး ကောက်ချက်ချရာက မူလရည်ရွယ်ချက်ပျောက်ဆုံးပြီး နစ်ဝင်သွားခဲ့တဲ့ သူ တယောက်လို့ တွေးမိတယ်။
လမ်းပျောက်လို့ရတယ်။ အကြာကြီးတော့ မပျောက်စေနဲ့ဗျာ။ ပြန်ထွက်မရအောင် မနစ်စေချင်ဘူးလေနှော။
🦋အဖြေမှန် လမ်းမှန်ရှာတွေ့ကြပါစေပေါ့.....။
À la semaine prochaine! 🦋
Merci beaucoup à tous! 🦋
Bon vendredi à tous! 💙
🦋Bonne fin de semaine အစီစဥ်လေးရဲ့ (၆)ပတ်မြောက်အပိုင်းလေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ 💙
"ဘဝင်မြင့်နေသူများအတွက် သူမှ လွဲ၍ အခြားသောသူများသည် အားလုံးကြည်ညိုမြတ်နိုးတတ်သူများဖြစ်သည်ဟု ယူဆကြသည်။" 🤴
"ဘဝင်မြင့်သောသူများသည် မြှောက်ပင့်၍ပြောဆိုသော စကားမှအပ အခြားစကားများကို မကြားကြ။" 🤴
🦋ခုအပိုင်းလေးကတော့ လူတမျိုးဖြစ်တဲ့ "ဘဝင်မြင့်တဲ့သူ" နဲ့မင်းသားလေးတွေ့ဆုံစကားပြောခန်းလေးပါ။
🦋ကျွန်တော်တို့ မင်းသားလေးက ဘာတွေမေးမြန်းပြီး ဘယ်လိုတွေကောက်ချက်ချလဲဆိုတာ နားထောင်ကြည့်ပါဦး။
À demain!
Merci beaucoup à tous! 🦋
Click here to claim your Sponsored Listing.
Location
Category
Website
Address
Mandalay