#ကလေးနဲ့ကျောင်းစာ
တနေ့က အမေတယောက်က ကလေးစာကို သူ့ဖာသာသူလုပ်တက်အောင်ဘယ်လို လုပ်ရမလဲ သူ့ဖာသူစာလုပ်တက်အောင် စာမေးပွဲအတွက်ပြင်ဆင်တက်မလဲလို့မေးထားတာလေးတွေ့လို့ ရေးချင်တာလေး ရှိနေတာနဲ့ အတော်ဖြစ်သွားတယ်
စာဆိုတာ ကလေးက လေ့လာသင်ယူရမဲ့ အရာ သူကိုယ်တိုင် လေ့လာရပါမယ် မိဘက ဘေးကနေ ပံပိုးပေးရုံသာလုပ်ပေးရပါမယ် ။
အခုက ကလေးကို ၃ နှစ်ကျော်မှာ စာတွေစသင်ပြီး ကျောင်းတက်ပြီဆိုတာနဲ့ မိဘအများစုက guide ခေါ်တာတွေ ဘာသာစုံ guide ငှါးပေးပြီး ကလေးကို အမှတ် ပြည့် ရအောင်ကြိုးစားကြပါတယ် ။ ကလေးတယောက်ရဲ့ စာရမရကိုသာ တိုင်းတာကြပြီး အဲ့ အပေါ်မှာသာ အာရုံထားမိကြပါတယ် ။
ကလေး စာသင်ရင်မိဘတွေကဘေးကထိုင်နေကြတယ် ကလေးကို စာသင်တာကို spoon feeding တောင်မဟုတ်ဖူး အစာကို ကြိတ်ပြီးပါကျွေးသလိုမျိုး လုပ်မိကြတယ်ပေါ့နော် ။
စာကိုဘယ်လို လေ့လာရမလဲ ဘယ်လိုသင်ယူရမလဲဘယ်လိုမှတ်ရမလဲဆိုတဲ့ အလေ့အကျင့်က်ုကလေးတွေက အရင် သင်ယူဖို့လိုပါတယ် ။
ကလေးတွေရဲ့ ဦးနှောက်ဟာ သိပ်ကိုမှ လန်းဆန်းပြီး သိပ်က်ုမှတ်နိုင်ပါတယ်
ဒါကို မိဘတွေက ကလေးတွေကို အချိန်တခုပေးပြီး ငါ့ကလေးဟာ ဘယ်လိုမှတ်တက်လဲ ? အကြောင်းအရာတွေကိုဘယ်လိုသင်ယူတက်လဲဆိုတာကိုသိဖို့လိုပါတယ်။
ကြက်တူရွေးနုတ်တိုက် သင်သလိုမျိုး အထပ်ထပ်အခါခါလေ့ကျင့်ပြီးမှ စာမေးပွဲမှာဖြေခိုင်းပြီး အမှတ်ပြည့်ရမှ ကျေနပ်တာမျိုးက ကလေးရဲ့ လေ့လာသင်ယူစိတ်ကိုလျှော့ကျစေတယ် ။ စာကိုပိုပြီး မလုပ်ချင်ဖြစ်လာတယ် ။
မိဘတွေကလဲ စာမှစာ ကလေးထက်လူကြီးကပိုစာရနေပြီး သူတို့မရတာ မေ့လွယ်တာတွေကို အသဲတွေယားဒေါသတွေထွက်ကနေ စာလုပ်တာဟာ ပျော်စရာ အတွေ့အကြုံမဖြစ်တော့ဖူး ။ မိဘကလဲ ကလေးကို ပျင်းတယ် ၊ အာရုံမရှိဖူးစသည်ဖြင့် နာမည်တွေတပ်တော့တာဘဲ
အဲ့တော့ဘာလုပ်ရမလဲ
စာက ကလေးလေ့လာသင်ယူရမှာမို့လို့ သူ့ဖာသာသူလုပ်ရပါမယ် ။ Grade 1 စတက်မယ် ဆိုကထဲနဲ့ စာ တွေကြိုသင်တာ မလုပ်သင့်ပါဖူး ။ ( ကျောင်းတွေကလဲ အဲ့ဒါကိုအားမပေးရပါဖူး)
-ကလေးကျောင်းကပြန်လာရင် သူ့ လွယ်အိတ်သူရှင်းပြီး သူ့လုပ်စရာတွေ သူ စားပွဲပေါ်ထုတ် တတ်ဖို့က အရေးကြီးပါတယ် ။
-ပြီးရင် ဝအောင်ကစားပြီး မှ သူ့အတွက်စာလုပ်ချိန်ကို အတူတူရွေးသင့်ပါတယ် ၊ ကျောင်းကပြန်လာခနနားပြီးစာလုပ်မလား ? မနားဘဲ တခုခုစားပြီးတန်းလုပ်မလား စသဖြင့်ပေါ့။
-အိမ်စာလုပ်ချိန်မှာ မိဘက ဝင်မပါသင့်ပါဖူး ( ဒါကကလေးကို တာဝန်သေးသေးလေးယူတက်အောင်။ ငါဘာတွေလုပ်ရမယ်ဆိုတာသိဖို့ အတန်းထဲမှာမှတ်တတ်အောင်မိဘက train ပေးတဲ့ သဘောပါ)
-အိမ်စာလုပ်ချိန်မှာ မိဘက မလှမ်းမကမ်းကနေ ကျောင်းမှာ ဘာတွေလုပ်ခဲ့ရတာလဲ ဒီအိမ်စာက ဘယ်တော့အပြီးလဲစသဖြင့်မေးစရာမေး ပြီး ထိန်းပေးရုံ Guide line ပေးရုံသာလုပ်သင့်ပါတယ်
ဘေးကနေ ကြည့်နေတော့မှ သူက အပေါင်းအနုတ် concept လေးသိပ်မရဖူး လား သူက စာလုံးပေါင်းတွေ မှာ မှတ်တာအားနည်းလား အသံထွက်ဖို့ခက်နေလား စသဖြင့်သူ့လိုအပ်ချက်တွေကိုမိဘက သတိထားမိမှာပါ ။
အဲ့လိုမျိုးတွေသိဖို့က ကလေးကို မိဘက Observation လို့ခေါ်တဲ့ လေ့လာမှ သိမှာပါ။ Guide ကလဲမသိပါဖူး ။
-သူ အိမ်စာမေ့ခဲ့ရင် သူ့ဟာ ငါအိမ်စာမေ့ရင်ငါ့တာဝန်ပါလား ဆိုတဲ့ တာဝန်လေးကိုသိမှာပါ။
စာမေးပွဲ အတွက်လဲ သူ့ဖာသာသူပြင်ဆင်ရမှာပါ ၁/၂ တန်းကလေးဟာ စာမေးပွဲ အတွက် ညဘက် ခန မိဘက သားရေ / သမီးရေ မနက်ဖြန်အတွက် ready လား ? သား အခု တချက်နွေးမလား ? မနက်စောစောမှ တချက်နွေးမလား ဆိုပြီး စာဆိုတာနွေးရတယ် ဆိုတာလေး ကို guide လုပ်ပေးပြီး သူ့ဖာသာသူ prepare လုပ်စေခြင်းဖြင့် မိမိတာဝန်ဆိုတာလေးကို သိစေ မှတ်စေလုပ်ပေးရပါမယ်
အဲ့တော့ ကလေးက မိဘ က မအားလို့ မလုပ်ပေးနိုင်တာနဲ့ စာကသပ်သပ် သူကသပ်သပ် အရှေ့နဲ့အနောက် တောင်နဲ့မြောက် မဖြစ်မှာပါ။ 😁
မိဘတွေကလဲ မိမိတို့ရဲ့လောဘ မိမိတို့ပုံဖော်ပေးချင်တဲ့ဘဝဟာ မိမိဘဝမဟုတ်ဘဲ သူတို့ဘဝဆိုတာကိုသေချာ နားလည်ဖို့လိုပါတယ် ။
သူတို့ စာမလုပ်လို့ စိတ်တိုလာတိုင်း ငါ တိုနေတဲ့စိတ်ကဘယ်ကလာတာလဲ ? ငါ ဖြစ်ချင်တာမဖြစ်လို့ထွက်လာတဲ့ဒေါသဆိုရင်ကိုယ် က ပြန်ပြီး meet your child where she/he at လုပ်ရပါမယ် ။ ၅ နှစ်ကလေးရဲ့ စိတ်အာရုံစူးစိုက်နိုင်မှု့ဟာ 15 မိနစ် ၂၀ မိနစ်အလွန်ဆုံးပါ ။
သူတို့ကိုယုံကြည်ပေးဖို့ သူတို့အားသူတို့ကိုးတက်ဖို့ စာကိုသူတို့လက်ထဲမှာ သူတို့ဖာသာသူတို့ဦးဆောင်တက်ဖိူ့ဆိုတာ သူတို့စပြီး စာသင်တဲ့ အချိန်မှာ မိဘတွေက ယုံကြည်မှုတခုနဲ့ ပြုစုပျိုးထောင်ပေးရပါမယ် ။ အဲ့ဒီအတွက်
အချိန်တခုစောင့်ရမယ်
စိတ်ရှည်ရမယ်
Unconditional love and support ပေးနိုင်ရမယ် ။
အမှတ်၂၀ ပေးတဲ့ သင်္ချာက်ု ကလေးက ၆ မှတ်ရအောင်ဖြေလာရင်လဲ စိတ်တိုဒေါသထွက်ပြီး ငါဝင်ကူမှရတော့မယ် guide ခေါ်ရမယ်ဆိုတာမျိုးမလုပ်ဘဲကလေးနဲ့အတူတူ
သား/သမီး မှာ ဘယ်လိုအခက်အခဲရှိလို့ မှားတာလဲ ? နားမလည်တာလား ? သားအာရုံစိုက်ဖို့လိုတာလား စသဖြင့်အဖြေရှာတဲ့မေးခွန်းတွေမေးရမယ် ။ ပြီးတော့ သူဝမ်းနည်းခဲ့ရင်တောင် အမှတ်ပြည့်ကအမြဲတမ်းမရနိုင်ဖူး ၊ ရခဲ့တဲ့ အမှတ်ပေါ်မှာသာသင်ခန်းစာယူပြီးနောက်တခါအတွက်ပြင်ဆင်ရမယ်ဆိုတဲ့ အတွေး အသိကို ပျိုးထောင်ပေးရပါမယ် ။ သမီးရေ ဒီ အနုတ်concept ကိုပိုနားလည်အောင် ဒါတော့မေမေရှာထားတယ် တနေ့၁မျက်နှာတော့လုပ်နော် အဖြေမေမေစစ်ပေးမယ် စသဖြင့် ကလေးကို guide လုပ်ဖို့လိုရင်လုပ်ပေးလို့ရပါမယ် ။
ကလေးကို ငယ်ရွယ်တဲ့ အချ်န်မှာ စာဆိုတာ မလုပ်ချင်စရာမဖြစ်ဖို့ မိဘတွေကစာနဲ့ result ကို အမြဲ pressure ထားပြီးမတွန်းသင့်ပါဖူး
လေ့လာသင်ယူစရာဆိုတာ ဘဝတလျောက်လုံးမကုန်ပါဖူး ။
သူတို့ဘယ်လိုလေ့လာသင်ယူချင်လဲဆိုတဲ့ type လေးကိုသူတို့ဖာသာသိအောင် အလေ့အကျင့်လုပ်ပြီး မှသာ မိဘမပါဘဲလဲ သူတို့အိမ်စာ နောက်နေ့အတွက်လွယ်အိတ်ပြင်တာ စာမေးပွဲအတွက်ပြင်တာ စတာတွေကို အတန်းကြီးလာရင် နိုင်နိုင်နင်းနင်းအသိတရားရှိရှိလုပ်နိုင်မှာပါ
ကျမတို့က ကလေးတွေကို perfect school life ကို ဖန်တီးပေးရမှာ မဟုတ်ပါဖူး။ သူတို့ဘယ်လို challenges တွေကို handle လုပ်မလဲ resilience ရှိအောင်ဘယ်လို သွားမလဲ ကသိပ်အရေးကြီးပါတယ် ။
မိဘတွေကစာတသက်လုံးကူမကျက်နိုင်သလို စာသင်လဲဘေးကတသက်လုံးထိုင်မစောင့်နိုင်ပါဖူး။ သူတို့လေးတွေမှာ တွေးတောနိုင်တယ် ငါဘာလုပ်ရင်ဘာဖြစ်မယ် ဆိုတာတွေတွေးတက်အောင်တွေးနိုင်အာင်မိဘတွေက အချိန်ပေးပြီး support ပေးပြီးသာ guide လုပ်ပေးရပါမယ်
ဒီနည်းလမ်းဟာ ရေတိုမှာတော့ မသိသာပေမဲ့ ရေရှည် မှာတော့ အကျိုးရှိပြီးကိုယ့်အားကိုယ်ကိုး၊ ကိုယ့်တာဝန် ကိုယ်သိ တဲ့ ကလေးတွေ ကို ပြုစုပျိုး ထောင်ရာရောက်ပါမယ် လို့ အကြံပြုပါရစေ ။
credit
KID’S Paradise
Preschool
😍သားသားမီးမီးတို့ရဲ့ လေ့လာသင်ယူနေပုံလေးတွေ 😍
😍😍😍 သားသားမီးမီးတို့ရဲ့ လေ့လာသင်ယူနေပုံလေးတွေ😍😍😍
❤️ကလေးသည် ကစားခြင်းမရှိလျှင်ဖွံ့ဖြိုးမှုမရှိနိုင်ပါ❤️
😍ကစားခြင်းလို့ ဆိုတဲ့အခါ ကိုယ်လက်လှုပ်ရှားကစားတာ၊ သင်ယူဖို့ အထောက်ကူပြုပစ္စည်းတွေ အသုံးပြုပြီး ကစားတာတွေကို အဓိက ဆိုလိုပါတယ်။
😍 ကလေးတွေက ကစားရတာ သဘောကျပါတယ်၊ တီဗွီ၊ ဖုန်းစွဲနေတဲ့ ကလေးတွေတောင်မှ လှုပ်ရှားကစားရတာ သဘောကျပါတယ်။
😍 ကလေးတွေ ကစားတာဟာ စိတ်ညစ်စရာမဟုတ်ပါဘူး။ အကြောင်းကတော့ ကလေးတွေ လှုပ်ရှားကစားတဲ့အခါ ကလေးတွေရဲ့ လူမှုရေး၊ စိတ်ခံစားချက် နဲ့ ဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် အထောက်ပံ့ကောင်းတွေဖြစ်စေလို့ပါပဲ။
😍ကစားရင်းနဲ့ သင်ယူနိုင်ဖို့ သေချာပံ့ပိုးပေးနိုင်ရင် ကလးတွေရဲ့ ဘာသာစကား ဖွံ့ဖြိုးမှု၊ ဦးနှောက်ဖွံ့ဖြိုးမှု၊ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းတွေကိုမြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။
😍ကလေးတွေ ကစားတဲ့အခါ သင်ယူခွင့်ရဖို့ ပံ့ပိုးပေးခြင်းအားဖြင့် ပျော်ရွှင်စွာ သင်ယူရင်း ကစားခွင့်ရသော ကလေးတွေ ဖြစ်နိုင်ကြပါစေ။
Credit to original uploader
23/01/2024
Newton's third law ( Law of motion ) ကိုလက်တွေ့သင်ကြားခြင်း
ကိုယ်တိုင်လုပ် Balloon power car လေးတွေနဲ့ ပျော်ရွှင်စွာသင်ကြားနေကြသောသားသားမီးမီးများ😍😍😍
Grade 2 class " reading time "😍😍😍
KG class 😍" reading time"😍
19/01/2024
Coding
စိတ်ပါ၀င်စားစွာလေ့လာသင်ယူနေကြသောသားသားမီးမီးများ😍😍😍
27/11/2023
😍😍😍 တန်ဆောင်တိုင်ပွဲတော်ဆင်နွှဲပျော် 😍😍😍
သားသားမီးမီးတို့ပန်းချီလက်ရာများ
🦀 12345678910 😍😍😍
23/11/2023
ချစ်သော သားသားမီးမီးလေးတွေ😍😍😍
Click here to claim your Sponsored Listing.
Location
Category
Website
Address
Mandalay
9ST/76ST&78ST