02/04/2024
မင်္ဂလာပါ။ "Easy English" by Tr. Thit Zeu မှ ပြန်လည်ကြိုဆိုပါတယ်။
ဒီနေ့ ကျနော်တို့ အရောင်တွေနဲ့ဆိုင်တဲ့ ရူပကစကား 'Colour Idiom' တွေ အကြောင်း မျှဝေပေးသွားပါမယ်။
🔴 ပွစာတတ်နေသလိုမျိုး ဟိုတစ်စဒီတစ်စဆို မကြိုက်လို့ အကုန်ပေါင်းပြီး ချုပ်ရေးထားတာမို့ စာရှည်ပါတယ်။ saveထား၊ shareထားပြီးမှ နည်းနည်းချင်းဖတ်ပါ။
🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰
ပထမဆုံးအနေနဲ့ Verb တွေ။
Verb ဆိုတော့ Subject အနည်းအများအလိုက် V1 / V1s လေးတွေ ညှိပေးမယ်။
ကာလအလိုက် V2 ချိန်မယ်။
V3 ဆိုလည်း Verb 'to have'
Ving ဆိုလည်း Verb 'to be' ခံသုံးမယ်။
Passive ဆိုလည်း be V3 ပုံစံ ရေးမယ်ပေါ့။
Example -
1. My sister's face turned beet red when I caught her singing in front of a mirror.
- မှန်ရှေ့မှာ သီချင်းဆိုနေတာကိုမိသွားတော့ ကျနော့်ညီမ ရှက်သွားတယ်။
2. I always black out at the sight of blood.
- သွေးမြင်ရင် ကျနော်အမြဲတမ်းပဲ သတိလွတ်လွတ်သွားတယ်။
3. I caught the kids red handed stealing candies.
ကလေးတွေ သကြားလုံးခိုးနေတာကို ငါလက်ပူးလက်ကြပ်ဖမ်းမိခဲ့တယ်။
♦ (one's face) turn beet red
- ရှက်သွေးဖြာသည်။ ရှက်သည်။
♦ black out
- သတိလွတ်သွားသည်။ သတိမေ့သွားသည်။
♦catch red handed
- လက်ပူးလက်ကြပ်မိသည်။
♦has a green thumb
- အပင်ပျိုးရာတွင် ကျွမ်းကျင်မှု့ရှိသည်။
♦ have the blues
- ဝမ်းနည်းသည်၊ စိတ်ဓာတ်ကျသည်။
♦ catch the red eye
- သန်းခေါင်ကျော်မှ ထွက်ခွာသော လေယာဥ် စီးသည်။
♦ roll out the red carpet
- တခမ်းတနား ဧည့်ခံကြိုဆိုသည်။
♦ see red
- ဒေါသထွက်သွားသည်။
🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰
အောက်ကကောင်တွေက N / adj / prep တွေဆိုတော့ Verb 'to be' နဲ့ တွဲစဥ်လို့ရမယ်။
Subject/Object/Place နေရာတွေမှာလည်း သုံးလို့ရမယ်။
Example -
1. When we were in the red, we almost had to sell our house.
- အကြွေးနစ်နေတုန်းက ငါတို့ အိမ်ကိုရောင်းရလုနီးနီးဖြစ်သွားခဲ့တယ်။
2. My mom was tickled pink when my father bought her a ring.
- အဖေ လက်စွပ်တစ်ကွင်း ဝယ်ပေးတော့ အမေ ပီတိဖြစ်သွားတယ်။
3. He was all black and blue after falling from a tree.
- သစ်ပင်ပေါ်ကပြုတ်ကျပြီးတော့ သူတစ်ကိုယ်လုံး ညိုမဲသွားတာပဲ။
♦ black and blue
- (ထိုးခံရသဖြင့်၊ ခိုက်မိသဖြင့်) ညိုပုတ်နေသော၊ အညိုမဲစွဲနေသော
♦ black and white
- ရှင်းလင်းပြတ်သားသော
♦ the black sheep
- ငါးခုံးမ၊ စုန်းပြူး၊ တစ်ဦးတည်းကွဲထွက်နေသူ
♦ born with a silver spoon in one's mouth
- လူကုံထံအသိုင်းအဝိုင်းတွင် မွေးဖွားလာသော (ရွှေဇွန်းကိုက်၍ မွေးလာသော)
♦ a golden opportunity
- အခွင့်ထူး အခါထူး
♦ gray area / grey area
- အဖြေတိတိကျကျ မရှိသောအရာ
♦ the green light
- ခွင့်ပြုချက်၊ ကြည်ဖြူသော လက်ခံမှု့
♦ green with envy (over)
- အလွန်မနာလိုဖြစ်သော
♦ in the dark
- ဘာမှမသိသော၊ လုံးဝမသိသော
♦ in the red
- အကြွေးနစ်နေသော
♦ tickled pink
- ဘဝင်ခိုက်သော၊ ပီတိဖြစ်သော
♦ one's true colours
- စရိုက်မှန်
♦ true-blue
- အရိုးစွဲနေသော
♦ blue blooded
- တော်ဝင်သွေးပါသော၊ လူကုံထံသွေးပါသော
♦ white lie
- စေတနာမုသား
🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰
နောက်ဆုံးတစ်ခုကတော့ Manner/Adv တွေအနေနဲ့ Verb ကိုအထူးပြုတယ်။
Example -
1. I got a message from her out of blue this morning.
- ငါ ဒီမနက် မျှော်လင့်မထားပဲ သူမဆီက စာတစ်စောင်ရခဲ့တယ်။
2. At first, I saw him through rose coloured glasses, but after a while, I realized he was selfish.
- အစပိုင်းတော့ ကျနော်သူ့ကို အကောင်းပဲမြင်ခဲ့တာ...ဒါမဲ့ နည်းနည်းကြာတော့ သူကတစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ သိလာတယ်။
3. You can if you wanna tell her to clean her room until you are blue in the face, but she won't do it.
- သူမကို အခန်းရှင်းဖို့ မင်းအသက်ထွက်လုမတတ်ပြောချင်သပဆိုပြော...သူမကတော့ရှင်းမှာမဟုတ်ဘူး။
♦ Once in a blue moon
- တစ်လ ကိုးသီတင်းကြာမှ တစ်ကြိမ်
(မေ့နေလောက်အောင်ကိုကြာပြီးမှ တစ်ကြိမ်)
♦ out of the blue
- မမျှော်လင့်ထားပဲ
♦ with / through rose-coloured glasses
- အကောင်းချည်း
♦ with flying colours
- အလွန်အကြူး ထူးထူးချွန်ချွန်
♦ until you are blue in the face
- အသက်ထွက်လုမတတ်
Easy English by Tr. Thit Zeu