English for all

English for all Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from English for all, Education, Mandalay.

17/12/2024
17/12/2024
14/07/2023

ကုသိုလ်ကနေ အကုသိုလ်ကို ဖြစ်စေပုံ

********************************************************************

ကုသိုလ်ကနေ အကုသိုလ်ကို ဘယ်လိုလုပ် ဖြစ်စေတာတုန်း။ တချို့က ကုသိုလ်လုပ်တယ်ဆို ကုသိုလ်ပဲ ရတယ်လို့ ထင်တယ်။ ဒီနေရာမှာ ကုသိုလ်ကို အကြောင်းပြုပြီးအကုသိုလ်ဖြစ်တာ ရှိတယ်။

ဘယ်လိုဖြစ်တုန်းဆိုရင် ဆိုပါစို့... လူတစ်ယောက်မှာ လှူချင်တန်းချင်တဲ့ သဒ္ဓါတရားတွေ ဖြစ်လာတယ်။ အဲဒီသဒ္ဓါတရားဟာ ကုသိုလ်ပဲနော်။

သို့သော်... " ငါ့သဒ္ဓါတရားဟာ ကောင်းလိုက်တာ" လို့ သဒ္ဓါတရားကို တွယ်တာတဲ့ လောဘစိတ်နဲ့ ကြည့်တဲ့အခါ အဲဒီကြည့်တဲ့ လောဘစိတ်ကျတော့ အကုသိုလ်ပဲ။

ဒါ ကုသိုလ်ကနေ အကုသိုလ်ဖြစ်တာလို့ ပြောတာ။ အဲဒီတော့ ကုသိုလ်ကနေ အကုသိုလ်ပြောင်းသွားနိုင်တာကို သတိထားဖို့နော်။ ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ်ဖြစ်တယ်။

ကိုယ့်ရဲ့သီလစင်ကြယ်တာကို အကြောင်းပြုပြီးတော့..." ငါ့သီလက စင်ကြယ်တယ် " ဆိုပြီး သီလကို အကြောင်းပြုပြီး မာနဖြစ်ရင် သီလက ကုသိုလ်၊ မာနက အကုသိုလ်၊ ဒါ ဥပနိဿယပစ္စည်း လို့ ခေါ်တယ်။ သဒ္ဓါကို တွယ်တာမှုဖြစ်တယ်။ ရာဂ ဖြစ်တယ်။

တစ်ခါ ကိုယ့်သဒ္ဓါတရားကို ကြည့်ပြီးတော့ များများစားစား လှူလိုက်မိပြီး နောက်ကျတော့ " ငါ့ သဒ္ဓါတရားကလည်းနော် ငါလှူလိုက်တာ မှားလိုက်တာ " ဆိုပြီး သဒ္ဓါတရားကို ရှုတ်ချတဲ့ဒေါသက မပေါ်နိုင်ဘူးလား။ သဒ္ဓါကို အကြောင်းပြုပြီး ဒေါသလည်း ဖြစ်နိုင်တာပဲ။

ထို့အတူပဲ ကိုယ့်သီလ ကိုယ်ကြည့်ပြီးတော့ ကျေနပ်နေတယ်။ နှစ်သက်နေတယ်။ ကျေနပ်တယ်ဆိုတာ တဏှာ လောဘနဲ့ ကျေနပ်တာကို ပြောတာ။ ကုသိုလ်စိတ်နဲ့ ကျေနပ်တာကို ပြောတာ မဟုတ်ဘူးနော်။ တဏှာစိတ်နဲ့ ကိုယ့်သီလကို ကိုယ် တွယ်တာပြီး ကျေနပ်နေပြီ၊ သာယာနေပြီ၊ လောဘတွေ ဖြစ်နေတယ်ဆိုရင် ကုသိုလ်ကနေ အကုသိုလ်ကို ဖြစ်စေတယ်လို့ ဒီလိုပြောတာ။

စာဂ - ကိုယ့်ရဲ့စွန့်ကြဲမှုကို အကြောင်းပြုပြီး " ငါလို ဘယ်သူမှ မလှူနိုင်ဘူး။ ငါက လှူနိုင်တယ်၊ " ဆိုပြီး ကိုယ့်အလှူဒါနပေါ်မှာ ကျေနပ်မက်မော တွယ်တာနေမယ်ဆိုလို့ရှိရင် စာဂ ဆိုတဲ့ ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ် ဖြစ်ပြန်တာပဲ။

သုတ_ ကိုယ်က တရားဓမ္မတွေ နာထားတယ်။ မှတ်လည်း မှတ်တယ်၊ စာတွေလည်း တတ်တယ်၊ ဗဟုသုတတွေလည်း များလာတယ်၊ အဲဒီများလာတဲ့ ဗဟုသုတအပေါ် မာန်မာနတွေ တက်လာတယ်။ ကိုယ့်ဗဟုသုတအပေါ် တွယ်တာမှု၊ နှစ်သက်မှု ရာဂတွေ ဖြစ်လာတယ် ဆိုလို့ရှိရင် တရားဓမ္မသုတက ကုသိုလ်၊ တွယ်တာမှုဖြစ်လာတာတို့ မာနတို့ကအကုသိုလ်၊ ဒါကုသိုလ်ကြောင့် အကုသိုလ်ဖြစ်တာ။ အဲဒီလို ဖြစ်လာတာ။

တစ်ခါ ဈာန်တရား အားထုတ်တယ်။ ကိုယ်ရထားတဲ့ ဈာန်ကို သဘောကျ တွယ်တာနေတယ်၊ တပ်မက်တွယ်တာနေတယ် ဆိုရင် ဈာန်က ကုသိုလ်၊ တွယ်တာတပ်မက်တာက အကုသိုလ်၊ ကုသိုလ်ကနေ အကုသိုလ်ဖြစ်တာ။သို့သော် ကိုယ်ရထားတဲ့ မဂ်စိတ် ဖိုလ်စိတ်ကိုတော့ ဒီလို မဖြစ်ဘူး။ လောကုတ္တရာတရားက အလွန်သိမ်မွေ့တာဆိုတော့ လောဘနဲ့ အာရုံပြုလို့ မရဘူး။ အဲဒါကျတော့ လက်လှမ်းမမှီဘူးလို့ ပြောတယ်နော်။ ဘယ်လို လက်လှမ်းမမှီတုန်းဆိုရင် ယင်ကောင်ကြီးဟာ မီးကျီးခဲပေါ်မှာ မနားဝံ့သလို မဂ်စိတ် ဖိုလ်စိတ်ပေါ်မှာ လောဘက မတွယ်ဝံ့ဘူး။ လောကုတ္တရာစိတ်နား မကပ်နိုင်ဘူး။ တဏှာက လောကီစိတ်ကို နှစ်သက်နိုင်တာ။ လောကုတ္တရာစိတ်ကျတော့ သူနဲ့ဘက် မဟုတ်ဘူး။

ကုသိုလ်စိတ်ကို အကြောင်းပြုပြီးတော့ အကုသိုလ်တွေ ဖြစ်ကြသေးတယ်တဲ့။ဒါကိုအကြောင်းပြုပြီး " ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယ ပစ္စယေန ပစ္စယော "

ကေသဉ္စိ ဆိုတဲ့စကားက အနန္တရ တော့ မဖြစ်နိုင်ဘူး။ အာရမ္မဏ တော့ ဖြစ်နိုင်တယ်။ အာရုံပြုပြီးတော့ လောဘဖြစ်မယ်၊ ဒေါသဖြစ်မယ်၊ မာန်မာနတွေ ဖြစ်မယ်၊ ဣဿ တွေ ဖြစ်မယ်၊ အယူမှားတဲ့ မိစ္ဆာဒိဋ္ဌိတွေ ဖြစ်မယ်။ နောက်က ဖြစ်လာသမျှသည် အကုသိုလ်တွေချည်းပဲ ဖြစ်လာသည့်အတွက်ကြောင့် ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ်ဖြစ်တယ်လို့ ဒီလိုပြောတာ။

( #ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)

14/07/2023
14/07/2023
14/07/2023
14/07/2023
14/07/2023
14/07/2023
14/07/2023

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when English for all posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category