02/04/2026
ခုနောက်ပိုင်း ဘာပဲ ဖြစ်လာ ဖြစ်လာ
ဒီကနေ ငါ ဘာသင်ယူရမှာလဲ လို့ တွေးဖြစ်လာပါတယ်။
အိမ်မှာ ဧည့်သည်တွေ စုံနေတုန်းက ပင်ပန်းပါတယ်။ဒါပေမဲ့ ဟင်းအထားအသိုတွေ၊အိမ်ရဲ့ လိုအပ်ချက်တွေကို သင်ယူရပါတယ်။အဲဒီတုန်းကဆို social media နဲ့ လုံးဝ နီးပါး ပြတ်သွားခဲ့တယ်။နေလို့ကောင်းလိုက်တာ ဆိုတာ..အရမ်းပဲ။(သူတို့တွေနဲ့ သွားလာ ချက်ပြုတ် ညရောက်တော့ တန်းအိပ်..ဖုန်းကို ကြည့်ချိန်မရဘူး😂😂)
အမေ့ကို သုံးလပိုင်းတုန်းက သွားမျှော်တယ်လေ..ညသန်းခေါင် နောက်တစ်မနက်အထိ..ပါလာမယ် ထင်တာကိုးနော်..ငွေကုန် လူပင်ပန်း..ခုတော့ သိသွားပါပြီ..မျှော်တော့ မျှော်မယ်..ငွေမကုန်..လူ မပန်းတဲ့ နည်းနဲ့။အမေကိုယ်တိုင် ဖုန်းဆက်လာမှ သွားကြိုတော့မယ်။😂😂
ကိုယ်ဟာ ယုံလွယ်တဲ့သူ..ချစ်သူ ခင်သူရဲ့ စကားတွေဆို သိပ်ယုံတာလေ..သူငယ်ချင်းရေ..လိုတာရှိရင်ပြောနော်..ဆိုရင်ကို ယုံပြီးသားပဲ။ယောကျားဆိုရင် ပြောမနေနဲ့ တော့ ။သူ့ စကားကို အလုံးစုံ ယုံပြီးသား။😂😂
ခုတော့ ယုံတယ်ဆိုတာကလည်း ဦးနှောက်ကလေးက အလုပ်လုပ်အုံးမှ ဆိုတာ သိပါပြီ..နှလုံးသားကြီးပြီး ဦးနှောက်ပါမလာတာ အဆင်မပြေမှန်း သိပါပြီ။😂😂
ခုတလော သင်ယူလိုက်ရတာတွေကို မှတ်မိသလောက် ချရေးရင်း ခဏနားရင်း..💛