KNOCK ARCH

KNOCK ARCH

Share

Knowledge of Architecture

30/01/2025

History of architecture

architectureလေ့လာရာမှာသမိုင်းကနေကိုးကားပြီး ဒီခေတ်နဲ့အညီ designဆွဲနိုင်မှနောင်တစ်ချိန်မှာ ကိုယ့်designကသမိုင်းအနေနဲ့ကျန်ခဲ့မယ်လို့ကျွန်တော်ထင်တယ်..
အက်မင်အရင်က architectureသမိုင်းကိုလေ့လာရကောင်းမှန်းမသိခဲ့ဘူး ဒါပေမယ့် ရှေးဟောင်းအဆောက်အဦးတွေကိုမြင်ရင်အရမ်းငေးနေမိတာတော့အမှန်ပဲ..ဒီခေတ်မှာပါဒီအဆောက်အဦးကငေးမောနေစရာအဖြစ်ကျန်နေခဲ့တာကရှေးကလူတွေရဲ့အစွမ်းအစတွေကိုမလေးစားပဲမနေနိုင်အောင်ပါပဲ
အက်မင်ဂျပန်မှာ architectureစသင်ယူထဲက ဆရာတွေကအရင်ကျောက်ခေတ်ကစတဲ့လူတွေရဲ့နေထိုင်မှုကိုသင်ပေးတယ်...ကျောက်ခေတ်ကစ ခုလက်ရှိခေတ်ထိပြောင်းလာတဲ့ architecture,interiorအကုန်သင်ရတယ်.. Interiorအတန်းကဆရာကပြောဖူးတယ် သမိုင်းကိုမသိဘဲarchitect၁ယောက်ဖြစ်ဖို့မကြိုးစားနဲ့တဲ့ ..အရင်ကarchitectureကိုကိုးကားပြီး ကိုယ့်ideaနဲ့ပေါင်းစပ်မှကောင်းမွန်တဲ့designထွက်လာမယ်တဲ့.. Historyကိုလေ့လာရင်းနဲ့ကိုယ့်ရဲ့ideaတွေကိုကျယ်ကျယ်ပြန့်ပြန့်တွေးလာနိုင်မယ်တဲ့..
ဒါကြောင့်အရင်က architectureသမိုင်းကိုလေ့လာကြပါလို့ architectureလေ့လာသူတွေကိုအကြံလေးပေးချင်ပါတယ်..အက်မင်လဲလေ့လာသင်ယူနေဆဲ....(historyဘာသာ စာမေးပွဲဖြေရတော့မှာမို့စာကြည့်ရင်းစိတ်ကူးပေါက်လို့ရေးလိုက်သည်😁)

14/12/2024

ဆက်စပ်မှု

architecture လေ့လာရတာကျယ်ပြန့်သလို အသေးစိတ်ကျတဲ့အပိုင်းတွေလေ့လာရတာလဲအများကြီးရှိပါတယ်..
ဒီတခါမှာတော့အက်မင်ကျောင်းမှာ ဘယ်လိုတွေဆက်စပ်မှုရှိအောင်သင်ရလဲပြောပြပေးမယ်
ဒီမှာက(ဂျပန်) အတန်းချိန်တချိန်ကိုမိနစ်၉၀နဲ့အဲ့အတန်းကို ၁ပတ်မှာ ၁ကြိမ်ပဲသင်ရတယ် ယူရတဲ့ ဘာသာတွေလဲများပြီး ကိုယ်စိတ်တိုင်းကျယူလို့ရ(အက်မင်တက်တဲ့ကျောင်းမှာ ကိုယ်ကarchitectureပိုင်းယူထားပေမယ့်ကိုယ်စိတ်ဝင်စားတဲ့တခြားမေဂျာကဘာသာတွေလဲယူလို့ရတယ်)
ကိုယ်ကတော့အခုမှ1st yearဖြစ်တာရယ် architecture ပိုင်းကိုအသေးစိတ်လေ့လာချင်လို့သူနဲ့ဆိုင်တဲ့ဘာသာတွေအကုန်ယူပစ်လိုက်တယ် (ရူးချင်ချင်တောင်ဖြစ်သွားသေးတယ်🤣)
အားသာချက်: သင်ရတဲ့ဘာသာတွေရဲ့ဆက်စပ်မှုပိုင်းက တော့သူတို့တွေရဲ့သင်ရိုးချထားပုံကိုအကြိုက်ဆုံးပဲ...❤️ house planning အတန်းမှာwooden houseကိုmodelလုပ်ရတယ်ဆိုရင် တခြားအတန်းတခုမှာ သစ်သားနဲ့ဆိုင်တဲ့materials တွေ ထူးခြားချက်,အမျိုးအစားတွေသင်ပြီး၊生活(လူတွေရဲ့နေထိုင်မှုပေါ်မူတည်ပြီးဖြစ်တည်လာတာ architectureအတန်းမှာဆိုရင်)wood houseမှာဘယ်လိုdesignက သက်တောင့်သက်သာနေထိုင်နိုင်တယ်၊ဘယ်လိုသဘာဝဘေးအန္တရာယ်ကနေကာကွယ်အောင်designစဉ်းစားပုံကိုသင်ရပြီး structureအတန်းမှာ wooden structureတွက်..(အခက်ဆုံးအတန်းပဲ တွက်ရတာထပ် ဂျပန်kanjiတွေနဲ့ဆိုတော့ တော်တော်နားလည်အောင်လုပ်ရတယ်🥹)interiorပိုင်းမှာ wooden houseအတွက်ဘယ်လိုinterior designဆွဲရမယ် furnitureဘယ်လိုရွေးရတယ်ကအစသင်ပေးတယ်
အဲ့တော့အတန်းတွေရဲ့ဆက်စပ်မှုနဲ့အတူ ကိုယ့်ရဲ့စဉ်းစားနိုင်စွမ်းကလဲကျယ်ပြန့်လာပြီး ဒီလိုdesignကတော့ဖြစ်သင့်လားမဖြစ်သင့်လား လက်တွေ့ကျကျတွေးခေါ်နိုင်လာတယ်.🥰
အက်မင်ရဲ့သင်ရတဲ့အတွေ့အကြုံလေးထဲကကြိုက်တဲ့အချက်လေးပေါ့နော် ..🫶
နောက်လဲဆက်တင်ပေးမှာမို့ like and follow လေး click ...🤳ပေးပါအုန်းနော်

02/12/2024

ကွာခြားမှုနဲ့ဗိသုကာ..

Architectureကိုသင်ယူနေတဲ့ကျောင်းသား၁ယောက်အနေနဲ့ ကိုယ်သင်ယူနေတာကိုဒီနေရာမှာပဲရပ်မနေသင့်ပါဘူး ဒီထပ်ပိုကျယ်ပြန့်တဲ့architectureကိုလေ့လာနိုင်မှ ဖြစ်မှာပါ
အက်မင်ဂျပန်မှာကျောင်းတက်ဖို့ရွေးလိုက်တာကလဲ ဂျပန်ရဲ့ wooden architectureကိုသဘောကျလို့ရွေးဖြစ်ခဲ့တယ် ..
အရင်ဆုံးဂျပန်မှာarchitectureကိုဘာတွေသင်ရလဲကစမိတ်ဆက်ပေးပါမယ်
အဓိကက လက်တွေ့ပိုင်းကိုသွားတဲ့အတန်းကများပါတယ် theory ပိုင်းကိုလဲသင်သလို လက်တွေ့လဲတကယ်လုပ်ရပါတယ်
ဂျပန်ရဲ့ wooden structureနဲ့ပတ်သတ်တာသင်ရတယ် သူတို့နိုင်ငံမှာ သဘာဝဘေးအန္တရာယ်တွေများတော့ ငလျင်ဒဏ် မုန်တိုင်းဒဏ်ခံနိုင်ဖို့အတွက် structureပိုင်းမှာသင်ရသလို နိုင်ငံမှာ အသက်အရွယ်ကြီးတဲ့သူများတော့ သူတို့အတွက်နေ့စဉ်ဘဝအဆင်ပြေပြေနေလို့ရမယ့်
universal designစဉ်းစားပုံတွေသင်ရတယ် interior designနဲ့ပတ်သတ်တာ ၊လူနေမှုပုံစံနဲ့လိုက်ပြီး designစဉ်းစားပုံတွေကအစ detailကျကျသင်ရပါတယ်...
ဒါကအက်မင်ဒီ၁နှစ်မှာသင်ရတာပေါ့နော် သင်ရတာဘယ်လိုနေလဲဆိုရင် ခက်ပါတယ်😅
သူတို့နိုင်ငံရဲ့ lecturesတွေကဘယ်လိုလဲဆိုရင်ကြိုက်တာလဲရှိသလို သဘောမကျတဲ့အချက်တွေလဲရှိတာပေါ့နော် .. အဲ့ဒါတွေကိုနောက်မှဆက်တင်ပေးပါအုန်းမယ်နော်..
ဒီနေ့ကတော့ ဘာတွေသင်ရလဲကိုအ
မြည်းလေးမိတ်ဆက်ပေးတာပါ...ဂျပန်မှာ architecture ကိုသင်ယူဖို့စိတ်ကူးနေတဲ့သူတွေရှိရင်လဲအထောက်အကူဖြစ်မယ်လို့ထင်ပါတယ်🙆🏻‍♀️

ဆက်တင်ပေးအုန်းမှာမို့ pageလေးကိုfollowလုပ်ပေးပါအုန်းနော်..🫶

02/12/2024

ကွာခြားမှုနဲ့ဗိသုကာ..

Hello .ခုကစပြီး စိတ်ကူးပေါက်တိုင်း ပြန်တင်တော့ပါမယ် 🤣🙆🏻‍♀️
ဒီ၁နှစ်လုံး အက်မင်ဂျပန်မှာ architectureဘာသာရပ်ကိုသင်ယူနေတာနဲ့ဒီpageမှာအချိန်မပေးနိုင်တာနဲ့မတင်ဖြစ်..🥹
ဒီမှာသင်ရတဲ့အတွေ့အကြုံတွေနဲ့မြန်မာမှာသင်ခဲ့ရတာရဲ့ကွာခြားမှုလေးတွေကိုshareလုပ်သွားမှာပါ...
စောင့်ကြည့်ပေးကြပါအုန်းနော်..❤️

12/03/2024

ဘယ်အိမ်လေးမှာနေချင်ကြလဲ..?🤣

Photos from KNOCK ARCH's post 07/03/2024

Hello,အက်မင်မအားတာနဲ့ pageကိုပစ်ထားမိတာတော်တော်ကြာနေပါပြီ ခုကစပြီးတတ်နိုင်သမျှarchitectureနဲ့ပတ်သတ်တဲ့စိတ်ဝင်စားစရာအကြောင်းတွေကိုပြန်တင်ပေးပါမယ်နော်
pageကိုစောင့်ကြည့်ပေးကြပါအုန်းနော်🙆🏼‍♀️

ခုကတော့ Pritzker Prize 2024ဆုရှင် Riken Yamamoto ရဲ့လက်ရာတွေကိုဖော်ပြပေးလိုက်ပါတယ်
Yamamoto ရဲ့designတွေကမြင်လိုက်ရုံနဲ့တစ်မိုထူးခြားဆန်းပြားမှုကိုခံစားရစေမှာအမှန်ပဲဖြစ်ပါတယ်

31/12/2023

2024နှစ်သစ်ကိုကြိုဆိုရင်းနဲ့ အားလုံးကျန်းမာပျော်ရွှင်လိုအင်များပြည့်ကြပါစေကြောင်း Knock Arch teamမှဆုတောင်းပေးလိုက်ပါတယ်ရှင့်🤍


Photos from Architect Y's post 29/11/2023

Richest Architect ဖြစ်တဲ့Norman Fosterရဲ့ လက်ရာများ💛

Photos from Eureka Base's post 29/11/2023


Architecture ကိုစိတ်ဝင်စားသူများ၊architectureကျောင်းသားများလက်မလွှတ်သင့်တဲ့ courseဖြစ်ပါတယ်🥰

Photos from Amazing Architecture's post 20/09/2023
Photos from KNOCK ARCH's post 01/09/2023

Hill Of The Buddha (Daibutsu)by Tadao

ခေတ်အဆက်ဆက် ခေတ်မီတိုးတက်လာတဲ့အဆောက်အဦးတွေရဲ့ ပဲ့ကိုင်ရှင်တွေထဲမှာ architectsတွေ မပါမဖြစ်သလို ခေတ်အဆက်ဆက်ထိန်းသိမ်းပြုပြင်ရမယ့် တာဝန် မှာလဲ archtectsတွေ မပါမဖြစ်ပါပဲ။ ရှေးခေတ်အဆက်ဆက်က ရှေးလူတွေ တည်ဆောက်ခဲ့တဲ့ အဆောက်အဦးတွေကိုလဲ ဆက်လက်ထိန်းသိမ်းမှသာ ကျွန်တော်တို့ရဲ့တန်ဖိုးကိုသိမြင်ရမှာမို့ပါ
ဒါ့အပြင် ရှေးခေတ်အဆောက်အဦးတွေရဲ့ လိုအပ်ချက်တွေကိုလဲ ဒီခေတ်နည်းပညာ၊အနုပညာတွေနဲ့ပေါင်းစပ်မှသာ ပိုမိုလှပတဲ့ အဆောက်အဦးတစ်ခုဖြစ်လာနိုင်မှာပါ

Hill Of the Buddha သည် Sapporo မှာရှိပြီးဂျပန်နိုင်ငံရဲ့အထင်ကရ buddhaရုပ်ပွားတော်တစ်ခုပဲဖြစ်ပါတယ်။ အစမှာ ဒီbuddhaရုပ်ပွားတော်ဟာ တစ်ခုတည်းမားမားမတ်မတ် တည်ထားပြီး visitors တွေအနေနဲ့ ငြိမ်းချမ်းမှုမပေးတဲ့ ခံစားချက်မျိုးရတဲ့အတွက် architect tadaoကို projectအပ်ပြီး tadao andoကပြုပြင် ဒီဇိုင်းရေးဆွဲခဲ့တာပဲဖြစ်ပါတယ်
လူလုပ် တောင်ကုန်းပြုလုပ်ပြီး lavender ပန်းတွေနဲ့ ပတ်လည်ဝန်းရံထားပါတယ်
landscape designမှာလဲ ရေကန်ပြုလုပ်ထားပြီး လာရောက်လည်ပတ်သူအနေနဲ့ သန့်စင်မှု၊စင်ကြယ်မှုထင်ဟပ်နေတဲ့ ခံစားချက်မျိုးရရှိစေမယ့် conceptနဲ့ ဒီဇိုင်းဆွဲခဲ့တာပဲဖြစ်ပါတယ်
အဝင်ကနေ ကြည့်မယ်ဆိုရင် buddhaရဲ့ ဦးခေါင်းတော်ကိုပဲမြင်ရတဲ့အတွက် ပိုပြီးဖူးမျှော်မြင်ချင်စိတ်ဖြစ်ပေါ်လာအောင် လူ့စိတ်ကိုလှုံ့ဆော်တဲ့ခံစားချက်မျိုးပေးမယ်လို့ အက်မင်တော့ခံစားမိပါတယ်
စာဖတ်သူတို့လဲ sapporoကိုရောက်ရင် hill of the buddhaကိုရောက်အောင်သွားကြဖို့အကြံပြုပါတယ်။

22/07/2023

Conceptual idea Of Frank Gehry

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Website

Address


Mandalay