02/04/2026
ခုနောက်ပိုင်း ဘာပဲ ဖြစ်လာ ဖြစ်လာ
ဒီကနေ ငါ ဘာသင်ယူရမှာလဲ လို့ တွေးဖြစ်လာပါတယ်။
အိမ်မှာ ဧည့်သည်တွေ စုံနေတုန်းက ပင်ပန်းပါတယ်။ဒါပေမဲ့ ဟင်းအထားအသိုတွေ၊အိမ်ရဲ့ လိုအပ်ချက်တွေကို သင်ယူရပါတယ်။အဲဒီတုန်းကဆို social media နဲ့ လုံးဝ နီးပါး ပြတ်သွားခဲ့တယ်။နေလို့ကောင်းလိုက်တာ ဆိုတာ..အရမ်းပဲ။(သူတို့တွေနဲ့ သွားလာ ချက်ပြုတ် ညရောက်တော့ တန်းအိပ်..ဖုန်းကို ကြည့်ချိန်မရဘူး😂😂)
အမေ့ကို သုံးလပိုင်းတုန်းက သွားမျှော်တယ်လေ..ညသန်းခေါင် နောက်တစ်မနက်အထိ..ပါလာမယ် ထင်တာကိုးနော်..ငွေကုန် လူပင်ပန်း..ခုတော့ သိသွားပါပြီ..မျှော်တော့ မျှော်မယ်..ငွေမကုန်..လူ မပန်းတဲ့ နည်းနဲ့။အမေကိုယ်တိုင် ဖုန်းဆက်လာမှ သွားကြိုတော့မယ်။😂😂
ကိုယ်ဟာ ယုံလွယ်တဲ့သူ..ချစ်သူ ခင်သူရဲ့ စကားတွေဆို သိပ်ယုံတာလေ..သူငယ်ချင်းရေ..လိုတာရှိရင်ပြောနော်..ဆိုရင်ကို ယုံပြီးသားပဲ။ယောကျားဆိုရင် ပြောမနေနဲ့ တော့ ။သူ့ စကားကို အလုံးစုံ ယုံပြီးသား။😂😂
ခုတော့ ယုံတယ်ဆိုတာကလည်း ဦးနှောက်ကလေးက အလုပ်လုပ်အုံးမှ ဆိုတာ သိပါပြီ..နှလုံးသားကြီးပြီး ဦးနှောက်ပါမလာတာ အဆင်မပြေမှန်း သိပါပြီ။😂😂
ခုတလော သင်ယူလိုက်ရတာတွေကို မှတ်မိသလောက် ချရေးရင်း ခဏနားရင်း..💛
05/03/2026
ဒီရက်ပိုင်း အဖြစ်အပျက်တွေ အစုံပဲနော်..သူများကို တရားချတယ်..ကိုယ်တိုင် တရားနဲ့ နေနိုင်ရဲ့လား..ဘာပဲ ကြုံလာ ကြုံလာ ခံနိုင်ရည် ရှိရဲ့လား အစစ်ခံနေရသလိုပါပဲ။
ပြီးခဲ့တဲ့ ရက်ပိုင်းက အမေအတွက် သေချာသလောက် သတင်းကောင်းပဲလို့ ယူဆပြီး အိမ်ပြန်တယ်..မျှော်တယ်..အဝတ်အစား၊ထမင်း၊ဟင်းက အစ သေချာဝယ်ထားတယ်..ကိုယ်လုပ်နိုင်တာ လုပ်ထားတယ်။
တစ်ဖက်မှာလည်း 100 % သေချာတယ် ထင်ရပေမယ့် မမြင်နိုင်တဲ့ ကံတရားတွေ ရှိတတ်တယ်ဆိုတာ လက်ခံထားရင်း စောင့်တာပေါ့။
ဘုရား၊တရားတွေ အလုပ်လွန်နေသလား မပြောတတ်ပါဘူး..တို့အမေများ ပါမလာဘူးလေ😅😅။ မေမေတို့ကို တွေ့တော့ စတောင် စခဲ့သေးတယ်။ ဘုရား၊တရားတွေ လျှော့ လုပ်ကြအုံး..အတင်းလေး ဘာလေး ပြောပေးကြအုံးလို့🤣🤣။
တကယ်ပါ..ဒီလို အခြေအနေတွေမှာ ခံနိုင်ရည် ရှိဖို့ဆိုတာ..စိတ်လျှော့ထားနိုင်မှ..အကောင်းဆုံးကို မျှော်လင့်ထားတယ်..ဖြစ်မလာလည်း အဆင်ပြေပါတယ်..ဒါမျိုးပေါ့။စိတ်လျှော့ရင် လျှော့သလောက် လူပင်ပန်း၊စိတ်ပင်ပန်း သက်သာတာပေါ့။ဒါတောင် လူက သုံးလေးရက်လောက် ဂါသွားသေးတယ်။
နောက်တစ်ခါ ဒီလို အခြေအနေ ထပ်လာရင် လှတ၊ပတလေး ကျော်ဖြတ်ဖို့ တွေးထားပါတယ်😁😁။
Photo Pinterest
16/01/2026
2026 ...
နှစ်သစ်ဆိုတဲ့ အရှိန်လေးနဲ့ အလေ့အကျင့်ကောင်းလေးတွေ လုပ်ဖြစ်နေပါတယ်။
မနက်စော လမ်းလျှောက်တာ 21ရက် ကျော်လာပြီ။
လက်ဖက်ရည် ကော်ဖီ လျှော့ဖို့..တစ်ပတ် သုံးရက်ပဲ သောက်ဖို့ အလေ့အကျင့်လုပ်နေတယ်။
နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် ချစ်လိုက်တာ..ဘယ်လိုနေနေ ချစ်တယ် ဆိုပြီး ပြောဖြစ်နေတယ်။
ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာတွေ လျှော့နေတယ်။
ကိုယ်နဲ့ကိုယ် အချိတ်အဆက်မိဖို့ အမြဲ သတိတရရှိနေတယ်။
ဘာတွေပဲ မှားခဲ့ မှားခဲ့..ဘာတွေပဲ လုပ်လုပ်..ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်တယ်..အမြဲ ခွင့်လွှတ်တယ်..အမြဲချစ်ပါတယ်🥰🥰။
Photo Pinterest
04/01/2026
မနက်ခြောက်နာရီ ထ လမ်းလျှောက်..ဈေးပတ်..ထမင်းသုပ်စားတယ်..(ထမင်းသုပ်ကို အကြော် ငါးဖယ် အစုံထည့်ခိုင်းတယ်..အကြော် မစားဘူး..ဖယ်ရတာ ဝါသနာမို့🤣🤣)
FB ခဏကြည့်.. ဖြိုးပြည့်စုံကို အသည်းပေးရသေးတယ်😁😁..တစ်နေ့တော့ သူ့showပွဲကို ကြည့်အုံးမယ်..😂😂
တစ်နေ့တာအတွက် Morningပါရှင်..
10/12/2025
ဒီရက်ပိုင်းမှာ မနာလိုစိတ် ရှိနေတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်တွေ့ရတယ်..
မနာလိုစိတ် ဖြစ်တယ်ဆိုတာ အစကတော့ လက်မခံပါဘူး..ငါ သူတော်ကောင်း ဖြစ်ချင်တာလေ..စိတ်ကို စောင့်ကြည့်ရင်း စောင့်ကြည့်ရင်းကနေမှ မနာလိုစိတ်ဆိုတာ သိသွားပြီး ဖြည်းဖြည်းချင်း လက်ခံရတာပါ။
တစ်ခါတစ်လေ အကျင့် ယုတ်ချင်တယ်..တစ်ခါတစ်လေ အတ္တက ရှေ့ရောက်နေတယ်..တစ်ခါတစ်လေ ဘီလူးဆိုင်း တီးချင်တယ်..သတိသာ မရှိရင် အသိတရားသာ မရှိရင် လူဆိုးမ ဖြစ်တာ ကြာပေါ့။
ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ ကြိုးစားပါတယ်...အလင်းဘက်ခြမ်းက ကိုယ့်ကိုယ်ကိုယ်လည်း ချစ်ပါတယ်..အမှောင်ဘက်ခြမ်းက ကိုယ့်ကိုယ်ကိုယ်လည်း ချစ်ပါတယ်။
Photo Pinterest
08/12/2025
အမြဲ ဝင်ဖတ်ဖြစ်နေတဲ့ pageလေး..ကြိုက်မိတဲ့postလေး...
Day198 ဘောလုံးပွဲကြည့်လည်း တရား
မနေ့က နားရက်မှာ အမျိုးသားက ဘောလုံးပွဲကြည့်တယ်ပေါ့...
ကိုယ်လည်းနောက်ပိုင်းလေးမီလိုက်တာ .. finalဆိုတော့ နိုင်သွားတဲ့အသင်းက player တွေရော၊supporter တွေရော ပျော်လိုက် ၊ ငိုလိုက်ကြတာ....ဆိုတာ....
နောက်နှစ်မှာလည်း ဒီလိုပျော်ရွှင်မှုမျိုးကို ရချင်သေးတယ်လို့ interview မှာ မျက်ရည်စတွေနဲ့.. အသင်းခေါင်းဆောင်ထင်ပါရဲ့...ပြောသွားတယ်...
ကိုယ်က အမျိုးသားကို ကြည့်နော်... လောဘဆိုတာ အဆုံးမသတ်ဘူး... အခုပျော်လွန်းလို့ ကျတဲ့ မျက်ရည်စတောင်မသုတ်ရသေးဘူး.. သူနောက်တနှစ်အတွက် ထပ်လိုချင်ပြန်ပြီ...
ကြိုးစားပေအုံးတော့နော်..
နောက်တနှစ်ထပ်နိုင်ရင်လည်း နောက်တနှစ်လာအုံးမှာနော်...
ပိုက်ဆံသိန်း၁သောင်း ရအောင် ကြိုးစားမယ်ဆိုပြီး အလုပ်တွေလုပ်... ချွေတာစုဆောင်း သဌေးဖြစ်လို့ သိန်း၁သောင်း ရတဲ့အချိန်မှာ ဒီလူဟာ... သိန်း၂သောင်း လိုချင်တယ်လို့တွေးတယ်တဲ့..
ဂျပန်က သဌေးတယောက်က TVမှာပြောဖူးတယ်...
ကိုယ်ကအဲ့လိုပြောတော့ အမျိုးသားက ဒါဆိုမကြိုးစားရတော့ဘူးလား... တခါနိုင်တာနဲ့ ကျေနပ်ရမှာလား... တဲ့...
မဟုတ်ပါဘူး... နေ့စဥ်နေတိုင်း ကိုယ်တတ်နိုင်သလောက် ၁၀၀%ကြိုးစားနေထိုင်သင့်တယ်...
ဒါပေမဲ့ လောကကြီးရဲ့ လိုအပ်ချက်တွေဟာ ဘယ်တော့မှ မဆုံးဘူး.ဆိုတာသိထားရမယ်...
iphoneကလည်း နှစ်တိုင်းထွက်နေမယ်...
အိမ်မရှိသူက အိမ်ဝယ်ပြီးရင် ကားလိုချင်မယ်.. တစီးပြီး၂စီးလိုချင်မယ်..
ကားတွေလည်း အသစ်အသစ်ထွက်နေမှာပဲ..
ဖက်ရှင်လည်းဒီလိုပဲ..
ငွေကလည်း လိုနေမှာပဲ..
ဘယ်လောက်ရှာရှာ တော်ပြီ ပြီးပြီ ဒီလောက်ဆို လုံလောက်ပြီလို့ တွေးသူရှားတယ်..
ဒါကိုမသိပဲ အဲဒါတွေနောက်ပဲ တကောက်ကောက် လိုက်နေရင် ဘဝမှာ အရေးကြီးတာတွေကို လက်လွတ်ဆုံးရှုံးရလိုက်မယ်...
နောက်ဆုံးဘဝဆုံးသွားမှာလေ... လို့ ပြောပြရတယ်...
မပြီးနိုင်တာတွေနောက်လိုက်ရင်း ဘဝပြီးသွားရင် နှမျောဖို့ကောင်းလွန်းပါတယ်...
04/12/2025
ရာသီက ပြောင်းလာတယ်..မနက်ခင်းဆို တော်တော်အေးတယ်..ခုချိန် ကလောသွားချင်လားဆို မသွားချင်တော့ဘူးနော်..နွေရာသီတုန်းကတော့ တစ်နှစ်လုံး နေချင်သလိုလိုတွေ ဖြစ်ခဲ့သေးတာ..သတိရမိပါတယ်။
မအေးခင်တုန်းက ဒီနှစ်ဆောင်းက မဝင်တော့ဘူးလား..ပူလိုက်တာ* #* #
ဆောင်းဝင်တော့လည်း အေးတာ..မနက် မထချင်ဘူး..အသားတွေ ခြောက်လာပြီ* #* #
ဆောင်းကုန်လို့ နွေကူးသွားရင်လည်း ပူလိုက်တာလို့ ပြောအုံးမှာပါ။
စိတ်ဟာ အလိုမကျနေတဲ့အချိန် များပါတယ်..ကိစ္စ တစ်ခုခု အပေါ်မှာ မကောင်းမြင်တာက အရင်စပါတယ်။
လူတစ်ယောက်ကို မြင်လိုက်တာနဲ့ auto ဝေဖန်တတ်ပါတယ်..မျက်နှာတင်းတယ်..အကြည့်က ရိုင်းတယ်..ဝယ်သူကို ဘယ်လို ဆက်ဆံနေတာလဲ* #* #* #
သတိလေး ကပ်ထားရင်တော့ ကောင်းမွန်တဲ့အခြေအနေကို မြင်နိုင်ပါတယ်။ကျေးဇူးတင်စရာကောင်းတဲ့ အခြေအနေတွေ..ကြည်နူးရတဲ့ အခိုက်အတန့်တွေ မြင်အောင်ကြည့်လို့ ရပါတယ်။
ဆောင်းရာသီမှာ မီတာရေလေး လာနေလို့ ရေနွေးနွေးလေး ချိုးရတာ ကျေးဇူးတင်စရာပါပဲ။
လုံခြုံနွေးထွေးတဲ့ နေရာထိုင်ခင်းမှာ နေထိုင်ခွင့်ရတာကလည်း ကျေးဇူးတင်စရာပါပဲ။
အလုပ်အတွက် အပြင်ထွက်စရာမလိုဘဲ အိမ်ထဲမှာတင် စာသင်ခွင့်ရနေတာလည်း ကျေးဇူးတင်စရာပါပဲ။
(မီတာရေ လာနေလို့ စာပြီးမှ ဆက်ရေးမယ်..ရေချိုးမယ်ဆိုပြီး လုပ်လိုက်တာ..ရေ ပြန်ပြတ်သွားတယ်..ကဲ စာဆက်ရေးရတာပေါ့..)
Photo Pinterest
03/12/2025
ဟင်းချက်ရင်း စာရေးဖို့ အတွေးတွေ ဝင်လာတယ်..ကိုယ်သိတာလေးကို ငါသိပါတယ် ငါ တွေးတတ်ပါတယ် လုပ်ချင်တာပေါ့လေ..အကုန်လုံးချ ရေးမယ်ဆိုရင် အချိန်ကုန်မယ်..အဓိက အလုပ်တွေ ထိခိုက်မယ်လေ။
စာရေးတာပဲ အချိန်ကုန်နေလို့ မဖြစ်ဘူး..ဒီ အလုပ်က ငွေရှာပေးနေတာ မဟုတ်ဘူး..ရေးတော့ ရေးမယ်..အဓိက အလုပ်ကိုတော့ မထိခိုက်စေရဘူး။ကိုယ့်စိတ်ကို ပြန်ဆုံးမရတယ်။
ကိုယ်ဟာ ရေသောက်နည်းတယ်..အသီးအနှံတွေ သိပ်မစားဖြစ်ဘူး..အစား ရွေးတယ်။ခုတော့ကျန်းမာရေးထိလာလို့ တစ်နေ့ ရေ နှစ်လီတာ သောက်ရတယ်..(စိတ်မှာ မသောက်ချင်ဘူးနော် ..မသောက်ချင်လည်း သောက်) ငှက်ပျောသီး၊ဖရဲသီး၊အုန်းရည် ဒါတွေ အလှည့်ကျ စားခိုင်းရတယ်။ဟင်းချက်တဲ့အခါ ကျောက်ဖရုံသီး..မုန်လာဥ..အသီးအရွက် တွေ စားခိုင်းရတယ်။စိတ်အလိုပဲ လိုက်နေလို့ မဖြစ်ဘူးလေနော်။နေမကောင်းရင် အရင်ဆုံး အားငယ်နေတာ သူပဲ မလား။
ဘယ်အရာလေးပဲ လုပ်လုပ် စိတ်ကို လွှတ်ထားလို့ မရ..အတင်းအကျပ် ချုပ်ထားလို့လည်းမရ..အသိ၊သတိလေးနဲ့ ကိုယ် ဖြစ်ချင်တာလေးတွေ ခိုင်းရင်း..သူ ဖြစ်ချင်တာလေးတွေ လုပ်ပေးရင်း ရှေ့ဆက်..။
ဒီနေ့တော့ မနက်စာ အပြင်မှာ စားဖြစ်တယ်။ နေ့လည်စာ ၊ ညနေစာ အိမ်မှာ စားပါမယ်။
Photo Pinterest
02/12/2025
စိတ်မကြည်တဲ့အခါ အိမ်ရှင်းတယ်..အဝတ် ေတွေ လျှော်တယ်..နောက်တစ်ခုက ဟင်းတစ်ခုခုကို အချိန်ပေး ချက်ဖြစ်ပါတယ်။
ပုံမှန်ဆိုရင် ဟင်းကို လွယ်တာတွေပဲ ချက်တယ်..အသုပ်ဆို သုပ်မစားဖြစ်ဘူး။အသီးအရွက် ပြုတ်ရတာ..ဆီချက်ရတာ..မြေပဲဆန် ကြော်ရတာ တွေ မလုပ်ချင်ဘူး။စိတ်မကြည်ဘူးဆိုရင်တော့ အသုပ်တစ်မျိုးမျိုးကို အာရုံလေး စိုက်ပြီး သုပ်လိုက်တယ်။ ချွေးထွက်အောင် သန့်ရှင်းရေးလေး လုပ်လိုက်တယ်။ ဒီလိုနဲ့ပဲ စိတ်က ပြန်ကြည်သွားတာ များပါတယ်။
အဓိကက အတွေးတွေ လွင့်လို့ စိတ်မကြည်တာမို့ အတွေးမများအောင် အလုပ်လေး လုပ်ရင်း အသုပ်လေး သုပ်ရင်း ကျော်ဖြတ်လိုက်တာပါပဲ။
ကိုက်လန်သုပ် ဖြစ်တဲ့ နေ့တစ်နေ့မှာ ဒီစာလေး ရေးထားတာ။