Plus-Forex

Plus-Forex

Share

Plus-FX မှကြိုဆိုပါတယ်

01/10/2025

အမေရိကန်အစိုးရ လုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းခြင်း
US Government Shutdown
1.10.2025

14/08/2025

📙"Bitcoin ဈေးကွက် ပြန်တက်နေပြီ!
ဒီ E-Book နဲ့ အခွင့်အလမ်းကို မလွတ်ပါစေနဲ့!"

📙 "Bitcoin ကို လုံးဝအစပျိုးချင်သူများအတွက် ဒီ E-Book လေးနဲ့ စတင်လိုက်ပါ!"

📙"Bitcoin ကို အိမ်ထဲမှာပဲ ၁၅ မိနစ်နေရင်း နားလည်လာမယ့် နည်းလမ်း (PDF E-Book)"

🎯ဘယ်သူတွေလေ့လာသင့်သလဲ?

✅Bitcoin နှင့် Crypto Trading ကို ယခုမှစ
တင်ပီးလေ့လာနေသူများနှင့် အရောင်းအဝယ်လုပ်နေသူများ
✅Crypto Market ထဲတွင် အမြတ်နည်းပီး ရှုံးနိမ့်နေသူများ
✅Bitcoin ကို Professional ကျကျ ရင်းနှီး ရောင်းဝယ်လိုသူများ
✅အိမ်မှာနေပီး Online မှ စီးပွါးရှာလိုသူများ
✅Bitcoin နှင့် Crypto သင်တန်းအတွက် အချိန်မပေးနိုင်သူများ
✅Financial Freedom (ငွေကြေးအခက်အခဲမှလွတ်မြောက်လိုသူများ)
✅အရင်းအနှီး နည်းနည်းနဲ့ အမြတ်များများရလိုသူများ
✅Business တခုကို လူအပင်ပန်းမခံပဲ
Smartကျကျ လုပ်ကိုင်ချင်သူများ
✅ယခုကာလမို့ လက်ရှိလုပ်ငန်း အဆင်မပြေဖြစ်နေသူများ
✅Second Business တခုအနေနဲ့ အပိုဝင်ငွေရှာချင်သူများ
✅ငွေကြေးအခက်အခဲ/အကျပ်အတည်းမှ လွတ်မြှောက်လိုသူများ

📙**ဒီ E-Book မှာ ဘာတွေပါလဲ?**

✅ယခုလက်ရှိ Bitcoin ကို ဘယ်သူထိန်းချုပ်ထားသလဲ?
✅ဘယ်အစိုးရက Bitcoin ကို အများဆုံးဝယ်ယူထားသလဲ?
✅Bitcoin ကို အများဆုံးဝယ်ယူထားသူတွေက ဘယ်သူလဲ?
✅အနာဂတ်မှာ Bitcoin ဈေးဘယ်လိုဖြစ်နိုင်မလဲ?
✅Binance မှာ Bitcoin ကို ဘယ်လိုရောင်းဝယ်လုပ်မှာလဲ?
✅Bitcoin ကို ဘယ်လို Mining လုပ်မလဲ?
✅Bitcoin ကို အမြတ်ရအောင် ဘယ်လိုရောင်းဝယ်မလဲ?
✅Telegram Mining လုပ်ခြင်း ✅ကိုယ်ပိုင်ဆိုင်ထားသော Bitcoin ကို မပျောက်အောင် ဘယ်လို ကာကွယ်မလဲ?
✅Bitcoin အတွက် ယုံကြည်စိတ်ချရသော Exchange နှင့် Wallet များ
✅ကမ္ဘာစစ်ဖြစ်ရင် Bitcoin ဈေး ဘာဖြစ်နိုင်
သလဲ?
✅Bitcoin ကိုဈေးတက်စေသော အကြောင်းအရာများ နှင့် ဈေးကျစေသော အကြောင်းအရာများ
✅ Bitcoin အခြေခံကနေ အဆင့်မြင့်အထိ ရှင်းလင်းချက် (ဓာတ်ပုံနဲ့အတူ)
✅ မြန်မာတွေအတွက် လွယ်ကူသော Bitcoin ဝယ်ယူနည်း (LocalBitcoins, Binance)
✅ လုံခြုံစွာ သိမ်းဆည်းနည်းနဲ့ Scam များကိုရှောင်နည်း
✅ အချိန် ၁၅ မိနစ်သာပေးပါ - Bitcoin ကို အပြည့်အဝနားလည်သွားမယ်
✅ မြန်မာငွေနဲ့ ဘယ်လိုဝယ်မလဲ? (လက်တွေ့ဥပမာများနဲ့)

📙 **ဒီ E-Book ကြောင့် ဘာတွေရမလဲ?**

✅ Bitcoin ကို အန္တရာယ်ကင်းကင်း စတင်ဝယ်ယူနည်း
✅ မြန်မာငွေနဲ့ Bitcoin ရင်းနှီးမြှုပ်နှံနည်း
✅ အောင်မြင်နေတဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ လျှို့ဝှက်နည်းလမ်းများ

📙 **ဘာကြောင့် ဒီ E-Book ကိုရွေးသင့်လဲ?**

✅ မြန်မာလို ရှင်းရှင်းလင်းလင်း
(အခြား E-Book တွေလို အခက်အခဲမရှိ)
✅ ၁၅ မိနစ်ဖတ်ရုံနဲ့ Bitcoin ကို စတင်နားလည်မယ်
✅ အချိန်/နေရာမရွေး PDF ဖိုင်ကို ဖွင့်ဖတ်လို့ရ

💰 ဈေးနှုန်း
❌ပုံမှန်စျေးတန်ဖိုး-15000 ကျပ်
✅ယခုအထူးလျော့စျေးတန်ဖိုး-10000 ကျပ်
(ပထမ ၁၀၀ အုပ်သာ!)
📖**ဝယ်ယူပြီးချင်းချက်ချင်း Ebook Download Link ရမည်**

💻အပြင်မှာ Financial Market (or) Bitcoin (Cryptocurrency)နဲ့ပတ်သက်ပီး သင်တန်းတက်ရင် (၁၀)သိန်းအထက်ရှိပါတယ်
မိတ်ဆွေ
✳️ထို ebook ကိုဝယ်ယူလေ့လာပီးရင် ပေးရသောတန်ဖိုးထက် အဆပေါင်းများစွာပြန် ရရှိနိုင်လို့ အမြန်မှာယူလိုက်ပါ ခင်ဗျာ

ဆက်သွယ်ရန်
▂▂▂▂▂▂
📙 Ebook (PDF File) မှာယူလို
ရင်တော့-

Ⓜ️Page Messenger(သို့မဟုတ်)
☎️Phone/Viber- 09-975449559 သို့ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ.....။

🎯 အသေးစိတ်ပါဝင်သည့် အကြောင်းအရာများ ကို အောက်က Comment မှာ ကြည့်ရှုနိုင်ပါတယ်။




#ဘစ်ကွိုင်

#စာအုပ်
ာအုပ်
#ဆရာနိုင်

Photos from Plus-Forex's post 22/06/2025

အစ္စရေး နှင့် အီရန် စစ်ပွဲအတွင်း အမေရိကန်ပါဝင်လာသည်ဟုမှတ်ယူနိုင်

‘‘အီရန်ရှိ နျူကလီးယား ဆိုက်နေရာသုံးခုအား ကျွနိုပ်တို့ အောင်မြင်စွာ တိုက်ခိုက်ပြီးမြောက်ခဲ့သည်။ယခု အခါ လေယာဉ်အားလုံးလည်း ဘေးကင်းစွာနဲ့ အီရန်လေကြောင်းအပြင်ဘက် အာကာသတွင်ရှိနေသည်။ အမေရိကန်စစ်သည်တော်များကို ဂုဏ်ပြုပါသည်။ကမ္ဘာပေါ်မှာ ဒီလိုလုပ်ဆောင်နိုင်တာ တခြားစစ်တပ်မရှိပါဖူး ။’’ ဆိုပြီး သူ၏
Truth social media ပေါ် ယနေ့အစောပိုင်းတွင် Trump
ကရေးသားခဲ့ပါသည်။

နောက်ထပ်စစ်ပွဲသို့ ဦးတည်သွားမလား?
ငြိမ်းချမ်းရေးသို့ ဦးတည်သွားမလား?
ဆိုတာတော့စောင့်ကြည့်ရမည့်အနေအထားဖြစ်ပါသည်။

#ဆရာနိုင်



22.6.2025

21/04/2025

Fed အဖွဲ့ကို ပြုပြင်ပြောင်းလဲပြီး ဥက္ကဌ Powell ကို အလုပ်ထုပ်မယ်ဆိုတဲ့ ထရန့်ရဲ့ အကြံအစည်ကြောင့် ကမ္ဘာ့ရွှေစျေး အမြင့်ဆုံးစံချိန်တင် မြင့်တက်
——————————————————————————
April 21 ၊ 2025

တနင်္လာနေ့ အာရှစျေးကွက် စတင်ချိန်မှာတော့
ကမ္ဘာ့ရွှေစျေးဟာ သမိုင်းတစ်လျှောက်အမြင့်ဆုံး စံချိန်ကို ထပ်မံရောက်ရှိသွားပြီလဲ ဖြစ်ပါတယ်။ Federal Reserve ကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်ဆိုတဲ့ သမ္မတထရန့်ရဲ့ အကြံအစည်နဲ့အတူ အီစတာအားလပ်ရပ် အပစ်အခတ်ရပ်ဆဲရေးကာလ ပြီးသွားတဲ့ ရုရှား-ယူကရိန်းစစ်ပွဲ တစ်ကျော့ပြန်လာတာဟာ ဒေါ်လာတန်ဖိုးကို ကျဆင်းစေပြီးတော့ ရွှေကိုမြင့်တက်စေလျှက်ရှိနေပါတယ်။

ယနေ့မနက်အစောပိုင်း စျေးကွက်ချိန်မှာ စံချိန်သစ်တင်ပြီးတဲ့နောက် Spot Gold တန်ဖိုးတွေဟာ 1.4% ထပ်မံမြင့်တက်သွားခဲ့သွားခဲ့တာကို တွေ့ရမှာပါ။ June လမှာ သက်တမ်းကုန်ဆုံးမဲ့ ရွှေရှယ်ယာတွေရဲ့ တန်ဖိုးဟာလဲ 1.8% မြင့်တက်သွားခဲ့ပါတယ်။ လက်ရှ်ိမြင့်တက်နေတဲ့ ရွှေရဲ့ မောင်းနှင်အားဟာ မြေပြင်နိုင်ငံရေးအခြေအနေ အရှုပ်အထွေး၊ နိုင်ငံတကာအခွန်%တိုးမြင့်ကောက်ခံမှု၊ ဗဟိုဘဏ်တွေရဲ့ ရွှေဝယ်လိုအား နဲ့အတူ ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။

တနင်္လာနေ့စျေးကွက်အတွင်း ရွှေစျေးမြင့်တက်မှုဟာ ထရန့်ကနေပြီး Fed ကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်မယ်ဆိုတဲ့ သတင်းကနေ စတင်ခဲ့ပါတယ်။ ဒီသတင်းကြောင့် နဂိုရှိရင်းစွဲချမှတ်ထားတဲ့ ငွေကြေးပေါ်လစီတွေဟာလည်း မသေချာမရေရာမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

အိမ်ဖြူတော် စီးပွါးရေးအကြံပေး Kevin Hassett ရဲ့ ပြောကြားချက်အရ ထရန့်တို့အဖွဲ့ဟာ လက်ရှိ Fed ဥက္ကဌ Jerome Powell ကို ရာထူးကနေ ထုတ်ပါယ်ဖို့အထိ ပြင်ဆင်ထားတယ်လို့ သိရှိရပါတယ်။ ဒီသတင်းဟာ ဒေါ်လာတန်ဖိုးအပေါ်မှာကြီးစွာသောဖိအားတွေ သက်ရောက်စေပြီး သုံးနှစ်အတွင်း အနိမ့်ဆုံးတိုတဲ့ အခြေအနေထိကိုပါ ရောက်ရှိသွားစေခဲ့ပါတယ်။

အီစတာအားလပ်ရက်အတွင်း တစ်ရက်တာ အပစ်အခတ်ရပ်ဆဲတဲ့ ပူတင်ရဲ့ ကမ်းလှမ်းချက်ပျက်ပြယ်သွားခဲ့တာဟာလဲ ယနေ့ရွှေစျေးမြင့်တက်ခြင်းရဲ့ အဓိကအကြောင်းအရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ပူတင်ဟာ အီစတာအားလပ်ရက်မှာ တစ်ရက်တာ အပစ်အခတ်ရပ်ဆဲမယ်လို့ အကြောင်းကြားခဲ့ပြီးနောက် ယနေ့မနက်အစောပိုင်းမှာ ယူကရိန်းကို ဒုံးကျည်၊ ဒရုန်းများနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ကိဗ် နဲ့ မော်စကို ရှိ နှစ်ဖက်သော အစိုးရများကတော့ အပစ်အခတ်ရပ်ဆဲရေးကို သူချိူးဖောက်တယ်၊ ငါချိုးဖောက်တယ်ဆိုပြီး အပြန်အလှန်စွပ်စွဲ အပြစ်တင်နေကြတာကို တွေ့ရပါတယ်။ အဆိုပါ သတင်းတွေကြောင့် စျေးကွက်ထဲရှိ တစ်ခြားသော သတ္ထုတွေရဲ့ တန်ဖိုးတွေလဲ မြင့်တက်နေခဲ့တာကို တွေ့မြင်ရမှာလဲ ဖြစ်ပါတယ်။


#ကမ္ဘာ့ရွှေ
#မြန်မာ့ရွှေ

18/03/2025

(18.3.25)
WG price အမြင့်ဆုံး
စျေးတန်း 1OZ-$3000 ကျော်မှာ အရောင်းအဝယ် ဖြစ်နေ

03/02/2025

𝙱𝚒𝚝𝚌𝚘𝚒𝚗 အကြောင်း

Bitcoin ဆိုတာက ပထမဆုံး နှင့် အကျော်ကြားဆုံး **cryptocurrency** (ဒီဂျစ်တယ်ငွေကြေး) ဖြစ်ပြီး၊ ၂၀၀၉ ခုနှစ်မှာ **Satoshi Nakamoto** ဆိုတဲ့ လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့က တီထွင်ခဲ့ပါတယ်။ Bitcoin ကို **ဗဟိုချုပ်ကိုင်မှုမရှိတဲ့ (decentralized)** ငွေကြေးစနစ်အဖြစ် ဒီဇိုင်းထုတ်ထားပြီး၊ blockchain နည်းပညာကို အသုံးပြုကာ လုံခြုံစွာ ငွေကြေးလွှဲပြောင်းမှုတွေကို အာမခံပေးပါတယ်။

# # # Bitcoin ရဲ့ အဓိက ဝိသေသလက္ခဏာများ

1. **Decentralization (ဗဟိုချုပ်ကိုင်မှုမရှိခြင်း)**
Bitcoin ကို ဘဏ်တွေ သို့မဟုတ် အစိုးရတွေလို ဗဟိုအဖွဲ့အစည်းတစ်ခုက ထိန်းချုပ်ထားတာမဟုတ်ပါဘူး။ ဒါ့ကြောင့် ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူ့ကို ထိန်းချုပ်လို့မရပါဘူး။

2. **Blockchain Technology (ဘလော့ခ်ချိန်းနည်းပညာ)**
Bitcoin ရဲ့ လွှဲပြောင်းမှုတွေကို **blockchain** လို့ခေါ်တဲ့ ဒီဂျစ်တယ်မှတ်တမ်းစာရင်းကြီးပေါ်မှာ မှတ်တမ်းတင်ထားပါတယ်။ Blockchain ဆိုတာက လုံခြုံပြီး ပြင်ပကနေ ဝင်ရောက်စီမံခွင့်မရှိတဲ့ ဒေတာဘေ့စ်တစ်ခုဖြစ်ပါတယ်။

3. **Limited Supply (ကန့်သတ်ထုတ်လုပ်မှု)**
Bitcoin ကို ကန့်သတ်ထုတ်လုပ်ထားပြီး၊ အများဆုံး **၂၁ သန်း** ပဲ ရှိပါတယ်။ ဒါ့ကြောင့် ငွေကြေးဖောင်းပွမှုကို ကာကွယ်ပေးပါတယ်။

4. **Anonymity (အမည်ဝှက်ခြင်း)**
Bitcoin ကို အသုံးပြုတဲ့အခါမှာ လုံခြုံတဲ့ ဒီဂျစ်တယ်လိပ်စာ (address) တွေကို အသုံးပြုပြီး၊ လူတစ်ဦးချင်းရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ဖော်ထုတ်ဖို့ ခက်ခဲပါတယ်။

5. **Global and Borderless (ကမ္ဘာလုံးဆိုင်ရာ နယ်နိမိတ်မရှိခြင်း)**
Bitcoin ကို ကမ္ဘာတစ်ဝှမ်းက လူတွေက လွယ်ကူစွာ လွှဲပြောင်းနိုင်ပြီး၊ နိုင်ငံတကာငွေလွှဲပြောင်းမှုတွေမှာ အသုံးပြုနိုင်ပါတယ်။

---

# # # Bitcoin ဘယ်လိုအလုပ်လုပ်လဲ?

1. **Mining (တူးဖော်ခြင်း)**
Bitcoin တွေကို **mining** လုပ်ပြီး ထုတ်ယူရပါတယ်။ Mining ဆိုတာက ကွန်ပျူတာတွေကို အသုံးပြုပြီး ခက်ခဲတဲ့ သင်္ချာပုစ္ဆာတွေကို ဖြေရှင်းကာ blockchain ပေါ်မှာ လွှဲပြောင်းမှုတွေကို အတည်ပြုပေးတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ Mining လုပ်တဲ့သူတွေကို **miners** လို့ခေါ်ပြီး၊ သူတို့ဟာ Bitcoin အသစ်တွေကို ဆုအဖြစ် ရရှိပါတယ်။

2. **Wallets (ပိုက်ဆံအိတ်)**
Bitcoin တွေကို သိမ်းဆည်းဖို့ **ဒီဂျစ်တယ်ပိုက်ဆံအိတ် (wallet)** တွေကို အသုံးပြုရပါတယ်။ Wallet တွေမှာ လုံခြုံတဲ့ ဒီဂျစ်တယ်လိပ်စာ (address) တွေပါဝင်ပြီး၊ ဒီလိပ်စာတွေကို အသုံးပြုကာ Bitcoin တွေကို လက်ခံနိုင်ပါတယ်။

3. **Transactions (လွှဲပြောင်းမှုများ)**
Bitcoin လွှဲပြောင်းမှုတွေကို blockchain ပေါ်မှာ မှတ်တမ်းတင်ထားပါတယ်။ ဒီလွှဲပြောင်းမှုတွေကို ပြန်လည်ပြင်ဆင်ဖို့ မဖြစ်နိုင်ပါဘူး။

---

# # # Bitcoin ရဲ့ အားသာချက်များ

- **လွှဲပြောင်းမှုလွယ်ကူခြင်း**
Bitcoin ကို ကမ္ဘာတစ်ဝှမ်းက လွယ်ကူစွာ လွှဲပြောင်းနိုင်ပါတယ်။

- **စျေးနှုန်းတည်ငြိမ်မှု**
Bitcoin ရဲ့ ကန့်သတ်ထုတ်လုပ်မှုကြောင့် ငွေကြေးဖောင်းပွမှုကို ကာကွယ်ပေးပါတယ်။

- **လုံခြုံမှုမြင့်မားခြင်း**
Blockchain နည်းပညာကြောင့် လွှဲပြောင်းမှုတွေကို လုံခြုံစွာ အာမခံပေးပါတယ်။

---

# # # Bitcoin ရဲ့ အားနည်းချက်များ

- **စျေးနှုန်းပြောင်းလဲမှုမြန်ဆန်ခြင်း**
Bitcoin ရဲ့ စျေးနှုန်းဟာ ပြောင်းလဲမှုမြန်ဆန်ပြီး၊ ရင်းနှီးမြှုပ်နှံသူတွေအတွက် အန္တရာယ်များပါတယ်။

- **တရားဝင်မှုနည်းပါးခြင်း**
တချို့နိုင်ငံတွေမှာ Bitcoin ကို တရားဝင်အသိအမှတ်မပြုသေးပါဘူး။

- **စွမ်းအင်သုံးစွဲမှုများခြင်း**
Bitcoin mining လုပ်ငန်းစဉ်ဟာ စွမ်းအင်အများကြီးသုံးစွဲရပါတယ်။

---

# # # Bitcoin ကို ဘယ်လိုရနိုင်လဲ?

1. **Mining**
Bitcoin mining လုပ်ပြီး Bitcoin အသစ်တွေကို ရနိုင်ပါတယ်။

2. **Exchange Platforms**
Bitcoin ကို cryptocurrency exchange platform တွေကနေ ဝယ်ယူနိုင်ပါတယ်။

3. **Peer-to-Peer (P2P) Trading**
တစ်ဦးနဲ့တစ်ဦး တိုက်ရိုက်ငွေပေးချေပြီး Bitcoin ကို ရနိုင်ပါတယ်။

---

# # # နိဂုံး

Bitcoin ဟာ ခေတ်သစ်ငွေကြေးစနစ်ရဲ့ ပြောင်းလဲမှုတစ်ခုဖြစ်ပြီး၊ အနာဂတ်မှာ ပိုမိုအရေးပါလာနိုင်ပါတယ်။ ဒါပေမယ့် စျေးနှုန်းပြောင်းလဲမှုမြန်ဆန်တာကြောင့် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ သတိထားပြီး လေ့လာသင့်ပါတယ်။



#မြန်မာ့ရွှေ
#ကမ္ဘာ့ရွှေ



#ရွှေစာအုပ်

03/02/2025

Cryptocurrency ဆိုတာဘာလဲ ?

Cryptocurrency ဆိုတာက ဒီဂျစ်တယ် သို့မဟုတ် ဗာယာဖြစ်ငွေကြေးတစ်မျိုးဖြစ်ပြီး၊ cryptography လို့ခေါ်တဲ့ လျှို့ဝှက်ကုဒ်သုံးတဲ့နည်းပညာကို အသုံးပြုကာ လုံခြုံစွာငွေကြေးလွှဲပြောင်းမှုတွေကို အာမခံပေးပါတယ်။ Cryptocurrency တွေဟာ ဗဟိုချုပ်ကိုင်မှုမရှိဘဲ decentralized စနစ်နဲ့ လည်ပတ်ပါတယ်။ ဆိုလိုတာက ဘဏ်တွေ သို့မဟုတ် အစိုးရတွေလို ဗဟိုအဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်မှုမရှိဘူးဆိုတာပါ။

Cryptocurrency တွေကို blockchain လို့ခေါ်တဲ့ နည်းပညာပေါ်မှာ အခြေခံထားပါတယ်။ Blockchain ဆိုတာက ငွေကြေးလွှဲပြောင်းမှုတွေကို မှတ်တမ်းတင်ထားတဲ့ ဒီဂျစ်တယ်စာရင်းကြီးတစ်ခုဖြစ်ပြီး၊ ဒီမှတ်တမ်းတွေကို ကွန်ရက်ပေါ်က ကွန်ပျူတာတွေကနေ အတူတကွထိန်းသိမ်းထားပါတယ်။

ပထမဆုံး နှင့် အကျော်ကြားဆုံး cryptocurrency ကတော့ Bitcoin ဖြစ်ပြီး၊ ၂၀၀၉ ခုနှစ်မှာ Satoshi Nakamoto ဆိုတဲ့ လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့က တီထွင်ခဲ့ပါတယ်။ Bitcoin နောက်ပိုင်းမှာတော့ အခြား cryptocurrency တွေဖြစ်တဲ့ Ethereum, Ripple, Litecoin စတာတွေ ပေါ်ထွက်လာခဲ့ပါတယ်။

Cryptocurrency တွေကို ရင်းနှီးမြှုပ်နှံမှု၊ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေအတွက် ငွေပေးချေမှု၊ နိုင်ငံတကာငွေလွှဲပြောင်းမှုတွေမှာ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် စျေးနှုန်းတွေဟာ ပြောင်းလဲမှုမြန်ဆန်ပြီး အန္တရာယ်များတာကြောင့် သတိထားပြီး လေ့လာသင့်ပါတယ်။



#မြန်မာ့ရွှေ
#ကမ္ဘာ့ရွှေ



#ရွှေစာအုပ်

Photos from Plus-Forex's post 14/01/2025

ကမ္ဘာ့ရွှေစျေး နှင့် မြန်မာ့ရွှေစျေး ကွက်ထဲတွင် အခြေခံမှ ပရော်ဖက်ရှင်နယ်စျေးကစားပြီး
ပုံမှန်အမြတ်ရှာနည်း

✳️World Gold (ForexTrading)နှင့် မြန်မာ့ရွှေစျေးကွက်မှာ ရှုံးနိမ့်နေရင်တော့ အနိုင်ယူအမြတ်ရအောင် မဖြစ်မနေ ဝယ်ဖတ်သင့်ပါတယ်✳️

📘ကမ္ဘာ့ရွှေစာအုပ်တန်ဖိုး
❌ပုံမှန်စျေးတန်ဖိုး-25000ကျပ်
✅ယခုတန်ဖိုး-20000ကျပ်

အသေးစိတ်ပါဝင်သည့်အကြောင်းအရာများကို အောက်ပါlink မှာလေ့လာနိုင်ပါတယ်

https://m.facebook.com/story.php?story_fbid=538612068688545&id=100076192691015

📘မြန်မာ့ရွှေစာအုပ်တန်ဖိုး
❌ပုံမှန်စျေးတန်ဖိုး-35000 ကျပ်
✅ယခုတန်ဖိုး-30000 ကျပ်

အသေးစိတ်ပါဝင်သည့်အကြောင်းအရာများကို အောက်ပါlink မှာလေ့လာနိုင်ပါတယ်

https://m.facebook.com/story.php?story_fbid=557313206818431&id=100076192691015

📘Forex Trading Class
❌ယခင်သင်တန်းကြေး = ၁ သိန်းကျပ်
✅ယခုသင်တန်းကြေး = ၃ သောင်းကျပ်
🎁70% Discounts Price🎁
(သင်တန်းတက်လျှင် ကမ္ဘာ့ရွှေစာအုပ် Free)
⛔️အချိန်အကန့်အသတ်နဲ့သာ⛔️

အသေးစိတ်ပါဝင်သည့်အကြောင်းအရာများကို အောက်ပါlink မှာလေ့လာနိုင်ပါတယ်

https://m.facebook.com/story.php?story_fbid=479938254555927&id=100076192691015

🛒Delivery Service & Online Order
▂▂▂▂▂▂▂▂▂▂▂▂▂▂▂
- မြန်မာပြည်တွင်းမည်သည့်မြို့ကိုမဆို
အမြန်delivery နဲ့ပို့ဆောင်ပေးပါတယ်။
-အခုကာလအနေအထားကြောင့် မှာယူရင်တော့
ငွေကြိုရှင်းစနစ်ဖြစ်ပါတယ်။
- စာအုပ် ကို Door To Door အမြန်ချောစနစ်ဖြင့်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

အသေးစိတ် ကို ပုံအောက်မှာ လေ့လာနိုင်ပါတယ် ခင်ဗျာ (သို့) ☎️ 09-975449559
ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်

ဆက်သွယ်ရန်
▂▂▂▂▂▂
✅စာအုပ်များ မှာယူလို
ရင်တော့-
📲အမည်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာတို့ကို
-Page Messenger(သို့မဟုတ်)
-Phone/Viber- 09-975449559 သို့ဆက်သွယ်
မှာယူနိုင်ပါတယ်ခင်ဗျာ.....။



#မြန်မာ့ရွှေ
#ကမ္ဘာ့ရွှေ



#ရွှေစာအုပ်

Photos from Plus-Forex's post 18/08/2024

💰မြန်မာ့ရွှေစျေးကွက်အား အနိုင်ယူစျေးကစားပြီး
ပုံမှန်အမြတ်ရှာနည်း💰

⚱️ပညာရွှေအိုးလူမခိုးဆိုတာကြားဖူးကြမယ်ထင်ပါတယ်… ရွှေနဲ့ပတ်သတ်တဲ့ပညာဆိုရင်တော့
ပိုလို့တောင် တန်ဖိုးကြီးသွားမှာပေါ့ 💯

💰တစ်နိုင်ငံလုံးစီးပွါးရေးကြပ်တည်းနေတဲ့ အခုလို အချိန် မှာ မြန်မာ့ရွှေစျေးကွက်အား တွင်ကျယ်စွာရောင်းဝယ်လာကြပီး ရွှေစျေးနှုန်းများလည်းမြင့်မားလာပြီး မတည်ငြိမ်မှုများရှိလာခဲ့ သည်။ ထို့ကြောင့်မြန်မာ့ ရွှေအား ရောင်းဝယ်ပီး အကျိုးအမြတ်ရှာရန် ရည်ရွယ်ပါသည်။💰💵💸

✍️ဤစာအုပ်သည် မြန်မာ့ရွှေစျေးကွက်ကိုလေ့လာသိရှိပြီး ကျွမ်းကျင်စွာရောင်းဝယ်နိုင်ဖို့ ရည်ရွယ်ပီးရေးသားခြင်းဖြစ်ပါသည်။
ဒီစာအုပ်က မြန်မာ့ ရွှေရောင်းဝယ်ခြင်း ပညာရပ်ကို အခြေခံ ကျကျလေ့လာဆည်းပူးနေသူများ၊ သင်တန်းများတက်ရောက်ရန် အချိန်မပေး
နိုင်သေးသူများအတွက် ကိုယ်တိုင် Self-Study လုပ်ပြီးလက်တွေ့အသုံးချနိုင်စေရန် မြန်မာဘာသာဖြင့် ရှင်းလင်းလွယ်ကူစွာ ရေးသားပြုစုထားပါတယ်...✍️
✍️ဤစာအုပ်ကို ရေးသားထုတ်ဝေရန် ဖြစ်ပေါ်လာရ
သည့်အကြောင်းမှာ ယခင်တွက်ချက်ထားသော
စျေးနှုန်းများထက် တန်ဖိုးမြင့်မားလာသည်က
တကြောင်း၊ရွှေဝယ်ယူသူများအနေနဲ့ ရွှေဆိုင်သို့သွား၍ ရွှေဝယ်ယူကြသော်လည်း တွက်ချက်မှုပညာပိုင်းတွင် အားနည်းချက်များရှိနေသည်ကို သိရှိနေသောအခါ မိမိတို့ ဝယ်ယူလိုသော ရွှေထည်ပစ္စည်းအလေးချိန်၏ ကုန်ကျမှုတန်ဖိုးများကို လွယ်လင့်တကူသိနိုင်စေရန်နှင့် တွက်ချက်မှုဆိုင်ရာ အတတ်ပညာ အသိပညာများပါ ရရှိစေရန် ရည်ရွယ်ပါသည်။ ထိုရွှေပညာရပ်နဲ့ အတူ တခြားရတနာများဖြစ်ကြသော ကျောက်မျက်အကြောင်း၊ စိန်အကြောင်း အခြေခံများကိုလည်း စာဖတ်သူတို့ သိရှိရန် စုစည်းတင်ပြပေးထားပါတယ် ခင်ဗျာ..✍️

💰စာအုပ်ပါသင်ခန်းစာများကိုလေ့လာပြီးရင်တော့..
ရွှေဈေးကွက်နဲ့ပတ်သက်ပြီးအတွေ့ကြုံဗဟုသုတလုံးဝမရှိသေးတဲ့အနေအထားကနေ...ကိုယ်တိုင်အရောင်းအဝယ်ဈေးကွက်မှာစတင်လုပ်ကိုင်နိုင်တဲ့အထိလုံလောက်တဲ့ ပညာဗဟုသုတများကို ရရှိလာမှာဖြစ်ပါတယ်....💰💵💸

🎯ဘယ်သူတွေလေ့လာသင့်သလဲ?

✅မြန်မာ့ရွှေလုပ်ငန်း ရောင်းဝယ်လုပ်ကိုင်နေသူများ
✅မြန်မာ့ရွှေ ကို ယခုမှစတင်ပီးလေ့လာနေသူများ
နှင့် အရောင်းအဝယ်လုပ်နေသူများ
✅ရွှေစျေးကွက် ထဲတွင် ရောင်းဝယ်နေသော်လည်းအမြတ်နည်းပီး ရှုံးနိမ့်နေသူများ
✅မြန်မာ့ရွှေ ကို Professional ကျကျ ရင်းနှီး ရောင်းဝယ်လိုသူများ
✅အိမ်မှာနေပီး စီးပွါးရှာလိုသူများ
✅ရွှေ သင်တန်းအတွက် အချိန်မပေးနိုင်သူများ
✅Financial Freedom (ငွေကြေးအခက်အခဲမှလွတ်မြောက်လိုသူများ)
✅အရင်းအနှီး နည်းနည်းနဲ့ အမြတ်များများရလိုသူများ
✅Business တခုကို လူအပင်ပန်းမခံပဲ
Smartကျကျ လုပ်ကိုင်ချင်သူများ
✅ယခုကာလမို့ လက်ရှိလုပ်ငန်း အဆင်မပြေဖြစ်နေသူများ
✅Second Business တခုအနေနဲ့ အပိုဝင်ငွေရှာချင်သူများ
✅ငွေကြေးအခက်အခဲ/အကျပ်အတည်းမှ လွတ်မြှောက်လိုသူများ
✅ရွှေဆိုင် ဖွင့်လိုသူများ

📝အဓိကအကြောင်းအရာတွေကတော့….

✳️ရွှေတွက်နည်းအကြောင်းသိကောင်းစရာများ
✳️ရွှေစစ်မစစ် လက်တွေ့စမ်းသပ်နည်းများ
✳️ရွှေထည်အမျိုးမျိုး အရောင်တင်နည်းများ
✳️အလျော့တွက်ရှာတွက်နည်းများ
✳️မြန်မာ့ရွှေအလေးချိန် အသုံးအနှုန်းများ
✳️ရွှေဖြူနဲ့ ပလက်တီနမ် အကြောင်းများ
✳️ရွှေစုခြင်းနှင့် ရွှေကစားခြင်းကွာခြားမှုများ
✳️ရွှေနှင့် ရောစပ်ထားသောသတ္တုများအကြောင်း
✳️ကမ္ဘာ့ရွှေကောင်စီ အကြောင်းများ
✳️ရွှေစျေး ၊ဒေါ်လာစျေး မငြိမ်သက်မှုများအကြောင်း
✳️အိမ်ခြံမြေစျေးကွက် နဲ့ရွှေစျေးကွက်
✳️ကားစျေးကွက်နဲ့ ရွှေစျေးကွက်
✳️ရွှေစျေးတက်သော အကြောင်းအရာများနှင့် ကျသောအကြောင်းအရာများ
✳️ကမ္ဘာတစ်ဝှမ်းမှ ရွှေတူးဖော်ရေး လုပ်ငန်းများအကြောင်း
✳️ရွှေကို ဘယ်အချိန်မှာဝယ်ပီး ဘယ်အချိန်မှာ ပြန်ရောင်း သင့်သည်ကို ရှင်းပြထားမှုများ
✳️မြန်မာ့ရွှေစျေးကွက် နှင့် ကမ္ဘာ့ရွှေစျေးကွက်
✳️စိန်တွက်နည်းအကြောင်းသိကောင်းစရာများ
✳️မြန်မာ့စိန် နှင့် ကမ္ဘာကျော်စိန်များ အကြောင်း
✳️ကိုးရီးယားစိန် နှင့် စိန် ကွာခြားမှုများ
✳️ပယင်းအတုအစစ်ခွဲခြားနည်းများ
✳️ကျောက်မျက်ရတနာများ အကြောင်း
သိကောင်းစရာများ
✳️ရွှေစျေးကွက်အား အနိုင်ယူ နည်းများ…
စသဖြင့် အကြောင်းအရာမျိုးစုံ ပါဝင်ပါတယ် ခင်ဗျာ…

🎁Present-ေကျာက်မျက်အကြောင်း
/စိန်အကြောင်း စသည့်အကြောင်းအရာများလည်း ပါဝင်ပါတယ်

🛒Delivery Service & Online Order
▂▂▂▂▂▂▂▂▂▂▂▂▂▂▂
- မြန်မာပြည်တွင်းမည်သည့်မြို့ကိုမဆို
အမြန်delivery နဲ့ပို့ဆောင်ပေးပါတယ်။
-အခုကာလအနေအထားကြောင့် မှာယူရင်တော့
ငွေကြိုရှင်းစနစ်ဖြစ်ပါတယ်။
- စာအုပ် ကို Door To Door အမြန်ချောစနစ်ဖြင့်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

ဆက် သွယ်မေးမြန်း‌လေ့လာကြည့်ရှုနိုင်ပါတယ်ခင်ဗျာ....
❌ပုံမှန်စျေးတန်ဖိုး-35000 ကျပ်
✅ယခုတန်ဖိုး-30000 ကျပ်
-အပြင်မှာ ရွှေစျေးကွက် နဲ့ပတ်သက်ပီး သင်တန်းတက်ရင် (၁၀)သိန်းအထက်ရှိပါတယ်
မိတ်ဆွေ

ဆက်သွယ်ရန်
▂▂▂▂▂▂
✅စာအုပ်များ မှာယူလို
ရင်တော့-

📲အမည်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာတို့ကို
-Page Messenger(သို့မဟုတ်)
-Phone/Viber- 09-975449559 သို့ဆက်သွယ်
မှာယူနိုင်ပါတယ်ခင်ဗျာ.....။

🎯 အသေးစိတ်ပါဝင်သည့် အကြောင်းအရာများ ကို အောက်က Comment မှာ ကြည့်ရှုနိုင်ပါတယ်။



#မြန်မာ့ရွှေ
#ကမ္ဘာ့ရွှေ



#ရွှေစာအုပ်

04/12/2023

(4.12.2023)ဒီနေ့မှာ
ကမ္ဘာ့ရွှေစျေး
သမိုင်းတလျှောက် အမြင့်ဆုံးစျေး
1oz=$2147 ထိ ရောက်ခဲ့ပါတယ်။

04/10/2023

ျားအကြောင်းသိကောင်းစရာများ

Forex Broker အမျိုးအစား (၂)မျိုးရှိပါတယ်။
(1) Dealing Desk
(2) No Dealing Desk

(1) Dealing Desk

DD ကတော့ရှင်းပါတယ်။သင်ရှုံးလျှင် company ကမြတ်ပီး သင်နိုင်လျှင် company ကရှုံးသည့် ဒိုင်လိုမျိုး Broker company ဖြစ်ပါတယ်။Market Maker လို့လည်းခေါ်ဆိုပါသေးတယ်။ DD Broker company ရဲ့ အားသာချက် အားနည်းချက်တွေရှိပါတယ်။
အားသာချက်ကတော့ ကျွန်ုပ်တို့ ကုန်ကျတဲ့ ၊Broker company တွေကို ပေးရတဲ့ Spread တို့ ၊ Swap fee တို့၊ commission တို့က ပုံမှန် No Dealing Desk company တွေထက် အရမ်းနည်းပါးပါတယ်။DD Broker တွေရဲ့ ဝင်ငွေအများဆုံးက ကျွန်တော်တို့လိုမျိုး Traders တွေဆီကပါ ။ လက်ရှိ နာမည် ကြီးနေတဲ့ Gambling Game တွေလိုမျိုး သူ့ system တွေကို ကြိုတင်ပြင်ဆင်ထားပီးသားပါ ။ DD Broker တွေမှာ Pro Traders တွေပဲ အရောင်းအဝယ် လုပ်ကြပါတယ် ။ ဘာကြောင့်လဲဆိုတော့ Company နဲ့ Pro Traders တွေ Amount များများနဲ့ အားပြိုင်ကြတာပါ ။
Beginner Traders တွေ DD Broker တွေမှာ လုံးဝ မTrade သင့်ပါ ။ အသိသာဆုံးကတော့ Amount နည်းနည်းနဲ့ trade လို့ရတာပါပဲ ။ တချို့ company တွေက 1$ ကစပြီး trade လို့ရပါတယ်။ ဥပမာ
1$,2$,10$,etc…
Amount နည်းနည်းနဲ့ trade လုပ်လိုရမယ် ဆိုရင် သတိထားပါ။ သင်ဝယ် လျှင် company ကရောင်းပြီး သင်ရောင်း လျှင် company က ဝယ်တဲ့ Brokers တွေအမျိုးအစားဖြစ်ပါတယ်။

(2) No Dealing Desk

NDD ကတော့ ရှင်းပါတယ်။သူကမှ real broker company ပါ။ Beginner Traders တွေအတွက်အသင့်တော်ဆုံးပါ။ NDD broker မှာ အားသာချက် အားနည်းချက်တွေရှိပါတယ် ။ အားနည်းချက်ကတော့
Spread တို့ ၊ Swap fee တို့ ၊ commission တို့ က DD broker တွေထက်ပို ပေးရပါတယ် ။ အားသာချက်ကတော့ Beginners တွေအတွက် အသင့်မြတ်ဆုံးပါ။ NDD Brokers တွေမှာ process နှစ် မျိုးနဲ့ သွားပါတယ်။ ECN ( electronic communications network) နှင့် STP ( straight trough processing)ဆိုတဲ့ နှစ်မျိုးပါ ။
ECN ကတော့ မိတ်ဆွေရောင်းဝယ် လိုက်တဲ့ lot size အတိုင်း တစ်ခြားသူတစ်ဦးက အဲ့ စျေးအတိုင်း ရောင်းဝယ် လိုက်သည်ကို ရောင်းသူဝယ်သူ link ချိတ်ပေးပြီး ရောင်းဝယ် လုပ်ပေးတာပါ။ စက္ကန့်အနည်းငယ်တော့စောင့်ရပါတယ်။ အဲ့ဒီစျေး မတွေ့တဲ့ အချိန် company ကဝယ်ရောင်းလုပ်ပေးပြီး ၂ယောက်တွေ့တဲ့ အချိန်မှ auto link ချိတ်ပေးတာပါ။
STP ကတော့ အရမ်းမြန်ပါတယ် ။ သူကလည်း ရောင်းသူဝယ်သူ link ချိတ်ပေးတာပါပဲ ။ သူကတော့ process ကိုချက်ချင်း လုပ်ဆောင်ပေးပါတယ်။ ECN နှင့် STP က အရမ်းကြီးမကွဲပြားပါ။ ခုနောက်ပိုင်း STP တွေပိုသုံးလာကြပါတယ် ။ NDD Brokers တွေမှာ Amount နည်းနည်းနဲ့ Account ဖွင့်မရပါ။
မြန်မာနိုင်ငံမှ FX traders တွေအတွက် မရှိမဖြစ် အလိုအပ်ဆုံး အရာတစ်ခုကတော့ Broker company တွေပါပဲ။ ဖွံဖြိုးဆဲ နိုင်ငံတွေ အတွက် Broker Company တွေဟာ Traders တွေအတွက် ကြီးမားတဲ့ အထောက်အကူ အဖြစ် ရပ်တည်နေကြပါတယ်။

4.10.2023(Wednesday)
#ဆရာနိုင် #ကမ္ဘာ့ရွှေ
#မြန်မာ့ရွှေ #ရွှေစျေး

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


48street 78th
Mandalay
05041