ILC International Language Corner

  • Home
  • ILC International Language Corner

ILC International Language Corner Learn With iLC & Unlock Your Future Self

𝗖𝗲𝗹𝗲𝗯𝗿𝗮𝘁𝗶𝗻𝗴 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗗𝗮𝘆 𝘄𝗶𝘁𝗵 𝗽𝗿𝗶𝗱𝗲 𝗮𝗻𝗱 𝗿𝗲𝘀𝗽𝗲𝗰𝘁 𝗳𝗼𝗿 𝗼𝘂𝗿 𝗵𝗶𝘀𝘁𝗼𝗿𝘆. 🇲🇲Honoring our history and the spirit of indepe...
14/11/2025

𝗖𝗲𝗹𝗲𝗯𝗿𝗮𝘁𝗶𝗻𝗴 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗗𝗮𝘆 𝘄𝗶𝘁𝗵 𝗽𝗿𝗶𝗱𝗲 𝗮𝗻𝗱 𝗿𝗲𝘀𝗽𝗲𝗰𝘁 𝗳𝗼𝗿 𝗼𝘂𝗿 𝗵𝗶𝘀𝘁𝗼𝗿𝘆. 🇲🇲

Honoring our history and the spirit of independence. May our nation continue to grow with hope and strength.

𝗪𝗲 𝗟𝗼𝘃𝗲, 𝗪𝗲 𝗘𝗻𝗴𝗮𝗴𝗲, 𝗪𝗲 𝗖𝗿𝗲𝗮𝘁𝗲 🚮🌳ILC ရဲ့ပြီးခဲ့တဲ့ Oct 4ရက်နေ့က သွားခဲ့တဲ့ Field Trip လေးမှာ သွားလာခဲ့တဲ့လမ်းတစ်လျှောက်မှ...
05/11/2025

𝗪𝗲 𝗟𝗼𝘃𝗲, 𝗪𝗲 𝗘𝗻𝗴𝗮𝗴𝗲, 𝗪𝗲 𝗖𝗿𝗲𝗮𝘁𝗲 🚮🌳

ILC ရဲ့ပြီးခဲ့တဲ့ Oct 4ရက်နေ့က သွားခဲ့တဲ့ Field Trip လေးမှာ သွားလာခဲ့တဲ့လမ်းတစ်လျှောက်မှာ တတ်နိုင်သလောက်လေး လုပ်ဆောင်ဖြစ်ခဲ့တဲ့ Cleaning Activities လေးတွေက ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

02/11/2025

𝑴𝒆𝒏𝒕𝒆𝒆𝒔 တွေပြောတဲ့ 𝑰𝑳𝑪 ရဲ့ ဆွေးနွေးအကြံပေး 𝑴𝒆𝒏𝒕𝒐𝒓𝒔𝒉𝒊𝒑 𝑷𝒓𝒐𝒈𝒓𝒂𝒎 အကြောင်း 🤝✨

ILC ရဲ့ Career Mentorship Program လေးမှာ Join ခဲ့တဲ့ University Student တစ်ဉီးဖြစ်တဲ့ Ms Mya Thin Kyu ရဲ့ ဒီ Mentorship လေးကနေသူမသိရှိခဲ့ရတဲ့အကြောင်းအရာတွေနဲ့ အတွေ့အကြုံလေးတွေကို မျှဝေပေးထားတာပဲဖြစ်ပါတယ်။

ILC ရဲ့မကြာမှီဖွင့်သွားမယ့် Classes တွေအကြောင်းနဲ့ တစ်ခြား Updates တွေကိုသိရှိဖို့ Page လေးကို Like and Follows လုပ်ထားဖို့လည်းမမေ့နဲ့အုန်းနော်။❤️

’s_Students ’s_Feedback

သုညမှသည် တစ်ရာဆီသို့...👏🏼👏🏼ILC ကနေ ဉီးစီးကျင်းပခဲ့တဲ့ သုညမှသည် တစ်ရာဆီသို့... ဆိုတဲ့ Career Foundation Camp လေးကတော့ အော...
14/10/2025

သုညမှသည် တစ်ရာဆီသို့...👏🏼👏🏼
ILC ကနေ ဉီးစီးကျင်းပခဲ့တဲ့ သုညမှသည် တစ်ရာဆီသို့... ဆိုတဲ့ Career Foundation Camp လေးကတော့ အောင်မြင်စွာပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ရှင်။

ဒီ Camp လေးမှာ ကဏ္ဉအသီးသီးကနေ ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ Speaker လေးဉီးဖြစ်တဲ့

Tr Chit Aein Thu

Ma Zin Taryar Win

Ma Engyin Mhwe နဲ့

Sayar Kyaw Zin Myint Thein တို့ကိုလည်း ILC ကနေ အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင့်။

Camp တစ်လျှောက်လုံး တက်ကြွစွာပါဝင်ပေးခဲ့ကြတဲ့ Participants တွေကိုလည်း ရသင့်ရထိုက်တဲ့ ဗဟုသုတတွေနဲ့ အတွေ့အကြုံတွေကိုလည်း ရသွားလောက်ကြမယ်လို့လည်း မျှော်လင့်ပါတယ်။

Camp တစ်လျှောက်ကပုံလေးတွေကိုလည်း မျှဝေပေးလိုက်ပါတယ်ရှင့်။ 🥳🥳

#သုညမှသည်_တစ်ရာဆီသို့

ဤသီတင်းကျွတ်အချိန်အခါသမယအတွင် ILC မှကျောင်းသားကျောင်းသူများနှင့် မိဘအများအပါအဝင် အားလုံးပဲ စိတ်၏ကျန်းမာခြင်း ကိုယ်၏ကျန်း...
06/10/2025

ဤသီတင်းကျွတ်အချိန်အခါသမယအတွင် ILC မှကျောင်းသားကျောင်းသူများနှင့် မိဘအများအပါအဝင် အားလုံးပဲ စိတ်၏ကျန်းမာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေဟု ILC မှဆုမွန်ကောင်းတောင်းပေးလိုက်တယ်ဗျာ။ 🪔🙏

’s_student

Our Mentor is on the way! သုညမှသည် တစ်ရာဆီသို့... Camp အပြီးမှာ Free Individual Mentorship အစီအစဉ်လေးပါ ရှိတာ သိပြီးထားက...
02/10/2025

Our Mentor is on the way!
သုညမှသည် တစ်ရာဆီသို့... Camp အပြီးမှာ Free Individual Mentorship အစီအစဉ်လေးပါ ရှိတာ သိပြီးထားကြပြီလို့ ထင်ပါတယ်။

ဆိုတော့ ဒီနေ့မှာ ILC ဘက်ကနေ ဒီ Mentorship Service လေး ကို အခမဲ့ လုပ်ပေးသွားမယ့် Mentor နဲ့အတူ ဒီအစီအစဉ်လေးအကြောင်းကိုမိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင့် 🧑🏽‍🏫

🎖️ပထမဆုံးအနေနဲ့ ဒီ Mentorship အစီအစဉ်လေးမှာ Education နဲ့ Career အတွက်ပါ ဆွေးနွေးအကြံပေးသွားမှာဖြစ်လို့ Camp အပြီးမှာ ပါဝင်ရမယ့် Challenge လေးကနေတစ်ဆင့် ရွေးချယ်ခံရတဲ့ Participant တွေကနေ ကိုယ်စိတ်ဝင်စားရာ Career ဒါမှမဟုတ် Education ခေါင်းစဉ်တစ်ခုနဲ့ Individual Mentorship ကို Session တစ်ခုစာတိတိကို အခမဲ့ရရှိသွားမှာပဲဖြစ်ပါတယ်။ 👨🏼‍💻

ဒီလိုဆိုရင်တော့ Camp မှာ ရခဲ့တဲ့ Realife Knowledges , Experiences တွေနဲ့ပေါင်းပြီး Camp အပြီးမှာပဲ Individual Mentorship အစီအစဉ်ကနေပါ ကိုယ့်အတွက်ရှေ့ဆက်သွားဖို့လိုအပ်တဲ့ Step by Step Guidance တွေကိုပါ အဆင်သင့် တစ်ပါတည်းရရှိသွားမှာဆိုတော့ Career ခြေလှမ်းစမယ့်သူတွေ၊ လမ်းပျောက်နေတဲ့သူတွေနဲ့ ပြင်ဆင်နေတဲ့သူတွေအတွက်တော့ အများအထောက်အကူပြုမှာ အသေအချာပါပဲရှင်👏🏻

ဒါဆို ဒီ Free Mentorship အစီအစဉ်လေးမှာ ပါဝင်အားဖြည့်သွားမယ့် Professional Mentor တစ်ဦးအနေနဲ့ကတော့ Ko Theo ပဲဖြစ်ပါတယ်။ 🧑🏽‍🏫🌟

Ko Theo -🧑🏻‍🏫

Theo သည် 2020ခုနှစ်မှစတင်၍ ယခုအချိန်အထိ ကျောင်းသားလူငယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးအစီအစဉ်များအပေါ်အခြေခံ၍ International Confederation များနှင့် Local Program များစွာတွင်ပါဝင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ 🤲🏻

International Confederation တစ်ချို့ရဲ့ Managerial Roles တွေမှာလည်း တာဝန်ယူလုပ်ကိုင်ခဲ့ပြီး ယခုချိန်ထိ International School တော်တော်များများတွင် Teacher / Academic Leadership Role တွေကနေတစ်ဆင့် သင်ကြားရေးနဲ့ အုပ်ချုပ်ရေးအပိုင်းကိုတာဝန်ယူလုပ်ဆောင်လျက်ရှိပြီး လက်ရှိမှာ Professional Mentor တစ်ယောက်အနေနဲ့လည်းရပ်တည်လျက်ရှိကာ လူငယ်များကို အဓိကထားပြီး ပညာရေးနှင့် လုပ်ငန်းခွင်ဆိုင်ရာအကြောင်းအရာတွေနဲ့ပက်သက်ပြီးတော့ Mentoring လုပ်ပေးလျက်ရှိပါတယ်။ 🎗️

🏅Director - ILC International Language Corner
🏅Academic Supervisor - Greatest Guideline International School ( GGIS )
🏅Educational Mentor - Stepping Corner Mentorship Platform
🏅Teacher / Instructor - International Schools
Freelance Mentor

ဒီလောက်ဆိုရင် Camp လေးအပြီးမှာပါဝင်အားဖြည့်သွားမယ့် Mentor အကြောင်းနဲ့ အစီအစဉ်လေးအကြောင်းကိုပါသိရှိပြီးပြီဆိုတော့ Camp လေးမှာ လျှောက်ထားကြတဲ့သူတွေအနေနဲ့လည်း ပါဝင်ခွင့်ရပြီး Career Foundation နဲ့ပက်သက်တဲ့ အတွေ့အကြုံတွေ ဗဟုသုတတွေနဲ့ Guidance တွေကိုပါတစ်ပါတည်းရရှိသွားနိုင်ကြဖို့ မျှော်လင့်ပါတယ်ရှင့်။ ⭐️💖

#သုညမှသည်_တစ်ရာဆီသို့

Camp is calling you!! 🥳ILC ကနေ “သုညမှသည် တစ်ရာဆီသို့...” Career Foundation camp အတွက်ပါဝင်ဖို့ ရွေးချယ်ခံရသူတွေကို Email...
01/10/2025

Camp is calling you!! 🥳

ILC ကနေ “သုညမှသည် တစ်ရာဆီသို့...” Career Foundation camp အတွက်ပါဝင်ဖို့ ရွေးချယ်ခံရသူတွေကို Email လေးတွေပို့ပြီး အကြောင်းကြားထားပြီမို့ Email Inbox လေးကိုလည်းစစ်ဖို့မမေ့နဲ့အုန်းနော်

ဒါဆို Camp လေးမှာ တူတူပြန်ဆုံကြမယ်နော် See you 👏🏼👏🏼

#သုညမှသည်_တစ်ရာဆီသို့

ဒေါက် ဒေါက် ဒေါက်…. ILC ကနေ သုညမှသည် တစ်ရာဆီသို့... ဆိုတဲ့ NextGen Career Foundation Camp ကြီးအတွက်လျှောက်လွှာဖောင်တွေကိ...
21/09/2025

ဒေါက် ဒေါက် ဒေါက်…. ILC ကနေ သုညမှသည် တစ်ရာဆီသို့... ဆိုတဲ့ NextGen Career Foundation Camp ကြီးအတွက်လျှောက်လွှာဖောင်တွေကိုဖွင့်ပေးလိုက်ပါပြီ။ 💯

Registration မဖွင့်ခင်ကတည်းကလာမေးထားကြတဲ့ သူတွေကိုလည်း စိတ်ဝင်စားပေးတဲ့အတွက် ILC ဘက်ကနေ ဝမ်းသာစွာနဲ့ ကျေးဇူးများကြီးတင်ရပါတယ်။

ဒီ Camp ဟာ အပြင်လုပ်ငန်းခွင်တစ်ခုမှာ ရပ်တည်ဖို့ ကြိုးစားနေတဲ့ လူငယ်တွေ ပြင်ဆင်နေတဲ့လူငယ်တွေနဲ့ ဘယ်ကစရမှန်းမသိသေးတဲ့ လူငယ်တွေအတွက် ဉီးတည်ပြီး လုပ်ငန်းခွင်ဆိုင်ရာ အတွေ့အကြုံတွေနဲ့အတူ တကယ့်အပြင်လောကမှာ Professional အလုပ်တစ်ခုနဲ့ ရပ်တည်နိုင်ဖို့အတွက်လိုအပ်တဲ့အကြောင်းအရာတွေကိုပါ အတွေ့အကြုံရှိတဲ့ Professional တွေကနေတစ်ဆင့် ဆွေးနွေးအကြံပေးမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။

Program မှာပါဝင်တဲ့ ကဏ္ဉလေးခုနဲ့ ပါဝင်သွားမယ့် Speaker တွေကတော့ -

📌 Academic Development - Tr Chit Aein Thu [ CCEducare’s Founder ]

📌 Vocational Skills - Ma Zin Taryar Win ( Architect, Stepping Corner’s Founder )

📌 Mental Impact နဲ့ - Ma Eingyin Hmwe [ Mental Counselor, Mental Heal’s Founder ]

📌 Language Profiencey - Kyaw Zin Mint Thein [ Teacher’s Trainer, The Ups’s Founder ]

တို့ပဲဖြစ်ပါတယ်။

ဒီ ကဏ္ဉလေးခုကနေတစ်ဆင့် လုပ်ငန်းခွင်အတွက် Foundation အနေနဲ့ ဘာတွေပြင်ဆင်ထားရမလဲဘာတွေလိုအပ်လဲဆိုတာကို သိရှိရမှာဖြစ်တဲ့အပြင် လိုအပ်တဲ့ Career Network တွေကိုပါရရှိသွားမှာပဲဖြစ်ပါတယ်။

Camp အပြီးမှာတော့ Camp တစ်ခုလုံးမှာ တက်ကြွစွာပါဝင်ခဲ့ကြတဲ့သူတွေကို ILC ဘက်ကနေ Certificate အသိအမှတ်ပြုလက်မှတ် ချီးမြှင့်သွားမယ့်အပြင် နောက်ဆုံးမှာ Reflection Activity တစ်ခုအနေနဲ့ ပေးလာမယ့် Short Essay Challenge တစ်ခုကိုပါဝင်ရမှာဖြစ်ပြီး ရွေးချယ်ခံရတဲ့ Participants တွေကို Individual Educational + Career Mentorship အစီအစဉ်ကို အခမဲ့ကိုလည်း အတွေ့အကြုံရှိ Mentors တွေကနေ ပေးအပ်သွားအုန်းမှာလည်းဖြစ်ပါတယ်။

ပိုပြီးထိရောက်ဖို့အတွက် လူဉီးရေလေးတော့ကန့်သတ်ထားတာမို့ အောက်မှာပေးထားတဲ့ဖောင်လေးကို သေချာလေးဖြည့်စွက်ပေးဖို့တော့လိုပါမယ်။ Program ကသတ်မှတ်ထားတဲ့ တစ်ချို့ Personal Criteria တွေထဲမပါနေတာမျိုးရှိလည်း စိတ်ဝင်စားရင် ပါဝင်လျှောက်ထားဖို့အကြံပေးပါတယ်။ တကယ်ကို စိတ်ပါဝင်စားရင် Camp လေးမှာပါဝင်ဖို့ ရွေးချယ်ပေးသွားမှာပဲဖြစ်ပါတယ်ဗျာ။ 💞

Speaker တွေနဲ့ပက်သက်တဲ့ အသေးစိတ်ကိုတော့ ပုံလေးတွေရဲ့အောက်မှာဖတ်ရှုလို့ရပါတယ်။

ဖောင်လေးဖြည့်ရမယ့် နောက်ဆုံးရက်ကတော့ စက်တင်ဘာ ၃၀ ရက်နေ့ဖြစ်ပါတယ်ဗျ။

ဖောင်လေးကို ဒီလင့်ခ်လေးထဲမှာ ဝင်ဖြည့်ရမှာပါဗျာ။ https://docs.google.com/forms/d/e/1FAIpQLSfBIuNibDoRm8Wg5orhUGbgWWAhvBGoaS0OyZmf1U5HtWQ_NQ/viewform?usp=dialog

အားလုံးပဲ ကောင်းသောနေ့လေးဖြစ်ပါစေလို့ ILC ကနေဆုတောင်းပေးလိုက်ပါတယ်။ 😍😍

#သုညမှ_သည်တစ်ရာဆီသို့..

တကယ့်အပြင် လုပ်ငန်းခွင်နယ်ပယ်တစ်ခုမှာစတင်ရပ်တည်ဖို့ကြိုးစားနေတဲ့ လူငယ်တွေရှိကြလား… 📍အားလုံးပဲ မင်္ဂလာပါ ILC မှာ လာမည့် O...
14/09/2025

တကယ့်အပြင် လုပ်ငန်းခွင်နယ်ပယ်တစ်ခုမှာစတင်ရပ်တည်ဖို့ကြိုးစားနေတဲ့ လူငယ်တွေရှိကြလား… 📍

အားလုံးပဲ မင်္ဂလာပါ ILC မှာ လာမည့် October လထဲမှာ အပြင် Career လမ်းကြောင်းတစ်ခုကို စတင်တက်လှမ်းဖို့ကြိုးစားနေတဲ့လူငယ်တွေအတွက် ရည်ရွယ်ပြီးတော့ "သုညမှသည် တစ်ရာဆီသို့..." ဆိုတဲ့ Virtual Camp လေးတစ်ခုမကြာခင်စီစဉ်ပေးသွားဖို့ရှိပါတယ်ဗျာ။

ဒီ Virtual Camp လေးက အသက် ၁၅ ကနေ ၂၅ ဝန်းကျင်မှာရှိတဲ့ လုပ်ငန်းနယ်ပယ်တစ်ခုခုမှာ Career Kickstart စလုပ်ဖို့ကြိုးစားနေတဲ့ လူငယ်တွေနဲ့ Career Foundation အတွက် ဘယ်ကနေဘယ်လိုစရမလဲမသိသေးတဲ့ လူငယ်တွေအတွက် တကယ်လိုအပ်တဲ့ ပြင်ဆင်ထားရမယ့် အချက်တွေကို လက်ရှိလုပ်ငန်းခွင်နယ်ပယ် အသီးသီးမှာ အောင်မြင်နေတဲ့ Speaker လေးဉီးကနေ ကဏ္ဍလေးခု ရှုထောင့်လေးခုကနေ သူတို့ရဲ့ လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံနဲ့ လက်တွေ့အကြောင်းအရာပညာတွေကို Camp သွင်းပြီး Sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။

ဒါတင်မကသေးပဲ ဒီ Camp လေးမှာ ပါဝင်ခွင့်ရလိုက်တဲ့ လူငယ်တွေအနေနဲ့ ကိုယ့်ရဲ့ Career Kickstart ဖြစ်တဲ့ တကယ့်လက်တွေ့လုပ်ငန်းခွင်နယ်ပယ်တစ်ခုကို တိုးဝင်ဖို့ ဘယ်လိုစတင်ရမလဲ ဘာတွေပြင်ဆင်ထားရမလဲ ဘာတွေလိုအပ်လဲဆိုတဲ့ အခြေခံအုတ်မြစ်တွေနဲ့ Career Network တွေကိုပါရရှိပိုင်ဆိုင်သွားမှာဖြစ်ပြီး Camp ပြီးသွားတဲ့ လူငယ်တွေကိုလည်း ILC ကနေ Certificate ပါပေးသွားမယ့်အပြင် Participant တွေထဲကနေ နောက် Selection Program တစ်ခုအနေနဲ့ Free Educational + Career Mentorship အစီစဉ်တွေကိုပါ ILC ကနေပေးသွားမယ့်အစီအစဉ်တွေလည်းပါဝင်အုန်းမှာလည်းဖြစ်ပါတယ်ဗျ။

ဒါ့အပြင် လာမည့်ဒီ Camp လေးမှာ Media Partnership အနေနဲ့ ပါဝင်အားဖြည့်ကူညီသွားကြမယ့် Organization တွေကတော့ Greatest Guideline International School (GGIS ) | Stepping Corner | Glory Academy နဲ့ The Survivor တို့ပဲဖြစ်ပါတယ်ဗျ။

ဒီ Camp လေးအတွက် Registration ကိုတော့ နောက်အပတ်မှာ ဖွင့်ပေးသွားမှာဖြစ်လို့ Camp နဲ့ ပက်သက်တဲ့ အသေးစိတ်အချက်အလက်တွေနဲ့ တစ်ခြား Update အကြောင်းအရာတွေကိုသိရှိဖို့အတွက်တော့ ILC Page လေးကို Like and Follow လုပ်ခဲ့ပြီး Stay Tuned ပါဗျာ။ 😍😍

📣 Student FeedbackILC မှာ Pre-intermediate Class တက်ရောက်ခဲ့တဲ့ကျောင်းသားတစ်ချို့ရဲ့ Feedback လေးတွေကိုမျှဝေပေးလိုက်ပါတယ...
23/08/2025

📣 Student Feedback

ILC မှာ Pre-intermediate Class တက်ရောက်ခဲ့တဲ့ကျောင်းသားတစ်ချို့ရဲ့ Feedback လေးတွေကိုမျှဝေပေးလိုက်ပါတယ်။❤️

ILC ရဲ့နောက်ဖွင့်မယ့် Classes တွေနဲ့ Update တွေကိုလည်းသိရအောင် Pageကို Like & Follow လေးလုပ်ခဲ့လို့ရပါတယ်ဗျ။

Thank you for trusting ILC😍😍

’s_Students

General English Vs YLE English iLC မှာ မိဘတွေနဲ့ကျောင်းသားကျောင်းသူတွေအမေးများတဲ့ English ဘာသာစကားကိုလေ့လာတဲ့အခါ General...
08/08/2025

General English Vs YLE English

iLC မှာ မိဘတွေနဲ့ကျောင်းသားကျောင်းသူတွေအမေးများတဲ့ English ဘာသာစကားကိုလေ့လာတဲ့အခါ General English ကိုတက်ရမလား YLE ကိုတက်ရမလား နောက်သူတို့နှစ်ခုမှာရော ဘယ်လိုတွေကွာခြားမှုရှိနေတာလဲ ⁉️

💯 ပထမတစ်ခုအနေနဲ့က Educational Content လို့ခေါ်တဲ့ သင်ကြားရတဲ့ မာတိကာပါ။

YLE ကအသက်အရွယ်အားဖြင့် Young Children အရွယ်တွေဖြစ်တဲ့ 6 နှစ်ကနေ 12 အရွယ်ကလေးတွေကို Focus ထားတာဖြစ်လို့ လေ့လာရတဲ့ မာတိကာတွေကလည်း ကလေးတွေအတွက် ရင်းနှီးတဲ့ ( Family, School, Animals ) လိုစတဲ့Basic Functional Language ကိုအသာပေးတဲ့ Topics မျိုးလေးတွေကိုအခြေခံပြီး Early Stages of English Learning ပုံစံမျိုးနဲ့လေ့လာရတာဖြစ်ပါတယ်။ပြီးရင်တော့ Level အလိုက် အသိအမှတ်ပြုလက်မှတ်ရချင်တယ်ဆိုရင် British Council ကနေကျင်းပတဲ့ YLE Exam တွေကိုဝင်ဖြေလို့ရပါတယ်။

General English မှာကျတော့ ဆယ်ကျော်သက်နဲ့ လူလတ်ပိုင်း၊ လူကြီးပိုင်းတွေကိုပိုဉီးစားပေးတာဖြစ်လို့ Beginner to Advanced ဆိုပြီး Level အလိုက်တစ်ခုချင်းစီခွဲသွားပြီး လေ့လာရတဲ့ မာတိကာတွေအနေနဲ့ ( Work, Social Issues, Travel ) စတဲ့ ကျယ်ပြန့်တဲ့ Topic တွေကိုအခြေခံပြီး Academic, Workplace နဲ့ တခြားသော General Communication တွေအတွက် Complex Grammar တွေ Sentence Structure နဲ့ Vocabulary တွေကိုအသုံးပြုပြီးလေ့လာရတာပဲဖြစ်ပါတယ်။

💯 နောက်တစ်ခုက General English ကိုတက်မလား YLE ကိုပဲတက်ရမလားဆိုရင် အပေါ်မှာပြောခဲ့သလို ကလေးက 6-12 နှစ်အတွင်းဆိုရင်တော့ YLE လို Early Stages Learning အရင်လုပ်ထားတာကပိုသင့်တော်ပြီး ဆယ်ကျော်သက်နဲ့ လူလတ်ပိုင်း ၊ လူကြီးပိုင်းတွေလို နေ့စဉ်လုပ်ငန်းခွင်အတွက်လိုတာမျိုး ၊ Academic အတွက်နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့လိုတာမျိုး ဒါမှမဟုတ် ဘာသာစကားတစ်ခုအနေနဲ့တတ်မြောက်ထားဖို့သင်ထားချင်တာမျိုးဆိုရင်လည်း General English ကပိုပြီးရွေးချယ်ဖို့သင့်တော်ပါလိမ့်မယ်။

ဒီလောက်ဆိုရင်တော့ iLC ကနေ General English နဲ့ YLE English ရဲ့သဘောသဘာဝတွေကိုအကြမ်းဖျင်းရှင်းလင်းနားလည်သွားလောက်မယ်လို့ထင်ပါတယ်။😍😍



’s_Students

Address


Telephone

+959459300731

Website

Alerts

Be the first to know and let us send you an email when ILC International Language Corner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ILC International Language Corner:

Shortcuts

  • Want your school to be the top-listed School/college?

Share