Tr. Hnin's Learning Garden For Kids

Tr. Hnin's  Learning Garden For Kids

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tr. Hnin's Learning Garden For Kids, Education, Mandalay.

Photos from Tr. Hnin's  Learning Garden For Kids's post 19/07/2023
Photos from Tr. Hnin's  Learning Garden For Kids's post 12/07/2023

မိုးရာသီအဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ
လူကြီးလူငယ်ကလေးများအတွက်သတိပြုကာကွယ်စရာ
Photo Source: Google

20/09/2022

မိဘတွေ ဖုန်းကြီးပဲ နှိပ်မနေနဲ့
-------------------------------------------

ကျောင်းဆရာမတစ်ယောက်
ညစာစားပြီးတာနဲ့ ကျောင်းသားတွေရဲ့
အိမ်စာတွေကို စစ်ပေးနေတယ်။
သူ့ယောက်ျားကတော့ ဘေးနားမှာ
ထုံးစံအတိုင်း ဖုန်းနဲ့ဂိမ်းကစားနေတာပေါ့။

နောက်ဆုံးအိမ်စာစစ်နေတုန်းမှာ
ဆရာမက မျက်ရည်တွေကျလာတယ်။
သူ့ယောက်ျားကလဲ မြင်ရော
"မိန်းမ ဘာဖြစ်လို့ငိုတာလဲ၊ ဘာဖြစ်တာလဲ"
လို့မေးတယ်။

မိန်းမ -
မနေ့တုန်းက
ကျွန်မကျောင်းသားတွေကို
"ကျွန်ုပ်၏ဆန္ဒ" ဆိုပြီး
စာစီစာကုံးရေးခိုင်းလိုက်တယ်။

ယောက်ျား -
အေး အဲဒါနဲ့
မင်းက ဘာလို့ငိုနေတာလဲ။

မိန်းမ -
နောက်ဆုံးစာအုပ်ကို စစ်ရတာ
ငိုချင်လာလို့ပါ။

ယောက်ျား -
ဘာများရေးထားလို့လဲ။

မိန်းမ -
သူရေးထားတာ နားထောင်ကြည့်။

"ကျွန်တော့်ရဲ့
ဆန္ဒကတော့ ဖုန်းတစ်လုံးဖြစ်ဖို့ပါ။
ကျွန်တော့်ရဲ့အဖေနဲ့အမေဟာ
သူတို့ဖုန်းတွေကို သိပ်ချစ်တယ်။
အဲဒီဖုန်းတွေကိုပဲ ဂရုစိုက်ပြီး
အချိန်ယူနေရလို့ တခါတလေ
ကျွန်တော့်ကိုတောင် သိပ်ဂရုမစိုက်နိုင်ဘူး။
ကျွန်တော့်အဖေရုံးက
ပင်ပန်းပြီးပြန်လာတဲ့အခါလဲ
ဖုန်းကိုတော့ အချိန်ပေးတယ်။
ကျွန်တော့်အတွက်အချိန်မရှိဘူး။
သူတို့တွေ
အရေးကြီးတဲ့အလုပ်လုပ်နေတုန်း
ဖုန်းမြည်ရင် ချက်ချင်းသွားကိုင်တယ်။
ဒါပေမယ့် သူတို့တွေ
အရေးကြီးတဲ့အလုပ်လုပ်နေတုန်း
ကျွန်တော်ငိုနေရင်
ဂရုစိုက်ချင်မှ စိုက်တာ။
သူတို့တွေဖုန်းနဲ့ ကစားကြတယ်။
ကျွန်တော်နဲ့မကစားကြဘူး။
သူတို့တွေ သူများနဲ့ဖုန်းပြောနေရင်
ကျွန်တော်ပြောနေတာ
အရေးကြီးရင်တောင်မှ နားမထောင်ဘူး။

အဲဒါကြောင့် ...
____________________________________
ကျွန်တော်ဖုန်းတစ်လုံးဖြစ်ချင်တယ်"
____________________________________

ဇာတ်လမ်းကိုလဲ ကြားပြီးရော
ယောက်ျားဖြစ်သူပါ
အရမ်း စိတ်မကောင်းဖြစ်သွားပြီး
"ဘယ်သူရေးတာလဲ" လို့မေးတယ်။

မိန်းမဖြစ်သူဖြေလိုက်တာက
"ငါတို့သားရေးတာ" တဲ့။

ခေတ်မှီပစ္စည်းတွေဟာ ကောင်းပါတယ်။
ဒါပေမယ့် ဒါတွေဟာ မိသားစုနဲ့
ဆက်သွယ်တာ လွယ်ကူစေဖို့ဖြစ်ရမယ်။
စိတ်ပိုင်းဆိုင်ရာ ...
အဆက်အသွယ်ပြတ်ဖို့ မဖြစ်ရဘူး။

ကလေးတွေဆိုတာ သူတို့အနီးအနားမှာ
ဖြစ်ပျက်နေတာမှန်သမျှ မြင်တယ်။ ခံစားတယ်။
အဲဒါတွေကို သူတို့ရဲ့စိတ်နှလုံးထဲမှာစွဲပြီး
သူတို့ဘဝမှာ အများကြီးသက်ရောက်မှုရှိတယ်။
သူတို့လေးတွေ ကောင်းကောင်းကြီးပြင်းစေဖို့
ကလေးတွေကို လိုအပ်တဲ့ဂရုစိုက်မှုပေးရအောင်
Crd

Photos from Tr. Hnin's  Learning Garden For Kids's post 16/07/2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးရဲ့ အထွဋ်အထိပ် သမိုင်းမော်ကွန်း၀င် အာဇာနည်ကိုးဦး . . . . . . . . ❤

1. #ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇)
ကျည် ( 13 ) ချက်
အသက်(၃၂)နှစ်နဲ့ ကျဆုံးသည်

2. #ဒီးဒုတ်ဦးဘချို (၁၈၉၃-၁၉၄၇)
ကျည် (5) ချက်
အသက် (၅၄)နှစ် နဲ့ ကျဆုံးသည်

3. #သခင်မြ (၁၈၉၇-၁၉၄၇)
ကျည် (2) ချက်
အသက် (၅၀)နှစ် နဲ့ ကျဆုံးသည်

4. #မန်းဘခိုင် (၁၉၀၃-၁၉၄၇)
ကျည် ( 15 ) ချက်
အသက် (၄၄)နှစ် နဲ့ ကျဆုံးသည်

5. #ဦးဘဝင်း (၁၉၀၁-၁၉၄၇)
( ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုအကြီးဆုံး)
ကျည် (8) ထိမှန်ဒဏ်ရာ
အသက် (၄၆)နှစ် နဲ့ ကျဆုံးသည်

6. #ဦးရာဇတ် (၁၈၉၈-၁၉၄၇)
ကျည် (6) ချက်
အသက် (၄၉)နှစ် နဲ့ ကျဆုံးသည်

7. #မိုင်းပွန်စော်ဘွားကြီး_စဝ်စံထွန်း (၁၉၀၇-၁၉၄၇)
ကျည် (2) ချက်
သက်တော် (၄၀) နှစ်နဲ့ နတ်ရွာစံသည်

8. #အတွင်းဝန်_ဦးအုံးမောင် (၁၉၁၃-၁၉၄၇)
ကျည် (5) ချက်
အသက်(၃၄)နှစ် နဲ့ ကျဆုံးသည်

9. #သက်တော်စောင့်_ရဲဘော်ကိုထွေး (၁၉၂၉-၁၉၄၇)
ကျည် (4) ချက်
အသက်(၁၈) နှစ် နဲ့ ကျဆုံးသည်


#စာ တွေရောကို ရိုသေစွာ credit ပေးပါတယ်

18/06/2022

မိဘ တိုင်းဖတ်ပြီးအတွေးတစ်ခုရပါစေ
အရမ်းကြိုက်လို့shareပါတယ်

မိဘတိုင်း မိဘတိုင်း
အလေးအနက်ထား ဖတ်စေချင်ပါတယ်။

📮 ကျွန်တော့်ကို အမေသတ်ခဲ့တယ်📮

မင်းခိုက်စိုးစန်

📮 ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့ကတော့ ကျွန်တော့်အမေရဲ့ မျှော်လင့်ချက်တွေ အားလုံး တစ်စစီ ကွဲကြေပြန့်ကြဲသွားတဲ့နေ့ပါပဲ ။ကျွန်တော် ဆေးတက္ကသိုလ်တက်ဖို့ အမှတ်မမှီခဲ့ဘူး ။ (ဂုဏ်ထူး ၄ ခုပဲပါတာဆိုတော့ အမှတ်ကို ခန့်မှန်းတွက်ဆလို့ ရသွားပြီ)

📮 အမေ ငိုပါတယ် ။ တော်တော်နာနာကျင်ကျင်ငိုပါတယ် ။ အကြာကြီးပဲ ။ ပြီးတော့ `` ငါက နင့်ကို ဆရာဝန်ဖြစ်စေချင်လွန်းလို့ တစ်သက်လုံးကုန်းရုန်းပြီး ပိုက်ဆံရှာခဲ့တာ ။ ငါ မစားရက်မသုံးရက် စုဆောင်းပြီး နင့်ကို ကျောင်းထားပေးခဲ့တာ , အခုတော့ နင်က ငါ့ကို ကောင်းကောင်းကြီး ကျေးဇူးဆပ်လိုက်ပြီပေါ့ ... ဟုတ်လား "

📮 ကျွန်တော်သိလိုက်ပြီ ။ အမေ့သားအစစ်က ကျွန်တော့်မှ မဟုတ်ဘဲ ။ အမေ့အာရုံထဲမှာ စိတ်ကူးနဲ့ဖန်တီးထားတဲ့ ဒေါက်တာဇော်ဇော် ( ဒါမှမဟုတ် ) ဆေးကျောင်းသား ဇော်ဇော်ပဲ ။အမေရယ် ... ကျွန်တော်အစစ်ကြီးက ဒီမှာပါဗျာ ။ ကျွန်တော့်မှာမရှိတဲ့ အရည်အချင်းတွေ , ကျွန်တော်ဖန်တီးယူလို့မရတဲ့ ဂုဏ်ထူးအဆင့်တွေအတွက် ကျွန်တော့်ကို အပြစ်မတင်ပါနဲ့လားဗျာ ။

📮 အဲဒီအစား .... ကျွန်တော့်မှာ တကယ်ရှိနေတဲ့ အရည်အချင်းကောင်းလေးတွေကို မေမေ နည်းနည်းလောက် အသိအမှတ်ပြုပေးပါလားဟင် ။ ကျွန်တော် ဆေးလိပ်လည်း မသောက်တက်ဘူး , အရက်လည်း မသောက်ဘူး , ကျောင်းလည်းး မပြေးဘူး , ရည်းစားလည်း မထားဘူး , ရန်လည်း မဖြစ်ဘူး , ညဉ့်နက်သန်းခေါင်လည်း လျှောက်မလည်ဘူး ။

📮 အဲဒါတွေကို မေမေ အသိအမှတ်မပြုဘူးလားဟင် ။ ကျွန်တော်ဟာ မွေးရကျိုးမနပ်တဲ့ သားမိုက်ပဲလားဟင် ။ကျွန်တော့်ကို ဆရာဝန်ဖြစ်စေချင်တာ ကျွန်တော့်ဘဝရှေ့ရေး ဖြောင့်ဖြူးဖို့အတွက်ပါလို့ မေမေ ပြောကောင်းပြောချင်ပါလိမ့်မယ် ... ကျွန်တော် သိပါတယ် ။

📮 ဒါပေမယ့် .... မေမေရယ်
လူတစ်ယောက်ဘဝမှာ အောင်အောင်မြင်မြင်ရပ်တည်ဖို့ဆိုရင် တကယ်လိုအပ်တာက စိတ်ဓာတ်ခိုင်မာအောင် လေ့ကျင့်ပေးရမှာလေ ။ လောကဓံကို ပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်နေပျော်အောင် သင်ပေးရမှာလေ ။ ဆရာဝန်ဖြစ်ရေး ' ဆုဖလားပွဲမှာ ပြိုင်မြင်းတစ်ကောင်လို ကြိမ်နဲ့ရိုက်ပြီး ဝင်ပြေးခိုင်းရတာမျိုး မဟုတ်ဘူး ။

📮 အမေက ကျွန်တော့်ကို ကြိုးစားအောင် တွန်းအားတွေ နေ့တိုင်းပေးတယ် ။ ကျွန်တော် နေ့တိုင်းမပျော်ဘူး ။ ခြေလက်အင်္ဂါ မရှိ / ဆုံးရှူံးတဲ့လူတွေ လောကကြီးကို ပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်ပျော်ရွှင်နေချိန်မှာ ကျွန်တော်ကတော့ လပတ်စာမေးပွဲမှာ အဆင့် ( ၂ ) ဖြစ်ရတာကို ကမ္ဘာပျက်သလောက် ဖြစ်နေတယ် ။မိဘကျေးဇူးကြီးမားပုံတွေ ပြောတာ ကြားရလွန်းအားကြီးတော့ ကျွန်တော့်ကိုယ်ကျွန်တော် တာဝန်မကျေတဲ့ သားဆိုးသားမိုက်တစ်ယောက်လို ခံစားလာရတယ် ။

📮 အမေ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ထပ်တလဲလဲ ညဉ်းတွားသံ ကြားရဖန်များလာတော့ ကျွန်တော့်ကိုယ်ကျွန်တော် မုန်းတီးစက်ဆုပ်လာတယ် ။ ကျွန်တော့်ရဲ့ အသက်ရှင်မှုကိုလည်း ရွံလာတယ် ။ ငါ ဘာလို့ ရှင်သန်နေရတာလဲ ။

📮 ကျွန်တော်က ဇွတ်အတင်း အခွင့်အရေးယူပြီး `` မေမေ့ဆီမှာ ကျွန်တော် လူလာဖြစ်ပါရစေ , ကျွန်တော့်ကို မွေးပေးပါ " လို့ တောင်းဆိုခဲ့တာမှ မဟုတ်ဘဲ ။ အဖေ သေသွားလို့ အမေတစ်ယောက်တည်း ရုန်းကန်ရတာဟာလည်း ကျွန်တော့် ပယောဂကြောင့်မှ မဟုတ်ဘဲ ။

📮 မေမေရယ်
ကျွန်တော်တို့ဟာ မတော်တဆ ဆုံစည်းကြရတဲ့သူတွေပါလေ ။ မေမေ့မေတ္တာတရားဟာ နက်ရှိူင်းလွန်းလှပါတယ် ။ဒါပေမယ့် အဲဒါကို အကြောင်းပြုပြီး စကားလုံးတွေနဲ့ ကျွန်တော့်စိတ်ကို နာကျင်ထိရှအောင်လုပ်တာ များလွန်းသွားပြီ ထင်တယ် ... မေမေရယ်

📮 ကျွန်တော့်ဘဝရဲ့ ပထမဆုံးချစ်သူကို စက်မှုတက္ကသိုလ် စတုတ္ထနှစ်မှာ ဆုံစည်းခဲ့ရတာ ဖြစ်ပါတယ် ။
တက္ကသိုလ်ကျောင်းသားတစ်ယောက် ရည်းစားထားတာဟာ တကယ့်ကို သမရိုးကျကိစ္စတစ်ခုပါ ။ ဒါပေမယ့် ကျွန်တော့်အတွက်ကျတော့ အဲဒီလို မဟုတ်ခဲ့ဘူး ။ နေ့စဉ်နဲ့အမျှ မတော်တဆ ပေါက်ကွဲမသွားအောင် ဗုံးတစ်လုံးကို လျျှှိ့ဝှက်ထိန်းသိမ်းနေသလို ခံစားရတယ် ။

📮 ကျွန်တော့်မှာ ချစ်သူရှိနေပြီဆိုတဲ့အကြောင်း ဖုံးဖိထားချင်တယ် ။ ဘယ်မှမသိအောင် အမှောင်ချထားချင်တယ် ။ အမေ သိသွားရင် ပြသနာတက်လိမ့်မယ်ဆိုတာ ကျွန်တော် အလိုလိုသိပြီး စိုးရိမ်နေတယ် ။
စိုးရိမ်စိတ်ဆိုတာ ကျွန်တော်နဲ့ နေသားတကျ ဖြစ်နေပါပြီ ။ ဘာကိုမဆို အကြောင်းမရှိဘဲ ကျွန်တော် စိုးရိမ်နေလေ့ရှိတာ ကြာပါပြီ ။

📮 အဲဒါ .... ထင်ထင်ရှားရှား တောက်ပလင်းလက်လာတဲ့ ကျွန်တော့်ကိုယ်ခန္ဓာထဲက စိတ္တဇပါပဲ ။
နောက်ဆုံး .... ကျွန်တော့်ချစ်သူကတောင် ကျွန်တော်မူပျက်နေတာကို ကြည့်ပြီး ရိပ်မိလာလို့ `` မောင် ... ဘာဖြစ်နေတာလဲ , ဘာလို့ ဒီလောက်တောင် ပုန်းလျှိုးကွယ်လျှိုး လုပ်နေရတာလဲ " လို့ ဗြောင်ဖွင့်မေးယူရတဲ့အထိပါ ။

📮 နောက်တော့ ကျွန်တော် စိုးရိမ်တဲ့အတိုင်းပါပဲ ။ အဲဒီစာသင်နှစ် မကုန်ခင်မှာ ကျွန်တော့်အိမ်ကလူတွေက ကျွန်တော့်မှာ ချစ်သူရှိနေမှန်း သိသွားကြပါတယ် ။အဲဒီတရားစီရင်ခန်းမြင်ကွင်းကို ခုထိ ကျွန်တော် ကောင်းကောင်းကြီး မှတ်မိနေတုန်းပဲ ရှိပါသေးတယ် ။ အမေက ဘာစကားမှမပြောဘဲ တရှုံ့ရှုံ့နဲ့ အကြာကြီးငိုနေတယ် ။ ဦးလေးတွေ , ကြီးဒေါ်တွေကတော့ .... `` မင်းအမေက နောက်အိမ်ထောင်မပြုဘဲ မင်းကို ပြုစုကျွေးမွေး ကျောင်းထားပေးခဲ့တာ , မင်းက အခုတော့ ပညာတောင်မစုံခင် ရည်းစားထားရတာနဲ့ ... ဘာနဲ့ .... "

📮 ဟော ... လာပြန်ပြီ ။ ကျွန်တော့်အမေ နောက်အိမ်ထောင်မပြုတဲ့ကိစ္စ ။ ဒါဟာ သူတို့အတွက် သေချာပေါက် ` နိုင်ဖဲ ' တစ်ချပ် ဖြစ်ခဲ့တယ် ။ ကျွန်တော့်အတွက် သေချာပေါက် ` ကျေးဇူးအကြွေး ' ဖြစ်ခဲ့တယ် ။ကျွန်တော့်အမေ ဖြစ်ခဲ့တာတွေဟာ .... ` ကျွန်တော့်အတွက် ' ဖြစ်ခဲ့တယ် ။ နောက်တစ်နေ့မှာပဲ ချစ်သူကို ကျွန်တော် လမ်းခွဲခဲ့ပါတော့တယ် ။

📮`` ကျွန်မမှာ ဘာချို့ယွင်းချက်ရှိလို့လဲ " တဲ့ ။
တစ်ဖက်သတ် လမ်းခွဲခံရတဲ့ ချစ်သူက မကျေမနပ်နဲ့ ကျွန်တော့်ကို မေးတယ် ။မင်းမှာ ဘာချို့ယွင်းချက်မှ မရှိပါဘူး ။ ငါ့မှာတော့ စိတ်ရောဂါရှိတယ် ။ ငါ ဘယ်တော့မှ အိမ်ထောင်မပြုတော့ဘူး ။ ငါ ဘယ်တော့မှ သားသမီးတစ်ယောက်ရဲ့ အဖေ မလုပ်တော့ဘူး ။
တစ်စုံတစ်ယောက်ကို သူ့အလိုဆန္ဒမပါဘဲ လူ့လောကထဲ ခေါ်ဆောင်လာပြီးတော့မှ `` မင်းကို ငါချစ်တယ် , ဒါကြောင့် မင်း ငါ့အလိုဆန္ဒအတိုင်းနေပေးရမယ် " လို့လည်း အကြမ်းမဖက်ချင်ဘူး ။

📮 ကျွန်တော့်ဘဝမှာ ရင်ဆိုင်ဖြတ်သန်းရမယ့် ခါးသီးမှုတွေဟာ ကျွန်တော့်ဝေစုပါ ။ ဒါကို ကလေးအပေါ် ပုံချပြီး `` သားကြောင့် ဖေဖေ ဒါတွေ နာကျင်ခဲ့ရတယ် , သားကြောင့် ဖေဖေ ဒါတွေ စွန့်လွှတ်ခဲ့ရတယ် " လို့ သားသမီးကို စိတ်အနာတရဖြစ်အောင် မလုပ်ချင်ဘူး ။ အားလုံးဟာ တစ်ယောက်ကိုတစ်ယောက် ဒဏ်ရာတွေပေးနေကြတာ ။

📮 အားးးး .... ရှု ပ်တယ် ။
ဥမကွဲ သိုက်မပျက်ဖြစ်အောင် တစ်ယောက်လက်ကိုတစ်ယောက် အပြန်အလှန်ကြိုးတုပ်ချည်နှောင်ထားတဲ့ မိသားစုဆိုတာကြီးကို မလိုချင်တော့ဘူး ။
ကျွန်တော့်ဦးနှောက်တွေဟာ အဲဒီကတည်းကစပြီး ဒိန်ချဉ်လို ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့တာပါ ။ တချို့လူတွေကတော့ ဝေဖန်ကောင်းဝေဖန်ကြမယ် ။

📮`` မင်းလိုမျိုး စဉ်းစားလို့ကတော့ ကမ္ဘာမှာ လူတွေ ဘယ်မွေးဖွားလာကြမှာလဲ ။ လောကကြီး ပျက်စီးသွားမှာပေါ့ " လို့ ။ ဟုတ်ပါတယ် ။ ခင်ဗျားတို့ မှန်ပါတယ် ။ ပုံပျက်ပန်းပျက်ဖြစ်နေတာက ကျွန်တော်တစ်ယောက်တည်းပါ ။ဒါပေမယ့် ဘာတက်နိုင်မှာလဲဗျာ ။ စိတ္တဇဆိုတာက ( မှန်တာတွေ မှားတာတွေနဲ့ မဆိုင်ဘဲ ) သူ့ဘာသာသူ ရှိနေတဲ့ အရှိတရားပဲလေ ။
ကျောခိုင်းလှည့်ထွက်ခါနီးမှာ ချစ်သူက တစ်ခွန်းပဲ ပြောသွားတယ် ။
`` ရှင်က အရူးပဲ "

📮 ညနေက ကျွန်တော့်ကို ပြန်ငုံ့ကြည့်နေတယ် ။
လမ်းထိပ်ဆီကို ကျွန်တော် လျှောက်လာတော့ ကျောင်းဆင်းချိန်နဲ့ တိုးနေလို့ ကလေးတွေ လမ်းဖြတ်ကူးတာကို စောင့်နေရသေးတယ် ။ အဖြူအစိမ်းဝတ်စုံနဲ့ ကလေးလေးတွေဟာ ကျောင်းကြိုကားတွေရှိရာဆီကို သွားနေကြတယ် ။ မုန့်သည်တွေဆီကို သွားနေကြတယ် ။ လာစောင့်နေကြတဲ့ သူတို့ရဲ့ မိဘတွေဆီကို သွားနေကြတယ် ။

📮 ကျွန်တော်ရပ်နေတဲ့ ဗန်ဒါပင်နားမှာ အဖေဖြစ်တဲ့သူက သူ့သားချာတိတ်လေးကို ပြောနေတယ် ။
`` မင်းဘေးခုံက ဖြိုးဝေက သင်္ချာမှာ ၁၀၀ ရတယ်ဆို , မင်းက ၈၉ တဲ့ ။ မင်းကို ဖြိုးဝေ ချေး ( ချီး ) ကျွေးဖို့ကောင်းတယ် "အဆူခံနေရတဲ့ ချာတိတ်လေးက မျက်လုံးလေး ကလယ်ကလယ်နဲ့ သူ့အဖေကို ပြန်မော့ကြည့်နေတယ် ။`` သြော် ... ကလေးရဲ့စိတ်ကို အနာတရဖြစ်အောင် လုပ်နေပြန်ပေါ့ ........ " လို့ ကျွန်တော် တွေးလိုက်တယ် ။

📮 အဲဒီလူဟာ ကိုယ့်လက်ထဲမှာ ပွင့်နေတဲ့ ပန်းကို ဘာပန်းမှန်းသိအောင် မကြိုးစားချင်ဘူး ။ အလကားလူ ။ ကိုယ့်လက်ထဲမှာ စံပယ်ပွင့်လေး မွှေးဖြူဖြူစင်နေပါလျက်နဲ့ .....`` မင်းက ဘာလို့ အရောင် မနီတာလဲ , မင်းမှာ ဘာလို့ဆူးတွေ မပါတာလဲ , မင်းကို နှင်းဆီပန်းရဲ့ ချေး ( ချီး ) ကျွေးဖို့ကောင်းတယ် " လို့ ဆူပူမာန်မဲနေတယ် ။ကလေးအတွက်ရော , အဖေလုပ်တဲ့လူအတွက်ပါ ကျွန်တော် ရိုးရိုးသားသား ဝမ်းနည်းနေမိတယ် ။

📮 လမ်းမပေါ်မှာ အဖြူအစိမ်းဝတ်စုံနဲ့ ကလေးလေးတွေ ထွက်လာကြပြီ ။ သူတို့ ပျော်ရွှင်ခုန်ပေါက်မနေကြဘူး ။ သူတို့ဆူညံမြူးတူးမနေကြဘူး ။
သူတို့ သေဆုံးနေကြပါတယ် ။ကလေးလေးတွေဟာ အသက်မဲ့လျက်သား လမ်းလျှောက်နေကြတာပါ ။
သူတို့ရဲ့ နှလုံးသားတည့်တည့်မှာ `` မိဘတွေရဲ့ တောင်းဆိုမှု " ကျည်ဆန်ရာတွေနဲ့ ............... ။

📮 မင်းခိုက်စိုးစန်

Credit

Photos from The Little Dino's post 26/04/2022
10/02/2022

စာရေးနှေးသော လက်ကလေး
-------------------------
▪️ကလေး A
ဆရာ ကျွန်မကလေး စာရေးတာ အရမ်းနှေးတယ်။ စာလေး ၁ လုံး। ၂-လုံး ရေပြီးရင် ခဲတံကို ခဏချ। ပြီးရင် ပြန်ကောက်। ပြန်ရေး। ခဲတံတောင် နိုင်ပုံမရဘူး။ စာလုံးတွေကလည်း မညီမညာနဲ့ ဖတ်ဖို့ကခက်। ဘယ်လိုကျင့်ကျင့် မရဘူး။

▪️ကလေး B
ဒီကောင် ချီးကျူးဖို့ကောင်းတာက စာရေးရင် တထိုင်တည်းရေးတယ်။ ခဲတံလည်း ကျကျနန ကြာကြာကိုင်နိုင်တယ်။ အတန်းမှာ စာရေးရင် သူအရင်ဆုံးပြီးတယ်။

🔶ခဲတံကိုင်ပုံ ( pencil grip )

စာရေးမြန်ခြင်း।လှခြင်း। သပ်ရပ်ခြင်း।သန်ခြင်း ဆိုတာကိုဆုံးဖြတ်ပေးတဲ့အထဲမှာ pencil grip ဆိုတဲ့ ခဲတံကိုင်ပုံလေးလည်းပါတာပေါ့။ ကလေးအများစုကတော့ သဘာဝကသင်ပေးတဲ့အတိုင်း ခဲတံလေးတွေကို နည်းမှန်လမ်းမှန်နဲ့ ကိုင်တတ်သွားကြတာပါပဲ။ သင့်ကလေးက ပုံ-၁ ကအတိုင်း ခဲတံကိုကိုင်နေရင်တော့ လက်ခံနိုင်ပါတယ်။ ပုံ-၁ ကအတိုင်းလည်းမကိုင်। စာရေးလျှင်လည်း ကကျိုးကကျော်। လက်ကလည်း ခဏခဏညောင်းဆိုလျှင်တော့ သူ့ရဲ့ pencil grip လေးကို ပုံ-၂ပါ အတိုင်း ကျင့်ပေးလိုက်ပါ။ pencil grip ကို မူကြို। မူလတန်းအရွယ်တို့တွင် ကျင့်ပေးရတာပိုလွယ်ပါသည်။ မှားနေတာကို မကျင့်ပေးပဲထားလိုက်ရင်တော့ အမှားအတိုင်း တစ်သက်လုံးကိုင်သွားနိုင်ပါသည်။

ပုံ-၂ pencil grip
---------------
-ခဲတံက လက်မ।လက်ညှိုး।လက်ခလယ် ၃-ခု ဖြင့်သာ ပုံပါအတိုင်း ကိုင်ထားရမည်။
-လက်သူကြွယ် နှင့် လက်သန်းကလေက အနောက်ဘက်သို့ ကွေးဝင်ပြီး စားပွဲပေါ်မှာသက်တောင့်သက်သာ အနားယူနေရမည်။
-လက်ကောက်ဝတ်က အပြင်ဘက်အနည်းငယ်လေး ကွေးနေရမည်။ ပုံကိုကြည့်ပါ။ တချို့ကလေးတွေ အတွင်းဘက်ကို အရမ်းကွေးပြီး ရေးနေတာကို တွေ့ရပါလိမ့်မည်။ ပြင်ခိုင်းပါ။
-လက်တတောင်က စားပွဲပေါ်မှာ အနားယူနေရမည်။
-ခဲတံထိပ်နှင့် ၁-၂ စင်တီမီတာ အကွာမှကိုင်ခိုင်းပါ။
-အထက်ပါအတိုင်း နေ့စဉ်မိနစ်အနည်းငယ်စီ ကျင့်ပေးပါ။
-pencil grip ပုံစံခွက်လေးတွေ လည်းအပြင်မှာ ဝယ်လို့ရနေပါပြီ။

🔶 ထိုင်သည့်ပုံစံ နှင့် စာရွက်အနေအထား

အဲဒါကလည်း ကလေးရဲ့ စာရေးအားကို အထောက်အကူပြုပါတယ်။ပုံ-၃ ကိုကြည့်ပါ။
-ကလေးအရပ်နှင့်အနေတော်မည့် စားပွဲ နှင့် ထိုင်ခုံဖြစ်သင့်သည်။
-ခြေဖဝါး ၂-ဖက်စလုံးက ကြမ်းပြင်ပေါ်ကို ထိထားပါစေ။
-လက်တတောင် ၂-ဖက်စလုံးက စားပွဲပေါ်မှာ နားနေပါစေ။
-ရေးမဲ့ စာရွက်ကို ပုံပါအတိုင်း ကလေးစာရေးမည့်လက်က စားပွဲပေါ်တွင် ချထားသည့် လမ်းကြောင်းအတိုင်း တစောင်းလေး ချပေးထားပါ။
- အခြား လက်တဘက်ဖြင့် စာရွက်ကိုထိန်းထားခိုင်းပါ။

🔶လက်ကကြွက်သား သန်မာရဲ့လား( muscle tone )

လက်ကြွက်သားလေးတွေ ပျော့နေရင်လည်း စာရေးရာမှာ အခက်အခဲရှိတတ်ပါတယ်။ လက်သန်တယ်ဆိုတာ လက်ထဲက အရိုးချောင်းတွေ နဲ့ ကြွက်သားတွေ သန်တယ်ဆိုတာကို ပြောတာပါ။ လက်ကြွက်သားတွေ ပျော့နေတဲ့ကလေးက ခဲတံကိုင်ပြီး ခဏနေရင် ညောင်းလာပါလိမ့်မယ်။ အဲဒီတော့သူက ခဏ နားရပါတယ်။ အဲဒီလိုနဲ့ စာရေးနေတာ ကြာနေတော့တာပါပဲ။ ဒီတော့ သူတို့လက်ထဲမှာရှိတဲ့ ကြွက်သားတွေကို မာလာအောင် အထောက်အကူပြုမဲ့ လက်လှုပ်ရှားမှုတွေကို နေ့စဉ်နေ့တိုင်းကျင့်ပေးပါ။

🔹လက်သန်ရန် လုပ်ဆောင်နိုင်သော ဥပမာ နှင့် အကြံပြုချက်အချို့

- မလိုအပ်ပဲ ထမင်းခွံ့ကျွေးခြင်း မလုပ်ပါနဲ့။ ကလေးကို ကိုယ်တိုင် လက်ဖြင့်ကိုင်တွယ်। ဇွန်းဖြင့်ကိုင်တွယ်၍ စားခိုင်းပါ။

- မူကြိုကလေးငယ်လေး စာမရေးခင် playdough ဆိုတဲ့ဂျုံလေးတွေကို လက်ဖြင့်ညှစ်ခိုင်း। လုံးခိုင်း। လိပ်ခိုင်းခြင်းများကို ပြုလုပ်ခိုင်းပါ။ ပြီးမှ ခဲတံကိုင်ခိုင်း၍ စာရေးခိုင်းပါ။ မူကြိုဆရာမလေးကို အကြံပေးချင်တာက ကလေးငယ်လေးကျောင်းထဲရောက်တာနဲ့ စာရေးခြင်းဖြင့် မစပါနဲ့။ ဂျုံကို အရင်ပေးကစားခိုင်းပါ။ ပြီးလျှင်စာရေးခိုင်းပါ။

- ဂျုံလုံးလေးများ ပြုလုပ်ခိုင်းပြီး လက်မ।လက်ညှိုး। လက်ခလယ် ၃-ခုကြားညှပ်ပြီး လက်ချောင်းကလေးများ ထိသည်အထိ ညှစ်ခိုင်းပါ။

-မူကြိုအရွယ်လေးတွေကို ပန်းချီဆွဲခိုင်းခြင်း। သဲအိမ်। နှင်းအိမ်လေးများ ဆောက်ခိုင်းခြင်း। လက်ကိုအဓိကအသုံးပြုရသော အနုပညာဖန်တီးမှုများကို ပြုလုပ်ခိုင်းခြင်း တို့ဖြင့် လေ့ကျင့်ပေးနိုင်သည်။ ပုံတွေပေါ်မှာ ဆေးချယ်ခိုင်းပါ။

-လက်ဖဝါးပေါ်မှာ ကျောက်စရစ်ခဲလေးကိုတင်। ပြီးလျှင် လက်သူကြွယ်နှင့်လက်သန်းလေးများကိုကွေးပြီး လက်ဖဝါးပေါ်မှ ကျောက်စရစ်ခဲလေးကို ဖိခိုင်းပါ။

-ကြယ်သီး တပ်ခြင်း। ဖြုတ်ခြင်းများကို ပြုလုပ်ခိုင်းပါ။

-ပုံတွင်ပြထားသော ပုလင်းမျိုးဖြင့် ပန်းပင်ရေဖြန်းခိုင်းပါ။

- ပုံမှာ ပြထားသည့်လက်ကောက်ဝတ် လေ့ကျင့်ခန်းကို နေ့စဉ်လုပ်ဖို့ ကူညီပေးပါ။ စားပွဲပေါ်မှာ လက်တတောင်ကို တင်ပြီးလူကြီးက ကိုင်ပေးထား। ကလေးကို လက်သီးဆုပ်ခိုင်းပြီး အပေါ်ဘက်ကို ကွေးချီ। ဖြေချီ လုပ်ခိုင်းပါ။

-ကလေးငယ်လေးတွေက ချီးကျူးခံရရင်। game ပုံစံကစားခိုင်းရင် လက်လေ့ကျင့်ခန်းတွေကို လိုက်လုပ်ကြမှာပါ။

-ကလေးငယ်များကို ကစားကွင်းသို့ မကြာခဏခေါ်သွားပြီး ဆော့ကစားခိုင်းပါ။

-လက်ကြွက်သားပဲ အရေးကြီးတာ မဟုတ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ ကြွက်သားများ ပျော့ပါကလည်း ကလေးများက စားပွဲခုံမှာ ကြာကြာထိုင်ပြီး စာမလုပ်နိုင်။ ခန္ဓာကိုယ် တွန့်လိမ်ကောက်ကွေးနေပြီး မကြာခင် စားပွဲပေါ်မှဆင်း၍ ကြမ်းပေါ်ထိုင်ဖတ်လိမ့်မည်။ ထို့နောက် ထိုင်ရာမှ လှဲပြီးဖတ်လိမ့်မည်။ ထို့နောက် တခါတည်း အိပ်ပျော်သွားလိမ့်မည်။ အဲဒီလိုကလေးတွေကို ကိုယ်လက်လှုပ်ရှားမှုလေးတွေ အရင်လုပ်ခိုင်းပြီးမှ စာထိုင်ဖတ်ခိုင်းပါ။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်လိုက်သည့်အတွက် ကြွက်သားမာခြင်းအဆင့် (muscle tone )တက်လာ၏။ muscle tone တက်လာတော့ နဲနဲပိုကြာကြာထိုင်နိုင်တာပေါ့။ စာသင်နေတာ တဝက်ရောက်လျှင် ခဏရပ်ခိုင်းပြီး လေ့ကျင့်ခန်းလုပ်ခိုင်းသော ဆရာ। ဆရာများကို မိဘများဘဝတွင် တွေ့ခဲ့ဖူးပါလိမ့်မည်။ အားလုံးသဘောကျခဲ့ကြမှာပါ။

-အရင်ကပြောခဲ့သလိုပဲ ဗီတာမင် ဒီ। ကယ်လစီယမ် နှင့် ကိုယ်လက်လှုပ်ရှားမှုတို့သည် ကလေးများ၏ အရိုးနှင့်ကြွက်သားများ အတွက်အရေးပါသည်။ ထို ၃-ခုထဲမှ တခုချိုတဲ့လျှင် ကလေးများ၏ အရိုးနှင့်ကြွက်သားကျန်းမာရေး အပေါ်ထိခိုက်နိုင်ပါသည်။

- ပုံလေးတွေကို တချက်ကြည့်ကြည့်ပါ။ အဲလိုလေးတွေလုပ်ပေးသည့် မူကြိုကို ရွေးချယ်ပါ။ ကလောင်ကိုင်မည့် လက်ကလေး ကလောင်ကို နိုင်နိုင်နင်းနင်း ကိုင်နိုင်ပါစေ။

မေတ္တာဖြင့်
စိုးမိုးကျော်( Child Health Myanmar Page )
Ref and Photos : RCH, Occupational Therapy
-credit- ဂန္ထ၀င်ပျိုးခင်း page မှ

Photo: Credit

13/01/2022

အိမ်ကတူမလေး ဆေးရောင်ခြယ် ခြင်း အနုပညာ😊 #၁နှစ်၃လ ကျော်
လက်ချောင်းကြွက်သား✋🏻 အာရုံစူးစိုက်မူ့အား🧠 အရောင်များသိမှတ်မူ့အား ပိုကောင်းစေရန် ငယ်စဥ်ကတဲက သူတို့စိတ်ပါသလောက်ထိ ဆေးရောင်ခြယ် ခိုင်းလို့ရပါတယ်😘လက်​ေချာင်း​ြကွ က်သားများသန်မာ​ စေရန် activitiesများစွာထဲက တစ်ခုဖြစ်ပါတယ် စာစရေးရမဲ့ အချိန်KGတန်းရောက်ရင် ကလေးအတွက် ဖိအားသိပ်မများ​​စေဘဲ စာရေးရာမှာပိုမို ချောမွေ့စေနိုင်လို့ ဆေးရောင်ခြယ်ခြင်းအပြင် လက်ချောင်းသန်မာ​ေစတဲ့မည်
သည့်Activitieလေးတွေမဆို စာမရေးရခင်
အရွယ်များမှာကြိုတင်လေ့ကျင့်ပေးသင့်ပါတယ်
#မျိုးစေ့မှန်ပင်သန်ကြပါစေ

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Culinary Team

Attire

Website

Address


Mandalay