HMTC Mandalay

HMTC Mandalay Hospitality Management and Training Center
For Overse Hotel Jobs Opportunity.

Educational Consulting & Job Preparation Center for Singapore & Dubai Hotel & Restaurants

25/08/2026

“ကြီးကြီးကျယ်ကျယ်”
အပိုတွေမပြောလိုပါ
Overseas hotel life ထဲအရောက်သွားလိုသူများသာလာခဲ့ပါ။
HMTC Mandalay.09760687507

25/08/2026

Marketing မကောင်းဘူး
Boosting အားမကိုး False expectations မပေးတဲ့ကျောင်း
Overseas hotel lifeအရောက်ပို့တဲ့
HMTC Mandalay.09760687507

25/08/2026
25/08/2026

“From HMTC Mandalay To International Professional Hospitality Industry”
Starting September 5th
09760687507.

25/08/2026

International skills and certification ရမည့် F&B Service တန်းခွဲစရန်(၁၁)ရက်သာလိုပါတော့သည်။
HMTC Mandalay.09760687507.

24/08/2026

International skills and certification ရမည့် F&B Service တန်းခွဲစရန်(၁၂)ရက်သာလိုပါတော့သည်။
HMTC Mandalay.09760687507.

🔥 Professional F&B Service – Weekend Class 🔥တစ်လတည်းနဲ့ Professional F&B Service Career ကို စတင်လိုက်ပါ! 👨‍🍳🍽️HMTC Manda...
23/08/2026

🔥 Professional F&B Service – Weekend Class 🔥

တစ်လတည်းနဲ့ Professional F&B Service Career ကို စတင်လိုက်ပါ! 👨‍🍳🍽️

HMTC Mandalay မှာ Professional F&B Service သင်တန်းကို စနစ်တကျ တစ်လတာ လေ့ကျင့်သင်ကြားပြီးနောက် နိုင်ငံတကာအဆင့်မီ Certificate ရရှိနိုင်မယ့် အခွင့်အရေးပါ။ 🌏🏨

သင်တန်းပြီးဆုံးတဲ့အခါ

✅ Professional F&B Service Skills

✅ Hands-on Practical Training

✅ International Standard Service Knowledge

✅ ပြည်တွင်း / ပြည်ပ ဟိုတယ်လုပ်ငန်းခွင်
အတွက် Career Preparation
တို့ကို ရရှိစေမှာဖြစ်ပါတယ်။

🎯 ရည်မှန်းချက်က ဟိုတယ်အလုပ်အကိုင်ကောင်းတစ်ခုဆိုရင် — ဒီအခွင့်အရေးကို လက်မလွတ်ပါနဲ့!

📢 လူဦးရေကန့်သတ်ထားသော Weekend Class အထူးဖွင့်လှစ်ပါမည်။

📅 Opens on September 5th

📞 Registration
09760687507
09943669440

📍 HMTC, Mandalay

✨ Learn. Serve. Grow. Succeed.
Your Success Is Our History.

👉 နေရာအကန့်အသတ်ရှိတာကြောင့် ခုပဲ စာရင်းပေးသွင်းလိုက်ပါ။

☎️Hotline-09 760687507
09 943669440

“Your success is our history "

HMTC Mandalay .( Since,2016 )
Hospitality Management and Training Centre
Garden City Apartment Complex
Tower (16) SH (74), 74 Road
Mandalay (တံခွန်တိုင်အဝိုင်းအနီး)

Mandalay Training education
life job
future School

office Life
hotel Jobs
crew attendant







&BService

15/08/2026

ဖတ်ရတာ တန်ဘိုးရှိလိုက်တာ၊
******************

ကျွန်မစာတွေ အများကြီးသင်ခဲ့တယ်
စီးပွားရေးပညာမှာ ပေါ်ပြူလာအဖြစ်ဆုံး
ဘွဲ့တစ်ခုကိုရခဲ့တယ်။

ကျွန်မ ကျောင်းကို ပြန်သွားတဲ့အခါ
အခု ကျောင်းတက်နေကြတဲ့
လူငယ်တွေက ကျွန်မကို

ဟာ..10th Batch က အစ်မကြီးရယ်လို့
နှုတ်ဆက်ကြ အသိအမှတ်ပြုကြတယ်
သူတို့ အခုကြုံနေရတဲ့ အခက်အခဲတွေကို
ကျော်ဖြတ်ခဲ့ပြီးသွားသူတစ်ယောက်အနေနဲ့ပေါ့..

ဒီ အသိုင်းအဝိုင်းထဲကပြန်ထွက်လာချိန်မှာ
ကျွန်မဟာ လှည်းတန်းစျေးမှာ စျေးဝယ်နေတဲ့
သာမာန်မိန်းမတစ်ယောက်ပဲဖြစ်သွားတယ်

အတန်းပညာမတတ်တဲ့ အိမ်ရှင်မတစ်ယောက်
သာမာန်မိန်းမတစ်ယောက်လို့လည်း
မြင်မိရင် မြင်မိကြလိမ့်မယ်..

ကျွန်မ ဘာဘွဲ့ရခဲ့လည်း
ဘယ်သူမှစိတ်မဝင်စားဘူး
ဘွဲ့တွေ ဒီကရီတွေ ဆိုတာ တန်ဖိုးသိသူတွေ
လက်ထဲမှာပဲ အသုံးဝင်နေတာပါလားလို့
တွေးမိတယ်

ပညာတွေအရမ်းတတ်တယ်လို့ ထင်ခဲ့ပေမဲ့
ခုချိန် ကားလာပြင်ခိုင်းရင်ပြင်တတ်မှာမဟုတ်ဘူး
ကားပြင်ဆရာကလည်း ကိုယ်ရထားတဲ့ ဘွဲ့မျိုး
မက်မောမှာမဟုတ်ဘူး။

ပညာဆိုတာလည်း အကန့်အသတ်လေးတွေနဲ့
ရှိနေတာပါလား စဉ်းစားမိလာတယ်။

အဲတော့..
ပညာဆိုတာ တကယ်တော့
ဆင်ခြင်တုံတရားပဲ လို့ သိလာတယ်

ကျွန်မ တစ်ခါ သူငယ်ချင်း တစ်ယောက်ကို
စာအုပ်လက်ဆောင်ယူခဲ့ပေးဖို့ မေ့ခဲ့လို့..
မြန်မာပလာဇာက အင်းဝ စာအုပ်ဆိုင်မှာ
မွန်ဟော်စီရဲ့ စိတ်ပျော်အောင်နေတတ်ဖို့ ဆိုတဲ့
စာအုပ်ကလေး ဝင်ဝယ်တယ်..ဒီစာအုပ်က
Best seller ထဲပါတယ် တစ်အုပ်ပဲ
ကျန်တော့တယ်တဲ့..

ပိုက်ဆံ ၃၀၀၀ပေးပြီး
ကောင်တာကလှည့်အထွက်..
အရောင်းစာရေးမလေးတစ်ယောက်
ကျွန်မကို ပြောပြောဆိုဆို ဝင်တိုက်တယ်။

"စိတ်ပျော်အောင်နေတတ်ဖို့
အုပ်၂၀ထပ်မှာပါဦးဟေ့'..တဲ့..
ကျွန်မပြုံးမိတယ်
ကျွန်မ ဘယ်သူလဲဆိုတာ ဘယ်သူမှ
စိတ်မဝင်စားခဲ့ပါဘူး..

အောင်မြင် ကျော်ကြားမှုနောက်ကို
ကျွန်မလိုက်နေပေမဲ့..
ဒီအောင်မြင်မှုဆိုတာ ကျွန်မကို
အစဉ်အမြဲ အလေးပြုမနေတဲ့အရာပါလား
သဘောပေါက်မိတယ်

ဒါကြောင့်..
အောင်မြင်မှုဆိုတာ တကယ်တော့
လောဘ ဒေါသ နဲ့ မောဟကို ထိန်းချုပ်
ကွပ်ကဲနိုင်တာကသာ အောင်မြင်မှု
အစစ်အမှန်ဖြစ်တယ်လို့ လက်ခံလာမိတယ်။

အလုပ်တွေတော်တော်လုပ်ခဲ့တယ်
အလုပ်ထဲမှာ ရာထူးတစ်ခုရှိခဲ့တယ်
ဒါပေမဲ့ အလုပ်ရပ်လိုက်တဲ့နေ့မှာ
ကျွန်မဟာ ဘာမှမဟုတ်တော့ပြန်ဘူး

ပွဲလမ်းသဘင်တွေရောက်တော့
အရင်လို ရှေ့ဆုံးဝိုင်းမှာ ရာထူးရာခံရှိသူတွေနဲ့
မထိုင်ရတော့ဘူး။ ဟိုလိုလို ဒီလိုလိုနဲ့
နောက်နားလေး မသိမသာပို့တာခံရတယ်။
ဆရာကြီးတို့ ဆရာမကြီးတို့ဆိုတဲ့ ရာထူး ရာခံ
ဂုဏ်ဒြပ်တွေဟာ ကိုယ့်ကို တစ်သက်လုံး
မစောင့်ရှောက်နိုင်ပါလား သိသွားတယ်။

အဲဒီနောက်ပိုင်း..
သူကတော့ ဘာမို့လို့ အထင်ကြီးတယ်
သူ့ကိုတော့ အထင်သေးတယ်..
ဆိုတာတွေမရှိတော့ဘူး

နေရာ ဆိုတာ ဘယ်နေရာဖြစ်ဖြစ်
နေတတ်ဖို့ကသာ အရေးကြီးပါတယ်လို့
တွေးတတ်လာတယ်..

ပိုက်ဆံတွေရှာခဲ့တယ်
ဒီပိုက်ဆံတွေနဲ့ မိသားစုကို ထောက်ပံခဲ့တယ်..
ခရီးတွေသွားခဲ့တယ်
ဝတ်ကောင်းစားလှတွေဝတ်ခဲ့ စားခဲ့တယ်

ဒါပေမဲ့..ကိုယ့်လောက်မရှိတဲ့
သူရှေ့မှာ ကိုယ်က သူဌေးဖြစ်နေပြီး
ကိုယ့်ထက်အဆတစ်ရာလောက်
ချမ်းသာတဲ့သူတွေရှေ့မှာ ကိုယ်က
မရှိဆင်းရဲသားလေးဖြစ်သွားတာ တွေ့ရတော့..

ပိုက်ဆံနဲ့ ပြပြီးဘယ်လိုပဲ ဂုဏ်ဆာ နေကြပါစေ..
အဲဒီ ဂုဏ်တွေ မြောင်းထဲရောက်သွားတဲ့
အခါတွေလည်း ရှိပါသေးလား ..
မြင်တတ်လာတယ်..

ပိုက်ဆံဆိုတာ..
ဘယ်လောက်ရှိရှိ ကိုယ်နဲ့ မထိုက်တန်..
ကိုယ့်အတွက် မဟုတ်ရင် ဘယ်လောက်ပဲ
ပင်ပင်ပန်းပန်း ရှာဖွေ ရှာဖွေ.. ထားခဲ့ရတာပါပဲ..

ကျွန်မတို့တွေနေ့တိုင်း ရှင်သန်နေကြပါတယ်
ပညာနောက်ကို လိုက်နေလား
အောင်မြင် ကျော်ကြားမှု
နောက်ကို လိုက်နေလား

ရာထူးရာခံဂုဏ်ဒြပ်တွေ
စည်းစိမ်ချမ်းသာပကာသနတွေ..
နောက်ကိုများ လိုက်နေမိလား..
ဘာတွေနောက်လိုက်ပြီး..
ဘယ်လိုပုံစံနဲ့ ရှင်သန်နေကြတာလဲ...

ကိုယ့်ကိုကိုယ် မေးကြည့်မိတာဖြစ်ပါတယ်..

ဘဝ အတွေ့အကြုံတွေအရ ဒါတွေဟာ
တခဏ အချိန်အတိုင်းအတာတစ်ခု
အခြေအနေတစ်ခု အတွက်သာ
အသုံးဝင်တာသေချာပြီး နောက်ဆုံးတော့လည်း
ကိုယ့်ကို အမြဲမစောင့်ရှောက်နိုင်ဘူး ဆိုတာ
လက်ခံလာမိတယ်။ ကိုယ် ယုံကြည်အားကိုးလို့
မရဘူးဆိုတာသိလာတယ်။

တကယ်တော့ လိုက်ချင်းလိုက်ရင်..
ကိုယ့်ကို ဒီတစ်ဘဝအတွက်သာမက
သံသရာမှာပါ ကာကွယ် စောင့်ရှောက်ပေးမဲ့
တရားတွေ အကျင့်တွေ ဥာဏ်တွေနောက်ကို
လိုက်ကြရမှာပါ

ဒါကို ကျွန်မ စောပြီး သိခဲ့တာ..
ကံကောင်းပါတယ်

ကျွန်မတို့ လူအများစုဟာ ဘယ်တော့မှ
ပြီးပြည့်စုံသွားပြီလို့မရှိတဲ့ အရာတွေရဲ့
နောက်ကို အမောတကော လိုက်နေကြပါတယ်။
ဘယ်လိုလိုက်လိုက် သေသာသွားရော...
ဘယ်တော့မှလည်း ပြီးဆုံးသွားသည်မရှိပါ..

ကျွန်မလည်းအပါအဝင်ပေါ့လေ..
မောလိုက်တာ..ဘာကိုလိုက်မှန်းမသိ
လိုက်နေမိတာ..

ဒါပေမဲ့..ကျွန်မလေ..
လုံးဝမရပ်နိုင်သေးသည့်တိုင်
အရှိန်လျှော့ပြီး ဘရိတ်တော့
အုပ်လိုက်နိုင်ပြီရှင့်။

သန့်ရှင်းရေးလုပ်သားကို အထင်သေးလို့မရသလို ဘဏ်သူဌေးဆိုတိုင်းလဲအထင်ကြီးလိုမရပါဘူး
လူတိုင်းသူ့နေရာနဲ့သူ တန်ဖိုးရှိနေတယ်
ကောင်းတဲ့စိတ်ကလေးမွေး တတ်ဖို့ပါပဲ...

Address

74 Road, Tower 16, Garden City Apartment Complex Mandalay. Myanmar
Mandalay
05021

Alerts

Be the first to know and let us send you an email when HMTC Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to HMTC Mandalay:

Shortcuts

Share

Category