17/12/2024
Coding for kids (ကလေးများအတွက် ကွန်ပျူတာ ပရိုဂရမ်းမင်း)
*************************************************************
2025-2026 ပညာသင်နှစ် မူလတန်းတွင် အခြေခံ ကွန်ပျူတာ (Basic computer) နှင့် Computer Programming ဘာသာရပ်ကို အပိုဆောင်းဘာသာရပ်ဖြစ် သင်ကြားပေးမည်ကို မိဘများသဘောကျနှစ်သက်ပါသဖြင့် ထည့်သွင်းသင်ကြားပေးမည်ဖြစ်ပါသည်။
အခြေခံကွန်ပျူတာ ( Computer)
ကွန်ပျူတာကို အခြေခံကျကျ သင်ယူရပါမည်။ ရုံးသုံး ဆော့ဝဲလ်များကို အသုံးပြုတတ်စေရန် အခြေခံအဆင့်တွင် စတင်သင်ကြားပေးပါမည်။ အင်တာနက်၊ အီးမေးလ် ချိတ်ဆက်အသုံးပြုတတ်ရန်နှင့် Coding ကိုလည်း အဆင့်မြှင့်သင်ကြားနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ပါသည်။
ကလေးများ Coding ကိုဘာကြောင့်သင်သင့်တာလဲ?
-coding ဆိုတာ တိကျတဲ့လုပ်ဆောင်ချက်တွေကို ဆောင်ရွက်ဖို့ computer ကို ညွန်ကြားချက်တွေပေးတဲ့ လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။
-Computer ဆိုင်ရာ programming language ပေါင်းများစွာထဲကမှ ကလေးတွေကို Scratch ကဲ့သို့ visual block တွေနဲ့ coding ကို အလွယ်တကူသင်ယူတတ်မြောက်နိုင်ပါတယ်။
-Device မှန်သမျှ (ဉပမာ- computer, phone, TV, Car)ကို coding နဲ့ ပေါင်းစပ် တည်ဆောက်ထားတာပါ။
ဒါကြောင့် coding က ကလေးတွေ၊လူကြီးတွေ အတွက် အရေးကြီးပါတယ်။
- လက်တွေ့ကျပြီး ဆန်းသစ်တဲ့ တီထွင်မှုများကို ဖန်တီးဖို့ code တွေက ကြားခံနယ်တစ်ခုဖြစ်ပါတယ်။
-coding ပညာရပ်ကိုသင်ကြားခြင်းအားဖြင့် ဖေဖေ၊မေမေ တို့ရဲ့ကလေးတွေဟာ သူတို့ရဲ့စိတ်ကူး ဆန်းသစ်မှုတွေကို code တွေနဲ့ ဖန်တီးနိုင်ပါတယ်။
-လူသားတိုင်း အမှားနဲ့မကင်းပါဘူး အဲအမှားတွေကနေတစ်ဆင့် ကိုယ့်ဘဝကို ပိုမိုကောင်းမွန်လာအောင် ဆက်လက်တည်ဆောက်ကြရပါတယ်။ အဲ့အမှားတွေအပေါ် ဝမ်းနည်းပူဆွေးမနေပဲ ဘာကြောင့်မှားတာလဲ?၊ နောက်တစ်ခါမမှားအောင် ဘယ်လိုပြင်ဆင်ရမလဲ ဆိုတာ ဖေဖေ၊မေမေတို့က သားသား၊မီးမီး တို့နဲ့ဆွေးနွေးသင့်ပါတယ်။
ဒီလိုကိစ္စတွေအတွက် နောက်ထပ်ေဖြရှင်းနည်း နည်းလမ်းတစ်ခုကတော့ coding သင်ပေးခြင်းပါပဲ။ ဘာလို့လဲဆိုရင် coding programming လုပ်တယ်ဆိုတာ error အမှားတွေနဲ့မကင်းပါဘူး။ Error အမှားတွေကိုရှာဖွေပြီး ဖြေရှင်းရတာက coding သင်ကြားခြင်းနဲ့အနှစ်သာရပါပဲ။
Coding သင်ကြားခြင်းဖြင့်
-အမှားတွေပြန်လည်ပြုပြင်တတ်ခြင်း
-အဖွဲ့အစည်းဖြင့် ပူးပေါင်းဆောင်ရွက်တတ်ခြင်း
-တီထွင်ဖန်တီးနိုင်ခြင်း
စတဲ့ ဘဝတွက်အရေးကြီးလှတဲ့ ကျွမ်းကျင်မှု Skills တွေကို သင်ယူခွင့်ရရှိမှာဖြစ်ပါတယ်။
February လတွင် 2025-2026 ပညာသင်နှစ်အတွက်
မူလတန်း စတင်လက်ခံမည်ဖြစ်ပါသည်။
Happy Heart ကျောင်းသူ၊ ကျောင်းသားတိုင်း February လတွင် မူလတန်းပထမရစ်သွင်းထားပါက (၁) သိန်းကျပ် လျော့ပေးမည်ဖြစ်ပါသည်။
အတန်း တစ်တန်းလျှင် ကလေး (၁၅) ယောက်သာ လက်ခံပါမည်။
ကျောင်းလစာကို အသေးစိတ်ကြေငြာပေးမည်ဖြစ်ပါသည်။
Happy Heart Preschool and Learning Center
ကြာနီကန်ကျေးရွာ
09765333882