Maths4U

Maths4U Welcome To Maths4U

G8စနစ်သစ်သင်္ချာ(၂)စက်ဝန်းအလျား၊စက်ဝိုင်းဧရိယာ
23/08/2022

G8
စနစ်သစ်သင်္ချာ(၂)
စက်ဝန်းအလျား၊စက်ဝိုင်းဧရိယာ

G7 သင်ရိုးသစ်သင်္ချာ(၂)ပိုက်သာဂိုရပ်သီအိုရမ်
16/08/2022

G7
သင်ရိုးသစ်သင်္ချာ(၂)
ပိုက်သာဂိုရပ်သီအိုရမ်

- အလယ်တန်းဆင့်မှ အထက်တန်းဆင့်     စနစ်သစ်သို့ ကူးပြောင်းကာစ      ကျောင်းသား/သူများအတွက်      စနစ်သစ် သင်ခန်းစာ‌တွေကို   ...
13/08/2022

- အလယ်တန်းဆင့်မှ အထက်တန်းဆင့်
စနစ်သစ်သို့ ကူးပြောင်းကာစ
ကျောင်းသား/သူများအတွက်
စနစ်သစ် သင်ခန်းစာ‌တွေကို
အခြေခံကျကျ နားလည်နိုင်ဖို့
- သင်ယူနိုင်စွမ်း၊ တွေးခေါ်နိုင်စွမ်း၊ဝေဖန်
ပိုင်းခြားနိုင်စွမ်း၊အသုံးချနိုင်စွမ်း‌တွေ
ရှိလာစေဖို့

👉 G 10 စနစ်သစ် သင်္ချာသင်တန်းမှာ
အပ်နှံနိုင်ပါပြီ 👈

** Online Classဖြစ်သောကြောင့် လူဦးရေ
ကန့်သတ်ထားပါသည် **

✅ သင်တန်း စမည့်ရက် - 5.9.2022

✅သင်တန်းချိန်
Mon-Thu (8:00 AM - 9:00 AM)

✅သင်တန်းကြေး - တစ်လ ( 20000 )

✅သင်ခန်းစာအလိုက် တတ်မြောက်မှုနှင့်
လစဥ်အကဲဖြတ် စစ်ဆေးခြင်းများကို စစ်ဆေး ပေးပါသည်။ Homework များကို Viber တွင် စစ်ဆေးခြင်းများ ပြုလုပ်ပေးပါသည်။

U Kyaw (Maths)
B.Sc,B.Ed(Q)(Maths)

ဆက်သွယ်ရန်
=========
09 25 600 6867
09 7 888 420 70

G10စနစ်သစ်သင်္ချာQuadratic Function
10/08/2022

G10
စနစ်သစ်သင်္ချာ
Quadratic Function

Pi vs Degreeရှင်းပြီးသကာလ "သင်္ချာက မိုက်တယ်နော် ဆရာ"တဲ့G10 စနစ်သစ်သင်္ချာ  One On One
06/08/2022

Pi vs Degree
ရှင်းပြီးသကာလ
"သင်္ချာက မိုက်တယ်နော် ဆရာ"တဲ့
G10 စနစ်သစ်သင်္ချာ
One On One

G7စနစ်သစ်သင်္ချာ
02/08/2022

G7
စနစ်သစ်သင်္ချာ

Julyလရဲ့ တန်းခွဲသစ်လေး နှစ်ခု❤️Tr Khaing
10/07/2022

Julyလရဲ့ တန်းခွဲသစ်လေး နှစ်ခု❤️

Tr Khaing

G8 အဋ္ဌမတန်းစနစ်သစ်သင်္ချာ(၂)စတုဂံများ ဆောက်လုပ်ဆွဲသားခြင်း
08/07/2022

G8 အဋ္ဌမတန်းစနစ်သစ်
သင်္ချာ(၂)
စတုဂံများ ဆောက်လုပ်ဆွဲသားခြင်း

အကောင်းဆုံးကျောင်း =============(ဘာသာပြန်၀တ္ထုတို)မြို့ရဲ့ အကောင်းဆုံးကျောင်းလို့ နာမည်ကျော်ကြားတဲ့ ကျောင်းတကျောင်းမှာ က...
30/06/2022

အကောင်းဆုံးကျောင်း
=============
(ဘာသာပြန်၀တ္ထုတို)

မြို့ရဲ့ အကောင်းဆုံးကျောင်းလို့ နာမည်ကျော်ကြားတဲ့ ကျောင်းတကျောင်းမှာ ကလေးငယ်လေး တယောက် ကျောင်းတက်ခွင့်ရသွားပါတယ်။
ဒါကြောင့် ကျောင်းဖွင့်စ နံနက်ခင်းမှာ သူ့အဘိုးက မြေးလေးရဲ့ လက်ကိုဆွဲပြီး ကျောင်းသွားပို့ပါတယ်။

ကစားကွင်းထဲကို အဘိုးအိုနဲ့ မြေးလေး ရောက်သွားတော့ သူတို့ မြေးအဘိုး နှစ်ယောက် အနီးမှာ ကလေးတွေ ၀န်းရံလာတယ်။

'ဘယ်လောက် ရယ်စရာကောင်းတဲ့
အဘိုးအိုကြီးလဲ'
ကလေးတယောက်က အော်ဟစ်ပြီး လှောင်ပြောင်တယ်။

'ဟေ့၊ ဖက်တီး'
နောက်ကလေးတယောက်က ထပ်အော်ပြန်တယ်။

ကစားကွင်းထဲမှာ ရှိတဲ့ ကလေးတွေဟာ မြေးအဘိုးနှစ်ယောက်ကို လှောင်ပြောင်ရင်း ခုန်ပေါက် နေကြတယ်။ မကြာပါဘူး။ ခေါင်းလောင်းသံလဲကြားရော၊ ကလေးတွေအားလုံး စာသင်ခန်း ရှိရာကို ပြေးကြတော့တာပဲ။

အဘိုးအိုက မြေးလေးရဲ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး၊ ကျောင်းပြင်ကို ခေါ်ထွက်လာတယ်။

'ကောင်းလိုက်တာ၊
ကျောင်းမသွားရတော့ဘူး'
မြေးလေးက ၀မ်းသာအားရ ပြောတယ်။

'ကျောင်းသွားရမှာပါ၊
ဒါပေမယ့် ဒီကျောင်းတော့ မဟုတ်ဘူး'

အဘိုးအိုက ပြန်ပြောလိုက်တယ်။
ပြီးတော့
'မြေးလေးတက်ရမယ့် ကျောင်းကို
အဘိုးကိုယ်တိုင် ရှာမယ်'

အဘိုးအိုက ဆက်ပြောလိုက်ပြီး၊ မြေးလေးကို အိမ်ပြန်ခေါ်သွားတယ်။ အိမ်ရောက်တော့ မြေးလေးရဲ့ အဖွားကို ကလေးထိန်းခိုင်းပြီး၊ အဘိုးအိုက ကျောင်းရှာပုံတော် ဖွင့်တော့တယ်။

ကျောင်းတကျောင်းကို တွေ့တိုင်း ကစားကွင်းထဲကို သွားပြီး၊ ကလေးတွေ ကစားဆင်းလာမယ့် အချိန်ကို စောင့်ဆိုင်းတယ်။ တချို့ကျောင်းတွေမှာ ကလေးတွေက အဘိုးအိုကို လုံး၀ဂရုမစိုက်ကြဘူး။ တချို့ ကျောင်းတွေကျတော့ ကလေးတွေက အဘိုးအိုကို လှောင်ပြောင်ရယ်မောကြတယ်။ ဒီလိုတွေ့ကြုံရတဲ့ အခါတိုင်း အဘိုးအိုဟာ ၀မ်းနည်းစွာနဲ့ အိမ်ကို ပြန်သွားတတ်တယ်။

ဒီလိုနဲ့ တနေ့မှာတော့ ကျောင်းသေးသေးလေးတခုရဲ့ ကစားကွင်းလေးထဲကို အဘိုးအို ရောက်သွားတယ်။ အဘိုးအိုက ခြံစည်းရိုးမှာ ချိနဲ့မောပန်းဟန်နဲ့ မှီနေလိုက်တယ်။ ခေါင်းလောင်းထိုးသံ ထွက်လာတော့ ကလေးတွေက ကစားကွင်းထဲကို အပြေးအလွှား ရောက်လာပါလေရော။

'အဘိုး၊ နေကောင်းရဲ့လား။
ရေတခွက် ယူလာပေးရမလား'
အသံတသံက ထွက်ပေါ်လာတယ်။
'ကစားကွင်းထဲမှာ ခုံတန်းရှည်လေး
ရှိတယ်။ လာထိုင်ပါလား'
နောက်ထပ် အသံတသံက ထွက်ပေါ်လာတယ်။

မကြာခင်မှာပဲ ဆရာတယောက် ကစားကွင်းထဲကို ရောက်လာတယ်။ အဘိုးအိုက ဆရာ့ကို နှုတ်ဆက်လိုက်ပြီး
'မြေးလေးအတွက် အကောင်းဆုံး ကျောင်းကို ရှာတွေ့ပြီ' လို့ ပြောလိုက်တယ်။

'အဘိုးမှားနေပြီ။
ကျွန်တော်တို့ကျောင်းက
အကောင်းဆုံးကျောင်း မဟုတ်ပါဘူး။
အလွန်သေးငယ်တဲ့ ကျောင်းလေးတကျောင်းပါ'

ဆရာ့စကားကို အဘိုးအိုက ပြန်ပြီး မငြင်းတော့ပါဘူး။ မြေးလေးကို ကျောင်းအပ်ဖို့အရေးကို ဆရာနဲ့ စီစဉ်ပြီး၊ ပြန်ထွက်လာတယ်။

ညနေခင်းမှာ ကလေးရဲ့အမေက အဘိုးအိုကို ပြောတယ်။

'အဖေ။
အဖေက စာဖတ်တတ်တာလဲ
မဟုတ်ဘူး။
အကောင်းဆုံးကျောင်းနဲ့ဆရာကို
ရှာတွေ့တယ်လို့ ဘယ်လို သိသလဲ'

အဘိုးအို ပြန်ဖြေလိုက်တာက-

'ဆရာတယောက်ရဲ့အရည်အချင်းကို
ကျောင်းသားတွေနဲ့ အကဲဖြတ်ရတယ်'

မူရင်းစာရေးသူ-
A.Lopatina and M.Skrebtsova (Wise Short Tales)

ဘာသာပြန်သူ-
ခင်မမမျိုး (၁၄၊ ၄၊ ၂၀၁၁)
Credit - khin ma ma myo

#ပြန်လည်မျှဝေသည်။

🍊🍊🍊  တောင်းထဲကို လိမ္မော်သီးများ       ခွဲထည့်နေကြလေရဲ့။ 🍊🍊🍊G8(သတ္တမတန်း)စနစ်ဟောင်းသင်္ချာ
29/06/2022

🍊🍊🍊 တောင်းထဲကို လိမ္မော်သီးများ ခွဲထည့်နေကြလေရဲ့။ 🍊🍊🍊

G8(သတ္တမတန်း)
စနစ်ဟောင်းသင်္ချာ

📌📌📌 Grammar Time 4 📌📌📌အတန်းလေး ဖွင့်ပါတော့မယ်   Grammar အပြင် Vocabulary & Speaking. & Writing ပိုင်းတွေပါစုံလင်စွာပြဌာန...
27/06/2022

📌📌📌 Grammar Time 4 📌📌📌
အတန်းလေး ဖွင့်ပါတော့မယ်

Grammar အပြင် Vocabulary & Speaking. & Writing ပိုင်းတွေပါစုံလင်စွာပြဌာန်းထားတဲ့
စာအုပ်လေးပါ

Age ...12,13,14
🕑Time........ 5:30 pm to 6:30pm
🗓️Day.......... Fri,Sat&Sun
Starting Date ..... 1.7.2022
💰Fees........15000 /-Ks per month
🗒️ Duration... 4 months
🧾 Course..... Grammar Time (4)

** Online Classဖြစ်သောကြောင့် လူဦးရေ
ကန့်သတ်ထားပါသည် **

**လစဉ် သင်တန်းစသည့်ရက်မှ ( 5 )ရက်အတွင်း သင်တန်းကြေး ပေးသွင်းရပါမည်**

✅သင်ခန်းစာအလိုက် တတ်မြောက်မှုနှင့်
လစဥ်အကဲဖြတ် စစ်ဆေးခြင်းများကို စစ်ဆေး ပေးပါသည်။ Homework များကို Viber တွင် စစ်ဆေးခြင်းများ ပြုလုပ်ပေးပါသည်။

🖥အတန်းအားလုံးကိုZoom Meeting ဖြင့်face to face သင်ကြားပေးမှာဖြစ်ပါတယ်ရှင့်

ဆက်သွယ်ရန်
=========
09 25 600 6867
09 7 888 420 70

Tr.Khaing
B.Ed(Credit), B Sc
Dip in English ( MUFL)
Dip in Chinese (MUFL)
Dip in IT (MTU)
P.G.D.M.A

📝📝📝Grammar Time 2 လေး စပါပြီ❤️
25/06/2022

📝📝📝
Grammar Time 2 လေး စပါပြီ❤️

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Maths4U posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category