04/12/2025
ကဲ….ဒီနေ့တော့ အာလုံးကို အသုံးဝင်
မယ့် CEFR Level Test Websites လေးတွေ sharing လုပ်ပေးမှာဖြစ်ပါတယ်နော်
🫣💡
ကိုယ့်ရဲ့ CEFR Level ကိုစစ်လို့ရတဲ့ websites တွေအများကြီးထဲကမှ အကောင်ဆုံးနှစ်ခုကို ပြောပြပေးသွားမှာဖြစ်ပါတယ် 💁♀️
1.British Council app ✅
ဒီ app ထဲမှာဆိုရင်တော့ ကိုယ့်ရဲ့ CEFR level တိုင်း result ကိုသိရမှာဖြစ်ပါတယ်။ ဒါ့အပြင် Universities တွေလျှောက်တဲ့အခါမှာလဲ English Proficiency Test အနေနဲ့ထည့်လျှောက်လို့ရပါတယ်ရှင့်။ တစ်ချို့ ကျောင်းတွေဆို admission တွက်သာမက scholarship လျှောက်တဲ့အခါတွေမှာလဲ ဒီapp ကဖြေထားတဲ့ Certificate နဲ့လျှောက်လို့ရပါတယ်နော် …🙋♀️👀
ဒီ app မှာ Certificate လေးထုတ်မယ်ဆိုရင်တော့ $24.99 သွင်းရပါတယ်ရှင့်… ကိုယ်တိုင်လဲ သွင်းလို့ရသလို အစားထုတ်ပေးတဲ့ service တွေလဲရှိပါတယ်ရှင့် 🥰
2.EF SET (EF Standard English Test)
https://www.efset.org/
ဒီ website မှာလဲ Listening, Reading, Writing & Speaking ကို Full test (90 mins) ကို ဝင်ဖြေပြီး ကိုယ့်ရဲ့ CEFR result တိုင်းသိရမှာဖြစ်ပါတယ်။
Certificate ကိုလဲ free ထုတ်လို့ရပါတယ်ရှင့်🥳
🤷♀️ဘာလို့ CEFR Level တွေစစ်သင့်တာလဲ?
- GED ဖြေဖို့တွက် စပြီး လေ့လာတော့မယ်ဆိုရင် ပထမဆုံး ကိုယ့်ရဲ့ Eng level ကိုသိဖို့လိုအပ်ပါတယ်။
- IELTS, Duolingo, TOEFL စတဲ့ exam တွေဖြေဖို့ အတန်းတွေမတက်ခင်ကိုယ်က ဘယ် level မှာရှိနေတာဆိုသိဖို့အရေးကြီးပါတယ်။
- ဒါ့အပြင် self study အနေနဲ့ ကိုယ်ရဲ့ CEFR level ကို တစ်ဆင့်တိုးတက်ချင်တဲ့သူတွေအနေနဲ့ လက်ရှိဘယ် level ကိုရောက်နေလဲဆိုတာသိဖို့လိုအပ်ပါတယ်ရှင်….. 🙋♀️
ဒါဆိုရင်တော့ ဒီနေ့ sharing လုပ်ပေးသွားတဲ့ အကြောင်းရာလေးကို အားလုံး နားလည်ပြီလို့ထင်ပါတယ်နော် 🙇♀️🫶
ထပ်ပြီး အသေးစိတ်သိချင်တာရှိရင်လဲ messenger မှာလာမေးလို့ရပါတယ်ရှင့်👐