11/03/2026
ဟုမ္မလင်း မြို့နယ်ပညာရေး ဘုတ်အဖွဲ့
Education
11/03/2026
ဟုမ္မလင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့သည် သက်တမ်းပြည့်ပြီဖြစ်သဖြင့်၂၀၂၅ ခုနှစ် စက်တင်ဘာလ အတွင်း ရွေးကောက်ပွဲပြုလုပ်၍ ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ပါသည် သို့ဖြစ်ပါ၍ ဟုမ္မလင်းမြို့နယ် အတွင်းရှိ ပညာရေးCDMများ volunteer များမိဘပြည်သူများ ပညာရေးဘုတ်အဖွဲ့တွင် လာရောက်ပူးပေါင်းပါဝင်နိုင်ပါကြောင်း အသိပေးအပ်ပါသည် (ရွေးကောက်ပွဲ ပြုလုပ်မည့်ရက်အားကြိုတင်ကြေငြာပေးပါမည်)
မြို့နယ်ပညာရေးဘုတ်အဖွဲ့
ဟုမ္မလင်း
04/09/2025
NUG - MOE ကျောင်းတစ်ကျောင်း၏ Extra curriculum activities တွေထဲက တစ်ခု
( First Steps)
23/08/2025
ပျိုးခင်းတို့ မွှေးမြဖို့
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ မြေပြင်ပြည်သူ့ပညာရေးကျောင်းများတွင် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်လျက်ရှိကြသော စီဒီအမ်ဆရာ၊ဆရာမများနှင့် ပူးပေါင်း၍ တိုင်းပြည်၏ အနာဂတ်ကို ပုံဖော်ထုဆစ်မည့် မျိုးဆက်သစ်ကလေးသူငယ်များအားလုံး ဘေးကင်းလုံခြုံသောကျောင်းများတွင် ပညာသင်ယူခွင့်ရရှိနိုင်ရေးအတွက် “ပျိုးခင်းတို့ မွှေးမြဖို့” တော်လှန်ပညာရေးစကားဝိုင်းကို ကျင်းပမည် ဖြစ်ပါသည်။
လက်ရှိအခြေအနေတွင် အကြမ်းဖက်စစ်အာဏာရှင်၏ လူမဆန်သည့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အချိန်နှင့်အမျှ ကလေးများ၏ ပညာသင်ယူခွင့် အခွင့်အရေးဆုံးရှုံးနေပြီ ဖြစ်ပါသည်။ ထို့ကြောင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ် ပန်းကလေးများဖြစ်ကြသည့် ကလေးသူငယ်များ၏ ပညာသင်ယူခွင့်ကို ပံ့ပိုးပေးနိုင်မည့် ပျိုးခင်းများ ရှင်သန်ဖွံဖြိုးစေရန်၊ မွှေးမြစေရန် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းနာအဖြာဖြာနှင့် လက်ရှိမြေပြင်ပညာရေးး၏ စိန်ခေါ်မှုများ၊ “ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသောပညာရေး” ကမ်ပိန်းအကြောင်းအရာများကို မိဘပြည်သူများနှင့် ဆွေးနွေးဖလှယ်သွားမည် ဖြစ်ပါသည်။
ရက်စွဲ: ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်၊ တနင်္ဂနွေနေ့
အချိန်: ည ၇ နာရီ (မြန်မာစံတော်ချိန်)
နေရာ: ပညာရေးဝန်ကြီးဌာန Facebook စာမျက်နှာ
အစားထိုးမရတဲ့ ဆုံးရှုံးမှုတွေ၊ ပျက်စီးယိုယွင်းသွားနေသည့် မြေဆီလွှာပေါ်တွင် မျှော်လင့်ချက် မျိုးစေ့လေးများ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် ပါဝင်ကူညီလိုကြသည့် တော်လှန်မိဘပြည်သူအားလုံးကို ကျွန်ုပ်တို့ရဲ့ “ပျိုးခင်းတို့ မွှေးမြဖို့” တော်လှန်ပညာရေးစကားဝိုင်းသို့ နှလုံးသားဖြင့် လာရောက် နားဆင်ပေးကြရန် ဖိတ်ခေါ်အပ်ပါသည်။
ကလေးများ၏ အနာဂတ် အိမ်မက်များလုံခြုံစေရန်နှင့် ပညာသင်ယူခွင့်ကို ကာကွယ်ပေးကြပါစို့။ အနာဂတ်မျိုးဆက်သစ်ကလေးများအတွက် ဘေးကင်းလုံခြုံသောကျောင်းများနှင့် ပညာရေးမြေဩဇာကို အတူတကွ ဖန်တီးကြရအောင်။
#ပျိုးခင်းတို့ မွှေးမြဖို့
#တော်လှန်ပညာရေးစကားဝိုင်း
04/03/2025
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Mandalay