One Step- 한 걸음

One Step- 한 걸음

Share

korean languageကို ​လေ့လာ​နေသူများအတွက် ​ခြေတစ်လှမ်းဖြစ်ဖြစ် အ​ထောက်အကူဖြစ်​စေရန် ရည်ရွယ်ပါတယ်။

01/01/2026

여러분, 새해 복 많이 받으세요 🥰
နှစ်သစ်မှာ ပျော်ရွှင် ကျန်းမာ စိတ်ချမ်းသာပြီး
ကံကောင်းခြင်းတွေနဲ့ ပြည့်စုံကြပါစေ❤️

Photos from One Step- 한 걸음's post 23/12/2025

Topik-1 challenge classတုန်းက ကိုယ့်ကိုယ်ကိုယ် challengeခေါ်ပြီး သေချာလိုက်လုပ်ခဲ့ကြတဲ့ သူလေးတွေ resultသိရလို့ ဆရာမကို လာပြောပြကြတာ
စာတွေ ကြိုးစားပြီး လိုက်လုပ်ပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်ရှင်🥰

Photos from One Step- 한 걸음's post 23/12/2025

ဒီနေ့ ၁၀၃ကြိမ်မြောက် TOPIK resultသိရလို့ ဆရာမကို လာပြောပြကြပါတယ် အတန်းတက်နေစဥ်အတွင်းသေချာလေး ကြိုးစားအားထုတ်ပေးခဲ့လို့ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်🥰

Photos from One Step- 한 걸음's post 12/12/2025

မနေ့က resultထွက်တော့ အမှတ်လာပြောပြပေးကြတာ
ကျေးဇူးတင်ပါတယ်🥰
အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နဲ့ မအားတဲ့ကြားက အများကြီး ကြိုးစားလိုက်လုပ်ပေးခဲ့လို့လည်းတကယ်ကျေးဇူးတင်ရပါတယ်❣️
정말 수고했어요.🎉🎉🎉

Photos from One Step- 한 걸음's post 31/08/2025

Topik 1 ​ဖြေမယ့်သူ​တွေ challengeတစ်ခု​လောက် မလုပ်ချင်ကြဘူးလား။

ဒီနှစ်၉လပိုင်းမှာလည်း နှစ်စဥ်လုပ်​ပေးခဲ့သလိုပဲ TOPIK 1 free class​လေးစီစဥ်​ပေးထားပါတယ်​နော်။ ဒီနှစ် ၄ကြိမ်မြောက်ပါ။

မအားတဲ့ကြားထဲက စီစဥ်​ပေးတဲ့ class​လေးဖြစ်ပြီး အားလုံးနဲ့အချိန်လိုက်မညှိ​ပေးနိုင်တာ​ကြောင့် video class​လေးပါပဲနော်။
Video classက Telegramမှာ groupဖွဲ့ထားပြီး တစ်ရက်စာ လုပ်ရမယ့်စာကို video​လေး​တွေနဲ့ရှင်းပြပြီး ပို့​ပေးမှာပါ။
ည၇နာရီဝန်းကျင်မှာ videoပို့​ပေးပါမယ်။ ​​လေ့ကျင့်ခန်း​လေး​တွေ​ရောပါပါမယ်။ တစ်ယောက်နဲ့တစ်​ယောက် အားတဲ့ချိန်မတူကြလို့ အားတဲ့ချိန်မှ​လေ့လာလို့ ရပါတယ်။ ဒါ​ပေမယ့် နောက်​နေ့ည​နေ ၆နာရီ​နောက်ဆုံးထားပြီး ​လေ့ကျင့်ခန်းလုပ်ပြီးသား​လေး​တွေ ပြန်ပို့​ပေးရပါမယ်​နော်။ ​နေ့တိုင်းပါ။

Challenge​က​တော့ Sep5 to Oct5ထိပါ။ တစ်ရက်ကို နည်းနည်းပါပဲ​နော်။
ဒီclassမှာTopik 1အတွက် Vocabတွေရယ် basic grammar​လေး​တွေပါ ရသွားမှာ​နော်။ ပြီး​တော့ ၁ပတ်၁ခါ ​မေးခွန်း​ဟောင်း​လေး​တွေ နည်းနည်းချင်းစီ ​ဖြေကြည့်ခိုင်းပြီး စာစစ်​ပေးမယ့် ဆရာမကလည်း အဆင်သင့်​နော်။

ကဲ...ဘယ်လိုလဲ?
စတဲ့​နေ့ကစလို့ တစ်ရက်မှမပျက် စာလုပ်နိုင်လား။
ကိုယ့်ကိုယ်ကိုယ် challenge ခေါ်ကြည့်ချင်လား။

စိတ်ဝင်စားလို့ joinချင်ရင် cbမှာ
●Topik 1 class
🍍အမည်
🍍ဖုန်းနံပါတ်​ (or) telegram user name
🍍Topik formတင်ထားတဲ့စာရွက်ပုံ
ဒီလိုလေး ပို့ထား​ပေးပါ​နော်။ ပြန်ဆက်သွယ်​ပေးပါ့မယ်။

❣Free classပါ​နော်။ တစ်ပြားတစ်ချပ်မှ ​ပေးစရာမလိုပါဘူးရှင်။ဒါ​ပေမယ့် အလကား ဘာမှမလုပ်ပဲနဲ့တော့ လာမjoin ပါနဲ့ရှင်။ကြိုးစားအားထုတ်မှုလေးတော့ရှိပါ။ ဆရာမကလည်း စာစစ်တာ အချိန်​ပေးရတာမို့ ကျောင်းသားဘက်က​လည်း စာ​သေချာလုပ်​ပေးရပါမယ်။ အဲဒါလည်း ကိုယ့်အတွက်ပါပဲ​နော်။ ဒါ​လေးက classတက်တယ်ဆိုတာမျိုးထက် Topik 1​ဖြေမယ့်သူ​တွေအတွက် စီစဥ်​ပေးထားတဲ့ challengeဖြစ်တာမို့ပါ။ ဒီ challenge ​အောင်မြင်​အောင် လုပ်နိုင်/မလုပ်နိုင်တာက​တော့ ကိုယ့်အ​ပေါ်မှာပဲ မူတည်ပါတယ်​နော်။ ကိုယ့်ကိုယ်ကိုယ် Challenge​ခေါ်ကြည့်ပါ။
❗(​စာ​တွေ​ရော စစ်ပြီး သေချာ​လေး guideလုပ်​ပေးမှာမို့ လူဦး​ရေ ကန့်သတ်ထားပါတယ်​နော်။
တကယ်​ဖြေမယ့်သူ​တွေကို join​စေချင်တာမို့topik စာ​မေးပွဲ​လျှောက်လွှာတင်ပြီးသားစာရွက်​လေး​တော့ ပြပေးပါနော်။)

အရင်နှစ်တွေက ကိုယ့်ကိုယ်ကိုယ် challenge​ခေါ်ပြီး ဒီclassမှာ joinခဲ့ကြတဲ့ ​ကျောင်းသား​တွေ Topik resultထွက်တဲ့အခါ အမှတ်​လေး​တွေ လာ​ပြောပြ​ပေးကြလို့ ​ကျေးဇူးတင်ပါတယ်။ ဒီနှစ်​ရော ဘယ်သူ​တွေ ဝင်joinပြီး ဘယ်လို result​လေး​တွေထွက်လာမလဲနော်။🥰

လူဦးရေ ကန့်သတ်ထားလို့ လူပြည့်သွားရင်လည်း လက်မခံတော့ပါဘူးရှင့်။


21/08/2025

Julyလကကိုရီးယားမှာ ကျင်းပတဲ့ 101ကြိမ်မြောက် Topik စာမေးပွဲမှာ 3급 (Level-3)ရသွားတဲ့အတွက် ဂုဏ်ယူပါတယ်🎉
မဖြေတော့ဘူးဆိုပြီး ဝင်ဖြေတာနော်
ဆရာမကို surpriseလုပ်တာ😁
သေချာမtrainပေးလိုက်ရလို့ အားနာရပေမယ့်
ကိုယ်တိုင်က ဇွဲမလျှော့ဘဲ ကြိုးစားတဲ့ကျောင်းသားမို့ တကယ် ဝမ်းသာပီတိဖြစ်ရပါတယ်
ဒီအတောအတွင်းသေချာကြိုးစားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်

정말 축하해요🎉
수고했어요❣️

Photos from 주미얀마대사관 공공외교 Embassy of the Republic of Korea in Myanmar-Public Diplomacy-'s post 21/07/2025

TOPIK

11/07/2025

TOPIK-II Preparation classတက်ဖို့ ရှာ​နေတဲ့သူတွေအတွက် တနင်္လာနေ့ စjoinလို့ရပါပြီရှင့်
အလုပ်တစ်ဖက်နဲ့မို့ ညဘက်တက်လိုသူ​တွေအတွက် ညဘက်အချိန်လေး စီစဥ်​ပေးထားပါတယ်။

Online classဆိုပေမယ့်Topik​မေးခွန်း​တွေကို ဆရာမနဲ့ တိုက်ရိုက်​လေ့ကျင့်ချင်တဲ့ သူ​တွေအတွက်အဆင်​ပြေမှာပါ။

သင်တန်းစမည့်ရက် - 14.7.2025
သင်တန်းအချိန် - 7pm ~8pm (Mon to Thurs)
သင်တန်းကာလ - 3 Months
သင်တန်းကြေး - 150000ks
(တစ်လချင်း50000ksစီ ပေးသွင်းလို့ ရပါတယ် )

​​မေးခွန်း​ဟောင်း ပုံစံနဲ့ ရင်းနှီး​ကျွမ်းဝင်​လောက်တဲ့အထိ levelအလိုက် တစ်ဆင့်ချင်းစီ သင်​ကြားပေးမှာဖြစ်ပါတယ်။ Topikအတွက် သိထားသင့်တဲ့ 어휘​တွေ/문법​တွေအပြင် 관용표현/ 감정표현 အစရှိတာ​တွေပါ သင်​ပေးမှာပါ။ စာသင်ကြား​ရေးနဲ့ ပတ်သက်ပြီး​ကျောင်းသား​တွေရဲ့ reviewကြည့်ချင်ရင်​တော့ ​pageမှာ pin​ထောက်ထားပါတယ်​ရှင့်
သင်တန်းနဲ့ ပတ်သက်ပြီး အ​သေးစိတ် ထပ်သိချင်တာမျိုးရှိရင် page messengerမှာပဲဖြစ်ဖြစ် telegramမှာပဲဖြစ်ဖြစ်စုံစမ်း​မေးမြန်းနိုင်ပါတယ်။

Telegram username -

Photos from One Step- 한 걸음's post 27/06/2025

ဒီနေ့ မနက်စာ စားနေတုန်း ကျောင်းသားတစ်ယောက် ဖုန်းဆက်လာတယ် ဆရာမ ကျွန်တော် EPS skill testအောင်သွားပြီတဲ့
အရင် ပြီးခဲ့တဲ့ EPS Old question& Grammar classက ကျောင်းသားပါ
အတန်းတက်နေတုန်းကလည်း စာတွေသေချာလိုက်လုပ်တယ်
မသိတာရှိရင်လည်း မေးတယ် မေးခွန်းဟောင်းတွေလည်း ပုံမှန်ဖြေတဲ့ ကျောင်းသား
စာမေးပွဲဖြေတုန်းက ၉၅မှတ်ရပြီးအောင်သွားတော့ ကိုယ်လည်း ဝမ်းသာနေတာ
အခုskill testလည်း ၉၅.၆နဲ့ အောင်သွားပြီတဲ့
အတန်းပြီးသွားတာ ကြာပြီဆိုပေမယ့်လည်း အခုချိန်ထိ
သတိတရနဲ့ ဖုန်းဆက်ပြောပြပေးလာလို့ ကျေးဇူးတင်ပါတယ်
ရှေ့ဆက်မယ့် လမ်းမှာလည်း အစစအရာရာ အဆင်ပြေပါစေ

Photos from One Step- 한 걸음's post 27/06/2025

မနေ့က resultထွက်တော့ အမှတ်လာပြောပြပေးကြတာ
ကျေးဇူးတင်ပါတယ်
ဒီတစ်ခါ အခြေအနေ အကြောင်းအရင်းတချို့ကြောင့် Topik-1 challenge classမလုပ်ပေးနိုင်ခဲ့ပေမယ့် pageမှာ လာမေးကြတဲ့သူလေးတွေကို 30days challenge videoလေးတွေ ပို့ပေးဖြစ်ခဲ့ပါတယ်
အချိန်တိုအတွင်းမှာအများကြီး ကြိုးစားလိုက်လုပ်ပေးခဲ့လို့လည်းတကယ်ကျေးဇူးတင်ရပါတယ်❣️
정말 수고했어요.

အောင်မြင်တဲ့သူတွေအတွက်လည်း ဝမ်းသာရသလို မအောင်မြင်ခဲ့တဲ့သူတွေအတွက်လည်း ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ် စိတ်ဓါတ်မကျဘဲ အတူတူ ထပ်ကြိုးစားရကြရအောင်နော်❤️

30/05/2025

4လပိုင်းကကိုရီးယားမှာ ကျင်းပတဲ့ 99ကြိမ်မြောက် Topik စာမေးပွဲမှာ 4급 (Level-4)ရသွားတဲ့အတွက် ဂုဏ်ယူပါတယ် သမီးရေ 🎉
ဆရာမက ဘာမှတောင် သိပ်မလုပ်ပေးလိုက်ရလို့ အားနာရပေမယ့် ကိုယ်တိုင်က ကြိုးစားသူလေးမို့ တကယ် ဝမ်းသာပီတိဖြစ်ရပါတယ်
စာလုပ်နေရင်းနဲ့ နားမလည်တာရှိရင်လည်း မေးပြီး သေချာကြိုးစားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်

정말 축하해요🎉
수고했어요❣️

06/05/2025

Hello! ယောရောဘွန်း
ဒီနေ့ ချစ်ရတဲ့သူရဲ့ မွေးနေ့မို့ အလှူပိစိလေး လုပ်ချင်လို့ပါ
၅လပိုင်း ၁၁ရက်နေ့ သံရုံးTOPIKဖြေမယ့်သူတွေရှိလား

မေးခွန်းဟောင်း ၁စုံကို အစအဆုံး ရှင်းပြပေးပြီး ဘယ်လိုဖြေရမယ်ဆိုတာလေးတွေ ပြောပြပေးမှာပါ
စာမေးပွဲနီးပြီး မေးခွန်းပုံစံ သေချာနားမလည်သေးတဲ့သူတွေအတွက် အကျိုးရှိမယ်ထင်ပါတယ်

TOPIK-1 ( 듣기အပုဒ် 30+ 읽기 အပုဒ် 40) တစ်စုံစာ
TOPIK-2 (듣기 အပုဒ် 50+ 읽기 အပုဒ် 50 + 쓰기 ၄ပုဒ်) တစ်စုံစာ ရှင်းပြမှာပါ

စာမေးပွဲအတွက် အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ် မွေးနေ့အလှူ ကာလဒါနလေးဖြစ်လို့ တကယ်လိုတဲ့သူတွေ ယူရအောင် စာမေးပွဲဖောင်တင်ထားတဲ့ စလစ်လေးတော့ ပြပေးပါရှင်

TOPIK-1သမားတွေက
✔️စာမေးပွဲဖောင်တင်ထားတဲ့စလစ်ရယ်
✔️Telegram user name (or) ph no.ရယ်
❗️CBမှာ 1လို့ပို့ထားပေးပါ

TOPIK-2သမားတွေက
✔️စာမေးပွဲဖောင်တင်ထားတဲ့စလစ်ရယ်
✔️Telegram user name (or) ph no.ရယ်
❗️CBမှာ 2လို့ ပို့ထားပေးပါ

မွေးနေ့အလှူမို့ ဒီနေ့တစ်ရက်ပဲ လက်ခံပါမယ်နော်
မနက်ဖြန် Telegram groupဖွဲ့ပြီးတော့ ၇ရက်နေ့ညကနေစပြီး videoလေးတွေ ပို့ပေးမှာပါ

ဒီpostလေးကို စာမေးပွဲဖြေမယ့်သူတွေတွေ့လို့ရှိရင် CBမှာ စာရင်းလာပေးထားလိုက်တော့နော်
(Replyကြာခဲ့ရင်လည်း မပူပါနဲ့နော် အပေါ်ကပြောထားသလိုလေးပို့ထားပေးရင်ရပါပြီရှင့်)

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Mandalay