B00kw0rms

B00kw0rms

Share

An Authentic Textbook Development and Donation Project of English for Buddhism

06/03/2022

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ မန္တလေး၊ ပထမနှစ်ကျောင်းသားသံဃာတော်များအား ဒုတိယအကြိမ်ရိုက်နှိပ်သော B00kw0rms စာအုပ်များကို INSPIRE မှ ဆရာဦးဝေယံပိုင်နှင့် YES မှ ဆရာမဒေါ်သိင်္ဂီစိုးမြင့်တို့မှ ကူညီလှူဒါန်းပေးကြပါတယ်။

29/09/2021

B00kw0rms က ပထမအကြိမ်စာအုပ်တွေ ကုန်ပါပြီ။ ဒုတိယအကြိမ် ပြန်ရိုက်တုန်းမို့ ရက်အနည်းငယ်စောင့်ပေးပါ။

စာအုပ်ကို ဒုတိယအကြိမ်လို့ ပြန်မပြင်ဘဲ ပထမအကြိမ်အတိုင်း အတိအကျ ပြန်ထုတ်ဖြစ်တာပါ။

26/09/2021

⭐ ဥယျာဥ်စာသင်တိုက်မှ ကိုရင်များနှင့် B00kw0rms Textbook ⭐

ဥယျာဥ်စာသင်တိုက်မှ ကိုရင်များကတော့ နေ့တိုင်း တစ်မျက်နှာ၊ နှစ်မျက်နှာ သင်တယ်ဆိုပါတယ်။ ကာတွန်းပုံလေးတွေပါတော့ စိတ်ဝင်စားပြီး စာသင်ရတာ ပျော်တယ်လို့လည်း ပြန်လည် ကြားသိရပါတယ်။ သင်ယူရတာလည်း အခက်အခဲ မရှိပါလို့ စာချဆရာတော်က မိန့်ပါတယ်။

B00kw0rms Team နဲ့ အလှူရှင်များကလည်း ယခုလို ကြားသိရတာ ဝမ်းမြောက်ပါတယ်ဘုရား။ 🙏

Photos from Brahmaso Library Mandalay's post 26/09/2021

B00kw0rms Team နဲ့ B00kw0rms အလှူရှင်များကိုယ်စား စက်တင်ဘာ ၂၄ရက်နေ့မှာ ဗြမစိုရ်စာကြည့်တိုက်ကို စာအုပ်ရေ ၁၀၀ လှူဒါန်းဖြစ်ပါတယ်။ ဗြမစိုရ်မှလည်း B00kw0rms စာအုပ်ရေအနည်းငယ် ထားရှိပြီး နယ်စာကြည့်တိုက်များကို ဆက်လက်ဖြန့်ဝေလှူဒါန်းပေးမယ်လို့ ဆိုပါတယ်။

B00kw0rms Member
Khaing Khaing Mon

23/09/2021

ရန်ကုန်နဲ့ နေပြည်တော်အတွက် B00kw0rms စာအုပ်ပါဆယ် ၆ထုပ်ကို Ninja Van မှ ယခု ၂ နာရီ ၂၅ မိနစ် မန္တလေးမြို့ တွင် လာရောက် ကောက်ယူသွားပါပြီ။

22/09/2021

⭐️ ရန်ကုန်နဲ့ နေပြည်တော်က ကိုယ်တိုင်လှူချင်သူတွေနဲ့ အသုံးပြုချင်သူတွေအတွက်ကတော့ မနက်ဖြန် စက်တင်ဘာ ၂၃ ရက်မှာ Ninja Van နဲ့ ကျောင်းအရောက်၊ အိမ်အရောက် ပို့ပါမယ်။ Delivery ခကို B00kw0rms က ကျခံမှာ မဟုတ်ပါ။ ဘုန်းကြီးကျောင်းများရော၊ လူပုဂ္ဂိုလ်များပါ ကိုယ်တိုင် ပေးချေပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ စာအုပ်ရောက်ရှိပါက ရောက်ရှိကြောင်း ယခု Pageရဲ့ Messenger မှာ ပြန်လည်အကြောင်းကြားပေးစေလိုပါတယ်။

⭐️ ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများအနေနဲ့ အလှူငွေထည့်ဝင်ရန် မလိုပါ။ Delivery ခပဲ ကျခံရန်လိုပါတယ်။ လူပုဂ္ဂိုလ်များအနေနဲ့ အသုံးပြုလိုတဲ့အခါ B00kw0rms ကို ပြန်လည်လှူဒါန်းရတဲ့အတွက် ဝမ်းမြောက်စွာ ကုသိုလ်တိုးပွားနိုင်ကြပါစေ။ အရင်ကုသိုလ်ရှင်များရဲ့ စေတနာထက်သန်စွာ လှူဒါန်းကြလို့ အခုလို စာအုပ်တစ်အုပ် ပြီးမြောက်ခဲ့တာဖြစ်ပြီး ယခု ကုသိုလ်ရှင်များရဲ့ စေတနာထက်သန်စွာ လှူဒါန်းကြလို့ နောက်ထပ်စာအုပ်တွေ ရိုက်နှိပ်လှူဒါန်းဖြစ်မှာ ဖြစ်သလို နောက်ထပ် Series တွေထွက်နိုင်ဖို့လည်း ကြိုးစားလျက် ရှိပါတယ်။

⭐️ အလှူခံကြသော ရဟန်းသံဃာ၊ သီလရှင်၊ လူပုဂ္ဂိုလ်အပေါင်းတို့အား အထူးကျေးဇူးတင်ရှိပါတယ်။ အားလုံး B00kw0rms စာအုပ်များကို အသုံးပြုပြီး ငြိမ်းချမ်းအေးမြ ထက်မြက်ထူးချွန်ကြပါစေ။

⭐️ မေတ္တာဖြင့်
B00kw0rms Team

Donation – B00KW0RMS 21/09/2021

တစ်ရက်အတွင်း B00kw0rms အုပ်ရေ ၁၀၀၀ ကျော်ကနေ ၂၀၀ လောက်ပဲ ကျန်တော့တယ်။ အလှူငွေတွေလည်း ထပ်ပြီးရလို့ စာရင်းမှတ်ရင်း၊ ကိုယ်တိုင်လှူချင်သူတွေကို ပို့ပေးရင်း နောက်ထပ် အုပ် ၂၀၀၀ ရိုက်ဖို့ မှာထားပါတယ်။

အလှူခံမှတ်တမ်းကိုတော့ စောင့်ပေးစေလိုပါတယ်။ အားလုံးကို https://b00kw0rms.org/donation/ မှာ ပြန်တင်ပေးမှာပါ။

B00kw0rms Team

Donation – B00KW0RMS “That monk who while young devotes himself to the Teaching of the Buddha illuminates this world like the moon freed from clouds.”

20/09/2021

B00kw0rms: English for Buddhism: Series 1 (Student's Book) ရပါပြီ။

ကိုရင်၊ သီလရှင် တွေသာမက မိမိတို့အိမ်က ကလေးငယ်တွေအတွက်ပါ သုံးနိုင်ပါတယ်။ ကိုရင်၊ သီလရှင်တွေကို လှူရင်း ကိုယ့်ကလေးလည်း ဖတ်ဆိုပြီး လှူရင်း လိုသလောက် ရယူနိုင်ပါတယ်။

Graphic Design ဖိုး ထည့်မတွက်ဘဲ ပုံနှိပ်ခချည်းဆို တစ်အုပ်မှ ၃၀၀ ခန့်သာ ကုန်ကျပါတယ်။ ရေးတဲ့ သူနဲ့ စီစစ်ပေးတဲ့သူတွေက တစ်ပြားမှ မယူပါ။ Printed Version ကို အလိုရှိပါက "တစ်အုပ်ယူ ၁,၀၀၀ကျပ်လှူ" စနစ်နဲ့လည်း သွားနိုင်သလို ၁၀,၀၀၀ ကျပ်နှင့်အထက် လှူပါက မိမိကိုယ်တိုင်(မိသားစုဝင်၊ သို့မဟုတ် မိတ်ဆွေ) အတွက်လည်း ပြန်လည်အလှူခံနိုင်ပါတယ်။

စာအုပ် အုပ်ရေ ၁,၀၀၀ ကို ၂၈၀,၀၀၀ ကျပ်ပါ။ ကိုရင်၊ သီလရှင်တွေနဲ့ ကလေးငယ်တွေကို လှူလိုပါက လှူဒါန်းနိုင်ပါတယ်။ တစ်ဦးတည်းဖြစ်စေ၊ ပေါင်းစပ်ဖြစ်စေ လှူဒါန်းနိုင်ပြီး အလှူရှင်ခွင့်ပြုပါက အလှူရှင်ရဲ့အမည်ကို စာအုပ် info page မှာ ထည့်သွင်းပုံနှိပ်သွားမှာ ဖြစ်ပါတယ်။ အလှူရှင်ကိုယ်တိုင် စာအုပ်ကို လာရောက်ရယူပြီး ကိုယ်တိုင် ကျောင်းများကိုသွားရောက်လှူဒါန်းလိုက လှူဒါန်းနိုင်သလို B00kw0rms Team မှ တစ်ဆင့်လည်း လှူဒါန်းနိုင်ပါတယ်။

စာအုပ်တွေက Not for Sale မို့ စာအုပ်ဆိုင်တွေမှာတော့ မရနိုင်ပါဘူး။

အလှူခံလို၊ လှူဒါန်းလိုပါက မခိုင်ခိုင်မွန် (09797765309) သို့ ဆက်သွယ်နိုင်ပါတယ်။ KBZPay number မှာ 09797765309 Khaing Khaing Mon ဖြစ်ပါတယ်။ လှူဒါန်းပါက အကြောင်းကြားပေးပါ။ အလှူခံမှတ်တမ်းကို (digital version) ဖြင့် ပြန်လည်ပေးပို့မှာ ဖြစ်ပါတယ်။

မေတ္တာဖြင့်
B00kw0rms Team

20/09/2021

B00kw0rms: English for Buddhism: Series 1 (Student Book) အုပ်ရေတစ်ထောင်ပုံနှိပ်ပြီးစီးပါပြီ။ အလှူခံလိုသူ ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများ အလှူခံနိုင်ပါသည်။

လက်ရှိအလှူခံထားသော ကျောင်းများ

⭐ ဥယျာဥ်စာသင်တိုက် (မန္တလေးမြို့၊ မန္တလေးတိုင်း)
⭐ရွှေစည်စာသင်တိုက် (မန္တလေးမြို့၊ မန္တလေးတိုင်း)
⭐ နန္ဒဝန်စာသင်တိုက် (မုံရွာ၊ စစ်ကိုင်းတိုင်း)
⭐ ကျောက်ဆည်မဟာဂန္ဓာရုံ (ပြင်ဦးလွင်၊ မန္တလေးတိုင်း)
⭐ ကျောက်ဆည်မဟာဂန္ဓာရုံ (ကျောက်ဆည်၊ မန္တလေးတိုင်း)
⭐ ရဲစုကျောင်း (ကျောက်ဆည်, မန္တလေးတိုင်း)
⭐ ဆင်ဖြူချပ်ကျောင်း (ကျောက်ဆည်, မန္တလေးတိုင်း)
⭐ အောင်မင်္ဂလာကျောင်းတိုက် (မန္တလေးမြို့၊ မန္တလေးတိုင်း)
⭐ အောင်မင်္ဂလာကျောင်းတိုက် (ဂန့်ဂေါ၊ မကွေးတိုင်း)

အလှူခံလိုပါက Chat box မှ ဖြစ်စေ၊ 09797765309 ကို ဖြစ်စေ ဆက်သွယ် အလှူခံနိုင်ပါတယ်။ လှူဒါန်းလိုပါကလည်း ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

With Respect,
B00kw0rms Team

04/09/2021

ဥယျာဥ်စာသင်တိုက်၊ ရန်ကင်းတောင်ခြေမှ ကိုရင်အပါး (၉၀) အတွက် B00kw0rms စာအုပ်တွေ အခုပဲ မှာထားပါတယ်။

Funding အကန့်အသတ်ကြောင့် အုပ်ရေ ၁၀၀၀ သာ ရိုက်ထားတာမို့ အကုန်မြန်နိုင်ပါတယ်။

04/09/2021

B00kw0rms စာအုပ်တွေ Digital Version (pdf file) ရပါပြီ။ စာအုပ်ကို မည်သူမဆို လွတ်လပ်စွာ free download ရယူနိုင်ပါတယ်။ free download ရယူရန် www.b00kw0rms.org ကို သွားရောက်နိုင်ပါတယ်။

မကြာခင် Printed Version ရပါမယ်။ Printed Version ကို အလှူခံလိုသည်ဖြစ်စေ၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများကို လှူဒါန်းလိုသည်ဖြစ်စေ ဤနေရာမှ ဆက်သွယ်နိုင်ပါတယ်။ 09 797765309 ကိုလည်း ဖုန်းခေါ်ဆိုနိုင်ပါတယ်။

နောက်ထပ် မကြာခင် Phone Application (apk file) ရပါမယ်။

နောက်ထပ် သိပ်အများကြီး မကြာခင်မှာပဲ English - Karen ဘာသာစကားနဲ့ Digital Version (pdf file) ထွက်ပါဦးမယ်။

B00kw0rms ကို အားပေးကြတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ B00kw0rms Textbooks များကို အသုံးပြုပြီး အကျိုးရှိကာ စာပေထူးချွန်၍ ငြိမ်းချမ်းအေးမြနိုင်ပါစေ။

မေတ္တာဖြင့်
B00kw0rms Team

04/09/2021

နိုင်ငံတကာက အလှူရှင်များရဲ့ ထက်သန်တဲ့အလှူဒါနနဲ့ ပြုစုထားတဲ့ B00kw0rms ရဲ့ Digital Version ကို B00kw0rms Team မှပြန်လည်၍ နိုင်ငံတကာက မည်သူမဆို လွတ်လပ်စွာ အသုံးပြုရန် လှူဒါန်းပါတယ်။

စာအုပ်ကို download ရယူရန် အောက်ပါ link ကို နှိပ်ပါ။

https://b00kw0rms.org/wp-content/uploads/2021/09/B00KW0RMS-Series-1-Digital.pdf

B00kw0rms အကြောင်း အသေးစိတ်သိရှိလိုပါက www.b00kw0rms.org မှာ သွားရောက် လေ့လာနိုင်ပါတယ်။

B00kw0rms ကို အသုံးပြုပြီး စာပေထူးချွန်ကာ ငြိမ်းချမ်းအေးမြနိုင်ကြပါစေ။

မေတ္တာဖြင့်
B00kw0rms Team

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Address


Mandalay