High Performance - PC Computer တစ်လုံးတပ်ဆင်ခြင်းအပိုင်း
(မှတ်ချက်-ဖော်ပြထားသော pc part များသည် update စျေးနူန်း များမဟုတ်ပါ။)
DATA BOX
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DATA BOX, Computer training school, PyiGyiTaGon Township/122 street×BaHtoo Street/Mandalay City, Mandalay.
07/07/2022
မိမိ ဘဝ တိုးတက်လမ်းအတွက်
တကူးတက သင်တန်းတက်စရာမလိုတော့ဘဲ memory stick တစ်ခု ရှိရုံနဲ့ ဖုန်း (သို့) ကွန်ပျူတာ မှာ ချိတ်ဆက်ပြီး သင်ခန်းစာများကို စနစ်တကျ ရိုးရှင်း လွယ်ကူစွာ စတင် လေ့လာသင်ယူနိုင်ပါပြီ။
( အကုန်လုံးမြန်မာလို စနစ်တကျ သင်ကြားပေးထားတဲ့ သင်ခန်းစာတွေပါ - အာမခံချက်လည်း အပြည့်အဝပါရှိပါတယ်ခင်ဗျာ - အသေးစိတ်ဖတ်ပေးပါ )
01 📂➡ အခြေခံ ကွန်ပျူတာအသုံးပြုနည်း Basic Level သင်ခန်းစာ
(သင်ကြားချိန်-3:20 နာရီ + video 36 files)
02 📂➡ အဆင့်မြင့် ကွန်ပျူတာအသုံးပြုနည်း Advanced Level သင်ခန်းစာ
(သင်ကြားချိန်-3:20 နာရီ + video 36 files)
03 📂➡ Computer A+ ခြေခံ Basic Level သင်ခန်းစာ
(သင်ကြားချိန်-6:25 နာရီ + video 24 files)
04 📂➡ Computer A+ အဆင့်မြင့် Advanced Level သင်ခန်းစာ
(သင်ကြားချိန်-3:00 နာရီ + video 29 files)
05 📂➡ Computer Hardware DVD,HDD,SSD,Motherboard,PowerSupply များအကြောင်း နှင် Hardware Assembly အပိုင်း သင်ခန်းစာ
(သင်ကြားချိန်-8:53 နာရီ + video 71 files)
06 📂➡ Computer Maintaining & Optimizing - Laptop နှင့် Desktop computer တပ်ဆင်ပြုပြင်ထိန်းသိမ်းနည်း သင်ခန်းစာ
(သင်ကြားချိန်-4:15 နာရီ + video 11 files)
07 📂➡ Computer Command Line cmd ကို ကျွမ်းကျင်စွာအသုံးပြုနည်းနိုင်ရန် သင်ခန်းစာ
(သင်ကြားချိန်-1:50 နာရီ + video 24 files)
08 📂➡ Windows အမျိုးမျိုး Installation လုပ်နည်း၊ အသုံးပြုနည်း သင်ခန်းစာ
(သင်ကြားချိန်-4:00 နာရီ + video 31 files)
09 📂➡ Windows 10 ကိုကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် အသေးစိတ် သင်ခန်းစာ
(သင်ကြားချိန်-5:45 နာရီ + video 83 files)
10 📂➡ Software တွေတင်ခြင်းအတွက် Windows Register အကြောင်း အသေးစိတ်သင်ခန်းစာ
(သင်ကြားချိန်-0:45 နာရီ + video 14 files)
11 📂➡ Computer Windows မှာဖြစ်တက်တဲ့ ပြသနာများကို Trouble Shooting လုပ်ခြင်းအသေးစိတ် သင်ခန်းစာ
(သင်ကြားချိန်-1:15 နာရီ + video 10 files)
12 📂➡ Microsoft Office Word အခြေခံ Basic Level သင်ခန်းစာ
(သင်ကြားချိန်-3:25 နာရီ + video 38 files)
13 📂➡ Microsoft Office Word ကျွမ်းကျင်စွာအသုံးပြုနည်း Advanced Level သင်ခန်းစာ
(သင်ကြားချိန်-1:18 နာရီ + video 15 files)
14 📂➡ Microsoft Office Power Point အခြေခံ Basic Level သင်ခန်းစာ
(သင်ကြားချိန်-0:30 နာရီ + video 5 files)
15 📂➡ Microsoft Office Power Point ကျွမ်းကျင်စွာအသုံးပြုနည်း Advanced Level သင်ခန်းစာ
(သင်ကြားချိန်-2:20 နာရီ + video 25 files)
16 📂➡ Microsoft Office Excel အခြေခံ Basic Level-1 သင်ခန်းစာ
(သင်ကြားချိန်-2:23 နာရီ + video 25 files)
17 📂➡ Microsoft Office Excel အခြေခံ Basic Things Level-2 သင်ခန်းစာ
(သင်ကြားချိန်-4:48 နာရီ + video 59 files)
18 📂➡ Microsoft Office Excel ကျွမ်းကျင်စွာအသုံးပြုနည်း -1 Intermediate Level သင်ခန်းစာ
(သင်ကြားချိန်-4:35 နာရီ + video 49 files)
19 📂➡ Microsoft Office Excel ကျွမ်းကျင်စွာအသုံးပြုနည်း -2 Professional Advanced Level သင်ခန်းစာ
(သင်ကြားချိန်-3:22 နာရီ + video 17 files)
20 📂➡ Microsoft Office Excel ကျွမ်းကျင်စွာအသုံးပြုနည်း -3 One O Five Functions သင်ခန်းစာ
(သင်ကြားချိန်-2:46 နာရီ + video 105 files)
21 📂➡ Microsoft Office Excel ကျွမ်းကျင်စွာအသုံးပြုနည်း -4 Advanced Level Accounting သင်ခန်းစာ
(သင်ကြားချိန်-9:31 နာရီ + video 28 files)
22 📂➡ MYOB Accounting အခြေခံ Basic Level သင်ခန်းစာ
(သင်ကြားချိန်-3:32 နာရီ + video 24 files)
23 📂➡ MYOB Accounting ကျွမ်းကျင်စွာအသုံးပြုနည်း Advanced Level သင်ခန်းစာ
(သင်ကြားချိန်-4:00 နာရီ + video 13 files)
24 📂➡ Adobe Pagemaker Graphic Design] ကျွမ်းကျင်စွာအသုံးပြုနည်း သင်ခန်းစာ
(သင်ကြားချိန်-2:18 နာရီ + video 24 files)
25 📂➡ Adobe Illustrator [Professional Graphic Design] အခြေခံ Basic Level သင်ခန်းစာ
(သင်ကြားချိန်-15:43 နာရီ + video 54 files)
26 📂➡ Adobe Illustrator [Professional Graphic Design] ကျွမ်းကျင်စွာအသုံးပြုနည်း Advanced Level သင်ခန်းစာ
(သင်ကြားချိန်-7:56 နာရီ + video 25 files)
27 📂➡ Adobe Indesign ကျွမ်းကျင်စွာအသုံးပြုနည်း Basic to Advanced Level သင်ခန်းစာ
(သင်ကြားချိန်-4:30 နာရီ + video 52 files)
28 📂➡ Corel Draw (Professional Graphic Design) အခြေခံ Basic Level သင်ခန်းစာ
(သင်ကြားချိန်-5:18 နာရီ + video 84 files)
29 📂➡ Corel Draw (Professional Graphic Design) ကျွမ်းကျင်စွာအသုံးပြုနည်း Advanced Level သင်ခန်းစာ
(သင်ကြားချိန်-4:05 နာရီ + video 28 files)
30 📂➡ Adobe Photoshop ကျွမ်းကျင်စွာအသုံးပြုနည်း -1 Basic to Intermediate Level သင်ခန်းစာ CS5
(သင်ကြားချိန်-11:30 နာရီ + video 109 files)
31 📂➡ Adobe Photoshop ကျွမ်းကျင်စွာအသုံးပြုနည်း -2 Intermediate Level သင်ခန်းစာ
(သင်ကြားချိန်-7:50 နာရီ + video 55 files)
32 📂➡ Adobe Photoshop ကျွမ်းကျင်စွာအသုံးပြုနည်း -3 Advanced Level သင်ခန်းစာ CC2015
(သင်ကြားချိန်-5:16 နာရီ + video 74 files)
33 📂➡ Adobe Photoshop ကျွမ်းကျင်စွာအသုံးပြုနည်း -4 Advanced Level သင်ခန်းစာ CC
(သင်ကြားချိန်-7:53 နာရီ + video 20 files)
34 📂➡ Adobe Photoshop ကျွမ်းကျင်စွာအသုံးပြုနည်း -5 Advanced Level သင်ခန်းစာ CS3
(သင်ကြားချိန်-17:45 နာရီ + video 52 files)
35 📂➡ Adobe Premiere Pro အခြေခံ Basic Level သင်ခန်းစာ
(သင်ကြားချိန်-4:30 နာရီ + video 33 files)
36 📂➡ Adobe Premiere Pro ကျွမ်းကျင်စွာအသုံးပြုနည်း Advanced Level သင်ခန်းစာ
(သင်ကြားချိန်-9:25 နာရီ + video 30 files)
37 📂➡ Adobe After Effects ကျွမ်းကျင်စွာအသုံးပြုနည်း Basic to Advanced Level သင်ခန်းစာ
(သင်ကြားချိန်-5:30 နာရီ + video 95 files)
38 📂➡ Adobe Lightroom CS6 ကျွမ်းကျင်စွာအသုံးပြုနည်း သင်ခန်းစာ
(သင်ကြားချိန်-1:00 နာရီ + video 5 files)
39 📂➡ Edius Tutorial [video editing software] ကျွမ်းကျင်စွာအသုံးပြုနည်း သင်ခန်းစာ
(သင်ကြားချိန်-1:33 နာရီ + video 15 files)
40 📂➡ Pinnacle Studio 15V [video editing software] ကျွမ်းကျင်စွာအသုံးပြုနည်း သင်ခန်းစာ (သင်ကြားချိန်-2:23 နာရီ + video 34 files)
41 📂➡ DaVinci Resolve 16 [Professional video editing software] ကျွမ်းကျင်စွာအသုံးပြုနည်း သင်ခန်းစာ
(သင်ကြားချိန်-14:01 နာရီ + video 72 files)
42 📂➡ AutoCAD 2011 2D - Basic to Intermediate Course အသေးစိတ် သင်ခန်းစာ
(သင်ကြားချိန်-7:25 နာရီ + video 101 files)
43 📂➡ AutoCAD 2013 3D - Advanced Course အသေးစိတ် သင်ခန်းစာ
(သင်ကြားချိန်-8:12 နာရီ + video 95 files)
44 📂➡ Sketchup Tutorial Series အသေးစိတ် Basic to Advanced Level သင်ခန်းစာ
(သင်ကြားချိန်-7:18 နာရီ + video 38 files)
45 📂➡ Sketchup and Lumion အသေးစိတ် Step By Step Lesson သင်ခန်းစာ
(သင်ကြားချိန်-5:03 နာရီ + video 18 files)
46 📂➡ Networking အခြေခံ အဆင့်မြင့် နှင့် Wireless ပိုင်းဆိုင်ရာ သင်ခန်းစာ
(သင်ကြားချိန်-7:15 နာရီ + video 33 files)
47 📂➡ Internet & Email Lesson >>>Firefox ,IDM ,Youtube ,Gmail ,Google ,Skype ,Twitter ,Telegram ... စသည်တို့ကို ကျွမ်းကျင်စွာအသုံးပြုနည်း သင်ခန်းစာ
(သင်ကြားချိန်-2:50 နာရီ + video 30 files)
48 📂➡ Hacking course အသေးစိတ် သင်ခန်းစာ
(သင်ကြားချိန်-3:12 နာရီ + video 27 files)
49 📂➡ Blog အကြောင်းသေးစိတ်သင်ခန်းစာ
(သင်ကြားချိန်-1:30 နာရီ + video 17 files)
50 📂➡ Android ဖုန်းအမျိုးမျိုးအား Root ပြုလုပ်နည်း၊ custom rom တင်နည်း၊ Services & Repairing လုပ်နည်း သင်ခန်းစာ
(သင်ကြားချိန်-5:15 နာရီ + video 50 files)
51 📂➡ Phone Hardware ဖုန်းပြုပြင်ခြင်း အသေးစိတ် သင်ခန်းစာ
(သင်ကြားချိန်-5:10 နာရီ + video 46 files)
52 📂➡ Drupal CMS [Web Depeloment] ကျွမ်းကျင်စွာအသုံးပြုနည်း အသေးစိတ် သင်ခန်းစာ
(သင်ကြားချိန်-3:46 နာရီ + video 43 files)
53 📂➡ Joomla [Web Design] ကျွမ်းကျင်စွာအသုံးပြုနည်း အသေးစိတ် သင်ခန်းစာ
(သင်ကြားချိန်-3:26 နာရီ + video 40 files)
54 📂➡ Word Press [Web Publishing Software] Professional Website များရေးဆွဲနည်း သင်ခန်းစာ
(သင်ကြားချိန်-3:38 နာရီ + video 46 files)
55 📂➡ HTML [Website Design] ကျွမ်းကျင်စွာအသုံးပြုနည်း အသေးစိတ် သင်ခန်းစာ
(သင်ကြားချိန်-4:04 နာရီ + video 40 files)
56 📂➡ CSS [Website Design] ကျွမ်းကျင်စွာအသုံးပြုနည်း အသေးစိတ် သင်ခန်းစာ
(သင်ကြားချိန်-1:20 နာရီ + video 11 files)
57 📂➡ C Programming ကျွမ်းကျင်စွာအသုံးပြုနည်း အသေးစိတ် သင်ခန်းစာ
(သင်ကြားချိန်-7:42 နာရီ + video 40 files)
58 📂➡ C++ double plus ကျွမ်းကျင်စွာအသုံးပြုနည်း အသေးစိတ် သင်ခန်းစာ
(သင်ကြားချိန်-3:26 နာရီ + video 22 files)
59 📂➡ Python Programming ကျွမ်းကျင်စွာအသုံးပြုနည်း အသေးစိတ် သင်ခန်းစာ
(သင်ကြားချိန်-9:03 နာရီ + video 23 files)
60 📂➡ Whiteboard Animation သင်ခန်းစာ
(သင်ကြားချိန်-1:08 နာရီ + video 14 files)
61 📂➡ ZOOM အသေးစိတ် သင်ခန်းစာ
(သင်ကြားချိန်-1:22 နာရီ + video 12 files)
62 📂➡ Lightroom Lr with mobile အသုံးပြုနည်း သင်ခန်းစာ
(သင်ကြားချိန်-1:15 နာရီ + video 5 files)
63 📂➡ PicsArt with mobile အသုံးပြုနည်း သင်ခန်းစာ
(သင်ကြားချိန်-1:01 နာရီ + video 6 files)
64 📂➡ Snapseed with mobile အသုံးပြုနည်း သင်ခန်းစာ
(သင်ကြားချိန်-1:30 နာရီ + video 7 files)
65 📂➡ KineMaster with mobile အသုံးပြုနည်း သင်ခန်းစာ
(သင်ကြားချိန်-0:43 နာရီ + video 5 files)
66 📂➡ Capcut Video Editing with mobile အသုံးပြုနည်း သင်ခန်းစာ
(သင်ကြားချိန်-0:51 နာရီ + video 5 files)
67 📂➡ လေ့လာရန် လွယ်ကူအောင် စနစ်တကျ စီစဉ်ပေးထားတဲ့ မသိမဖြစ်သိထားရမည့် မြန်မာလို အကောင်းဆုံး ကွန်ပျူတာ Ebooks စာအုပ် 1000 ကျော်
🔶 အထက်ပါ သင်ခန်းစာများ အားလုံးပါဝင်တဲ့
64GB HP Official Memory Stick💾ကို - 25000 Ks ပါခင်ဗျာ။
🔶 ကွန်ပျူတာနဲ့အပြင် ဖုန်းနဲ့အသုံးပြုဖို့အတွက် micro OTG & typeC OTG လေး ၂ခုကို Free Giftလက်ဆောင် ထည့်ပေးထားပါတယ်။
🔶 OTG အသုံးပြုနည်း လမ်းညွှန်ပါ ဘောင်ချာထဲ တစ်ပါတည်း ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။
🔶 ပို့ဆောင်ခကလည်း အခမဲ့ (delivery free)နဲ့ ပို့ဆောင်ပေးမှာပါခင်ဗျာ။
🔶 အာမခံ ဘောင်ချာနှင့်တကွ ပါဝင်မှာဖြစ်ပြီး တစ်သက်တာ အာမခံ Memory Stick ဖြစ်တဲ့အတွက် အသုံးပြုရင်း ပျက်သွားပါက အသစ်ပြန်လည် လဲလှယ်ပေးပါတယ်။ (အာမခံ ဘောင်ချာနှင့် စတစ်ဘူးခွံ သိမ်းထားပေးရပါမည်)
🔶 မိမိ အသုံးပြုလေ့လာ နေရင်း ဖိုင်များ မတော်တဆ မှားဖျက်မိခြင်း ၊ ဖိုင်ပျက်/ပျောက် သွားခြင်းများကိုလည်း Google Drive Link နဲ့ free ထပ်ပို့ပေးပါတယ်။
🔶 မြန်မာနိုင်ငံအနှံ မြို့/နယ် များသို့ အိမ်အရောက် (သို့) ပစ္စည်းရောက်မှသာ ငွေ ပေးချေရမယ့်စနစ်နဲ့ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။(မြို့နယ် အလိုက် ရက် အနည်းငယ် စောင့်ပေးရပါတယ်)
သင်ခန်းစာတွေပါဝင်တဲ့ Memory Stick လေးမှာယူမည်ဆိုပါက
1 🔶 အမည်
2 🔶 ဖုန်းနံပါတ်
3 🔶 နေရပ်လိပ်စာအပြည့်အစုံ ကို
Chat Box (သို့) 09 778 295 155 (Phone&Viber) တို့တွင်ပေးပို့ မှာယူရပါမည်။
စုံစမ်းမေးမြန်းရန် - 09 778 295 155
(DATA BOX - MANDALAY Office 122 street×BaHtoo Street / Mandalay City Mandalay, Myanmar.)
05/07/2022
ကွန်ပျူတာစတင်သုံးစွဲသူများ အများဆုံးပြုလုပ်မိသော အမှား (၁၀) ချက်
======================================
(၁) အရေးကြီးသောဖိုင်များကို backup မလုပ်ခြင်း။
မိမိသုံးစွဲနေတဲ့ data file တွေ (word, excel, powerpoint, pagemaker, photoshop, image, media) ကို backup လုပ်မထားခြင်းဟာ ကြီးမားတဲ့အမှားတစ်ခုဖြစ်ပါတယ်။ ပျောက်သွားတော့မှ data recovery software များနဲ့ ပြန်လည်ရှာဖွေခြင်းဟာ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုတော့မဟုတ်ပါဘူး။ အဲဒီအတွက် external drive, USB, CD, DVD တို့နဲ့ ကူးယူထားသင့်သလို ကွန်ပျူတာအတွင်းမှာလည်း windows နဲ့တွဲပြီး ခွဲထားတဲ့ partition အပိုင်းမှာ သိမ်းဆည်းခြင်းမပြုလုပ်ပဲ သီးခြား drive တစ်ခုနဲ့ သိမ်းဆည်းသင့်ပါတယ်။
(၂) စာကိုသေချာစွာမဖတ်ပဲ Next (သို့မဟုတ်) Ok ကိုနှိပ်ခြင်း။
ကွန်ပျူတာနဲ့ အင်တာနက်သုံးနေစဉ်အချိန်မှာ တစ်ခါတစ်ရံထွက်ပေါ်လာတဲ့ box တွေ၊ message တွေက စာတွေကို သေသေချာချာမဖတ်ပဲ Next (သို့မဟုတ်) Ok ကိုနှိပ်လိုက်ခြင်းဟာ တစ်ခါတစ်ရံမှာ သူ့ကို သဘောတူညီရာရောက်သွားပြီး သင့်ကွန်ပျူတာအတွင်းက browser တွေ Toolbar တွေမှာ install လုပ်သွားပြီး မောင်းထုတ်မရတော့တဲ့ program မျိုးဖြစ်သွားတတ်ပါတယ်။ တစ်ကယ်တော့ သင့်အနေနဲ့ အဲဒီ program ကို install လုပ်ဖို့ရည်ရွယ်ချက်မရှိပါဘူး။ အဲဒီ program ဟာ ကွန်ပျူတာရဲ့ startup မှာ run နေပြီးတော့ ကွန်ပျူတာကိုအနှောက်အယှက်ဖြစ်စေပါတယ်။
(၃) Save မလုပ်ခြင်း။
စာစီစာရိုက်လုပ်နေတုန်းပဲဖြစ်ဖြစ်၊ ပုံဆွဲနေတုန်းပဲဖြစ်ဖြစ်၊ Video edit လုပ်နေတုန်းပဲဖြစ်ဖြစ် save မလုပ်ခြင်းဟာလည်း အမှားတစ်ခုဖြစ်ပါတယ်။ သင်သုံးနေတဲ့ program ဟာ အလိုအလျောက် save လုပ်ပေးတဲ့ function ပါပေမယ့် မိမိလက်က ctrl + s ကို မကြာခဏ ၅ မိနစ်တစ်ကြိမ်လောက် အလိုအလျောက်နှိပ်မိနေဖို့လိုပါတယ်။ ဒါမှ မီးပြတ်သွားလို့ပဲဖြစ်ဖြစ်၊ UPS မကောင်းလို့ပဲဖြစ်ဖြစ်၊ Internet connection မကောင်းလို့ပဲဖြစ်ဖြစ် သင် create လုပ်နေတဲ့ data တွေမပျောက်တော့ဘူးပေါ့။
(၄) ကွန်ပျူတာကို နည်းစနစ်တကျမပိတ်ခြင်း။
ကွန်ပျူတာကို အသုံးမပြုချင်တော့တဲ့အချိန်မှာ မိမိသုံးနေတဲ့ file တွေကို save လုပ်၊ run နေတဲ့ application တွေကိုပိတ်ပြီးမှ ကွန်ပျူတာက shutdown ခလုပ်ကိုနှိပ်ပြီး ကွန်ပျူတာကိုပိတ်သင့်ပါတယ်။ တစ်ခြားနည်းလမ်းကို အသုံးပြုရင်တော့ အမှားတစ်ခုကို ကျူးလွန်မိခြင်းပါပဲ။
(၅) Email ကပါရှိလာတဲ့ attachments ဖိုင်များကိုဖွင့်ခြင်း။
အင်တာနက်ကနေ Email ကို အသုံးပြုသူတစ်ယောက်အဖို့ malware တွေကိုကာကွယ်နိုင်တဲ့ Antivirus program မရှိဘဲ Email နဲ့အတူပါရှိလာတဲ့ attachments ဖိုင်တွေကို မဖွင့်သင့်ပါဘူး။
ကိုယ်နဲ့ဘယ်လောက်ပဲရင်းနှီးတဲ့သူဆီကဖြစ်ပါစေ သတိထားသင့်ပါတယ်။ Virus ၀င်ရောက်ရာ အဓိက လမ်းကြောင်းဟာ attachment ဖိုင်များမှဖြစ်တယ်ဆိုတာ အထူးသတိပြုပါ။
(၆) မိမိထံရောက်ရှိလာသော ကြော်ငြာ email များထဲမှ ပုံစံများကိုဖြည့်သွင်းပြီး ပြန်လည်ပေးပို့ခြင်း။
တစ်ခါတစ်ရံမှာ ကိုယ်မသိတဲ့ ကြော်ငြာ email တွေ၀င်လာတာကို တွေ့ဘူးကြမှာပါ။ ဘယ်မြို့မှာ အလုပ်ရမယ်။ လစာက ဘယ်လောက်ပေးမယ်။ ဖတ်လိုက်ရင်မက်လောက်စရာတွေချည်းပဲ။ အဲဒီအတွက် ဒီပုံစံမှာဒီလိုဖြည့်ပါဆိုပီးတော့ပေါ့။ အဲဒီလိုဖြည့်ရင်းကနေ ကိုယ့်ဆီက အချက်အလက်တွေဖြစ်တဲ့ usernames တွေ၊ passwords တွေ၊ credit card အသေးစိတ်တွေပါသွားပါလေရော။ ဒါဆိုဘာဆက်ဖြစ်မလဲ စဉ်းစားကြည့်ပါတော့။
(၇) Email အတွင်းမှ Spam များကိုစိတ်၀င်စားခြင်း။
ကိုယ်သုံးနေတဲ့ email အတွင်းမှာ မဖိတ်ခေါ်ပဲတဖွဲဖွဲရောက်လာနေတဲ့ Spam mail တွေကို စိတ်မ၀င်စားသင့်ပါဘူး။ ကိုယ့်အတွက်ဘာအကျိုးမှမရှိနိုင်တဲ့ အဲဒီ spam mail တွေကိုဖတ်ကြည့်နေမယ့်အစား delete သာလုပ်ပစ်လိုက်ပါ။
(၈) Email များကို forward လုပ်ခြင်း။
ကိုယ်မသိတဲ့ email ကနေ စိတ်၀င်စားစရာသတင်းအချက်အလက်တွေသိရှိရတဲ့အခါ ဒါကို မိမိမိတ်ဆွေတွေ သိစေချင်တဲ့စေတနာနဲ့ forward မလုပ်မိပါစေနဲ့။ ကောလဟာလတစ်ခုလို့သာ သတ်မှတ်ပြီး ဖျက်ပစ်လိုက်ပါ။ သင့်ရဲ့စေတနာဟာ အန္တရာယ်ကိုဖိတ်ခေါ်လိုက်တာမျိုးဖြစ်သွားတတ်ပါတယ်။
(၉) မကောင်းသော software များကို install လုပ်မိခြင်း။
တိုးတက်နေတဲ့ခေတ်ကြီးဟာ viruses တွေ၊ malware တွေနဲ့ အခြား crapware တွေပြည့်နှက်နေတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်လိုချင်တဲ့ free ware software လေးတွေ့တဲ့အချိန်မှာ လျင်လျင်မြန်မြန် download ချပြီးတော့ install မလုပ်မိပါစေနဲ့။ သေသေချာချာစိစစ်ပါ။ ဘယ်ကထုတ်တာလဲ၊ ဘာအတွက်လဲ၊ ဘယ်လိုအကျိုးပြုမှာလဲ၊ ဘာတွေသုံးနိုင်လည်း၊ ဘယ် website ကလဲ၊ လူဘယ်လောက်များများသုံးထားလဲ စတာတွေကို internet ကိုပဲပြန်မေးလိုက်ပါ။ ရတဲ့ result ကို မူတည်ပြီးတော့မှ သုံးသင့်မသုံးသင့်စဉ်းစားချင့်ချိန်ပါ။ install လုပ်ပြီးမှ ဒုက္ခလည်းပေး၊ မောင်းထုတ်လို့လဲမရလို့ ပျက်ရတဲ့ကွန်ပျူတာတွေများလှပါပြီ။
(၁၀) UPS ကိုအသုံးမပြုခြင်းနှင့် အရည်အသွေးညံ့သော ကွန်ပျူတာအရံပစ္စည်းများကိုအသုံးပြုခြင်း။
PC ပဲဖြစ်ဖြစ်၊ Laptop ပဲဖြစ်ဖြစ် သူ့မှာ အပိုလျှပ်သိုပစ္စည်းရှိရပါမယ်။ သဘောက shutdown ချဖို့ အချိန်ရနိုင်အောင်နဲ့ လျှပ်စစ်အ၀င်ကို ထိန်းသိမ်းနိုင်အောင်ဖြစ်ပါတယ်။ အဲလိုမှမဟုတ်လို့ Laptop computer ရဲ့ battery ကလည်း မကောင်း၊ PC computer ရဲ့ UPS ကလည်းမကောင်း၊ ရှိလည်းမရှိ ဆိုရင်တော့ ပျက်ဖို့က ၇၀ % လောက်သေချာနေပါပီ။ နောက်တစ်ချက်က Graphic card, Memory, hard disk နဲ့ Motherboard မကောင်းတော့လို့လဲလှယ်တဲ့အချိန်မှာ တန်ဘိုးနည်းတဲ့ ပစ္စည်းတွေ၊ အသုံးပြုပီးသားတွေကို မလဲလှယ်မိပါစေနဲ့။ အဘိုးနှုန်းချိုသာခြင်းရဲ့နောက်ကွယ်မှာ အခြားသော အဓိပါယ်ဖွင့်ဆိုချက်တွေရှိနေတယ်ဆိုတာကို သတိပြုစေလိုပါတယ်။
29/06/2022
M.2 SSD ဆိုတာဘာလဲ ❓
...................................................................................
ရိုးရိုး Hard Disk တွေထက်ပိုမြန်တဲ့ Solid State Drives တွေရဲ့အကြောင်းကိုတော့ နည်းနည်းပါးပါး တီးမိခေါက်မိရှိတယ်။ ဒါပေမဲ့ M.2 တွေ SATA တွေ Nvme တွေနဲ့ရှုပ်နေတာပဲဆိုတဲ့ သူတွေအတွက်ကို ဒီ Article လေး ရေးပေးလိုက်ပါတယ်။
SSD တွေမှာ ပုံစံ ( form factor ) ကိုပုံမှန်အားဖြင့်နှစ်မျိုး တွေ့ရလေ့ရှိပါတယ်။ M.2 SSD နဲ့ 2.5 Inch SSD ဆိုပြီးတော့ပါ။ နောက်ထပ် Add-in SSD ဆိုတာလည်းရှိပါသေးတယ်။ M.2 SSD ဆိုတာ Computer ရဲ့ M.2 slot မှာစိုက်ရတဲ့ အချောင်းသေးသေးလေးပါ။ ပုံမှန်အားဖြင့် 80x22mm လောက်ရှိတတ်ပြီး အဲ့ထက်လည်း တိုနိုင်၊ ရှည်နိုင်ပါတယ်။ M.2 SSD ရဲ့ အရွယ်အစားကိုသူ့ရဲ့ နောက်မှာပါဝင်တဲ့ နံပါတ်တွေကို ကြည့်ပြီးသိနိုင်ပါတယ်။ ဥပမာ – M.2 Type-2280 လိုမျိုးပါ။ ပထမ နံပါတ် နှစ်ခုက အကျယ်ဖြစ်ပြီး၊ ဒုတိယနံပါတ် နှစ်ခုကတော့ အရှည်ဖြစ်ပါတယ်။ 2.5 inch SSD တွေကတော့ ပုံမှာ ပြထားတဲ့အတိုင်း HDD တွေနဲ့ဆင်တူတဲ့ Box လေးပါပဲ။ အခုနောက်ပိုင်းမှာတော့ Laptop တွေမှာ M.2 SSD တွေကို ပိုသုံးလေ့ရှိပါတယ်။ 2.5” SSD တွေနဲ့ယှဉ်ရင်နေရာစားသက်သာလို့ပါ။
M.2 SSD တွေမှာ Storage Size အများဆုံး 2TB ထိရှိတတ်ပါတယ်။ တခြား form factor တွေမှာ တော့အဲ့ထက် ပိုများများရနိုင်ပါတယ်။ M.2 SSD ကို ကိုယ့်ရဲ့ PC မှာသုံးဖို့အတွက် M.2 slot ပါဝင်တဲ့ motherboard လိုအပ်ပါတယ်။ တချို့ motherboard တွေမှာဆို M.2 slot နှစ်ခု၊ နှစ်ခုထက်ပိုပြီး ပါဝင်တာမျိုးလဲ ရှိတတ်ပါတယ်။
2.5 inch SSD တွေအနေနဲ့ ရိုးရိုး Hard Drive တွေမှာအသုံးပြုခဲ့တဲ့ SATA bus ကိုပဲ အသုံးပြုပါတယ်။ add-in card တွေမှာတော့ SATA ထက်ပိုမြန်ပြီး bandwidth ပိုများတဲ့ PCIe bus ကိုအသုံးပြုလေ့ရှိပါတယ်။
M.2 SSD တွေမှာတော့ sata အသုံးပြုထားတဲ့ SSD တွေရှိသလို၊ PCIe အသုံးပြုထားတဲ့ SSD တွေလဲရှိပါတယ်။ ဒါ့အပြင် SATA model တွေထက် 5 ဆလောက်ပိုပြီးမြန်တဲ့ PCIe with NVME interface သုံးထားတဲ့ SSD တွေလဲရှိပါသေးတယ်။ ဒါကြောင့် M.2 SSD တွေကိုအမျိုးအစားခွဲလိုက်မယ်ဆိုရင် ….
M.2 SSD with SATA based
M.2 SSD with PCIe-based without NVMe support
M.2 SSD with PCIe-based with NVMe-support
ဆိုပြီး သုံးမျိုးခွဲလို့ရပါတယ်။ SATA based က Speed အနှေးဆုံးဖြစ်ပြီး PCIe based with NVMe suport က အမြန်ဆုံးပါ။ ဒါကြောင့် ကိုယ့်ရဲ့ Laptop မှာ M.2 SSD ထပ်စိုက်မယ်ဆိုရင် motherboard က ဘယ်အမျိုးအစားကို support လုပ်သလဲဆိုတာကိုအရင်ဆုံးသိဖို့လိုအပ်မှာဖြစ်ပါတယ်။
29/06/2022
Hard disk ဆို တာ ဘာလဲ ❓ ဘယ်လို အလုပ်လုပ်လဲ ❓
ကွန်ပြူတာ တလုံးတွင် အသုံးပြုသော Hard disk သည် OS, software နှင့် data တို့ အကုန် သိမ်းဆည်းရာ နေ ဖြစ်ပါတယ်၊ အမြဲတမ်း သိမ်းဆည်းထား ရာ နေရာ လည်း ဖြစ်ပါတယ်၊ ဆိုလို သည် မှာ ကွန်ပြူတာ တလုံး ဖွင့်ထား ချိန်တွင် လိုအပ်သော data ကို သိမ်းဆည်းရာ၊ လိုအပ်သော software ကို အင်စတော လုပ်ရာ၊ နေရာ ဖြစ်ပြီး၊ ကွန်ပြူတာ မီးပိတ် ပြီး ပြန်ဖွင့် ပါက လည်း၊ ကွန်ပြူတာ ၏ RAM ထဲတွင် ရှိ သကဲ့သို့ ပျောက်ကွယ် မသွားပဲ ၎င်း တို့ သည် ဆက်လက် ရှိနေပြီး အသုံးပြုနိုင်ခြင်းမျိုး ဖြစ်ပါတယ်။
၁၉၅၆ ခုနှစ် တွင် IBM သည် ပထမဆုံး Hard Disk Drive (HDD) ကို စတင် အသုံးပြုသော အခါ၊ ၎င်း hard disk သည် 5 MB သာ သိမ်းဆည်း နိုင်ပြီး၊ တတန် ထက် ပိုလေးပါတယ်၊ ယခု အခါ (၂၀၁၇) တွင် 12 TB Helium-based HDD ကို Western Digital မှ ရရှိ နိုင်ပြီဖြစ်ပါတယ်၊ hard disk ကို connection types အမျိုးမျိုး ဖြင့် နေရာ အမျိုးအမျိုး တွင်၊ အသုံးပြုသည် ကို တွေ့နိုင်ပါတယ်၊ Hard disk ကို internal unit (သို့) external unit အနေဖြင့် တပ်ဆင် အသုံးပြုနိုင်ပါတယ်၊ ကွန်ပြူတာ ၏ အတွင်းပိုင်း တွင် တပ်ဆင် အသုံးပြု သည်သာ မကပဲ၊ external unit တခု အနေဖြင့်လည်း၊ အခြားသော ကိစ္စ များ၊ ဥပမာ။ ။ backup လုပ်ရန် အတွက် မျိုးလည်း အသုံးပြုကြပါတယ်။
Hard disk ကို ဖေါ်ပြပါ connection type များ ဖြင့်၊ ဆက်သွယ် နိုင်ပါတယ်၊ ၎င်းတို့မှာ USB, Firewire, SATA (Serial ATA), eSATA (External SATA) နှင့် SCSI (Small Computer System Interface) တို့ပဲ ဖြစ်ကြပါတယ်၊ အောက်ပါတို့ က တော့ သက်ဆိုင်ရာ interface အလိုက် သီအိုရီ အရ၊ ရရှိနိုင်သော speed များပဲ ဖြစ်ကြပါတယ်။
USB 1.1 – 15 Mbps
Ultra320 SCSI - 320 Mbps
FireWire (1394a) – 400 Mbps
USB 2.0 – 480 Mbps
Ultra640 SCSI - 640 Mbps
FireWire 800 (1394b) – 800 Mbps
SATA 1.5 – 1.5 Gbps
SATA 3.0 – 6.0 Gbps
SATA 3.2 – 16 Gbps
USB 3.0 – 4.8 Gbps
USB 3.1 – 10 Gbps
Conventional Hard disk တလုံး ဝယ်တော့ မယ် ဆိုရင် ယျေဘူယ ကြည့်ရမည့် အချက်အလက် များ က တော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
Capacity - ဘယ်လောက် ပမာဏ သိမ်းဆည်းနိုင်တဲ့ hard disk မျိုး ကို ရွှေးချယ် မလဲ ဆိုတာ မျိုးပါ၊ ဥပမာ။ ။ 1 TB hard disk
Data Access Performance - data အသွင်း၊ အထုတ် ဘယ်လောက်မြန် သလဲ ဆိုတာ ဖြစ်ပြီး၊ hard disk ၏ spindle motor လည်ပတ် နိုင်သည့်၊ နှုန်း Revolutions Per Minute, RPM ပေါ် မူတည် နေပါတယ်၊ ယျေဘူယ ရရှိ နိုင်သော RPM များ မှာ 5400, 7200, နှင့် 10,000 rpm တို့ပဲ ဖြစ်ကြပါတယ်။
Device Form Factor and Connection - Hard disk ကို ဘယ်လို interface/connection USB, Firewire, SATA (Serial ATA), eSATA (External SATA) နှင့် SCSI (Small Computer System Interface) မျိုးနဲ့ ဆက်သွယ် တယ် ဆိုတာ မျိုး ဖြစ်ပြီး၊ အထက် မှာ ဖေါ်ပြပြီး ဖြစ်ပါတယ်၊ Form Factor က တော့ hard disk ရဲ့ အရွယ် အစား ကို ဖေါ်ပြခြင်းမျိုး ပဲ ဖြစ်ပါတယ်၊ ရရှိ နိုင်သော အရွယ် အစား များ က တော့ 3.5, 2.5 နှင့် 1.8 inches တို့ ပဲ ဖြစ်ကြပါတယ်။
Hard disk တလုံး ရဲ့ အလုပ်လုပ် ပုံ ကို သူ့ တွင် ပါဝင်တဲ့ ပစ္စည်း များ ဖြင့် ရှင်းပြနိုင်ပါတယ်၊ hard disk ၏ ဖုံးအုပ်ထားသော အပေါ် cover ကို ခွါလိုက်ပါက အတွင်းတွင် အောက်ပါတို့ ကို တွေ့ရှိ ရမည် ဖြစ်ပါတယ်။
Magnetic platters -- Magnetic platters သည် အပေါ်ယံ တွင် သံလိုက် ပါ သော အဝိုင်းလေးများ ဖြစ်ပြီး၊ တခု ထက် ပို၍ ပါရှိနိုင်ပါတယ်၊ data များ ကို 0, 1 ပုံစံ ဖြင့် သိမ်းဆည်း ရာ အပိုင်း လည်း ဖြစ်ပါတယ်၊ သံလိုက် တွင် data များ ကို 0, 1 ပုံစံ ဖြင့် သိမ်းဆည်း ထားသော ကြောင့် ကွန်ပြူတာ မီးပိတ်သော်လည်း ပျောက်ဆုံးသွား ခြင်းမရှိပေ။
Central spindle motor - Central spindle motor လည်ပတ်တဲ့ အခါ၊ Magnetic platters များပါ လည်ပတ်ပါတယ်။
Read-write arm - Read-write arm သည် Magnetic platters ပေါ်တွင် ရှိသော data များ ကို read/write ပြုလုပ်ရာ တွင် အသုံးပြုပါတယ်။
Read-write head - Read-write head သည် Read-write arm ၏ အဆုံး တွင် တပ်ဆင်ထား သော ၊ အလွန် သေးငယ်သည့် သံလိုက် တခုပင် ဖြစ်ပါတယ်။
Actuator - Actuator သည် Read-write arm များ ကို Magnetic platters မှ data များ ကို ဖတ် နိုင်အောင် ရွှေ့ပေးရသော အရာ ပင် ဖြစ်ပါတယ်။
Circuit board - Circuit board က တော့ ကွန်ပြူတာ ၏ motherboard နှင့် hard disk အကြား data အဝင်/အထွက် ကို ထိန်းသိမ်း ပေးပါတယ်။
ယခုရေးထားသော အကြောင်းအရာ များ သည် conventional hard disk တလုံးအတွက် ဖြစ်ပါတယ်၊ ယခုအခါဝယ် ပိုမို မြန်ဆန်သော SSD (solid state drive) များ ကို ကွန်ပြူများတွင် internal unit များ အဖြစ်သာ မက၊ external unit များ အဖြစ်ပါ အသုံးပြု နိုင်သည် ကို တွေ့ရှိရမည် ။
29/06/2022
Motherboard တစ်ခုဘယ်လိုအလုပ်လုပ်သလဲ❓
Motherboard ဆိုတဲ့စကားလုံးကို တော်တော်များများကြားဖူးကြမှာပါ။ ဒါပေမယ့် motherboard တစ်လုံးဘယ်လိုအလုပ်လုပ်သလဲဆိုတာက❓
Motherboard ကို ကုမ္ပဏီကြီးတစ်ခုရဲ့ရုံးချုပ်အနေနဲ့စဉ်းစားကြည့်လိုက်ရအောင်။ ရုံးချုပ်ဆိုတာမျိုးမရှိရင် အလုပ်သမားတွေကိုတာဝန်တွေဘယ်သူက ခွဲဝေပေးမလဲ? ဒီလိုပါပဲ ကွန်ပျူတာတစ်လုံးရဲ့အချက်အခြာကလည်း motherboard ဖြစ်ပြီး ကွန်ပျူတာတစ်လုံးမှာရှိသမျှအရာတွေကို ချိတ်ဆက်ပေးထားပါတယ်။
ဒါဆို motherboard ဆိုတာဘာလဲ❓
Motherboard ဆိုတာက ကွန်ပျူတာတစ်လုံးအလုပ်လုပ်ဖို့ လိုအပ်တဲ့အစိတ်အပိုင်းတွေအားလုံး စုစည်းထားတဲ့ဆားကစ်ဘုတ်တစ်ခုပါပဲ။ အဓိကရုံးချုပ်လိုပဲလို့ ပြောပေမယ့်လည်း ကုမ္ပဏီတစ်ခုမှာအခွဲတွေလိုအပ်သလိုမျိုး motherboard မှာလည်း ဒေတာတွေအချင်းချင်းပေးပို့လို့ရမယ့် အစိတ်အပိုင်းတွေလိုပါသေးတယ်။
🎯 Form Factor
Form factor ဆိုတာကတော့ ပြောရရင် motherboard တစ်ခုတည်ဆောက်ပုံလို့ဆိုလို့ရပါတယ်။ အရွယ်၊ပုံစံ၊ layout တွေလိုက်ပြီး ကွဲပြားသွားနိုင်ပါတယ်။ motherboard တွေအလုပ်လုပ်တာက တူပေမယ့်လည်း မော်ဒယ်လ်တွေကွဲသွားတာနဲ့ ports, dimension နဲ့ တပ်ဆင်ထားတဲ့အပေါက် holes ပမာဏ ဒါတွေကွာသွားတတ်ပါတယ်။ နာမည်ကြီး form factor တွေဆိုရင်တော့
🔰ATX: dimension ကြီးတဲ့ကွန်ပျူတာတွေအတွက် သုံးတတ်ပါတယ်။ (12× 9.6 inch)
🔰Micro ATX: စံ ATX ကိုမှ ပိုသေးတဲ့ဗားရှင်းပါ။
🔰Mini-ATX: ခုနက micro ဗားရှင်းထက်ကိုပိုသေးပြီး မိုဘိုင်းလ် CPU တွေအတွက်သုံးပါတယ်။
🔰Mini-ITX: ATX board (6.7 × 6.7 inch) တွေထက်ပိုသေးပြီး ဒီ Mini-ITX form factor တွေကတော့ အသံအရမ်းငြိမ်ပြီး အားလည်းသိပ်မကုန်ပါဘူး။
🔰Nano-ITX: Pico နဲ့ Mini-ITX ကြားအရွယ်ဖြစ်ပြီး ပါးလွှာတဲ့ device တွေအတွက်သုံးပါတယ်။
🔰Pico-ITX: 3.9× 2.8 in ဖြစ်လို့ တော်တော်သေးတယ်ပြောလို့ရပြီး 1GB လောက်ထိထားနိုင်ပါတယ်။
🔰တခြား BTX, LPX နဲ့ NLX စတာတွေလည်း ရှိပါသေးတယ်။
🔺motherboard-form-factor
🎯 Chipset
Chipset ကတော့ CPU, Peripheral, ATA drive, graphics, မမ်မိုရီစတဲ့အစိတ်အပိုင်းတွေကြား ဒေတာတွေအပြန်အလှန်ပို့ပေးလို့ရနိုင်တာပါ။ သူ့မှာတော့ Northbridge နဲ့ Southbridge ဆိုပြီး ၂မျိုးရှိပါတယ်။
🔰 Northbridge: chipset ရဲ့မြောက်ဘက်ခြမ်းမှာရှိပြီး CPU, RAM, PCIe စတာတွေကို ဆက်သွယ်ထားပါတယ်။
🔰 Southbridge: chipset ရဲ့တောင်ဘက်ခြမ်းမှာရှိပြီး BIOS, USB, SATA, PCI စတာတွေကိုဆက်သွယ်ပေးထားပါတယ်။
🎯 CPU Socket
သူကတော့ CPU ထားတဲ့နေရာပါ။ CPU ဆိုတာက pin တွေအများကြီးပါတဲ့ လေးထောင်ပြားသေးသေးလေးဖြစ်ပြီး သူ့အောက်က connector တွေက chipset ရဲ့ northbridge ကနေ လုပ်ဆောင်ပေးလိုက်တဲ့ဒေတာတွေကို interpret လုပ်ပြီးမှ လိုအပ်တဲ့ဆီပေးပို့ပေးပါတယ်။ CPU က အမျိုးမျိုးသော အသေးအဖွဲလေးတွေကအစလုပ်ပေးရပြီး CPU စွမ်းရည်မြင့်မှသာ ကွန်ပျူတာတစ်လုံးရဲ့ အမြန်နှုန်းရော စွမ်းဆောင်ရည်ရောမြင့်မှာပါ။
🎯 Slots
motherboard-slots
သူတို့တွေကိုတော့ ကုမ္ပဏီတစ်ခုရဲ့အခွဲတွေလိုမျိုးသက်မှတ်လို့ရပါတယ်။ slots တွေဆိုတာ
🔰 Memory/DIMM slots – မမ်မိုရီသိမ်းဖို့/ RAM
🔰 PCI: ဗီဒီယို၊ network, sound cards လို expansion ကဒ်တွေနဲ့ချိတ်ဆက်ပေးပါတယ်။
🔰 PCIe: PCI ကိုမှ ဘယ်လို expansion card အမျိုးအစားနဲ့မဆိုအလုပ်လုပ်နိုင်ပါတယ်။
🔰 USB: flash drive လို USB connector တွေအတွက်သုံးနိုင်ပါတယ်။
🔰 SATA: hard disk/ solid-state drive (SSD) တို့အတွက်သုံးပါတယ်။
🎯 Data Bus
နာမည်လိုပဲ ခုနကဖော်ပြခဲ့တဲ့အစိတ်အပိုင်းတွေအတူတူအလုပ်လုပ်နိုင်ဖို့ ချိတ်ဆက်ပေးရမယ့် data bus တွေလိုပါတယ်။ အစိတ်အပိုင်းတစ်ခုကနေ နောက်တစ်ခုဆီ ဒေတာတွေကို data bus နဲ့ပေးပို့ရပါတယ်။
အားလုံးပေါင်းပြီးဘယ်လိုအလုပ်လုပ်သလဲ?
ကွန်ပျူတာကိုဖွင့်လိုက်တာနဲ့ ပါဝါအားကို motherboard ဆီအရင်ပို့လိုက်ပါတယ်။
ဒေတာတွေကို Data bus တွေကနေ northbridge နဲ့ southbridge ကြား လွှဲပြောင်းပေးပို့ပေးပါတယ်။
Northbridge မှာ CPU ဆီကို RAM ကနေ input သွင်း၊ သွင်းလိုက်တဲ့ input ဒေတာတွေကို interpret လုပ်ပြီး output ဒေတာတွေအနေနဲ့ထုတ်ပေးပါတယ်။ PCIe ကိုရောက်လာတဲ့ဒေတာတွေကိုတော့ expansion card တွေဆီပေးပို့လိုက်ပါတယ်။
Southbridge မှာတော့ BIOS(Basic Input Output System) ဆီလာတဲ့ signal အချက်ပြတွေက ကွန်ပျူတာကို boot လုပ်ပြီး SATA ဆီပို့လာတဲ့ဒေတာတွေကhard disk, SSD တွေကိုအလုပ်လုပ်စေပြီးSATA ဆီက ဒေတာတွေကတော့ ဗီဒီယို၊ နက်ဝါ့ခ်နဲ့ sound card တွေအတွက်သုံးတာပါ။
Motherboard တစ်လုံးကောင်းကောင်းအလုပ်လုပ်ဖို့အတွက် အခုဖော်ပြခဲ့တဲ့ component တွေအားလုံးပေါင်းပြီး အလုပ်လုပ်နိုင်မှ မြန်မြန်ဆန်ဆန်နဲ့စွမ်းအင်ပြည့်ဝတဲ့ကွန်ပျူတာတစ်လုံးကို သုံးလို့ရနိုင်မှာဖြစ်ပါတယ်။
27/02/2022
❌ ငွေကြိုလွဲစရာမလိုပါ ❌
တစ်ခြားသော ဖုန်း များနှင့်ဆက်သွယ်ပြီး ငွေကြိုလွဲခိုင်းခြင်းများ အထူးသတိပြုနိုင်ပါရန် တင်ပြခြင်း (Update- 03 July 2022)
ဒီဖုန်းနံပါတ်သာလျှင် Data Box ရဲ့ ဖုန်းနံပါတ် အမှန် ဖြစ်ပါတယ်။
Data Box ☎️ 09 778 295 155 ☎️
Data Box ☎️ 09 778 295 155 ☎️
Data Box ☎️ 09 778 295 155 ☎️
Data Box ☎️ 09 778 295 155 ☎️
Data Box ☎️ 09 778 295 155 ☎️
ငွေပေးချေမူများနှင့်ပတ်သတ်ပြီး မရှင်းလင်းပါက ယခုဖုန်းနံပါတ်ကို ချက်ချင်းဖုန်းဆက်ပြီး မေးမြန်းပါ။
Data Box 09778295155 ဒီဖုန်းနံပါတ်နဲ့ပြောဆိုထားသော အကြောင်းအရာကိစ္စရပ်များအတွက် အပြည့်အ၀ တာဝန်ယူဖြေရှင်းပေးပါမည်။
သင်ခန်းစာOTG memory stick မှာယူသူများ အနေဖြင့် (ငွေလိမ်လည်ခံရခြင်းများရှိနေပါသောကြောင့် အများမြင်ရသော comment တွင် ဖုန်းနံပါတ်ပေးထားပါက သတိထားနိုင်ပါရန်)
လူလိမ်များကိုလည်း စုံစမ်းစစ်ဆေးထားပြီး လူလိမ်များရဲ့ အချက်အလက်လိပ်စာများလည်း ရရှိထားပါပြီ။ Bank နဲ့ သက်ဆိုင်ရာကနေ ဆက်လက်ပြီးဆောင်ရွက်နေပါတယ်။
20/01/2022
Internet မလိုပဲ ကွန်ပျူတာ ပညာရပ်များကို ကျွမ်းကျင်စွာ တတ်မြောက်လိုပါသလား
Computer တစ်လုံး (or) Phone တစ်လုံး ရှိရုံ နဲ့ ကွန်ပျူတာ ပညာရပ်တွေကို ကျွမ်းကျင်ဖို့ အိမ်မှာနေရင်း သင်တန်းတက်သကဲ့သို့ လေ့လာနိုင်ပါပြီ။
ပါဝင်မည့် သင်ခန်းစာများ (ပြထားတဲ့ သင်ခန်းစာအားလုံး ပါဝင်ပါမည်) ..........
📂➡ အခြေခံ ကွန်ပျူတာအသုံးပြုနည်း Basic Computer သင်ခန်းစာ (သင်ကြားချိန်-3:20 နာရီ + video 36 files)
📂➡ အဆင့်မြင့် ကွန်ပျူတာအသုံးပြုနည်း Advanced Computer သင်ခန်းစာ (သင်ကြားချိန်-3:20 နာရီ + video 36 files)
📂➡ Computer Command Line cmd ကို ကျွမ်းကျင်စွာအသုံးပြုနည်းနိုင်ရန် သင်ခန်းစာ (သင်ကြားချိန်-1:50 နာရီ + video 24 files)
📂➡ Laptop နှင့် Desktop computer တပ်ဆင်ပြုပြင်ထိန်းသိမ်းနည်း သင်ခန်းစာ (သင်ကြားချိန်-4:15 နာရီ + video 11 files)
📂➡ Windows အမျိုးမျိုး Installation လုပ်နည်း၊ အသုံးပြုနည်း သင်ခန်းစာ (သင်ကြားချိန်-4:00 နာရီ + video 31 files)
📂➡ Windows 10 ကိုကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် အသေးစိတ် သင်ခန်းစာ (သင်ကြားချိန်-5:45 နာရီ + video 83 files)
📂➡ Software တွေတင်ခြင်းအတွက် Windows Register အကြောင်း အသေးစိတ်သင်ခန်းစာ (သင်ကြားချိန်-0:45 နာရီ + video 14 files)
📂➡ Computer Windows မှာဖြစ်တက်တဲ့ ပြသနာများကို Trouble Shooting လုပ်ခြင်းအသေးစိတ် သင်ခန်းစာ (သင်ကြားချိန်-1:15 နာရီ + video 10 files)
📂➡ Microsoft Office Word ကျွမ်းကျင်စွာအသုံးပြုနည်း သင်ခန်းစာ (သင်ကြားချိန်-3:20 နာရီ + video 38 files)
📂➡ Microsoft Office Power Point ကျွမ်းကျင်စွာအသုံးပြုနည်း သင်ခန်းစာ (သင်ကြားချိန်-2:15 နာရီ + video 25 files)
📂➡ စီးပွားရေးလုပ်ငန်းများအတွက် စာရင်းအထုတ်အသွင်းနှင့် ဇယားကွက်ဆွဲခြင်းများအတွက် Excel အခြေခံမှသည် အဆင့်မြင့် Advance Excel အသုံးပြုနည်း သင်ခန်းစာများ
📂➡ Microsoft Office Excel Basic သင်ခန်းစာ (သင်ကြားချိန်-2:20 နာရီ + video 25 files)
📂➡ Microsoft Office Excel Advanced သင်ခန်းစာ (သင်ကြားချိန်-3:18 နာရီ + video 17 files)
📂➡ ဓာတ်ပုံပြုပြင်ရန်အတွက် လွယ်ကူရှင်းလင်းစွာ တစ်ဆင့်ချင်းရှင်းပြထားသော Adobe Photoshop သင်ခန်းစာများ
📂➡ Adobe Photoshop Basic to Advanced သင်ခန်းစာ (သင်ကြားချိန်-11:10 နာရီ + video 109 files)
📂➡ Adobe Photoshop Lectures သင်ခန်းစာ (သင်ကြားချိန်-2:00 နာရီ + video 24 files + Exercise Files)
📂➡ Adobe Pagemaker ကျွမ်းကျင်စွာအသုံးပြုနည်း သင်ခန်းစာ (သင်ကြားချိန်-2:18 နာရီ + video 24 files)
📂➡ Adobe Illustrator ကျွမ်းကျင်စွာအသုံးပြုနည်း သင်ခန်းစာ (သင်ကြားချိန်-15:40 နာရီ + video 54 files)
📂➡ Adobe Indesign ကျွမ်းကျင်စွာအသုံးပြုနည်း သင်ခန်းစာ (သင်ကြားချိန်-4:25 နာရီ + video 52 files)
📂➡ Video Editing ဗီဒီယို ပြုပြင် တည်းဖြတ်ခြင်း အတွက် ( Adobe Premiere Pro , Adobe After Effects , Adobe Premiere Edition ) တို့ကို ကျွမ်းကျင်စွာအသုံးပြုနည်း သင်ခန်းစာများ
📂➡ Adobe Premiere Pro ကျွမ်းကျင်စွာအသုံးပြုနည်း သင်ခန်းစာ (သင်ကြားချိန်-4:30 နာရီ + video 33 files)
📂➡ Adobe After Effects ကျွမ်းကျင်စွာအသုံးပြုနည်း သင်ခန်းစာ (သင်ကြားချိန်-5:30 နာရီ + video 95 files)
📂➡ Adobe Premiere Edition ကျွမ်းကျင်စွာအသုံးပြုနည်း သင်ခန်းစာ (သင်ကြားချိန်-4:40 နာရီ + video 36 files)
📂➡ Corel Draw ကိုကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် အသေးစိတ် သင်ခန်းစာ (သင်ကြားချိန်-5:18 နာရီ + video 84 files)
📂➡ Internet & Email ( MozilaFirefox , Youtube, Gmail , Skype , Twitter ) စသည်တို့ကို ကျွမ်းကျင်စွာအသုံးပြုနည်း သင်ခန်းစာများ (သင်ကြားချိန်-2:00 နာရီ + video 22 files)
📂➡ Facebook ကျွမ်းကျင်စွာအသုံးပြုနည်း၊ အကောင့်သစ်ဖွင့်နည်း၊ page ထောင်နည်း နှင့် လုံခြံစွာထိန်းသိမ်းနည်း စတဲ့ သင်ခန်းစာများ (သင်ကြားချိန်-1:00 နာရီ + video 17 files)
📂➡ Android ဖုန်းအမျိုးမျိုးအား Root ပြုလုပ်နည်း၊ custom rom တင်နည်း၊ Services & Repairing လုပ်နည်း သင်ခန်းစာ (သင်ကြားချိန်-5:15 နာရီ + video 50 files)
📂➡ Phone Hardware ဖုန်းပြုပြင်ခြင်း အသေးစိတ် သင်ခန်းစာ (သင်ကြားချိန်-5:10 နာရီ + video 46 files)
📂➡ Computer A+ ခြေခံ သင်ခန်းစာ (သင်ကြားချိန်-6:25 နာရီ + video 24 files)
📂➡ Computer A+ အဆင့်မြင့် သင်ခန်းစာ (သင်ကြားချိန်-3:00 နာရီ + video 29 files)
📂➡ Hacking နှင့်ပတ်သက်သော သင်ခန်းစာများ (သင်ကြားချိန်-3:10 နာရီ + video 27 files)
📂➡ Networking အခြေခံ အဆင့်မြင့် နှင့် Wireless ပိုင်းဆိုင်ရာ သင်ခန်းစာ (သင်ကြားချိန်-7:10 နာရီ + video 33 files)
📂➡ Programming သမားများအတွက် C Programing (သင်ကြားချိန်-10:10 နာရီ + video 70 files), C++ (သင်ကြားချိန်-7:40 နာရီ + video 40 files) , C # , PHP(သင်ကြားချိန်-1:30 နာရီ + video 3 files) ,Python (သင်ကြားချိန်-9:00 နာရီ + video 23 files) ဆိုင်ရာ အသေးစိတ် သင်ခန်းစာများ
📂➡ ကိုယ်ပိုင် website တစ်ခုတည်ဆောက်ခြင်း၊ CMS (သင်ကြားချိန်-3:45 နာရီ + video 43 files) ,HTML,CSS ၊ Web Development & Website ရေးနည်း သင်ခန်းစာများ (သင်ကြားချိန်-3:25 နာရီ + video 18 files)
📂➡ Blog အကြောင်းသေးစိတ်သင်ခန်းစာ (သင်ကြားချိန်-1:30 နာရီ + video 17 files)
📂➡ Lightroom Lr အသုံးပြုနည်း သင်ခန်းစာ (သင်ကြားချိန်-1:15 နာရီ + video 5 files)
📂➡ Telegram အသုံးပြုနည်း သင်ခန်းစာ (သင်ကြားချိန်-0:15 နာရီ + video 5 files)
📂➡ Zoom အသုံးပြုနည်း သင်ခန်းစာ (သင်ကြားချိန်-1:20 နာရီ + video 10 files)
📂➡ လေ့လာရန် လွယ်ကူအောင် စနစ်တကျ စီစဉ်ပေးထားတဲ့ မသိမဖြစ်သိထားရမည့် မြန်မာလို အကောင်းဆုံး ကွန်ပျူတာ Ebooks စာအုပ် 1000 ကျော်
📂➡ AutoCAD , SketchUP , 3Ds Max မြန်မာလို Ebooks သင်ခန်းစာ စာအုပ်ကောင်းများ
📂➡ Electronic ဆိုင်ရာ သင်ခန်းစာများ
📂➡ Database ဆိုင်ရာ သင်ခန်းစာများ
📂➡ Windows Server 2003 တည်ဆောက်ခြင်း၊ Server ပိုင်းအတွက် (Windows - Linux) ဆိုင်ရာ သင်ခန်းစာများ
📂➡ Web & Network Security သမားများအတွက် အဆင့်မြင့် ကွန်ရက် လုံခြုံရေးဆိုင်ရာ သင်ခန်းစာများ
🔶အထက်ပါ သင်ခန်းစာများ အာလုံးပါဝင်တဲ့
32GB OTG Memory Stick💾ကို - 18000 Ks ပါ။ (ပို့ဆောင်ခ အခမဲ့)
🔶 တစ်သက်တာ အာမခံ Memory Stick ဖြစ်တဲ့အတွက် အသုံးပြုရင်း Error တစုံတရာဖြစ်ခဲ့ရင် အသစ်ပြန်လည် လဲလှယ်ပေးမှာ ဖြစ်ပါတယ်။ (အာမခံ ဘောင်ချာပါမည်)
🔶မြန်မာနိုင်ငံအနှံ မြို့/နယ် များသို့ အိမ်အရောက်/ပစ္စည်းရောက်မှသာငွေ ပေးချေရမယ့်စနစ်နဲ့ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
📦 မှာယူရန်
✅ အမည်
✅ ဖုန်းနံပါတ်
✅ နေရပ်လိပ်စာအပြည့်အစုံ ကို
Chat Box (or) 09778295155(phone&viber) တို့တွင်ပေးပို့ မှာယူပေးပါ။
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
PyiGyiTaGon Township/122 Street×BaHtoo Street/Mandalay City
Mandalay
05055