25/09/2021
"အသက် ၁၈ ကနေ ၂၅ နှစ် အရွယ် လူငယ်တွေ အနေနဲ့ လုပ်ဆောင်ထားသင့်တဲ့ အချက်
(၈) ချက် "
ဒီအရွယ်လူငယ်တွေ အနေနဲ့ တစ်ချို့ကလည်း ကျောင်းပြီးစ ဘွဲ့ရပြီးစ တွေ ပါသလို ၊ တစ်ချို့ကလည်း Covid ကြောင့်ရော ၊ အခုလို နိုင်ငံရေး အခြေအနေကြောင့်ပါ ကျောင်းမပြီးသေးတဲ့ သူတွေ ပါဝင်နေတာ ဖြစ်ပါတယ်။
ကျွန်တော့် အနေနဲ့ ဒီလို လူငယ်တွေ အတွက် အခု အချိန်မှာ လုပ်ဆောင်ထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
(၁) Mind-Set ကိုပြင်ပါ (အကန့် ခွဲထားပါ)
ပထမဆုံး အချက် အနေနဲ့ ဒီအချက်ကိုအရင်ဆုံး လုပ်စေချင်ပါတယ်။ အခုလို အချိန်ဟာ ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံရေး ရှုပ်ထွေးမှုများကြောင့် အားလုံးစိတ်ညစ်နေတဲ့ အချိန်ဖြစ်ပါတယ်။ လူငယ်များလည်း ဘဝအနာဂတ်ပျောက်ဆုံးနေပြီး အားလုံးက စစ်အာဏာရှင်
စနစ်ဆိုးကို တွန်းလှန်တိုက်ထုတ်နေကြတဲ့ အချိန်ဖြစ်ပါတယ်။ ဒါကြောင့် အားလုံးရဲ့ စိတ်ဟာ ဒီကိစ္စကိုပဲ ရောက်နေကြရတာပါ။
ဒါပေမဲ့ အထက်က လူငယ်တွေကို ကျွန်တော်အနေနဲ့ ဒီမှာပြောလိုတာက ခင်ဗျားတို့ ရဲ့ Mind-Set ကို ပြင်ထားဖို့လိုပါတယ်။
တစ်နည်းပြောရရင် အကန့်လေးတော့ ခွဲထားဖို့ လိုပါတယ်။ စစ်အာဏာရှင် စနစ်ဆိုးကိုတွန်းလှန်တာက တစ်ပိုင်း ၊ ကျွန်တော်တို့ ဘဝ အနာဂတ်အတွက် တတ်နိုင်တဲ့ ဘက်က ပြင်ဆင်ကြိုးစားတာက တစ်ပိုင်း ဆိုပြီး သူ့အကန့်နဲ့ သူ ရှိထားဖို့ လိုအပ်ပါတယ်။
#မရောထွေးမိဖို့ကြိုးစားရမှာဖြစ်ပါတယ်။
ဒီကာလမှာ ဘယ်သူမှ ပျော်ရွှင်နေတဲ့ လူ မရှိပေမဲ့လို့ မပျော်ရွှင်ဘူး ဆိုတိုင်း အားလုံးစိတ်ညစ်ပြီးနေစရာမလိုဘူးလို့ ထင်ပါတယ်။
ကျွန်တော် အထက်မှာ ပြောခဲ့သလိုပဲ ကျွန်တော်တို့ စစ်အာဏာရှင် စနစ်ဆိုးကို တိုက်ထုတ်တွန်းလှန်ကြရမယ် ၊ အားလုံးအတွက် စိတ်ပူပေးကြရမယ် ၊ နွေဦးတော်လှန်
ရေးအတွက် ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ဝိုင်းဝန်းလုပ်ဆောင်ကြရမယ် စတာ တွေကို လုပ်ဆောင်နေတာ က တစ်ပိုင်းထားပြီး ဘဝ အနာဂတ်အတွက်ကိုယ်လုပ်ထားလို့ ရတဲ့ အရာတွေကိုကြိုးစားလုပ်ဆောင်နေတာကတစ်ပိုင်းဆိုပြီး အပိုင်းအကန့်လေးတွေ ခွဲခြား ထားဖို့လိုအပ်ပါတယ်။ ပုံသေအတွေးကြီးကိုပဲ ဆိုတဲ့ Mind-Set ကို အရင်ဆုံး ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။
#ဒီအချက်ကြောင့်ကျွန်တော်အဆဲမခံရဖို့မျှော်လင့်ပါတယ်ဗျာ✌️
(၂) ကိုယ်ဘာဖြစ်ချင်လဲ ဆိုတဲ့ Goal ကို သိအောင် လုပ်ထားပါ။
အသက် ၁၈ ကနေ ၂၅ နှစ် ဘွဲ့ရပြီးစ / ကျောင်းမပြီးသေးတဲ့ လူငယ်တွေ အနေနဲ့ အခုအချိန်မှာ ကိုယ့်ဘဝရည်မှန်းက ဘာလဲ ဆိုတဲ့ Goal ကို သိအောင်လုပ်ထားဖို့ လိုအပ်ပါတယ်။
တစ်ချို့ လူငယ်တွေက ကျောင်းပြီး /ဘွဲ့ရပြီးတဲ့ အချိန်အထိ ကိုယ်ဘာဖြစ်လို့ ဖြစ်ချင်မှန်းမသိကြပါဘူး။ ကျောင်းပြီးလို့ ဘွဲ့ရလာရင် လုပ်ငန်းခွင်ဝင်လို့ ရပြီပဲ ထင်တတ်ကြပေမဲ့ တကယ်တမ်းလက်တွေ့မှာ ထင်သလောက် မလွယ်ပါဘူး။
ဆိုတော့ကား ကိုယ်က ကျောင်းက ရတဲ့ ဘွဲ့လက်မှတ်ကိုကိုင်ပြီး ရောင်ချာချာ ဖြစ်မနေရအောင် အခုအချိန်မှာ ကိုယ်ဘာဖြစ်ချင်တာလဲ ဆိုတဲ့ Goal ကို သိထားဖို့ လိုအပ်ပါတယ်။
ဆိုတော့ ကိုယ့်ရဲ့ Goal က ဘာလဲ ဆိုတာကို သိအောင် လုပ်ထားပါ။ Goal ကို သိပြီဆိုရင် ဘာတွေ ဆက်လေ့လာထားလို့ ရမလဲ ဆိုတာကို ဆက်သိလာပြီး လုပ်လို့ ရတာတွေ တွေ့လာပါလိမ့်မယ်။
ကိုယ်က ဘာဖြစ်ချင်လို့ဖြစ်ချင်မှန်းမသိဘဲ
ဘဝရည်မှန်းချက် ပျောက်ဆုံးနေပြီဆိုရင် Page Messager မှာ ကျွန်တော်နဲ့ လာဆွေးနွေးလို့ရပါတယ်။
(၃) ကိုယ်ဘာတွေ ဝါသနာပါလဲ ဆိုတာကို ရှာပါ။
ကိုယ်က ဘယ်လို အရာတွေ ဝါသနာပါလဲ ဆိုတာကို သိအောင်လုပ်ထားဖို့ လိုအပ်ပါတယ်။
ဘာတွေကို ဝါသနာပါမှန်းမသိသေးဘူးဆိုရင်
ကိုယ်ဝါသနာပါမယ် ထင်တဲ့ အရာတွေကို ရှာကြည့်ပါ။ လိုက်လုပ်ကြည့်ပါ။
ဥပမာ - ကိုယ်က စက်ချုပ်တာ ဝါသနာပါတာလား။ စီးပွားရေးပိုင်းမှာ ဝါသနာပါတာလား
စသည်ဖြင့်ပေါ့လေ။
ဒီမှာတစ်ခု သထိထားရမှာက ကိုယ့်ရဲ့ ဝါသနာပါမှုသည် ဘဝ အောင်မြင်ရေးအတွက် တစ်စိတ်တစ်ပိုင်း အသုံးဝင်မှု ရှိရမယ် ဆိုတာပဲ ဖြစ်ပါတယ်။
(၄) ဘွဲ့လက်မှတ်က လက်တွေ့ Life မှာ ထင်သလောက် အသုံးမဝင်ဘူး ဆိုတာကို သဘောပေါက်ပါ။
ဘွဲ့ရပြီးစ လူငယ်တွေနဲ့ ကျောင်းမပြီးသေးတဲ့ လူငယ်တွေကို စိတ်ဓာတ်ကျအောင်ပြောနေတာ မဟုတ်ပါဘူး။ ဒါက အမှန်ပါ။
တက္ကသိုလ်တစ်ခုခုက ကျောင်းပြီးပြီ ၊ ဘွဲ့ရပြီဆိုရင် အေးဆေး ဆိုတဲ့ ပုံစံ က ကျန်ခဲ့ပါပြီ။
ဘွဲ့ရပြီးပေမဲ့ လက်တွေ့ ဘဝမှာ ဖြတ်သန်းဖို့ အတွက် ဘွဲ့လက်မှတ် တစ်ခုတည်းရှိရုံနဲ့ မရပါဘူး။ လုပ်ငန်းအတွေ့အကြုံ ၊ သင်ယူတတ်
မြောက်မှုအထောက်အထား (Certificate) ၊ ကိုယ့်ရဲ့ ကျွမ်းကျင်မှု ဆိုင်ရာ (Skill) စတာတွေ ရှိမှ ရမှာပါ။ ဘွဲ့ရဖို့ မလိုဘူးလား ဆိုရင် လိုပါတယ်။ ဒါပေမဲ့ ဘွဲ့ရပြီးရင် အပြင်လောကမှာအေးဆေး ဆိုတဲ့ပုံစံမရှိပါဘူး။
ဘွဲ့လက်မှတ်က လက်တွေ့ Life မှာ လိုအပ်ပေမဲ့ အဲ့ဒါရှိရုံနဲ့ မပြီးဘူးဆိုတာကို သဘောပေါက်ပါ။
ပြောချင်တာက ဒါကို သိပြီဆိုရင် ကိုယ့်အတွက် ဘယ်လို သင်တန်းတွေ တက်ဖို့ လိုမလဲ ၊ Skill တွေ ရှိဖို့ လိုမလဲ ဆိုတာကို ပြန်
ကြည့်ပြီး သင်တန်းတွေ တက် ၊ စာအုပ်တွေဖတ် ၊ လိုအပ်မယ် ထင်တဲ့ Skill တွေ ဖြည့်ထားဖို့ လိုပါတယ်။
( ၅ ) Passion ကို ရှာထားပါ။
ကိုယ်ဘာတွေကို စိတ်ဝင်စားလဲဆိုတာကို သိအောင်လုပ်ထားဖို့ လိုအပ်ပါတယ်။
ဘွဲ့ရပြီး ရရာအလုပ်တော့ ဝင်လုပ်လိုက်ပါရဲ့ အိမ်ကလုပ်ခိုင်းလို့ ဘာကြောင့် ညာကြောင့် စိတ်မဝင်စားဘဲ ဒီအလုပ်ကို လုပ်နေရတာဆိုတဲ့ လူငယ်တွေလက်တွေ့ ဘဝမှာ ဒု နဲ့ ဒေးပါ။
ဆိုတော့ ကိုယ်က စိတ်လည်း မဝင်စား။
ရုန်းလည်း မထွက်နိုင်။ ဒီလိုအချိန်ကျမှ ဘာကို လုပ်ရမှန်းလဲ မသိနဲ့ လမ်းပျောက်ပြီး ဝေဝါးနေတဲ့ လူငယ်တွေလည်း ရှိပါတယ်။
ဒီလို မဖြစ်လေအောင် ကိုယ်ဘာတွေကို စိတ်ဝင်စားလဲ ၊ Passion ဖြစ်လဲ ဆိုတာတွေကို ရှာဖွေထားပါ။ သိအောင်လုပ်ပါ။ လိုက်လုပ်ကြည့်ပါ။
အကြောင်းအမျိုးမျိုးကြောင့် Passion ဖြစ်တာကို လုပ်ခွင့်မရဘဲ စိတ်မဝင်စားပေမဲ့ လက်ရှိအလုပ်ကိုပဲ လုပ်နေရတဲ့ လူငယ်တွေအနေနဲ့လည်း ချစ်တဲ့ အလုပ်ကို လုပ်ခွင့်မရရင် လုပ်နေရတဲ့ အလုပ်ကို ချစ်လာအောင်ပဲ ကြိုးစားဖို့ လုပ်ပါလို့ ပြောချင်ပါတယ်။
(၆) Time Management ကို သေချာသုံးပါ။
အချိန်တွေက အရမ်းတန်ဖိုးရှိပါတယ်။
ကိုယ့်ဘဝတိုးတက်ရေးအတွက် အသုံးမဝင်တဲ့ အရာတွေကို လုပ်ရင်း တန်ဖိုးရှိတဲ့ အချိန်တွေ ဆုံးရှုံးနေရတာမျိုး မဖြစ်ပါစေနဲ့။
အချိန်ကို စီမံခန့်ခွဲနည်း / အလွယ်ကူဆုံး Time Management လုပ်နည်း တစ်ခုကတော့ တစ်နေ့မှာ အချိန် ၂၄ နာရီ ရှိပြီး ၃ ပိုင်း ခွဲ
ကြည့်ပါ။ အလုပ်ချိန် ၈ နာရီ ၊ အိပ်ချိန် ၈ နာရီနဲ့ ကျန်တဲ့ အချိန် ၈နာရီဆိုပြီး ပျှမ်းပျ ခွဲကြည့်လိုက်ပါ။
ဒါဆိုရင် ကိုယ့်ဘဝတိုးတက်ရေးအတွက် ဘယ်ထဲက အချိန်ကို သေချာ သုံးမလဲ ဆိုတာ သတ်မှတ်လို့ရပါပြီ။
တစ်နေ့ကို ဘယ်လောက် သုံးမလဲ။
၂ နာရီလား။ ၃ နာရီလား။ စသည်ဖြင့် သတ်မှတ်ပြီးပြီဆိုရင် ဘဝရည်မှန်းချက်နဲ့ ပတ်သတ်ပြီး ဖြည့်ထားရမဲ့ Skill တွေကိုလေ့လာတဲ့နေရာမှာ အဲ့ဒီအချိန်ကို သုံးပါ။
တစ်ခု ရှိတာက နေ့စဥ် သေချာ အချိန်ကို Management လုပ်ပြီး နေ့တိုင်းအသုံးပြုနေဖို့ လိုအပ်ပါတယ်။
(၇) Time Frame တစ်ခု တိတိကျကျသတ်မှတ်ပြီး ကြိုးစားပါ။
ကိုယ့်ရဲ့ ရည်ရွယ်ချက်က ဘယ်နှစ်လ အတွင်းဖြစ်ရမယ် စသည်ဖြင့် အချိန်ကာလတစ်ခု သတ်မှတ်ပြီး အဲ့ဒီအချိန်အတွင်းမှာ ဖြစ်ရမယ် ဆိုပြီး ကြိုးစားကြည့်ပါ။ ပိုပြီးတိုးတက်စေပါတယ်။ တစ်ခုရှိတာက ကိုယ်သတ်မှတ်ထားတဲ့ အချိန်တစ်ခုအတွင်းမှာ ပြီးကိုပြီးရမယ် ဆိုတဲ့ စည်းမျဥ်းကို သေချာ လိုက်နာပြီး စိတ်အားထက်သန်စွာတစိုက်မတ်မတ် ကြိုးစားမှု ရှိဖို့တော့ လိုအပ်ပါတယ်။
(၈) Self - Control ရှိအောင် လုပ်ထားဖို့ လိုအပ်ပါတယ်။
ရည်မှန်းချက်တစ်ခုကို အကောင်အထည်ဖော်တဲ့ နေရာမှာ လူငယ်တွေ အနေနဲ့ ကောက်ရိုးမီးလို ခဏပဲ လုပ်ပြီး ပြီးသွားလို့မရပါဘူး။
ဇွဲရှိဖို့ လိုသလို ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှု ဆိုတဲ့ Self Control လည်း ရှိဖို့ လိုအပ်ပါတယ်။
ဥပမာ - ကိုယ်က တစ်နေ့ကို စီးပွားရေး သီအိုရီတစ်ခု လေ့လာမယ် ဆိုရင် ဘာတွေပဲ ဖြစ်ဖြစ် ၊ ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် လေ့လာဖြစ်အောင် လေ့လာမယ် ဆိုတဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှု လိုအပ်ပါတယ်။
Self Control အားနည်းနေတဲ့ လူငယ်တွေအနေနဲ့ က ဒီအချက်လေးတွေကို လိုက်နာပေးပါ။
- ကိုယ့်ရဲ့ လုပ်နိုင်စွမ်းအားကို သေချာသတ်မှတ်ပါ။
- Small Goal ( ရေတိုပန်းတိုင်) လေးတွေ သတ်မှတ်ပြီး လုပ်ဆောင်ပါ။
- အချိန် မဆွဲပါနဲ့။
- ဆင်ခြေမပေးနဲ့။
- ကိုယ့်ကိုယ်ကို မညာပါနဲ့။
ဒီအချက်လေးတွေကို လိုက်နာပြီး
Self Control ကို မွေးမြူလို့ ရပါတယ်။
ဒီအချက် (၈)ချက် ဟာ "အသက် ၁၈ ကနေ ၂၅ နှစ် အရွယ် ဘွဲ့ရပြီးစ ( သို့မဟုတ် ) ကျောင်းမပြီးသေးတဲ့ လူငယ်တွေ အနေနဲ့ လုပ်ဆောင်ထားသင့်တဲ့ အချက်
(၈) ချက် " ပဲ ဖြစ်ပါတယ်။
အဆိုပါ လူငယ်တွေ အနေနဲ့ ဒီအချက်လေးတွေကို လုပ်ဆောင်ထားခြင်းဖြင့် ဘဝအောင်မြင်ရေး ပထမခြေလှမ်းကို စတင်လျှောက်လမ်းကြဖို့ ဆန္ဒပြုလိုပါတယ်ဗျ။
"ဘဝအောင်မြင်ရေးအတွက် ဘာတွေ လုပ်ရမလဲ ဆိုတဲ့ လူငယ်တွေအတွက် အောင်မြင်ရေး Theory တွေနဲ့ လက်တွေ့ Life မှာ အသုံးပြုမှု Action Planတွေကို လေ့လာသိရှိလိုတယ် ဆိုရင် ကျွန်တော်တို့ Pageမှာ Life Development Coaching Session လေးစီစဥ်ထားတာ ရှိပါတယ်။ Session Fees - 10000 ကျပ် ဖြစ်ပါတယ်။
စိတ်ဝင်စားတယ် ဆိုရင်
ဒီလင့်လေးမှာ လာပြီး စာရင်းပေးသွင်းနိုင်ပါတယ်ဗျ။
စာရင်းသွင်းရန် နှိပ်ပါ 👇 http://m.me/myonyuntnaing6779
✨✨✨
"ဘဝအောင်မြင်ရေးအတွက် ဘာတွေ လုပ်ရမလဲ ဆိုတဲ့ လူငယ်တွေအတွက် အောင်မြင်ရေး Theory တွေနဲ့ လက်တွေ့ Life မှာ အသုံးပြုမှု Action Planတွေကို လေ့လာသိရှိလိုတယ် ဆိုရင် ကျွန်တော်တို့ Pageမှာ Life Development Coaching Session လေးစီစဥ်ထားတာ ရှိပါတယ်။ Session Fees - 10000 ကျပ် ဖြစ်ပါတယ်။
စိတ်ဝင်စားတယ် ဆိုရင်
ဒီလင့်လေးမှာ လာပြီး စာရင်းပေးသွင်းနိုင်ပါတယ်ဗျ။
စာရင်းသွင်းရန် နှိပ်ပါ 👇 http://m.me/myonyuntnaing6779
ဒီပိုစ့်က မိတ်ဆွေအတွက် အကျိုးရှိတယ်ဆိုရင် Comment လေး ရေးခဲ့ပေးပါအုံးဗျား..။
နောက်ထပ် Sharing မှာ ပြန်တွေ့ရအောင်ပါ..။
အားလုံးကိုကျေးဇူးတင်ပါတယ်..။
✨✨✨
09402789697