Turning Point - Boost Talent, Get Success

Turning Point - Boost Talent,  Get Success

Share

Turning Point Offers the below services for all Business.
1. Skills Top-Up Trainings
2. Corporate Trainings
3. Business Management Trainings
4.

Social & Business Consultancy Services
5. Developing Business Plan
6. SOP and Business Development Services

23/09/2025

👉 ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ ပြောင်းလဲလို့မရတဲ့ အရာတွေ အများကြီးရှိပါတယ်။

😌 အဲလိုမျိုးဆို ကိုယ့်ကိုယ်ကိုယ်၊ ပတ်ဝန်းကျင်နဲ့ လူတွေကို အပြစ်မမြင်ဘဲ လက်ခံနိုင်တဲ့အခါ စိတ်ငြိမ်းချမ်းမှုကို ရရှိလာပါတယ်။

🤩 လက်ခံတယ်ဆိုတာ လက်လျှော့လိုက်တာ မဟုတ်ပါဘူး။ လူတိုင်းရဲ့ အခိုက်အတန့်တိုင်းမှာ သူ့ရဲ့ ကိုယ်ပိုင် အကြောင်းအရာတွေ ရှိတယ်ဆိုတာကို နားလည်တာပဲ ဖြစ်ပါတယ်။

🧘‍♀️🧘‍♂️ ဒီစိတ်ဓာတ်အင်အားက ကိုယ့်စိတ်ကိုရော၊ ပတ်ဝန်းကျင်ကိုပါ သဟဇာတ ဖြစ်စေနိုင်တာကြောင့် လက်ခံခြင်းကို စတင်လေ့ကျင့်ကြည့်ပါ။
မေတ္တာဖြင့် 💞

18/09/2025

“သင် တစ်ယောက်တည်းမဟုတ်ပါဘူး”

🤯 စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ခံစားချက်တွေကို တစ်ယောက်တည်း ရင်ဆိုင်နေရတယ်လို့ ခံစားနေရရင် အားမငယ်ပါနဲ့။
👫"သင် တစ်ယောက်တည်း မဟုတ်ဘူး" ဆိုတာကို အမြဲတမ်း သတိရပါ။

📿😔 စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်တာ၊ စိတ်ဖိစီးတာတွေဟာ လူတိုင်းနီးပါး ကြုံဖူးတဲ့အရာတွေပါ။ သင့်ရဲ့ခံစားချက်တွေက ပုံမှန်ပါပဲ။

🙋 အဲဒီအတွက် အကူအညီတောင်းတာက အားနည်းတာမဟုတ်ဘဲ သတ္တိရှိတဲ့ လုပ်ရပ်တစ်ခုပါ။

☀️ ဒီနေ့ဟာ သင့်အတွက် ခက်ခဲတဲ့နေ့တစ်နေ့ဖြစ်နေနိုင်ပေမဲ့ မနက်ဖြန်ဟာ ပိုပြီးကောင်းမွန်လာနိုင်တယ်ဆိုတာကို ယုံကြည်ပါ။

👯‍♀️ ဒါကြောင့် သင့်ရဲ့ဘေးနားမှာ အမြဲရှိနေတဲ့ သူငယ်ချင်း၊ မိသားစု၊ ဒါမှမဟုတ် ပညာရှင်တစ်ဦးဦးဆီက အကူအညီရယူဖို့ လိုအပ်ရင် တွေဝေနေဖို့မလိုပဲ ရယူနိုင်ပါတယ်။

မေတ္တာဖြင့် 💞

13/09/2025

✨💼 အလုပ်သစ်မှာ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက် - ပထမဆုံးရက် ၉၀ ကို ဘယ်လိုအသုံးချမလဲ? 💼✨

အလုပ်အကိုင် အပြောင်းအလဲလုပ်တာပဲဖြစ်ဖြစ်၊ အလုပ်သစ်တစ်ခု စတင်တာပဲဖြစ်ဖြစ်... ပထမဆုံး ရက် ၉၀ ဟာ သင့် career လမ်းကြောင်းအတွက် ရွှေရောင်အခွင့်အရေးပါပဲ။ ဒီအဖိုးတန်အချိန်ကို ဘယ်လိုမျိုး အကျိုးရှိရှိ အသုံးချမလဲဆိုတာ လေ့လာကြည့်ရအောင်! 🚀

💡 အကြံပြုချက် (၅) ချက်

1️⃣ လေ့လာသူဖြစ်ပါ၊ အလျင်မစလိုပါနဲ့။

အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှု၊ လုပ်ငန်းစဉ်တွေနဲ့ လူတွေကို အချိန်ယူပြီး လေ့လာပါ။ 🕵️‍♀️ အပြောင်းအလဲကြီးတွေ ချက်ချင်းမလုပ်ခင် နားလည်မှုယူပါ။

2️⃣ ဆက်ဆံရေး တွေ တည်ဆောက်ပါ။

လုပ်ဖော်ကိုင်ဖက်တွေ၊ အထက်လူကြီးတွေနဲ့ ရင်းနှီးအောင်လုပ်ပါ။ 🤝 သူတို့ရဲ့ အမြင်တွေကို နားထောင်ပြီး အပြန်အလှန် လေးစားမှု တည်ဆောက်ပါ။

3️⃣ ရှင်းလင်းပြတ်သားတဲ့ ပန်းတိုင်တွေ ချမှတ်ပါ။

ပထမရက် ၉၀ အတွင်း ဘာတွေပြီးမြောက်အောင် လုပ်မလဲဆိုတာ တိတိကျကျ သတ်မှတ်ပါ။ 🎯 ကိုယ်ဘာလုပ်ရမလဲဆိုတာ ရှင်းနေပါစေ။

4️⃣ မြန်ဆန်တဲ့ အောင်ပွဲငယ်တစ်ခု ဖန်တီးပါ။

သင့်ရဲ့ တန်ဖိုးကို ပြသနိုင်မယ့် ရလဒ်တစ်ခုကို အမြန်ဆုံး လုပ်ဆောင်ပါ။ 🏆 ဥပမာ- ပြဿနာသေးသေးလေးတစ်ခုကို ဖြေရှင်းတာ၊ အကြံပြုချက်ကောင်းတစ်ခု ပေးတာမျိုး။

5️⃣ ကိုယ့်ကိုယ်ကိုယ် အမြဲဂရုစိုက်ပါ။

အလုပ်သစ်ရဲ့ ဖိအားတွေကြားထဲမှာ ကိုယ်ပိုင်အချိန်ယူပြီး စိတ်ရောကိုယ်ပါ လန်းဆန်းနေပါစေ။ 🧘‍♀️ ဒါမှ ရေရှည်အတွက် ခွန်အားရှိမှာပါ။

✨ ဒီအချက်လေးတွေက သင့်ရဲ့ အလုပ်သစ်ခရီးကို အကောင်းဆုံးဖြစ်အောင် ကူညီပေးပါလိမ့်မယ်။

👍 ဒီ Post လေးကို Share လုပ်ပြီး အလုပ်အပြောင်းအလဲလုပ်မယ့် ဒါမှမဟုတ် အလုပ်သစ်စဝင်မယ့် သင့်မိတ်ဆွေတွေကို Mention လိုက်ပါဦးနော်။

မေတ္တာဖြင့် 💕

ဆရာဦး

08/09/2025

👉 တစ်ခါတလေ ကိုယ့်ပတ်ဝန်းကျင်ကလူတွေ အားလုံးက ပျော်ရွှင်နေပြီး ကိုယ်တစ်ယောက်တည်းသာ လောကကြီးရဲ့ ပြဿနာတွေကို ခံစားနေရသလို ခံစားဖူးပါသလား။
Social media ပေါ်က ပြီးပြည့်စုံတဲ့ အချို့ပုံရိပ်တွေက ကိုယ့်ကို ပိုပြီး အထီးကျန်စေနိုင်ပါတယ်။
👉 တကယ်တော့ လူတိုင်းမှာ ပုံစံမျိုးစုံနဲ့ စိတ်ဖိစီးမှုတွေ ရှိကြပါတယ်။ ပုံတွေထဲမှာ မြင်ရတဲ့အတိုင်း အားလုံးပြီးပြည့်စုံတဲ့ ဘဝဆိုတာ မရှိပါဘူး။
👉ကိုယ့်ရဲ့အခြေအနေကို သူများနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။
👉 တကယ့်အပြင်လောက က ကိုယ့်ဘဝကိုပဲ အာရုံစိုက်ပြီး ကိုယ့်အတွက် တကယ်အရေးပါတဲ့ အရာတွေကိုပဲ လုပ်ဆောင်ပါ။ တစ်နေ့တာအတွက် social media ကနေ ခေတ္တ အနားယူပြီး ကိုယ်တကယ်ပျော်ရွှင်ရမယ့် အရာတွေကို လုပ်ကြည့်ပါ။

👍 ဒီ post လေးကို Share ပေးခြင်းဖြင့် ဒီလိုခံစားနေရတိုင်း ပြန်ကြည့်ပြီး အားယူလိုက်ပါ။
မေတ္တာဖြင့် 💕

07/09/2025

👉အချိန်တိုင်းမှာ ပျော်ရွှင်နေဖို့ဆိုတာ ဘယ်သူ့အတွက်မှ မဖြစ်နိုင်ပါဘူး။ စိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်မိပါစေနဲ့။ ဒါဟာ သဘာဝပါ။

😌ကိုယ့်ခံစားချက်တွေကို လက်ခံလိုက်ပါ။ မကောင်းတဲ့ ခံစားချက်တွေဟာလည်း ခဏတာပဲ ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ပြန်ပြောပါ။

🧘‍♀️ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကို ဂရုစိုက်ဖို့ကလည်း အရေးကြီးပါတယ်။ ခံစားရတဲ့အတိုင်း လက်ခံပြီး ကိုယ့်ကိုယ်ကိုယ် နားလည်ပေးခြင်းကနေပဲ စိတ်ကျန်းမာရေးကို ပြန်လည်တည်ဆောက်လို့ရပါတယ်။

👍 ဒီ post လေးကို Share လုပ်ပြီး သိမ်းထား ခြင်းဖြင့် လိုအပ်လာတဲ့အခါ ပြန်ကြည့်နိုင်ပါတယ်။
မေတ္တာဖြင့် 💕


27/08/2025

Conflict Resolution Seminar
Collborate with Turning Point - Boost Talent, Get Success & For The Future Myanmar

တစ်နေ့နဲ့တစ်နေ့ သဘောထားကွဲလွဲမှုတွေကို ကြုံတွေ့လာနေရတာဟာ သင်တစ်ယောက်တည်းတော့ ဟုတ်မနေပါဘူး။

မြန်မာနိုင်ငံက လူငယ်တွေဟာ ယနေ့ခေတ် အခြေအနေတွေကြားမှာ အမြဲတမ်း အဆင်ပြေပြေရှိနေတဲ့ ပတ်ဝန်းကျင်၊ လူ့လောကထဲမှာ နေထိုင်ချင်တယ်ဆိုပေမဲ့ တစ်ခါတစ်ရံမှာတော့ မိသားစု၊ ကျောင်း၊ သို့မဟုတ် လူမှုအသိုင်းအဝိုင်းထဲမှာ နေရာမရွေး သဘောထားကွဲလွဲမှုတွေနဲ့ မဖြစ်မနေ ကြုံတွေ့နေကြရမှာတော့ အမှန်ပါပဲ။🏡🏫🌏

အဲ့ဒီလို သဘောထားကွဲလွဲမှုတွေကို ဘယ်လိုသိအောင်လုပ်ပြီး တစ်ဖန်ထိရောက်နားလည်နိုင်အောင် ဖြေရှင်းမလဲဆိုတာ သိထားရင်တော့ ကိုယ်နဲ့နီးစပ်သူတွေနဲ့ မိတ်မပျက်စေဘဲ အကျိုးကျေးဇူးကောင်းများစွာရရှိနိုင်မယ်။ 🙌💬💡

ဒီတစ်ခါတော့ Conflict Resolution Training: Building Peaceful Communities လို့ အမည်ပေးထားတဲ့ Training လေးကို တက်ရောက်ဖို့ အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်။

ဒီ တစ်ရက်တာ Free Training လေးထဲမှာ သဘောထားကွဲလွဲမှုတွေကို ဖြစ်လာစေတယ့် အကြောင်းရင်းတွေကို အခြေခံပြီး ဒီလို အကြောင်းအရာတွေကို အဓိကထား လေ့လာသွားရမှာဖြစ်တယ်။ 💁🏼‍♀️

🧩 သဘောထားကွဲလွဲမှုကို အမှန်တကယ် နားလည်စေပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းများ။

🤝 ဆက်သွယ်မှု၊ ယုံကြည်မှု၊ သံယောဇဉ် တည်ဆောက်နိုင်မယ့် လက်တွေ့နည်းလမ်းများ။

🗣️ ယုံကြည်မှုနှင့် နားလည်မှု တိုးတက်အောင် ထိရောက်သော ဆက်သွယ်ရေးနည်းလမ်းများ။

🧠 စိတ်ဝင်တစားနှင့် တစ်ဖက်သူပြောတာတွေကို အာရုံစိုက်နားထောင်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်များ တိုးတက်လာနိုင်မယ့် နည်းလမ်းများ။

📅 Date: 30.8.2025 (Saturday)
⏳ Time: 7:00–9:00 PM
📱 Platform: Online (Zoom & Telegram)
👥 Who can join? Everyone who interested

28 ရက်နေ့ form လေးပိတ်မှာဖြစ်လို့ Register လေးအခုပဲလုပ်လိုက်တော့နော်။

Register link 🖇️
https://forms.gle/AK12sd4CEEdCNeQo9

အားလုံးအတူတူ သဘောထားကွဲလွဲမှုတွေမရှိတဲ့ ရပ်ဝန်းလေးဖြစ်တဲ့ ငြိမ်းချမ်းမှု၊ နားလည်မှုနဲ့ သံယောဇဉ်ကောင်းများ တည်ဆောက်နိုင်ဖို့ အခုလို Training လေးကို တက်ရောက်ပြီး Conflict Resolution Leader တစ်ယောက်ဖြစ်ဖို့ ပထမဆုံးခြေလှမ်းကို အတူတူ ချလိုက်ကြရအောင်နော်။ 🌱🤝🌏

Edu Page Link

Facebook - https://www.facebook.com/share/p/DFhTZ4vrb8kiWt5S/?mibextid=oFDknk

Telegram - https://t.me/for_the_future_edu_mm

Main Page Link

Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL

Telegram - https://t.me/For_The_Future_Myanmar

Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA==

Youtube - https://youtube.com/-Myanmar?si=-GWdPLIeW1AHlW






31/12/2022

ဆန္ဒတွေ တကယ်ပြည့်စေဖို့ ရည်မှန်းချက်တွေ တခုချင်းစီ သေချာချ ချပါစို့

ဘဝမှာ လုပ်ချင်တာတွေ များနေပြီး လိုချင်တာတွေ ဖြစ်မလာဘူးလား

ဒါဆိုရင် ရည်မှန်းချက်တွေ ပြည့်ဝလာစေဖို့ ကျွန်တော်တို့မှာ ရှင်းလင်းပြတ်သား တိကျ သေချာသော ရည်မှန်းချက်များကို တခုချင်းစီ ချမှတ်ပြီး အကောင်အထည်ဖော်လုပ်ဆောင်ဖို့ လိုမည်ထင်ပါတယ်။

ကျွန်တော်တို့ ဘဝမှာ ဖြစ်ချင်တာ၊ လိုချင်တာ အများကြီးရှိကြမှာပါ။ တခါတလေ ဖြစ်ချင်တာ၊ လိုချင်တာများလွန်းလို့ ဘယ်ကစလို့ စ လုပ်ရမှန်းမသိဖြစ်နေတတ်ပါတယ်။

အဲ့တော့ လိုချင်တာ၊ ဖြစ်ချင်တာတွေကို ချရေးကြည့်ပါ၊ ပြီးရင် ကိုယ်တကယ်အဖြစ်ချင်ဆုံး၊ အလိုချင်ဆုံး နဲ့ အဖြစ်နိုင်ဆုံးကနေ ဦးစားပေးပြီးနံပါတ်စဥ်တွေ ပြန်တပ်ကြည့်ရအောင်ပါ။ ပြီးရင်း ကိုယ့် အသက် ဘယ်လောက် မှာ အဲ့ဆန္ဒတွေပြည့်ချင်၊ ရချင်တာလဲ သေချာလေးပြန်စဥ္းစားကြည့်ကြရအောင်ပါ။ စာအလိုအရ ပြောရရင် ကိုယ့်ရဲ့ Goals တွေကို SMART ဖြစ်ရဲ့လား ပြန်စီစစ်ပြီး Goals တွေကို ကိုယ်လိုချင်၊ ရချင်တဲ့ အသက်အရွယ်ဆိုတဲ့ အသက်အပိုင်းအခြား Timeline ပေါ ်ပြန်တင်ကြည့်ပြီး ကိုယ့်မှာအချိန်ဘယ်လောက်ရလဲ၊ ဘယ်အချိန်မှာ ဘာတွေကိုတော့ ပြီးအောင်လုပ်ရမယ်ဆိုတဲ့ tasks (အလုပ်တွေ) သေချာပြန်သတ်မှတ်ပြီး ချရေးလိုက်မယ်၊ ပြီးရင် ကိုယ်တကယ်ချရေးခဲ့တဲ့အတိုင်း အတိအကျဖြစ်အောင် သေချာလေး တစိုက်မတ်မတ် လုပ်ဆောင်မယ်ဆိုရင် ကိုယ့်အတွက် လမ်းညွှန်ချက် လေးရလာပြီပေါ့။

ဒီနေရာမှာ SMART ရဲ့ အဓိပ္ပါယ်ကို သိရပါမည်။

* S က ကိုယ်ဘာကိုလိုချင်တယ်ဆိုတာ တိတိကျကျ၊ သေချာသိရပါမည်။
* M ကတော့ တိုင်းတာလို့ရတာ ဖြစ်ရမှာမို့ ကိုယ့်ရည်မှန်းချက်ကို ကိန်းကဏန်း (number) အနေနဲ့ သေချာလေးသတ်မှတ်လိုက်ပါ။ ဥပမာ ဝင်ငွေပိုတိုးလာချင်တယ်ဆိုရင် အရင်ကထက် တလ ကို ဝင်ငွေ ၅သိန်း (သို့) ၁၀သိန်း ပိုရအောင် လုပ်မယ်ဆိုတာမျိုး။
* A ကတော့ ကိုယ့်ရည်မှန်းချက်က တကယ်ကို ရနိုင်တာမျိုး ဖြစ်ရပါမယ်။
* R ကတော့ ကိုယ့်လိုချင် ဖြစ်ချင်တာက တကယ်လက်တွေ့အကောင်အထည်ဖော်လို့ရတဲ့ဟာမျိုးဖြစ်ရပါမယ်။
* T ကတော့ ကိုယ်လိုချင်တာကို ဘယ်အချိန်မှာ ရအောင်လုပ်မယ်ဆိုတဲ့ အချိန်သတ်မှတ်ချက်ပါ။ ဥပမာ နောက် ၅ နှစ်မှာ ရချင်တာဆိုတာမျိုး။

ပိုပြီး လက်တွေ့အကောင်အထည်ဖော်လို့ရအောင်လုပ်ချင်ရင်တော့ တလစာ၊ တပတ်စာ၊ တရက်စာ လုပ်ရမယ့် အလုပ်တွေကို To do lists လေးတွေပါ ရေးထားလိုက်ပြီး တကယ်ကို စိတ်နှစ်ပြီး အချိန်ပေးလုပ်မယ်၊ ကိုယ်ချထားတဲ့ စည်းကမ်းလေးတွေ၊ ကိုယ့်ကိုကိုယ်ပေးထားတဲ့ ကတိတွေမို့ လေးစားလိုက်နာမယ်ဆိုရင် လိုချင်တာကို လိုချင်တဲ့ အချိန်မှာ အနီးစပ်ဆုံးရမှာ ပြည့်မှာဖြစ်ပါတယ်။ ကိုယ်လုပ်နိုင်တာ၊ ဖြစ်နိုင်တာကိုပဲ သေချာလေး ချမှတ်ထားရင် ၁၀၀% အပြည့်ရနိုင်ပါတယ်။

အပေါ်မှာ ကိုယ်ချမှတ်ထားတဲ့ ကိုယ်ပိုလိုချင်တဲ့ တလကို အပိုဝင်ငွေ ၅သိန်း (သို့မဟုတ်) ၁၀သိန်းဆိုတာမျိုးကို ဘယ်လိုနည်းလမ်းနဲ့ ရှာမှာလဲ၊ အဲ့အတွက် ဘာတွေကိုယ့်မှာ လိုအပ်နေသေးတာလဲ။ အဲ့ဒါတွေပါ သေချာလေး စဥ္းစား အဖြေရှာထားရမှာပါ။

နောက်ဆုံးအနေနဲ့ကတော့ အိမ်မက်တွေကို ကြီးကြီးမက်ပါ၊ ဖြစ်နိုင်တာကနေ၊ ကိုယ်လုပ်နိုင်တာကနေ၊ ကိုယ့်မှာရှိတာကနေ စပါ။ ဒါဟာ သေးသေးလေးဖြစ်ရင်လည်း ကိစ္စမရှိပါဘူး။ စ ဖြစ်ဖို့သာလိုတာပါ။ ရဲရဲ စ ပါ။ ရည်မှန်းချက် အပေါ်မှာပဲ ယုံယုံကြည်ကြည်နဲ့ တစိုက်မတ်မတ် လုပ်ဆောင်ပါ။

မြန်မြန်ရောက်ချင်ရင် တဦးထဲသွားပါ၊ ဝေးဝေးရောက်ချင်ရင် အဖွဲ့အစည်းနဲ့သွားပါ။ ဆရာကြီး ရွှေဥဒေါင်းရဲ့ စကားကို ကိုးကားပြောရရင် ကိုယ့်အတွက် သင့်လျှော်တဲ့ ဗိုလ်တစု စုစည်းထားပါ။ ဗိုလ်တစုဆို team ဖွဲ့ထားဖို့ပါ။

အတ္တ၊ ပရ မျှတတဲ့ လိုအင် ဆန္ဒတွေ အမှန်တကယ်ပြည့်ဝကြပါစေလို့လည်း ဆုတောင်းပေးရင်း။
ဆရာဟန်

07/11/2022

တန်ဆောင်မုန်းလပြည့် အခါတော်နေ့တွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း Turning Point မှဆုမွန်ကောင်း တောင်းအပ်ပါသည်။

29/10/2022

"မနက်ဖြန်ဘာဖြစ်မလဲ တွေးရတဲ့အချိန်တွေများလွန်းတဲ့အတွက်
ဒီနေ့ဆိုတာကို အပြည့်အဝ၊ ကျေကျေနပ်နပ် မနေလိုက်ရပါဘူး"

😔 လူအများစုဟာ အချိန်အတော်များများမှာ စိတ်ခံစားမှု သက်တောင့်သက်သာ မရှိခြင်း (emotional discomfort) ကိုခံစားနေရတတ်ပါတတယ်။ အဲလိုခံစားနေမှုမှာ ပမာဏအနဲ အများကွာကြပါတယ်။ အဲဒီခံစားမှုပမာဏ အနည်းအများအလိုက် စိတ်မခံမရပ်နိုင်ဖြစ်တာတွေ၊ အဆုံးမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေတာမျိုးတွေ အထိ အဆင့်ဆင့်ရှိတတ်ကြတယ်။

❓ဒီလိုမျိုးတွေ ဘာကြောင့်ခံစားနေရလဲဆိုတာတော့ စဉ်းစားကြမိသူနည်းပါတယ်။ လူတိုင်းမှာတော့ သောကဆိုတာရှိတတ်ကြစမြဲပါ။ ဒါတွေကို ရင်ဆိုင်နိုင်သူတွေ၊ ဒီစိတ်သောကကို ဟန်ဆောင်ဖုံးဖိထားကြသူတွေ စသည်ဖြင့်သာကွဲသွားကြပါတယ်။ တချို့က ဒိီလ်ုမျိုးတွေကို မသိတော့ "ငါတယောက်တည်းသောကရောက်နေရတာ၊ အားလုံးကပျော်ရွှင်နေကြတယ်" စတဲ့အတွေးတွေဝင်လာပြီး မခံစားနိုင်တဲ့အဆုံးမှာ လောကကြီးကထွက်ခွာဖို့အထိ နည်းလမ်းတွေရွေးချယ်သွားမိကြတယ်။
💭 ဒါတွေဟာ လူတွေရဲ့စိတ်ထဲက အတွေးတွေ ဇာတ်လမ်းတွေကြောင့် နောက်ဆက်တွဲ မလိုလားအပ်တဲ့ပပြဿနာတွေဖြစ်လာကြရပါတယ်။
💭 အတွေးတွေမှာ အများအားဖြင့် အကြောက်တရားဆိုတာ ကိုယ့်အတွေးတွေထဲမှာ မသိမသာနေရာယူထားခြင်းဖြစ်သလို အဲဒီရဲ့ ဖြေဆေးကလဲ 💉ကိုယ့်စိတ်ထဲမှာ ရှိနေပါတယ်။ တချို့ အမြုံစိတ်ရှိတာများတဲ့သူဆို ဒါကိုဖြေရှင်းဖို့ အကြမ်းနည်းသုံးပြီး တဘက်သူကိုထိန်းချုပ်တာမျိုးတွေရှိသလို တချို့ကျ တဘက်သူကို အမြဲလိုက် မကောင်းပြောတာမျိုးတွေရှိတတ်ကြတယ်။

😨 😰 အကြောက်တရားဆိုတဲ့နေရာမှာ ဥပမာ- အလုပ်လက်မဲ့ဖြစ်မှာကြောက်လို့ မလုပ်ချင်တဲ့အလုပ်မှာ ဆက်လုပ်နေကြတာမျိုး၊ ကိုယ်လုပ်ချင်တဲ့အလုပ်ကို စမလုပ်ရဲတာမျိုး၊ နောက်ရက်မှာ အလုပ်သစ်စဝင်ရမယ် မဝင်ခင် ၂ ရက်လောက်ကတည်းက ဘာတွေဖြစ်မလဲ၊ အဆင်ပြေပါ့မလား ၊ ငါလုပ်နိုင်ပါ့မလား စသည်ဖြင့် တွေးပြီး ကြိုတင်ပူပန်သောကရောက်နေကြရတာများတယ်။
👉အဲဒီအခါလက်ရှိကိုယ်ပိုင်တဲ့ ပစ္စုပ္ပန်မှာလည်း အပြည့်အဝမနေရပဲ အတိတ်နဲ့အနာဂတ်ရဲ့အတွေးတွေထဲမှာ ပိတ်မိနေတဲ့သူတစ်ယောက်ဖြစ်နေကြတယ်။
👉အဲမို့ အကြောက်တရားနဲ့ပြည့်နေသော အနာဂတ်ဆိုတာ အနာဂတ်မှာ လက်တွေ့လုပ်ဆောင်ရမှာတွေနဲ့ပတ်သက်ပြီး တစ်နေ့စာ၊ တပတ်စာ၊ တလစာ၊ တနှစ်စာ ကြိုတင်အစီအစဉ်ဆွဲတဲ့ ဘဝတိုးတက်ဖို့အတွက်အကျိုးဖြစ်စေမဲ့အရာမျိုးကို ဆိုလိုတာမဟုတ်ပဲ အဲဒီရဲ့ အစီအစဉ်နဲ့အတူ ကပ်ပါလာလေ့ရှိတဲ့ စိတ်ပူတာ၊ သောကရောက်တာ၊လောဘတက်တာ စတဲ့ဖြစ်နိုင်ချေပြဿနာတွေ၊ကိစ္စတွေကို ကြိုတွေးပြီး အဲဒါတွေက ကိုယ့်စိတ်မှာ နေရာယူတာများတော့ ပစ္စုပ္ပန်မှာ အပြည့်အဝ မနေထိုင်နိုင်ကြတော့ဘူးဖြစ်ကုန်ကြတယ်။

👉အတိတ်ရဲ့နာကျင်မှု၊ အနာဂတ်ရဲ့ ကြိုတင်သောကရောက်မှု အကြောက်တရားစတဲ့ အတွေးတွေထဲမှာပဲ နစ်မြုပ်နေတဲ့အတွက် လက်ရှိကာလကိုမေ့နေတတ်ကြတဲ့အတွက် ထိုအတွေးတွေနဲ့ပတ်သက်ပြီး တွဲပေါ်လာလေ့ရှိတဲ့ စိတ်ခံစားမှုတွေကို သတိလေးထားပြီး စောင့်ကြည့် နေလိုက်ပါ။ ပစ္စုပ္ပန်မှာအပြည့်အဝနေထိုင်ကြည့်ပါ❤️။
🧘‍♂️🧘‍♀️
မေတ္တာဖြင့် ❤️
Zar Oo

Source: A Practical Guide to Inner Peace (By: OLI DOYLE)

08/10/2022
Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Corner Of Street 73 And 38(B) Street, Mahar Aung Myay Township
Mandalay
959