D & J International

D & J International

Share

We have proudly served our community since 2020.

D&J International is a learning centre that nurtures each student's potential through confidence, creativity, and critical thinking, while guiding them toward academic advancement and success.

14/07/2026

ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေ တည်ဆောက်ဖို့... ကျွန်တော်တို့ဆီမှာ အရည်အချင်းပြည့်ဝတဲ့ ဆောက်လုပ်ရေးပညာရှင်တွေ ဘယ်လောက်တောင် လိုအပ်နေပြီလဲ? 🏗️

မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ ငလျင်လှုပ်ခတ်မှုတွေကြောင့် အဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှုနဲ့ ဘေးကင်းလုံခြုံရေးဟာ လူတိုင်းအတွက် အစိုးရိမ်ရဆုံးကိစ္စတစ်ခု ဖြစ်လာလို့နေပါတယိခင်ဗျ..ဒီလိုအချိန်မှာ သာမန်ဆောက်လုပ်ရေးထက် ဘေးအန္တရာယ်ကင်းပြီး စနစ်ကျတဲ့ ငလျင်ဒဏ်ခံအဆောက်အအုံတွေကို စီမံခန့်ခွဲနိုင်မယ့် Professional တွေ ကိုမြန်မာနိုင်ငံမှာ အရေးတကြီး လိုအပ်နေလို့နေပါတယ်ခင်ဗျ..

ဒါကြောင့်မို့လို့ ခေတ်နဲ့အညီ အလိုအပ်ဆုံးဖြစ်နေတဲ့ ပညာရပ်ကို ထိထိရောက်ရောက် သင်ယူချင်တဲ့ မြန်မာကျောင်းသားတွေအတွက် စင်ကာပူနိုင်ငံရဲ့ ထိပ်တန်းကျောင်းကြီးဖြစ်တဲ့ BCA Academy ရဲ့ Diploma in Construction Engineering ✨ ကိုရွေးချယ်ဖို့အကြံပေးချင်ပါတယ်ခင်ဗျ✨

🤔 မြန်မာကျောင်းသားတွေအနေနဲ့ ဒီဘာသာရပ်ကို ဘာကြောင့် အဓိကရွေးချယ်သင့်တာလဲ?

စင်ကာပူနိုင်ငံရဲ့ ကမ္ဘာ့အဆင့်မီ Construction Technology တွေ၊ ဘေးကင်းလုံခြုံမှုဆိုင်ရာ Standard တွေနဲ့ အဆောက်အအုံ ကြံ့ခိုင်မှုတွက်ချက်နည်းတွေကို စနစ်တကျ သင်ယူရမှာ ဖြစ်ပါတဲ့အပြင်သာမန်အင်ဂျင်နီယာအဆင့်ထက်ကျော်လွန်ပြီး သဘာဝဘေးအန္တရာယ်တွေကို ကြံ့ကြံ့ခံနိုင်မယ့် Project တွေကို ဦးဆောင်နိုင်တဲ့ အရည်အချင်းစစ် ပညာရှင်ဖြစ်လာဖို့အတွက် BCA Acedamyမှာလက်တွေ့ စာတွေ့အပြင် Real Life experience ရအောင်Intershipတွေပါစီစဉ်ပေးနေတာမလို့ Engineering ဆိုရင် BCA Academy ကိုRecommand လုပ်ချင်ပါတယ်ခင်ဗျ…

🫶🏿လတ်တလော အခြေအနေတွေအရ အရည်အသွေးပြည့်ဝတဲ့ Construction Engineer တွေအတွက် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းခွင်တွေမှာ နေရာကောင်းနဲ့ အခွင့်အလမ်းကောင်းတွေ အများကြီး ရှိနေပါတယ်ခင်ဗျ..LinkIn လိုနေရာမျိုးတွေမှာလည်းလစာကောင်းတွေနဲ့ခေါ်နေတာမျိုးတွေရှိပါတယ်ခင်ဗျ..

🎯 သင့်အနာဂတ်အတွက် အကောင်းဆုံးပြင်ဆင်မှုကို D&J International School မှာ အသေးစိတ်တိုင်ပင်လိုက်ပါခင်ဗျ

ကျောင်းဝင်ခွင့် လိုအပ်ချက်တွေ၊ Scholarship အခွင့်အလမ်းတွေနဲ့ ပက်သက်ပြီးတော့ ကျောင်းဝင်ခွင့် တွေဗီဇာလျှောက်ထားမှု လုပ်ငန်းစဉ်တွေကို အမှားအယွင်းမရှိစေဖို့ အတွက် D&J International School က ဆရာတွေကအသေးစိတ် ဆွေးနွေးတိုင်ပင်ပေးနေပါပြီခင်ဗျ..

📍 D&J International School
🏢 62(A) Street, Between 33 & 34 Street, Chan Aye Tharzan, Mandalay
📞 09-941494492 | 09-5196893

Photos from D & J International's post 12/07/2026

✅Singapore မှာရှိတဲ့ Polytechnic ကျောင်းများမှာ ပညာဆက်သင်ယူဖို့ အိပ်မက်ရှိပြီးပြည်ပ သို့ အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေသောကျောင်းသားကျောင်းသူများနှင့် Singapore နိုင်ငံတွင် Secondary education certificate exam များကို Private candidates အနေ ဖြင့် ဖြေ ဆိုလိုသော ကျောင်းသားကျောင်းသူများအတွက် (Batch-3) 🇸🇬Online class

- ✅[ ] ပြည်ပမှာရောက်ရှိနေပြီး Singapore မှာရှိတဲ့ Polytechnic ကျောင်းများ (SP, NP, TP, RP, NYP) တက်ဖို့ ပြင်ဆင်နေသူများအတွက် D&J International School ရဲ့ Batch-3သင်တန်းအကြောင်းအသေးစိတ် သိရှိ လိုပါက Page messenger သို့မဟုတ် ဖုန်းနံ ပါတ် 09941494492 သိူ့ဆက်သွယ် မေးမြန်းနိုင်ပါသည်။

📅 Registration Extended to 31st August (Singapore Secondary education Certificate)

📅 Exam Registration period 10th to 17th April 2027 Register လုပ်ရန် passportမဖြစ်မနေ ရှိ ရန် လိုအပ်သည်။

🚀 Class Fresh start – ( PM sessions )

ဒီ post မှာတော့
Subject Combination for G2 & G3 အကြောင်းလေး အသေးစိတ် တင်ပြထားပေးပါတယ်.

✨ ဒီသင်တန်းရဲ့ အားသာချက်များ

✅ Burmese subject ကို booster အဖြစ် အသုံးပြုပြီး cut-off points မြှင့်တင်နိုင်ခြင်း
✅ Physics / Chemistry / Biology Practical workshops ဖြင့် လက်တွေ့ training
✅ Polytechnic admission အတွက် subject selection guidance
✅ Singapore မှာ prepare လုပ်တာထက် ကုန်ကျစရိတ် သက်သာခြင်း
✅ Polytechnic ဝင်ခွင့်ရရှိခဲ့တဲ့ ကျောင်းသားဟောင်းများ ရဲ့ အောင်မြင်မှုရလဒ်များ

✅အားလုံးသိထားတဲ့အတိုင်း Singapore’s Polytechnics တွေက နိုင်ငံရဲ့ပညာရေးဖြတ် ထားတဲဲ့cut off points 3-25အတွင်း လက်ခံတာဖြစ်လို့ point 20 ကျော် ရလည်းကျောင်းမရမှာစိုးရိမ်စရာမလိုအပ်တော့ပါဘူးနော်!!!

🎯 ဒီသင်တန်းက ဘယ်သူတွေအတွက်လဲ?

📍 Singapore မှာရောက်ရှိနေပြီး Polytechnic တက်ချင်သူများ
📍 SP / NP / TP / RP / NYP Polytechnic ကျောင်းများကို ရည်မှန်းထားသူများ
📍 Private Candidate အဖြစ် အချိန်တိုအတွင်း အမှတ်ကောင်းနဲ့ ဝင်ခွင့်ရချင်သူများ

📍 Singapore ရှိ အစိုးရ Junior college များသို့ဝင်ခွင့်လျှောက်ထားလိုသူများ

🚀 Polytechnic ကို ရာနှုန်းပြည့်တက်ဖို့ ဆုံးဖြတ်ထားရင် ယခုလမ်းကြောင်းကို အခုကစပြီး စတင်လိုက်ပါ။သင့်အတွက် No regret ပါ
💬 Comment မှာ “INFO” လို့ရေးပေးပါ
(သို့မဟုတ်)
📩 Page Inbox မှာ တိုက်ရိုက်မေးမြန်းနိုင်ပါတယ်

📍 D&J International School
🏢 62(A) Street, Between 33 & 34 Street, Chan Aye Tharzan, Mandalay
📞 09-941494492 | 09-5196893
📧 [email protected]

10/07/2026

စင်ကာပူမှာ ကျောင်းတက်ရင်း လစာပါရမယ့် BCA Academy ရဲ့ Paid Internship (IWSD) အကြောင်း သိပြီးပြီလား?🇸🇬

စင်ကာပူမှာ အလုပ်အကိုင် အာမခံချက်အရှိဆုံးနဲ့ နည်းပညာပိုင်းဆိုင်ရာ အချက်အချာကျတဲ့ Built Environment နယ်ပယ်ထဲကို ဝင်ရောက်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းသား/သူတွေအတွက် BCA Academy ရဲ့ Integrated Work-Study Diploma (IWSD)ဒီနေ့မှာပြောပြပေးချင်ပါတယ်…

💡 IWSD ပရိုဂရမ်ဆိုတာ ဘာလဲ?

"ကျောင်းလည်းတက်၊ လစာလည်းရ၊ အတွေ့အကြုံလည်းရှာ" လို့ ရမယ့် Learn and Earn စနစ် တခုဘဲဖြစ်ပါတယ်ခင်ဗျာ စာသင်ခန်းထဲက စာသင်ယူမှုတင်မကဘဲ စင်ကာပူရဲ့ ထိပ်တန်းဆောက်လုပ်ရေးနဲ့ အင်ဂျင်နီယာ လုပ်ငန်းခွင်တွေမှာ Paid Internship အဖြစ် တိုက်ရိုက် လက်တွေ့ ကွင်းဆင်းရမှာဖြစ်ပါတယ်ခင်ဗျာ

🛠️ ရွေးချယ်နိုင်မယ့် အဓိက မေဂျာ (၄) ခုကတော့
ခေတ်အမီဆုံး Digital နည်းပညာတွေ ပေါင်းစပ်ထားတဲ့ (၃) နှစ်သင် ဒီပလိုမာ မေဂျာတွေ ဖြစ်ကြတဲ့
😎Diploma in Construction Engineering (Digital)
😎Diploma in Digital Engineering
😎Diploma in Digital and Smart Facilities Management
😎Diploma in Digital and Sustainable Architectureတို့ဘဲဖြစ်ပါတယ်ခင်ဗျ

✨ ဒီပရိုဂရမ်ရဲ့ အဓိက အားသာချက်တွေကတော့

🤟🏻Paid Internshipဖြစ်တဲ့အတွက်အလုပ်သင်ဆင်းနေစဉ်အတွင်း သတ်မှတ်ထားတဲ့ လစာငွေ ခံစားခွင့်ကိုရရှိမှာ ဖြစ်ပါတယ်ခင်ဗျ..

🤟🏻ကျောင်းပြီးတာနဲ့ (Job-Ready): လို့သတ်မှတ်တဲ့အတွက် ကမ္ဘာ့အဆင့်မှီ နည်းပညာတွေဖြစ်တဲ့ BIM (Building Information Modelling) နဲ့ Smart နည်းပညာတွေကို စနစ်တကျ တတ်မြောက်သွားမှာဖြစ်လို့ ဘွဲ့ရတာနဲ့ လုပ်ငန်းခွင်ထဲ တိုက်ရိုက်ဝင်နိုင်ပါတယ်ခင်ဗျာ

နိုင်ငံတကာ ကော အသိအမှတ်ပြုရဲ့လား😬?
ဒီပလိုမာဘွဲ့အပြင် Resident Technical Officer (RTO) နဲ့ Green Mark Accredited Professional (GMAP) လိုမျိုးစင်ကာပူလုပ်ငန်းခွင်ဝင် Professional လက်မှတ်များကိုပါ သတ်မှတ်ချက်ပြည့်မီပါက တစ်ပါတည်း ရရှိနိုင်မှာဘဲဖြစ်ပါတယ်ခင်ဗျာ…

🇲🇲 မြန်မာကျောင်းသားများအတွက်(Entry Requirements)တွေကတော့

🫶🏿ဆယ်တန်း (စနစ်ဟောင်း) အောင် သို့မဟုတ် Grade 12 (စနစ်သစ်) အောင်မြင်ထားသူများ တက်ရောက်နိုင်ခွင့်ရှိပါတယ်ခင်ဗျာ

🤭IGCSE O level 5ဘာသာပေါင်းအနည်းဆုံး Grade1-7ရထားတယ်ဆိုရင်လည်း Tryလို့ရပါတယ်ခင်ဗျ..

🤟🏻English၊Maths နဲ့Relevant Subjectတခုခုတွင် အောင်မှတ် (Pass) ရှိထားဖို့လိုပါမယ်ခင်ဗျ
အရည်အချင်း လိုအပ်ချက်ရှိပါက ကျောင်းဘက်မှ စစ်ဆေးမည့် Admission Screening Test ကို ဖြေဆိုပြီး တက်ရောက်ခွင့် လည်းလျှောက်ထားနိုင်ပါသေးတယ်ခင်ဗျ…

🤟🏻နိုင်ငံတကာကျောင်းသားများအတွက် အဆင်ပြေစေရန် ကျောင်းမစမီ Janမှ Marchအထိ (၃) လကြာ အခြေခံ Communication စွမ်းရည်နဲ့ Digital Drawing အခြေခံတွေကို ပံ့ပိုးပေးတဲ့ IWSD Pathway Programme (IPP) ကိုလည်း ကြိုတင် တက်ရောက်ခွင့်ပေးထားပါသေးတယ်ခင်ဗျ..

✅Durationအနေနဲ့ကတော့ ၃နှစ်ကြာမြင့်မှာဖြစ်ပြီး Intakeကတော့ Aprilလတလထဲသာခေါ်ယူနေတာဘဲဖြစ်ပါတယ်ခင်ဗျ….

ဒီလိုကျောင်းတက်ဖို့ကိစ္စစရပ်တွေအသေးစိတ်နဲ့ IGCSEတန်းခွဲသစ်တွေအတွက် D&J International Schoolကိုခုဘဲဆက်သွယ်လိုက်ပါနော်…

• 📞 Phone: 09-941494492, 09-5196893
• 📧 Email: [email protected]
• 📍 Address: လမ်း ၆၂(A)၊ ၃၃ လမ်း နှင့် ၃၄ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
acedamy

10/07/2026

🌍 Cambridge IGCSE /O-level Environmental Management vs Singapore G3 Pure Geography — ဘယ်သင်ရိုးက သင့်ကလေးနဲ့ အကိုက်ညီဆုံးလဲ။ 🎓

နိုင်ငံတကာအဆင့်မီ 21st Century Skills တွေ၊ ကမ္ဘာကြီးရဲ့ ဖြစ်စဉ်တွေကို စနစ်တကျ လေ့လာချင်တဲ့ ကျောင်းသား/သူတွေအတွက် လူကြိုက်အများဆုံး သင်ရိုးညွှန်းတမ်းကြီး နှစ်ခုအကြောင်းကို D&J Education Centre ကနေ အနှစ်ချုပ် ဝေမျှပေးလိုက်ပါတယ်။ ✨

အပေါ်ယံကြည့်ရင် ဆင်တူသလိုလိုနဲ့ ချဉ်းကပ်ပုံချင်း လုံးဝမတူတဲ့ ဒီသင်ရိုးနှစ်ခုရဲ့ Similarities (တူညီချက်များ) နဲ့ Differences (ကွဲပြားချက်များ) ကို အတူတူ ကြည့်လိုက်ရအောင်။

🤝 What are the Similarities? (တူညီချက်များ)
1️⃣ Core Global Themes: သင်ရိုးနှစ်ခုလုံးမှာ ကမ္ဘာကြီးပူနွေးလာမှု (Global Warming)၊ ရာသီဥတုပြောင်းလဲမှု (Climate Change)၊ ခရီးသွားလုပ်ငန်း (Tourism) နဲ့ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး (Sustainability) စတဲ့ လက်ရှိကမ္ဘာ့အရေးကြီးဆုံး Core Topic တွေကို အဓိကထား သင်ကြားရပါတယ်။
2️⃣ Analytical Thinking: စာအုပ်ထဲက စာတွေကို အလွတ်ကျက်ရုံနဲ့ မရဘဲ လက်တွေ့ Case Studies တွေကို အခြေခံပြီး ကိုယ်ပိုင်တွေးခေါ်မှု (Critical Thinking) နဲ့ သုံးသပ်ဖြေဆိုရတဲ့ စနစ်ချင်း တူညီကြပါတယ်။
3️⃣ Data Skills: Map တွေ၊ Tables တွေ၊ Graph Line တွေနဲ့ Data အချက်အလက်တွေကို သေချာဖတ်ရှုပြီး တီထွင်ဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ အဖြေရှာရတဲ့ Data Inquiry Framework စွမ်းရည်တွေကို နှစ်ခုလုံးမှာ မွေးမြူပေးပါတယ်။

🔍 What are the Differences? (ကွဲပြားချက်များ)

📊 1. Cambridge IGCSE Environmental Management
Focus: "လူသားတွေနဲ့ သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှု" ကို အဓိကထားပါတယ်။
Approach: သိပ္ပံ (Science) နဲ့ စီမံခန့်ခွဲမှု (Management) ပေါင်းစပ်ထားတဲ့ ပုံစံပါ။ ကမ္ဘာ့အခြေအနေတွေကို Ecosystem ပတ်ဝန်းကျင်ရှုထောင့်၊ စီးပွားရေးနဲ့ စွမ်းအင်အရင်းအမြစ် မျှတအောင် ဘယ်လိုထိန်းသိမ်းမလဲဆိုတဲ့ အသုံးချစနစ် (Applied Science) ပိုင်းကို ပိုဦးစားပေးပါတယ်။

Who is it for? နောင်တစ်ချိန်မှာ Environmentalist, Resource Manager သို့မဟုတ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိပ္ပံဘာသာရပ်တွေကို ဆက်တက်မယ့်ကလေးတွေအတွက် ကွက်တိပါပဲ။

အထွေထွေသိပ္ပံ သင်ရိုး (General science ) မှ အလယ်တန်း အဆင့် အခန်း (၅) ကမ္ဘာမြေကြီးနှင့်အာကာသ သင်ခန်းစာ ကို အကျယ်တဝန့် English လို သင်ယူရသည့်ပုံဖြစ်သည်။ Chemistry/Physics /Biology သဘောတရား နှင့်တွေးခေါ် ယူဆ ရသော ဘာသာရပ်ဖြစ်သောကြောင့် Biology ယူရန် ဆန္ဒမရှိသော ကျောင်းသားများအတွက် good score ရရန် လွယ်ကူသောဘာသာရပ်ဖြစ်သည် ။

🇸🇬 2. Singapore G3 Pure Geography
Focus: "ကမ္ဘာမြေရဲ့ သဘာဝရုပ်ပိုင်းဆိုင်ရာဖြစ်စဉ်များနှင့် မြို့ပြဖွံ့ဖြိုးမှု" ကို ဇောက်ချလေ့လာပါတယ်။

Approach: ပထဝီဝင်စစ်စစ် (Pure Geography) ရော၊ လူမှုအခြေပြုမြို့ပြဖြစ်စဉ် (Human Geography) ကိုပါ အသေးစိတ်ကျကျ သင်ရတာပါ။ ဥပမာ- ကမ္ဘာ့မြေလွှာပြားတွေ ဘယ်လိုရွေ့လျားလဲ (Plate Tectonics)၊ မုတ်သုံလေစနစ်တွေ ဘယ်လိုလည်ပတ်လဲ (Climate Systems) နဲ့ စင်ကာပူလို နိုင်ငံမျိုးမှာ မြို့ပြရေရှည်တည်တံ့အောင် နည်းပညာနဲ့ ဘယ်လိုစီမံလဲ (Urban Resilience) စတာတွေကို စနစ်တကျ သင်ရပါတယ်။

Who is it for? မြို့ပြစီမံကိန်းရေးဆွဲသူ (Urban Planner)၊ မိုးလေဝသနှင့် ကမ္ဘာမြေသိပ္ပံပညာရှင် သို့မဟုတ် သုတေသန (Research & Analytics) အားသန်တဲ့ ကလေးတွေအတွက် အထူးသင့်လျော်ပါတယ်။

💡 D&J Education Centre ၏ အကြံပြုချက်

သင့်ကလေးက "ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သိပ္ပံနည်းကျ အဖြေရှာမှုနဲ့ စီမံခန့်ခွဲမှု" ကို ပိုစိတ်ဝင်စားရင် ➡️ IGCSE Environmental Management ကို ရွေးချယ်သင့်ပါတယ်။သင့်ကလေးက "မြေပုံတွေ ကြည့်ရတာ ဝါသနာပါပြီး၊ သဘာဝဘေးအန္တရာယ် ဖြစ်စဉ်တွေနဲ့ ခေတ်မီမြို့ပြဒီဇိုင်းတွေ" ကို အသေးစိတ် လေ့လာချင်ရင် ➡️ Singapore G3 Pure Geography က အကောင်းဆုံး ဖြစ်မှာပါ။

💡 ဘယ်သင်ရိုးက မိမိကလေးရဲ့ အနာဂတ် ရည်မှန်းချက် နဲ့ အကိုက်ညီဆုံးဖြစ်မလဲဆိုတာကိုအသေးစိတ် ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ D&J Education Centre သို့ အခုပဲ Messenger ကနေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 📥

📍 Address: 62A Street, between 34th and 33th, Chanayethazan Township, Mandalay.
📱 Phone: 09-941494492, 09-5196893
📧 Email:
[email protected]

&JEducationCentre

Photos from D & J International's post 10/07/2026

📚Singapore-Cambridge GCE O-Level G3 Humanities ( Geography & History ) အကြောင်းသိကောင်းစရာများ

📚လက်ရှိ Singapore-Cambridge GCE O-Level G3 /G2Humanities (Social Studies + Geography Elective) သင်ရိုး 2260 နှင့် ( Pure Geography 2279 ) တွင် Geography Elective ကို အဓိက Cluster (၃) ခု ဖြင့် သင်ကြားပြီး Pure Geography G3 2279 ကို Cluster (၅)ခုဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါတယ်။



၁။ Geography in Everyday Life (GEL)

ပါဝင်သော ခေါင်းစဉ်များကိုမပြောခင်ငယ်ဘဝအလယ်တန်းအဆင့် ပထဝီဝင် မြန်မာသင်ရိုးညွှန်းတန်း စာအုပ်မှ ပထဝီ ၄ ပိုင်းအနက် ပထဝီဝင် သဘာဝ အခြေခံ သဘောတရားများ ကိုလေ့ လာရသောပထမ ဆုံးအပိုင်းဖြစ်ပါသည်

အဓိက သဘောတရားများ

၂။ Tourism (ခရီးသွားလုပ်ငန်း)

ပါဝင်သော ခေါင်းစဉ်များသည် မြန်မာသင်ရိုးနဲ့မတူကွဲထွက်နေသောကြောင့်ကျောင်းသားကျောင်းသူများအနေ ဖြင့်အကျယ်တဝန်း လေ့လာရမည့်အပိုင်းဖြစ်သည်

* Tourist Attractions (ခရီးသွားဆွဲဆောင်ရာနေရာများ)
* Tourism တိုးတက်မှုကို သက်ရောက်စေသော အကြောင်းရင်းများ
* စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများ
* Ecotourism
* Sustainable Tourism
* Tourism Management
*
မကြာခဏ တွေ့ရသော Command Words

* Describe (ဖော်ပြပါ)
* Explain (ရှင်းပြပါ)
* Compare (နှိုင်းယှဉ်ပါ)
* Assess (အကဲဖြတ်ပါ)
* Evaluate (သုံးသပ်အကဲဖြတ်ပါ)
* Justify (အကြောင်းပြ၍ ထောက်ခံပါ)



၃။ Climate (ရာသီဥတု)

* Weather and Climate
* Climate Change
* Climate Action

အဓိက သဘောတရားများ

* Weather Elements
* Climate Systems
* Greenhouse Effect
* Climate Change ဖြစ်ပေါ်ရသည့် အကြောင်းရင်းများ
* Climate Change ၏ သက်ရောက်မှုများ
* Mitigation (လျှော့ချရေး)
* Adaptation (လိုက်လျောညီထွေ ပြုပြင်နေထိုင်ရေး)
* Sustainable Development

၄။ Tectonics ( ကမ္ဘာ ပေါ် ရှိ မြေဆိုင် မြေလွှာ မြေ ချပ် ကြီးများ )

* plate tectonics ( ပြက်ရွှေ့များ အကြောင်း)
*earthquakes & volcanoes ( ငလျင်များ နှင့်မီးတောင်များ)
* Disaster risk management & consequences


၅။ Our home Singapore 🇸🇬 ( Singapore နိုင်ငံ၏ လူ နေ မှု အဆင့်အတန်း နှင့် မြို့ပြ ပထဝီဝင်)

* Small island city to state
* opportunities & challenges
* Sustainability & Resilient Singapore

စာမေးပွဲပုံစံ (Elective Geography)

စာမေးပွဲကြာချိန် – ၁ နာရီ ၄၅မိနစ်

စာမေးပွဲကို Section (၂) ခု ဖြင့် ကျင်းပပါသည်။



📃Section A – Structured Questions

ဤအပိုင်းတွင် အဓိကအားဖြင့်

* Geography in Everyday Life
* Tourism

* Short-answer Questions
* Data-response Questions
* Map Interpretation
* Photograph Interpretation
* Graph Analysis
* Fieldwork



📃Section B – Structured & Essay Question

ဤအပိုင်းတွင်

Climate ခေါင်းစဉ်မှ မေးခွန်းများ ပါဝင်သည်။

ပါဝင်မည့် မေးခွန်းများ

* Structured-response Questions
* Extended-response Essay (ပုံမှန်အားဖြင့် ၉ မှတ်)

📰Pure Geography သင်ယူသောကျောင်းသားများ သည် Paper-2 ( 1 hr 45 min ) စာ အပိုင်း ၃ ပိုင်း မေးခွန်း အပို ဖြေဆိုရသည်

📰Questions 3 ခု အတွက် Cluster (1) (4) (5) အနက် ရွေးချယ် ဖြေဆိုခွင့်ရသောအပိုင်းများဖြစ်သည်။ အထူးပြုလိုသောကျောင်းသားများအတွက်သင့်တော်သည်။

✅Geography ဘာသာရပ်ကို ဘယ်လိုမျိုး……အခြေအနေ မှာ လေ့လာရန် သင့်တော်လဲ ?

📚Singapore ရှိ JC များသို့ဝင်ခွင့်ရရန်ကြိုးစားနေသော Singapore O-level ဖြေဆိုပြီးကျောင်းသားများ
🏛️Singapore ရှိ Polytechnic များမှ Social sciences & art media & Communication Hospitality and tourism ဘာသာရပ်များ ကို လေ့လာရန် စိတ် ဝင်စားသော ကျောင်းသားများ

ကလေးတွေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အကောင်းဆုံး လမ်းညွှန်ပေးဖို့ D&J မှာ အမြဲအဆင်သင့် ရှိနေပါတယ်နော်။ဒီအချက်လေးတွေနဲ့ ပတ်သက်ပြီး မိဘတွေအနေနဲ့ ဝေခွဲမရဖြစ်နေတာမျိုး ရှိရင်လည်း Comment မှာ ဖြစ်ဖြစ်၊ D&J Chat box မှာဖြစ်ဖြစ် လွတ်လပ်စွာ မေးမြန်းဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။ ✨

📍 Address: 62A Street, between 34th and 33th, Chanayethazan Township, Mandalay.
📱 Phone: 09-941494492, 09-5196893
📧 Email:
[email protected]

&JEducationCenter

Photos from D & J International's post 08/07/2026

📚Singapore O-level 6093 (G3) Pure Biology နဲ့ Cambridge O-level Biology 5090 ရဲ့ ကွာခြားချက်တွေကဘာလဲ?

📝Cambridge O-Level Biology 5090

* Biology အခြေခံသဘောတရားများကို သိရှိနားလည်ခြင်းနှင့် မှတ်သားနိုင်မှုကို ပိုမိုအလေးထားသည်။
* မေးခွန်းများသည် တိုက်ရိုက်ဖြေဆိုနိုင်သော ပုံစံများ ဖြစ်လေ့ရှိသည်။
* ရိုးရာ Cambridge International Exam ပုံစံကို အသုံးပြုထားသည်။
* နိုင်ငံတကာရှိ International Schools များအတွက် အဓိကရည်ရွယ်ထားသည်။

📝Singapore-Cambridge O-Level Biology 6093 G3

* သင်ယူထားသော Biology အယူအဆများကို မသိသေးသော အခြေအနေအသစ်များတွင် အသုံးချနိုင်စွမ်းကို ပိုမိုအလေးထားသည်။
* Data analysis၊ Graph interpretation နှင့် Experimental design မေးခွန်းများ ပိုများသည်။
* မှတ်သားရုံသာမက Scientific reasoning (သိပ္ပံနည်းကျ တွေးခေါ်နိုင်မှု) လိုအပ်သည်။
* စင်ကာပူ၏ Inquiry-based Science Curriculum နှင့် ကိုက်ညီအောင် ရေးဆွဲထားသည်။

📰✅ဘယ် Syllabus ကပိုခက်သလဲ ?

အတွေ့အကြုံရှိ Biology ဆရာ၊ ဆရာမများ၏ အမြင်အရ 6093 G3 သည် ပိုမိုခက်ခဲသည်ဟု လေ့လာချက်များမှ သိရှိရသည်။

* မေးခွန်းများသည် ပိုမိုနက်ရှိုင်းစွာ ခွဲခြမ်းစိတ်ဖြာရခြင်း
* Higher-order Thinking Skills (AO2/AO3) ကို ပိုမိုစမ်းသပ်ခြင်း
* Structured-response မေးခွန်းများ ပိုရှည်ပြီး ပိုမိုရှုပ်ထွေး ခြင်း
* Practical နှင့် Data Interpretation အပိုင်းများမှာ ပိုမိုစိန်ခေါ်မှုများမြင်တွေ့ရသည်။
✅✅✅Tough comparison

✅Knowledge Content

* 5090 : ★★★★☆
* 6093 G3 : ★★★★☆

✅Exam Thinking Skills

* 5090 : ★★★☆☆
* 6093 G3 : ★★★★★

✅Overall Difficulty

* 5090 : 7.5–8 / 10
* 6093 G3 : 8.5–9 / 10

📝✅Textbook တစ်အုပ်တည်း အသုံးပြုလို့ရနိုင်သလား?
ရနိုင်ပါသည်။

Cambridge O-Level Biology 5090 အတွက် ရေးသားထားသော Textbook အများစုသည် 6093 G3 Syllabus ၏ ၉၀% ခန့်ကို ဖုံးလွှမ်းနိုင်ပါသည်။
သို့သော် 6093 G3 စာမေးပွဲအတွက် ပြင်ဆင်နေသူများသည်-
● Singapore School Preliminary Papers
● Ten-Year Series ( Singapore Asia publisher )
တို့ကို လေ့ကျင့်ဖြေဆိုရန် အထူးလိုအပ်ပါသည်၊ အကြောင်းမှာ Singapore Exam Style သည် အယူအဆများကို အသုံးချနိုင်မှု (Application) နှင့် ခွဲခြမ်းစိတ်ဖြာနိုင်မှု (Analysis) ကို ပိုမိုစမ်းသပ်သောကြောင့် ဖြစ်သည်။

✅ဒီ Exam series တွေမှာ A* နဲဲ့ A( ONE ) ရအောင် ဘယ်လိုနည်းလမ်းတွေနဲ့လေ့လာသင့်သလဲ ?

🗞️D&J international preparation class များတက်ရောက်ပြီး A* /A ( TWO ) ရရှိခဲ့သောကျောင်းသားသူများ၏ တစ်ဦးချင်းစီ မတူ ကွဲပြားသောနည်းလမ်းကောင်းများကို ဒုတိယ post တွင်မျှဝေ ပေးသွားပါမည်။

✅ကလေးတွေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အကောင်းဆုံး လမ်းညွှန်ပေးဖို့ D&J မှာ အမြဲအဆင်သင့် ရှိနေပါတယ်နော်။ဒီအချက်လေးတွေနဲ့ ပတ်သက်ပြီး မိဘတွေအနေနဲ့ ဝေခွဲမရဖြစ်နေတာမျိုး ရှိရင်လည်း Comment မှာ ဖြစ်ဖြစ်၊ D&J Chat box မှာဖြစ်ဖြစ် လွတ်လပ်စွာ မေးမြန်းဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။ ✨

📍 Address: 62A Street, between 34th and 33th, Chanayethazan Township, Mandalay.
📱 Phone: 09-941494492, 09-5196893
📧 Email:
[email protected]

&JEducationCenter

07/07/2026

📌 Cambridge နဲ့ Singapore O-Level ဘာကွာလဲ❓
IGCSE / O-Level တက်ဖို့ ပြင်နေတဲ့ ကျောင်းသားတွေနဲ့ မိဘတွေ အနေနဲ့ D&J ကို အမေးဆုံး မေးခွန်းတစ်ခု ရှိပါတယ်။ အဲတာကတော့ "Cambridge ရော Singapore ကော ဘာတွေကွာလို့လဲ? ဘယ်ဟာက ပိုကောင်းလဲ?" ဆိုတာပါပဲ။
ဒီနေ့တော့ D&J ကနေပြီး ကလေးတွေ အဓိက တက်ရမယ့် Biology ဘာသာရပ်ကို နမူနာထားပြီး ဘာတွေ တကယ်ကွာလဲဆိုတာကို ပြောပြပေးသွားပါမယ်။ 👇

🧬 တူညီတဲ့အချက်များ (Similarities)
အခြေခံ Biology Topic တွေဖြစ်တဲ့ Cell Structure, Enzymes, Nutrition, Respiration, Genetics ကနေ Ecosystem အထိ Fundamental အပိုင်းတွေကတော့ နှစ်ခုစလုံးမှာ အတူတူပဲ ဖြစ်ပါတယ်။နှစ်မျိုးစလုံးက
⁃ Cambridge ရဲ့ Assessment Objectives ပေါ်မှာ အခြေခံထားပါတယ်။
⁃ Practical (လက်တွေ့) အပိုင်းတွေ ပါဝင်ပါတယ်
⁃ Paper 1 (MCQ), Paper 2 (Structured) နဲ့ Practical Component တွေအတွက် တန်းတူ ပြင်ဆင်ပေးပါတယ်။

🔍 မတူညီတဲ့ အချက် (၅)ချက် (Main Differences)
၁။ သင်ရိုးစီစဉ်ပုံ (Organisation)
⁃ Biology Matters (Singapore): Topic တွေကို Theme အလိုက် စုစည်းထားပြီး အခန်းတစ်ခုနဲ့တစ်ခု ချိတ်ဆက်တွေးခေါ်နိုင်အောင် ပုံစံထုတ်ထားပါတယ်။ (၂ နှစ်တာ အတန်းတွင်း သင်ကြားမှုအတွက် အဆင်ပြေတယ်)
⁃ Hodder (Cambridge): Cambridge Syllabus အတိုင်း အစဉ်လိုက်အတိအကျ သွားပါတယ်။ (ကိုယ်တိုင်လေ့လာသူတွေနဲ့ Revision ပြန်မယ့်သူတွေအတွက် ပိုလွယ်ကူတယ်)

၂။ ရှင်းလင်းချက် အနက်အဓိပ္ပာယ် (Depth of Explanation)
⁃ Singapore: အသေးစိတ် ရှင်းလင်းချက်တွေအပြင် Singapore က Real-life ဥပမာတွေ အများကြီးပါဝင်လို့ Conceptual နားလည်မှုကို ပိုဦးစားပေးပါတယ်။
⁃ Cambridge: စာမေးပွဲမှာ ကွက်တိဖြေရမယ့် အချက်တွေကိုပဲ အတိုချုံး ခေါင်းစဉ်အလိုက် ရှင်းပြထားပါတယ်။

၃။ လက်တွေ့စွမ်းရည် (Practical Skills)
⁃ Singapore: Inquiry-based (စုံစမ်းစစ်ဆေးခြင်း) ကို အဓိကထားပြီး Data Analysis နဲ့ ကိုယ်တိုင် Experimental Design ဆွဲရတဲ့အထိ ပိုကျယ်ပြန့်ပါတယ်။
⁃ Cambridge: စာမေးပွဲမှာ အမေးများလေ့ရှိတဲ့ Practical မေးခွန်းပုံစံတွေကိုပဲ အဓိက Target ထားပါတယ်။

၄။ စာမေးပွဲအတွက် ပြင်ဆင်မှု (Exam Prep)
Singapore: "ဘာကြောင့်လဲ" ဆိုတဲ့ တွေးခေါ်မှုနဲ့ Application (လက်တွေ့အသုံးချ) မေးခွန်းတွေကို အသားပေးပါတယ်။
Cambridge: Exam techniques, Command words တွေနဲ့ Mark-scheme အတိုင်း ကွက်တိအမှတ်ရမယ့် နည်းဗျူဟာတွေကို ပိုဇောင်းပေးပါတယ်။

၅။ဇီဝဗေဒ (Biology) ဘာသာရပ်အပေါ် ကျောင်းသားတစ်ဦးချင်းစီ၏ စိတ်ပါဝင်စားမှုတွေဟာဆိုရင် ရွေးချယ်မည့် နယ်ပယ်အပေါ် မူတည်၍ ကွဲပြားနိုင်ပါတယ်။ အဲတာကြောင့် နိုင်ငံတကာအဆင့်မီ ဇီဝဗေဒသင်ရိုးညွှန်းတမ်းတွေရဲ့ နက်နဲကျယ်ပြန့်မှုဟာ တခြားမည်သည့်သိပ္ပံနှင့် နည်းပညာနယ်ပယ်ကိုမဆို ခြေလှမ်းစတင်ဖို့ ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို ပေးစွမ်းနိုင်တဲ့အတွက် ကျောင်းသားများတွေဟာ မိမိတို့၏ ဝါသနာ၊ ရည်မှန်းချက်နှင့် လက်ခံနိုင်စွမ်းအပေါ် မူတည်ပီး Pure Biology သို့မဟုတ် Combined Biology ကို စနစ်တကျ ရွေးချယ်ဖြေဆိုနိုင်ခွင့် ရှိပါတယ်။ ဥပမာအနေနဲ့ဆိုရင် Polytechnic ကျောင်းတွေရဲ့ Nursing Diploma လို ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာရပ်များကို အထောက်အကူဖြစ်ဖို့အတွက်ဆိုရင် လက်တွေ့သဘာဝနဲ့ပိုမိုနီးစပ်တဲ့ Combined Biology ကို ရွေးချယ်မယ်ဆိုရင် ပိုမိုအဆင်ပြေနိုင်ပီး စာလေ့လာရာမှာလဲ ပိုမို လွယ်ကူနိုင်ပါလိမ့်မယ်။

ဥပမာ Bioengineering /Biomedical science /Biochemical process /Bioaccumulation & research environmental purposes / health sciences /Life sciences /Forensics / medical coursework စတဲ့နယ်ပယ်စုံလင်စွာ မျှမျှ တတ လူမှုဝန်းကျင်မှာ အသုံးချ တတ် အောင် ပြင်ဆင်ပေးသည့် foundation ဟု ပြောဆိုနိုင်သည်။ ဆိုလိုသည် မှာ ထိုမှ တဆင့် Biology ဘာသာရပ်နဲ့ပတ်သက်ပြီး ဆက်လက်အထူးပြုလေ့လာလိုသလား ဒါမှမဟုတ် လုပ်ငန်းနယ် ပယ်ထဲ ဝင်ရန် ပြင်ဆင် မှာလားစသည့်ဖြင့်ပြင်ဆင် ပေး ပြီးသားဖြစ်မည်။

🔥 ဘာကြောင့် Singapore O-Level က ပိုခက်တယ်လို့ သတ်မှတ်ကြတာလဲ❓
ဒါကတော့ အားလုံးသိချင်နေတဲ့ အချက်ပါ။ ခက်ခဲမှု Level ကို ၁၀ မှတ်ပေးရင် Singapore O-Level က (9–9.5) ရှိပြီး Cambridge International ကတော့ (7.5–8.5) ဝန်းကျင် ရှိပါတယ်။
အဓိက အကြောင်းရင်းတွေကတော့:
🧠 Higher-order thinking
ရိုးရိုးအလွတ်ကျက် မေးခွန်းမျိုး မဟုတ်ဘဲ မရင်းနှီးတဲ့ Situation တစ်ခုထဲကို Biology Concept တွေ သွတ်သွင်းပြီး ဖြေခိုင်းတာမျိုးပါ။
ဥပမာ -
⁃ Cambridge: "သွေးနီဥရဲ့ လုပ်ဆောင်ချက်ကို ဖော်ပြပါ။" (Direct Recall)
⁃ Singapore: "လူနာတစ်ယောက်မှာ ပုံမှန်ထက် သွေးနီဥနည်းနေတယ်။ ဒါဟာ သူလေ့ကျင့်ခန်းလုပ်နေချိန်မှာ အောက်ဆီဂျင် သယ်ယူပို့ဆောင်မှုကို ဘယ်လိုသက်ရောက်မလဲ ရှင်းပြပါ။" (Application & Explanation)
📊 Data & Analytical Skills
Graph တွေကို အကဲဖြတ်တာ၊ စာမေးပွဲ Result တွေကို အခြေခံပြီး ကိုယ်တိုင် Conclusion ဆွဲရတာမျိုးတွေ ပါဝင်ပါတယ်။
🎯 More Precise Marking:
အမှတ်ပေးစည်းမျဉ်း ပိုမိုတင်းကျပ်ပြီး တိကျတဲ့ Biological Terminology တွေ သုံးမှသာ အမှတ်အပြည့်ရနိုင်ပါတယ်။

💡 ဘယ်ကျောင်းသားတွေနဲ့ ပိုကိုက်ညီမလဲ?
⁃ Singapore သင်ရိုးသည် — Analysis ကောင်းတဲ့သူ၊ ပြဿနာဖြေရှင်းရတာ ဝါသနာပါပြီး မမြင်ဖူးတဲ့ မေးခွန်းအသစ်တွေကို Concept ချိတ်ဆက်ပြီး တွေးရတာ ကြိုက်တဲ့ ကျောင်းသားတွေနဲ့ ကိုက်ညီပါတယ်။
⁃ Cambridge International သင်ရိုးသည် — Syllabus အတိုင်း တိတိကျကျ သွားချင်သူ၊ စာမေးပွဲ Technique တွေကို ပိုင်နိုင်စွာ လေ့ကျင့်ပြီး အမှတ်ကောင်းကောင်း ယူချင်သူတွေအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။

“D&J ကနေ နိဂုံးချုပ် အကြံပြုချက်လေး ပေးပါရစေ။”
အကယ်၍ ကလေးက Singapore O-Level Standard အတိုင်း သေချာ လေ့ကျင့်ထားရင် Cambridge စာမေးပွဲကို အေးဆေး ဖြေနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Cambridge Syllabus အတိုင်းပဲ သွားထားတဲ့ ကလေးဆိုရင်တော့ Singapore မေးခွန်းဟောင်းတွေကို ဖြေဖို့ Data-analysis နဲ့ Application (လက်တွေ့အသုံးချ) ပိုင်းကို ထပ်ပြီး ဖြည့်စွက်လေ့ကျင့်ဖို့ လိုအပ်ပါလိမ့်မယ်။
ကလေးတွေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အကောင်းဆုံး လမ်းညွှန်ပေးဖို့ D&J မှာ အမြဲအဆင်သင့် ရှိနေပါတယ်နော်။ဒီအချက်လေးတွေနဲ့ ပတ်သက်ပြီး မိဘတွေအနေနဲ့ ဝေခွဲမရဖြစ်နေတာမျိုး ရှိရင်လည်း Comment မှာ ဖြစ်ဖြစ်၊ D&J Chat box မှာဖြစ်ဖြစ် လွတ်လပ်စွာ မေးမြန်းဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။
D& J biology class များတွင် Singapore မှ သင်ရိုး ကို အဓိက ဦးတည်ပြီး Assessment book များသည်လည်း Singapore based များဖြစ်ပါသည်။


📍 Address: 62A Street, between 34th and 33th, Chanayethazan Township, Mandalay.
📱 Phone: 09-941494492, 09-5196893
📧 Email:
[email protected]

&JEducationCenter

Photos from D & J International's post 06/07/2026

🇸🇬 IGCSE / N-Level အောင်ပြီးတာနဲ့ စင်ကာပူမှာ ၆ လ ကနေ ၉ လအတွင်း Certificate အမြန်တက်မယ်! 🎓
IGCSE ဖြေဆိုပြီးလို့ပဲဖြစ်ဖြစ်၊ N-Level အောင်မြင်ပြီးလို့ပဲဖြစ်ဖြစ် ရှေ့ဆက်မယ့် လမ်းကြောင်းအတွက် စဉ်းစားနေပြီလား? ဒါမှမဟုတ် အချိန်တိုတိုနဲ့ စင်ကာပူနိုင်ငံရဲ့ နာမည်ကြီး ကျောင်းကြီးတွေမှာ ပညာသင်ယူပြီး ကမ္ဘာ့အဆင့်မီ ဘွဲ့တစ်ခုကို အမြန်ဆုံး ဆွတ်ခူးချင်ပါသလား? ✈️

အနည်းဆုံး Entry Requirement နဲ့ Student Pass (ကျောင်းသားဗီဇာ) သေချာပေါက် ကျစေဖို့ ဘာတွေပြင်ဆင်ရမလဲ၊ ဘယ်လိုလျှောက်ရမလဲဆိုတာ Timeline နဲ့တကွ တစ်ဆင့်ချင်းစီ ရှင်းပြပေးသွားပါမယ်။

🔥 1. ဘာတွေလိုအပ်လဲ? (Minimum Entry Requirements)
Certificate တက်ရောက်ဖို့အတွက် သတ်မှတ်ချက်တွေက တကယ်ကို လွယ်ကူရိုးရှင်းပါတယ်။
- ပညာအရည်အချင်း
1. အနည်းဆုံး IGCSE / O-Level (၂) ဘာသာမှ (၃) ဘာသာ အောင်မြင်ထားရပါမယ်။✍️ ဒါမှမဟုတ်
2. N-Level ဖြစ်ပါက အနည်းဆုံး (၅) ဘာသာ အောင်မြင်ထားပြီး အမှတ် Grade 4 သို့မဟုတ် 5 ရှိရပါမယ်။
- အင်္ဂလိပ်စာ အရည်အချင်းး
ကျောင်းကစစ်တဲ့ English Placement Test အောင်မြင်ရပါမယ်။ (ဒါမှမဟုတ် IELTS 5.5 ရှိရင်လည်း တိုက်ရိုက်ဝင်ခွင့်ရပါတယ်။)

⏳ 2. Application to Student Pass (ရက်သတ္တပတ် Timeline)
စင်ကာပူမှာ ကျောင်းသားဗီဇာ (Student Pass) ရဖို့အတွက် ယေဘုယျအားဖြင့် **၂ ပတ် ကနေ ၃ ပတ်အထိ** ကြာမြင့်တတ်ပေမယ့် **D&J Education Center** ရဲ့ သေချာစနစ်ကျတဲ့ လမ်းညွှန်မှုကြောင့် အချိန်အများကြီး စောင့်စရာမလိုဘဲ အမြန်ဆုံး ဗီဇာရရှိနိုင်ပါတယ်။
⁃ ကျောင်းလျှောက်ထားခြင်းနှင့် Offer Letter လက်ခံခြင်း
ကျောင်းအပ်လက်ခံပြီဆိုတာနဲ့ ကျောင်းကနေ Offer Letter ပို့ပေးပါတယ်။ (ကျောင်းလခ ပထမအရစ် ပေးသွင်းပြီး Student Contract လက်မှတ်ထိုးရပါမယ်။)
⁃ ICA သို့ ဗီဇာလျှောက်ထားခြင်း
ကျောင်းဘက်ကနေ စင်ကာပူလူဝင်မှုကြီးကြပ်ရေး (ICA) ဆီ ကျောင်းသားကိုယ်စား ဗီဇာ (Student Pass) ဆက်လက်လျှောက်ထားပေးပါတယ်။
⁃ IPA Letter (In-Principle Approval) ရရှိခြင်း
ဗီဇာအောင်ပြီဆိုရင် ICA က ထုတ်ပေးတဲ့ IPA Letter ကို ရရှိမှာဖြစ်ပြီး ဒါဟာ စင်ကာပူကို ကျောင်းသားဗီဇာနဲ့ ဝင်ရောက်ဖို့ တရားဝင်ခွင့်ပြုချက် ဖြစ်ပါတယ်။

🎉 D&J ရဲ့ Real Success Story Highlights!🎉
ကျွန်တော်တို့ဆီမှာ ကျောင်းလျှောက်ထားခဲ့တဲ့ ကျောင်းသားတစ်ဦးဆိုရင် အချိန်အများကြီး မပေးရဘဲ ၁ ပတ်တည်း (1 Week) နဲ့တင် Student Pass IPA Letter ကော၊ Application ပါ Successful ဖြစ်ပြီး July Intake အမှီ တက်ရောက်ခွင့် ရရှိသွားခဲ့ပါတယ်။

📝 3. Student Pass (ဗီဇာ) သေချာပေါက် ကျစေဖို့ ဘာတွေပြင်ဆင်ရမလဲ?
ဗီဇာ Reject မဖြစ်ဘဲ ချောချောမွေ့မွေ့ ကျဖို့အတွက် အောက်ပါအချက်တွေကို သေချာပြင်ဆင်ထားရပါမယ်။
- စာရွက်စာတမ်း အတိအကျ ပြင်ဆင်ပါ
Passport သက်တမ်း ရှိရပါမယ်။ မိမိရဲ့ IGCSE / N-Level အောင်လက်မှတ်နဲ့ Transcripts (အမှတ်စာရင်း) မူရင်းတွေ၊ မွေးစာရင်းတွေကို အင်္ဂလိပ်လို Notary ပြန်ပြီး အဆင်သင့်ပြင်ထားပါ။
⁃ ကြိုတင်လျှောက်ထားပါ
ကျောင်းမစမှီ အနည်းဆုံး ၂ လခွဲ/၃ လ အလိုကတည်းက ကြိုတင်လျှောက်ထားတာ အကောင်းဆုံးပါ။
- ကျောင်းသားမိဘ ၂ ပါး ရဲ့ Marriage certificate
- bank statement officials
⁃ IPA ရပြီးနောက် လိုက်နာရန်
IPA Letter ရရှိပြီးရင် စင်ကာပူကို မသွားခင် online ကနေ လိုအပ်တဲ့ documents တွေ ထပ်မံ upload လုပ်ပြီး၊ ဗီဇာကြေးပေးသွင်းကာ ICA ရုံးမှာ သွားရောက်လက်ဗွေနှိပ်၊ ဗီဇာထုတ်ယူဖို့ ရက်ချိန်း (Appointment) ယူရပါမယ်။

💡 4. Certificate ပြီးရင် စင်ကာပူရဲ့ ဘယ်လို ထိပ်တန်းတက္ကသိုလ်ကြီးတွေကို ဆက်တက်လို့ရမလဲ?
Certificate course ရဲ့ ကြာမြင့်ချိန်က **၆ လ ကနေ ၉ လ** သာ ရှိတာကြောင့် အချိန်တိုအတွင်း အခြေခံကောင်းတွေကို ရရှိမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အင်ဂျင်နီယာလောကထဲ ခြေလှမ်းလှမ်းချင်သူတွေအတွက် Engineering အပါအဝင် Business, IT နဲ့ အခြားစိတ်ဝင်စားစရာ မေဂျာမျိုးစုံကို ရွေးချယ်နိုင်ပါတယ်။
Certificate အောင်မြင်ပြီးပါက မိမိဝါသနာပါရာ Diploma မှတစ်ဆင့် Bachelor Degree (ဘွဲ့) အထိ စင်ကာပူနိုင်ငံရဲ့ ထိပ်တန်းအစိုးရတက္ကသိုလ် (Top Public Universities) တွေဖြစ်တဲ့
⁃ NUS(National University of Singapore)
⁃ NTU(Nanyang Technological University)
⁃ SMU(Singapore Management University)
⁃ SUTD(Singapore University of Technology and Design)
⁃ SUSS(Singapore University of Social Sciences)
⁃ SIT(Singapore Institute of Technology) စတဲ့ တက္ကသိုလ်တွေနဲ့
ထိပ်တန်းပုဂ္ဂလိကကျောင်း (Top Private Institutions) တွေဖြစ်တဲ့
⁃ Kaplan Higher Education Academy
⁃ PSB Academy
⁃ SIM Global Education (Singapore Institute of Management)
⁃ MDIS (Management Development Institute of Singapore)
⁃ James Cook University (JCU) Singapore
⁃ Curtin Singapore စတဲ့ကျောင်းတွေကို ဆက်လက်တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။

💬 စင်ကာပူကျောင်းလျှောက်ထားခြင်း၊ GED / IGCSE / N-Level လမ်းကြောင်းများမှ ဗီဇာအဆင့်ဆင့် ပြင်ဆင်ခြင်းနှင့် စင်ကာပူရှိ အစိုးရ/ပုဂ္ဂလိက တက္ကသိုလ်ပညာရေးလမ်းကြောင်းများအတွက် အခမဲ့ ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ D&J ရဲ့ ကျွမ်းကျင်ဆရာများနှင့် လာရောက်ဆွေးနွေးတိုင်ပင်ဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ 👇

📍 Address: 62A Street, between 34th and 33th, Chanayethazan Township, Mandalay.
📱 Phone: 09-941494492, 09-5196893
📧 Email:
[email protected]

&JEducationCenter

Photos from D & J International's post 01/07/2026

✅မိဘများနှင့် ကျောင်းသား/သူများ အဆင်ပြေပြေနဲ့ အချိန်မီ စာရင်းသွင်းနိုင်ဖို့အတွက် **JD International School** မှ အောက်တိုဘာ/နိုဝင်ဘာ ၂၀၂၆ အပြည်ပြည်ဆိုင်ရာ စာမေးပွဲများရဲ့ အရေးကြီး Registration သတင်းအချက်အလက်ကို မျှဝေပေးလိုက်ပါတယ်။
ဒီနှစ်မှာ အဓိက ပြောင်းလဲသွားတဲ့ စနစ်သစ်တစ်ခု ရှိတာမလို့ အထူးသတိပြုပြင်ဆင်ထားဖို့ လိုအပ်ပါမယ်။

# # ⚠️ အရေးကြီးဆုံး ပြောင်းလဲချက်- Cashless စနစ်သို့ ကူးပြောင်းခြင်း
ယခုနှစ် **၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်**မှ စတင်ပြီး ဗြိတိသျှကောင်စီ (British Council) အနေဖြင့် စာမေးပွဲကြေးများကို **Online Payment စနစ်တစ်ခုတည်းဖြင့်သာ** လက်ခံတော့မှာ ဖြစ်ပါတယ်။ အရင်လို ဘဏ်မှာ လူကိုယ်တိုင် သွားရောက်ပေးသွင်းရတဲ့ Offline Payment စနစ်ကို လုံးဝ လက်ခံတော့မည် မဟုတ်ပါ။
**အသုံးပြုနိုင်သည့် ကတ်အမျိုးအစားများ (International Payment Support):**
* Visa Card
* Mastercard
* JCB Card
* နိုင်ငံတကာ ငွေပေးချေမှုစနစ် ပါဝင်သည့် အခြား Debit/Credit ကတ်များ
# # 📅 Exam Boards အလိုက် Registration အချိန်ဇယား
လက်ရှိ စာမေးပွဲ ဘုတ်အဖွဲ့အလိုက် စာရင်းပေးသွင်းနိုင်မည့် ကာလများမှာ အောက်ပါအတိုင်း ဖြစ်သည်။
# # # ၁။ Cambridge (IGCSE / O Level / AS & A Level)
* **Standard Stage:** ၂၀၂၆ ဇွန်လ ၂၅ ရက် မှ ဩဂုတ်လ ၇ ရက်အထိ
* *သတိပြုရန်:* ပုံမှန်သက်မှတ်ချက် (Standard Stage) အမီ စာရင်းသွင်းရန် အထူးအရေးကြီးပါသည်။ ထိုရက်ကျော်လွန်ပါက Late Registration ဖြစ်သွားပြီး တစ်ဘာသာချင်းစီအလိုက် ဒဏ်ကြေး (Additional Fees) အများအပြား ထပ်မံပေးဆောင်ရပါမည်။ Cambridge ၏ Late Stage ပိတ်မည့်ရက်သည် Edexcel ထက် ပိုမိုစောတတ်သည်။
# # # ၂။ Pearson Edexcel (IGCSE / IAL / iPrimary / iLower Secondary)

* **Registration ဖွင့်လှစ်မည့်ကာလ:** ဇူလိုင်လ ၂၀၂၆ အတွင်း (လောလောဆယ် စနစ်မပွင့်သေးပါ။)
# # 📍 စာမေးပွဲဖြေဆိုနိုင်မည့် မြို့များ
စာမေးပွဲကို မိမိတို့အဆင်ပြေမည့် **ရန်ကုန်မြို့** နှင့် **မန္တလေးမြို့** ရှိ သတ်မှတ်စာစစ်ဌာနများတွင် ရွေးချယ်ဖြေဆိုနိုင်ပါသည်။
# # 💡 JD International ကျောင်းသားများနှင့် Private Candidates များအတွက် လမ်းညွှန်
* **Private Candidates (ကိုယ်ပိုင်ဖြေဆိုသူများ):** British Council ရဲ့ တရားဝင် Registration Portal တွင် တိုက်ရိုက် စာရင်းပေးသွင်းနိုင်ပါသည်။

📝Singapore 🇸🇬 မှ တိုက်ရိုက်ချီးမြှင့်သော Singapore secondary education certificate စာမေးပွဲများသည် နောင်လာမည့်နှစ် ၂၀၂၇ မှ စ ပြီး စာမေးပွဲ
အချိန် တခုတည်းသတ်မှတ်ပြီးငွေ ပေးသွင်းချိန်
ရက်သတ္တပတ် တခုတည်းသာ သတ်မှတ်တော့မည်ဖြစ်ပါ၍ စာမေးပွဲ ကြေးပေးသွင်းချိန်နောက်ဆုံးရက်ကို အထူး သတိပြုရပါမည် ။ အထက် ပါ Cambridge/Edxecel စာမေးပွဲများနည်းတူ နောက်ကျကြေးသွင်းပြီးဖြေဆိုခွင့်မရသောကြောင့် Deadline ကိုဂရုတစိုက်သိရှိပြီးပေးသွင်းရမည် ကိုကျောင်းသားမိဘများအသိပေးစေလိူပါသည်။

📝Singapore 🇸🇬 မှ တိုက်ရိုက်ချီးမြှင့်သော A-level စာမေးပွဲများသည်လည်း ယခင်စနစ်ဟောင်းနည်းတူကျင့်သုံးပေးသွင်းနိုင်ပါသည်။ အနည်းငယ် ပြောင်းလဲထားသောစနစ်များရှိသော်လည်းယခင်စနစ်အတိုင်းပေးသွင်းနိုင်ပါ၍သက်ဆိုင်ရာ junior college သော်လည်းကောင်း SEAB မှ တဆင့် J&D international digital learning forum သိူ့ဆက်သွယ် တိုင်ပင်မေးမြန်းနိုင်ပါသည်

> 📌 **အကြံပြုချက်:** Registration လုပ်ငန်းစဉ် ပြီးဆုံးသွားပြီးမှ ဘာသာရပ် ပြောင်းလဲခြင်း သို့မဟုတ် ပြင်ဆင်ခြင်းများ ပြုလုပ်ပါက နောက်ဆက်တွဲ ဝန်ဆောင်ခများ (Additional Fees) ပေးဆောင်ရတတ်ပါသည်။ ထို့ကြောင့် ပထမအကြိမ် စာရင်းသွင်းကတည်းက ဘာသာရပ်ကုဒ်များနှင့် အချက်အလက်များကို သေချာစွာ စစ်ဆေးပြီးမှ ငွေချေရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
>
စာမေးပွဲ Deadline မလွတ်စေရန်နှင့် ငွေပေးချေမှု အခက်အခဲ မရှိစေရန်အတွက် အခုကတည်းက ကတ်များကို ကြိုတင်ပြင်ဆင်ထားကြပါရန် အသိပေးအပ်ပါသည်။

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


66/107A Chanmyatharzi Township
Mandalay