Emily Nann လေးကို မေ့နေမှာ စိုးလို့ ကိုယ်ထင်လာပြတာပါလိူ့ …
💖💖💖
Emily Nann
Jewellery
31/03/2023
မဂ်လာပါရှင်
Emily Nann page လေးကနေ ကြိုဆိုလိုက်ပါတယ်
နန်းဒီတစ်ခါ မျှဝေပေးချင်တာကတော့
လုပ်ချက်မှားရင်
ရှိပြီးသား ကျောက်ရဲ့
အရည်အချင်းလေးတောင်
ဆွဲချခံရတာမျိုး😁😁…
မျက်လုံးပွတ်ပြီး ဟုတ်မှ ဟုတ်ပါ့မလား
နှစ်ခါ မစဉ်းစားပါနဲ့ရှင်
ပန်းထိမ်နဲ့လုပ်ချက် မှားရင် မရှိမဲ့ ရှိမဲ့ ချွမ်ရောင်လေးတောင်
ပျောက်အောင် လုပ်နိုင်စွမ်းရှိပါတယ်…
ပန်းထိမ်နှစ်ခု မတူညီပါ…
ဒုတိယပုံက လုပ်ချက်မှန်လို့ လှနေတာပါ …
နန်း စဉ်းစားနေတာ
သူဘလိုလုပ်လိုက်ပါလိမ့်ပေါ့
သေချာတာကတော့ လိုက်ခံတာမှားတာပါ…
နန်းမှာ စမြင်မြင်ချင်း ငိုချင်ချင် ဖြစ်သွားမိပါတယ်….
နန်းလို မဖြစ်ရအောင် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါတယ်ရှင် …
28/03/2023
အားလုံးပဲ မဂ်လာပါရှင်
စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့
ဆုမွန်တောင်းပေးရင်း
Emily Nann page လေးကနေ ကြိုဆိုလိုက်ပါတယ်ရှင်…
နန်းကတော့ ဒီတစ်ခါက်မျှဝေပေးမှာကတော့
အောက်က လျှိုပဲ့လေး
ဝိုင်းထဲမှာ အရောင်းအဝယ် ဖြစ်ခဲ့တာလေးကို မျှဝေပေးသွားမှည ဖြစ်ပါတယ်
အလေးချိန်ကတော့၃ /၄ပိသာခန့်ရှိပါတယ်
ဒါလေးကိုတော့ နန်းက 70000နဲ့ ပေးဝယ်ထားတာလေး ဖြစ်ပါတယ်
လျှိုပဲ့လေးမှာ မြင်ရတဲ့အသားတန်းကတော့ ခါးသန်အဆင့်လောက်ပါ
သူ့ရဲ့အားသာချက်က ထိပ်စွန်းနှစ်ဖက်အသားတန်းလေးက အနည်းငယ်ညှို့ပြီး အသားတန်း ပိုမြင့်ပါတယ်
ကျောက်သားနည်းနည်းကြမ်းပါတယ်
အလယ်မှာ ပေါလိဖြစ်သွားနိုင်မလား ဆိုတဲ့
အာရုံနဲ့ ဝယ်မိတာပဲ ဖြစ်ပါတယ်😁
ဒါပေမယ့် မဖြတ်ရဲသေးတော့ အရောင်းအဝယ်ပဲ
လုပ်ပါတယ်…
အနာကတော့ မြင်တဲ့အတိုင်းလေးပါ😁
ယမ်းက အနည်းငယ် ညက်တဲ့နေရာ ညက်ပေမယ့် လားရာ မတူကြပါဘူး
ဝိုင်းထဲ တိုက်ခိုင်းကြည့်တော့ ၂သိန်းထွက်တာနဲ့
ရောင်းပေးလိုက်ပါတယ်
ဝယ်စျေး 70000
လုံးစွတ်အခြေခံ ကျောက်ပညာလေး နဲ့နေ့တွက် အမြတ် 130000 မြတ်လိုက်တဲ့ကျောက်လေးပေါ့ရှင် 💙
ညီမရဲ့ ဆရာသခင်ကျေးဇူးရှင်
ဆရာဝင်းသိန်း၏ မေတ္တာစေတနာဖြင့် သင်ကြားပေးမှုများအား အစဉ်အမြဲ အောက်မေ့သတိရ လေးစားလိုက်နာလျက်
ဆရာ့ချစ်တပည့်
Emily Nann
28/03/2023
မဂ်လာပါရှင်
Emily Nann page လေးမှ ကြိုဆိုပါတယ်ရှင်
ဒီတစ်ခါတော့ နန်းက လုံးစွတ်လေး
အရောင်းအဝယ်ဖြစ်ခဲ့တာလေးကို ပြန်လည်မျှဝေမှာဖြစ်ပါတယ်ရှင်…
နန်းက ဒီလုံးစွတ်လေးကို ၃၅၀၀၀ နဲ့ဝယ်ထားတာဖြစ်ပါတယ်…
အလေးချိန်က 80သားလောက်ရှိပါတယ်
ဝိတ်စီးပါတယ်
မဲကြောလေးပါ
ယမ်းအခြေအနေကတော့ အချိုမှုန့်လောက်ပါ
ယမ်းလားရာ သိပ်မညီပါဘူး…
အထိုင်လှပါတယ်(ဝိုင်းထဲအကြိုက် ရွေးဝယ်လို့ အထိုင်စကားပြောတာပါ)
မီးပေါက်ချက် ဝမ်အောင် သေချာဆေးကြောထားပါတယ်…
ဝိုင်းထဲတိုက်ကြည့်ခိုင်းတော့ ၁သိန်းထွက်လို့
ရောင်းပေးလိုက်ပါတယ်…
ကျောက်အရင်း ၃၅၀၀၀
ကျောက်ဆေးခ၅၀၀၀
ပွဲခ ၅၀၀၀
အမြတ်၅၅၀၀၀
ကျောက်ပညာရင်းပြီး နေ့တွက်ရှာခြင်း အမှတ်တရ လေးပေါ့ရှင်💙…
28/03/2023
Hello
Emily Nann Page လေးကနေ နွေးထွေးစွာ
ပြန်လည်ကြိုဆိုလိုက်ပါတယ်
နန်း ဒီခေါက်ပြန်လည် မျှဝေပေးမယ့် အကြောင်းအရာလေးကတော့
ကျောက်ပညာအပြင်
အသိပညာတွေအများကြီးပါ ပြန်လည်မျှဝေပေးသွားမှာပါ ….
ဒီပုံပါ ခုံ့လေး ၂ပွင့်ကတော့
နန်းပြထားတဲ့ ခဲကနေ ထုတ်ထားတဲ့
အပွင့်ပေါင်း 30 လောက်ထဲက ၂ပွင့်ပါ
ခဲလေးကတော့ အိတ်ဆွဲလော့ပြတ်ထဲက ပါတာဖြစ်တဲ့အတွက် နန်းအတွက် အရင်းမများပါဘူး….
ခုံ့လေး၂ပွင့်ကို ကောက်တပ်ဆင်ပြီး တိုက်ခိုင်းကြည့်တဲ့အခါမှာ
လှတဲ့ကျောက်လေးတစ်ခုကို 80000ပေးလို့ ခန သိမ်းထားပြီး ပြန်တိုက်ခိုင်းတော့
ပုံပါ ၂ကွင်းကိူ 150000 ထွက်တာနဲ့ ရောင်းပေးလိုက်ပါတယ်
အသားနည်းနည်းကွက်ပါတယ်…
အသားတန်းမြင့်ပြီး ကျောက်ဆီပါပါတယ်…
အရေးကြီးတဲ့အပိုင်းကို လာမှာက ခုမှပါ…
နန်းတို့ လွန်ခဲ့တဲ့၃/၄လကပေါ့
ဒီခုံ့လေးတွေက တစ်ဝဲဝဲလည်လည်ဖြစ်ခဲ့ရတဲ့ ခုံ့လေးတွေပါ …
အပွင့်မဖြစ်ခင် ခဲလေးက အရင်စပြောမယ်နော် …
ခဲလေးကိုဖြတ်လိုက်တော့ မဆိုးဘူးပေါ့
သေချာပေါက်အပွင့်ထုတ်လို့ရမှာပဲဆိုပြီး
နန်းရဲ့အသိတစ်ယောက်က သူ့မှာ အပြင်ကအပွင့်လိုက်ပေးတဲ့အသိရှိတယ်ဆိုတာနဲ့ အပ်လိုက်မိပါတယ်….
တစ်လကျော်မယ်ထင်ပါတယ်
မေးလိုက်တိုင်း မပြီးသေးဘူး စသည်
ဟိုရှောင်ဒီရှောင်နဲ့ နောက်ဆုံး ကိုယ့်ပစည်းကိုယ်ပြန်ယူတော့မယ်ဆိုတော့မှ
အပွင့်လိုက်တဲ့သူက ပြောတယ်တဲ့ အပွင့်လိုက်လို့မရဘူးတဲ့…
လုံးဝ မဖြစ်နိုင်….
နောက်ဆုံးတော့ ကိုယ့်ဘာသာပဲ ဆက်လုပ်မယ်ဟုဆိုကာ ဇွတ်တောင်းတော့မှ
အတစ်စတွေက်ိူ နန်းရဲ့အသိကနေ တဆင့် လိုက်တောင်းဝယ်လေသည်
နန်းတို့ကို အာရုံချပြီးနောက်
သောင်းပိုင်းကနေ စတောင်းဝယ်လေတော့သည်၁သိန်းခွဲထိပေးသေးသည်
နန်းက အစအဆုံးလုပ်ကြည့်ချင်လို့ ပြန်ယူပါရစေလို့ တောင်းမှ နန်းလက်ထဲ ရောက်လာသည်…
ယုံကြည်စိတ်ချရတဲ့ နန်းတို့ရဲ့ အသိအစ်ကိုကြီးဆီ အပ်ကာ အပွင့်ထုတ်ခိုင်းလိုက်တာ အများကြီးရလို့ နန်းရင်ထဲ အလုံးကြီးကျသွားခဲ့တော့တယ်….
နန်းမျှဝေပေးချင်တာကတော့
တဲ့နန်းကို
အပွင့်မရဘူးဟု ဗြောင်လိမ်ကာ အာရုံချခံခဲ့ရတာပေါ့ရှင်…
အခြေခံဖြတ်သွေးတက်ထားတဲ့နန်းက
ပိန်းဥသားကို ဖြတ်သွေးလုပ် မှတ်တင် ဝါးဖတ်တိုက်လိုက်ရင် ကျောက်ရုပ်လေးထွက်လာတာကအစ သိပြီးသားဆိုတာ ကိုယ့်လူတ်ို့ မသိကြတာပါပဲ🤣🤣🤣….
တန်ဖိုးမဖြတ်နိုင်တဲ့ ပညာတွေ အများကြီး ရလိုက်တဲ့ ခုံ့လေးပါပဲ….
ဆရာပြောသလိုပါပဲ အခြေခံက စတက်တဲ့သူဟာ ပြုတ်ကျလည်း အထိမနာပါဘူးတဲ့…
ဘယ်လိုအတစ်စလေးကို ဘလိုသွေးလိုက်ရင် ဘလိုလေးဖြစ်သွားမယ်ဆိုတာကအစ သိပ်ပညာပါတာပါ…
အခြေခံကသိထားတော့ တော်ရုံ အလိမ်ခံ မထိတော့ဘူးပေါ့ရှင်😆…
နန်းလည်း ပညာသင်တစ်ယောက်ပါ…
နန်းတို့အပွင့်တွေကောက်တဲ့အခါ
တစ်ချို့ မှတ်ကျန်တာတွေ ၊အပေါ်အောက်ပြောင်းပြန်သွေးလာတာတွေ၊ အယူအဆ မှားလာတာတွေ တွေ့ရတော့ ပြန်ပြင်သင့်တာကို ပြန်ပြင်ရမယ်ဆိုတာ သိဖို့ကလည်း ပညာတစ်ခုပါပဲ….
နန်းတို့လည်း အများကြီး အများကြီး ကြိုးစားရမယ်….
ဒီခရီးက ထင်ထားတာထက် အဆတရာ
ပိုကြမ်းပါတယ်…
အံကိုတင်းတင်းကြိတ်ကာ လက်ကိုတင်းတင်းဆုပ်လို့
ဒီခရီးလမ်း ဘလောက်ကြမ်းပါစေ
ဝါသနာပါလွန်းမက ပါလို့ ရွေးထားတဲ့လမ်းမို့
အဖျက်တွေ ဘလိုပဲရှိပါစေ
ဆရာ့တပည့်ပီသစွာ ဆက်လက်ကြိုစားသွားပါမယ်လို့
Emily Nann
28/03/2023
Hello အားလုံးပဲ
မဂ်လာပါရှင် 💙💙💙
Page လေးကို ပစ်ထားမိသလို ဖြစ်နေပေမယ့်
နန်း အမြဲ ကျောက်ဝိုင်းသွားပြီး
အပွင့်တွေကောက် အရောင်းအဝယ်တွေနဲ့
မပြတ်တမ်း ကြိုးစားနေပါတယ်ရှင်…
ဒီတစ်ခါ နန်းမျှဝေပေးသွားမယ့် အကြောင်းအရာလေးကတော့
ယခုပုံပါ ချွမ်နီလေးကို နန်းက
ဝိုင်းထဲကနေ 20000 နဲ့ကောက်ထားပါတယ်
အသားတန်းအဆင့်က ခါးသန်လောက်ပါ
သူ့အားနည်းချက်က အောက်ခြေမှာ အနာနည်းနည်းကြီးတဲ့ အက်ကြောင်းလေး ပါပါတယ်
ဝိုင်းထဲ တိုက်ခိုင်းကြည့်တော့ 120000ထိရတာနဲ့ ထုတ်လိုက်ပါတယ်ရှင်
ပန်းထိမ်ခ 35000
အပွင့် 20000
အိမ်ခံ+ပွဲခ =12000
အမြတ်ငွေ= 53000 ကျပ်ပါ
ဒီချွမ်နီလေးက ပန်းထိမ်မတပ်ခင်
လိုက်တင်မခံခင်က ချရည်10 ပြားလောက်ပဲပါပါတယ်
လိုက်တင်အရောင်ကြောင့် ပိုလှသွားတာပါ
စျေးကွက်+လုပ်ချက်ပညာကြောင့်သာ အနာပါပေမယ့် အမြတ်ရလိုက်တဲ့ ချွမ်နီလေးပါ💙💙💙
ဒီလို တွေ အသိလေးတွေ သိအောင် တတ်အောင် သင်ကြားပေးပါသော
နန်းရဲ့လက်ဦး ဆရာ
ဆရာဝင်းသိန်းအား အစဉ်အမြဲ လေးစား
ဂါဝရပြုလျက်
ဆရာ့ချစ်တပည့်
Emily Nann
28/03/2023
အားလုံးပဲ မဂ်လာပါရှင်
Emily Nann Page လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်
ဒီတစ်ခေါက် နန်းဝေမျှပေးမယ့် အကြောင်းအရာလေးကတော့
နန်းက ဒီအတစ်စလေးကို 10000 နဲ့ကောက်ထားတာပါ
အသားတန်းအဆင့် ခါးသန်သန်လောက်ပါ
အသားခံနည်းနည်းတော့ ရိပ်ပါတယ်
ပန်းထိမ်ခ 35000 နဲ့ ဆင်လိုက်ပါတယ်
ဝိုင်းထဲကို တိုက်ခိုင်းကြည့်တဲ့အခါမှာ
120000 ထိထွက်တာနဲ့ ရောင်းပေးလိုက်ပါတယ်
အတစ်စ 10000
ပန်းထိမ်35000
အိမ်ခ+ပွဲခ12000
အမြတ်63000 ကျပ်ပါ
ပညာလည်းရှာ နေ့တွက်လည်းရှာတဲ့ကာလလေးမို့ သိပ်အဖိုးမဖြတ်နိုင်တဲ့ ငွေကြေးလေးပါပဲရှင်💙💙💙💙💙
28/03/2023
Hello
မဂ်လာပါရှင်…
Emily Nann ရဲ့ pageလေးကနေ ကြိုဆိုလိုက်ပါတယ်….
ဒီချွမ်ပွင့်လေးက အရွယ်က ၁ကလပ်ကျော်ကျော်ပါ…
အသားတန်းအဆင့် ခါးသန်သန်လောက်ပါ
ထုပါးပါတယ် …
ဝိုင်းထဲကနေ 15000 နဲ့ ဝယ်
ပန်းထိမ်တပ် 15000
စုပေါင်း 30000
စတိုက်တိုက်ခြင်းတုန်းက 60000 စထွက်ပါတယ်
၁သိန်းအနည်းဆုံး ရမှ ရောင်းမှာလို့ မှန်းထားတဲ့အတွက် ခနသိမ်းထားပြီး ပြန်တိုက်ခိုင်းတဲ့အခါမှာ ၁သိန်းထွက်တော့ ရောင်းပေးလိုက်ပါတယ်….
အိမ်ခံ+ပွဲခ =၁သောင်း
အပွင့်+ပန်းထိမ်= ၃သောင်း
အမြတ် 60000 ကျပ်ပါ
နေ့တွက်လည်းရှာရင်း ပညာလည်းရှာလည်းရှာရင်း ရတဲ့အမြတ်လေးမို့ သိပ်ပျော်ရွှင်မိပါတယ်….
အားလုံးပဲ မဂ်လာပါရှင်
Emily Nann ကနေ ကြိုဆိုပါတယ်
နန်းရဲ့ပထမဆုံး Vedio လေးမိူ့ လိုအပ်ချက်တွေပါရင်လည်း နောက်Vedio များမှာ အများကြီး ကြိုးစားပြီး တင်ပေးသွားပါမယ်ရှင်…
Vedio လေးကို ကြည့်ပေးတဲ့အတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်ရှင်
07/01/2023
🧝♀️”မှော်ရုံကြားက
ကိုရွှေပလွန်”🧝♀️
နန်းတို့ သူငယ်ချင်းတစ်သိုက်
တစ်မနက် ကျောက်ဝိုင်း မှာ ကျောက်တွေလေ့လာရင်း နေ့တွက်လည်းလိုက်ရှာကြစဉ် တစ်နေရာရောက်တော့ အသားဆန်းပုတီးလေးတွေ နဲ့လက်ပတ်လေးတွေ အကုံး၂၀ လောက်မြင်တော့ ကိုစံက “ဒီပုတီးလေးတွေ မဆိုးဘူး…အသားဆန်းလေးတွေ ရွေးထုတ်ပြီး ပြန်သီ ပြန်ထုတ်လိုက်ရင် သေချာပေါက်မြတ်မှာ”တဲ့…နန်းနဲ့ကိုစံတို့ စိတ်ဝင်တစား ပုတီးလက်ပတ်လေးတွေ သေချာကြည့်နေကြစဉ်
ကိုဦးနဲ့ ကိုမျိုးကလည်း ခဲတွေ စိတ်ဝင်တစားလေ့လာနေကြတယ်…သူတို့ တိုးတိုး တိုးတိုးနဲ့ လက်ကောက်အကြမ်းထည်တစ်ကွင်းကို ကိုင်ပြီး ဘာတေွ ပြောေနကြတာလည်း နန်းလည်း သေချာ နားမထောင်အားဘူး…ပုတီးတေွကို ေစျးစကားပြောနေကြ သေချာအာရုံစိုက်ကြည့်နေကြလို့ပါ…
အဲ့လက်ကောက်အကြမ်းထည်လေးကိုင်ပြီး ကိုမျိုးက စျေးမေးတာတော့ ကြားလိုက်တယ်…"အ ဒေါ် …ဒါလေး ဘယ်လောက်လည်း"တဲ့ နန်းလည်း ဆတ်ကနဲ့ လှည့်ကြည့်မိတယ် …လက်ကောက်က အကြမ်းထည် အသားဆန်းလုချင်ချင်ကို ရောင်းတဲ့အဒေါ်ကြီးက တစ်သောင်းတဲ့ 😁…နန်း ရဲ့ စိတ်ထဲမှာတော့ “ ဟမ်
စျေးချိုလှချည်လား”ပေါ့…
ကိုမျိုးက ၅၀၀၀နဲ့စစ်နေလေရဲ့…
သူတို့ စျေးတည့်ပြီးတော့ နန်းလည်း ယူပြီး ကိုင်ကြည့်လိုက်တော့ စိတ်ထဲမှာ ကျောက်စိမ်းရဲ့ ဝိတ်ကို မခံစားရတာနဲ့ “ ကိုမျိုးရေ လက်ကောက်က ပေါ့သလိုပဲ” လို့ ပြောလိုက်မိတယ်… အဲ့အချ်ိန်မှာ ကိုမျိုးလည်း မျက်စိပျက်မျက်နှာပျက်နဲ့ သူ့လက်ကောက်လည်း သေချာချိန်ဆ ကြည့်နေရှာတယ်…နန်းတို့ရဲ့ ပုတီးကတော့ စျေးအဆင်မပြေခဲ့ဘဲ ထိုင်နေကြ လက်ဖက်ရည်ဆိုင် ရောက်တော့ အဲ့လက်ကောက်လေးကို နန်းရဲ့ပါးလေးနဲ့အပ်ပြီး အေးလား စမ်းကြည့်မိတော့ ကျောက်စိမ်းရဲ့အေးမြမှုမျိုးကို
နန်း မခံစားမိဘူး…နန်းသိလိုက်ပြီ ဒါဟာ ပလွန်ဆိုတာ …အားလုံးလည်း သူတို့ဘာသာ ချ်ိန်ဆကြည့်ကြ ကိုင်ကြည့်ကြ နဲ့ ပလွန်ဆိုတာ လက်ခံသွားကြပြီ…ကိုရွှေပလွန်လက်ကောက်လေးက မခန့်ပုံများ ကန်စွန်းပန်းလေးနဲ့ လှနေသေးတာ😁….
တကယ်တော့ ပလွန်က နန်းတိူ့ရဲ့ဆရာသင်တန်းမှာ ပို့ချပေးပြီးကတည်းက နန်း တအားက်ို သတိထားဖြစ်ခဲ့တယ်…
မှတ်မှတ်ရရ ပလွန်အကြောင်း သင်ပြီးကာစမှာပဲ နန်းတို့ရဲ့ ဆရာဆီကို ဦးလေးကြီး တစ်ယောက် ရောက်ချလာတယ်…”ဆရာရေ ဆရာဆူလည်း ခံရတော့မှာပဲ …ကျနော် ကျောက်နှစ်လုံးကို ၁၅၀ နဲ့ဝယ်လာတယ်တဲ့ …ဆရာက “ ဟာ ဘာဖြစ်လို့ ဆူမှာလည်း ဗျာ…ပြကြည့်ပါတဲ့”” သိပ်ချစ်ဖို့ကောင်းပြီး စိတ်ထား သိပ်ဖြောင့်မတ်တဲ့ဆရာရယ်ပါ…
နန်းလည်း အဲ့အချ်ိန်တုန်းက ဆရာ့အနားရောက်နေခိုက်ဆိုတော့ သူပြတဲ့ကျောက်တွေကို သေချာကြည့်နေမိတယ်…ဆရာက သူပြတဲ့ကျောက်ကို သေချာကြည့်လိုက်ပြီး မဆိုးပါဘူးလို့ မှတ်ချက်ပေးလိုက်တဲ့အချိန်မှာ သူလည်း “ဆရာ ..နောက်တစ်လုံးက အဲ့ထက်ပိုကောင်းတယ်”တဲ့ … ဆရာကို သူလာပြတော့ ကျောက်က တော်တော်ကို အမြင်ပန်းလှပါတယ်…မန်းကြိူးကြီးကလည်း တစ်တုံးလံုးပတ်လို့ပါပဲ…. ဆရာက ကျောက်က အရမ်းလှပြီး စျေးက ချိုနေတော့ မသက်ာဖြစ်သွားဟန်လား မသိဘူး…သေချာကြည့်လိုက်တော့ ပလွန်ယမ်းတွေ ပါနေတယ်…ပလွန်အကြောင်း သင်ပြီးကာစမှာ ပလွန်တုံးကြီးရောက်လာတာတော့ အမှတ်တရပေါ့ရှင်…😁သင်တန်းသားတွေလည်း အုံးအုံးကျက်ကျက်နဲ့ “ဟာ ပလွန်ကြီးမိလာတာတဲ့ဟေ့” စသည် တစ်ယောက်တစ်ခွန်း ပြောပြီး သူ့ထက်ငါ လေ့လာနေကြတာပေါ့….
နန်းလည်း သေချာဓါတ်မီးတွေနဲ့ထိုးကြည့်နေတုန်း “ဆရာက ငါ့ညီမ ပလွန်ယမ်း မြင်လား”တဲ့ …နန်းလည်း သဲယမ်းလေးတွေ လက်လက်ထနေတာ မြင်လိုက်ရတော့ ဟုတ်မြင်ပါတယ် ဆရာပေါ့…ပလွန်ယမ်းဆိုတာ သိပြီလားလို့ ဆရာက ထပ်မေးတဲ့အခါ မညာတတ်တဲ့နန်းက “ ဟုတ် အခုမှ လတ်လတ်ဆတ်ဆတ် သင်ထားတော့ သိပါတယ် ဆရာပေါ့..
အဲ့တော့ ဆရာကလည်း “ ဟာ မဟုတ်ဘူးလေ….တစ်သက်လုံးမှတ်ထားရမှာ…တစ်သက်လုံး မှတ်မိအောင် ကြည့်”ဆိုပြီး နန်းကို စေတနာဒေါသောနဲ့ပြောချလိုက်တာ ပိုအမှတ်တရ ဖြစ်သွားတာပေါ့😀…
တကယ်တော့ ပလွန်က သူ့ရုပ်သွင်ပြင်ကို သူမညာတတ်ပြန်ပါဘူး …မာယာတော့များသလိုလိုရှိပေမယ့် သူ့ရဲ့ယမ်းက သဲယမ်းလေးတွေလို လက်လက်ထနေတာပဲ….သူ့ကိုကိုင်ကြည့်လိုက်ရင် ကျောက်စိမ်းကို ကိုင်ရသလို ဝိတ်က မနှစ်နေပြန်ဘူး…ပေါ့ရွှတ်ရွှတ်နဲ့ပေါ့…
အဲ ….ဒါကတော့ ခဲပေါ့လေ…
အချောထည်တွေကျရင်ရော အလွယ်တကူ ဘလိုခွဲကြမလည်းဆိုတော့ ယေဘုယျအားဖြင့် နန်းအပေါ်မှာ ပြောထားသလိုပဲ …ဝိတ်ကို ချိန်ဆ ကြည့်လိုက်တယ်…လက်လည်းနဲ့ဆုပ်ပြီး အေးမြမှုကို ခံစားကြည့်လိုက်တယ်…(သူများရှေ့ မှာ ပါးကပ်ပြ ၊နားကပ်ပြ လုပ်တာတော့ ရှောင်ရတာပေါ့နော်😁)
နန်းကတော့ ပညာနဲ့လည်းမှတ်သလို ကိုယ့်သညာနဲ့လည်း မှတ်သားဖြစ်ပါတယ်…ခင်းဝိုင်းပတ်ပြီဆိုတာနဲ့ ခဲတစ်လုံးကိူ ကိုယ်ကြည့်တော့မယ်ဆိုရင် အရင်ကောက်မကြည့်ပြီး ချိန်ဆ ကြည့်လိုက်ပါတယ်…ဒါဟာ ကျောက်ဝိတ်ဟုတ်နိုင်မဟုတ်နိုင်ပေါ့နော်…နောက်ပြီးရင်တော့ ယမ်းကို ကြည့်လိုက်ပါတယ်…….
တကယ်တော့ ဒီကြည့်နည်းလေးတွေကတော့ အလွယ်တကူ ခွဲခြားနည်းပေါ့နော်…ကျောက်တစ်လုံးစျေးတစ်ခုရှိတာ ဝယ်တော့မယ် ဆိုရင်တော့ ကဒ်ထုတ်ကြည့်တာကတော့ ပိုအကောင်းဆုံးပဲပေါ့ရှင်….
ပလွန်အကြောင်းပြောရရင် သူကလည်း မှော်သိပ်ဆန်တာပဲ…ဖြတ်သား တစ်စတွေဘက်ကြည့်လိုက်ရင် သူက ပြူးပြူးပြဲပြဲနဲ့လှပြနေလိုက်တာ…နန်းတို့က အသားဆန်းအဆင့်ကို အနည်းဆုံးပစ်မှတ်ထား လိုက်ရှာတော့ သူ့ကို ခနခန သိုးဟန်ဆောင်သော ဝံပုလွေအဖြစ်တွေ့ရတော့တာပါပဲ😆….အံမယ် အတစ်အစတွေအများကြီးထဲမှာ သူ့က ရေခဲသား ပေါလိလေးတွေအဖြစ် ဂုဏ်ဆာနေသေးတာ🤣…
ဘာပဲ ဖြစ်ဖြစ်ပါ …နန်းတို့လို ပညာသင်တွေအတွက်ကတော့ ကိုရွှေပလွန်ကလည်း မှော်ရုံကြားက ဟန်ရေးပြနေတဲ့ ဘီလူးခေါင်းဆောင်းထားတဲ့ မင်းသားတစ်ပါးဆိုတာ မြင်အောင်ကြည့်ဖို့ အလွန်အရေးကြီးကြောင်း နန်းသိသမျှလေးကို စာအဖြင့် ရေးသားမျှ ဝေပေးလိုက်ရပါတယ်ရှင်…..
စာကြွင်း။ ။ နန်းရဲ့ချစ်ခင်လေးစားးရသော ဆရာ …ဆရာဝင်းသိန်းအား ဤစာလေးနှင့်အတူ လက်စုံမိုးကန်တော့အပ်ပါသည်။
Emily Nann
05/01/2023
“ ဂါးနက်ဆိုတာ ဂျိုနဲ့လား”
ဂါးနက်ဆိုတာ ဂျိုနဲ့လားဆိုတော့ ဟုတ်ကဲ့ ဂျိုမပါပါဘူးရှင် … ဒါပေမယ့်
သူက သတိရှိတဲ့ ကျောက်ပညာသေချာလေ့လာထားတဲ့ သူတွေအတွက်တော့ သူ့မှာ ဂျိုလေးပါကြောင်းပြသတတ်ပါတယ်….ဘယ်လိုပြတာလည်း အယောင်ဆောင်ပြတာပါ…ကျေက်စိမ်းခုံ့လေးက အကျီချွတ်ထားသယောင်လေးပေါ့ရှင်😁😁…အရိုးတွေ
ပြိုင်းပြိုင်းထနေသလို အကြောင်းအရာတွေတစ်ကိုယ်လိုပါနေတဲ့ သူ့ခန္ဓာကိုယ်ကိုမှ အားမနာဘူး🤣…
သူ့အလေးချိန်ကလည်း ကိုင်ကြည့်လိုက်ရင် ကိုပလွန်တို့လိုမျိုး ဆားမပါတဲ့ဟင်းလိူမျိုးကလည်း ပေါ့မနေပြန်ဘူး…
အယ်လဲ့ …ဟျောင့်ရေ ငါဝိတ်က စီးတယ်နော်ဆိုပြီး ဂုဏ်ယူနေလိုက်သေးတာ…မင်းတို့ငါ့ကို ပေါ့သေးသေး မမှတ်နဲ့ပေါ့…. ကိုင်ကြည့်လိုက်ရင် …
အံမယ် အေးစက်နေသေးတာ…
ကိုပလွန်နေခဲ့တော့ပဲ….ဒီအတိုင်းအမြင်မှာကိူက အကျွတ်လိုလို အဆန်းလိုလိုကဖမ်းစားလိုက်သေးတယ်…အို…ကုန်ကုန်ပြောမယ် ရေခဲသားကြီးကို ဆီဆမ်းထားသလိူပဲ ဝင်းလို့ပြောင်လိူ့ …
ဓါတ်မီးများထောက်ကြည့်လိုက်လို့ကတော့ ပြေတီဦးရဲ့ “ရူးတောင်သွားဦးမယ် “ဆိုတဲ့စကားအတိုင်းပဲ😂…
ဒါပေမယ့် အတုဆိုတာ
မသိနားမလည်သေးတဲ့သူ
သတိမရှိတဲ့သူ ၊ လောဘဖုံးအုပ်နေတဲ့သူကို ဟန်ဆောင်မျက်နှာဖုံးတပ်လိူ့ရတာပါ…တကယ်တမ်းပြောရရင် ဂါးနက်ကြီးက မညာပါဘူး ….သူ့မှာ သူ့သွင်ပြင်
လက္ခဏာတွေ သူမဖုံးကွယ်ထားရှာပါဘူး….ဂါးနက်က အခွံမပါဘူး…အခွံပေါ်မှာ အကြောင်းအခြစ်ရာလေးတွေပါတယ်…..ကိုင်ကြည့်လိုက်ရင် ကျောက်စိမ်းပုံမှန်ဝိတ်တွေထက်ကို စီးပြီးလေးနေတတ်ပါတယ်….ခုံ့ကို အခွံချွတ်ထားတာနဲ့လည်း မတူပါဘူး…
တစ်ချိူ့သူတွေ ခင်းဝိုင်းမှာ ခုံ့တွေနဲ့အတူ ရောရောင်းနေပြီး စျေးမေးကြည့်တော့ သိန်း ၂၀/၃၀ ခေါ်နေကြတာ တွေ့ဖူးပါရဲ့…
တကယ်တော့ ကျောက်စိမ်းသမားတွေအတွက် ဂါးနက်ကလည်း သတိထားရမယ့် မာန်နတ်သမား တစ်ယောက်ပါပဲရှင်😊….သင်တန်းမှာတုန်းက ဆရာပြောသလိုပဲ ခြင်းတောင်းကြီးထဲမှာ scale တိုင်းတဲ့ခွက်ရယ် ရေဗူးရယ် ကြိုးတစ်ချောင်းရယ် ထည့်ပြီး သိပ်သည်းဆ တိုင်းရတော့မယ် ထင်ပါ့😁😁….
အဲ….ဂါးနက်တွေကို အပွင့်ထုတ်ပြီး ကိုယ့်ကိူ လာရောင်းရင်ရော ကိုယ်ဘလို သိနိုင်မှာပါလည်း 😁….ဒါက နက်နဲလာပြီ အိုင်ပီရေ…😆
စတာပါ…ကဒ်စစ်လိုက်ရင်တော့ ပေါ်မှာပေါ့ရှင်😁…တစ်ချို့မြင်နေကြသူတွေအတွက်လည်း မြင်တာနဲ့တန်းသိကြမှာပါ…နန်းတိူ့လို ပညာသင်လေးတွေ
အတွက်ကတော့ ကဒ်ထုတ်ကြည့်တာ အကောင်းဆုံးပါပဲရှင်…
“ဂါးနက်ဆိုတာ ဂျိုနဲ့လား “ ဆိုတဲ့အယောက်တစ်ရာရဲ့ အဖြေကတော့ …..😁
စာကြွင်း။ ။ ညီမရဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာ
ဆရာဝင်းသိန်းရဲ့ မေတ္တာထား သင်ကြားပြသပေးမှုများအား အစဉ်ထာဝစဉ် ဦးညွှတ်လေးစား ချစ်ခင်လျက်🥰🥰
သိသမျှလေးကိူ စာရေးဝါသနာနှင့်ပေါင်းစပ်လျက်ရေးမိသော …
ဆရာရဲ့ ချစ်တပည့်
Emily Nan
05/01/2023
အားလုံးပဲ မဂ်လာပါရှင်…
အမ်မလီနန်းရဲ့ Page လေးကနေ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်ရှင်…
နန်းကတော့ ပညာအသင်အနေနဲ့
နေ့တွက်ရှာရင်း ကျောက်နဲ့ပတ်သက်ပြီး
လှုပ်ရှားဖြစ်တဲ့
အကြောင်းအရာလေးတွေရယ်
မှတ်တမ်းလေးတွေရယ် နဲ့
ကျောက်နဲ့ပတ်သက်တဲ့ နန်းတွေ့ကြုံရတဲ့ အတွေ့အကြုံလေးတွေကို
တင်ပေးသွားမယ့် Page လေး ဖြစ်ပါတယ်ရှင်…
ပထမဦးဆုံး အခုပြထားတဲ့ ကျောက်လေးကတော့ နန်းက ၅၀၀၀ နဲ့ ဝယ်ခဲ့တဲ့ပဲတုံးလေးကို ဖြတ်ပြီး စစ်ကိုင်းမှာသွားပြီး ပုတီး ထုတ်လိုက်တော့ ထွက်လာတဲ့ ပုတီးလေးတွေက ထင်တာထက်ကို ပိုလှပလွန်းနေခဲ့ပါတယ် …
ပုတီးလေးတွေက လက်ပတ်၂ကုံးစာရပါတယ်…
တစ်ကုံးကို ဂေါင်တွေပဲ သီပြီး
တစ်ကုံးကိူ နည်းနည်းကျတာလေးတွေပဲ သီပြီး ဝိုင်းထဲ ပွဲတိုက်ခိုင်းကြည့်တော့
ဂေါင်ကွင်းလေးက ၄ သိန်းရခဲ့ပါတယ်😊
အကျကွင်းလေးကတော့ ၁သိန်းရခဲ့လို့ ထုတ်လိုက်ပါတယ်….🥰
အခုဆိုရင် ပထမဦးဆုံး ပွဲဦးထွက်ကောင်းတယ်လို့ ဆိုရမှာပါပဲ…
၅ထောင်နဲ့ ဝယ်ခဲ့တဲ့ခဲလေးကို
လက်ခ +ပွဲခ +အိမ်ခံ စသည်
အပြီးအစီး နှုတ်လိုက်တော့
နန်းအတွက် ၄၃၀၀၀၀ ခန့်ကျန်လိုက်ပါတယ်ရှင်…
ပွဲတိုက်ပေးတဲ့ ညီမလေးကိုလည်း
လာဘ်ကီး ၁၀၀၀၀ ပေးလိုက်ပါသေးတယ် 🥰…
Click here to claim your Sponsored Listing.
Location
Category
Website
Address
New Ocean
Mandalay