ABC Private Pre & Middle School

ABC Private Pre & Middle School

Share

Join us for the brighter future of your kids!

Photos from ABC Private Pre & Middle School's post 10/05/2026

ဘာသာရပ်သင်ဆရာ၊ဆရာမများအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်း 🎉 ကျောင်းသားများအတွက် အဘက်ဘက်မှ ပိုမိုကောင်းမွန်သော သင်ယူလေ့လာမှုနယ်ပယ်များဖန်တီးပေးနိုင်ရန် ABC မှ အမြဲတမ်းအကောင်းဆုံးကြိုးစားလျက်ရှိပါတယ် … ABC ကျောင်းတော်မှ ဆရာ၊ ဆရာမများ၏ အုပ်ထိန်းသူများနှင့် ကျောင်းသားများအပေါ်တွင်ထားသော သဘောထား၊ အလုပ်အပေါ်တွင်ထားသော စေတနာနှင့် ဘာသာရပ်ကျွမ်းကျင်မှုတို့ကို စဉ်ဆက်မပျက်လေ့ကျင့်မြှင့်တင်ပေးလျက်ရှိပါကြောင်း ဂုဏ်ယူစွာဖော်ပြပေးလိုက်ပါရစေ ✍️📒🏫

08/05/2026

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် “ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” (A Global Call for Climate Action) ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ(အလယ်တန်းအဆင့်) ဝင်ရောက်ယှဉ်ပြိုင်လိုသည့် ကျောင်းသားများအနေနှင့် အုပ်ထိန်းသူ (သို့) ကျောင်းသားကိုယ်တိုင် ကျောင်းတွင်လာရောက်စာရင်းပေးရန်လိုအပ်ပါသည်။ ၈ - ၅-၂၀၂၆ ညနေ ၆ နာရီနောက်ဆုံးထား၍ လာရောက်စာရင်းပေးရန်လိုအပ်ပါသည်။ (လိုင်စင်ဓာတ်ပုံ ၃ ပုံ တပါတည်းယူဆောင်လာပါရန်)

ပြိုင်ပွဲကျင်းပမည့်ရက်၊ အချိန် နှင့် နေရာ

၁၄ - ၅ - ၂၀၂၆ (ကြာသပတေးနေ့)
နံနက် ၉:၀၀ နာရီမှ ၁၁:၀၀နာရီထိ
အလက(ရဲ)၊ မကွေးမြို့

ဆက်သွယ်ရန်ဖုန်းနံပါတ် - ၀၉၄၃၀၇၁၅၁၇၊ ၀၉၇၉၀၈၃၃၉၃၇

02/05/2026

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ (၂၈) ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်လိုသည့် ကျောင်းသားများ(မူလတန်းအဆင့်၊ အလယ်တန်းအဆင့်) အနေနှင့် အုပ်ထိန်းသူ (သို့) ကျောင်းသားကိုယ်တိုင် ကျောင်းတွင်လာရောက်စာရင်းပေးရန်လိုအပ်ပါသည်။ ၃-၅-၂၀၂၆ နေ့လယ် ၁၂ နာရီနောက်ဆုံးထား၍ လာရောက်စာရင်းပေးရန်လိုအပ်ပါသည်။

ကျောင်းတွင်ပြိုင်ပွဲကျင်းပမည့်ရက်နှင့် အချိန်

၃ - ၅ - ၂၀၂၆ (တနဂ်နွေနေ့)

ပန်းချီ/ ပိုစတာ - နေ့လယ် ၃:၀၀ နာရီ မှ ညနေ ၆:၀၀ နာရီ
ကာတွန်း - နေ့လယ် ၃:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီ
ကွန်ပျူတာပန်းချီ - နေ့လယ် ၃:၀၀ နာရီ မှ ညနေ ၆:၀၀ နာရီ

ဆက်သွယ်ရန်ဖုန်းနံပါတ် - ၀၉၄၃၀၇၁၅၁၇၊ ၀၉၇၉၀၈၃၃၉၃၇

26/04/2026

၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ABC ကိုယ်ပိုင်ကျောင်းနှင့်လက်တွဲလုပ်ကိုင်ရန်အတွက် အရည်အချင်းပြည့်ဝသော ဆရာ/မ များ အောက်ဖော်ပြပါအတိုင်း အလိုရှိပါသည်။

➢ မူလတန်း၊ အလယ်တန်း လက်ထောက် ဆရာ/မ များ (၁၅) ဦး
- ဘွဲ့ရရှိထားသူဖြစ်ရမည်။
- သင်ကြားရေးကို စိတ်ဝင်စားသူဖြစ်ရမည်။
- ကလေးများအပေါ် စိတ်ရှည်ကြင်နာတတ်သူဖြစ်ရမည်။

အထက်ပါနေရာများအတွက် လျှောက်ထားလိုပါက

၁။ Master ဘွဲ့ရပြီးသူများလည်း လျှောက်ထားနိုင်ပါသည်။
၂။ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
၃။အမှုအခင်းကင်းရှင်းသူဖြစ်ရမည်။
၄။အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
၅။အနည်းဆုံး ပညာသင်နှစ်တစ်နှစ်လုပ်ကိုင်ပေးနိုင်သူ ဖြစ်ရမည်။
၆။စဉ်ဆက်မပျက်လေ့လာသင်ယူလိုစိတ်ရှိသူဖြစ်ရမည်။
၇။ကျောင်းစည်းကမ်းများကိုလိုက်နာနိုင်သူဖြစ်ရမည်။

စိတ်ဝင်စားသူများအနေနှင့် CV Form ကိုယ်ရေးအချက်အလက်အပြည့်အစုံ၊ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ၊ ပညာရေးအထောက်အထားလက်မှတ်များ မိတ္တူနှင့် အိမ်ထောင်စုစာရင်း မိတ္တူနှင့်အတူ ကျောင်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်။

ဆက်သွယ်ရန်ဖုန်းနံပါတ်များ - ၀၉၄၃၀၇၁၅၁၇၊ ၀၉၇၉၀၈၃၃၉၃၇

Warmly Welcome to ABC Private School 🏫

17/04/2026

ချစ်ခင်လေးစားရတဲ့ အုပ်ထိန်းသူမိဘများ၊ ဆရာ၊ ဆရာမများ၊ မိတ်ဆွေသူငယ်ချင်းများနှင့် သားများ၊ သမီးများအားလုံး မြန်မာနှစ်သစ်ကူးအခါသမယမှာ ပျော်ရွှင်ချမ်းမြေ့ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ ABC ကျောင်းတော်မိသားစုမှ နွေးထွေးစွာဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင့် 🙏 လာမယ့်စာသင်နှစ်အသစ်မှာ ပြန်လည်ဆုံတွေ့ကြမယ်နော် ✍️ ချစ်ခြင်းများစွာဖြင့် 🏫❤️💫

13/04/2026

Let’s Welcome Our Thingyan Days Together 🤩👏💫
Much love & best wishes from ABC Family 🏫🎊💝

Photos from ABC Private Pre & Middle School's post 22/03/2026

မြန်မာစာဆရာကြီးဦးကြည်တင်နှင့် ဆုရတပည့်များ၏ စာအုပ်အသစ် 📖 ကျောင်းက သားတွေ သမီးတွေရဲ့ မဂ်လာမောင်မယ်မှာပထမဆုရထားတဲ့လက်ရာတွေပါတွေ့ရတော့ ပိုပြီးဂုဏ်ယူရပါတယ်ရှင့် ✍️ ကျေးဇူးအများကြီးတင်ပါတယ် ဆရာကြီးရှင့် 🙏 သားတွေ သမီးတွေလည်း ပိုမိုအောင်မြင်တိုးတက်ပါစေ 💫

19/03/2026

ကျောင်းပိတ်ရက်မှာ လွမ်းရပါသော 🎵 🎼 🎶
Enjoy your summer holidays! Have a great time with family & friends ✍️ Much love & best wishes from all teachers of ABC 💝

Photos from ABC Private Pre & Middle School's post 02/03/2026

(၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုလျက် 👋 တယော (Violin) 🎻 အတီးစွမ်းရည်ပြိုင်ပွဲ 💫

အထူးဆု ရရှိသူ - မမေဘရဏီမြင့်အောင်

Congratulations 🎉 We’re so proud of you thamee 👏

Photos from ABC Private Pre & Middle School's post 27/02/2026

Time for Pre-KG 🤩 Congratulations ALL 👏👏👏

Photos from ABC Private Pre & Middle School's post 10/02/2026

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းတက်ရက်မှန်ဆု ရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ 👏👏👏 အရင်နှစ်တွေထက် ရက်မှန်ဆုရတဲ့ကျောင်းသားဦးရေ အများကြီးကို ပိုတိုးလာတာ ဂုဏ်ယူဝမ်းမြောက်ရပါတယ် သားတို့ သမီးတို့ရေ ✍️ Big Congratulations 🎊 We’re so proud of you! All of your parents will also be happy & proud of you all 😍 Much love & appreciation from your school ABC 🏫

Want your school to be the top-listed School/college in Magway?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Magway