20/10/2023
Content writer တစ်ယောက်အတွက် အရေးကြီးတဲ့ components တွေထဲမှာ အသုံးပြုရမယ့် tools တွေလဲ ပါဝင်ပါတယ်။ ဒီပိုစ့်လေးမှာတော့ content writing အတွက် ကျွန်တော်အသုံးပြုတဲ့ tools တွေကို မျှဝေပေးလိုက်ပါတယ်။
We are here to help you optimize your productivity.
20/10/2023
Content writer တစ်ယောက်အတွက် အရေးကြီးတဲ့ components တွေထဲမှာ အသုံးပြုရမယ့် tools တွေလဲ ပါဝင်ပါတယ်။ ဒီပိုစ့်လေးမှာတော့ content writing အတွက် ကျွန်တော်အသုံးပြုတဲ့ tools တွေကို မျှဝေပေးလိုက်ပါတယ်။
19/10/2023
Content, Copy, Content Marketing ဆိုတာ ...
ဒါတွေကို နားလည်လွယ်အောင် အတတ်နိုင်ဆုံး အလွယ်ကူဆုံးဖြစ်အောင် ကြိုးစားပြီး ရှင်းပြသွားပါမယ်။
Content ...
Content ဆိုတာက ကိုယ်ဖော်ပြချင်တဲ့အကြောင်းအရာ တနည်းအားဖြင့် ကိုယ့်ရဲ့ targeted audiences ကို ကိုယ် deliver လုပ်ချင်တဲ့အကြောင်းအရာပါ။ ဒီအကြောင်းအရာကို ကိုယ့် audiences တွေ ဖတ်ရှု၊ ကြည့်ရှု၊ နားဆင်နိုင်အောင် စာ၊ ပုံ၊ ဗီဒီယို၊ အသံ စတဲ့ တင်ဆက်ပြသမှု content formats တွေနဲ့ ပုံဖော်ပြီး ဖော်ပြကြပါတယ်။
ပိုမြင်သာအောင် ပြောရရင် ခု သူငယ်ချင်းတို့ ဖတ်နေတဲ့ ဒီစာတွေက content ဆိုတဲ့အကြောင်းအရာကို မသိသေးတဲ့သူငယ်ချင်းတွေအတွက် knowledge sharing (educate) လုပ်တဲ့ purpose နဲ့ photo format ကို အသုံးပြုပြီး ဖော်ပြထားတာပဲဖြစ်ပါတယ်။ ဒါကို Content လို့ခေါ်ပါတယ်။
အားကစားအကြောင်းရေးထားတဲ့ ဆောင်းပါးတွေဆိုတာ အားကစား content တွေပါပဲ။
ဒီလောက်ဆို Content ကို နားလည်သွားမယ်ထင်ပါတယ်။
-----------------------------
Copy ...
Copy ဆိုတာကတော့ Digital Marketing term အရ အရောင်းကြော်ငြာကို ဆိုလိုတာဖြစ်ပါတယ်။ အရောင်းကြော်ငြာကိုလဲ ဝယ်သူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိပြီး ရောင်းချနိုင်ဖို့အတွက် စာ၊ ပုံ၊ ဗီဒီယို၊ အသံ စတဲ့ format တွေနဲ့ ဖန်တီးပုံဖော်ပြသကြပါတယ်။
-----------------------------
Content Writing/ Copywriting ...
Content Writing/ Copywriting ဆိုတာကတော့ အရှေ့ slides တွေမှာ ပြောခဲ့တဲ့ Content, Copy တွေကို ကိုယ့် audiences တွေ ဖတ်/ ကြည့် သိနိုင်အောင် ပုံဖော်ပြသဖို့အတွက် စ လယ် ဆုံး ဖန်တီးတဲ့လုပ်ငန်းစဥ်ကို ဆိုလိုတာဖြစ်ပါတယ်။
-----------------------------
Content Marketing ...
ဒီနေရာမှာ Content ရဲ့နောက်မှာ Marketing ဆိုတဲ့စကားလုံးလေးတစ်လုံး ကပ်လိုက်တဲ့အခါမှာတော့ အဓိပ္ပာယ်က အကြီးကြီးကို ပြောင်းလဲသွားပါတယ်။ Content Marketing ကို အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ ဖွင့်ဆိုချက်တွေကတော့ အများကြီးရှိပါတယ်။
ဒါကတော့ ကျွန်တော်ရဲ့ နားလည်ထားမှုကို ပြန် share ပေးတာပါ။
Content Marketing ဆိုတာက ကိုယ့်ရဲ့ defined audiences (targeted audiences) တွေ ကိုယ့် brand, ကိုယ့် product (goods & service) ကို
သတိပြုမိလာအောင် ...
စိတ်ဝင်စားလာအောင် ...
အမြဲ engage လုပ်နေအောင်ကနေ
ဝယ်ယူသုံးစွဲဖို့ စဉ်းစားလာအောင် ...
ဝယ်လာအောင် ...
အထပ်ထပ် ဝယ်နေအောင် ...
အခြားသူတွေကိုလဲ ပြန်ညွှန်းပေးအောင် အထိကို ဒီမတူညီတဲ့ funnel stage အလိုက်မှာ မတူညီတဲ့ content ပုံစံတွေကို ဖန်တီးအသုံးပြုပြီးသွားတဲ့ strategic marketing approach ကို Content Marketing လို့ ခေါ်တာဖြစ်ပါတယ်။
page တစ်ခု page like တက်လာဖို့အတွက် အသုံးပြုနေကြတဲ့နည်းလမ်း လေးခုရှိပါတယ်။
Page like ဝယ်တာ။
Page ဝယ်တာ။
Giveaway ပေးတာနဲ့
Page promote လုပ်တာတို့ပါပဲ။
ဒီဗီဒီယိုလေးမှာတော့ နည်းလမ်းတစ်ခုချင်းစီရဲ့ key pros & cons လေးတွေကို ရှင်းပြပေးထားပါတယ်။
Brand reputation နဲ့ Revenue တက်လာစေမဲ့ social proof marketing
စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ကိုယ့်လုပ်ငန်းတိုးတက်နှုန်း မြန်ဖို့အတွက် TikTok ကို အသုံးပြုသင့်ပါတယ်။ ဒီဗီဒီယိုထဲမှာ TikTok ကို အသုံးပြုဖို့အတွက် သိထားသင့်တဲ့ အချက်အလက်တွေကို sharing လုပ်ပေးထားပါတယ်။
မင်္ဂလာပါ ဒီဗီဒီယိုလေးမှာတော့ Page name chage တဲ့ အပိုင်းလေးနဲ့ Page merge ပြုလုပ်တဲ့အပိုင်းလေးကို ရှင်းပြပေးထားပါတယ်။
01/09/2023
ကျွန်တော်တော့ ဒီတလော အရောင်းအဝယ် မကောင်းဘူး။ မရောင်းရဘူး။ boost ထိုးသာ ထိုးလိုက်တာ၊ ကြော်ငြာစရိတ်တောင် ပြန်မရဘူး ဖြစ်နေတယ် ...
ဒါတွေက group ထဲမှာ နေ့တိုင်းလိုလို တွေ့မြင်ရနေကျ ရောင်းသူအချို့ရဲ့စကားသံတွေပါ။
ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ကျွန်တော်တို့ ကြည့်ရမဲ့အရာက တခုပဲရှိပါတယ်။
"ကျွန်တော်တို့လုပ်ငန်းရဲ့ Customer Behavior Change ပါ"
လုပ်ငန်းတွေရဲ့ Customer တွေက လုပ်ငန်းတူရင်တောင် တစ်ခုနဲ့ တခုရဲ့ Customer Type မတူကြပါဘူး။
အချို့လုပ်ငန်းတွေအတွက်က ဈေးလျှော့စရာလဲမလိုဘူး ပုံမှန်အတိုင်း ဆက်သွားနေလို့ရတယ်။
အချို့ကျတော့လဲ ပိုကောင်းတဲ့ ဝန်ဆောင်မှု Upgrade တွေ လုပ်မှသာ သွားလို့ရမယ်။
အချို့ကျတော့လဲ ဈေးလျှော့ပေးတာမျိုးမှမဟုတ်ရင် ဝယ်သူ အသစ်ထပ်ရဖို့ မပြောနဲ့ ရှိပြီးသားဖောက်သည်တွေတောင် သူများဆီ ပါသွားနိုင်တဲ့အခြေအနေကို ရောက်နေတာမျိုး။
အဲ့ဒီတော့ ကျွန်တော်တို့ ပြန်သုံးသပ်ရမှာက ကိုယ့်လုပ်ငန်းရဲ့ Customer တွေက ဘာတွေ ပြောင်းလဲနေလဲ ဆိုတာပါပဲ။ ဒီအပေါ်ကို မူတည်ပြီးတော့ Solution ကို ရှာပြီး ဖြေရှင်းရမှာပါ။
ရောင်းသူ ဝယ်သူဆိုတာ အားလုံးက ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီပါ။
သူတို့ရဲ့ ပြဿနာကို အဆင်ပြေအောင် မဖြေရှင်းပေးနိုင်ဘူး။ ပိုကောင်းမွန်အောင် မလုပ်ပေးနိုင်ဘူးဆိုရင် အပေါ်မှာပြောခဲ့တဲ့ ကျွန်တော်တော့ ဒီတလော အရောင်းအဝယ် မကောင်းဘူး။ မရောင်းရဘူးဆိုတဲ့ ဇာတ်လမ်းထဲမှာ တဝဲဝဲလည် ဖြစ်နေဦးမှာပါပဲ။
25/08/2023
"Business has only two basic functions - marketing & innovation"
Austrian-American management consultant, educator, and author Peter Drucker ရဲ့ နာမည်ကျော် ဒီအဆိုလေးကို တော်တော်များများ ကြားဖူးမှာပါ။
ဒီ quote လေးက ယနေ့အချိန်အခါမှာ survive ဖြစ်ဖို့ ရုန်းကန်နေရတဲ့ လုပ်ငန်းတွေအတွက် လက်တွေ့ အသုံးချလို့ရတဲ့ သီအိုရီတခုပါ။
ကိုယ့်ရဲ့လုပ်ငန်းဟာ industry ထဲမှာ ဆက်လက်နေနိုင်ဖို့ အပြင်းအထန်ရုန်းကန်နေရတယ်ဆိုရင် ဒီနှစ်ချက်မှာ တစ်ချက် သို့မဟုတ် နှစ်ချက်လုံးမှာ ပြိုင်ဖက်တွေနဲ့ယှဉ်ရင် အားနည်းနေလို့ဖြစ်ပါတယ်။
Customer တွေရဲ့ရှုထောင့်ကကြည့်မယ်ဆိုရင် ပစ္စည်းချင်း၊ quality ချင်း၊ service ချင်း ရောင်းသူအားလုံးက တူနေတယ်ဆိုရင် ဈေးနှုန်းကို ယှဉ်ပြီး စဉ်းစားတတ်ကြပါတယ်။
အဲ့ဒါကြောင့် လုပ်ငန်းတွေအနေနဲ့ ကိုယ်က ပြိုင်ဖက်ထက် တစ်နေရာရာမှာ သာလွန်နေဖို့ (USP) အတွက် innovation ဆိုတာကို အမြဲလုပ်ဆောင်နေဖို့ လိုအပ်ပါတယ်။
အဲ့ဒါနဲ့ ပတ်သတ်ပြီး (သင်နဲ့ သင့်ရဲ့ပြိုင်ဖက်တွေကြား ဘယ်အရာက သင်တို့ရဲ့ ရောင်းအားကို ကွာခြားသွားစေတာလဲ?) ဆိုတဲ့ ပိုစ့် https://m.facebook.com/story.php?story_fbid=141888035633340&id=100094364326486&mibextid=Nif5oz မှာ အကျယ်တဝင့် ရှင်းပြထားပါတယ်။
ကိုယ့်ရဲ့ innovation က ပြိုင်ဖက်ထက်သာလွန်နေလို့ ရောင်းရပြီလားဆိုရင် no မရောင်းရသေးပါဘူး။ ဒါကို customer သိဖို့ marketing လုပ်ဖို့လိုပါတယ်။ ဒါကြောင့် လုပ်ငန်းတွေအနေနဲ့ survive ဖြစ်ဖို့ ရုန်းကန်နေရတဲ့ကာလတွေမှာ Marketing & Innovation က ပိုပြီးအရေးပါတဲ့အခန်းကဏ္ဍဖြစ်လာနေတာ ဖြစ်ပါတယ်။
Innovation ဆိုတာမှာ သူများနဲ့မတူတာ ဆန်းသစ်ရမယ်ဆိုလို့ ခေါင်းထဲကနေ အတင်းတွေ ညှစ်ထုတ်ပြီး မထွက်ထွက်အောင် စဉ်းစားတာမျိုးကို မဆိုလိုပါဘူး။
Innovation မှာ လုပ်ငန်းတွေ အနေနဲ့ လုပ်လို့ရတဲ့နှစ်ပိုင်း ရှိပါတယ်။
Creation ဆိုတဲ့ အသစ်ဖန်တီးခြင်းနဲ့ ရှိပြီးသားကို ပြိုင်ဖက်ထက် ပိုသာလွန်ကောင်းမွန်စေဖို့ ပြုလုပ်တဲ့ Optimization ဆိုတာရယ်ပဲဖြစ်ပါတယ်။
ဒီနေရာမှာ အောင်မြင်နေတဲ့ လုပ်ငန်းအများစုကို လေ့လာကြည့်မယ်ဆိုရင် Optimization ဆိုတဲ့နည်းလမ်းကို အသုံးပြုပြီး ပြိုင်ဖက်ထက် ပိုသာလွန်အောင် ပြုလုပ်ကြတာများပါတယ်။
ကျွန်တော် အားလုံးမြင်သာအောင် ဥပမာလေးတွေနဲ့ ရှင်းပြပါ့မယ်။ အညာကမြို့တမြို့မှာ တရုတ်စာ ထိုင်းစာရတဲ့ mobile restaurant တစ်ခုရှိပါတယ်။
ကိုဗစ်ကာလအစမှာ သူအပါအဝင် restaurant တိုင်း ငုတ်တုတ်ထိုင်နေရတဲ့အချိန်မှာ သူဘာလုပ်လိုက်လဲဆိုတော့ ရိုးရိုးထမင်းပေါင်းကို ကြက်ပေါင်နဲ့ ပေါင်းစပ်ပြီး ပုံစံလေးလည်း အနည်းငယ်ဆန်းသစ်လိုက်ပြီး မြေအိုးထမင်းပေါင်းဆိုတဲ့နာမည်နဲ့ အပြင်အဆင်လေးကအစ အသေအချာလေးလုပ်ပြီး launch လုပ်ခဲ့ပါတယ်။
ဒါက optimization နဲ့ innovation တစ်ခုပြုလုပ်ပြီး အားလုံးထိုင်နေရတဲ့အချိန်မှာ ပြိုင်ဖက်တွေရဲ့ရှေ့ကို သွားပြလိုက်တာပါ။
ဒါပေမဲ့ ရောင်းရလားဆိုတော့ အရမ်းမရောင်းရသေးပါဘူး။ အဲ့တော့ သူ ဘာလုပ်လဲဆိုတော့ Facebook marketing နဲ့ ဖောက်တယ်။ သူ့ဖောက်သည်တွေကို ကြော်ငြာရင်းနဲ့ word of mouth marketing နဲ့ ဖောက်တယ်။ တော်တော်ကြီး အောင်မြင်သွားတယ်။
နောက်တစ်ဆိုင်က ကျွန်တော်တို့လမ်းထိပ်က တွန်းလှည်းလေးနဲ့ ပလာတာရောင်းတဲ့တဆိုင် ....
သူ့ရဲ့ရှေ့မှာ အောင်မြင်နေတဲ့ လက်ဖက်ရည်ဆိုင်တွေအများကြီး ရှိပါတယ်။ သူ ဘာလုပ်ခဲ့လဲဆိုရင် ပဲပလာတာတို့ လိပ်ခုတ်တို့မှာ အဓိကဖြစ်တဲ့ ပဲကို ပုံမှန်လက်ဖက်ရည်ဆိုင်အချို့က ဒီတိုင်း ပဲအစေ့လိုက်ကို ဆီ၊သကြားနယ်ပြီးပေးနေချိန်မှာ သူက ချေပြီး အရသာထည့် အနှစ်လုပ်လိုက်တာပါ။ ဒါက ပလာတာတို့ လိပ်ခုတ်တို့မှာ အခြားဆိုင်တွေရဲ့အရသာနဲ့ယှဉ်ရင် ပိုပြီး စားကောင်းသွားစေခဲ့တာပါပဲ။ ပုံမှန်ဆို တိုးလို့မလွယ်ပေမဲ့ သူက အဲ့ဒီတစ်ခုထဲနဲ့ပဲ market share တော်တော်များများကို သိမ်းပိုက်သွားခဲ့ပါတယ်။
ဒီစာကို ဖတ်ပြီးတဲ့အချိန်မှာ ကိုယ့်လုပ်ငန်းက လက်ရှိမှာ ရုန်းကန်နေရတယ်ဆိုရင် marketing နဲ့ innovation ကို သေချာလေး လုပ်ဖို့အချိန် ရောက်နေပါပြီ။
21/08/2023
သင်နဲ့ သင့်ရဲ့ပြိုင်ဖက်တွေကြား ဘယ်အရာက သင်တို့ရဲ့ ရောင်းအားကို ကွာခြားသွားစေတာလဲ?
တစ်ခုလောက် စဉ်းစားကြည့်ကြရအောင်။
Product တူ လုပ်ငန်းတွေကြားမှာ customer က ဘာကြောင့် သင့်ဆီကပဲ ဝယ်ရမှာလဲ?
သင်သာ customer ဆိုရင် ဆိုင် A ဆီက မဝယ်ပဲ ဆိုင် B ဆီကပဲ ဝယ်ယူဖို့ ဘာကြောင့်ဆုံးဖြတ်ချက် ချလိုက်တာလဲ?
အဖြေက ရှင်းပါတယ် ... ဆိုင် B က ဆိုင် A ထက် တစ်ပိုင်းပိုင်းမှာ သာနေလို့ပါ။
အဲ့ဒါကိုတော့ "Unique Selling Proposition (USP)" လို့ ခေါ်ပါတယ်။
ပုံလေးကို ကြည့် ကြည့်ပါ။ သူ့မှာ
Winning Zone
Losing Zone
Risky Zone နဲ့
Who Cares Zone ဆိုပြီး ဇုန် (၄) ဇုန် ရှိပါတယ်။
Customer ဘာလိုအပ်သလဲဆိုတာ နားလည်တယ်။
Customer ရဲ့ ပြသာနာကိုလည်း နားလည်သဘောပေါက်တယ်။
သင်ရဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကလည်း အဲ့ဒီပြသာနာတွေကို ဖြေရှင်းပေးနိုင်တယ်။ ဒါကို သင့်ရဲ့ ပြိုင်ဖက်က မဖြည့်ဆည်းပေးနိုင်ဘူးဆိုရင် ဒီကွာဟချက်က သင့်ရဲ့ USP ပါပဲ။ သင်က အစိမ်းရောင်ခြယ်ထားတဲ့အကွက် Wining Zone ထဲမှာ ရှိနေပြီး Market Share အများစုက သင့်အတွက်ပါပဲ။
Customer ဘာလိုအပ်သလဲဆိုတာ နားလည်တယ်။ သင့်ရဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုက သူတို့ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သလို ပြိုင်ဘက်တွေကလည်း ဖြည့်ဆည်းပေးနိုင်တယ်ဆိုရင်တော့ သင်ရဲ့လုပ်ငန်းဟာ အဝါရောင်ပြထားတဲ့ Risky Zone ထဲ ရောက်နေပါပြီ။ Price War, Promotion War တွေနဲ့ အန္တရာယ်ရှိတဲ့ ဈေးကွက်လို့ ပြောလို့ရပြီး ဒီနေရာမှာရှိနေတယ်ဆိုရင် သင် USP ကို မဖန်တီးနိုင်တဲ့အတွက်ကြောင့်ပါ။
Customer လိုအပ်ချက်ကို သင်က နားမလည်ဘူး၊ မပံ့ပိုးပေးနိုင်ဘူး၊ မဖြည့်ဆည်းနိုင်ဘူး။
ဒါပေမဲ့ ပြိုင်ဘက်က ဒါကို ကောင်းကောင်းအသုံးချနေနိုင်တယ်ဆိုရင်တော့ သင်ဟာ အနီရောင် Losing Zone ထဲမှာပါ။ သေချာပေါက်ကျဆုံးဖို့ရာခိုင်နှုန်းက များနေပါပြီ။
သင်နဲ့ သင့်ရဲ့ ပြိုင်ဘက်ကတော့ အပြိုင်အဆိုင်တွေတော့ လုပ်နေကြတာပဲ ၊ ဒါပေမဲ့ သင်တို့ လုပ်နေတဲ့အပေါ်မှာ Customer က စိတ်မဝင်စားသလို သူတို့ လိုလည်းမလိုအပ်တဲ့အရာတွေသာဖြစ်နေမယ်ဆိုရင်တော့ အပြာရောင်အကွက် Who Cares ထဲမှာပါ။ ဒါဟာ ကုန်ကျစရိတ်၊ အချိန် စတာတွေကို ဖြုန်းတီးနေခြင်း သပ်သပ်ပါပဲ။
ဒါဆိုရင်တော့ ကိုယ့်ရဲ့ Customer က ဘယ်သူလဲ?
ကိုယ် ဝင်နေတဲ့ Market က မှန်ရဲ့လား?
ကိုယ်က ဘယ်အရာကို ဖြည့်ဆည်းရင် သူတို့ ကိုယ့် Customer ဖြစ်လာမလဲ? စတာတွေကို သုံးသပ်ဖို့ လိုအပ်နေပါပြီ။
လက်ရှိမှာ သင်က ဘယ် Zone ထဲမှာ ရှိနေလဲ?
Wining Zone ထဲမှာဆိုရင် ပြဿနာမရှိပေမဲ့ မဟုတ်နေရင်တော့ Wining Zone ထဲကို ဝင်နိုင်မဲ့ USP ကို ဖန်တီးဖို့တော့ မဖြစ်မနေ လိုအပ်နေပါပြီ။
10/08/2023
လုပ်ငန်းတခုမှာ အရေးတကြီးကိုင်တွယ်နိုင်ဖို့ လိုအပ်တဲ့အရာတခုရှိပါတယ်။
"Perishability" ပုပ်သိုးကုန် ပါ။ ဒီနေရာမှာဆိုလိုချင်တဲ့ ပုပ်သိုးကုန်ဆိုတာ ဒီနေ့မရောင်းရရင် နောက်တနေ့မှာ ဒီနေ့အတွက်အစားထိုး ပြန်လည်ရောင်းချလို့မရတော့ပဲ ထိုအတွက် ရရှိမဲ့ income ကို ဆုံးရှုံးလိုက်ရတာကို ဆိုလိုချင်တာဖြစ်ပါတယ်။
ဥပမာလေးနဲ့ ရှင်းပြပါ့မယ်။
Room 50 ရှိတဲ့ ဟိုတယ်တလုံးအနေနဲ့ ဒီနေ့မှာ အခန်း 30 ပဲ ရောင်းထွက်ခဲ့တယ်ဆိုရင် ကျန်တဲ့ vacant အခန်း 20 က ဒီနေ့အတွက် income မရတော့သလို နောက်တနေ့မှာ ဒီနေ့မှာ ကျန်ခဲ့တဲ့ vacant အခန်း 20 အတွက် income ကို ပြန်ရှာ၍မရနိုင်တော့တာကြောင့် ဒါက "Perishability" လို့ခေါ်တဲ့ ပုပ်သိုးကုန်ပါ။
လုပ်ငန်းတိုင်းမှာ perishability ဆိုတာရှိပါတယ်။ သို့သော်လည်း အဓိက ဝင်ငွေလမ်းကြောင်းကို ရရှိစေတဲ့ ထုတ်ကုန်ရဲ့ Perishability rate ကို ပိုပြီး နည်းနိုင်သမျှ နည်းအောင် ကြိုးစားလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ခုနက ဟိုတယ် ဥပမာမှာ ဆက်ပြောရမယ်ဆိုရင် ဟိုတယ်မှာ restaurant & bar, spa, ballroom စသည် စသည်ဖြင့် income streams တွေ အများကြီးရှိပါတယ်။ သို့ပေမဲ့ အဓိက ဝင်ငွေရရှိစေတဲ့ product သည် အခန်းဌားရမ်းခြင်းပါ။ ဒါမျိုးကို ဆိုလိုချင်တာပါ။
ဒီ issue ကို ကိုင်တွယ်တဲ့အခါမှာ အသုံးဝင်မဲ့ နားလည်ထားဖို့လိုအပ်တဲ့ အခြေခံကျတဲ့ အချက် လေးချက် ကို မျှဝေပေးချင်ပါတယ်။
1. ကိုယ့်ရဲ့ customer က ဘယ်သူတွေလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိရပါမယ်။
လူတိုင်းက ကိုယ့်ရဲ့ customer မဟုတ်တဲ့အတွက် mass target ထားလို့မရပါဘူး။ ဘယ်သူတွေက ကိုယ့်ရဲ့ customer လဲဆိုတာကို specific segment ခွဲထားရပါမယ်။
2. ကိုယ့်မှာ သူတို့ ကိုယ့်ကိုပဲ ရွေးချယ်ရစေမဲ့ Unique Selling Proposition (USP) ရှိရပါမယ်။
သူတို့ရဲ့ need & want ကို ထောက်ပံ့ပေးတဲ့ ကိုယ့်ရဲ့ product က direct, indirect, substitute competitors တွေကြားထဲမှာ ဘာကြောင့် ရွေးချယ်ရမယ်ဆိုတာကို သူတို့ သိနေဖို့ ရှိရပါမယ်။ သိအောင် communication လုပ်ရပါမယ်။
ဒီနေရာမှာ Product/ Service Bundle ကို နားလည်ရပါမယ်။
Actual Product (ကိုယ် တကယ် ရောင်းချတဲ့ product)
ဟိုတယ်တလုံးရဲ့ main product ဟာ room ဖြစ်ပါတယ်။ ကိုယ် ရောင်းချပေးတဲ့ room ဟာ ဘယ်လိုပုံစံမျိုးလဲဆိုတာ အပေါ်တဆင့်မှာ ဘယ်သူတွေအတွက်လဲဆိုတဲ့ customer segment လုပ်ခဲ့မှသာ သူတို့ကိုယ့်ကို နှစ်ခြိုက်စေမဲ့ design, amenities စတာတွေကို product-customer fit ဖြစ်စေမှာဖြစ်ပါတယ်။
Core Benefits (Customer တွေ ဘာကိုလိုအပ်တာလဲ? ဘာကို ဝယ်ယူတာလဲ?)
Marketing မှာ ပြောနေကျ စကားလုံးတလုံးရှိပါတယ်။ Customer တွေဝယ်ယူတာ Product ကို မဟုတ်ပါဘူး အဲ့ Product ရဲ့နောက်ကွယ်မှာရှိတဲ့ သူတို့ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမဲ့ Core Benefits ကို ဝယ်ယူတာပါ ဆိုတာပါပဲ။
စီးပွားရေးအတွက်လာတဲ့ Business Traveller တယောက်နဲ့ အလည်အပတ်ခရီးအတွက်လာတဲ့ Leisure Traveller တယောက်ရဲ့ needs and wants တွေက မတူညီပါဘူး။ ဒါတွေကို သိထားမယ်ဆိုရင် ကိုယ့်ရဲ့ customer တွေကို pitch တဲ့နေရာမှာ ပိုပြီးထိထိရောက်ရောက် pitch နိုင်မှာဖြစ်ပါတယ်။
Augmented Product (ထပ်ပြီး additional အနေနဲ့ ပေါင်းထည့်ပေးထားတဲ့ product)
ကိုယ့်အနေနဲ့ ဘာတွေထပ်ဆောင်းပြီး provide လုပ်ပေးနိုင်လဲဆိုတာကလဲ customer တွေအနေနဲ့ ကိုယ့်ကို ပိုမိုရွေးချယ်စေမဲ့ အကြောင်းအရင်းတခုပါပဲ။ ဒါက မဖြစ်မနေ ထားရှိပေးရမဲ့ basic facilities တွေကို ဆိုလိုတာမဟုတ်ပါဘူး။ ဥပမာ : wifi, pool table, unplugged, playground စတဲ့ facilities တွေ၊ intangible product ဖြစ်တဲ့ service စတာတွေကို ဆိုလိုတာဖြစ်ပါတယ်။
3. ထိရောက်တဲ့ Sale & Marketing Strategy တွေကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရပါမယ်။
အရေးကြီးတာက Sale & Marketing Funnel တဆင့်ချင်းဆီတိုင်းကို အသေအချာ ဂရုတစိုက်နဲ့ လုပ်ဆောင်သွားဖို့ပါပဲ။
ဒီအဆင့်က ကိုယ့်ရဲ့ ရောင်းအားနဲ့ တိုက်ရိုက်ကျနေတာဖြစ်တဲ့အတွက် အသေအချာလုပ်ဆောင်ဖို့လိုအပ်ပါတယ်။
4. Product & Service Quality တွေကို consistent ရှိရှိနဲ့ မလျော့ကျအောင်ထိန်းသိမ်းဝန်ဆောင်မှုပေးသွားဖို့ လိုအပ်ပါတယ်။
ဒါက လုပ်ငန်းတခုအတွက် အရေးကြီးဆုံးသောအချက်ပါပဲ။
ဒီအတွက်ဆိုရင်တော့ Operations Management ကို Focus ထားပြီး သေချာလုပ်ဆောင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
03/08/2023
TikTok ကို စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဘာကြောင့် အသုံးပြုသင့်တာပါလဲ?
TikTok က creators တွေရဲ့ content တွေကို categorize လုပ်ပြီး interested ဖြစ်တဲ့ user တွေကို ပြပေးခြင်းဖြင့် ဒီ user တွေ app ပေါ်မှာ ကြာကြာရှိနေအောင် လုပ်တဲ့နေရာမှာ ဆရာကျပါတယ်။
ဒါကြောင့် ကိုယ် target ထား ထားတဲ့ audience တွေ ပိုပြီး စိတ်ဝင်စားမဲ့ ဗီဒီယိုတွေများများဖန်တီးတင်ဆက်နိုင်လေ Potential Reach, Views တွေ များများရောက်နိုင်၊ ရနိုင်လေ ဖြစ်ပါတယ်။
နောက်တချက်က မြန်မာနိင်ငံရဲ့ TikTok အသုံးပြုသူ User အရေအတွက်ပါ။
World Population Review ရဲ့ report အရ 2023 မှာ မြန်မာနိုင်ငံရဲ့အသုံးပြုသူ user account ဟာ over 5 millions ရှိပါတယ်။ နေ့စဉ်အသုံးပြုမှုဟာလဲ တကယ်ကိုပဲ များပြားလှပါတယ်။
နောက်ဆုံးတချက်ကတော့ Facebook ပေါ်မှာလောက် competitive မဖြစ်သေးတဲ့ platform leverage အားသာချက် ရှိတာပါ။
ဒါတွေက ကိုယ့်လုပ်ငန်းရဲ့ brand awareness, leads နဲ့ sales တွေကို ကုန်ကျစရိတ် သက်သာစွာနဲ့ တက်လာအောင် လုပ်တဲ့နေရာမှာ ပိုမိုအထောက်အကူဖြစ်စေတာမလို့ TikTok ရဲ့ leverage power ကို အသုံးမပြုရသေးရင် အသုံးပြုဖို့ အကြံပြုလိုက်ပါရစေ။
29/07/2023
အကယ်၍ သင့်ရဲ့ Online Shop က ဒီအချိန်မှာ ရောင်းရဖို့နဲ့ အနည်းဆုံး ဒီလောက်မှ မကျန်ရင် မကိုက်ဘူးဆိုတဲ့ အမြတ်ငွေ ပမာဏတခုရဖို့ ရုန်းကန်နေရတယ်ဆိုရင်တော့ Cost Efficient ဖြစ်ပြီး Effective ဖြစ်တဲ့ Outcome တွေ ဖန်တီးနိုင်မဲ့ Strategy တခုကို ရှာဖွေဖို့ လိုအပ်နေပါပြီ။
Tip 1. အကယ်၍ သင်က အပေါ်မှာ ပြောခဲ့သလို ရုန်းကန်နေရပြီး page မှာ ပိုစ့်တင်ပြီး ကြော်ငြာရောင်းချတာတခုထဲကို အလုံးစုံအားပြုပြီး ရောင်းနေတာဆိုရင်တော့ အဲ့ဒီအပိုင်းမှာ Cost Saving ပြုလုပ်ဖို့ စတင်ကြိုးစားရပါတော့မယ်။
အရင်ဆုံး စဉ်းစားခန်းလေး ဝင်ကြည့်ကြရအောင်။
1$ မှာ inquiry ဘယ်နှစ်စောင်ရလဲ?
အဲ့ဝင်လာတဲ့ message တွေထဲမှာမှ ဘယ်နှစ်စောင်က အရောင်းအဖြစ် ပြောင်းလဲသွားလဲ?
1$ သုံးလိုက်တိုင်းမှာ အမြတ်ငွေပမာဏ ဘယ်လောက်ကျန်လဲ?
ဒီနေရာမှာ ကိုယ့်ရဲ့ product တခုစာရဲ့ အမြတ်က နည်းပါးတယ်။ အဲ့တာကိုမှ CPR ကလဲ မြင့်နေတယ်ဆိုရင်တော့ အမြန်ဆုံး ပိုအလုပ်ဖြစ်မဲ့ strategy တခုကို အကောင်အထည်ဖော်ရပါတော့မယ်။
ဒီ product အတွက် ကြော်ငြာ budget ဘယ်လောက်သုံးမလဲ?
ဒီသုံးလိုက်တဲ့ပမာဏအတွက် အနည်းဆုံး အရေအတွက် ဘယ်လောက်ရောင်းရရင် အရင်းကြေမလဲ?
ဘယ်လို campaign objective တွေနဲ့ ကြော်ငြာပိုစ့်ကို run မလဲ?
ဘယ် audience ကို ရွေးချယ်ပြီး ပြသမလဲ?
Page Promote ရော လုပ်မှာလား?
တခါထဲ all in လိုက်မှာလား? Pilot Project အရင် run မှာလား? စသည်ဖြင့် စဉ်းစားဖို့ လိုအပ်ပါတယ်။
Tip 2. Product အတွက်ကြော်ငြာ အရေးအသားနဲ့ ဒီဇိုင်းကို user တွေရဲ့ attention ကို ဖမ်းယူနိုင်ဖို့ သေချာလေး ပြင်ဆင်ရပါမယ်။
ဒီအပိုင်းက ဝယ်ယူဖို့အလားအလာရှိသူကနေ ဝယ်သူအဖြစ် ပြောင်းလဲတဲ့နေရာမှာ အရေးကြီးတဲ့တချက်ဖြစ်ပါတယ်။
ချည်ထည် post တခုကို ဈေးနှုန်းတူ အရည်အသွေးတူ audience တူမှာ ကြော်ငြာမှာ သုံးထားတဲ့ ဒီဇိုင်းကို ပြင်လိုက်တာမှာ CPR 0.41 $ ကနေ 0.17 $ အထိ လျော့ကျပြီး အရောင်းလဲ ပိုဖြစ်ခဲ့တဲ့အထိ ရရှိခဲ့ဖူးပါတယ်။
Tip 3. ရောင်းဈေး သတ်မှတ်မှု မှန်ကန်ဖို့ လိုအပ်ပါတယ်။
ကိုယ့် product ရဲ့ grade အရ Market ပေါက်ဈေး၊ Targeted Customer လက်ခံနိုင်တဲ့ ဈေးနှုန်းထားတခုကို မှန်မှန်ကန်ကန် သတ်မှတ်နိုင်ဖို့က အရေးကြီးပါတယ်။ ဒီရောင်းဈေးပေါ်မူတည်ပြီး ရောင်းအားနဲ့ ကျန်တဲ့အမြတ်ငွေ ပမာဏက အနည်းအများ ကွာခြားမှု ရှိမှာ ဖြစ်လို့ပါ။
Tip 4. Placement အနေနဲ့ page တခုကနေပဲ မရောင်းချပါနဲ့။
အရောင်းပိုစ့် တင်လိုက်ပြီးရင် organic reach, engagement က ဘယ်လောက်ပဲရသလဲဆိုတာကို insight ကြည့်ပြီးရင် ကျနော် ဆိုလိုချင်တာကို သဘောပေါက်မှာပါ။
Facebook ပေါ်မှာဆိုရင် Personal account နဲ့ အရောင်းအဝယ် Group တွေထဲမှာ ရောင်းချတာ။
လက်ကား Group, VIP Group စသည်ဖြင့်ဖွဲ့ထားပြီး ရောင်းချတာ။
အခြား user အသုံးပြုမှုများတဲ့ TikTok မှာ ရောင်းချတာ အစရှိတဲ့ Placement တွေရဲ့ Leverage Power တွေကိုပါ အသုံးပြုပြီး ရောင်းချပါ။
Tip 5. Personal Brand, Business Brand တည်ဆောက်ပါ။
ဝယ်သူတိုင်းက သူတို့ သုံးလိုက်တဲ့ငွေနဲ့ တန်တဲ့ ပစ္စည်းပြန်မရမှာ၊ ဆုံးရှုံးမှာ ကြောက်ပါတယ်။ ဒီအတွက် Personal Brand ရော Business Brand ပါ တည်ဆောက်ထားနိုင်တဲ့ လုပ်ငန်းက ပိုပြီးတော့ သူတို့ရဲ့ top of mind မှာ နေရာယူနိုင်ပြီး cost efficient ဖြစ်ဖြစ်နဲ့ ရောင်းအားများများရပါတယ်။
Tip 6. Customer Service နဲ့ After Sale Service ကောင်းမွန်ဖို့ အရေးကြီးပါတယ်။
ဝယ်သူတိုင်းက တခါဆက်ဆံပြီးရင် ဆယ်ခါလက်လန်ရတဲ့ ဆိုင်မှာ အားမပေးရုံတင်မကပါဘူး။ သူတို့ကို ယုံကြည်တဲ့ သူတို့ရဲ့ network ထဲမှာ ရှိတဲ့သူတွေကိုပါ ဒီ information ကို ပေးပါတယ်။
"Words of Mouth Marketing ရဲ့ သက်ရောက်မှုအား" ဆိုတာ ဒါကိုပြောတာပါ။ သူတို့အတွက် ကောင်းမွန်တဲ့ experience ရရင် သူတို့က သူတို့ရဲ့ network ထဲမှာရှိတဲ့သူတွေကို ကောင်းတာ ပြန်ဖြန့်ပေးပါလိမ့်မယ်။ မကောင်းဘူးဆိုရင် မကောင်းတာကိုပဲ ပြန်ဖြန့်ပေးမှာပါ။
Tip 7. Cross-Selling, Upselling အရောင်းနည်းစနစ်တွေ အသုံးပြုပါ။
ဒါက variable cost နည်းပါးပြီး မြန်မြန်နဲ့ ရောင်းအား၊ အကျိုးအမြတ် များများ ဖန်တီးနိုင်မဲ့ နည်းစနစ်တခုပါ။ ဝယ်သူဖက်ကကြည့်ရင်လဲ တခုချင်းစီဝယ်တာထက် ပိုတန်တယ်ဆိုတဲ့အတွက် သူတို့ လိုအပ်တယ်ဆိုရင် ပိုမိုသက်သာတဲ့ ဒီ offer ကို ကျိန်းသေပေါက် ရွေးချယ်မှာပါ။
Tip 8. Loyalty Gift တွေ စီစဉ်ပေးပါ။
ဝယ်သူတွေဟာ သင့်ရဲ့ product အပေါ်မှာ အလွန်အမင်း စိတ်ကျေနပ်သွားပြီဆိုရင် သင့် product ပြတ်လတ်သွားတယ် သို့မဟုတ် ကြာချိန်တခုစောင့်ရမယ်ဆိုရင်တောင်မှ အရေးတကြီးလိုအပ်နေချိန်ကလွဲလို့ အခြားအချိန်တွေမှာ အခြားဆီကနေမဝယ်ပဲ စောင့်တဲ့အထိ သစ္စာရှိသူတွေပါ။ ဒါ့အပြင် သူတို့ကိုယ်တိုင်ကလဲ သူတို့ရဲ့ ခင်မင်ရသူတွေကိုပါ ကူညီရောင်းချပေးတတ်သူတွေပါ။
ဒါပေမဲ့ သူတို့လဲ လူသားတွေဖြစ်ကြတာမလို့ သူတို့ကိုလဲ ပြန်လည် ဂရုစိုက်ပေးမှုတွေကို လိုအပ်သူတွေပါ။
သူတို့ကို social media မှာ ဂရုစိုက်ကြောင်း၊ ကျေးဇူးတင်ကြောင်း ပြတာတွေ။
သူတို့ရဲ့ သူငယ်ချင်းတွေကြားထဲမှာ သူတို့ proud ဖြစ်ဖြစ်နဲ့ အထင်ကြီးမှုကို ရရှိအောင် referral code တွေ ပေးတာတွေ။
သူတို့အတွက် သီးသန့် အထူးအကျိုးခံစားခွင့်တွေ ပေးတာတွေ စတဲ့ Loyalty Gift တွေ စီစဉ်ပေးဖို့ လိုအပ်ပါတယ်။
Tip 9. Product Engineering လုပ်ပါ။
Product Engineering လုပ်တဲ့အခါမှာ Popularity ဖြစ်မှုနဲ့ Profitability ဖြစ်မှုအပေါ်မှာ တိုင်းတာပြီးတော့ Product တွေကို ခွဲထုတ်လိုက်တဲ့နည်းစနစ်ပါ။
အဲ့လို ခွဲထုတ်ခြင်းအားဖြင့် ဘယ် product က မရောင်းရပဲ သူ့အတွက် ကြော်ငြာစရိတ် ဘယ်လောက်တောင် အသုံးပြုထားရလဲ? ဘယ်လောက် ဆုံးရှုံးနေလဲဆိုတာ ထွက်လာမှာပါ။
ဒီအချက်လေးတွေက ခုလို US $ exchange rate မြင့်တက်နေပြီး အမြတ်မဆိုထားနဲ့ဦး ကြော်ငြာစရိတ်ကြေဖို့တောင် ရုန်းကန်နေရတဲ့လုပ်ငန်းတွေအတွက် အများကြီး အထောက်အကူဖြစ်စေလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဒီပိုစ့်မှာက ကြော်ငြာစရိတ်ကို တတ်နိုင်သမျှ လျှော့ချပြီး အရောင်းပိုရနိုင်မဲ့ နည်စလမ်းလေးတွေကို အဓိက ပြောထားတာဖြစ်လို့ Backside ဖြစ်တဲ့ Supplier ဆီကနေ ဝယ်ယူမှု၊ သယ်ယူပို့ဆောင်မှုတွေမှာ ကုန်ကျတဲ့စရိတ်တွေကို လျှော့ချဖို့ နည်းလမ်းလေးတွေတော့ ပါဝင်နေမှာ မဟုတ်ပါဘူး။