28/11/2023
🇹🇭Chaing Mai Univerity မှာ Master နဲ့ Ph.D ကို Scholarship နဲ့ တက်ကြမယ်🇹🇭
ဒီနေ့မှာတော့ Chaing Mai University ရဲ့ Graduate Students တွေအတွက် 2024 Academic year မှာပေးမဲ့ Teaching Assistant and Research Assistant scholarships အကြောင်းလေးကို မျှဝေပေးသွားချင်ပါတယ်နော်.....
Chaing Mai University ဟာဆိုရင် Thai နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ Chaing Mai မြို့မှာရှိပြီးတော့ ဒီမြို့ဟာဆိုရင်လည်း နာမည်ကြီး My Ambulance ရုပ်ရှင်ကားထဲမှာ ပါဝင်ပြီး အရမ်းကိုလှပတဲ့မြို့လေးဖြစ်ပါတယ်။
University ranking အနေနဲ့တော့ Thai တစ်နိုင်လုံးမှာ #3 ရရှိထားတဲ့ ranking မြင့် university တစ်ခုဖြစ်ပါတယ်။
ဒီနေ့မှာ ပြောပြသွားမဲ့ scholarship ကတော့ Master's and Doctoral students တွေအနေနဲ့ teaching assistant ဒါမှမဟုတ် research assistant အနေနဲ့ လုပ်ရင်း university မှာသင်ကြားဖို့ အခွင့်အရေးရမှာဖြစ်ပါတယ်နော် Reader တို့ရေ🎉
ဒီ Scholarship ပေးရတဲ့ အဓိက ရည်ရွယ်ချက်ကတော့
၁. ဌာနဆိုင်ရာက member တွေရဲ့ workload ကို လျှော့ချရန်
၂. ကျောင်းသားတွေရဲ့ ဗဟုသုတတိုးပွားလာရန်
၃. Teaching သို့မဟုတ် Research လုပ်ရာမှာ ကျောင်းသားများ အတွေ့အကြုံကောင်းများရရှိရန် နဲ့
၄. ငွေကြေးထောက်ပံ့ရန် ရည်ရွယ်တာဖြစ်ပါတယ်...
Benefits 💯
✅ Master နဲ့ Doctoral students တွေအတွက် 100 total scholarships
✅ Maximum amont အနေနဲ့ တစ်နှစ်ကို 108,000 Bhats
✅ တစ်လချင်းကို 9,000 Bhats နဲ့ installments အနေနဲ့ပေးသွားမှာပါ။
Duration of Scholarship က စုစုပေါင်း 12 လ တက်ရမှာဖြစ်ပြီး ဆက်တက်ချင်ရင် နောက်နှစ်တွေထပ်လျှောက်ရမှာပါ။
Master အတွက် ၂နှစ်ထိတက်နိုင်ပြီး
Ph.D အတွက် ၃နှစ်အထိတက်နိုင်ပါတယ်နော်🔔
Criteria for Eligibility
✔ 2024 academic year first semester အတွက် master or doctoral thesis အတွက် apply လုပ်မဲ့သူဖြစ်ရပါမယ်
✔ Master ကျောင်းသားဆိုရင် GPA 3.0 ထက်မနည်းရပါဘူး
✔ Doctoral အတွက်
🔸Master type 1.2-2.2 လုပ်ခဲ့ရင် GPA 3.5 or equivalent
🔸Master type 1.1-2.1 လုပ်ခဲ့ရင် GPA 3.25 or equivalent
🔸 Only one thesis သာလုပ်ခဲ့ရင် good academic publication ပြနိုင်ရပါမယ် Reader တို့ရေ
မြန်မာနိုင်ငံရဲ့ တက္ကသိုလ်အများစုက GPA 5.0 နဲ့တွက်လေ့ရှိတာကြောင့် GPA 4.0 အခြေခံရမယ်နော်....
ဘာတွေလုပ်ရင်နောက်နှစ်တွေအတွက် scholarship ထပ်မရတော့ဘူးလဲ 🤔🤔🤔🤔
❌ Lack of student status
❌ Misbehave, late, irresponsible
❌ GPA less than 3.25
❌ Not finishing the thesis course work in time
🔔 Graduate School မှာ assistant အနေနဲ့ less than 12 hours per semester ဖြစ်မယ်ဆိုရင်တော့ Scholarship မရနိုင်တော့ဘူးနော်....
Required documents ⛔
▶ a copy of bachelor's degree transcript (for Master)
▶ a copy of master's degree transcript (for Phd)
▶ publication and progress report of master thesis (for Master students who only did one thesis)
Scholarship လျှောက်တဲ့ အခါပေးရမယ့် Document တွေက English language တစ်ခုတည်းနဲ့ပဲ လက်ခံမှာဖြစ်လို့ Reader တို့ရေ လိုအပ်မယ့် “Notary” ကို ပြင်ဆင်ထားလိုက်တော့နော် 🤗
How to apply ⛔
အောက်က link ကနေတစ်ဆင့် လျှောက်ထားပေးရမှာ ဖြစ်ပါတယ်။
https://dev.grad.cmu.ac.th/tara/
အသေးစိတ်မေးမြန်ချင်ရင် အခုပဲ link လေးနှိပ်ပြီး မေးလို့ရပြီနော်
https://www.facebook.com/Famousthailanguage?mibextid=ZbWKwL
For more details ⭕
https://dev.grad.cmu.ac.th/tara/index.php?p=100&tab=5
⏰Deadline ကတော့ ဖြစ်လို့ 15th January 2024 (1st period) နဲ့ 22nd April 2024 (2nd period) ဆိုပြီးနှစ်ခုရှိလို့ ကိုယ်နဲ့ကိုက်ညီနဲ့အချိန်ကို ပြင်ဆင်ပြီး သေချာ လေးလျှောက်ပေးကြပါနော်။ ⏰
အားလုံးဘဲ ကံကောင်းကြပါစေနော် 🍀
#ထိုင်းစာထိုင်းစကား