MMJ Japanese Language Center

MMJ Japanese Language Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MMJ Japanese Language Center, Language school, Mandalay.

ဂျပန်စာကို အခြေခံကနေ သေချာလေ့လာချင်တဲ့သူတွေ အတွက် N5 Class လေး မေလ ၂ ရက်နေ့မှာ စပါမယ်နော်။စနေ၊ တနင်္ဂနွေနေ့ခင်း ၂ နာရီမှ...
26/04/2026

ဂျပန်စာကို အခြေခံကနေ သေချာလေ့လာချင်တဲ့သူတွေ အတွက် N5 Class လေး မေလ ၂ ရက်နေ့မှာ စပါမယ်နော်။

စနေ၊ တနင်္ဂနွေ
နေ့ခင်း ၂ နာရီမှ ၄ နာရီ
သင်တန်းကြေး ၂၀၀,၀၀၀ ကျပ်။

‌Zoom ဖြင့် သင်ကြားပါမယ်။



အလုပ်အကိုင် အခွင့်အလမ်းနဲ့ နိုင်ငံခြားသွားဖို့ အခွင့်အလမ်းတွေ ပေါများတဲ့ “ဂျပန်ဘာသာ” ကို ရွေးချယ်ထားတဲ့သူတွေအတွက်🌟​ဂျပန်...
16/04/2026

အလုပ်အကိုင် အခွင့်အလမ်းနဲ့
နိုင်ငံခြားသွားဖို့ အခွင့်အလမ်းတွေ ပေါများတဲ့ “ဂျပန်ဘာသာ” ကို ရွေးချယ်ထားတဲ့သူတွေအတွက်🌟

​ဂျပန်စာလေ့လာတဲ့အခါ ၉၀% လောက်က
"စာတော့ရတယ်၊ ပြောမထွက်ဘူး" ဆိုတဲ့ ပြဿနာနဲ့ ရင်ဆိုင်ရတတ်ပါတယ်။

စာအုပ်ထဲက စာတွေက Level အတိုင်းအတာတစ်ခုအထိ ရောက်ပေမယ့်၊ လက်တွေ့မှာ စကားပြောဖို့ လိုအပ်တဲ့ ယုံကြည်မှု မရှိတာ၊ ပြန်အသုံးမချဖြစ်တာမျိုးတွေ ကြုံရတတ်ပါတယ်။

​ဒီအခက်အခဲတွေကို
အကောင်းဆုံးဖြေရှင်းပေးနိုင်မယ့်၊
စာတွေ့ရော လက်တွေ့ပါ
လိုအပ်တဲ့ Level အထိ အဆင့်ဆင့်ပို့ဆောင်ပေးမယ့် လမ်းညွှန်မှုတွေ လုပ်ပေးပါမယ်🧡

​ဂျပန်စာကို လေ့လာသူအများစု အချိန်ကုန်လူပင်ပန်းမဖြစ်စေဖို့ အာမခံပါတယ်။⚡

​🎓 MMJ Japanese Language Center ရဲ့
အားသာချက်များ
​MUFL မှ ဂျပန်ဘာသာအထူးပြုဘွဲ့ရ၊ JLPT N1 Holder ကိုယ်တိုင်သင်ကြားခြင်း။
​ဂျပန်လုပ်ငန်းခွင် လုပ်သက် ၁၁ နှစ်ရှိ၊
သင်ကြားရေး အတွေ့အကြုံ ၄ နှစ်ဝန်းကျင်ရှိ ဆရာမ၏ လက်တွေ့အတွေ့အကြုံများဖြင့် လမ်းညွှန်ပေးခြင်း။

​Grammar သက်သက်မဟုတ်ဘဲ Level အလိုက် လိုအပ်တဲ့ အရေး၊ အဖတ်၊ အပြော များကိုပါ တစ်ပါတည်း လေ့ကျင့်ပေးခြင်း။

--+--+--+--+--+--+--+--+--+--+--+--+--
​📚 MMJ တွင် တက်ရောက်နိုင်သည့် သင်တန်းများ
(​လအလိုက် တန်းခွဲသစ်များ ရှိနေသောကြောင့် စုံစမ်းပြီး ကြိုတင်အပ်နှံ စာရင်းပေးနိုင်ပါပြီ။)**

​🔸 N5 Class
​သင်တန်းကြေး - ၂၀၀,၀၀၀ ကျပ်
(၃ လခွဲ ဝန်းကျင်)

​🔸 N4 Class
​သင်တန်းကြေး - ၂၅၀,၀၀၀ ကျပ်
(၃ လခွဲ၊ ၄လ ဝန်းကျင်)

​🔸 N3 JLPT Preparation Class
​သင်တန်းကြေး - ၁၅၀,၀၀၀ ကျပ်
(၂ လ ဝန်းကျင်)

​🔸 N2 Grammar Video Class
(Somatome, Try ၂ အုပ်စာ)
ဆရာမက ရက်အလိုက်ပို့ပေးမှာမို့ စာမကြည့်ဖြစ်မှာ စိတ်ပူစရာမလိုပါဘူးနော်။🥰
​သင်တန်းကြေး - ၈၀,၀၀၀ ကျပ်

​🔸 Kaiwa + Interview Training Class
(၁၂ ကြိမ်စာ) By one🌟
​သင်တန်းကြေး - ၁၂၅,၀၀၀ ကျပ်

​အသေးစိတ်စုံစမ်းမေးမြန်းလိုပါက Comment မှာဖြစ်စေ၊ Message Box မှာဖြစ်စေ အခုပဲ မေးမြန်းနိုင်ပါတယ်ရှင်။📩


09/04/2026

N4 Reading လေးတွေ တူတူ
ဖတ်ကြမယ်။
No.2



08/04/2026

N4 Reading လေးတွေ တူတူ
ဖတ်ကြမယ်။



ကိန်းဂဏန်း၊ နာရီ၊ မိနစ်၊ ကြာချိန်   #ဂျပန်စာ
08/04/2026

ကိန်းဂဏန်း၊ နာရီ၊ မိနစ်၊ ကြာချိန်



#ဂျပန်စာ

07/04/2026

N5 Sat & Sun အတန်းလေး
လာလာမေးနေကြလို့
သင်္ကြန်အပြီး ဖွင့်ပေးဖို့ ရှိပါတယ်။
ကြိုအပ်ထားပေးပါနော်။

#ဂျပန်စာ

N4 အတန်းသစ် ဖွင့်ဖို့၃ ရက်ပဲ ကျန်ပါတော့တယ်။JLPT အတွက် အမှီအပ်ထားပါနော်။   #ဂျပန်စာ
01/04/2026

N4 အတန်းသစ် ဖွင့်ဖို့
၃ ရက်ပဲ ကျန်ပါတော့တယ်။
JLPT အတွက် အမှီအပ်ထားပါနော်။


#ဂျပန်စာ


N5 မှာပဲ ရပ်တန့်မနေနဲ့နော်🔖📢   #ဂျပန်စာ
29/03/2026

N5 မှာပဲ ရပ်တန့်မနေနဲ့နော်🔖📢


#ဂျပန်စာ

April လ အစကနေJuly လ JLPT မဖြေခင်ကြား၉၅ ရက်တိတိ ရှိပါတယ်။သေချာလေး စနစ်တကျ အချိန်စာရင်းဆွဲပြီး စာလုပ်ရင်သေချာပေါက် ဖြေနိုင...
27/03/2026

April လ အစကနေ
July လ JLPT မဖြေခင်ကြား
၉၅ ရက်တိတိ ရှိပါတယ်။

သေချာလေး စနစ်တကျ
အချိန်စာရင်းဆွဲပြီး စာလုပ်ရင်
သေချာပေါက် ဖြေနိုင်ပါတယ်နော်။

စနစ်တကျ သေချာ ‌လုပ်ဖို့ပဲ လိုပါတယ်။

လက်ရှိ JLPT N4 အတန်းသစ်ကတော့
April မှာ ဖွင့်ဖို့ ရှိပါတယ်။

#အွန်လိုင်းအတန်း
#ဂျပန်စာ

ကျွန်မဆီမှာ သင်တန်းလာတက်ကြတဲ့ ကလေးတွေဟာ အခက်အခဲမျိုးစုံကြားကနေ ရုန်းကန်ကြိုးစားနေကြသူတွေမှန်း သိပါတယ်။ ဒါကြောင့်လည်း သူတ...
25/03/2026

ကျွန်မဆီမှာ
သင်တန်းလာတက်ကြတဲ့ ကလေးတွေဟာ အခက်အခဲမျိုးစုံကြားကနေ
ရုန်းကန်ကြိုးစားနေကြသူတွေမှန်း သိပါတယ်။

ဒါကြောင့်လည်း သူတို့ကို
မြန်မြန်အလုပ်ရစေချင်ပါတယ်။
မြန်မြန်ပဲ နိုင်ငံခြားထွက်ပြီး ဘဝကို အပြောင်းအလဲလုပ်နိုင်စေချင်တာ
ကျွန်မရဲ့ ဆန္ဒပါ။

​ဒါပေမဲ့ အလုပ်အင်တာဗျူးဖြေတဲ့အခါ
အားလုံးက တစ်ပုံစံတည်း အလွတ်ကျက်ထားတဲ့ အဖြေတွေပဲ ဖြေနေကြမယ်ဆိုရင်

ဘယ်အလုပ်ရှင်ကမှ
စိတ်ဝင်စားမှာမဟုတ်သလို၊ Impression ကောင်းကောင်းလည်း ရမှာမဟုတ်ပါဘူး။

​အင်တာဗျူးမှာ
ဂျပန်စာ ဘယ်လောက်တတ်လဲဆိုတာကိုတင် ကြည့်တာမဟုတ်ဘဲ "ကိုယ်က ဘယ်လိုလူမျိုးလဲ" ဆိုတဲ့ အရည်အချင်းကိုပါ ဖော်ပြရတာပါ။

​အလွတ်မကျက်ရဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ မကျက်မှတ်ခင်မှာ ကိုယ်တိုင်ရဲ့ စစ်မှန်တဲ့ အဖြေဖြစ်ဖို့ အရင်ပြင်ဆင်စေချင်တာပါ။

​ဒါကြောင့်
ကျွန်မရဲ့ Kaiwa + Interview Training အတန်းမှာဆိုရင်
ကျောင်းသားတွေရဲ့ အဖြေကို စိတ်တိုင်းမကျမချင်း သေချာပြင်ပေးပါတယ်။
စိတ်တိုင်းမကျမချင်းလည်း တောက်လျှောက် လေ့ကျင့်ခိုင်း (မောင်း) မှာပါ။
အလုပ်တကယ် ရစေချင်တဲ့
စေတနာကြောင့်မို့လို့ပါ။

​ကိုယ်ပိုင်ဟန်နဲ့ စစ်မှန်တဲ့ အဖြေတွေကသာ အလုပ်ရှင်ရဲ့ နှလုံးသားကို ထိမှန်နိုင်မှာ ဖြစ်လို့ အတူတူ အကောင်းဆုံး ပြင်ဆင်ကြရအောင်‌နော်။ ✨


#ဂျပန်စာ
#အွန်လိုင်းအတန်း

Address

Mandalay

Telephone

+959972637682

Website

Alerts

Be the first to know and let us send you an email when MMJ Japanese Language Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share